Moderator Role က လုပ်ငန်းတစ်ခုရဲ့ Customer Service ပိုင်း တာဝန်ယူမယ့် ဝန်ထမ်းတွေအတွက် သင့်တော်ပါတယ်။ Comment/ Message ပြန်ဖြေပေးမယ့်သူတွေအတွက်ပေါ့။ Editor Role နဲ့ မတူတာက Moderator Role က Page မှာ Post တင်လို့မရပါဘူး။ ဒါပေမဲ့ လူတွေ Ban တာ၊ ကြော်ငြာဖန်တီးတာ၊ Page Insights ကြည့်တာတွေ လုပ်လို့ရပါတယ်။ ပြောရရင်တော့ Moderator Role က Editor Role အောက် တစ်ဆင့်နိမ့်ပါတယ်။
၄။ Advertiser
Advertiser Role ကတော့ ရှင်းပါတယ်။ ကြော်ငြာတွေဖန်တီးလို့ရမယ်၊ Page Insights တွေကြည့်လို့ရမယ်။ ဒီလောက်ပါပဲ။ ကျွန်တော်တို့လို ပြင်ပက Boost လုပ်ပေးမယ့်သူတွေကို လုပ်ငန်းအပ်တဲ့အခါ Advertiser Role လောက် ပေးရင်ကို လုံလောက်ပါတယ်။ ဒါပေမဲ့အများစုကတော့ Editor Role ပေးကြပါတယ်။ ဒါလည်းပြဿနာတော့ သိပ်မရှိပါဘူး။ Admin Role ကိုသာ မလိုအပ်ဘဲ မပေးမိဖို့ သတိထားပေးပါ။
၅။ Analyst
Analyst Role ကတော့ ဒီ Role (၅) ခုမှာ လုပ်ပိုင်ခွင့်အနည်းဆုံးပါပဲ။ သူ့အနေနဲ့ Page Insights ကြည့်တာပဲလုပ်ဆောင်လို့ရမှာပါ။ Page တစ်ခုရဲ့ တိုးတက်မှုရလဒ်အခြေအနေကိုကြည့်ပြီး Content Strategy တွေ၊ Planning တွေ လုပ်မယ့်ဝန်ထမ်းမျိုးရှိမယ်ဆိုရင်တော့ Analyst Role က သူ့အတွက် သင့်တော်မှာပါ။
အခုဆို Page Manager Role (၅) ခုအကြောင်း သဘောပေါက်ပြီထင်ပါတယ်။ ပိုပြီးမြင်သာအောင် အောက်မှာဇယားကွက်လေးနဲ့ နှိုင်းယှဉ်ပြထားပါတယ်။
Be the first to know and let us send you an email when Polaris Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.