PDF ချစ်သူများစုံစည်းရာ

  • Home
  • PDF ချစ်သူများစုံစည်းရာ

PDF ချစ်သူများစုံစည်းရာ ပြည်သူအချစ်တော်PDFများကိုတစ်ဖက်တလှမ? https://www.facebook.com/profile.php?id=100083211702162

အိမ်မှာ ဈေးဝယ်ခိုင်းရင် ဆောင့်အောင့်နေတဲ့ကောင်က အခုတော့ ငါ့ညီရေ ရေသွားခပ်ဆိုရင်  " ဟုတ်ကဲ့ ကိုကြီး အခုသွားပါမယ် " တဲ့သတင...
31/08/2022

အိမ်မှာ ဈေးဝယ်ခိုင်းရင်
ဆောင့်အောင့်နေတဲ့ကောင်က
အခုတော့ ငါ့ညီရေ ရေသွားခပ်ဆိုရင်
" ဟုတ်ကဲ့ ကိုကြီး အခုသွားပါမယ် " တဲ့

သတင်းမဖတ် ဂိမ်းပဲဆော့တဲ့ ကောင်က
" စစ်ပညာစာအုပ်တွေ ဖတ်ပီး " ဆွေးနွေးနေတက်ပြီ

အိမ်မှာဆို အပျင်းကြီးတဲ့ ကောင်က
" မနက်ဆို PT ချိန်မရောက်ခင် အဆင်သင့်ဖြစ်နေပြီ "

နေဖင်ထိုးမှ ထတဲ့သူက ခုတော့
" မနက် လေးနာရီဆို အိပ်ယာထပြီး တန်းစီနေပြီ "

Online Classesတောင် မတတ်တဲ့ကောင်က
ခုတော့" တား ၊ ခီး ၊ ဿး ၊ လြီး ၊ ယဲ " ဆိုပြီး
ကရင်လို " တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါး "
အလွတ်ရနေပြီတဲ့

ငါးဟင်းဆို ဆူအောင့်နေတဲ့ကောင်က ခုတော့
" ငါးသေတ္တာဗူးလေး ကို မျှတစွာ စားတတ်နေပြီ "

အိမ်မှာဆို အလုပ်လေးများ
ခိုင်းရင် ပြစ်ပြစ် လုပ်တဲ့ကောင်က အခုတော့
"တောထဲ တောင်ထဲ ပြင်းပြင်းထန်ထန်
လေ့ကျင့်နေတယ် "

အိမ်မှာဆို skin care တဲ့ ကောင်က ခုတော့
" မြစ်ရေချိူး ၊ မြစ်ရေနဲ့ သွားတိုက်တယ် " တဲ့

ငါးတောင်မမျှားဖူးတဲ့ကောင်က ခုတော့
" မအလ တွေကို သတ်မှကို ဖြစ်မှာ " ဆိုပြီး
အံ့ကြိတ်နေလေရဲ့

" သေနတ်ကို လက်ညိုးကွေးရင် ရပါတယ် "
ဆိုတဲ့ ကောင်က အခုတော့
" သေနတ် ပစ် သန်မာရမယ် " ဆိုပြီး ဒိုက်တွေထိုး
မိကျောင်းသွားတွေ လေ့ကျင့်နေလေရဲ့

ဟင်းမကောင်းရင် မစားတဲ့ကောင်က ခုတော့
မားမား နဲ့ မာလာဖူး ရေလုံပြုတ် က နတျသုဓ်ဒါ " တဲ့

သေနတ်ဆိုတာ Action ဇာတ်လမ်းတွေထဲမှာပဲ
မြင်ဖူးတဲ့ သူက ခုတော့
" သေနတ်တွေကို အဖြုတ်တပ် လုပ်တတ်နေပြီ " တဲ့

အသက်တောင် ပြင်းပြင်းမရှူတဲ့ကောင်က ခုတော့
" တောင်သုံးလုံးကျော်ပြီး ထင်းရှာ ဝါးခုတ်နေတယ် "

နေမကောင်းရင် ဆေးရုံတန်းသွားတဲ့ ကောင်က
အခုဆို ပါရာစီတေမာ့ ကို တ၀က်စီ မျှဝေသောက်နေပြီ

တခုခုဆို လက်ရှောင်တတ်တဲ့ကောင်က ခုတော့
" မင်းနားလေ ငါလုပ်လိုက် မယ် " တဲ့

ဖွန်ကြောင်တတ်ပေမဲ့
မကြင်နာတတ်တဲ့ကောင်က ခုတော့
" သားကြီး ငါဆေးထည့်ပေးရမလား " တဲ့

အစစရာရာ ပြောင်းလဲသွားပါပြီ .....

တကယ်ကို ပြောင်းလဲသွားပါပြီ ......

အရင်ကထက် ကောင်းမွန်စွာနဲ့
အရင်ကထက် သာလွန်တဲ့ နေ့ရက်တွေကို ရဖို့ ...

" အခုတော့ မိုးမလုံ တဲ့ တဲအိမ်လေးမှာ နားကိုစွင့်ပြီး
သတိကြီးစွာနဲ့ လက်နက်ပိုက်ပြီး အိပ်ပါဦးမယ် " တဲ့.

ဒုက္ခတွေကြားထဲကပဲ
ပန်းခင်းလမ်းကို ရောက်နိုင်မှာမို့
ငါတို့ ဒီလမ်းကိုပဲ ဆက်လျှောက်ကြရအောင်

ပင်ပန်းဆင်းရဲ ဒုက္ခခံ ကြမ်းတမ်းတဲ့
အခက်အခဲတွေကြား
စိတ်ဓာတ်မကျပါနဲ့ ငါတို့ နိုင်ကိုနိုင်မှာပါ"✊❤

crd

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ဝယ်တောင် (တောင်ရွာ) ကို  မီးရှို့ပြီးပြန်ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ PDF တ...
29/08/2022

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ဝယ်တောင် (တောင်ရွာ) ကို မီးရှို့ပြီး
ပြန်ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ PDF တပ်ဖွဲ့တွေ ထိတွေ့ကာ
အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး
စစ်သား ၃ ဦးအထက် သေဆုံးနိုင်ပြီး
စစ်သား ၅ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့
God of Myaing People’s Defence Force ဗိုလ်စပ်ဖြီးက ဆိုပါတယ်။

မြိုင် ဩဂုတ် ၂၈.၈.၂၀၂၂

28/08/2022
"​အောင်ပွဲနဲ့အတူ အ​မေ့ရင်ခွင်ပြန်လာမယ်ဆိုတဲ့ ရဲဘော်လေး"🥰🥰😍😍
28/08/2022

"​အောင်ပွဲနဲ့အတူ အ​မေ့ရင်ခွင်ပြန်လာမယ်ဆိုတဲ့ ရဲဘော်လေး"🥰🥰😍😍

27/08/2022
27/08/2022
နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်အိမ်ပေါ် ဦးခင်ရီ တက်နေခဲ့ဧရာဝတီ 27 August 2022လွန်ခဲ့သောနှစ်က အာဏာသိမ်းရာတွင် ပူးပေါင်းကြ...
27/08/2022

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်အိမ်ပေါ် ဦးခင်ရီ တက်နေခဲ့

ဧရာဝတီ 27 August 2022

လွန်ခဲ့သောနှစ်က အာဏာသိမ်းရာတွင် ပူးပေါင်းကြံစည်သူတဦးဖြစ်သော ဦးခင်ရီသည် မကြာသေးမီက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ရာထူးမှ ဖြုတ်ချခံလိုက်ရသည့်အချိန်အထိ နေပြည်တော်မှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပေါ် တက်နေခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်သည် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ခန့်ခဲ့သည်။ ယခု ရာထူးပြုတ်သွားသော်လည်း ဦးခင်ရီသည် အကြမ်းဖက်စစ်ကောင်စီလက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဒုဥက္ကဋ္ဌ ဖြစ်နေသေးသည်။ သူသည် ယခင် စစ်အုပ်စုခေါင်းဆောင် ဦးသန်းရွှေခေတ်က ရဲချုပ်ဖြစ်ခဲ့ပြီး ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရတွင် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး လုပ်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ အမှတ် ၃၃ (A)၊ မြနန်းဘုံသာလမ်းတွင် ၂၀၁၆ ခုနှစ်မှ လွန်ခဲ့သောနှစ်ကအထိ နေထိုင်ခဲ့သည်။ မြနန်းဘုံသာလမ်းသည် နေပြည်တော်မှ သမ္မတအိမ်တော်နှင့် လွှတ်တော်အဆောက်အအုံအကြား ဝန်ကြီးများနေထိုင်သည့် တိတ်ဆိတ်သောလမ်း ဖြစ်သည်။ အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ထိုအိမ်တွင် လအတန်ကြာ ချုပ်နှောင်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်သော နေရာတခုသို့ ပြောင်းရွှေ့စဉ်က ပစ္စည်းများသိမ်းရန် မိနစ် အနည်းငယ်သာ အချိန်ပေးခဲ့သည်။ ယခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားသည်။

၂၀၂၁ သြဂုတ်လတွင် အကြမ်းဖက်စစ်ကောင်စီသည် ထိုအိမ်မှ ဒေါ်အောင်ဆန်းစုကြည်၏ ပိုင်ဆိုင်မှုများကို ဖယ်ရှားပြီး ဦးခင်ရီ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဖြစ်လာသောအခါ နေထိုင်စေသည်။

ဦးခင်ရီအတွက် ဆုလာဘ်
***********************
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ဦးခင်ရီယူထားကြောင်း ပြည်သူများက ချက်ချင်း သတိမထားမိသော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ထိုအချက်ကို ကြာကြာ ဖုံးကွယ်မထားနိုင်ခဲ့ပေ။

အာဏာသိမ်းပြီးနောက် ထိုအိမ်၌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားစဉ် လမ်းထိပ်တွင် စစ်ဆေးရေး ဂိတ်တခုရှိသည်။ ဦးခင်ရီ ထိုအိမ်သို့ ပြောင်းရွှေ့လာသောအခါ စစ်ဆေးရေးဂိတ်ကို ဖယ်ရှားလိုက်သည်။

ထိုအိမ်သို့ ပို့ပေးခံရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချသည့် အကြမ်းဖက်စစ်အာဏာသိမ်းမှု ကျူးလွန်ရာတွင် ဦးခင်ရီက အကြမ်းဖက်မင်းအောင်လှိုင်ကို အကူအညီပေးသောကြောင့် ဆုလာဘ်အနေဖြင့် ပေးခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီသည် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်များအနက် တဦးဖြစ်သည်။ ဇေယျသိဒ္ဓိရပ်ကွက်တွင် အိမ်အလွတ် များစွာရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို သူ သိမ်းယူသည်ဆိုသည့် အချက်သည် အကြမ်းဖက်စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးကြောင်း သက်သေပြချက်ဖြစ်သည်။

သို့သော် ထိုအိမ်သည် နိုင်ငံပိုင်ပစ္စည်း ဖြစ်သောကြောင့် ဦးခင်ရီသည် ဝန်ကြီးရာထူး ဆုံးရှုံးသောအခါ ထိုအိမ်မှ ထွက်ခွာရသည်။

အာဏာသိမ်းရန် ပူးပေါင်းကြံစည်သူ
**********************************
ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရမှ ဝန်ကြီးတဦးဖြစ်သူ ဦးစိုးသိန်းနှင့်အတူ ဦးခင်ရီသည် NLD အစိုးရထံမှ အာဏာသိမ်းရန် အကြမ်းဖက်မင်းအောင်လှိုင်ကို အားပေးအားမြှောက်လုပ်သည်။

ထိုသို့လုပ်ရခြင်းအတွက် ခိုင်လုံသောအကြောင်းရင်းလည်း ရှိနေသည်။ အကြမ်းဖက်စစ်တပ်လက်ဝေခံ USDP ဒုဥက္ကဋ္ဌအဖြစ် ဦးခင်ရီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အမတ်လောင်းကို ရှုံးနိမ့်သည်။ USDP ပါတီကိုယ်တိုင်လည်း ရွေးကောက်ပွဲတွင် ဝက်ဝက်ကွဲ ရှုံးပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကထက်ပင် နည်းသော ကိုယ်စားလှယ် နေရာများသာ အနိုင်ရသည်။

ရွေးကောက်ပွဲ ရှုံးသောကြောင့် USDP နှင့် ၎င်းတို့ မဟာမိတ်ပါတီများက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခု၌ ဦးခင်ရီက ‘ကျနော်တို့ ဘယ်သူ့ကို အားကိုးရမလဲ’ ဟု မေးခွန်းထုတ်သည်။ ထိုမေးခွန်းသည် နိုင်ငံရေးတွင် အကြမ်းဖက်စစ်တပ်က ကြားဝင်လာသည်ကို သူစောင့်နေကြောင်း ဖော်ပြသည့် မေးခွန်းဖြစ်သည်။

ဦးခင်ရီသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၅ ရက်အတွင်း အကြမ်းဖက်စစ်တပ်လိုလားသည့် ထောက်ခံပွဲ ၂၂ ခု ကျင်းပသည်။

အကြမ်းဖက်အာဏာသိမ်းပြီးသောအခါ ဦးခင်ရီကို လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ခန့်ပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းစေလိုသူ နောက်တဦးဖြစ်သော ဒေါ်သက်သက်ခိုင်ကိုလည်း ဝန်ကြီးရာထူးပေးသည်။

အာဏာရှင်များအပေါ် သစ္စာခံသူ
*******************************
၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မွေးဖွားသူ ဦးခင်ရီသည် အသက် ၆၉ နှစ်ရှိပြီး စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်းတဦး ဖြစ်သည်။

သူသည် ယခင်စစ်အာဏာရှင် ဦးသန်းရွှေ လက်အောက်တွင် ရဲချုပ်နှင့် ပြည်ထဲရေး ဒုဝန်ကြီး လုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ် ချုပ်ထားသည်ကို ကြီးကြပ်ခဲ့သည်။

ထို့နောက် သူသည် ဦးသိန်းစိန်အစိုးရတွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဖြစ်လာပြီး အစိုးရ၏ ငြိမ်းချမ်းရေး ညှိနှိုင်းမှုအဖွဲ့တွင် ပါဝင်သည်။ အခြားဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့လောက် လူသိမများသော်လည်း ဦးခင်ရီသည် ဦးသိန်းစိန်အစိုးရတွင် အားအကိုးရဆုံး ဝန်ကြီးများအနက် တဦးဖြစ်သည်။

ဦးခင်ရီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သူ၏ လွှတ်တော်ကိုယ်စားလှယ်နေရာကို ဆုံးရှုံးပြီး ၂၀၂၀ ပြည့်နှစ်တွင်လည်း မနိုင်တော့ပေ။ သို့သော် အကြမ်းဖက်အာဏာသိမ်းရန် ကြံစည်ရာတွင် ပါဝင်သောကြောင့် သူ့ကို ဝန်ကြီးရာထူး ပေးခဲ့သည်။

မကြာသေးမီက အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ လုပ်သောအခါ ထိုရာထူး ဆုံးရှုံးသွားသည်မှာ အံ့သြစရာဖြစ်သည်။ သို့သော် သူသည် USDP ဒုဥက္ကဋ္ဌနှင့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်၏ လူယုံဖြစ်နေသေးသည်။

သူ့ကို ဝန်ကြီးရာထူးမှ ဖယ်ရှားခြင်းမှာ အနာဂတ်တွင် ပိုမိုအရေးပါသော အလုပ်အတွက် ဖယ်ရှားခြင်း ဖြစ်သည်ဟု ယုံကြည်သူ အများအပြားရှိသည်။ အာဏာသိမ်းအကြမ်းဖက်ခေါင်းဆောင်သည် လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသောကြောင့် ဦးခင်ရီသည် လက်ရှိဥက္ကဋ္ဌ ဦးသန်းဌေးနေရာတွင် အစားထိုးမည့် USDP ခေါင်းဆောင် ဖြစ်လာနိုင်သော အနေအထားတွင် ရှိနေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Coup Conspirator Took Suu Kyi’s Naypyitaw Home ကို ဘာသာပြန်ဆိုသည်။)

ဧရာဝတီ 27 August 2022

27/08/2022

PDFတေွအကုန်လုံးအားတင်ထားပါနော်
ညမတို့လဲအတတ်နိုင်ဆုံးကူညီသွားပါ့မယ်
လိုအပ်တာရှိရင်ပြောပါတတ်နိုင်သလောလေးကူညီချင်းလို့ပါ😔😔😔

27/08/2022

အရမ်းထိတယ်ဗျာကြည့်ရင်နဲ့မျက်ရည်ကျမိတယ်ဗျ

27/08/2022
27/08/2022
27/08/2022
27/08/2022
 #ဒရုန်းတပ်တော်ကြီး စတင်ပါတော့မယ်။ ဝေဟင်မှာ ပျံဝဲပြီး ပါဆယ်လေးတွေ လိုက်ပို့ကြမယ်။  ဒီတခါတော့ ကောင်းကင်ကြီးကိုကြည့်ပြီး ထ...
27/08/2022

#ဒရုန်းတပ်တော်ကြီး စတင်ပါတော့မယ်။

ဝေဟင်မှာ ပျံဝဲပြီး ပါဆယ်လေးတွေ လိုက်ပို့ကြမယ်။

ဒီတခါတော့ ကောင်းကင်ကြီးကိုကြည့်ပြီး ထွက်ပြေးနေကြရမယ့် စခတွေကို မြင်ယောင်နေမိတယ်ကွယ်။

#အားလုံးဝိုင်းတွန်းကြရအောင်

Spring Myanmar Society

Address

ရန်ကုန် လိုင်သာယာ ဗိုလ်ချုပ်

Alerts

Be the first to know and let us send you an email when PDF ချစ်သူများစုံစည်းရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PDF ချစ်သူများစုံစည်းရာ:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share