Fk-cists' Info- Htila

  • Home
  • Fk-cists' Info- Htila

Fk-cists' Info- Htila We will be uploading the informations about the ground situations.

08/08/2022

❗❗
8/8/22
9:29pm

ညကြီးတိုက်လေယာဉ်တွေရှမ်းတဲကနေတက်နေပါတယ်

Y8တစ်ဆင်း ၉နာရီ၂၀မှာ တက်သွားပါတယ်fighterတွေတက်ပြီးတဲ့နောက်ပါ

10:30pm
လေယာဉ်တွေထပ်တက်။ Y8တစ်ဆင်းအသံလည်းကြားရပြီး အတက်လားအဆင်းလားမသိရသေးပါ။

25/07/2022

ပညာတတ်တွေကို သတ်မှ ပညာမတတ်တဲ့အာဏာရူးတွေအုပ်ချုပ်နိုင်မယ်ဆိုတာ ခွေးမျိုးစစ်တပ်က ခေတ်အဆက်ဆက်သင်ယူခဲ့ကြတာပဲ။
ဒါကိုမှ ကျုပ်တို့ပြည်သူတွေကမသင်ယူရင် ပညာမတတ်တဲ့လူတွေ စိတ်ဓာတ်အောက်တန်းကျတဲ့လူတွေအုပ်ချုပ်တာခံရမှာပဲ။

ကိုယ့်ကိုကိုယ်ပြန်မေးကြ ဘယ်လိုတိုင်းပြည်မှာနေချင်လဲ ဘယ်လိုတိုင်းပြည်ကိုတည်ဆောက်ရမလဲဆိုတာ။ ခုလိုတော်လှန်ရေးမှာမပါဝင် clickတစ်ချက်မနှိပ်၊ အစိုးရယန္တယားမှာပါဝင်နေသ၍ ခင်ဗျားတို့ကျုပ်တို့ကြမ္မာက ဒီမအေloeတွေအောက်ကလွတ်မှာမဟုတ်ဘူး။ သောက်မှတ်မရှိတဲ့လူတွေက ဖိနှိပ်ချုပ်ခြယ်မှုအောက်မှာပဲနေကြရလိမ့်မယ်။
ဗိုလ်ချုပ်ပြောတဲ့ ဖာ နိုင်ငံဆိုတာက ပေါ့ပေါ့နေပေါ့ပေါ့စား စိတ်ဓာတ်ထားကြတဲ့လူတွေရှိတဲ့နိုင်ငံပဲ။

19/07/2022

19 July
ခေတ်အဆက်ဆက်မှာ မတရားမှုကိုတော်လှန်ခဲ့ရင်းအသက်ပေးလှူခဲ့သည့် အာဇာနည်သူရဲကောင်းများကိုအလေးပြုရင်း ကျန်ရှိနေသေးသည့်တော်လှန်ရေးကိုဆက်သယ်ပိုးသွားပါမည်။ အာဏာရူးများကြောင့်ကြွေလွင့်ခဲ့ရသည့် အာဇာနည်လူငယ်များ၊ တိုင်းရင်းသားညီကိုမောင်နှမများကိုလည်း မြင့်မြတ်တဲ့ဘုံဘဝမှာရောက်ရှိပါစေကြောင်းဆုတောင်းပေးလိုက်ရပါသည်။

ကိုးဦးမကသောအာဇာနည်များအားအလေးပြုလျက်
Fk-cists' info- Htila

K4Uမှာသင်ကြားပေးသည့်ဆရာဆရာမများ (သို့) ရှောင်ရှားဖို့လိုသူများအကူညီဖြစ်စေလိုသည့်ဆန္ဒဖြင့် linkလေးရသလောက်စုပေးထားပါမယ်။အက...
17/07/2022

K4Uမှာသင်ကြားပေးသည့်ဆရာဆရာမများ (သို့) ရှောင်ရှားဖို့လိုသူများအကူညီဖြစ်စေလိုသည့်ဆန္ဒဖြင့် linkလေးရသလောက်စုပေးထားပါမယ်။
အကြမ်းဖက်စစ်ခွေးများအန္တရာယ်ကနေရှောင်နိုင်ကြပါစေခင်ဗျာ။

https://m.facebook.com/story.php?story_fbid=1547377359032938&id=385165108587508

https://www.facebook.com/385165108587508/posts/1547382759032398/

Kaung For You နှင့် ချိတ်ဆက် အလုပ်လုပ်ပြီး ဖမ်းဆီးခံရမည့်အရေးမှ တိမ်း ရှောင်လိုသော CDM ဆရာ၊ ဆရာမများကို အကူအညီပေးမည်ဟု မြောင်ပညာ ရေး ကွန်ရက်က ကြေညာ၊ ရှောင်တိမ်းရန် လိုသူများ ဆက်သွယ်နိုင်

ရန်ကုန်၊ ဇူလိုင် ၁၇

Kaung For You သင်တန်းကျောင်းနှင့် ချိတ်ဆက် အလုပ်လုပ်မှုကြောင့် စစ်တပ် ၏ ဖမ်းဆီးမည့်အရေးမှ တိမ်းရှောင် လိုသော CDM ဆရာ၊ ဆရာမများကို တိမ်းရှောင်နေထိုင်ရန် အကူအညီပေးမည်ဖြစ်ကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက တရားဝင် ကြေညာသည်။

"လတ်တလော အရမ်းခက်ခဲတဲ့အ နေအထားတွေရှိလာတာကို တွေ့ရတယ် ဘယ်မှာ သွားရမလဲ ဆိုတာ နေရာမရှိနေတဲ့သူတွေ အတွက် ကျွန်မတို့ အနေနဲ့ လုပ်ပေးနိုင်တာနဲ့ ကူညီဖို့ အတွက်ပါ။ ဆက်သွယ်ဖို့အတွက်ကတော့ ပေ့ချက်ဘောက် နှင့် တယ်လီဂရမ် မှ ဆက်သွယ်ပေးပါ။ လိုအပ်တာ စစ်ဆေးမေးမြန်းပြီး လက်ခံပါ့မယ်။ ပေ့ သို့မဟုတ် တယ်လီကို ဆက်သွယ်လာပြီဆိုရင်တော့ ဒီဘက်ရောက်တာနဲ့ ပညာရေးကိုလည်းဝိုင်းကူနိုင်တာတွေ အများကြီးရှိပါတယ်။ ဆရာဆရာမတို့ဘေးကင်းလုံခြုံဖို့စေဖို့တာဝန်ယူပါတယ်။ အခက်အခဲတွေဖြစ်တယ် လိုအပ်တာရှိပါက" ဟု မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

Kaung For You ပညာရေးကျောင်းနှင့်ချိတ်မှုကြောင့် တိမ်းရှောင်လိုသူ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် မြောင်ပညာရေး ကွန်ရက်ကို အောက်ဖော်ပြပါ လိပ်စာများမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ဆက်သွယ်ရန် Telegram link- https://t.me/myaungpdfcdsom နှင့် Myaung Education Network မြောင်ပညာရေးကွန်ရက်၏ ဖေ့ဘုတ်စ် လူမှုကွန်ရက် - https://www.facebook.com/photo/?fbid=147713441202980&set=a.118085770832414 နိုင်ကြောင်း သိရှိရသည်။

16/07/2022

12:58pm

လွန်ခဲ့တဲ့၂နာရီလောက်က
အထက၂ ရှေ့ဆိုင်ကယ်များဖမ်း​ေနဦးထုပ်မပါရင် ၁သောင်းဆိုပြီးတောင်းနေပါတယ် အငတ်များက

15/07/2022

15.7.22
12:08pm

၁၁နာရီ၅၄မိနစ်အချိန်
Mi35 တစ်စင်း ​ရှမ်းတဲးက​နေ ​တောင်ဘက်တက်သွားပါတယ်

14/07/2022

14.7.22

လက်ရှိမှာစည်းကုန်ကြီး ကန်​ဘောင်မှာ​နေတိုင်း suprise checkတွေ​ကော မအလ​တွေ​ကော ​နေ့တိုင်း မနက်၉နာရီက​နေ ည​နေ၄နာရီအထိရှိ၊ ငွေညှစ်တောင်းစားတာတွေရှိတဲ့အတွက်မြို့ပေါ်လာရင်သတိလေးနဲ့လာ ရှောင်ကွင်းသွားကြပါခင်ဗျာ။ မိမိအသက်အန္တရာယ်အရတော့ဆိုင်ကယ်ဦးထုပ်နဲ့ ဘက်မှန်လေးတွေတပ်စီးကြပါ။

04/07/2022

4/7/22
စည်းကုန်ကြီးကန်ဘောင်မှာ
စည်းကုန်ကြီးဘက်ကလာတဲ့ကားများကို စစ်ဆေးမေ းမေးမြန်းတာတေွရှိနေပါတယ်။ Khwayဘဲဥများပါ။

02/07/2022

2.7.22
9:30am
❗❗❗
ယနေ့မနက်၇နာရီဝန်းကျင်က မြင်းခြံဘက်ကို fawအစီး၃၀နီးပါး ရှေ့ကားများကမြင်းများပါပြီး အနောက်ကားများအမိုးအုပ်ထား။ မလှိုင်အထွက်မှာ ခေတ္တရပ်ပြီးဆက်ထွက်တယ်လို့သိရပါတယ်။

edit. ရန်-မန်း အမြန်လမ်းကနေသွားတယ်လို့သိရပြီး ရှေ့မှာMark IIအဖြူအိမ်စီးကားနဲ့အကောင်ကြီးလိုက်ပါ ရှေ့ကနေသီးခြားထွက်သွားပါတယ်။ စစ်ကိုင်းဘက်သွားတယ်လို့လည်းယူဆလို့ရပါတယ်။

28/06/2022

28/6/22
11:24am
ထီလာဘူတာမှာ ရခ၂ကောင်စောင့်နေပါတယ်။ ရထားဝင်ဖို့ရှိမယ်လို့ထင်ပါတယ်

28/06/2022

မိတ္ထီလာမှာ အစစ်ဆေးများနေပါတယ်။ အသွားလာဂရုစိုက်ပါခင်ဗျာ။ အစစ်ဆေးရှိတဲ့နေရာတွေပေးပို့ပေးဖို့အကူညီတောင်းပါတယ်ခင်ဗျာ

26/06/2022

❗❗❗
စည်းကုန်ကြီးဘက်မှာ ကားတွေအဓိကထားစစ်နေပါတယ်။

24/06/2022

❗❗❗
မိဘပြည်သူများခင်ဗျာ အရေးကြီးတဲ့အတွက်သတိထားဖို့မှာလိုပါတယ်။
မိတ္ထီလာမှာ စခများကငြိမ်မနေပါဘူးခင်ဗျာ သူတို့အလုပ်သူတို့လုပ်နေကြဆဲပါ။ ပျူတွေကိုလေ့ကျင့်တာတွေအဆက်မပြတ်ရှိနေသလို၊ ဒလန်တွေဟာလည်းရပ်ကွက်တိုင်းမှာစိမ့်ဝင်နေပြီးသားဖြစ်ပါတယ်။ ယခုရရှိထားတဲ့သတင်းဟာ လက်နက်ဆင်ထားတယ်လို့သိရပြီး အတိုတွေပေးထားသလို လုပ်ခြင်တိုင်းလုပ်လာနိုင်ပါတယ်။ ယုတ်မာမှုကိုအားလုံးသိထားကြပြီးဖြစ်တဲ့အတွက်ဖြစ်လာနိုင်တာတွေကိုသတိထားကြဖို့လိုနေပါတယ်။

မိမိရဲ့identity မူလရုပ်သွင်ကိုပေါ်ထင်အောင်မနေသင့်တော့ပါဘူး။ ကျွန်တော်တို့အလုပ်တွေပိုလုပ်နိုင်ဖို့အတွက်လုံခြုံရေးအထူးဂရုစိုက်ပါခင်ဗျာ။ သတင်းတွေshareတာနဲ့တင် လက်နက်ရှိတိုင်းရမ်းကားတာတွေလုပ်လာနိုင်ပါတယ်။ အနည်းဆုံးငွေညစ်တာနဲ့ အဆိုးဆုံးအသက်အန္တရာယ်ကိုပါထိခိုက်လာနိုင်ပါတယ်။

အကြံပြုချက်။
၁။ facebookမှာမိမိနဲ့အသွင်းသိသူကိုသာလက်ခံထားပါ၊ သန့်ရှင်းရေးလုပ်ပါ။
၂။ သိုသိုသိပ်သိပ်အရာရာမှာနေပါ။
၃။ စကားတွေထိန်းပြီး clickတွေတိုးအောင်၊အလှူငွေများများရအောင်နေ့စဉ်ကြိုးစားပါ။
၄။ ပျူ၊ ဒလန်နှင့် စခများသတင်းကိုအဆက်မပြတ်သတင်းပို့ပါ။
၅။ နေ့စဉ် အလုပ်နဲ့တော်လှန်ပါ၊ တော်လှန်ရေးကိုဆက်သယ်ပိုးပါ။

Spicy
မိတ္ထီလာမှာ NLDနိုင်တော့ပျော်တယ်မို့လား၊ ခုပြည်သူ့ခေါင်းဆောင်ကိုထောင်ချထားတယ်။ သူလည်းတော်လှန်ရေးအောင်မှလွတ်မယ်။ လူငယ်တွေအနာဂတ်လည်းတော်လှန်ရေးအောင်မှပြန်ပွင့်လိမ့်မယ်။ အကြောက်တရားနဲ့ ထပ်မနေချင်တော့ရင် တော်လှန်၊ များများလှူ များများclick၊ များများသတင်းပေး။
မဟုတ်ရင် ​ေ-ခွးတွေခြယ်လှယ်တာပဲခံလိုက်။
နေတတ်တယ် နေနိုင်တယ်မို့လား ဆက်နေလိုက်။
အလေလိုက်နေတဲ့လူငယ်တွေလည်း ဆက်လေနေလိုက်။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးထားထက်ပိုတယ် ကျုပ်တို့မြို့ရဲ့ ကြမ္မာကိုကျုပ်တို့ပဲဖန်တီးရမှာ။

21/06/2022

10:50am
21.6.22

မိတ္ထီလာမြို့မှာ ကြယ်လောင်တဲ့ပေါက်ကွဲသံ၂ချက်ကို မြု့အနီးတစ်ဝိုက်ရွာတွေကပါကြားလိုက်ရတယ်လို့သိရပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဘယ်အကြောင်းရာကြောင့်ဆိုတာမသိရသေးပါဘူး။

edit လေယာဉ်supersonicဖွင့်ပျံတာကြောင့်လို့သိထားရပါတယ်ခင်ဗျာ။ လက်ရှိရှမ်းတဲမှာတော့ စခပေါက်တွေကို လေယာဉ်မောင်းသင်ပေးနေတာဖြစ်ပါတယ်

ခုချိန်ထိအနစ်နာခံ အသက်ရဲ့၃ပုံ၂ပုံလောက်က စစ်ဘီလူးအာဏာရူးတွေကြောင့် အကျဥ်းချခံရလူကိုသာအကျဥ်းချလို့ရမယ် ပျိုးခဲ့တဲ့သတ္တိတွေ...
19/06/2022

ခုချိန်ထိအနစ်နာခံ အသက်ရဲ့၃ပုံ၂ပုံလောက်က စစ်ဘီလူးအာဏာရူးတွေကြောင့် အကျဥ်းချခံရ
လူကိုသာအကျဥ်းချလို့ရမယ် ပျိုးခဲ့တဲ့သတ္တိတွေကိုဆက်သယ်ပိုး နှင်းဆီဆံထိုးနဲ့ သံမဏိစိတ်ဓာတ်ကတော့ မျိုးဆက်သစ်တွေမှာ ကောင်းကောင်းကြီးအောင်ပြီး တွန်းလှန်နေကြပြီ။
ကျွန်တော်တို့အားလုံး ဖိနှိပ်မှုကလွတ်တဲ့နေ့တွေအမြန်ရောက်ဖို့က အမေ့မွေးနေ့ဆုတောင်းဖြစ်မယ်ဆိုတာကောင်းကောင်းကြီးသိနေပါတယ်။ ကျန်းမာသောမွေးနေ့ဖြစ်ပါစေ အမေ။

မနက်​​ဖြန်အားလုံးပါဝင်ကြတာပေါ့။ ဘုရားတရားလေးလုပ်ကြစို့။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်တစ်နိုင်ငံလုံးလွတ်မြောက်ရေးဆုတောင်...
18/06/2022

မနက်​​ဖြန်အားလုံးပါဝင်ကြတာပေါ့။ ဘုရားတရားလေးလုပ်ကြစို့။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်တစ်နိုင်ငံလုံးလွတ်မြောက်ရေးဆုတောင်းလှုပ်ရှားမှု ပြုလုပ်ရန် GSCB တိုက်တွန်း

သုည/People's Spring

လာမည့် ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် တစ်နိုင်ငံလုံး လွတ်မြောက်ရေး ဆုတောင်းလှုပ်ရှားမှု ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက ယနေ့ (ဇွန်လ ၁၇) ၌ တိုက်တွန်းခဲ့သည်။

အဆိုပါ ဇွန်လ (၁၉) ရက် (တနင်္ဂနွေနေ့) တွင် တစ်နိုင်ငံလုံးက ဘာသာပေါင်းစုံသော လူထုကြီးက ကိုယ် ကိုးကွယ်ယုံကြည်သည့် ဘာသာအလိုက် ဘာသာရေး အဆောက်အဆုံများ၊ ဘုရားများဆီသို့ ချီတက်ကြပါ ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများ၊ သေဒဏ်ချမှတ်ခံရသည့် ရဲဘော်များ၊ တိုက်ပွဲဝင်နေကြသည့် ရဲဘော်များနှင့် တိုင်းပြည်အတွက် ကိုယ်မြို့ကိုယ်ရွာတွင် ရှိကြသည့် တန်ခိုးကြီးဘုရားများ၊ ဘုရားကျောင်းများ၊ ဗလီများ စသဖြင့် ဝတ်ပြုဆုတောင်းရာ နေရာအသီးသီးသို့ သွားရောက်၍ ဆုတောင်းကြပြီး ၎င်းတို့နှင့် တသားတည်းအတူရှိနေကြောင်း ပြသပေးကြရန် GSCB က တောင်းဆိုခဲ့သည်။

" ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို လာမယ့် (၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုအပေါင်းတို့ရဲ့ သွေးအေးမနေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ထပ်မံပြသလိုက်ကြရအောင်ပါ " ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သည်။

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

People's Spring

18/06/2022

စစ်အုပ်စု telegram channelတွေမှာအတင်ခံနေရပြီး လှူမှုရေးအမုန်းကြောင့်ဖြစ်စေ ဒုက္ခရောက်ကြရတာတွေရှိနေပြီး အဲ့လိုchannelတွေမှာ ကျွန်တော်တို့ကိုသတင်းပေးတာထက်ပိုများပိုစည်ကားနေကြပါတယ်။ (သို့သော်လည်းကျွန်တော်တို့အသိစိတ်အရ ကျွန်တော်တို့ရွေးချယ်လာတဲ့လမ်းကို ဆက်သွားဖို့ပဲရှိပါတယ် သတင်းပေးဖို့ရှိရင်လာပါ။)

ဒီလိုအောက်တန်းကျတာမခံရစေဖို့ဒါလေးတွေလုပ်ဆောင်ရင်အတန်အသင့်အဆင်ပြေပါမယ်။

၁၊ မိမိfriend list(fbသူငယ်ချင်းတွေ)ကိုစစ်ပါ။ မိမိတို့ရဲ့ friend listကိုသန့်ရှင်းရေးလုပ်ပါ ballမတွေမပါစေပါနဲ့ ဘယ်လောက်ရင်းနှီးနေပါစေ ကိုယ့်ကိုအချိန်မရွေးဒုက္ခပေးနိုင်ပါတယ်)
၂၊ profile lockချထားပါ။
၃၊ ကျွန်တော်တို့သွေးပူပြမှ တော်လှန်ရေးလုပ်တာမဟုတ်ပဲ clickလုပ်တာကလည်းတော်လှန်တာပါပဲဆိုတဲ့အတွက် များများclickပါ။ ခုချိန်ထိဇွဲမလျော့ပဲ clickတဲ့clickersတွေကိုလည်း အလေးပြုပါတယ်။

အရှုံးမပေးမချင်းငါတို့နိုင်တယ်။

❗❗❗တော်လှန်မိဘပြည်သူများခင်ဗျာ။အရေးကြီးလို့ဒါလေးလိုက်လုပ်ပေးစေချင်ပါတယ်။ သူများလိုမကြီးပွားတော့ အောက်တန်းစားအကွက်တွေနဲ့သ...
18/06/2022

❗❗❗
တော်လှန်မိဘပြည်သူများခင်ဗျာ။
အရေးကြီးလို့ဒါလေးလိုက်လုပ်ပေးစေချင်ပါတယ်။ သူများလိုမကြီးပွားတော့ အောက်တန်းစားအကွက်တွေနဲ့သောက်ကျင့်ယုတ်ဖို့ဒီchannelမှာ လှုံ့ဆော်တာတွေလုပ်နေပါတယ်။ မိမိတို့မြို့သူမြို့သားတစ်ယောက်လည်းထိခိုက်နိုင်တာမို့ ဝိုင်းညီညွတ်ကြစေလိုပါတယ်။ Channel၂ခုလုံးသာ ထုပေးပါခင်ဗျာ။

ပထမဆုံး❗ ဒီchannelကိုreportပေးပါဝိုင်းပြီး
reportကိုရွေးလိုက်ရင် personal details/violence/Fake account ကြိုက်တာတစ်ခုနဲ့ဖြစ်စေ၊ ၃ခါဖြစ်စေတင်ပေးပါ။

https://t.me/banyunt969

https://t.me/Banyunt007

You can view and join right away.

12/06/2022

❗❗❗
12.6.22
11:30pm

ကပတ ရာသီဥတုအခြေနေ။

ကပတမှာ missionစီစဉ်ထားတဲ့ရဲဘော်များ လုံခြုံရေးတစ်ချက်သေချာပြန်စီစစ်ပါခင်ဗျာ။ အထူးသဖြင့်ကိုယ့်အဖွဲ့ဝင်ကိုယ်ပြန်စစ်စေချင်ပါတယ်။ တစ်ယောက်လျော့များရှိနေရင် ဒီရက်ပိုင်းမှာလှုပ်ရှားမှုကိုသတိထားဆောင်ရွက်ကြပါခင်ဗျာ။ လက်ရှိနီးစပ်ရာသိထားရတဲ့ထဲက ​လူစုဖွဲ့မှုလျော့ရဲနေသလား ပြန်စီစစ်စေလိုကြောင်းသိရပါတယ်။

01/06/2022

တော်လှန်ရေးဘက်တော်သားများ: အရှုံးမပေးမချင်းငါတို့နိုင်တယ်။

မအလ: အရှုံးမပေးမချင်း ၄တန်းမအောင်စစ်ဖိနပ်ထမ်းတဲ့ကောင်တွေ ဆက်တိုက်thayမယ်။ thayပေးမဲ့ကောင်မရှိတော့ရင်
ပူတင်ဆီပြေးမယ်။

MALဇော်မဲလုံး Leeစကားတွေပြော

01/06/2022

1.6.22
9:30
❗❗
ကျောက်ပန်းတောင်းလမ်း၊ ပို့ဆက်ရှေ့မှာ ရခ၊စခ၊ လေတပ်ခများ ကားဆိုင်ကယ်၊ စစ်ဆေးနေတယ်လို့သိရပါတယ်။

30/05/2022

နိုင်ငံပျောက်သူ ကြည့်ပြီးကြပြီလားခင်ဗျာ။
You tubeမှာ Pa Day Thar Pinလို့ရှာလိုက်ရင် Youtbe channelကိုရောက်သွားပါလိမ့်မယ်။ "နိုင်ငံပျောက်သူ" လို့ရှာလိုက်ရင်လည်းရပါတယ်ခင်ဗျာ။ နေ့စဉ်လေး အဲ့channelမှာရှိတဲ့တခြားvideoလေးတွေကိုဝင်ကြည့်ပေးကြပါနော်။

30/05/2022

ခိုးဆိုးလုနှိုက်တွေပေါနေတဲ့အတွက်မိဘပြည်သူများ သတိလေးနဲ့သွားလာကြပါခင်ဗျာ။ သွားလာရာမှာတန်ဖိုးကြီးပစ္စည်းများပါလျှင် အလွယ်တကူမမြင်နိုင်တဲ့နေရာ၊ ပါမသွားနိုင်အောင်စီမံသယ်ဆောင်ကြပါ။
ချစ်သူရည်းစားများကလည်း လူပြတ်တဲ့​များမှာချိန်းတွေ့တာဟာ အလွန်အန္တရာယ်များပါတယ်။
စခ၊ရခ များနဲ့အဆင့်အတန်းတူတဲ့အတွက် ဒီကောင်တွေကတော့လက်ဝါးခြင်းရိုက်စားနေကြမှာပါပဲ။ အဖမ်းပြရင်တောင် သူတို့တစ်ပတ်ရိုက်ခံရလို့ပြန်ဖမ်းတယ်သာမှတ်ကြပါ။

ဒါကspamလို့သက်မှတ်ပြီးဖြုတ်ချခံနေရလို့ပါ။ ဖြစ်နိုင်ရင်reviewလေး ရေးပေးကြပါအုံးခင်ဗျာအောက်က သတင်းကတော့ ခုလို​ပဲရောပြီးတင်...
29/05/2022

ဒါကspamလို့သက်မှတ်ပြီးဖြုတ်ချခံနေရလို့ပါ။ ဖြစ်နိုင်ရင်reviewလေး ရေးပေးကြပါအုံးခင်ဗျာ
အောက်က သတင်းကတော့ ခုလို​ပဲရောပြီးတင်လိုက်ပါရစေ။
ပုံလေး​ေထာက်ကြည့်ပေးပါ သတင်းအတွက်

29/05/2022

29-5-2022
❗❗❗
ဒီမနက် 7:30 AM မှာ ၇၉ တပ်မှ စစ်ကား ၆စီး (လူ၊လက်နက်အင်အား) နဲ့ ထွက်ခွာသွားတာ ​တွေ့ရပါတယ်
တပ်ထဲက ထွက် ထွက်ချင်း ​တွေ့တာမို့ ဘယ်ဘက်ကို သွားတယ်ဆိုတာ​တော့ မ​သိလိုက်ပါဘူး။
တစ်စီးကိုစခအင်အား ၁၀ဝန်းကျင်ပါ။
မြင်မိသူများသတင်းပို့ပေးကြပါအုံး။

28/05/2022

clickလေးလုပ်တာမှမှန်မှန်မလုပ်နိုင်ရင် ဘယ်သူတွေကဘယ်လိုထောက်ပို့ကြမလဲ။
အင်တာနက်ဖြတ် ဖုန်းလိုင်းဖြတ်ပြီး သတ်ချင်တိုင်းသတ်နေတာကို ခင်ဗျားတို့မကြုံသေးလို့မနာသေးတာလား။
လူငယ်တွေ......ခင်ဗျားတို့ကျုပ်တို့ခရီးတွေကဒီ​ေတာ်လှန်ရေးအောင်ရင် ပိုလွတ်လွတ်လပ်လပ်သွားလို့ရတယ်ဗျ။ ကျုပ်တိို့လိုသွားချင်တဲ့ လူငယ်တွေ ထောင်ထဲအကျဉ်းချခံနေရတယ်ဆိုတာ မမေ့ကြနဲ့။
ပျော်တာပျော်ကြ စောက်မှတ်မရှိမလုပ်ကြနဲ့။
ဒါလေးလုပ်ဖို့ကို တကူးတကပြောနေရတာကိုမဟုတ်သေးဘူး။

27/05/2022

27.5.22

ယနေ့ညနေ ၃နာရီခွဲလောက်က ကေျာက်ပန်းတောင်းဘက်ကို စစ်ကား၁၅စီးဝန်းကျင်ထွက်သွားတယ်လို့သိရပါတယ်။ ‌ေရှ့ပြေးကားကအရင်စစ်စိမ်းဖြစ်ပြီး ခုတော့ အဖြူရောင်နဲ့ပါ။ ၁၂ဘီးကားတေွကိုမိုးကာအုပ်ပြီးသွားတာဖြစ်ပါတယ်။

27/05/2022

27.5.22
❗❗
စစ်ဆေးရုံဝန်းကျင်ရှိရွာတွေကနေ စစ်တပ်နှင့်မလွတ်ကင်းသူများ၊ စစ်တပ်​ေထာက်ခံသူများရဲ့အမျိုးသမီးများကို အတင်းအကြပ် စစ်သင်တန်းပေးနေကြောင်း သတင်းအခိုင်မာရရှိထားပါတယ်။ ဒီသင်တန်းကို အမှတ်၁ရဲစခန်းမှာစနေ၊ တနင်္ဂနွေ တစ်ပတ်၂ရက် သင်တန်းပေးနေကြောင်းကနဦးကြားသိထားပါတယ်။

ထို့အပြင်မိတ္ထီလာမြို့အတွင်းပြင်ရှိရွာများအချို့ကိုလည်း လူငယ်အ​ေယာက်၂၀စီ ရပ်ကွက်လူကြီး (သို့) ကြံဖွတ်အဖွဲ့ဝင် အုပ်ချုပ်ရေးတာဝန်ယူထားသူများကဦးဆောင်ကာလိုက်လံတောင်းခံနေသည်ဟုသိရှိထားရပါတယ်။ ​၂၃ရက်နေ့ ၅လပိုင်းကလည်း မြို့မ(၄)ရပ်ကွက်ကို ကြံ့ဖွတ်အုပ်ကြီးကိုယ်တိုင် ထိုနည်းတူလိုက်လံတောင်းခံထားကြောင်းသတင်းရထားပါတယ်။

မအလရဲ့စစ်တပ်ဟာ အင်အားနည်းလာတာနဲ့အမျှ ပြည်သူချင်းသတ်ဖြတ်ဖို့ပိုမိုလုပ်ဆောင်လာတဲ့အတွက် ပြည်သူများအနေဖြင့်မလိုအပ်ပဲ သွားလာခြင်းများရှောင်ကြဉ်ကြပါ။ တော်လှန်ရေးမှာ ပါဝင်ဖို့ နည်းလမ်းများစွာရှိပြီး တတ်အားသရွေ့ ထောက်ပံ့ခြင်း(click)၊ သတင်းပေးခြင်း၊ သပိတ်မှောက်ခြင်းများမှာပါဝင်ကြပါ။

(လိပ်ပြာမလုံဘူးသာပြောပြီးဘာမှမလုပ်ရင် မအလခွေးများက တက်-ိုးတာခံနေရပါမယ်သားစဉ်မြေးဆက်။)

26/5/22❗️❗️ယနေ့ညနေ ၄နာရီလောက်မှာ မိတ္ထီလာကနေ (ဦးတည်ရာမသိလိုက်ရပါ) အရပ်သားကားပုံပြောင်း စစ်ကားအကြီးတစ်စီးကိုတွေ့မိကြောင်...
26/05/2022

26/5/22
❗️❗️
ယနေ့ညနေ ၄နာရီလောက်မှာ မိတ္ထီလာကနေ (ဦးတည်ရာမသိလိုက်ရပါ) အရပ်သားကားပုံပြောင်း စစ်ကားအကြီးတစ်စီးကိုတွေ့မိကြောင်းသတင်းကြားရပါတယ်။ ပြည်သူများအနေဖြင့် ထိုကားအကြီးများ‌ေတွ့မိပါက ကားနံပါတ်ပြားကိုကြည့်ရင် ကြယ်ပုံစံပါတာ‌ေတွ့ရပါမယ်။ ထိုကားများသွားရာလမ်းကိုမှတ်သားပြီး ပို့ပေးကြပါခင်ဗျ။ အမြဲသတိနဲ့သွားလာကြပါ။ Photo from Khit Thit Media မန္တလေးမှာ‌တွ့ရှိခဲ့သောကားပုံ

22/05/2022

မနေ့ညက ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာကို စခများက အကြောင်းမရှိမီးရှို့သွားပါတယ်။ လိုင်းခန်းစုတ်နဲ့နေခဲ့ပြီး အိမ်တစ်လုံးတန်ဖိုးမသိတဲ့ကောင်တွေရဲ့လုပ်ရပ်တွေဟာအဆင့်တန်းမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တယ်၊ ပါဝင်ရမယ်ဆိုတဲ့အသိမရှိလို့မရတောဘူး။ ကိုယ်ထိမှနာတဲ့သူတွေလည်း အချိန်ခနအတွင်း ဒီတော်လှန်ရေးအချိန်မြှင့်လာတာနဲ့အမျှ စခများရဲ့စောက်ကျင့်ယုတ်မှုကို ခံရမှာအသေချာပါပဲ။ ဒီတော့ လှူနိုင်သူတွေလှူကြပါ၊ ကလစ်နိုင်သူတွေကလစ်ကြပါ၊ သတင်းပေးနိုင်သူတွေပေးကြပါ။

စစ်တပ်ထုတ်ကုန်တွေကိုဝယ်တာ၊ အခွန်ဆောင်တာမျိုးလည်းရှောင်ကျဉ်ပေးကြပါခင်ဗျာ။
‌ေရပေါ်ဆီတွေမလုပ်ကြပါနဲ့။

18/05/2022

18.5.22

ပြည်သာယာအမှတ် ၃ရဲစခန်းကို ယနေ့မနက်မှာ အထုပ်ပိုးနဲ့ရခ၂ကောင်ပြောင်းလာတယ်လို့သိရပါတယ်။

18/05/2022

11:27am
19.5.22

အင်းဝဘဏ်ရှေ့ 4wheelပေါ်မှာ စခ၂ကောင်ရှိ

17/05/2022

ပြည်သာယာ ( တောင်)မှာ အသုဘတစ်ခုလုပ်ဖို့ရှိတယ်။ သေသွားတာက တပ်မ(၉၉) ဆေးတပ်သားတစ်ယောက်လို့သိရတယ်။ သူ့အသုဘကို မိဘအိမ်မှာလုပ်တာမှာ ကူညီဖို့ မိခင်တပ်ရင်း(၉၉)မှာလူလွှတ်ချင်တာ လွှတ်စရာလူမရှိပဲမသာတော်တော်ပေါ်ထားတာရယ်၊ ရှေ့ကိုလွှတ်ထားရယ်နဲ့ဘယ်သူမှမလာနိုင်ဘူး။ အမြှောက်တပ်ကကောင်တွေကအစားလာလုပ်ပေးနေရတယ်ဆိုပဲ။
Maxဆီဆိုင်နားကအမြှောက်တပ်မှာလည်း CDMလုပ်ထားတာ၂၀ကျော်ပြီလို့သိရတယ်။ အဲ့ထဲလည်းဖရဲသီးတွေရှိသေးတယ်။

ဒီလိုပဲ ခွေးတွေနဲ့ပက်သက်တဲ့သတင်းမှန်သမျှပေးကြပါ သတင်းအချက်လက်ဆိုတာ စီစစ်ပြီးမှအဖြေထုတ်ကြတာရတာမို့ သေးသေးလေးဖြစ်နေပါစေ အရေးကြီးပါတယ်။

11/05/2022

ထီလာထောင်မကြီးထဲက ထောင်ဝန်ထမ်းတစ်ကောင် ရေချိုးရင်းနဲ့လျှောသွားတယ်လို့သိရ။ ဒီကောင်တွေက နိုင်ကျဉ်းတွေကိုဖိနှိပ်တဲ့ထဲမှာတာဝန်ရှိတဲ့ကောင်တွေဆိုတော့ များများသေကြပေါ့။

09/05/2022

ယနေ့မနက်ပိုင်းက ပြည်သာယာ၁လမ်း၊ မိတ္ထီလာဟိုတယ်ရှေ့မှာ ပြည်သာယာကနေ မြို့ထဲသွားတဲ့လမ်းကိုစစ်ဆေးရေးလုပ်ခဲ့တယ်လို့သိရပါတယ်။ ယောက်ျားလေး ၂ယောက်စီးရင် ငွေညှစ်တာ၊ တောင်းစားနေတာတွေလုပ်နေပါတယ်။ သတိထားကြပါခင်ဗျာ။
မြို့တွင်းစစ်ဆေးရေးရှိရင်တွေ့တဲ့သူ၊အနီးနားရှိသူက သတင်းပို့ရင်မြန်ဆန်ထိရောက်ပါတယ်ခင်ဗျ။ ပြည်သူချင်းချင်းရိုင်းပင်းကူညီကာမှ ရပါမယ်ခင်ဗျ။

05/05/2022

မိတ္ထီလာရဲစခန်းတွေမှာတော့ ဂတုတ်ကျင်းတွေတူးနေကြပြီဆိုပဲ

03/05/2022

❗❗
9:31am

လမသ လေတပ်ရှေ့မှာ လေတပ်စစ်ခွေးနဲ့ရဲ‌ခွေးတွေ စစ်ဆေးရေးလုပ်နေပါဝာယ်။

Edit မနက်၉နာရီလောက်က ဆိုင်ကယ်၂ယောက်စီးလာတဲ့ကောင်လေးနှစ်ယောက်ကိုရပ်ခိုင်း၊ ဆိုင်ကယ်သော့သိမ်းပြီး ခွေးများရဲ့ဗိုလ်လေးဆိုတဲ့ကောင်ကို Mytel bill5ထောင်ဖြည့်ခိုင်းပြီးမှ သွားခွင့်ပြုတယ်လို့သိရပါတယ်။ ငတ်လို့စစ်ဆေးရေးလုပ်နေတဲ့အတွက်သတိထားကြပါ။

(ကိုယ်မေကိုယ်လ အငတ်တွေ)

02/05/2022

❗❗
2/5/22

မိဘပြည်သူများခင်ဗျာ။
အရေးကြီးတဲ့အတွက်အထူးသတိပေးချင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ မြို့ပေါ်နှင့်ရွာများမှာ ပြည်သူ့စစ်သဘောဆောင်တဲ့ အကြမ်းဖက်အစုအဖွဲ့များဖွဲ့စည်းရန် လူငယ်များကို လိုက်စုဆောင်းနေကြောင်းသိလာရပါတယ်။

မိတ္ထီလာမြို့ပေါ်နှင့်မဝေးသောရွာတစ်ရွာမှာ လူ(၁၀)ယောက်လာတောင်းတာမျိုးယနေ့ဖြစ်သွားပါတယ်။ ချက်ချင်းခေါ်ဆောင်သွားချင်းမရှိဘဲ လူလာစုခိုင်းတဲ့သဘောဖြစ်ပါတယ်။ ထို့ကြောင့် လူငယ်များအနေဖြင့် ညဘက်မလိုအပ်ပဲအပြင်မှာအချိန်နောက်ကျတဲ့ထိနေထိုင်ခြင်းကိုရှောင်ရှားဖို့အထူးသတိပေးလိုပါတယ်။ ‌စကစရဲ့ ခွေးများဟာ ရှေ့တန်းရော မြို့ပေါ်မှာပါ ခွေးလောက်တောင်တန်ဖိုးမရှိပဲ သေကြရင်း အင်အားချိနဲ့လာပါပြီ။ ဒါကြောင့် ပေါ်တာဆွဲခြင်းဖြစ်ရပ်များဖြစ်မလာကြဖို့ သတိဖြင့်သွားလာကြပါခင်ဗျာ။

အလားတူလာရောက်လူတောင်းဆိုခဲ့တဲ့ရပ်ရွာများရှိရင်လည်း ကျွန်တော်တို့ကိုလွတ်လပ်စွာပေးပို့လို့ရပါတယ်။

❗10:17am1.5.22ယနေ့မနက် ၉နာရီဝန်းကျင်က droneတစ်စင်းရှမ်းတဲလေတပ်ရဲ့တောင်ဘက်မှာဝဲနေခဲ့ပါတယ်။ဒီအမျိုးစားဟာ CH-3ဖြစ်ပြီး တရုတ...
01/05/2022


10:17am
1.5.22
ယနေ့မနက် ၉နာရီဝန်းကျင်က droneတစ်စင်းရှမ်းတဲလေတပ်ရဲ့တောင်ဘက်မှာဝဲနေခဲ့ပါတယ်။
ဒီအမျိုးစားဟာ CH-3ဖြစ်ပြီး တရုတ်မှထုတ်လုပ်ထားတာဖြစ်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Fk-cists' Info- Htila posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share