TDN Sports

TDN Sports Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TDN Sports, Media/News Company, .

အာဆင်နယ်ဟာ လိဒ်ယူနိုက်တက်အသင်း​၏ ဘရာဇီးကြယ်ပွင့် ရာဖင်ညာကို ခေါ်ယူနိုင်ဖို့အတွက် လာမယ့်ရက်သတ္တပတ်အတွင်းမှာ အရှိန်မြှင့်အ...
26/06/2022

အာဆင်နယ်ဟာ လိဒ်ယူနိုက်တက်အသင်း​၏ ဘရာဇီးကြယ်ပွင့် ရာဖင်ညာကို ခေါ်ယူနိုင်ဖို့အတွက် လာမယ့်ရက်သတ္တပတ်အတွင်းမှာ အရှိန်မြှင့်အားထုတ်သွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်သွားဦးမှာဖြစ်ပြီး ပိုမိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထပ်မံကမ်းလှမ်းလာဖွယ်ရှိပါတယ်။

ရာဖင်ညာကို ခေါ်ယူနိုင်ရေးမှာ အာဆင်နယ်ဟာ အခြားအသင်းတွေထက် အသာစီးရနေခဲ့ပါတယ်။

မန်ယူအသင်းသည် ဘာစီလိုနာအသင်း​၏ နယ်သာလန်ကြယ်ပွင့် ကွင်းလယ်လူ ဖရန်ကီဒီဂျောင် (၂၅ နှစ်)အားခေါ်ယူရန် ပြောင်းရွှေ့ကြေးသဘောတူည...
26/06/2022

မန်ယူအသင်းသည် ဘာစီလိုနာအသင်း​၏ နယ်သာလန်ကြယ်ပွင့် ကွင်းလယ်လူ ဖရန်ကီဒီဂျောင် (၂၅ နှစ်)အားခေါ်ယူရန် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဥရောပမီဒီယာများကဖော်ပြခဲ့ကြသည်။

သို့သော် ဖရန်ကီဒီဂျောင် သည် ဘာစီလိုနာအသင်းမှထွက်ခွာရန် ဆန္ဒမရှိခြင်းကြောင့် မန်ယူအသင်းအနေဖြင့် အပြောင်းအရွှေ့အတွက် ဆက်လက်ကြိုးပမ်းရဖွယ်ရှိနေသေးကြောင်းသိရသည်။

ဒီဂျောင်သည် မန်ယူနည်းပြသစ်တန်ဟက်ဂ်နှင့် အေဂျက်စ်အသင်းတွင် လက်တွဲခဲ့ဖူးသူဖြစ်ပြီး တန်ဟက်ဂ်အနေဖြင့် ပေါ့ဘာထွက်ခွာသွားသည့် မန်ယူအသင်း၏ကွင်းလယ်ကိုဖြည့်တင်းရန်အတွက် တပည့်ဟောင်းဖြစ်သူ ဒီဂျောင်အား အရခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်းသိရသည်။

ဂါရက်ဘေးလ်ဟာ မေဂျာလိဂ်ကလပ် Los Angeles အသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ပြောင်းဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။တစ...
25/06/2022

ဂါရက်ဘေးလ်ဟာ မေဂျာလိဂ်ကလပ် Los Angeles အသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ပြောင်းဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။

တစ်နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ရင် နောက်ထပ်သက်တမ်းတိုးခွင့်ပါ ထည့်သွင်းထားပါတယ်။

စာချုပ်စာတမ်းအားလုံးပြီးစီးသွားပြီဖြစ်ပြီး ဘေးလ်ဟာ Los Angeles အသင်းမှာ အီတလီနောက်ခံလူချီလီနီနဲ့အတူ တွေ့ဆုံရတော့မှာလည်း ဖြစ်ပါတယ်။

ဥရောပကလပ်အသင်းတွေဆီက ကမ်းလှမ်းမှုတွေရခဲ့ပေမယ့် ဘေးလ်အနေနဲ့ အမေရိကဘောလုံးလောကမှာ စာမျက်နှာသစ်ဖွင့်သွားဖို့ ဆန္ဒရှိနေခဲ့တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။

Source - Fabrizio Romano

ချယ်လ်ဆီးဟာ တောင်ပံကစားသမား ဇီယက်ဇ် ကို ယခုနွေရာသီတွင် ရောင်းချဖို့  တံခါး ဖွင့်လှစ်ထားပါတယ်။  ဇီယက်ဇ်က်ို အေစီမီလန် အသင...
25/06/2022

ချယ်လ်ဆီးဟာ တောင်ပံကစားသမား ဇီယက်ဇ် ကို ယခုနွေရာသီတွင် ရောင်းချဖို့ တံခါး ဖွင့်လှစ်ထားပါတယ်။

ဇီယက်ဇ်က်ို အေစီမီလန် အသင်းက စိတ်ဝင်စားနေပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း အသင်းမှ ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

SkySport

ရောမမြို့က မော်ရင်ဟိုရဲ့ နေအိမ်ကို စာတစောင်ရောက်လာခဲ့ပါတယ်။ မော်ရင်ဟိုတယောက် ဖွင့်ဖတ်ပြီးနောက်မှာ မျက်မှောင်ကုပ်ပြီး နား...
23/06/2022

ရောမမြို့က မော်ရင်ဟိုရဲ့ နေအိမ်ကို စာတစောင်ရောက်လာခဲ့ပါတယ်။ မော်ရင်ဟိုတယောက် ဖွင့်ဖတ်ပြီးနောက်မှာ မျက်မှောင်ကုပ်ပြီး နားမလည်ဟန်ဖြစ်နေပါတယ်။ စာက အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ဆီကနေ သူ့ဆီပို့လိုက်တာပါ။ အကြောင်းကတော့ မီတာခ ပေါင် ၁၇၀၀၀ တောင်းခံထားတဲ့အကြောင်းဖြစ်နေလို့ အသင်းဟောင်းဆီ မော်ရင်ဟို ဖုန်းပြန်ဆက်ပြီး အကျိုးအကြောင်းကို မေးမြန်းပါတယ်။

မော်ရင်ဟို - "တခုခုမှားနေတယ်ထင်တယ်၊ မီတာဘေတောင်းခံလွှာရောက်နေပေမယ့် မင်းတို့အတွက် ငါ အလုပ်မလုပ်ပေးတာ ကြာနေပြီလေ"

ယူနိုက်တက် - "မဟုတ်ဘူး ဟိုဆေး၊ စိတ်တော့မကောင်းပါဘူး၊ ဒါပေမယ့် မမှားပါဘူး၊ အသင်းဆုဖလားအခန်းထဲကို ၂၀၁၇ မှာ ခင်ဗျားက နောက်ဆုံးဝင်ခဲ့ပြီး မီးပြန်မပိတ်သွားခဲ့လို့ ဘေလ်တွေတက်နေတာပါ"

ယူနိုက်တက်တို့ နောက်ဆုံးဖလားရခဲ့တာက ၂၀၁၇ တုန်းကဖြစ်ပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

Credit : Soccer Planet

Address


Website

Alerts

Be the first to know and let us send you an email when TDN Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share