08/11/2021
NUG က လက်နက် မတပ်ပေးနိုင်သေးဘူးလို့ PDF တွေကို စာနာပြသလိုလို စိတ်ဓာတ်ကျအောင် လုပ်နေသူတွေနဲ့ NUG, PDF နဲ့ ပြည်သူတွေကြား သွေးကွဲအောင် တဖက်လှည့်နဲ့ လှုံ့ဆော်နေသူတွေ သိစေချင်တာပါ။
တွက်ရလွယ်အောင် PDF အယောက် ၁၀,၀၀၀ ရှိတယ်ပဲထား။ အရှည်တလက် သိန်း ၇၀ ပတ်လည်ရှိတယ်။ ဒီတော့ သိန်း ၇၀၀,၀၀၀ လိုတယ်။
ကျည်ဆံ မပါသေးဘူး။
ပုခုံးထမ်း လောင်ချာ မပါသေးဘူး။
မိုင်း မပါသေးဘူး
လက်ပစ်ဗုံး မပါသေးဘူး
ဖိနပ် မပါသေးဘူး။
ကျည်ကာ မပါသေးဘူး။
ခမောက် မပါသေးဘူး။
ဆေးဝါး မပါသေးဘူး။
မနက်စာ ညစာ မပါသေးဘူး။
ဝတ်စုံ စောင် ပုခက် တဲ မပါသေးဘူး။
အဲဒါတွေ ထည့်ပေါင်းရင် အပေါ်က ဂဏန်းရဲ့ ၂ ဆ ဖြစ်သွားမယ်။
NUG ကောက်ခံလို့ ရတဲ့ ရန်ပုံငွေက ဒေါ်လာ ၁၅ သန်း ထား။ မြန်မာငွေ သိန်း ၂၅၅,၀၀၀ ပဲရှိတယ်။
အဲဒီ ရန်ပုံငွေတွေက အကုန်လုံး အရှည် ဝယ်ပစ်လို့ မရဘူး။
CDM တွေကို ထောက်ပံ့မှု
PDF စစ်သင်တန်း ကုန်ကျစားရိတ်
စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့မှု
ကိုဗစ်ကာလ ထောက်ပံ့မှု
ကျဆုံး / ထောင်ကျ အာဇာနည်တွေကို ထောက်ပံမှု
( အသေးစိတ် သိချင်ရင် ဒေါက်တာ ဝင်းမြတ်အေးရဲ့ NUG လူပြန်ကယ်ဝန်ကြီး ပေ့ချ်မှာ သွားကြည့်)
ရန်ပုံငွေရဲ့ ၇၀ % ဟာ အဲဒီကို ရောက်သွားတယ်။ ဒါတွေက အစိုးရတရပ်အနေနဲ့ မျက်နှာလွှဲလို့ မရတဲ့ မဖြစ်မနေ ထောက်ပံ့ရတာတွေပဲ
လှူဒါန်းသူတွေမှာ ၂ မျိုးရှိတယ်။
(၁) တခါလှူပြီးရင် တသက်လုံး လှူစရာ မလိုတော့ဘူး ထင်ကြသူတွေက ၅၀% ရှိတယ်။ ထမင်းနေ့တိုင်းစားရတယ်။ ကျည်ဆံ မိုင်း ဗုံးသီး နေ့တိုင်း ပစ်ရတယ်။ ဒါကို မေ့နေကြတယ်။
(၂) လစဉ်လှူနေသူတွေ ရှိတယ်။ ဒါပေမယ့် NUG ဆီလှူတာ ၃၀% ဒေသခံ PDF တွေကို လှူတာ ၇၀% ရှိတယ်။ ဒေသခံတွေကို မလှူလို့ မဖြစ်ဘူး။ မအလက ရွာတွေ မီးရှို့တော့ မအလဘေးဒုက္ခသည်တွေ သိန်းချီ ရှိတယ်။ ဒေသခံ PDF တွေက တူမီးနဲ့ ကာကွယ်နေရတာ။
လေလွင့် ဆုံးရှုံးမှု သေချာပေါက်ရှိတယ်။ CDM, PDF ပေ့ချ်အတု တွေရှိသလို၊ (ဘာကြောင့်မှန်း မသိ) ငြိမ်နေတဲ့ PDF အဖွဲ့လေးတွေရှိတယ်။ တချို့က အင်အားစု၊ သင်တန်းပေး၊ လက်နက်ရှာဆဲ၊ အခွင့်မသာလို့ ငြိမ်တာ ဖြစ်ပေမယ့်၊ တချို့က တကယ်အိပ်မောကျနေတာ။ PDF ပေ့ချ် ဆယ်လီပေ့ချ် မဟုတ်ပဲ လက်တိတ်ထိုး အလှူခံနေတဲ့ အကောင့်တွေလည်း ရှိတယ်။ အချို့က သံသယဖြစ်စရာ။ လှူတဲ့လူတွေ ဉာဏ်ကောင်းဖို့ လိုတယ်။
NUG က လစဉ် ရန်ပုံငွေရှာနိုင်တာ မရှိဘူး ။
နွေဦးထီ -- အဆင်မပြေသေးဘူး။
NUG အခွန် -- မဆောင်ကြဘူး။
ငွေတိုက်စာချုပ် -- မှတ်ပုံတင် မပေးရဲကြဘူး။
ထားပါတော့။ သိန်း ၂၅၅,၀၀၀ ထဲက သိန်း ၁၈၀,၀၀ နုတ်လိုက်ပါ။
သိန်း ၇၅,၀၀၀ ပဲကျန်တယ်။ အရှည်တလက် သိန်း ၇၀ ။ အရှည် ဘယ်နှစ်လက် ရမလဲ။ အလက် ၁၀၇၁ လက်ပဲရတယ်။
အဲဒီထဲက စစ်သင်တန်းသုံး အလက်တွေ နုတ်လိုက်။ တိုက်ပွဲဝင် ဘယ်နှစ်လက် ကျန်မလဲ။
ဒါကြောင့် NUG ကို လွန်ခဲ့တဲ့ ၄ လထဲက အကြံပေးနေတာ။ တလက် သိန်း ၅၀ (အဲဒီတုံးက ဈေး၊ အခု မှောင်ခို ဈေးတက်သွားပြီ) နဲ့ EAO လို တပ်မတော် တခု ထူထောင်ချင်ရင် ၁၀ နှစ်လောက်ကြာသွားမယ်။ AA ကို ကြည့်ပါ။
အော်တိုဂန်းတွေကို ၁၀၀% ဝယ်ဖို့ စိတ်မကူးပါနဲ့။ စစ်သင်တန်းနဲ့ ကွန်မန်ဒို ၊ ရွေ့လျားတပ်တွေအတွက် ၅၀% လောက်ဝယ်ပြီး ကျန်တဲ့ ဘက်ဂျက်ကို ပြည်တွင်းထုတ် လက်နက်ဘက် ရင်းနှီးပါ။ ပြည်ပရောက် ပညာရှင်တွေနဲ့ စက်မှုလက်မှု သုသေတနဌာန ဖွဲ့ပါ၊ မြေပြင် စမ်းသပ်မှုကို အကြံပေးပါ။ စံနှုန်း သတ်မှတ်ချက်နဲ့ ထုတ်လုပ်မှု အဆင့်ဆင့် pdf စာအုပ်ငယ်တွေ ဖြန့်ဝေပါ လို့ အကြံပေးကြတယ်။
လူထု လက်ထဲ တလုံးထိုး ၊ ကဒ်ထိုး၊ ဆုံလည် မောင်းဆွဲ သေနတ်တွေ ထည့်ပေးပြီး လူ'ထု' အား နဲ့ တိုက်ရမှာ လို့ အကြံပေးတယ်။ ကျည်ဆံကို ကြေးရည်ကျို ပုံလောင်း ပရိုင်မာလုပ်တဲ့ အဆင့်အထိ စက်မှုနည်းနဲ့လုပ်၊ လည်ရစ်ဖော်၊ ယမ်းဖြည့်၊ ကျည်ဖူးတပ်က လက်မှုနည်းနဲ့ လုပ်ဖို့ ပြောခဲ့တာပါ။
ယာယီသမ္မတကြီးရဲ့ ခုခံတော်လှန်ရေး မိန့်ခွန်းမှာ "တော်လှန်ရေးအဖွဲ့တွေရဲ့ တီထွင်ကြံဆမှု၊ ဖြတ်ထိုးဉာဏ်ကောင်းမှုတွေဟာ တော်လှန်ရေးကို မြန်မြန် ပြီးမြောက် အောင်မြင်စေမှာ ဖြစ်တယ် "လို့ ပြောခဲ့တာကို မမေ့ကြပါနဲ့
လှူဒါန်းကြသူတွေကလည်း ဉာဏ်ကောင်းဖို့ လိုသလို၊ အာစိနကံ စိုက်တပ်မတ်တပ် လှူကြဖို့ လိုတယ်။ "တမူးရှိလို့ တပဲလှူ" ဆိုတဲ့အတိုင်း လှူကြပါ။
မိမိထမင်း တပန်ကန်စားရင် PDF တွေကို တဝက်ကြွေးရမယ်လို့ သတိရကြပါ။ မိမိတခုခု ငွေသုံးရင်း အဲဒီရဲ့ တဝက်ကို PDF ကို လှူရဦးမယ်လို့ သတိရကြပါ။
ဘာကြောင့်လည်းဆိုတော့ မိမိတို့ရဲ့ သားစဉ်မြေးဆက် ရှာဖွေစုဆောင်းသမျှ အသက်စည်းစိမ်အိုးအိမ်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ်က အာမခံမှာ ဖြစ်နေလို့ပဲ။
ဘဝ တသက်လုံး မိမိတို့ ချွေးနည်းစာကို မိစ္ဆာစနစ်ဆိုးကို အနှစ် ၇၀ ဘယ်လောက် လာဘ်ထိုး ဆက်ကြေး ပေးခဲ့ရသလဲ။ မိမိတို့ အကျိုးစီးပွါးနဲ့ တိုးတက်လမ်းကို ဘယ်လို ပိတ်ပင် ဖျက်ဆီးခဲံကြသလဲ။ မိမိတို့ လယ်ယာ ဥယျဉ် ခြံမြေ တိုက်တာ အိုးအိမ်ကို ဘယ်လို ဗိုလ်ကျအနိုင်ကျင့်ခံရသလဲ ။
ဒီလိုစနစ်မျိုး မိမိတို့ သားစဉ်မြေးဆက်ကို လက်ဆင့်ကမ်းမယ်ဆိုရင် ရှာဖွေသမျှ သဲထဲရေသွန်ဖြစ်မှာပဲ။ မိမိတို့ သားမြေးမြစ်ရဲ့ ပညာရေး ။ ကျန်းမာရေး နဲ့ လုံခြုံရေးဟာ ကြံဖွတ်၊ ပျူစောထီးနဲ့ မိစ္ဆာလက်ထဲ ထားရစ်ကြမလား။
ဒါကို စဉ်းစားရင်း " ရင်းသင့်တာ ရင်းရပါမယ်" ။ စီးပွါးပြန်ရှာလို့ ရပါတယ်။ PDF တွေက အသက်တောင် ရင်းရဲသေးတာ၊ ငါတို့က ဘာကြောင့် ဥစ္စာဓနကို တွန့်ဆုတ်ရမှာလဲ။ ငါတို့ ဓနဥစ္စာက လုံခြုံစိတ်ချရဲ့ စနစ်မှာ ပြန်ရမယ့် ပြန်ရှာလို့ ရတာချည်းပဲ။
======
(နောက်ဆက်တွဲ ။ တချို့က CDM၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူကယ်ပြန် ဘက်ဂျက်ကို ခွဲဝေပေးတာ မကြိုက်ကြဘူး။ ဒါပေမယ့် ဒါတွေ လုပ်နေမှ နိုင်ငံတကာက အစိုးရတရပ်ရဲ့ ပုံစံလည်ပတ်နေတာကို အသိအမှတ်ပြုတာပါ။
နောက်ပြီး နိုင်ငံတကာ အထောက်အပံ့ဆိုတာ လူသားချင်းစာနာမှု ခေါင်းစဉ်အောက်က လာတာပါ။ ဒီခေါင်းစဉ်အောက်ကနေ ထိုင်းအစိုးရ၊ အိန္ဒိယ အစိုးရ နယ်စပ်ဖြတ်ပြီး ထောက်ပို့လမ်းကြောင်း ဖော်ရတာပါ။ အဲဒီကြားထဲမှာ လည်ရင် လည်သလို ခင်ဗျားတို့ လိုချင်တာလေးတွေ အထာလေးနဲ့ လုပ်လို့ ရတယ် .... သိဘို့ )
Credit to .........