Audi x Grace

Audi x Grace We're here to entertain you as we know you're bored of Staying At Home. Comedies , Knowledge Sharing

Perfect ဖြစ်တဲ့ boyfriend/ girlfriend ဆိုတာတကယ်ရှိလား ?ကျွန်မနဲ့ Audi ရဲ့၂၀၁၇ က စတဲ့ ချစ်သူသက်တမ်းက နောက်လဆို ၆ နှစ်ပြည်...
12/06/2023

Perfect ဖြစ်တဲ့ boyfriend/ girlfriend ဆိုတာတကယ်ရှိလား ?

ကျွန်မနဲ့ Audi ရဲ့၂၀၁၇ က စတဲ့ ချစ်သူသက်တမ်းက နောက်လဆို ၆ နှစ်ပြည့်ပါပြီ
ဒီနှစ်တွေမှာ ကျွန်မဖက်ကနေ သူ့ကို ‘မချစ်ပြလို့ ၊ ဂရုမစိုက်ပေးလို့၊ အလိုက်မသိလို့’ ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ပြဿနာတွေမကြာခဏရှာခဲ့ဖူးတယ် (နင်တို့ယောကျာ်းတွေများ မိန်းကလေးတွေကိုရပြီးရင် ဂရုမစိုက်ပေးကြတော့ဘူး ဘာညာပေါ့)

ဒီလိုနဲ့ဒီစာလေးရေးဖို့ဖြစ်လာတယ်ပေါ့.. ကိုယ့်အတွက်အသုံးဝင်မယ်ထင်ရင်ဆက်ဖတ်ပေးနော်

တကယ်တမ်းကျ ပြဿနာတော်တော်များများကို ကျွန်မတို့အနေနဲ့ သူတို့ယောကျာ်းလေးတွေဖက်ကရော စဉ်းစားခဲ့ကြရဲ့လားလို့တွေးမိတယ်
သူတို့မှာ သူတို့တန်ဖိုးထားရတဲ့မိန်းကလေးတွေကို ပိုင်ဆိုင်ချင်တဲ့အတွက် မရခင်ကတော့ သူတို့ရဲ့ အလိုက်သိမှုလေးတွေ၊ ချစ်ခင်မှုလေးတွေ၊ ဂရုစိုက်မှုလေးတွေနဲ့ကြိုးစားပြရတယ် (ကြုံဖူးကြတယ် ဟုတ်?)
အဲ့ကောင်မလေး ကို ပိုင်ဆိုင်ရပြီးရင်တော့ သူတို့အနေနဲ့ အရင်ကလို k drama ထဲက တိုင်း အသေးစိတ်ကအစ အလိုက်သိနိုင်ချင်မှသိနိုင်လိမ့်မယ် ဘာလို့ဆို အဲ့လိုအလိုက်သိပေးမှုတွေထက်အရေးကြီးတဲ့ အရာတွေသူတို့စဉ်းစားရပါတယ်
ဒီကောင်မလေးရဲ့ လုံခြုံမှု ၊ ပျော်ရွှင်မှု ၊ ကျန်းမာရေး၊ ဒီကောင်မလေးနဲ့ ကိုယ်ရဲ့အနာဂတ် ကုန်ကုန်ပြောရရင် ကောင်မလေးနဲ့ပတ်သတ်တဲ့ လူတွေ၊ ပတ်ဝန်းကျင်၊ မိသားစုကိစ္စတွေထိ ဒီကောင်မလေးရဲ့ ကိစ္စရပ်တွေမှာ အဆင်ပြေစေချင်တဲ့ စိတ်တွေရှိကြတယ် (တစ်ချို့ယောကျာ်းတွေ အတွက်တော့ ဒီစကားကမှန်ချင်မှ မှန်မယ်)
အဲ့တော့ ဒီလိုဖြစ်တာတွေကို ကျွန်မနေနဲ့ခေါင်းစဉ်တပ်မယ်ဆို ‘ရင့်ကျက်စွာ ချစ်ပြခြင်း’ ပေါ့
နှိုင်းယှဉ်ပြရမယ်ဆို
Audi နဲ့ ကျွန်မလမ်းလျှောက်နေရင်း တစ်ခါတစ်ခါဆို သူကလက်ကိုမကိုင်တော့ပဲ ရှေ့ကနေပဲ လျှောက်သွားပြီး ကျွန်မက နောက်ကနေပဲ လျှောက်လိုက်ရတဲ့အခါမျိုးတွေရှိတယ်
ကျွန်မအနေနဲ့ ‘တွဲတာကြာလာတော့ လက်ကလေးတောင်မကိုင်ချင်ဘူး အတူတွဲပြီးမလျှောက်ချင်ဘူး’ ပေါ့
သူ့အနေနဲ့ကျတော့ ဒီကာလအရ လမ်းလျှောက်နေရင် အရှေ့ကိုအမြဲကြိုကြိုကြည့်ထားတယ် (တစ်ခါတစ်ရံဆိုလမ်းလျှောက်ရင်း ဟိုးရှေ့မှာ ကားတွေနဲ့ပိတ်ရပ်ပြီး စစ်နေဆေးနေကြတာ)အဲ့အခါတွေအတွက် သူကာကွယ်ပေးရမယ် ကျွန်မကို အလုံခြုံဆုံးလမ်းက ခေါ်သွားနိုင်မယ်..
ကားလမ်းကူးတဲ့အချိန်တွေဆိုရင်တော့ ဆံပင်သပ်ချင်လို့ လက်တွဲဖြုတ်မိတာတောင် ဆူလို့မဆုံးဘူး
‘ကားလမ်းကူးရင် ဘယ်တော့မှ လက်တွဲမဖြုတ်ရ’ တဲ့ သူ့စည်းကမ်းက 🤣
တစ်ချို့အချိန်တွေဆိုလည်း အလုပ်ကိုဦးစားပေးတယ် ထင်ရပေမယ့်
တကယ်အကူအညီလိုအပ်လာရင်တော့အပြေးလားပေးခဲ့တာလည်း ဒီလူပါပဲ..
အများကြီးဆက်ရေးရင်တော့ ကုန်တော့မှာမဟုတ်ဘူး ကျန်တဲ့ rs တွေအနေနဲ့လည်း ဒီထပ်မကတဲ့ အလားတူပြဿနာလေးတွေကြုံဖူးလိမ့်မယ်လို့ထင်ပါတယ်

နိဂုံးချုပ်ရရင် ကျွန်မအနေနဲ့တော့ အဲ့သလို အသေးစိတ်ဂရုမစိုက်ပေးရကောင်းလားလို့ ပြဿနာရှာမယ့်အစား အခုနောက်ပိုင်း သူ့ဖက်ကနေ အရင်စဉ်းစား\တွေး ကြည့်လိုက်တဲ့အချိန်ကစပြီး သူ့စေတနာတွေကိုမြင်ရခဲ့တယ်
ချီးကျုးရမယ် ဆိုတာမြင်လာတယ်

ဒီပုံကိုပဲကြည့်
ငါ့ဟာငါ လှလှမလှလှ ၊ ဘယ်လိုပဲ ဆံပင်တွေနဲ့မျက်နှာအုပ်နေပါစေ ဆံပင်လေးသပ်ချင်တာတောင် လက်ကိုအတင်းဆွဲထားတာ
ငါ့မှာတော့ ဓါတ်ပုံရိုက်နေလို့ pose ပေးချင်တာ သူကတော့ safety first 🚨
‘မင်း လုံခြုံရေးက အဓိကပေါ့ကွ’ တဲ့

ဆိုတော့ အပေါ်ကမေးခွန်းကိုပြန်ဖြေရရင် perfect ဖြစ်တဲ့ bf/gf ဆိုတာမရှိဘူး ဒီလိုပဲ သူ့အားနည်းချက် ကိုယ့်အားနည်းချက်လေးတွေကို အချင်းချင်း သူ့နေရာမှာကိုယ်သာဆိုရင် ဆိုတဲ့စိတ်ကလေးနဲ့သာ ဖြည့်တွေးပေးရင် ကိုယ်တွေရဲ့ relationship လေးကအရမ်းပြည့်စုံတယ်ဆိုတာမြင်လာပါလိမ့်မယ်
ချစ်တဲ့သူတိုင်း ဆက်ချစ်သွားနိုင်ပါစေ 💗

Audi x Grace
Special thanks to Zackie Photography
Camera gyi kai p*e br loke loke lite yite nay thaw Gue sein 🤣

Audi x Grace

Address


Website

Alerts

Be the first to know and let us send you an email when Audi x Grace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Audi x Grace:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share