National Unity Government အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ စုစည်းမှု

  • Home
  • National Unity Government အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ စုစည်းမှု

National Unity Government အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ စုစည်းမှု NUG ရဲ့ ဝန်ကြီးဌာနစုံက သတင်းတွေကို နေ့စဉ် စုစည်း တင်ပေးသွားမှာပါ။

တော်လှန်ရေးကို hack နေပြီ‼️‼️‼️တော်လှန်ရေးနှင့်ပတ်သက်ပြီး အရေးကြီး သတိပေးစရာလေးပါ။http://data.nugmyamnar.org ဆိုပြီး hac...
23/11/2024

တော်လှန်ရေးကို hack နေပြီ‼️‼️‼️

တော်လှန်ရေးနှင့်ပတ်သက်ပြီး အရေးကြီး သတိပေးစရာလေးပါ။

http://data.nugmyamnar.org ဆိုပြီး hacker site အသစ်ထွက်နေပါတယ်။

သေချာကြည့်ရင် nugmyamnar ဆိုပြီး ထင်‌‌‌ယောင်ထင်မှား စာလုံးပေါင်းအမှား ကို သက်သက်သုံးထားတဲ့ site ပါ။ သေချာ သတိထားပြီး မကြည့်မိရင် အစစ်လို့ ထင်သွားနိုင်ပါတယ်။

Nov 6 က မှ အသစ်ထွက်လာတဲ့ site ပါ။ ကျွမ်းကျင်သူများ သုံးသပ်ချက်အရ က Systematically targeted attack ဖြစ်နိုင်ပါတယ်။ NUG ဝန်ထမ်းများ ၏ username/password ယူတာမျိုးကနေ တော်လှန်ပြည်သူတွေရဲ့ data ကောက်တာမျိုးအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

အချင်းချင်း သတိပေးကြပါတော့

တော်လှန်ရေးကို hack နေပြီ

တော်လှန်ရေးနှင့်ပတ်သက်ပြီး အရေးကြီး သတိပေးစရာလေးပါ။

http://data.nugmyamnar.org ဆိုပြီး hacker site အသစ်ထွက်နေပါတယ်။

သေချာကြည့်ရင် nugmyamnar ဆိုပြီး ထင်‌‌‌ယောင်ထင်မှား စာလုံးပေါင်းအမှား ကို သက်သက်သုံးထားတဲ့ site ပါ။ သေချာ သတိထားပြီး မကြည့်မိရင် အစစ်လို့ ထင်သွားနိုင်ပါတယ်။

Nov 6 က မှ အသစ်ထွက်လာတဲ့ site ပါ။ ကျွမ်းကျင်သူများ သုံးသပ်ချက်အရ က Systematically targeted attack ဖြစ်နိုင်ပါတယ်။ NUG ဝန်ထမ်းများ ၏ username/password ယူတာမျိုးကနေ တော်လှန်ပြည်သူတွေရဲ့ data ကောက်တာမျိုးအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

အချင်းချင်း သတိပေးကြပါတော့

(မူရင်းပို့စ်တွင် အသေးစိတ်ဖတ်ပါ)
23/11/2024

(မူရင်းပို့စ်တွင် အသေးစိတ်ဖတ်ပါ)

ပြည်သူတွေ မအ'ကြဘူးဆိုတာသိပါတယ်။ပြည်သူတွေ ဆက်လက်ထောက်ပံ့ပေးကြပါ ။တော်လှန်ရေး အမြန်ပြီးမြောက် ငြိမ်းချမ်းကြပါစေ ။
21/11/2024

ပြည်သူတွေ မအ'ကြဘူးဆိုတာသိပါတယ်။
ပြည်သူတွေ ဆက်လက်ထောက်ပံ့ပေးကြပါ ။
တော်လှန်ရေး အမြန်ပြီးမြောက် ငြိမ်းချမ်းကြပါစေ ။

ပုလဲနှင့် ပင်လည်ဘူးမှပေးသော သင်ခန်းစာများယခုရက်ပိုင်းအတွင်း နာမည်ကြီးသွားသော တိုက်ပွဲကလေးကတော့ ပုလဲကတို....

20/11/2024
Like 👍  Share ✔️ Thanks 🙏
20/11/2024

Like 👍 Share ✔️ Thanks 🙏

ဆေးသိပ္ပံတက္ကသိုလ် နှင့် သူနာပြုသိပ္ပံတက္ကသိုလ်တို့၏ တက္ကသိုလ်ဝင်ခွင့် နှုတ်ဖြေစာမေးပွဲများ ကျင်းပမည်။
********************************************

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ဆေးသိပ္ပံတက္ကသိုလ်နှင့် သူနာပြုသိပ္ပံတက္ကသိုလ်တို့၏ ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် လူတွေ့နှုတ်မေးနှုတ်ဖြေစာမေးပွဲများကို ၁၆-၁၂-၂၀၂၄ ရက်နေ့ နှင့် ၁၇-၁၂-၂၀၂၄ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆေးသိပ္ပံတက္ကသိုလ်ဝင်ခွင့်အတွက် နှုတ်မေးနှုတ်ဖြေစာမေးပွဲကို ၁၆-၁၂-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သူနာပြုသိပ္ပံတက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၁၇-၁၂-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ဖြေဆိုရမည်ဖြစ်ပါသည်။

လူတွေ့နှုတ်မေးနှုတ်ဖြေစာမေးပွဲဖြစ်သည့်အတွက် လူကိုယ်တိုင်လာရောက်ဖြေဆိုရန်လိုအပ်ကြောင်းနှင့် Online မှ ဖြေဆို၍မရကြောင်းကိုလည်း အသိပေးလိုပါသည်။

#ဆေးသိပ္ပံ
#သူနာပြုသိပ္ပံ
#တက္ကသိုလ်ဝင်ခွင့်
#ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်

မအလဖက်ဆစ်သူပုန်စစ်တပ် အမြစ်ဖြတ်‼️
20/11/2024

မအလဖက်ဆစ်သူပုန်စစ်တပ် အမြစ်ဖြတ်‼️

နိုင်ငံအလယ်ပိုင်းကို ရောက်လာတဲ့ တိုက်ပွဲတွေ စလင်း၊ မင်းတုန်း၊ နတ်မောက်
…………………………………….
ကွက်ပြည့်ခင်း မဟာဗျူဟာကျင့်သုံးပြီး စစ်အာဏာရှင်တွေကို တနိုင်ငံလုံးအနှံ့မှာ တိုက်ခိုက်မယ်လို့ ပြောကြားထားတဲ့အတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပကဖ တွေကဟာ နိုင်ငံအလယ်ပိုင်း ဒေသမှာပါ ခုခံတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နိုင်လာပါပြီ။ ဒီရက်ပိုင်းမှာ ပေါ်လာတာကတော့ မကွေးတိုင်း၊ စလင်း၊ မင်းတုန်း၊ နတ်မောက် နဲ့ ဆက်စပ်ဒေသတွေမှာ တိုက်ခိုက်မှု သိသိသာသာ တိုးမြင့်လာမှုပါ။ ဒီတိုက်ခိုက်မှုတွေဟာ ပြောက်ကျား တိုက်ခိုက်မှုတွေသာမက စခန်းသိမ်းတိုက်ခိုက်မှုတွေ၊ စစ်ယာဉ်တန်း တိုက်ခိုက်မှုတွေ၊ မြို့ပြတိုက်ခိုက်မှုတွေ၊ လေတပ်စခန်းတိုက်ခိုက်မှုတွေပါ ပါဝင်နေပါတယ်။ ဒီတိုက်ခိုက်မှု ဖြစ်စဉ်တွေကို ကြည့်ရင် တော်လှန်ရေး အင်အားစုတွေ အင်အားကောင်းကောင်းနဲ့ကို အလယ်ပိုင်းဒေသမှာ အခြေစိုက်လှုပ်ရှားနိုင်နေပြီဆိုတာ သိသာပါတယ်။ မူလလှုပ်ရှားရာ စစ်ကိုင်းတိုင်း နဲ့ တိုင်းရင်းသားဒေသတွေမှာ မြို့သိမ်းတိုက်ပွဲတွေ ပေါ်ထွက်လာတဲ့ ကာလမှာ နယ်မြေသစ်ဖြစ်တဲ့ နိုင်ငံအလယ်ပိုင်းဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့လာနိုင်တာဖြစ်ပါတယ်။ ဒါက ဘာကိုပြနေလဲဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေကျယ်ပြန့်လာတာကို ပြသပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ဆုတ်လေဦး လမ်းဆုံ ကာကင်းစခန်းကို နိုဝင်ဘာလ အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း နဲ့ ဒေသခံ တပ်တွေ ပူးပေါင်းတိုက်ခိုက်ရာမှာ လက်နက်ငယ် (၄) လက် နဲ့ ဆက်စပ် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ ရန်သူ့ အင်အား (၄၀) ခန့်တပ်စွဲတဲ့ အဲဒီစခန်းကို သိမ်းပိုက်ရာမှာ စစ်အုပ်စုက (၁၃) ဦး သေဆုံးခဲ့ပါတယ်။ လက်နက်စက်ရုံ ကပစ (၂၁) နဲ့ (၂၅) ကို ဓာတ်အားပေးနေတဲ့ စလင်းမြို့နယ်၊ တညောင်ပင် လျှပ်စစ်ခွဲရုံ နဲ့ ရဲစခန်းကိုလဲ စလင်း ပကဖ အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်အားခွဲရုံမှာ ရန်သူ့ အင်အား (၁၀၀) ကျော် တပ်စွဲထားတဲ့ အနက် (၇) ဦး ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ စလင်းမြို့နယ်၊ ဦးစီးမှူးအိမ်မှာ စုဝေးနေတဲ့ စစ်သားတွေကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ဒရုန်းနဲ့ တိုက်ခိုက်မှုမှာလည်း စလင်းမြို့နယ်ရဲမှူး အပါအဝင် (၄) ဦး သေဆုံးခဲ့ပါတယ်။ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီ ကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက တိုက်ခိုက်ရာမှာ စစ်သား (၂) ဦး သေဆုံးခဲ့ပါတယ်။ မင်းဘူးမြို့နယ်၊ မုံရွာ-ပုသိမ် ကားလမ်းပေါ်မှာ စစ်သားတွေတင်လာတဲ့ ကား (၁) စီးကို သတင်းရရှိတဲ့ အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက တိုက်ခိုက်ရာ စစ်သား (၄) ဦး သေဆုံးခဲ့ပါတယ်။ မင်းဘူးခရိုင်၊ ငဖဲ မြို့နယ်မှာ အမ်းမြို့နယ်ကို ရိက္ခာ ပို့ပြန်လာတဲ့ စစ်ယာဉ်တန်းကို မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်သား (၁၀) ဦး သေဆုံးခဲ့ပါတယ်။ မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်း လမ်းပိုင်း၊ သဖန်းကိုင်း ကျေးရွာ အနီးမှာ စစ်သားတွေကို အဝေးထိန်းမိုင်းခွဲ တိုက်ခိုက်ရာ (၈) ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ပြောကြားသွားပါတယ်။ နတ်မောက်မြို့နယ်တွင်း လှည့်လည်ပြီး ပေါ်တာဆွဲနေတဲ့ စစ်ကား (၃) စီးကို နတ်မောက် ပကဖ အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကား (၁) စီး ပျက်စီးသွားပါတယ်။ ရေစကြိုမြို့၊ အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်တွင်း သန်းခေါင်စာရင်းကောက်နေတဲ့ စစ်တပ် နဲ့ ပျူစောထီး တပ်ဖွဲ့ကို တိုက်ခိုက်ရာ စစ်သား (၁) ဦး သေဆုံးသွားတယ်လို့ ရေစကြို ပကဖ က ပြောကြားထားပါတယ်။ စစ်တပ် အင်အား အလုံးအရင်း တပ်စွဲထားတဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်း နယ်မြေ နဲ့ တပ်မ (၉၉) စစ်ရေးပစ်မှတ်တွေကို ဒရုန်း (၂၄) စီး အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့ တိုက်ခိုက်ရာ စစ်လေယာဉ် (၆) စီး ထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

တို့ပြည်သူတွေညီရဲ့လားဟေ့
20/11/2024

တို့ပြည်သူတွေညီရဲ့လားဟေ့

 #အရေးတော်ပုံအောင်ကို‌အောင်ရမည်
20/11/2024

#အရေးတော်ပုံအောင်ကို‌အောင်ရမည်

"ဒို့ပြည်သူတွေ ညီရဲ့လားဟေ့
မေးစရာမလို တေးကဗျာချို"

ဒို့ပြည်သူတွေရဲ့ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုဆုံးဖြတ်ချက် ကိုမြည်းစမ်းမိပြီလား
သံရုံးpageအောက်မှာ comment တွေအလုံးအရင်းဝင်လိုက်တော့၊
နိုင်ငံတကာရောက် တော်လှန်ပြည်သူတွေ သံရုံးကိုဆန္ဒပြ စာတွေပို့တာရော တခဲနက် “တင်း”ပြလိုက်တော့၊
ထကြွ ဝိုင်းလိုက်တဲ့အခါ
ကိုင်း ခုတော့"နေမကောင်းလို့ပါ"လို့ သုတ်သီးသုတ်ပျာထွက်ရှင်းရပါရောလား

နိုင်ငံအရွယ်အစား/လက်နက်ပါဝါထက် ပြည်သူအင်အား မိုးကြိုးသွား ဆိုတာ ပြနိုင်တဲ့အတွက် ထပ်ပြရဦးမယ်လို့ပဲအဖြေထွက်ပါတယ်

တို့တိုင်းပြည်သယံဇာတကို သူခိုးဈေးရနေတဲ့သူက ပိတ်လိုက်မယ်ဆို့လိုက်မယ် ဆိုတော့ ဘာဖြစ်မလဲ၊

မာတယ်ထင်လို့ ဆိုင်ရိုက်ရဲရင် ဘယ်သူကွဲမလဲကြည့်ကြတာပေါ့
ခုတော့"ကြေးနီကြေးဝါတွေ ပဲလှော်နဲ့လဲတယ်" လုပ်လို့ရသေးလား
ဒို့ပြည်သူကမေးပြီ

တို့ဆီက​မြေရှား(Rare earth )မရတော့ရင် မင်းတို့ တပိုင်းလျှပ်ကူး (Semi conductor )ထုတ်လုပ်မှုတွေ Laser cleaning လုပ်ဖို့တောင် သွက်ချာပါဒ လိုက်သွားမှာ ပြန်ခြိမ်းခြောက်မှ သိမှာလား
ဒို့ပြည်သူကမေးပြီ

ရတယ်ကိုယ့်လူ
တို့က အာနိသင်မမီဆေးတွေ မသောက်ရလည်း နေကောင်းတယ်
တရက်စုတ် အပေါစားပစ္စည်းတွေ မသုံးရလည်း အဆင်ချောတယ်
ခုတော့ မြေရှား ဝေဝါး သွားရင်ဘယ်သူအရှုံးသမားခံစားသွားမလဲ

ခုခေတ်မယ် ကဏ္ဍတိုင်းအတွက်
"မရှိမဖြစ်မြေရှားအကြောင်း"တလုံးနှစ်လုံးစာစီကုံးပြရမလား
ဒို့ပြည်သူကမေးပြီ

ကမ္ဘာမှာ မြေရှားအများဆုံးထုတ်လုပ်တယ်လို့ အသွင်ယူထားပြီး ဘယ်နိုင်ငံကအများဆုံးယူနေရလဲဆိုတာ
မေ့သွားပြီလား
ဒို့ပြည်သူကမေးပြီ

အီလက်ထရောနစ်လုပ်ငန်းတွေ ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေ Electronic device တွေ Hi-Tech နည်းပညာမြင့်ပစ္စည်းတွေ MRI ကအစမြေရှားကဘယ်လောက်အရေးပါသလဲမသိဘူးမှတ်သလား

လျှပ်စစ်ကားတွေအလုအယက်ထုတ်နေတဲ့ကမ္ဘာ့ပြိုင်ပွဲမှာ မြေရှားမရပဲဟက်တက်ကြီးကွဲသွားချင်လား
ဒို့ပြည်သူကမေးပြီ

တံခါးတွေ သူပိတ်ကိုယ်ပိတ်စတမ်းဆို
မင်းတို့ဆီကကုန်းတွင်းပိတ်ပြည်နယ်
"ဘယ်ဝယ်ဆီ တမ်းတကာ မှန်းဆကာ လွမ်းရပါမည်"အော်ဆိုသွားရမှာ မသိဘူးထင်နေလား
ဒို့ပြည်သူကမေးပြီ

ကမ္ဘာမကြေဘူးလည်း ဆိုပြီးပြီ
ကမ္ဘာတုန်ဟီး လည်းချီခဲ့ပြီ
နွေဦးစစ်သည် ပြည်သူများက သမိုင်းသစ်ရေးတဲ့လက်တွေ ဆန့်တန်း ဟစ်ကြွေးလိုက်ပြီ

အပြုခံ (passive)မဟုတ်
ပြုနိင်သူ(Active)တွေဖြစ်ကြောင်း လက်ရုံးဆန့်ချီ
ပြလိုက်ပြီ

#မင်းကိုနိုင်
19/11/2024

20/11/2024

| ကိုယ်တတ်ကျွမ်းတဲ့ထောင့်ကနေ ဆက်ပြီးတော့ ပါဝင်နေဖို့လိုပါတယ် | #ဖြတ် #မင်းမော်ကွန်း

များများ လမ်းညွှန်ထောက်ပြပေးကြပါ၊ များများ အကြံပြုပေးကြပါဗျို့။မန်းကြားကာလလုပ်ငန်းကော်မတီက သတ်မှတ်အလုပ်တာဝန်တွေကို ထမ်းရ...
20/11/2024

များများ လမ်းညွှန်ထောက်ပြပေးကြပါ၊ များများ အကြံပြုပေးကြပါဗျို့။

မန်းကြားကာလလုပ်ငန်းကော်မတီက သတ်မှတ်အလုပ်တာဝန်တွေကို ထမ်းရွက်ရာမှာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများရဲ့ အကြံပြုမှုများ၊ လမ်းညွှန်ထောက်ပြမှုများဟာ အထူးအရေးပါ၊ တန်ဖိုးရှိတယ်လို့ အလေးအနက် ခံယူထားကြပါတယ်ခင်ဗျာ။

ဒါ့ကြောင့် လုပ်ငန်းကော်မတီကို ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများက လိုအပ်သလို အကြံပြုကြဖို့၊ လမ်းညွှန်ထောက်ပြကြဖို့ အလေးအနက် မေတ္တာရပ်ခံ၊ ပန်ကြားဖိတ်ခေါ်အပ်ပါတယ်။

ဒီလို အကြံပြု၊ လမ်းညွှန်ထောက်ပြမှုများကို အခုဖော်ပြပါ Telegram Account ၊ Signal No. နဲ့ Email လိပ်စာများမှတဆင့် ဆက်သွယ်၊ ပေးပို့၊ ပြုလုပ်ကြနိုင်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်။

Telegram Account:

Signal No. +61 861 617 980

Email Address: [email protected]

❐ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ

——-

မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်ရေးဖြစ်စဉ်နဲ့ပတ်သတ်တဲ့ စာရွက်စာတမ်းတွေကို ဒီလင့်ခ် (Download Link) ကနေတဆင့် ဒေါင်းလုပ်ချ၊ ရယူနိုင်ပါတယ်ဗျို့။

[https://bit.ly/MDYInterimArrangements]

◘ ဝါဒဖြန့်ချိမှု မခံရပါစေနှင့်။အွန်လိုင်းပေါ်မှာ ဝါဒဖြန့်ချိမှုတွေက ဘက်ပေါင်းစုံ ပုံစံမျိုးစုံနဲ့ ပြန့်နှံ့နေတတ်ပါတယ်။အွ...
20/11/2024

◘ ဝါဒဖြန့်ချိမှု မခံရပါစေနှင့်။

အွန်လိုင်းပေါ်မှာ ဝါဒဖြန့်ချိမှုတွေက ဘက်ပေါင်းစုံ ပုံစံမျိုးစုံနဲ့ ပြန့်နှံ့နေတတ်ပါတယ်။
အွန်လိုင်းမှာ တွေ့သမျှ အကြောင်းအရာတွေ၊ ထင်မြင်ယူဆချက်တွေတိုင်းက အမှန်တရား မဟုတ်နိုင်ပါဘူး။ ဖတ်မိ၊ ကြည့်မိတာတိုင်းရဲ့ လွှမ်းမိုးမှုမခံရအောင် ဝေဖန်ပိုင်းခြား သေချာစဥ်းစားကြည့်ပြီးမှသာ လက်ခံ၊ ယုံကြည်ပါ။

◘ ဝါဒဖြန့်ချိမှု မခံရပါစေနှင့်။

အွန်လိုင်းပေါ်မှာ ဝါဒဖြန့်ချိမှုတွေက ဘက်ပေါင်းစုံ ပုံစံမျိုးစုံနဲ့ ပြန့်နှံ့နေတတ်ပါတယ်။
အွန်လိုင်းမှာ တွေ့သမျှ အကြောင်းအရာတွေ၊ ထင်မြင်ယူဆချက်တွေတိုင်းက အမှန်တရား မဟုတ်နိုင်ပါဘူး။ ဖတ်မိ၊ ကြည့်မိတာတိုင်းရဲ့ လွှမ်းမိုးမှုမခံရအောင် ဝေဖန်ပိုင်းခြား သေချာစဥ်းစားကြည့်ပြီးမှသာ လက်ခံ၊ ယုံကြည်ပါ။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဒေါ်ဇင်မာအောင်ကို ၁၉၇၆ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၈ခုနှစ်တွင် မြောက်ဥက္ကလာပ အခြေ...
20/11/2024

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်
ဒေါ်ဇင်မာအောင်ကို ၁၉၇၆ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၈ခုနှစ်တွင် မြောက်ဥက္ကလာပ အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ၁၉၉၆ခုနှစ် ဒဂုံတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပါသည်။ ၁၉၉၈ခုနှစ်တွင် ဖမ်းဆီးခံကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးနှင့် ၈၈၈၈ (၁၀)နှစ်ပြည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲရလာဒ်အရ ရက်ပေါင်း (၆၀)အတွင်း လွှတ်တော်ခေါ်ယူရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၈)နှစ် ချမှတ်ခံခဲ့ရပါသည်။ အင်းစိန်ထောင်နှင့် မန္တလေးဗဟိုအကျဉ်းထောင်တို့တွင် (၁၁)နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီးနောက် ၂၀၀၉ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ပြန်လည်လွတ်မြောက်ပြီးနောက် ရန်ကုန်မြို့ American Center တွင် Cultural Impact Study Club ကို ဦးဆောင်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science) နှင့် RAINFALL – Gender Study Group ကိုလည်း ပူးတွဲတည်ထောင် ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၂ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ချီးမြှင့်သည့် International Women of Courage Award ကို လက်ခံရရှိခဲ့ပါသည်။ ၂၀၁၄ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာ့လူငယ်ခေါင်းဆောင် (World Global Young Leader 2014) စာရင်းတွင် ဖော်ပြခံခဲ့ရပါသည်။
၂၀၁၄-၁၅ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် NED Fellow (Reagan-Fascell Democracy Fellow of National Endowment for Democracy) အဖြစ် ပညာသင်သွားရောက်ခဲ့ပါသည်။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရပါသည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် ငွေစာရင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါသည်။
၂၁ရာစုပင်လုံအစည်းအဝေးတွင် လူမှုရေးကိစ္စရပ်များဆွေးနွေးမှုလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ AWPR (ASEAN Women Peace Registry) အာဆီယံငြိမ်းချမ်းရေးအမျိုးသမီးမှတ်ပုံတင်အဖွဲ့တွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။ လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် တစ်ဦးအနေဖြင့် ဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ထားခြင်းခံရပါသည်။

Like 👍 Share ✔️ Thanks 🙏
👉https://www.facebook.com/officialzinmaraung/
👉https://www.facebook.com/mofaNUG/
👉https://www.facebook.com/NUGmyanmar/
👉https://www.facebook.com/MyanmarNUGNewsBlog/

“လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာများ"�ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်မည်(နိုဝင်ဘာ ၂...
20/11/2024

“လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာများ"�ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်မည်

(နိုဝင်ဘာ ၂၀ ၊ ၂၀၂၄)

“လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာများ"�ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ကို နိုဝင်ဘာ ၂၁ ရက် ၊ မြန်မာစံတော်ချိန် ည ၇ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ၊ ဦးမင်းကိုနိုင် ၊ ဦးကျော်ကိုကို (အထွေထွေအတွင်းရေးမှူး ၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ) တို့က ဆွေးနွေးမှာဖြစ်ပြီး မော်ဒရေတာအဖြစ်နဲ့ ဦးစိန်ဝင်း က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

"လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အစီအစဉ် ပထမဆုံးနေ့ ဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်မှာ လူထုလှုပ်ရှားမှု သမိုင်းများမှာ ပါဝင်ခဲ့ကြတဲ့ မျိုးဆက်အသီးသီးရဲ့ ဖြတ်သန်းမှုနဲ့ အတွေ့အကြုံများ ပြန်လည်သုံးသပ်မှု အစီအစဉ်အား "လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာ" ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

လူထုနဲ့ မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်းမဖက် လူထု လှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ် ဆွေးနွေးခြင်း၊ ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို နိုဝင်ဘာ ၂၁ ရက် ကနေ ၂၆ ရက်အထိ လုပ်ဆောင်မှာဖြစ်ပါတယ်။



တို့ပြည်သူတွေညီရဲ့လားဟေ့
20/11/2024

တို့ပြည်သူတွေညီရဲ့လားဟေ့

ICO ရဲ့ အဓိက အကျိုးအမြတ်က ဘာလဲ?

နွေဦးအရေးတော်ပုံကြောင့် နည်းပညာတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ နွေဦးဘဏ် ဟာ ပြည်သူ့ဘဏ်ဖြစ်တဲ့ အလျောက် ဘဏ်၏အကျိုးအမြတ်အားလုံးကို (၂) ကြိမ်တိုင် ရာနှုန်းပြည့် ခွဲဝေပေးနိုင်ခဲ့တဲ့ အပြင် ယခုဆိုရင် SDB Token မူလတန်ဖိုး ပိုင်ဆိုင်မှုမှာ ၂၅၀% မြင့်တက်လာခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ခဲ့ပြီ။

Seed Round ICO မှာ ရှယ်ယာတိုကင်ပိုင်ဆိုင်သူပေါင်း ၂၄၀၀၀ ကျော် စုစည်းပါဝင်ခဲ့ကြတဲ့ နှမ်းစေ့ပေါင်းများစွာဟာ သမိုင်းတွင်စေမယ့် အောင်ပွဲအလီလီကို ကြိုဆိုဆွတ်ခူးပေးနိုင်ခဲ့တယ်။

ကိန်းဂဏန်း ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်ဆိုတာ ထက်ပိုပါတယ်။

ဗိုလ်ကျ စနစ်ဆိုး အပြီးတိုင် ချုပ်ငြိမ်းသွားဖို့ ၊ မြန်မာ့ သမိုင်းသစ် ဖက်ဒရယ် အခွင့်အလမ်းများစွာကို လမ်းဖွင့်ပေးဖို့ ၊ မဟာမိတ် သွေးချင်းပြည်သူပြည်သားတို့၏ အနာဂတ် အာမခံချက်တွေ ကို ဖော်ဆောင်ပေးနိုင်ဖို့ သာ အဓိက ကျပါတယ်။

ခိုင်မာတည်တံ့တဲ့ ဘုံအနာဂတ်သစ်ကို နွေဦးဘဏ်နဲ့ အတူ ယုံကြည်သက်ဝင်သူတို့ဟာ နောက်ဆုံး အိမ်ပြန်လှိုင်းသစ် ICO Round 2 ၏ မျှော်မှန်းချက်ပြည့်မှီအောင် ချီတက်မောင်းနှင်ကြပြီဖြစ်လို့ ခွင့်သာခိုက်မှာ လိုက်ပါဦးစို့။

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

18/11/2024

တော်လှန်သူတို့ ဖတ်စရာတခု ။

တော်လှန်ရေးသည် စိနမျိုးယုတ်ကြောင့်
မကျရှုံးစေရ။

မည်သည့် လူမျိုးဖြစ်ပါစေ ၊
မြန်မာနိုင်ငံတွင်းနေထိုင်ပြီး နိုင်ငံသားဖြစ်ရင်
ဒီတော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြပါ။

ပြည်သူသာ အဓိက ။

ကျွန်တော်တို့တွေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ ရုန်းကန်နေပါတယ်အတူရုန်းကန်ပေးကြရင် လွတ်မြောက်ခြင်းဟာသေချာပါတယ်
17/11/2024

ကျွန်တော်တို့တွေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ ရုန်းကန်နေပါတယ်

အတူရုန်းကန်ပေးကြရင် လွတ်မြောက်ခြင်းဟာသေချာပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when National Unity Government အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ စုစည်းမှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to National Unity Government အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ စုစည်းမှု:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share