22/08/2021
ကိုယ့်ထက်သာတာတွေနဲ့ပဲ နှိုင်းယှဥ်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေတတ်တာ လူ့သဘာဝ။
အမြင့်ကို မျှော်ကြည့်နေပေမယ့် အောက်ကိုရော ငုံ့ကြည့်မိကြလား။
ကိုယ့်မှာ..
ခိုလှုံဖို့ရာ အိမ်ဆိုတာ ရှိတယ်။
ကျောခင်းစရာ အိပ်ယာရှိတယ်။
မိသားစုရှိတယ်။
အစားအသောက်ရှိတယ်။
အင်တာနက်သုံးဖို့ bill ရှိတယ်။ WiFi ရှိချင်လည်း ရှိမှာပေါ့။
ဒီစာကို ဖတ်နေကတည်းက သုံးစရာ ဖုန်းတစ်လုံးရှိနေလို့ပဲ။
ကိုယ်မမြင်နိုင်တဲ့ တစ်ဖက်ခြမ်းက တစ်ချို့တွေမှာတော့..
ဖြစ်သလိုအိပ်ရတဲ့ ညတွေ များတယ်။
ဖြစ်သလို စားရတဲ့ နေ့တွေလည်း မနည်းဘူး။
ရှိတာလေးတွေနဲ့ပဲ အဆင်ပြေသလို ဘဝကို ကြိုးစားရုန်းကန် ရှင်သန်နေကြရတယ်။
ကိုယ့်လောက်မှ မပြည့်စုံကြတဲ့ လူတွေကို ကိုယ်ချင်းစာရင်း
ကိုယ့်ဘဝကို ကိုယ် ကျေးဇူးတင်ကြရမယ့်အစား
မကျေမနပ်ဖြစ်နေကြတာ တရားလွန်တယ် မထင်ဘူးလား။
သူတို့ကို အားနာသင့်တယ် မထင်ဘူးလား။
မရှိတာတွေအတွက် စိတ်ညစ်နေရမှာမဟုတ်ဘဲ ပိုင်ဆိုင်ထားတဲ့ အရာတွေကိုပဲ ကျေးဇူးတင်ရင်း နေသွားဖို့ကို ပြောချင်တာပါ။
ဘဝတွေဟာ ခက်ခဲပါတယ်။
ကိုယ့်ထက် ကြမ်းတမ်းတဲ့ ဘဝတွေဆိုတာ အများကြီးပါ။
ကိုယ့်ဘဝကမှ ပိုပြီး သက်သောင့်သက်သာ ရှိနေပါသေးတယ်။
အခုတောင် ဒီစာကို အေးအေးဆေးဆေး ဖတ်လို့ ရနေသေးတာပဲမဟုတ်လား။
~ ボニエル ~
[ 𝑜𝒽 𝓂𝓎 𝒶𝑒𝓈𝓉𝒽𝑒𝓉𝒾𝒸 ]
background picture from igကိုယ့်ထက်သာတာတွေနဲ့ပဲ နှိုင်းယှဥ်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေတတ်တာ လူ့သဘာဝ။
အမြင့်ကို မျှော်ကြည့်နေပေမယ့် အောက်ကိုရော ငုံ့ကြည့်မိကြလား။
ကိုယ့်မှာ..
ခိုလှုံဖို့ရာ အိမ်ဆိုတာ ရှိတယ်။
ကျောခင်းစရာ အိပ်ယာရှိတယ်။
မိသားစုရှိတယ်။
အစားအသောက်ရှိတယ်။
အင်တာနက်သုံးဖို့ bill ရှိတယ်။ WiFi ရှိချင်လည်း ရှိမှာပေါ့။
ဒီစာကို ဖတ်နေကတည်းက သုံးစရာ ဖုန်းတစ်လုံးရှိနေလို့ပဲ။
ကိုယ်မမြင်နိုင်တဲ့ တစ်ဖက်ခြမ်းက တစ်ချို့တွေမှာတော့..
ဖြစ်သလိုအိပ်ရတဲ့ ညတွေ များတယ်။
ဖြစ်သလို စားရတဲ့ နေ့တွေလည်း မနည်းဘူး။
ရှိတာလေးတွေနဲ့ပဲ အဆင်ပြေသလို ဘဝကို ကြိုးစားရုန်းကန် ရှင်သန်နေကြရတယ်။
ကိုယ့်လောက်မှ မပြည့်စုံကြတဲ့ လူတွေကို ကိုယ်ချင်းစာရင်း
ကိုယ့်ဘဝကို ကိုယ် ကျေးဇူးတင်ကြရမယ့်အစား
မကျေမနပ်ဖြစ်နေကြတာ တရားလွန်တယ် မထင်ဘူးလား။
သူတို့ကို အားနာသင့်တယ် မထင်ဘူးလား။
မရှိတာတွေအတွက် စိတ်ညစ်နေရမှာမဟုတ်ဘဲ ပိုင်ဆိုင်ထားတဲ့ အရာတွေကိုပဲ ကျေးဇူးတင်ရင်း နေသွားဖို့ကို ပြောချင်တာပါ။
ဘဝတွေဟာ ခက်ခဲပါတယ်။
ကိုယ့်ထက် ကြမ်းတမ်းတဲ့ ဘဝတွေဆိုတာ အများကြီးပါ။
ကိုယ့်ဘဝကမှ ပိုပြီး သက်သောင့်သက်သာ ရှိနေပါသေးတယ်။
အခုတောင် ဒီစာကို အေးအေးဆေးဆေး ဖတ်လို့ ရနေသေးတာပဲမဟုတ်လား။
~ ボニエル ~
[ 𝑜𝒽 𝓂𝓎 𝒶𝑒𝓈𝓉𝒽𝑒𝓉𝒾𝒸 ]
background picture from ig