USDP Fans Page

  • Home
  • USDP Fans Page

USDP Fans Page Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from USDP Fans Page, News & Media Website, .

18/08/2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ ပါတီကချမှတ်ထားသော လုပ်ငန်းစဉ်(၁၄)ရပ်မှ ဒုတိယဦးစားပေး လုပ်ဆောင်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်သည့် ပြောကြားချက်များ
========================================
သြဂုတ် ၅၊ နေပြည်တော်

မှန်သော စကားပါ အဘ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကြီးနီးလာလို့ ပြည်ထောင်စုရေးအခြေခံဖြစ်တဲ့အမျိုးချစ် နိုင်ငံချစ် တိုင်း...
18/08/2020

မှန်သော စကားပါ အဘ

၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကြီးနီးလာလို့ ပြည်ထောင်စုရေးအခြေခံဖြစ်တဲ့အမျိုးချစ် နိုင်ငံချစ် တိုင်းရင်းသားစစ်မစစ် ဆိုနဲ့ပေတံနဲ့
ကိုယ့်မိသားစု ကိုယ် ဆန်းစစ်ချက်လေး ရေးထုတ်ခဲ့ပါတယ်။

ကိုယ်ကစတဲ့ကိုယ့်မိသားစုတစ်ခုလုံးကို ပြည်ထောင်စုမှတ်ကျောက်တင်ခံလို့ ပြည်ထောင်စုအတွက်အာမခံလိုက်ပါတယ်။

တိုင်းရင်းသားမိသားစုတွေအားလုံး"ဒီအတွေး ဒီအမြင် ဒီဖြစ်စဉ်မျိုး
ရှိကြ ဖြစ်ကြရင်"ဆိုတဲ့မျှော်လင့်အတွေးလေးနဲ့ပါပဲ။
---
နဲနဲတော့လှုပ်လှုပ်ရွရွဖြစ်သွားလားမသိပါ။ အဲဒီ post ရဲ့ theme က
"တိုင်းရင်းသားတို့စုစည်းအားမိသားစုရဲ့ ညီညွတ်မှုအားရှိရင်
ဘယ်အန္တရာယ် ဘယ်တိုင်းခြားမှမှုစရာမလိုဘူး"လို့ပြောတာပါ ။
---
ဒီစကားကိုဘဝင်ကျသူ မကျသူများ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တာတွေအသာထားလို့ ဂန္ထဝင်အမျိုးသားစာဆိုတော်ကြီးဆရာဇော်ဂျီရဲ့
ရှေးခေတ်ပုဂံပြည်ကဗျာထဲက " လက်ရုံးအင်သည်တအားနဲ့ ၊ဘယ်တိုင်းခြားဝံ့မတုံး" ဆိုတဲ့ အမျိုးသားရေးကြွေးကြော်သံရဲ့
အားမာန်နဲ့တန်ဖိုးကို အမှတ်ရဆင်ခြင်သင့်ကြောင်းပါ။

ဘယ်သူပဲဦးဆောင် ဦးဆောင်
အောင်မြင်ဖို့သာအဓိကဖြစ်တဲ့" တိုင်းပြည်ငြိမ်းချမ်းရေး"
တိုင်းရင်းသားမိသားစုအားလုံး "ချစ်ကြည် စည်းလုံးရေး"
အောင်မြင်ပါစေခင်ဗျား။

အဘ ရဲ့ လေးစားဖွယ်ကောင်းတဲ့ မျိုးချစ်စိတ်အပြည့်နဲ့ စာသားလေးကို မျှဝေပေးလိုက်ပါတယ်။နှစ်လေးဆယ်ပြည့်မင်္ဂလာနှစ်ပါတ်လည်နေ့ကမိ...
16/08/2020

အဘ ရဲ့ လေးစားဖွယ်ကောင်းတဲ့ မျိုးချစ်စိတ်အပြည့်နဲ့ စာသားလေးကို မျှဝေပေးလိုက်ပါတယ်။

နှစ်လေးဆယ်ပြည့်မင်္ဂလာနှစ်ပါတ်လည်နေ့ကမိသားစုဓါတ်ပုံလေး ၊
ကိုယ်တို့ ဗမာတိုင်းရင်းသားနှစ်ယောက်ကပွားစီးလာတဲ့ သားသမီးသုံးယောက်၊
သမီးရင်းနဲ့မခြားမွေးစားသမီးကြီးကရှမ်းတိုင်းရင်းသူ၊
သဘောဖြူအူစင်းတဲ့သမီးချွေးမက ပအိုဝ့်တိုင်းရင်းသူ၊
မြေးအနှစ်တွေကပအိုဝ့်ဗမာ။
ဆက်စဉ်းစားမိတော့-

သားသမက်ရဲ့အမျိုးအနွယ်မှာရာမညကမွန်စစ်စစ်တွေလဲရှိရဲ့၊
ကိုယ့်အကိုရင်းရဲ့ဇနီး အမတော်က ကျောက်မဲဒေသရှမ်းတိုင်းရင်းသူ၊
ရှမ်းဗမာကပြားတူမအရင်းက ရခိုင်သားနဲ့အကြောင်းပါတော့
မြေးတွေက သုံးမျိုးစပ်တိုင်းရင်းသားတွေဖြစ်။
ဘာပဲဖြစ်ဖြစ် ချစ်ကြတာပါပဲ။
နှာခေါင်းချွန်တွေမပါ၊
မျက်လုံးပြာမရှိ၊
ဆံပင်ကောက်ကွေး
မီးသွေးရောင်အမျိုးတို့ဝေလာဝေး။
တိုင်းရင်းသားစစ်စစ်တို့ရဲ့
ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ
တို့တွေမှာရှိနေတာပဲ။
နှစ်ဆယ့်တစ်ရာစုထဲကတို့ပြည်ထောင်စု
ဘယ်တိုင်းခြားမှ မှု့စရာမရှိ။

သန်းဌေး
ဩဂုတ် ၁၅ ၂၀၂၀ ခုနှစ်

ရှစ်လေးလုံးကာလ ကုန်သွယ်ရေးရုံးဖြစ်စဉ်မှာ အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ တပ်ခွဲမှုး ဗိုလ်ကြီးခင်မောင်ချို (ဗိုလ်မှူးကြီး-ငြိမ်း)...
16/08/2020

ရှစ်လေးလုံးကာလ ကုန်သွယ်ရေးရုံးဖြစ်စဉ်မှာ အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ တပ်ခွဲမှုး ဗိုလ်ကြီးခင်မောင်ချို (ဗိုလ်မှူးကြီး-ငြိမ်း)နဲ့ interview ကို BBC Burmese မှာကြည့်လိုက်ရပါတယ် ။

သိထားပြီးသားကိစ္စပေမယ့်
ကိုယ်အပါအဝင်နှစ်ဘက်အသက်ပေါင်းများစွာအတွက် စွန့်စားမှု ဉာဏ်ကစားမှုတွေကိုအသက်၊စစ်သားဂုဏ်သိက္ခာများနဲ့အလဲအထပ်လုပ် ခက်ခဲစွာဆုံးဖြတ်ကွပ်ကဲခဲ့ရတာတွေ ကာယကံရှင်ကိုယ်တိုင်ပြောတာကြားရတဲ့အခါစစ်သားဟောင်းတစ်ယောက်အနေနဲ့ မျက်ရည်ဝဲအောင်ခံစားမိပါတယ် ။

တန်းပြည့်စစ်မှုထမ်းချိန်မှာလက်နက်ချတာဟာ တပ်မတော်သားတွေအဖို့ သေဒါဏ်ထိုက်သင့်တဲ့ပြစ်မှုပါ၊ ဘယ်ကမှန်းမသိတဲ့အသံပိုင်ရှင်ရဲ့ကြားဝင်အမိန့်ပေးမှုကို ဂရုမစိုက်ဘဲ ကိုယ့်အသက်ကိုဦးစားပေးပြီး ပစ်ခတ်ဖေါက်ထွက်နိင်ပေမယ့် ပြည်သူတွေအစုလိုက်အပြုံလိုက်အန္တရာယ်ဖြစ်မယ့်လမ်းကြောင်းကို ခက်ခဲစွာရှောင်ရှားနိုင်ခဲ့တဲ့ ဗိုလ်ကြီးခင်မောင်ချိုနဲ့တပ်စုတစ်စုလုံးကိုဂုဏ်ပြုခြင်း ဂုဏ်ယူခြင်းများနဲ့လက်တင်အလေးပြုပါတယ်။

(စစ်သည်တစ်ယောက်ရဲ့သေနတ်တစ်လက်မှာ ပထမတန်းကျည်နဲ့ ဒုတိယတန်းကျည် ၂၄၀ ပါပါတယ်၊ ရှေ့တန်းထွက်ရင်အရန်ကျည်ဆိုတာ ထောင်နဲ့ချီပြီး ပုံးလိုက်သယ်ရတာမျိုးပါ ၊လက်နက်ကြီးတွေပါပါသေးတယ် ။ဗဟုသုတအဖြစ်ပြောတာပါ) ။
တပ်မတော်အကြီးအကဲတွေအဆက်ဆက်ပြောင်းသွားပေမယ့် ဗိုလ်ကြီးခင်မောင်ချိုကို လက်နက်ချသူ လူပျော့ လူညံ့လို့မသတ်မှတ်ကြဘဲ ဗိုလ်မှူးကြီးအဆင့်ထိရာထူးနဲ့ တာဝန်တွေတိုးမြှင့်ပေးခဲ့တာကလဲ ပြည်သူကိုရန်ဘက်အဖြစ်ရှုမြင်ခြင်းမရှိကြောင်းပြသလိုက်တဲ့ တပ်မတော်ရဲ့ အလွန်ရှင်းလင်းတဲ့သက်သေပြချက်တစ်ခုပါပဲ ။
ထပ်ဆင့်၍ ဂုဏ်ယူပါတယ် ဂုဏ်ပြုပါတယ် ခင်ဗျား ။

ါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အသက်အရွယ်အုပ်စုကိုသရုပ်ခွဲကြည့်တော့လူငယ် လူလတ် လူကြီးအချိုးညီပြီးအသက် ၆၀ ...
16/08/2020

ါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အသက်အရွယ်အုပ်စုကိုသရုပ်ခွဲကြည့်တော့လူငယ် လူလတ် လူကြီးအချိုးညီပြီးအသက် ၆၀ ကျော်အရွယ်က ၂၀%လောက်ပဲပါဝင်ပါတယ် ။

လူငယ်များကိုတိုက်တွန်းချင်တာက - သားတို့ သမီးတို့ရဲ့အားမာန်နဲ့စွမ်းရည်ကိုပြခွင့်ကြုံပြီ ၊နောင်တမရှိအောင်ကြိုးစားကြပါ၊လူငယ်ကိုစိတ်မချဖြစ်တတ်တာကလူကြီးတွေရဲ့သဘာဝအားနည်းချက်မို့ ဒီအပေါ်မှာစိတ်ငြိုငြင်မခံပါနဲ့။

အတွေ့အကြုံပြည့်စုံ ရင့်ကျက်ပြီးသား နိုင်ငံရေးလူလတ်ပိုင်းညီတွေညီမတွေအနေနဲ့လဲအရှုံး အနိုင် အနိမ့်အမြင့်သင်္ခန်းစာတွေကိုအကောင်းဆုံးအသုံးချပြီး
တာဝန်ကျေစေချင်ပါတယ်။၂၀%ကျော်လောက်ရှိတဲ့ကျနော်တို့ပတ်ဝန်းကျင်အရွယ်သူငယ်ချင်းများ နောင်တော်များကိုတိုက်တွန်းပန်ကြားချင်တာကတော့ ခုချိန်မှာခေါင်းဆောင်တာဝန်guardian တာဝန်ကိုနမူနာပြ ရှေ့ကနေကြိုးစားကြပြီး တာဝန်ကျေပွန်ပြီးတဲ့အခါမှာလဲနိုင်ငံတော်နဲ့ပါတီအစဉ်ရှင်သန်တိုးတက်ရေးအတွက်ကြည်ဖြူစွာလက်ဆင့် ကမ်းပေးဖို့ အသင့်ပြင်ထားကြပါစို့လားခင်ဗျာ ။

ဦးသန်းဌေး
ဥက္ကဋ္ဌ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဒီမိုကရေစီရဲ့အရေးပါဆုံးအနှစ်သာရတစ်ခုက လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းပါ ။ဒီမိုကရေစီအစိုးရဆိုတဲ့ခေ...
16/08/2020

ဒီမိုကရေစီရဲ့အရေးပါဆုံးအနှစ်သာရတစ်ခုက လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းပါ ။

ဒီမိုကရေစီအစိုးရဆိုတဲ့ခေတ်ထဲကျမှ မဲရုံကိုမဲသွားမပေးဖို့ (no vote) ဆိုတဲ့အယူအဆနဲ့ လှုပ်ရှားမှုတွေပေါ်လာတာဟာ ဘာကြောင့်ဖြစ်ပါမလဲ ။တစ်စုံတစ်ရာအပေါ် ၊ ဒါမှမဟုတ်အကြောင်းပေါင်းများစွာအပေါ်မှာယုံကြည်မှုပျောက်ဆုံးသွားခြင်းကြောင့်လား?
ဘယ်လိုကြောင့်ပဲဖြစ်ပါစေ-

ကောင်း ၊ သင့် ၊ ညံ့ ဆိုတဲ့အမျိုးအစားသုံးရပ်ထဲက ကိုယ်ကြိုက်ရာရွေးယူခွင့်ဟာပြည်သူတိုင်းပိုင်တဲ့အခွင့်အရေးတစ်ရပ်ပါ။

ကိုယ်ကြိုက်တာကိုယ်မရွေးရင်-သူများရွေးပေးတာကိုပဲ ကြိုက်ကြိုက် မကြိုက်ကြိုက် ယူရမှာ။အဲဒါလဲ ဒီမိုကရေစီပါပဲခင်ဗျ ။😗လျှောက်ချင်တဲ့ဒီမိုကရေစီလမ်း မကောင်းသေးရင် ကောင်းအောင်ပြင်ဖို့ မဲပေးဖြစ်အောင်ပေးကြပါစို့ခင်ဗျာ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစာနာဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာချက်၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်၁၃၈၂ ခုနှစ...
16/08/2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
စာနာဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာချက်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၄ ရက်
==================================

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ "ဒိုးနွယ်၊ ရွာသစ်၊ ရဲဒိ၊ မာန်ကျည်းကုန်း" ကျေးရွာများမှ ကျောင်းဆရာတော်ကြီးများ နေ့...
16/08/2020

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ "ဒိုးနွယ်၊ ရွာသစ်၊ ရဲဒိ၊ မာန်ကျည်းကုန်း" ကျေးရွာများမှ ကျောင်းဆရာတော်ကြီးများ နေ့ဆွမ်းဆပ်ကပ်ခြင်း၊ ကျန်းမာရေးပစ္စည်းများနှင့် လှူဖွယ်ဝတ္တုများ ဆပ်ကပ်လှူဒါန်း
==================================================
မေ ၂၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦသန်းဌေးနှင့်အဖွဲ့သည် ၂၀-၅-၂၀၂၀ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ "ဒိုးနွယ်၊ ရွာသစ်၊ ရဲဒိ၊ မာန်ကျည်းကုန်း" ကျေးရွာများမှ ကျောင်းထိုင်ဆရာတော်ကြီးများအား နေ့ဆွမ်းဆပ်ကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများနှင့် ကျန်းမာရေးပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားအား ဒိုးနွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူခဲ့ပါသည်။ ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ သာသနာရေးနှင့် ကျန်းမာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။

ထို့နောက် ဒိုးနွယ်ကျောင်းတိုက် ရွှေမ္မေတာဆရာတော် ဘဒ္ဒန္တအရှင်ဇဝနထ့မှ သာဓုအနုမောဒနာတရားနာကြားပြီး ရွှေပြည်ရဲဆရာတော် ဦးကောသလထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

အဆိုပါ လှူဒါန်းခြင်း အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ပါတီဗဟိုကော်မတီဝင် ဦးမြင့်လှိုင်တို့မှ သွားရောက်လှူဒါန်းခဲ့ပါသည်။

စီမံခန့်ခွဲရေးကိစ္စတွေနဲ့ပါတ်သက်လို့ -အကြောင်းအရာတစ်ခုကိုပြောတာဆိုတာ ဝေဖန်တာခြင်းအတူတူ ၊အကြောင်းအရာတစ်ခုခုကိုဆောင်ရွက်တာ...
16/08/2020

စီမံခန့်ခွဲရေးကိစ္စတွေနဲ့ပါတ်သက်လို့ -
အကြောင်းအရာတစ်ခုကိုပြောတာဆိုတာ ဝေဖန်တာခြင်းအတူတူ ၊
အကြောင်းအရာတစ်ခုခုကိုဆောင်ရွက်တာ ၊
တားမြစ်ချက်တစ်ခုကိုကျူးလွန်တာခြင်းအတူတူ ။
အရေးယူတာနဲ့အရေးမယူတာ ၊
အရေးယူတာခြင်းအတူတူ ပုဒ်မအကြီးအသေး အလေးအပေါ့ကွာတာ ၊
ချတဲ့ပြစ်ဒဏ် အပြင်းအပျော့ ကွာတာတွေဟာ
လာဘ်ပေးလာဘ်ယူအဂတိနဲ့ နိုင်ငံရေးကျောထောက်နောက်ခံကွာခြားမှုပေါ်မှာပဲအခြေခံပါတယ် ။
နိုင်ငံရေးဘက်မတူလို့အာဏာကုန်အရေးယူခံရသူတွေဟာလဲ
"အုပ်ချုပ်သူအပြောင်းအလဲ " ဖြစ်တာနဲ့ လွတ်ငြိမ်းခွင့်ရသွားကြတာပါပဲ ၊
အနိုင်ရတုံး တစ်ဆုံးတစ်စလုပ်ခဲ့သူက အတိတ်တစ္ဆေနဲ့တွေ့ပေါ့ ၊
ဒါက နိယာမ ။
ငါးနှစ်မှာတစ်ခါ " အပြောင်းအလဲ " ဖန်တီးနိုင်ဖို့အတွက်တော့
နိုင်ငံသားတိုင်းမှာတန်းတူအခွင့်အရေးရှိနေပါတယ် ။
နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးနဲ့အညီ
ပြောဖို့ လုပ်ဖို့ အတွက် --ဖြဲခြောက်နိုင်လဲခနပေါ့ ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၏ နှစ်သစ်ကူး ဆုတောင်း..~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
16/08/2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၏ နှစ်သစ်ကူး ဆုတောင်း..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိဘပြည်သူအပေါင်းတို့ ခင်ဗျာ-

မြန်မာသက္ကရာဇ်၁၃၈၁ခုနှစ်ဟာ ရက်များမကြာခင်မှာ ကုန်ဆုံးပြီးနှစ်သစ်ကို ရောက်အုံးတော့မှာပါ။

နှစ်ကူးကာလရောက်တိုင်းလည်းပဲနှစ်သစ်အတွက် ကောင်းတာလေးတွေကို
မျှော်တွေးပြီး ဖြစ်လာစေဖို့ ဆန္ဒပြုကြ ဆုတောင်းခဲ့ကြတာလည်း နှစ်စဉ် နှစ်တိုင်းပါပဲ။ ကိုယ်မျှော်လင့်ခဲ့တာတွေ လက်တွေ့ ဖြစ်/မဖြစ်နှင့် ဆုတောင်းပြည့်မပြည့် ဆိုတာကတော့ လူတစ်ဦးချင်းရဲ့ နားလည် လက်ခံမှု အတိုင်းသာဖြစ်ပါတယ်.။

တကယ်တော့ တိုင်း/နိုင်ငံတစ်ခု လူ့အဖွဲ့အစည်းတစ်ခုရဲ့ တော်တည့် မှန်ကန်မှု၊ဖောက်လဲ ဖောက်ပြန်မှု၊ အဆင်ပြေနေပျော်ဖွယ်ရှိမှု/မရှိမှုနှင့် အဲ့ဒီလူ့အဖွဲ့အ စည်းရဲ့လားရာဂတိကို မှတ်ကျောက်တင် တိုင်းတာဖို့ အတွက်ကျနော် တို့ ရိုးရာ ယဉ်ကျေးမှု ၊မိရိုးဖလာအဆုံးအမတွေထဲမှာ ကောသလမင်း အိမ်မက် ဆယ့်ခြောက်ချက်ဆိုတာရှိပြီးသားပါ ခင်ဗျာ ။

လူတန်းစားအလွှာမျိုးစုံ ပါဝင်ဖွဲ့စည်းထားတဲ့ နိူင်ငံတိုင်းမှာရှိမြဲဖြစ်တဲ့ မင်း၊ အမတ်၊ ပညာရှိ၊ တရားသူကြီး၊ကုန်သည်၊ တောင်သူ လယ်လုပ်အစရှိတဲ့ လူတန်းစားအမျိုးအမျိုးရဲ့ အကျင့်စရိုက်တွေ၊အပြုအမူတွေ၊ လူမှုအသိုင်းအဝန်းထဲကပကတိ အခြေအနေတွေကို အဲ့ဒီကောသလမင်းအိမ်မက် ဆယ့်ခြောက်ချက်နှင့် "တစ်ချက်ချင်း"ပြန်ထိုး သုံးသပ်ကြည့်ရင် ကျနော်တို့ နိူင်ငံကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ လက်ငင်း ပစ္စက္ခအခြေအနေမှန်နှင့် ရှေ့လားရာကို ခန့်မှန်းနိူင်ကြမှာပါ။

လက်ရှိအခြေအနေက မကောင်းဘူးလားရာမကောင်းဘူးဆိုရင် ကောင်းတဲ့ ဘက်ကိုရောက်ရှိ ပြောင်းလဲ နိူင်ဖို့ နည်းနည်း ကောင်းတယ်လို့ယူဆရင် ပိုကောင်း ပိုပြည့်စုံတဲ့ အခြေအနေကိုရောက်ဖို့ အတွက် ကတော့ ကိုယ်စီအားထုတ်မှုလိုအပ်မှာပါ ခင်ဗျာ..။

မင်းနှင့် ပြည်သူ လူတန်းစား မရွေး အသီးသီးစောင့်ထိန်းကျင့်ကြံရမည့် ကိုယ်ကျင့်သီလတွေကိုသတိနှင့် စောင့်ထိန်းကြ ဝိုင်းဝန်းကြိုးပမ်းကြရမှာပါ။
လူတိုင်း ကိုယ့်တာကို လုံအောင်ထိန်းကြပြီးတာဝန်သိခြင်း၊ တာဝန်မမဲ့ခြင်း ဆိုတဲ့ကိုယ်ကျင့်တရား တာဝန်ယူရဲခြင်းဆိုတဲ့သတ္တိနှင့် တာဝန်ကို အောင်မြင်ပြီးမြောက်အောင်စွမ်းဆောင်နိူင်ခြင်းဆိုတဲ့ စွမ်းရည်များကိုယ်စီပြည့်ဝစွာ
နှင့်ကျန်းမာ ပျော်ရွှင်အေးချမ်းတဲ့ဘဝကို နှစ်သစ်မှာ ပိုင်ဆိုင်နိူင်ကြပါစေ။

မိဘပြည်သူများ လတ်တလော ရင်ဆိုင်နေကြရတဲ့ကပ်ရောဂါ ဘေးဆိုးကြီးကိုလည်း အမြန်ဆုံး ကျော်လွှား အောင်မြင်နိူင်ကြပါစေခင်ဗျာ...။

ပြည်သူ့အတွက် အာမခံချက်~~~~~~~~~~~~~~~~~~~~~~~~~~~~~~* တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနချက်ခြင်းဖွဲ့စည်းမည်။ လယ်ယာစိုက်ပျို...
16/08/2020

ပြည်သူ့အတွက် အာမခံချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
* တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန
ချက်ခြင်းဖွဲ့စည်းမည်။ လယ်ယာစိုက်ပျိုး
ရေးကဏ္ဍနှင့် တောင်သူလယ်သမားများ၏
အရေးအရာ အားလုံးကို ထိရောက်စွာဖြေ
ရှင်းဆောင်ရွက်ပေးမည်။

16/08/2020

Address


Website

Alerts

Be the first to know and let us send you an email when USDP Fans Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share