28/03/2021
မန္တလေး ၁၉လမ်း လူသတ်မှုဖြစ်စဉ်အမှန်.....
27.3.21 ည ဆူပူအကြမ်းဖက်သောင်းကျန်းသူတွေ
ဟာ မန္တလေး ၁၉လမ်း မင်းတဲအီကင်းရုံးကိုမီးတင်ရှို့ပါတယ်။
မီးရှို့ရာမှာမီးသတ်ကားမလာနိုင်အောင် အတားအဆီးတွေအများအပြားလမ်းမပေါ်မှာရော
လမ်းသွယ်တွေထဲအထိ လုပ်ဆောင်တားဆီးထားတာပါ။
တပ်ကဒိုဇာနဲ့လမ်းရှင်းဝင်ပြီး ဘေးအိမ်တွေမီးမကူး
ရေးလာငြိမ်းသတ်ရာမှာ တပ်ဿားတွေကိုရန်လို
တိုက်ခိုက်ကြသလို လမ်းကူရှင်းပေးနေတဲ့အနီးဝန်းကျင်ရှိ ပြည်သူတွေကိုလည်း ဒလံဆိုပြီးစွတ်ဆွဲကာရိုက်နှက်ကြပါတယ်။
ဒီးအချိန်မှာ ၁၉လမ်း မင်းတဲအနောက်ထိပ်နေ
ကိုအေးကို(၄၂) နှစ်ဟာ ၎င်း၏လုပ်ငန်းရှင်ဖြစ်သူ
ဒေါ်ဝင်းကြိုင်(ဟိန္ဒူဘာဝင်)နေအိမ် မီးထဲမပါစေရေးအတွက် မီးသတ်ကားတွေဝင်လို့ရအောင် လမ်း
ရှင်းပေးနေစဉ် လူအုပ်စုက ရိုက်နှက်သတ်ဖြတ်လိုက်ပါတယ်။အလောင်းကို အကြမ်းဖက်သူတွေဟာ သူတို့မီးရှို့ထားတဲ့ ရာဘာကွင်းတွေထဲထည့်ပြီးလက်စဖျောက်ကြတာပါ။
ယခု အမှတ်(၅)ရဲစခန်းမှာသေမှုသေခင်းဖွင့်လှစ်ပြီး
အကြမ်းဖက်သတ်ဖြတ်သူတွေကို အရေးယဖို့ ဖမ်းဆီးမှုတွေ စတင်ပြုလုပ်နေပါပြီ။
အမှန်တရားဟာကြာကြာဖုံးကွယ်လို့မရပါ။
တပ်ကပစ်သတ်ပြီး မီးပုံထဲပစ်ထည့်ခဲ့ခြင်းလည်းမဟုတ်ပါ။
မဟုတ်မမှန် အမုန်းပွားစေရန် လုပ်ဆောင်နေသူများကိုလည်း ထိရောက်ပြတ်သားစွာအရေးယူဆောင်
ရွက်စေချင်ပါတယ်။