Kaung Htet Lin

  • Home
  • Kaung Htet Lin

Kaung Htet Lin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Htet Lin, Video Creator, .

သားဒီဟင်းမစားချင်ဘူးအမေရယ်ပြောခွင်မရှိပေမဲ့ စားသောက်နေရတဲ့ဘဝ
21/05/2021

သားဒီဟင်းမစားချင်ဘူးအမေရယ်
ပြောခွင်မရှိပေမဲ့ စားသောက်နေရတဲ့ဘဝ

ကိုယ်တိုင်မုဒိမ်းတတ်ကျင့်ခံရမှစောက်အသိတရားဝင်မှာလား❌အဲ့လိုလေးတင်ပေးကြပါ မတင်ပေးနိုင်ရင်လဲကူupပေးကြပ🙏ယောက်ျားလေးကောမိန်းက...
21/05/2021

ကိုယ်တိုင်မုဒိမ်းတတ်ကျင့်ခံရမှ

စောက်အသိတရားဝင်မှာလား❌

အဲ့လိုလေးတင်ပေးကြပါ မတင်ပေးနိုင်ရင်လဲကူupပေးကြပ🙏

ယောက်ျားလေးကောမိန်းကလေးကောကူးတင်ပေးကြပါ🙏

အပျော်တွေရပ်ပြီးspeak out လုပ်ပေးကြပါ🙏




20/05/2021

ရေဖြတ်ထားတဲ့ မင်းတပ်မှာ
မိုးရွာနေပြီတဲ့ ❤🇲🇲မင်းတို့ကြိုက်သလောက်ယုတ်မာ 🙂

စစ်ကျွန်ပညာရေးအလိုမရှိ အဲလိုလေးတင်ပေးပါကွာမတင်နိုင်လည်း   ပေးပါဒီတွက်နည်း ပဲ မှန်တယ် ဆို.တဲ.ခေတ် ီး မပြန်မသွားဘူး       ...
20/05/2021

စစ်ကျွန်ပညာရေးအလိုမရှိ အဲလိုလေးတင်ပေးပါကွာမတင်နိုင်လည်း ပေးပါ
ဒီတွက်နည်း ပဲ မှန်တယ် ဆို.တဲ.ခေတ် ီး မပြန်မသွားဘူး













20/05/2021

တစ်ချို့တွေမိသားစုဝင်တွေဆုံးရှုံးပြီးပြီး

တစ်ချို့တွေဆိုင်ခန်းလေးတွေဆုံးရှုံးပြီးပြီး

တစ်ချို့တွေမဒိန်းကျင့်ခံရပြီးပြီး

တစ်ချို့တွေနာရေးအတွက်ပြင်ဆင်နေကြရပြီး

တစ်ချို့တွေအခုချိန်ထိ ငါနဲ့မဆိုင်ဘူးဆိုပြီး

နေနေကြတုန်း


18/05/2021

Fbမှာအလှပုံတေတင်နေတုန်းဘဲလား။
Tiktokတေဆော့နေတုန်းဘဲလား။
Igမှာပုံတေတင်နေတုန်းဘဲလား။
ခုချိန်မှာအဲတာတေတင်ဖို့ထက် ကိုယ့်နိုင်ငံတွက်တတ်နိုင်သလောက်တိုက်ပွဲဝင်ပေးကြပါ။ဒီနိုင်ငံကြီး​အာဏာရူးလက်ကလွတ်ရင်တင်စမ်းပါအလှပုံတေ
ကြိုက်သလောက်၊အသက်ပေးပီးတိုက်ပွဲဝင်သွားခဲ့တဲ့သူရဲကောင်းတေကိုလေးစားပေးပါ🙏🙏🙏🙏

မင်းတပ်မြို့လေးကို speak outများများလုပ်ပါ🙏။

18/05/2021

"မင်းက တော်သေးတယ်"

တော်သေးတာပေါ့
မျက်လုံးကို ကျည်ထိသွားတဲ့ကလေး‌လေးဟာ
မင်း သမီးလေးမဟုတ်လို့ တော်သေးတာပေါ့

တော်သေးတာပေါ့
သေဆုံးသွားတဲ့အယောက်(၇၀၀)ကျော်ထဲ
အဖမ်းခံနေရတဲ့လူထောင်ကျော်ထဲ
မင်းမိသားစု မပါတာ

တော်သေးတာပေါ့
လုပ်ငန်းတွေရပ်ဆိုင်းသွားလို့
အလုပ်မရှိတဲ့ကြားထဲ
ခုန်တက်သွားတဲ့ကုန်ဈေးနှုန်းနဲ့ ညှိပြီး
ထိန်းစားနေရတဲ့ညနေစာထမင်းဝိုင်းထဲ မင်းမိသားစု မပါတာ

တော်သေးတာပေါ့
ယုံကြည်မှုတွေရပ်တန့်လို့
စုထားတဲ့ချွေးနည်းစာအတွက်
ကိုယ့်ငွေကို ငွေနဲ့ ပြန်ဝယ်ရတဲ့ထဲ မင်းမပါတာ

တော်သေးတာပေါ့
လက်နက်ကြီးကျမှစိုးလို့
ရွာလုံးကျွတ် ထွက်ပြေးရတဲ့ထဲ မင်းတို့ မပါတာ

တော်သေးတာပေါ့
ဒီရက်အတွင်းမှာ
ထိခိုက်သွားတဲ့ဘဝတွေထဲ
မင်းမပါဘဲ ရယ်ကျဲကျဲနေနိူင်သေးတာ

တော်သေးတာပေါ့
မင်းနေရာ နေရိပ်သေးတာ ဝမ်းသာပါတယ်
ဒါပေမယ့်
အပြင်မှာရော
ရင်မှာရော
နေပူရှိန်ပြင်းတယ် သူငယ်ချင်း

မင်းအိမ်က မဟုတ်လို့
မင်း မကြားသေးတာပါ
ငိုသံတွေက လမ်းမမှာ…။

Moe Yan - Light Myanmar

17/05/2021

မင်းတပ်မြို့မှာ မိန်းမပျိုလေးတွေကို မုဒိမ်းးကျင့်တယ်ဆိုတဲ့ ကိစ္စ အမှန်ပါပဲ။

ဖမ်းဆီးခံထားရတဲ့ မိန်းကလေးတွေထဲမှာလဲ စော်ကားခံရတာမျိုးရှိတယ်။

စစ်ခွေးတွေ အတင်းဆွဲခေါ်သွားပြီး မုဒိမ်းကျင့်ခံရတဲ့ ၁၈နှစ်နဲ့ ၂၂နှစ်အရွယ် ညီမငယ် ၂ဦးရှိပါတယ်။

8တန်းကောင်မလေးကို မုဒိမ်းကျင့်တယ်ဆိုတဲ့ သတင်းတွေ ပြန့်နေပေမယ့် အဲ့သတင်းကိုတော့ fake ဖြစ်ပါစေ ဆုတောင်းနေပေမယ့်လည်း Confirmed သွားပါပြီ။

အားလုံးပဲအပျော်အပျက်တွေလျှော့ပြီး အချင်းချင်း အာရုံစိုက်ပြီး ကူညီကြရအောင်ပါ။‼️

ဒီစာက မင်းတပ်နေအမကိုယ်တိုင်ရေးထားတာပါ၊၊‼Pls guys we need to take action.


ဒီပိုစ့်ကိုကျော်မသွားပါနဲ့ မင်းတပ်မှာ တစ်ကယ်ဖြစ်နေတာပါအများပြည်သူ ကမ္ဘာ ကသိအောင် ရှယ်ပေးကြပါ🙏https://m.facebook.com/stor...
16/05/2021

ဒီပိုစ့်ကိုကျော်မသွားပါနဲ့ မင်းတပ်မှာ တစ်ကယ်ဖြစ်နေတာပါ
အများပြည်သူ ကမ္ဘာ ကသိအောင် ရှယ်ပေးကြပါ🙏

https://m.facebook.com/story.php?story_fbid=958944921536609&id=100022633301799

Sexual caseကတခုမကပါဘူးမင်းတပ်မှာဒါတောင်အများကြီးရှိပါသေးတယ်စစ်ခွေးတေဆွဲတာ
လွတ်လပ်ရေး ကျောက်တိုင် နား နဲ့ မော်နီကာ တည်းခိုခန်း နားမှာ ဆိုရင် ပုန်းအောင်း နေတဲ့ မိန်းကလေး နှစ်ဦး ဟာ စစ်တပ် က မုဒိမ်း ကျင့် ခံလိုက် ရပါတယ်။

အိမ်ထဲမှာ ပုန်းနေတဲ့ ရှစ်တန်း ကျောင်း သူ တစ်ဦး ကို စစ်သား တွေက တွေ့တဲ့ အခါ ကောင်မ အဲဒီလောက် အိမ်ထဲမှာ နေချင် ရင် နေ ရတယ် ဆိုပြီး စစ်သား လေးယောက် လောက်က သားမယား အဖြစ် ပြုကျင့်ကာ ရိုက်နှက် ပြီး ထားခဲ့ တာ မင်းတပ် တပ်မြို့ လုံး နီးပါး သိပြီး ကိစ္စ ဖြစ်ပါတယ်။

မော်နီကာ တည်းခိုခန်း နဲ့ ရွှေတောင်ထိပ် နားမှာ လည်း အမျိုး သမီး တွေကို မုဒိမ်း ပြုကျင့် ခဲ့တာ တွေရှိပါတယ်။






16/05/2021

သိုသိုသိပ်သိပ်လုပ်ကြတာက ကောင်းပါတယ်...

တကယ်ပဲ သိုသိပ်ပြီး အကောင်းဆုံး plan တွေနဲ့ လှုပ်ရှားနေပြီး နောက်မှ ပြည်သူကိုချပြ surprise တိုက်မှာလား? ဒါမှမဟုတ် စားပွဲဝိုင်းပေါ်မှာပဲ meeting လုပ် အလာဘသလာပပြောရင်း ဟိုစာထုတ် ဒီစာထုတ်နဲ့ အကြောက်တရားကြီးပြီး တွန့်ဆုတ် အချိန်ဖြုန်းနေကြတာလားတော့ မပြောတတ်တော့ဘူး...

ဒလန်ကြောက်နေတာနဲ့ပဲ ရှေ့ဆက်ပြီး ဘာမှ မလုပ်ရတော့ဘူးလား?

ဘာသတင်းအချက်အလက်မှ မပေးကြတော့ဘူးလား?
ဒီအရေးတော်ပုံဟာ NUG အစိုးရ တစ်ခုထဲကတင် လုပ်နေတာ မဟုတ်ဘူး... EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်သင်တန်းတက်နေကြတဲ့ Gen X , Y , Z တွေတင်လည်း မဟုတ်ဘူး...
မြန်မာပြည်သူတစ်ရပ်လုံးက ပါဝင်နေကြတာဖြစ်တယ်...

ဒါကြောင့် သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ပြည်သူကို ပေးသိမှသာ နောက်ထပ် အသက်အိုးအိမ် ဆုံးရှုံးမှုတွေ နည်းနိုင်သမျှ နည်းမှာပါ...

တိုက်ပွဲဖြစ်နေပါပြီဆိုမှတော့ သူ့ဘက် ကိုယ့်ဘက် ထိခိုက်နစ်နာကြမှာပါပဲ...
ဒါကို အကြောက်တရားကြီးပြီး တွန့်ဆုတ်နေရင်တော့ ရန်သူကို အရှုံးပေးလိုက်တာနဲ့ အတူတူပဲ... ကဏ္ဍအသီးသီးမှာ တတ်နိုင်သမျှ လက်ဦးမှု ရယူထားကြရမှာပါ...

သိုသိပ်လွန်းအားကြီးနေတော့ တကယ်လုပ်ချင်နေတဲ့သူတွေမှာ ဘာ information မှ မသိရဘဲ
ဘာဆက်လုပ်ရမှန်း ဘယ်သွားရမှန်းမသိဘဲ မျှော်လင့်ချက် မဲ့နေကြရပြီ...

ကျနော့်လို သာမန်လူဆီမှာတောင် စုံစမ်း ဆက်သွယ်လာတဲ့သူတွေမှ အများကြီး အများကြီးပဲ... ပါဝင်ခွင့်ရဖို့ အကူညီလာတောင်းနေကြတာ...

ကျနော် ဘယ်ကို လမ်းညွှန်ပေးရမလဲ... ဘယ်သူက တာဝန်ယူထားသလဲ... မသိရဘူး...
(သိတဲ့သူ ကျေးဇူးပြုပြီး ကျနော့်ကို လာပြောပေးပါ)

သတင်းသိရရင် ပြန်ဆက်သွယ်ပေးပါ့မယ်ဆိုပြီး ပြန်ဖြေနေရတာလည်း ကြာတော့ ကိုယ်တိုင် စိတ်ဓာတ်ကျချင်လာပြီ...

လာမေးကြတဲ့သူတွေကလည်း တစ်နေ့တစ်ခြား များလာတာက အင်မတန် အားတက်ဖွယ်ပါ...
လမ်းညွှန်မယ့်သူ လိုအပ်နေတာပါ...

ကျနော်တို့ လူငယ်တွေဟာ ဘယ်သူ့ကိုမှ အားမကိုးပါဘူး... နိုင်ငံရေးလောကထဲမှာလည်း ဝင်ပါဖို့ ၊ နေရာဝင်ယူဖို့ဆိုတာ စိတ်ကူးမရှိပါဘူး...

မိမိတို့ တတ်နိုင်တဲ့တစ်ဖက်တစ်လမ်းကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ကူညီပေးချင်ကြတာပါ... အရေးတော်ပုံပြီးရင် ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြမှာပါ...

လူငယ်တွေကို
ကိုယ့်အားကိုယ်ကိုးပြီး ပါဝင်ခွင့်လေးတော့ ပေးလိုက်ကြပါဗျာ...

ခုတော့ သိုသိပ်လွန်းအားကြီးပြီး အကုန်လုံးလည်း ပျောက်သွားကြဦးမယ်ခင်ဗျ... 😡

လူငယ်တွေရဲ့ အခက်အခဲကို တင်ပြပြီး အားမရလိုအားမရဖြစ်လို့ ဝေဖန်တာဖြစ်ပေမယ့်
ကျနော်တို့အားလုံး တစ်ဖက်တည်းမှာပဲ ရှိပါတယ်... ဘယ်တော့မှ သွေးမကွဲဘူး... ဘုံရန်သူကိုပဲ ဦးတည်ပြီး ချေမှုန်းကြမှာ...

တော်လှန်ရေးမှာ စည်းရုံးရမယ်ဆိုတာ စည်းရုံးပြီး ငြိမ်နေရမှာ မဟုတ်ဘူး...
စည်းရုံးပြီး ပူးပေါင်းတော်လှန်ကြရမှာပါ...

Crd Wai Yan

29/04/2021

Welcome to my new page.

Address


Website

Alerts

Be the first to know and let us send you an email when Kaung Htet Lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share