06/06/2023
ဘဝနေနည်း နည်းလမ်း ( ၁၀ )မျိုး
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
( ၁ )
🍀🍀 ဘယ်တော့မှပိုက်ဆံမချေးပါနဲ့🍀🍀 ။
ဆောင်ပုဒ်လေးတစ်ခုရှိတယ် ။
- တောင်းမှပေးတာ လူမိုက်
- မတောင်းဘဲပေးတာ လူလိမ္မာ
- တောင်းလည်းမပေးတာ လူယုတ်မာ
ဒါ့ကြောင့် ပြင်ပဘေးသူစိမ်းတွေနဲ့
မယုံကြည်ရတဲ့သူတွေကို
တက်နိူင်သမျှပိုက်ဆံမချေးပါနှင့် ။
ငွေကြေးဥစ္စာဟာ နည်းသည်ဖြစ်စေများသည်ဖြစ်စေ
ချေးငှားကြသူတိုင်းဟာ
ပြန်ပြီးလိုချင်ကြစမြဲပါ ။
ပြန်မဆပ်ခဲ့ဘူးဆိုရင် ရင်ထဲမှာ
အစိုင်အခဲလေးတည်နေတတ်ပါတယ် ။
ကိုယ်တကယ်ချစ်တဲ့သူတွေအတွက်ဆိုရင်
ရက်ရက်ရောရောသာ ပေးကမ်းကူညီပေးလိုက်ပါ ။
( ၂ )
🍀🍀လိုအပ်လျှင်အဆင်သင့် ဖြစ်အောင်ပိုက်ဆံပုံမှန်စုပါ ။🍀🍀
ကျွန်တော်တို့ဟာ ဘယ်အချိန်မှာ
ဆင်းရဲဒုက္ခတွေကြုံမလဲ
ဘယ်အချိန်မှာ အနာတရဖြစ်မလဲ
ဆိုတာ ကြိုပြီး မသိနိူင်ပါဘူး ။
ဒီလိုအနေအထားမျိုးတွေ တကယ်ဖြစ်လာခဲ့ရင်
အခက်အခဲတွေကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဖို့ ပိုက်ဆံစုပါ ။
( ၃ )
🍀🍀 ကိုယ့်ဘဝအတွက်မလိုအပ်တဲ့ သူတွေအတွက် အချိန်ကုန်မခံပါနဲ့ 🍀🍀
ကိုယ့်ကို ငြင်းပယ်ခဲ့ဖူးသူတွေ
လိုအပ်မှ ကိုယ့်ကို တမ်းတမ်းတတဖြစ်တတ်ကြသူတွေအတွက် လုံး၀ အချိန်ကုန်မခံပါနဲ့ ။
တစ်ချို့တွေတော့ ရှိတယ်
" ငါက သူ့အတွက် အမြဲတမ်း ပေးဆပ်ဖို့အဆင့်ပဲ " တဲ့။
ဒါဟာ သေချာတွေးကြည့်ရင် စိတ္တဇဝေဒနာသည်တစ်ယောက်ရဲ့အတွေးမျိုးပါ ၊ ချီးကျူးထိုက်ဖို့နေနေသာသာ လုံး၀ ဂုဏ်ယူစရာမကောင်းတဲ့လုပ်ရပ်မျိုးပါပဲ ။
ကိုယ့်ကို မလိုအပ်တဲ့သူအတွက် အပင်ပန်းခံနေမဲ့အစား ပရဟိတလုပ်ငန်းတွေမှာ အချိန်ကုန်ခံလိုက်ပါ ။
( ၄ )
🍀🍀ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုပြတ်ပြတ်သားသား ဆက်ဆံတတ်ပါစေ🍀🍀
ကိုယ်ကကောင်းသလောက် ကိုယ့်အပေါ် မကြာခဏ လူလည်ကျတတ်သူတွေကို တလေးတစား ဆက်ဆံနေဖို့ လုံး၀ မလိုအပ်ပါဘူး ။
ဒီလိုလူမျိုးတွေဟာ သူတို့အနိူင်ယူဖူးတဲ့သူအပေါ် နောက်တစ်ကြိမ်ယုတ်မာဖို့ ဘယ်တော့မှ ၀န်လေးနေမှာ မဟုတ်ပါဘူး ။
သူက ပြုံးရင် ကိုယ်ကပြန်ပြုံးပြလိုက်ပါ
သူက မဲ့ရင် ကိုယ်ကပြန်မဲ့ပြလိုက်ပါ
သူကမီးလိုကျင့်ရင် ကိုယ်ကမီးလိုပူလောင်ပြလိုက်ပါ
သူကရေလိုကျင့်ရင် ကိုယ်ကရေလိုအေးချမ်းပြလိုက်ပါ
( ၅ )
🍀🍀စိတ်တူကိုယ်တူအသိမိတ်ဆွေများနှင့်စကားများများပြောပါ🍀🍀
သင့်ကို လေးစားတဲ့သူ ၊ သင်ကလည်း လေးစားတဲ့သူများနှင့် မကြာခဏ စကားပြောပါ ။
ဒီလို စကားပြောခြင်းဖြင့် စိတ်ချမ်းသာမှုကိုရစေပြီး
အချိန်ကုန်မှန်းမသိကုန်နေတာကို သတိမထားမိအောင် ကြည်နူးစရာကောင်းနေပါလိမ့်မယ် ။
နောက်ပြီး ကိုယ့်ရဲ့ရည်မှန်းချက် ၊ လက်ရှိအခြေအနေ ၊ အနာဂတ်အလားအလာ စတာတွေအတွက် သင်နဲ့စိတ်သဘောထားချင်းတိုက်ဆိုက်သူများကသာ အကြံဉာဏ်ကောင်းတွေ ပေးနိူင်ပါလိမ့်မယ် ။
ဆိုလိုတာက သင်က ဘာသာရေးသမားဆိုရင် အရက်သမားတွေနဲ့ စကားပြောလို့အဆင်ပြေမှာမဟုတ်ပါဘူး ။
( ၆ )
🍀🍀ခရီးတွေမကြာခဏထွက်ပါ🍀🍀
တိုတောင်းလှတဲ့ဘ၀မှာ အတွေ့အကြုံသစ်တွေကို ခံစားဖို့နဲ့ အထွေထွေဗဟုသုတ ( General knowledges ) မြင့်မားစေဖို့ မကြာခဏ ခရီးထွက်သင့်ပါတယ် ။
ခရီးသွားခြင်းဟာ အကောင်းဆုံး စိတ်အပန်းဖြေမှုတစ်မျိုးဆိုတာ သင် လက်ခံလာပါလိမ့်မယ် ။
ရေမြေတောတောင်သဘာ၀အလှတွေကို ရှုစားရခြင်းဟာ လည်း စိတ်ချမ်းသာမှုတစ်မျိုးပါပဲ ။
ခရီးထွက်ခြင်းအားဖြင့် သင့်ဆီမှာရှိနေတဲ့ pressure တွေကိုလည်း အတော်အသင့် လျော့နည်းစေမှာဖြစ်ပါတယ် ။
( ၇ )
🍀🍀ကိုယ်ဝါသနာပါတဲ့အလုပ်ကိုပဲလုပ်ပါ🍀🍀
ကျွန်တော် စာတစ်ကြောင်း ဖတ်ဖူးခဲ့တယ် ။
If you don't like where you are , move .
You are not a tree .
မင်းနေတဲ့နေရာကိုမကြိုက်ရင်ပြောင်းလိုက်
မင်းက သစ်ပင်တစ်ပင်မဟုတ်ဘူး ။
ဟုတ်ပါတယ် ၊ ကျွန်တော်တို့ဟာ လူတွေပါ ။
ရွေ့လျားလို့မရတဲ့ သစ်ပင်တွေ မဟုတ်ပါဘူး ။
ဒါ့ကြောင့် ခဏတာရခဲလှတဲ့ဒီဘဝလေးမှာ ကိုယ်သဘောမကျတဲ့အလုပ်ကိုလုပ်ရင်း စိတ်ညစ်ညူးမခံပါနှင့်။
ဂျော့(ခ်ျ)ဘန်း(စ်) ပြောဖူးတဲ့စကားတစ်ခွန်းရှိတယ်။
" ကျုပ်ကတော့ ကျုပ်ဝါသနာမပါတဲ့အလုပ်ကိုလုပ်ပြီး အောင်မြင်သူ ဖြစ်ရတာထက် ကျုပ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ပြီး မအောင်မြင်သူဖြစ်ချင်တယ် " တဲ့ ။
ဟုတ်ကဲ့ —
ကိုယ်အမှန်တကယ် ဝါသနာပါတဲ့အလုပ်ကိုပဲလုပ်ပါ ။
( ၈ )
🍀🍀တစ်ဖက်လူဘက်မှဖြည့်တွေးပေးပါကိုယ်ချင်းစာ စိတ်ထားပါ🍀🍀
ပြဿနာတစ်ခုကို ကိုယ်မြင်တဲ့ဘက်ကလည်း မှန်နိူင်သလို သူမြင်တဲ့ဘက်ကလည်းမှန်နေနိူင်ပါတယ် ။
သဘောထားကွဲလွဲတာဟာ အဓိကပြဿနာမဟုတ်ပါဘူး
ဒါ့ကြောင့် တစ်ဖက်လူအမြင်ကိုလည်း လေးစားတတ်ဖို့ သိပ်ကို လိုအပ်ပါတယ် ။
သူ့နေရာမှငါသာဆိုရင် ဘယ်လိုနေမလဲ ဆိုတဲ့အတွေးမျိုးကို တွေးတတ်ဖို့အမြဲတမ်းသင်ယူထားပါ ။
သူ့ဘက်ကကြည့်တော့ လက်ဖဝါး ငါ့ဘက်ကကြည့်တော့ လက်ဖမိုးဆိုသလို အမှန်တရားတစ်ခုဟာ အမြင်အမျိုးမျိုးရှိနေတတ်ပါတယ် ။
( ၉ )
🍀🍀စာများများဖတ်ပေးပါ🍀🍀 ။
ဦးသန့်ရဲ့စကားလေးနဲ့ပဲ ပြောပါရစေ ။
" စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်သည် " တဲ့ ၊ သိပ်ကို မှန်ပါတယ် ။
သင်သာ စာဖတ်ခြင်းမှာ စျန်၀င်နေရင် အခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားမိမှာ မလွဲဧကန်ပါပဲ ။
ကျွန်တော်တို့ရဲ့ဘဝတွေ တိုးတက်မြင့်မားစေဖို့
အသိဉာဏ်ပညာတွေ တိုးပွားစေဖို့ အတွက် စာဖတ်ခြင်း
ဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ ။
( ၁၀ )
🍀🍀 တစ်စုံတစ်ရာကိုအမြဲတမ်းသင်ယူပါ🍀🍀
ဥရောပနိူင်ငံတွေမှာဆိုရင် အသက်၈၀အရွယ်အဘိုးအဘွားတွေဟာ ဘာသာစကားအသစ်တွေကအစ အသိပညာအတတ်ပညာတွေ သင်ယူလေ့လာနေတုန်းပါပဲ ။
တစ်စုံတစ်ရာကို အမြဲတမ်း သင်ယူနေတတ်တာဟာ
သူတို့ရဲ့ ဓလေ့တစ်ခုလိုဖြစ်နေပါပြီ ။
ဒါကြောင့် တစ်စုံတစ်ခုကို စိတ်ပါလက်ပါ သင်ယူပါ
အတတ်ပညာတစ်မျိုးမျိုးကို ထူးချွန်အောင် လေ့လာပါ