PDF Channel -Kalay

  • Home
  • PDF Channel -Kalay

PDF Channel -Kalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF Channel -Kalay, News & Media Website, .

PDF(Kalay)ကတိုက်ပွဲသတင်းထုတ်ပြန်
03/11/2021

PDF(Kalay)ကတိုက်ပွဲသတင်းထုတ်ပြန်

26/10/2021

People's Defence Force (Kalay)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
အောက်တိုဘာ ၂၅ ရက် ၊ ၂၀၂၁

PDF (kalay)တိုက်ပွဲသတင်းထုတ်ပြန်ချက် အောက်တိုဘာ23ရက်
23/10/2021

PDF (kalay)တိုက်ပွဲသတင်းထုတ်ပြန်ချက် အောက်တိုဘာ23ရက်

ရိန်းဂျား ကေလး ကာကွယ်ရေးတပ်(Ranger Kalay Defend Force) တော်လှန်ရေးတပ်သားများ၏ တောတွင်း သီတင်းကျွတ် သပိတ်တွင်ပါဝင်အောက်တိ...
20/10/2021

ရိန်းဂျား ကေလး ကာကွယ်ရေးတပ်
(Ranger Kalay Defend Force) တော်လှန်ရေးတပ်သားများ၏ တောတွင်း သီတင်းကျွတ် သပိတ်တွင်ပါဝင်

အောက်တိုဘာ ၁၉ရက် နေ့ည

05/10/2021

People's Defence Force (Kalay)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
အောက်တိုဘာ ၅ ရက်၊ ၂၀၂၁

စစ်ကောင်စီသတင်းပေးတဦးကို KGZ အဖွဲ့က ကရင်နီပြည်ရဲဌာန သို့ လွှဲပြောင်းပေးဧရာဝတီ ၊ အောက်တိုဘာ ၂ ၊ ၂၀၂၁စစ်ကောင်စီသတင်းပေး (ဒလ...
03/10/2021

စစ်ကောင်စီသတင်းပေးတဦးကို KGZ အဖွဲ့က ကရင်နီပြည်ရဲဌာန သို့ လွှဲပြောင်းပေး

ဧရာဝတီ ၊ အောက်တိုဘာ ၂ ၊ ၂၀၂၁

စစ်ကောင်စီသတင်းပေး (ဒလန်) တဦးအဖြစ် မသင်္ကာသူ အမျိုးသားတဦးကို ကယားပြည်နယ်အခြေစိုက် ခုခံတော်လှန်ရေး အဖွဲ့တခုဖြစ်သည့် KGZ အထူးတပ်ဖွဲ့က ဖမ်းဆီးကာ ကရင်နီပြည်ရဲဌာန (KSP) ထံသို့ ဒီကနေ့ လွှဲပြောင်းပေးခဲ့ကြောင်း KSP က သတင်းထုတ်ပြန်သည်။

KSP က ယင်းအမျိုးသားအား ကနဦး စစ်ဆေးခဲ့ရာ ၎င်း၏ ခန္ဓာကိုယ်မှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား ၆၇ ပြားတွေ့ရှိခဲ့ကြောင်း ၊ မသင်္ကာသူ အမျိုးသားအား KSP က စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေပြီး လိုအပ်သလို အေရးယူမွု ဆောင်ရွက်သွားမည်ဖြစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်ကလည်း KSP က ဒလန်ဟု ထင်ရသည့် မသင်္ကာသူ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးအားဖမ်းဆီးခဲ့ပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတဦးကို သက်သေမခိုင်လုံသောကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဖမ်းဆီးထားသည့် ကျန်အမျိုးသား ၅ ဦးမွာ ဒလန်အဖြစ် သက်သေအထောက်အထား ခိုင်လုံသဖြင့် ကရင်နီပြည်ရဲအချုပ်တွင် ချုပ်နှောင်ထားပြီး လိုအပ်သည့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်ရဲဌာန (KSP) က သတင်းထုတ်ပြန်သည်။

Photo - Karenni State Police - KSP

ကျေးဇူးပြုပြီးဒီ တော်လှန်ရေး ကာလလေးပဲဖြစ်ဖြစ်အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ခရီးဆက်ကြဖို့ တောင်းပန်ပါတယ်လို့ တောင်းဆိုလာတဲ့...
03/10/2021

ကျေးဇူးပြုပြီး
ဒီ တော်လှန်ရေး ကာလလေးပဲဖြစ်ဖြစ်
အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ခရီးဆက်ကြဖို့
တောင်းပန်ပါတယ်လို့ တောင်းဆိုလာတဲ့ ထားထက်ထက်

လေးစားလျက်ပါ

02/10/2021
30/09/2021
28/09/2021

PDF Channel -Kalkypageကိုlikeလေးလုပ်ပေးပါအုန်းခင်ဗျားတိုlikeလုပ်တာသင့်တိုအတွက်အကျိုးမရုပ်ပါဘူးlikeတစ်ခုချင်းစီကကျနော်တို့အတွက်အားရှိလိုဘာ

27/09/2021

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ
=========================

(၂၇.၉.၂၀၂၁)
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ၊ သတင်းအချက်အလက်များအရ (၂၆.၉.၂၀၂၁) ရက်နေ့တွင် ရန်သူ့စစ်ရေးပစ်မှတ် - ၁၁ အုပ်ချုပ်ရေးပစ်မှတ် - ၉ စီးပွားရေးပစ်မှတ် - ၃ နေရာတို့ကို ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။
မှတ်ချက်။ ။ မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှု ရက်ပေါင်း ၂၃၂ ရက်မြောက်အဖြစ် ယနေ့ စက်တင်ဘာ ၂၇ တွင် ချီတက်ဆန္ဒပြခြဲ့...
27/09/2021

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှု ရက်ပေါင်း ၂၃၂ ရက်မြောက်အဖြစ် ယနေ့ စက်တင်ဘာ ၂၇ တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ဖုန်း/အင်တာနက်ဖြတ် သတင်းအမှောင်ချကာ အကြီးအကျယ်ထိုးစစ်ဆင်နေလို့ တနိုင်ငံလုံးက PDF တွေ ထကြွပေးကြဖို့ ပင်လည်ဘူး PDF တောင်းဆ...
27/09/2021

ဖုန်း/အင်တာနက်ဖြတ် သတင်းအမှောင်ချကာ အကြီးအကျယ်ထိုးစစ်ဆင်နေလို့ တနိုင်ငံလုံးက PDF တွေ ထကြွပေးကြဖို့ ပင်လည်ဘူး PDF တောင်းဆို

မျက်မှောက်ခေတ်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်းက ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်တွေကို ဒီမနက်အစောပိုင်းကပဲ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဖုန်းနှင့် အာတာနက်ဆက်သွယ်ရေးတွေ ဖြတ်တောက်လိုက်ပါတယ်။

ဒေသတွင်း သတင်းအမှောင်ချကာ ကုန်းကြောင်း လေကြောင်းကနေ တိုက်လေယာဉ်တွေပါအသုံးပြုပြီး အကြီးအကျယ် ထျုးစစ်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေကြေမှု ဆိုးဆိုးဝါးဝါး ကြုံတွေ့လာနိုင်တဲ့အတွက် တခြားသော ဒေသတွေက PDF/LDF တွေအနေနဲ့ တပြိုင်နက်ထဲ ထကြွပေးကြဖို့ ပင်လည်ဘူး။PDF က တောင်းဆိုစာတစောင်ကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ရေးသားတောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက် အပြည့်အစုံမှာ_

"ပင်လည်ဘူး မြို့နယ် တစ္ခုလုံး ဖုန်းလိုင်း ၊ အင်တာနက်လိုင်း အကုန်ဖြတ်တောက်ပြီး
စကစဖက္က အင်အားထောင်ချီ နဲ့ ဂျက်လေယာဉ် များနဲ့ ထိုးစစ်ဆင်ခံနေရပါပြီ။
သတင်းအမှောင်ဖုံးချခံရပြီး ယုတ်မာရက်စက်ခြင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်သားတွေ အလူးအလဲ ခံရပါတော့မယ်။

အင်အားစုဆောင်းပြီး အတန်ကြာပြင်ဆင်ခဲ့သော်လဲ အောက်တန်းကျ ကျင့်ဝတ်မရှိတဲ့ အမျိုးယုတ် စစ်တပ်ရဲ့ စစ်ကျင့်ဝတ်မရှိမှုတွေကြောင့် ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေကြောင့် ပြည်သူတွေ ပိုပြီးအထိနာကြရပါတော့မယ်။
ကျနော်တို့ရဲ့ ပြည်သူ့ရင်သွေးတွေ ကျဆုံးရပါလိမ့်မယ်။

သည်အခြေအနေမှာ တစ်နိုင်ငံလုံးက PDF တွေ အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကနေ ထကြွပြီး စစ်မျက်နှာ ဖွင့်ပေးကြပါတော့လို့ တောင်းဆိုပါတယ်ဗျာ။
သည်ထက် ပိုပြီး အသေအပျောက်မများခင် ၊ မထိခိုက်ခင် သက်သာရာရကြောင်း ဖြစ်နိုင်အောင် အနယ်နယ်အရပ်ရပ်ကနေ စတင်ထိုးစစ်ဆင်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်။
အခုလို အချိန်မှာမှ နယ်အနှံ့က ရုန်းမထရင် တစ်နယ်ချင်းကို စကစက ကောက်စားနေပါလိမ့်မယ်။
တစ်ပြည်လုံးက အုံကြွမှသာ တော်လှန်ရေးက အောင်မြင်မှာပါ။
ထကြွပေးကြပါဦး။"လို့ ရေးသားတောင်းဆိုထားပါတယ်။

ပင်လည်ဘူးမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက အရာရှိကြီးတွေအပါအဝင် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အင်အား ၄၀ ဝန်းကျင်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီအတွက် ထိုးစစ်ဆင်မှုတွေကို အကြီးအကျယ်ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်
PDF Channel -Kalky

#အရေးတော်ပုံအောင်ရမည်။

စစ်ကိုင်းတိုင်း ကလေးမြို့ PDF (Kalay PDF)တပ်ရင်းများနှင့် ချင်းပြည်နယ် တီးတိန် တွန်းဇံနယ်ရှိ PDF (Zoland) တပ်ရင်းများ ညီ...
26/09/2021

စစ်ကိုင်းတိုင်း ကလေးမြို့ PDF (Kalay PDF)တပ်ရင်းများနှင့် ချင်းပြည်နယ် တီးတိန် တွန်းဇံနယ်ရှိ PDF (Zoland) တပ်ရင်းများ ညီနောင်မဟာမိတ်အဖြစ် စကစကိုတော်လှန်မည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ကြေငြာခဲ့ကြပါတယ်။

၂၆ စက်တင်ဘာ ၂၀၂၁

Ranger Kalay Defend Force (RKDF)အသိပေးထုတ်ပြန်ချက်စက်တင်ဘာလ ၂၆ ရက် ၊ ၂၀၂၁ကျွန်ုပ်တို့ Ranger  Kalay  Defend  Force  (RKD...
26/09/2021

Ranger Kalay Defend Force (RKDF)
အသိပေးထုတ်ပြန်ချက်
စက်တင်ဘာလ ၂၆ ရက် ၊ ၂၀၂၁

ကျွန်ုပ်တို့ Ranger Kalay Defend Force (RKDF) စာမျက်နှာသည် လူကြီးမင်းတို့ လှူဒါန်းမှု့ကို ဂုဏ်ပြုသောအနေဖြင့် မှတ်တမ်းလွှာများပြုလုပ်ကာ အမြဲတင်ပေး နေပါသည် ။ ယခုအခါတွင် တိုင်းပြည်၏ အခြေအနေအရပ်ရပ်များသည်ရှုပ်ထွေးနေသော အချိန်ကာလ ဖြစ်ပါသောကြောင့် အရေးအကြီးသတင်းများနှင့် တိုက်ပွဲသတင်းများကို ကျွန်ုပ်တို့အဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ဖုံးအုပ်သွားမည်ကိုအထူးပင် စိုးရိမ္မိ ပါသည် ။

သို့ပါသောကြောင့် ကျွန်ုပ်တို့ အဖွဲ့သည် မှတ်တမ်းတင်ဂုဏ်ပြုလွှာများအား တလလျှင် နှစ်ကြိမ် (လတဝက် နှင့် လကုန်ရက်) သာ ထုတ်ပြန်ပေးသွားခွင့်ပြုပါရန် အလှူရှင် လူကြီးမင်းများအား လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည် ။

တလလျှင် နှစ်ကြိမ်သာထုတ်ပြန်ပေးမည်ဆိုသော်လည်း ကျွန်ုပ်တို့အဖွဲ့မှ လူကြီးမင်းတို့ လာရောက်လှူဒါန်းထားသော နေ့ရက်အလိုက် မှတ်တမ်းတင်ဂုဏ်ပြုလွှာများအားပြုလုပ် ပေးထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ။ ယခုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကျွန်ုပ်တို့အဖွဲ့အား နားလည်ခွင့်လွှတ်ပေးပါရန် အနူးအညွှတ် တောင်းပန် အပ်ပါသည် ။

People's Defence Force (Kalay)တိုက်ပွဲသတင်းထုတ်ပြန်ချက်စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၁ယနေ့နေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သ...
26/09/2021

People's Defence Force (Kalay)
စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၁

ယနေ့နေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ခန့်သည် ကလေးမြို့တောင်ဘက် ချင်းဆိုင်ရွာသို့ ဝင်ရောက်မွှေနောက်ပြီး သာစည်ရွာမှတဆင့် အနောက်အရပ် သို့ ဦးတည်၍ စစ်ကြောင်းလျှောက်တက်လာရာ နေ့လည် ၂ နာရီခန့်တွင် လေးအိမ်စုနှင့် စည်ပင်ကြီးရွာများ အနီးတွင် PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ညေန ၄ နာရီခွဲခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ လက်နက်ကြီးများကိုသာ အဓိကအားကိုး ပစ်ခတ်ခဲ့ပါသည်။ ရင်ဆိုင်တိုက်ပွဲအတွင်း ရှေ့ဆက်မတက်နိုင် ဖြစ်နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်သားများသည် စည်ပင်ကြီးရွာဘက်သို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ပြီး စည်ပင်ကြီးမှတဆင့် မြို့လှ၊ အင်ဒိုင်းကုန်းဘက်သို့ ဆုတ်ခွာသွားခဲ့ပါသည်။
ယနေ့တိုက်ပွဲအတွင်း မင်းအောင်လှိုင်လက်ပါးစေ အကြမ်းဖက်စစ်သား အနည်းဆုံး သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရှိရပြီး မိမိတို့ PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့မှ ၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပါသည်။



PDF Channel - Kalay

Address


Website

Alerts

Be the first to know and let us send you an email when PDF Channel -Kalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share