Burma Spring Revolution

  • Home
  • Burma Spring Revolution

Burma Spring Revolution Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Spring Revolution, News & Media Website, .

18/06/2022

“ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မယ့် သံမဏိဓား”

အကြမ်းဖက်စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အကြမ်းဖက်လုပ်ရပ်များစွာကို ကျူးလွန်နေပြီး ထောင်တွင်းအကြမ်းဖက်မှုတွေကိုလည်း ဆိုးရွားစွာ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားများဖြစ်တဲ့ ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် အပါအဝင် (၄)ဦးကို သေဒဏ်ချမှတ်ထားပြီး ကြိုးမိန့်ပေးမည်ဟူသော သတင်းစကားများလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။ ကျွန်တော်တို့တွေဟာ တစ်ယောက်ထိရင် နှစ်ယောက်တက်မယ်ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ ရဲဘော်တွေကိုထိရင် ငြိမ်ခံနေမှာ မဟုတ်ကြောင်း၊ ကျွန်တော်တို့ကို သွေးတိုးစမ်းရင် ခွေးမျိုးကန်းသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနဲ့ ကျွန်တော်တို့တွေဟာ ထောင်ထဲမှာပဲဖြစ်ဖြစ် ထောင်အပြင်မှာပဲဖြစ်ဖြစ် အားလုံးဟာ အကျဉ်းသားတွေပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့လက်တွေဟာ အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိလိုဓားသွားတွေဖြစ်ကြောင်းကို Youth Scout for Democracy(YSD) မှ scout တာဝန်ယူကာ စစ်အာဏာရှင်ဆန့်ကျင်းရေးရန်ကုန်အင်အားစု (AJAY) မှ ဒီကနေ့ ဇွန်လ(၁၈)ရက်၌ ရန်ကုန်မြို့တစ်နေရာတွင် ဆန္ဒပြ ကြွေးကြော်ခဲ့ကြသည်။

#ငါတို့အားလုံးအကျဉ်းသား
#အာဏာရှင်ရင်ဝကိုထိုးစိုက်မယ့်သံမဏိဓား
#သွေးတိုးစမ်းရင်_ခွေးမျိုးကန်းမယ်
#အရေးတော်ပုံ_မုချအောင်ရမည်။
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု

19/05/2022

"စစ်ကျွန် စနစ်ဆိုး အမြစ်ကချိုး ပူးပေါင်း တည်ထောင် ဖက်ဒရယ်ပြည်ထောင်" ဆိုတဲ့ ရန်ကုန်က ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားရဲဘော်များရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး

မေ ၁၉၊ ရန်ကုန်။

ဒီကနေ့ မနက် သင်္ဃန်းကျွန်းတွင် "စစ်ကျွန် စနစ်ဆိုး အမြစ်ကချိုး ပူးပေါင်း တည်ထောင် ဖက်ဒရယ်ပြည်ထောင်" ဟူသောစာသားကို ကိုင်ဆောင်ကာ သင်္ကန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အ.ထ.က (၁) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အ.ထ.က (၂) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အ.ထ.က (၄) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အ.ထ.က (၃) သာကေတ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကျောက်တံတားမြို့နယ်ကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ်)နှင့် စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။


19/05/2022

"မန္တလာသွေးတွေရဲရဲတောက်

စစ်ဖိနပ်အောက် ဒူးမထောက်"
--------------------

၂၀၂၂ ခုနှစ်၊မေလ(၁၉) ရက်။

ယနေ့ အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးပိတ်ဆို့မှုတွေ တင်းကြပ်နေတဲ့ မန္တလေးမြို့တွင် အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့်အတူ "မန္တလာသွေးတွေရဲရဲတောက်၊ စစ်ဖိနပ်အောက်ဒူးမထောက်" စာသားပါ ဘန်နာကိုင်ဆွဲကာ ဖိနှိပ်မှုတွေတင်းကြပ်နေလည်း မန္တလေးဟာ ဘယ်တော့မှ အသံတိတ်အလံနေမည်မဟုတ်ဟု ဆိုကာ မန္တလေးသပိတ်အင်အားစုမှ ဦးဆောင်ကာ မြို့နေပြည်သူလူထု၏ ပူးပေါင်းမှုဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြပါသည်။

မန္တလေးသပိတ်အင်အားစု

Video - Ye Linn Htun

22/01/2022

' ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် '

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှဦးဆောင်ကာ ရန်ကုန်ပြည်သူလူထုနဲ့အတူ သပိတ်အင်အားစုများဖြစ်ကြသော လူငယ်များသမဂ္ဂ
Revolution Force (RF)၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု၊LGBT Community Yangon၊ Youths Association of Thingangyun၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တကသများ ရန်ကုန် တို့မှ ' သွေးသစ္စာ ' သီချင်းကို သံပြိုင်သီဆိုကာ လူထုသပိတ်တိုက်ပွဲကို ယနေ့ ညနေပိုင်း၌ အောင်မြင်စွာဆင်နွှဲနိုင်ခဲ့သည်။

ရုပ်သံ - Ko Nay Myo

18/01/2022

ကယ်တင်ရှင်ဘယ်သောအခါမှမရှိ ဆိုသည့် ရန်ကုန် သပိတ် (ရုပ်သံ)

===================

ကယ်တင်ရှင်ဘယ်သောအခါမှမရှိ ဆိုသည့် ပိုစတာဖြင့် ယနေ့ညနေခင်း မဂ်လာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းမပေါ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်​ရေး အထွေထွေသပိတ်ကော်မတီ GSC တွင်ပါဝင်သည့် အဖွဲ့အစည်းအသီးသီးနှင့် မြို့နယ်သပိတ်ကော်မတီများစုပေါင်းပြီး ပြောက်ကျားသပိတ်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

ရုပ်သံ - GSC

16/01/2022

“တိုက်ပွဲဝင်မှအောင်ပွဲဆင်” ခေါင်းစဉ်ဖြင့် ရန်ကုန်လူထုသပိတ်

=====================

“တိုက်ပွဲဝင်မှအောင်ပွဲဆင်” ခေါင်းစဉ်ဖြင့် ရန်ကုန်လူထုသပိတ်မှ လူထုတေးသံသီချင်းသီဆိုကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို (ဇန်နဝါရီ ၁၆ ရက်) ဒီကနေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ရုပ်သံ - ရန်ကုန်လူထုသပိတ်

15/01/2022

ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်

==================

"ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" ခေါင်းစဉ်ဖြင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှဦးဆောင်ကာ ရန်ကုန်ပြည်သူလူထုနဲ့အတူ သပိတ်အင်အားစုများဖြစ်ကြသော တကသများ၊ LGBT Community Yangon၊ လူငယ်များသမဂ္ဂ၊ Youths Association of Thingangyun၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု တို့မှ ယနေ့ ရန်ကုန်မြို့တစ်နေရာတွင် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း သပိတ်မှောက် ဆန္ဒပြခဲ့ကြပါသည်။

ရုပ်သံ - Ko Nay Myo

12/01/2022

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၁၂၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ လူထုအခြေပြုအထွေထွေသပိတ်ကော်မတီ၊ အဖိနှိပ်ခံလူထုကိုယ်စားပြု မြောက်ဒဂုံသပိတ်ကော်မတီ (NDOPSC) တို့ ပူးပေါင်း၍ "အောင်ပွဲဆိုတာဟာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်" စာသားပါဘန်နာဖြင့် ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့၌ ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

Video by CJ

20/12/2021

ရန်ကုန်မြို့လယ်ခေါင်တွင် အဖိနှိပ်ခံလူထုကိုယ်စားပြု သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
=========================

ရန်ကုန်မြို့လယ်ခေါင်၊ အနော်ရထာလမ်းမကြီးပေါ်တွင် ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) ညနေပိုင်း၌ "ခွင့်တူညီမျှဝါဒကျင့်သုံးဖို့ တောင်တန်းပြည်မအတူရုန်းကြစို့" ခေါင်းစည်းစာတန်းကို ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အဖိနှိပ်ခံလူထုကိုယ်စားပြု သပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြခဲ့ကြသည်။

Video - CJ

06/12/2021

သပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့ပေမယ့် ရန်ကုန်ရဲ့ လမ်းမထက်မှာ ဆန္ဒပြမှုတွေ ရှိနေဆဲ

===================

ရန်ကုန်ကို မနေ့က အကြောက်တရားတွေအုပ်ချုပ်ဖို့သပိတ်အင်အားစုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပေမယ့် ရန်ကုန်ရဲ့လမ်းမထက်မှာ "ဖိလေကြွလေ ရန်ကုန် မြေ " ခေါင်းစဥ်ကိုင်စွဲပြီး ဒီနေ့ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းမှာ လူငယ်တွေက ဆန္ဒဆက်ပြနေကြပါတယ်။

Video by CJ

01/12/2021

"အာဏာရှင် ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး" ကြွေးကြော်ဆန္ဒပြခဲ့တဲ့ ရန်ကုန်အမျိုးသမီးသပိတ်
=========================

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာရှေ့တွင် စစ်အာဏာသိမ်းမှု ၁၀ လပြည့်အဖြစ် "အာဏာရှင် ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး" ကြွေးကြော်သံဖြင့် ရန်ကုန်အမျိုးသမီးများသပိတ် ယနေ့ (ဒီဇင်ဘာ ၁ ရက်) နေ့လည်ပိုင်းက ချီတက် ဆန္ဒပြခဲ့သည်။

Vdo crd / Nay Myo

29/11/2021

စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည့် ရန်ကုန်လူထုသပိတ်

=========================

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယနေ့ (နိုဝင်ဘာ ၂၉ ရက်) ညနေပိုင်း၌ ပြည်သူလူထုကို ကိုယ်စားပြုသည့် ရန်ကုန်လူထုသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်။

Video - CJ

စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည့် ရန်ကုန်လူထုသပိတ်  =========================ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ...
29/11/2021

စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည့် ရန်ကုန်လူထုသပိတ်

=========================

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယနေ့ (နိုဝင်ဘာ ၂၉ ရက်) ညနေပိုင်း၌ ပြည်သူလူထုကို ကိုယ်စားပြုသည့် ရန်ကုန်လူထုသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်။

Photo - CJ

28/11/2021

သာကေတမြို့နယ် ၇ ရပ်ကွက် ဇိနမာန်အောင် ဘုရားရှေ့ EPC ရုံးကို HRD၊ GZDF ၊ Dawna's ARMY ပူးပေါင်းအဖွဲ့မှ ပစ်ခတ်မူ ပြုလုပ်ခဲ့သည့် ရုပ်သံဖိုင် ဖြစ်သည်။

အထိအခိုက် အကျအဆုံးသတင်း မသိရသေးပါ။

ညီအကိုတွေ လုံခြုံတဲ့နေရာ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

Video by Dawna`s ARMY

28/11/2021

လုံခြုံရေးများ တင်းကြပ်နေသည့်ကြားက လှည်းတန်းတွင် ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး လူငယ်များ ဆန္ဒပြ

===========================

အကြမ်းဖက် စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်နေသည့်ကြားက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီးတွင် လူငယ်များ ဦးဆောင်၍ (၁၀၁) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး ယနေ့ (နိုဝင်ဘာ ၂၈ ရက်) ညနေပိုင်း၌ ဆန္ဒပြခဲ့ကြသည်။

Video - CJ

28/11/2021

ရန်ကုန် တာမွေစျေးရှေ့တွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လူငယ်များ ဆန္ဒပြ

========================

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ စျေးရှေ့တွင် ဗကသပေါင်းချုပ် သပိတ်စစ်ကြောင်းမှ လူငယ်များ ဦးဆောင်၍ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ယနေ့ (နိုဝင်ဘာ ၂၈ ရက်) နံနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့သည်။

Video - CJ

ထန်တလန်မြို့ စိန့်နီကောလပ်စ် ကက်သလစ်ဘုရားကျောင်း ဒီနေ့ည မီးထဲပါသွားပါတယ်။ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်း ...
27/11/2021

ထန်တလန်မြို့ စိန့်နီကောလပ်စ် ကက်သလစ်ဘုရားကျောင်း ဒီနေ့ည မီးထဲပါသွားပါတယ်။

ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်း အထိ မီးရှို့ခံရပြီး ဖြစ်ပါတယ်။

လက်ရှိအထိ မီးမငြိမ်းသေးဘဲ နေအိမ်တွေလည်း ဆက်လက်မီးလောင်နေကြောင်း သိရပါတယ်။

Photo - The Chin Journal

မြောက်ဒဂုံတွင် ဗကသ ကျောင်းသားများ ဦးဆောင်၍ စစ်အာဏာရှင် တိုက်ဖျက်ရေး ဆန္ဒပြ======================ရန်ကုန်မြို့ မြောက်ဒဂုံ...
23/11/2021

မြောက်ဒဂုံတွင် ဗကသ ကျောင်းသားများ ဦးဆောင်၍ စစ်အာဏာရှင် တိုက်ဖျက်ရေး ဆန္ဒပြ

======================

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားရဲဘော်များ ဦးဆောင်၍ စစ်အာဏာရှင် တိုက်ဖျက်ရေး အတွက် ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ညနေပိုင်း၌ ဆန္ဒပြခဲ့ကြသည်။

မြောက်ဒဂုံမြို့နယ်သပိတ်ကော်မတီ၊ မြို့နယ်အသီးသီးမှ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ပြီး " ဒီမိုကရေစီကို စျေးမဆစ်နဲ့ ၊ အကုန်ရရင်ရ မရရင်၊ ဘာတခုမှမလိုချင်ဘူး " စာတန်းကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။

Photo - ABFSU

နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို ၂ နာရီအတွင်း ဒေါ်လာ ၂ သန်းဖိုး ရောင်းရ==============================အမျိုးသာ...
22/11/2021

နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို ၂ နာရီအတွင်း ဒေါ်လာ ၂ သန်းဖိုး ရောင်းရ

==============================

အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို ၂ နာရီအတွင်း ဒေါ်လာ ၂ သန်းဖိုး ရောင်းချခဲ့ရပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။

Photo - PVTv

22/11/2021

လုံခြုံရေးများ တင်းကြပ်သည့်ကြားမှ ရန်ကုန်မြို့လယ်တွင် စစ်အာဏာရှင် တိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်

===================

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးများ တင်းကြပ်စွာ လှည့်လည်နေသည့်ကြားက ရန်ကုန်မြို့လယ် လသာမြို့နယ်တွင် အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) မှ လူငယ်များက စစ်အာဏာရှင် တိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက်ပိုင်း၌ ချီတက် ဆန္ဒပြခဲ့ကြသည်။

Video - BESU

21/11/2021

ဖက်ဆစ် စစ်တပ် အကျီကို မီးရှို့၍ ဆန္ဒပြခဲ့သည့် ရန်ကုန် လူထုသပိတ်

======================

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဘူတာရုံလမ်းတွင် တော်လှန်လူငယ်များက အကြမ်းဖက် ဖက်ဆစ် စစ်တပ် အကျီကို မီးရှို့၍ လူထုသပိတ်အဖြစ် ယနေ့ (နိုဝင်ဘာ ၂၁ ရက်) ညနေပိုင်း၌ ဆန္ဒပြခဲ့သည်။

လူငယ်များသည် "ရန်ကုန်လူထုသပိတ်" ဆိုသည့် စာတန်းနှင့် မီးတုတ်များကို ကိုင်ဆောင်ပြီး အကြမ်းဖက် ဖက်ဆစ်စစ်တပ် အကျီကို မီးရှို့ ဆန္ဒပြခဲ့ကြသည်။

Video - CJ

20/11/2021

ရန်ကုန် ကမာရွတ်ရဲစခန်းအနီးတွင် ချီတက်ဆန္ဒပြခဲ့သည့် LGBT သပိတ်စစ်ကြောင်း

=================

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရဲစခန်းအနီးတွင် ယနေ့ (နိုဝင်ဘာ ၂၀ ရက်) ညနေပိုင်း၌ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် LGBT သပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြခဲ့သည်။

LGBT သပိတ်စစ်ကြောင်းနှင့်အတူ ကြည့်မြင်တိုင်၊ ကမာရွတ်မြို့နယ် သပိတ်ကော်မတီ တို့မှ လူငယ်များ ပူးပေါင်းပါဝင်ခဲ့ပြီး "သေမှာမကြောက်လို့ ပေတရာလျှောက် တော်လှန်နေသော အခြောက်" ဆိုသည့် ခေါင်းစည်းစာတန်းဖြင့် ချီတက်ဆန္ဒပြခဲ့သည်။

Video - CJ

"သခင်ဗဟိန်း ကျဆုံးခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်" အဖြစ် အင်းစိန်တွင် ဆန္ဒပြ====================ရန်ကုန်မြို့ အင်းစိန်မြို့...
20/11/2021

"သခင်ဗဟိန်း ကျဆုံးခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်" အဖြစ် အင်းစိန်တွင် ဆန္ဒပြ

====================

ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် "သခင်ဗဟိန်း ကျဆုံးခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်" အဖြစ် ''မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေမယ်'' စာတန်းဖြင့် ကျောင်းသားရဲဘော်များက ယနေ့ (နိုဝင်ဘာ ၂၀ ရက်) နံနက်ပိုင်း၌ ဆန္ဒပြခဲ့ကြသည်။

အခြေခံပညာကျောင်းသားများသမဂ္ဂ-အကသ(ဗကသများအဖွဲ့ချုပ်) ၊ ချမ်းအေးသာစံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(အကသ) ၊ အ.ထ.က(၂) အင်းစိန်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အပြင် မြို့နယ်အသီးသီးမှ ဗကသကျောင်းသားရဲဘော်များ ပူးပေါင်း ပါဝင်ခဲ့သည်။

Photo - အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ

19/11/2021

မီးတုတ်ကိုင်၊ သံပုံးတီးပြီး ဆန္ဒပြခဲ့သည့် ဖက်ဆစ်စစ်တပ် မောင်းထုတ်ရေး မန္တလေး ညသပိတ်

=================

မန္တလေးမြို့တွင် တော်လှန်ရေးလူငယ်များက မီးတုတ်များ ကိုင်ဆောင်ပြီး သံပုံးများ တီး၍ အကြမ်းဖက် ဖက်ဆစ်စစ်တပ် မောင်းထုတ်ရေးအတွက် ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ညပိုင်း၌ ညသပိတ် ပြုလုပ်ခဲ့သည်။

မန္တလေးသပိတ်အင်အားစုမှ ကျောင်းသားလူငယ်များက ယင်းညသပိတ်ကို ဦးဆောင်ခဲ့ပြီး ဘင်ခရာများဖြင့် "အလိုမရှိ" စစ်အာဏာရှင် ဆန့်ကျင်ရေး သီချင်းကို သီဆို၍ ဆန္ဒပြခဲ့သည်။

Video by Poison

19/11/2021

ရန်ကုန်တွင် အကြမ်းဖက် မုဒိန်းစစ်တပ် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်

===============

ရန်ကုန်မြို့ အလုံမြို့နယ်တွင် ယနေ့ ( နိုဝင်ဘာ ၁၉ ရက်) ညပိုင်း၌ အကြမ်းဖက် မုဒိန်းစစ်တပ် ဆန့်ကျင်ရေးအတွက် လူငယ်များက ညသပိတ် ပြုလုပ်ခဲ့သည်။

"မုဒိန်းစစ်တပ်ကို လက်နက်သိမ်း လိင်မူဝါဒကို ဆန့်ကျင်ကြ" ခေါင်းစည်းနှင့် မီးတုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ပြီး လမ်းဆုံ၌ ကားတာယာကွင်းများကို မီးရှို့ခဲ့ကြသည်။

Video - CJ

15/11/2021

ထန်းတပင်တာဆုံရဲကင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူရဲ ၃ ဦး ကျည်ထိမှန်သေဆုံး
••••••••••••••••••••••••••
နိုဝင်ဘာ ၁၅

ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းရှိ ရန်သူရဲ အင်အား ၁၀ ဦးခန့်အား ပြည်သူ့တော်လှန်ရေးတပ်သားများက ဒီကနေ့ ၁၁:၃၀ အချိန်တွင်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူရဲ ၃ ဦး ထိမှန်သေဆုံးခဲ့ပါတယ်။
လက်ရှိအချိန်အထိ ရန်သူရဲအလောင်းများကို လာရောက် မကောက်ယူသေးဘဲ စခန်းတွင်း ဒီအတိုင်းပစ်ထားတယ်လို့သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်နေစဉ် ပစ်ကွင်းထဲသို့ မထင်မှတ်ဘဲ ကလေးငယ်တစ်ဦး ဝင်ရောက်လာမှုကြောင့် ပြည်သူ့တော်လှန်ရေးတပ်သားတွေအနေနဲ့ ကလေးငယ် ဘေးကင်းရေးအတွက် ပစ်ခတ်မှုကို စိတ်တိုင်းကျ မလုပ်ဆောင်နိုင်ခဲ့ဘဲ ပစ်အားလျှော့ချပြီး တိုက်ခိုက်ခဲ့ရပါတယ်။ ဒါကြောင့် ရန်သူရဲအားလုံးကို ပစ်ခတ်ချေမှုန်းနိုင်ခြင်း မရှိဘဲ ၃ ဦးကိုသာ အသေပစ်ခတ်ချေမှုန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေနဲ့ ပျံလွှားအောင် စစ်ဆင်ရေးဖြင့် ရန်သူမင်းအောင်လှိုင်ရဲ့ အကြမ်းဖက် လက်နက်ကိုင်များကို စစ်ဆင်တိုက်ခိုက်လျက်ရှိရာမှာ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့

မန္တလေးတွင် မီးပွိုင့်ပေါ်အထိ “ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ” ပိုစတာချိတ်၍ ဆန္ဒပြ=============================...
09/11/2021

မန္တလေးတွင် မီးပွိုင့်ပေါ်အထိ “ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ” ပိုစတာချိတ်၍ ဆန္ဒပြ

==============================

မန္တလေးမြို့တွင် ဖက်ဆစ်စစ်တပ်ကို တော်လှန်ပုန်ကန်နေသည့် မန္တလေးသပိတ် အင်အားစုက ယနေ့ (နိုဝင်ဘာ၉ ရက်) အရုဏ်ဦးအချိန်၌ မီးပွိုင့်ပေါ်အထိ တက်၍ “ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ” ပိုစတာချိတ်ဆွဲ ဆန္ဒပြခဲ့သည်။

ယင်းပိုစတာကို မန္တလေးမြို့ သိပ္ပံလမ်းမကြီးနှင့် ၇၈ လမ်းပေါ်ရှိ မီးပွိုင့်ပေါ်တွင် ချိတ်ဆွဲခဲ့ခြင်း ဖြစ်ပြီး လမ်းမပေါ်တွင်လည်း ​ဆေးနီများပက်ဖြန်းကာ ​ပြည်သူလူထုကို လှုံ့ဆော်သည့် စာရွက်များကိုလည်း ဖြန့်ကြဲခဲ့သည်။

Photo - Spring Diary

07/11/2021

မင်္ဂလာဒုံထွေအုပ်ရုံး ပစ်ခတ်ခံရမှု (ရုပ်သံ)

======================

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး အနည်းဆုံး စစ်သား ၃ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး ယခု ဗီဒီယိုဖိုင်မှာ မင်္ဂလာဒုံထွေအုပ်ရုံးကို နေ့လယ် ၁၂ နာရီက ဝင်ရောက်ပစ်ခတ်သည့် ရုပ်သံဖိုင်ဖြစ်သည်။

06/11/2021

"စစ်ကောင်စီကို ပြည်သူ့တရားခွင်မှာစီရင်ဖို့သာ ငါတို့အလိုရှိသည်" ခေါင်းစဥ်ဖြင့် ရန်ကုန်တွင် ဆန္ဒပြ (ရုပ်သံ)

===================

ရန်ကုန်မြို့တွင် ယနေ့ နိုဝင်ဘာ၆ ရက် နံနက်ပိုင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်၍ "စစ်ကောင်စီကို ပြည်သူ့တရားခွင်မှာ စီရင်ဖို့သာ ငါတို့အလိုရှိသည်" ခေါင်းစဥ်ဖြင့် သွေးသစ္စာသီချင်း သီဆိုပြီး ချီတက် ဆန္ဒပြခဲ့သည်။

Video by CJ

04/11/2021

ရန်ကုန်တွင် "ကျွန်ပညာရေးအမြစ်ဖြတ် ငါတို့ကျောင်းမတက်" ကြွေးကြော်သံများဖြင့် ဆန္ဒပြ

========================

ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ကျောင်းသားလူငယ်များ ပူးပေါင်း၍ "ကျွန်ပညာရေးအမြစ်ဖြတ် ငါတို့ကျောင်းမတက်" ကြွေးကြော်သံများဖြင့် ယနေ့ နေ့လည်ပိုင်း၌ ချီတက် ဆန္ဒပြခဲ့သည်။

ဒေါပုံမြို့နယ်ကျောင်းသားများ သမဂ္ဂ _ ဗကသများအဖွဲ့ချုပ် ၊ Thaketa Students' Union-ABFSU ၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ် နှင့် တောင်ဒဂုံမြို့နယ်ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်း၍ ဆန္ဒထုတ်ဖော်ကြွေးကြော်ခဲ့ကြခြင်း ဖြစ်သည်။

Video - တောင်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)

03/11/2021

ရွှေတိဂုံဘုရားအနီးတွင် လူငယ်များ ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

================================

ယနေ့ နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ဗဟန်းစျေး၌ လူငယ်များ ဦးဆောင်၍ “ တော်လှန်ပုန်ကန်မယ့်ရန်ကုန် “ စာတန်းနှင့် မီးတုတ်များ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြသည်။

Video by YRF

မြို့ပျက်တစ်ခုလို ဖြစ်သွားခဲ့တဲ့ ထန်တလန်မြို့ နောက်ဆုံးအခြေအနေ ... Photo - The Chin Journal
01/11/2021

မြို့ပျက်တစ်ခုလို ဖြစ်သွားခဲ့တဲ့ ထန်တလန်မြို့ နောက်ဆုံးအခြေအနေ ...

Photo - The Chin Journal

အ​​ကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဖျက်ဆီးမီးရှို့ခြင်းခံခဲ့ရတဲ့ ထန်တလန်မြို့ အခြေအနေ Photo - The Chin Journal
31/10/2021

အ​​ကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဖျက်ဆီးမီးရှို့ခြင်းခံခဲ့ရတဲ့ ထန်တလန်မြို့ အခြေအနေ

Photo - The Chin Journal

30/10/2021

''အားတ​င်းထားပါ ထန်တလန်ရေ

မင်းတို့နောက်မှာ ငါတို့ရှိတယ် '' ဆိုသည့်

ကြွေးကြော်သံဖြင့် ချီတက်ခဲ့သည့်

''မန္တလေးသပိတ်အင်အားစု '' ညသပိတ်

Video by CJ

''အားတ​င်းထားပါ ထန်တလန်ရေ မင်းတို့နောက်မှာ ငါတို့ရှိတယ် '' ဆိုသည့်ကြွေးကြော်သံဖြင့် ချီတက်လာသည့်''မန္တလေးသပိတ်အင်အားစု '...
30/10/2021

''အားတ​င်းထားပါ ထန်တလန်ရေ

မင်းတို့နောက်မှာ ငါတို့ရှိတယ် '' ဆိုသည့်

ကြွေးကြော်သံဖြင့် ချီတက်လာသည့်

''မန္တလေးသပိတ်အင်အားစု '' ညသပိတ်

Photo - Black

30/10/2021

ရန်ကုန်မြို့ မိုးရေထဲတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူငယ်များ ချီတက် ဆန္ဒပြ

========================

ယနေ့ (အောက်တိုဘာ ၃၀ ရက်) နံနက်ပိုင်း၌ ရန်ကုန်မြို့ မိုးရေထဲတွင် အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ကျောင်းသား လူငယ်များက ချီတက် ဆန္ဒပြခဲ့သည်။

Video by CJ

မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာ ရဲကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ ဖျက်ဆီး======================စစ်...
29/10/2021

မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာ ရဲကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ ဖျက်ဆီး

======================

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာရှိ ရဲကင်းစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း၍ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဂါးပေါက်ကျေးရွာ ရဲကင်းစခန်းကိုနှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ CDSOM အဖွဲ့ ၊ TALOKE PDF ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊ B.G.F အဖွဲ့ ၊ MSPDF အဖွဲ့ ၊ MYAUNG WOMEN WARRIORS(MWW) အဖွဲ့ နှင့် မဟာမိတ်ညီနောင်များ ပူးပေါင်း၍ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo - နှလုံးလှလူမိုက်ကြီးများအဖွဲ့

28/10/2021

လုံခြုံရေးများ တင်းကြပ်နေသည့် ကြားက ရန်​ကုန် ညသပိတ် (ရုပ်သံ)

=====================

အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်နေသည့် ကြားက ရန်ကုန်မြို့တွင် လူငယ်များ ဦးဆောင်၍ ယနေ့ (အောက်တိုဘာ ၂၈ ရက်) ညပိုင်း၌ ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး ညသပိတ် ချီတက် ဆန္ဒပြခဲ့ကြသည်။

Video by Octopus

24/10/2021

ရန်ကုန်မြို့လယ်တွင် မီးတုတ်များကိုင်ဆွဲပြီး လုပ်တဲ့ ညသပိတ်

============================

ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းမထက်တွင် လူငယ်များက မီးတုတ်များ ကိုင်ဆွဲပြီး စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှ ဖြိုဖျက်ကြ" ဆိုသည့် စာတန်းဖြင့် ယနေ့(​အောက်တိုဘာ၂၄)ညပိုင်း၌ ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ညသပိတ် ချီတက်ဆန္ဒပြခဲ့သည်။

Video - CJ

Address


Website

Alerts

Be the first to know and let us send you an email when Burma Spring Revolution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share