Gen-Z Myanmar News

  • Home
  • Gen-Z Myanmar News

Gen-Z Myanmar News News, Media, Knowledge, Sharing, Updates, Reports, Technology, Business, Investment, Discovery, Culture, Myanmar, Burma, Democracy.

01/09/2022
https://www.facebook.com/maunmyanmar/posts/589271176226301
01/09/2022

https://www.facebook.com/maunmyanmar/posts/589271176226301

ငြိမ်းချမ်းရေး အကြောင်းပြ စစ်မျက်နှာ ဖွင့်တာတွေလျှော့ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီ
++++++++++++++

နှစ်ပေါင်း ၇၀ကျော်ကြာ ပဋိပက္ခပြည်တွင်းစစ်တွေ နဲ့ ဆွေးနွေးညှိုနှိုင်းဖို့ ဝေးကွာနေဆဲနိုင်ငံမှာ အကြမ်းဖက်လူသတ်နေတဲ့ စစ်တပ်က တစ်ဖက်ကအာဏာသိမ်းထားရင်း ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကို လူကြားကောင်းအောင် တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြုလာပြန်ပါပြီ။

လူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရကို ဖမ်းဆီးချုပ်နှောင်ပြီး အာဏာကို ရယူထားတဲ့စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားဆဲလို့ပြောဆိုမှုဟာ တော်တော်လေးကို အောက်တန်းကျ နိမ့်ပါးတဲ့ နိုင်ငံရေးရေချိန်ပဲဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ NCAကိုအခြေခံကာ ရှေ့ဆက်သွားမယ်ဆိုတဲ့မင်းအောင်လှိုင်ရဲ့စကားဟာ တစ်နိုင်ငံလုံးကို ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်တပ်ဟာ လုံး၀ ဆန့်ကျင်ဘက် အနေအထားကိုရောက်ရှိနေလို့ တိုင်းရင်းသားလက်နက်ကိုင်များဟာ ယုံကြည်မှု လုံး၀မရှိတော့တာ အသေအချာပါပဲ။

စစ်ကောင်စီဟာ NUGနဲ့ PDFတွေကို ပိုမိုတိုက်ခိုက်လိုတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲက ရသလောက် ခွဲထုတ်ပြီး ၎င်းတို့ဘက်ပါလာစေရန်စည်းရုံးသွေးဆောင်ခြင်းလည်းဖြစ်ပါတယ်။

အရင်ကမပေးခဲ့တဲ့ အခွင့်အရေးအာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ကောင်စီက ၎င်းတို့နဲ့ပူးပေါင်းပါက ပေးအပ်သွားဖို့ ကြိုတင်စဉ်းစားထားပုံလည်းရှိတာပါ။

ဒီလိုအခြေအနေမှာ ကိုယ်ကျိူးရှာ အကျိူးအမြတ်ရယူလိုသူ တိုင်းရင်းသားလက်နက်ကိုင် နဲ့ပါတီတချို့က ပြည်သူကိုသတ်ဖြတ်နေတဲ့ စစ်တပ်နဲ့ပူးပေါင်းဖို့ဟန်ရေးပြင်လာခဲ့ပါပြီ။

လက်ရှိမှာအင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက RCSS ၊SSPP ၊ UWSAတို့နဲ့ စစ်ကောင်စီတို့ဆွေးနွေးမှုတစ်ချို့ရှိခဲ့ပြီး ၎င်းတို့ကိုစည်းရုံးနိုင်ရင် စစ်ဆင်ရေးဒေသ လျော့ကျသွားဖို့စစ်ကောင်စီက စဉ်းစားထားပြီးသားဖြစ်ပါတယ်။

အညာဒေသတစ်ခွင်လုံးမှာ စစ်မျက်နှာဖွင့်ထားရချိန် ၊ကရင်ပြည်နယ်မှာ အထိနာနေချိန်၊ ကရင်နီဒေသမှာ နယ်မြေမစိုးမိုးနိုင်ဘဲ၊ ရခိုင်ဒေသမှာ ပြန်လည်စစ်ရေးတင်းမာနေတဲ့ လက်ရှိအချိန်အတွက် ရှမ်းမြောက်ပိုင်းဒေသကို စစ်ရေးအရအလျော့ပေးဖို့ ဟန်ပြင်ထားတာပဲဖြစ်ပါတယ်။

လက်ရှိစစ်ကောင်စီနဲ့ဆွေးနွေနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အများစုဟာလည်း စစ်ကောင်စီနဲ့ ထင်သလောက်ပြတ်သားတိကျတဲ့ ငြိမ်းချမ်းရေးအဖြေမရရှိမှုနဲ့ အင်အားနည်းပါးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့သာ ပူးပေါင်းလိုဟန်ပြမှုတွေကို စစ်ကောင်စီကိုအကျပ်ရိုက်စေတာပဲဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်EAOတွေကို ငြိမ်းချမ်းရေးအကြောင်းပြ တိုင်းပြည်အာဏာထိန်းချုပ်နိုင်ရေးအတွက် ဆွေးနွေးနိုင်ဖို့ကတော့ စစ်ကောင်စီအတွက် ခက်ခဲနေဦးမှာတော့ အသေအချာပါပဲ ။

https://www.facebook.com/maunmyanmar/posts/588817969604955
01/09/2022

https://www.facebook.com/maunmyanmar/posts/588817969604955

ထားဝယ်မြို့ပေါ် ဧည့်စာရင်းစစ် အကြောင်းပြပြီး လူဖမ်းဆီးခြင်းနဲ့ ငွေညှစ်တောင်းယူ ပြုလုပ်မှု ပိုများလာနေ
+++++++++++++++++++++

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက် တချို့တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက ညဖက်၌ ဧည့်စာရင်း အကြောင်းပြကာ ပြည်သူများကို ဝင်ရောက် ဖမ်းဆီးခြင်းနှင့် ငွေညှစ် တောင်းခံမှုများ ဆက်တိုက် ပြုလုပ်လာနေကြောင်း ယင်းမြို့ရှိ ဒေသခံများထံမှ သိရသည်။

အဆိုပါ ဧည့်စာရင်းစစ်ခြင်းကို စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန် ပြန်လည်ပြုလုပ်လာခြင်းဖြစ်ပြီး ပြည်သူလူထု၏ လူနေမှု ဘ၀ကိုများကို စိတ်ဒုက္ခပေးနေသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။

"ညဆိုရင် ဧည့်စာရင်း စစ်ခံရတဲ့ ရပ်ကွက်တွေဆိုရင် တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးမွှေနှောက် ရှာဖွေတာမျိုး ပြုလုပ်တာပါ၊ တချို့ အိမ်တွေမှာ ဆိုရင် ဖုန်းလည်းယူ စစ်ဆေးပါတယ်၊ တံခါး မဖွင့်ပေးတဲ့ အိမ်တွေဆိုရင် ဆဲဆို ကန်ဖွင့်ပြီး ဝင်ပါတယ်"လို့ စစ်ဆေးခံရသည့် ထားဝယ်မြို့ခံ ပြည်သူ တစ်ဦးက ပြောသည်။

အလားတူ ဩဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီအချိန်တွင် ထားဝယ်မြို့ပေါ်ရှိ ဆန်ချီ၊ ပုံကျွန်းနှင့် ဥတ္တရံရပ်ကွက် သုံးခုမှာ စစ်ကောင်စီ တပ်သားများက အင်းအား အလုံးရင်းဖြင့် ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီးနောက် အပြစ်မဲ့ ပြည်သူ တချို့ကို ဖမ်းဆီးမှုများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန်ချီရပ်ကွက်နေ ဒေသခံ တစ်ဦးက “ဘယ်ရပ်ကွက်ပဲ ဖြစ်ဖြစ် ဒီည ဧည့်စာရင်း လာစစ်မယ်ဆိုတဲ့ သတင်းတွေကြားရင် အမျိုးသားတွေရှိတဲ့ အိမ်တွေဆိုရင် အိမ်မှာနေမရဲတော့ဘူး ကြောက်နေရတယ်”ဟု ပြောသည်။

ယင်းသို့ အကြောင်းမရှိ အကြောင်းရှာ စစ်ဆေးမှု၏ နောက်ကွယ်တွင် စစ်ကောင်စီတပ်သားများသည် တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခြင်းနှင့် ပြည်သူများကို ဖိနှိပ်ခြိမ်းခြောက်မှုများကို ပြုလုပ်နေကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

Channel New Asia did this interview 5 days before Junta Executed democracy activist and political prisoners.
29/07/2022

Channel New Asia did this interview 5 days before Junta Executed democracy activist and political prisoners.

18 months after the military coup, the violence in Myanmar continues. ASEAN appointed a Special Envoy to push a "five-point consensus" for peace, but why has the killing gotten worse?

26/07/2022

By killing two men who long sought peace and compromise, Myanmar’s junta has shown that it is the sworn enemy of both.

26/07/2022
26/07/2022

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာခံခဲ့ရတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အန်အယ်လ်ဒီအမတ် ဦးကျော်မ....

26/07/2022

Address


Website

Alerts

Be the first to know and let us send you an email when Gen-Z Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share