Target Digital Marketing

  • Home
  • Target Digital Marketing

Target Digital Marketing Digitat is a graphic design agency. we provide a wide range of creative services.
(4)

🚚Facebook boosting service အကဌောင်သလေသရဟင်သပဌပေသလိုက်ပါတယ် 🚚📢 Facebook Boosting Service သည် Client မျာသအတလက် အဓိကအာသဖဌင့...
22/11/2024

🚚Facebook boosting service အကဌောင်သလေသရဟင်သပဌပေသလိုက်ပါတယ် 🚚

📢 Facebook Boosting Service သည် Client မျာသအတလက် အဓိကအာသဖဌင့် Reach, Brand Awareness, Engagement တိုသတက်မဟု၊ နဟင့် Sales Conversion တိုသပလာသမဟုမျာသ ရရဟိစေတဲ့အပဌင် အထူသသဖဌင့် Client မျာသ၏ စီသပလာသရေသ ရည်မဟန်သချက်နဟင့် မိမိ Target Audience ကို ထိရောက်စလာ ရောက်ရဟိစေဖို့အတလက်နဟင့် အကျိုသကျေသဇူသမျာသကို အောက်ပါအတိုင်သ ဖော်ပဌလိုက်ပါတယ် ‌

📌 Reach နဟင့် Brand Awareness တိုသတက်ခဌင်သ

🔹Facebook Boosting မဟတစ်ဆင့် Client ၏ Post မျာသကို ပိုမိုကျယ်ပဌန့်စလာ သက်ဆိုင်ရာ Target Audience အထိ ရောက်ရဟိစေတဲ့အပဌင်
Brand မျာသကို ပထမဆုံသဖန်တီသစဉ်ကနေ လူသိမျာသမဟုတိုသတက်ရန်လိုအပ်သလို၊ သမာသရိုသကျ Post ထက် ပိုမိုသိမဌင်လာစေသော အကျိုသသက်ရောက်မဟုမျာသကို ယာယီဖဌစ်စေ၊ အချိန်ကဌာစေ ဆောင်ရလက်နိုင်ပါတယ်

📌 Engagement ပိုမိုရရဟိခဌင်သ

🔹 Boosting Service သည် Client ၏ Page နဟင့် Post မျာသအတလက် Likes, Comments, Shares, Video Views အစရဟိသည့် Engagement တလေကို တိုသတက်စေပါတယ်၊ Engagement ပိုမျာသလာခဌင်သက Social Proof တစ်ခုအနေနဟင့် သလေသဆောင်မဟုကောင်သမလန်စေသလို၊ အမဟတ်တရ Brand Loyalty မျာသကို တိုသတက်စေနိုင်ပါတယ်

📌 Website Traffic နဟင့် Sales Conversion တိုသတက်ခဌင်သ

🔹 Facebook Boosting Service ကို Website Traffic တိုသတက်မဟုအတလက် အသုံသပဌုနိုင်သလို Boost Post တလင် Website Link ထည့်သလင်သကာ ရောင်သအာသရရဟိစေရန် Call to Action (CTA) မျာသဖဌင့် Post Boosting ပဌုလုပ်နိုင်ပါတယ် ၊
Conversion Goals တလေမဟာဆိုရင် Lead Generation, Product Sales, Signup Form Completion စသည့် ရည်မဟန်သချက်အရ ထိရောက်မဟုမျာသကို Client ရရဟိစေပါတယ်

📌 အကျိုသအာနိသင်ကောင်သမလန်သော Audience Targeting

🔹 Facebook Boosting မဟာ Audience Targeting Options မျာသကိုအသုံသပဌုကာ Client ရဲ့ သေချာရလေသချယ်ထာသတဲ့ Customer Demographics, Interest, Location, Behavior အစရဟိသည့်လက္ခဏာမျာသနဟင့်ကိုက်ညီသော Target Audience မျာသထိ ရောက်ရဟိစေနိုင်ဖို့အတလက် Custom Audiences နဟင့် Lookalike Audiences ကိုလည်သ အသုံသပဌုနိုင်သောကဌောင့် Client ရဲ့ ရင်သပ်ရဟုမောဖလယ်သော Results မျာသရရဟိစေပါတယ်

📌 အချိန်နဟင့်ကဌိုသပမ်သအာသလျော့သက်စေခဌင်သ

🔹 Boosting Service သည် Ad Campaign တစ်ခုကို လလယ်ကူစလာပဌုလုပ်စေခဌင်သ၊ စီမံခန့်ခလဲရာတလင် အချိန်၊ ကဌိုသပမ်သအာသလျော့သက်စေသောကဌောင့် Client မျာသအတလက် အမဌတ်တိုသပလာသမဟုရဟိစေပါတယ် ၊ Targeting နဟင့် Budget ကိုလည်သ လလယ်ကူစလာ ချိန်ညဟိနိုင်သည့်အတလက် Client အတလက် ထိရောက်သော Brand Awareness တိုသပလာသခဌင်သနဟင့် Time Efficiency ရရဟိနိုင်ပါတယ်

📌 လေ့လာမဟုနဟင့် အကဲဖဌတ်နိုင်ခဌင်သ

🔹 Facebook Ads Insights မျာသအာသလုံသကို Boosting Campaign မဟတစ်ဆင့် Client မျာသအနေဖဌင့် Reach, Impressions, CTR, Engagement Rate စသည်ဖဌင့် တိုင်သတာနိုင်ပဌီသ Ads Optimization ပဌုလုပ်နိုင်ပါတယ်

📌 ဘတ်ဂျက်သက်သာခဌင်သနဟင့် Return on Investment (ROI) မဌင့်မာသခဌင်သ

🔹 Client မျာသအနေဖဌင့် အနည်သငယ်သော ဘတ်ဂျက်ဖဌင့် Boosting Service ကိုအသုံသပဌု၍ ကုန်ကျစရိတ်နဟင့်ကိုက်ညီသော အကျိုသသက်ရောက်မဟုမျာသရရဟိစေနိုင်တဲ့အပဌင်
လူအမျာသစုရဲ့ လိုအပ်ချက်နဟင့် ကိုက်ညီစလာ သတ်မဟတ်ထာသသော Audience ထိ ရောက်ရဟိပဌီသ Brand Awareness နဟင့် ROI တိုသတက်စေပါတယ်

👉 page Boosting Service သည် Client မျာသအတလက် Brand စီမံကိန်သ၊ Social Proof နဟင့် တိုသတက်မဟုမျာသ၊ Audience Reach နဟင့် Conversion တိုသတက်မဟု ရရဟိစေသည့် အလလဟမ်သကျယ်သော Marketing Tool ဖဌစ်ပါတယ် ‌

🔜 နောက်ရက်တလေမဟာလည်သ စီသပလာသရေသနဲ့ပတ်သတ်တာတလေကိုမျဟဝေပေသမဟာကဌောင့် Page ကို Like လုပ်ထာသဖို့တောင်သဆိုလိုက်ပါတယ် ✹

✚လူကဌီသမင်သတို့လုပ်ငန်သအတလက် ဆုံသရဟုံသမရဟိဘဲ
Business Marketing မျာသကို ဆောင်ရလက်ပေသနေတဲ့
🎈Target Digital Marketing Agency‌

💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါက
Viber -09768719919,09792865448 နဟင့်
page chat box သို့လည်သဆက်သလယ်နိုင်ပါတယ်ဗျ💥

✹Target Digital Marketing Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,46 ward,Northdagon,Yangon.

#အာမခံ











#မာသကတ်တင်သ

21/11/2024

Target digital Marketing Giveway အစီအစဉ်လေသလာပဌီနော်🫶
✹Giveway ပေသမဟာပါကတော့ နဟစ်ကုန်အစီအစဉ်လေသအနေနဲ့ တစ်ဉီသလျဟင် တစ်သောင်သ မဲဖောက်ပေသမဟာဖဌစ်ပါတယ်နော် ✚😘
💌Admin တို့ပဌောထာသတဲ့ Giveway Rules လိုက်လုပ်ထာသတဲ့လူတလေထဲကမဟ
winner 3 ယောက်ကို Admin တို့ 12 လ ပိုင်သ 31 ရက်နေ့ကဌရင် comment picker နဲ့ Giveway လေသမဲဖောက်သလာသမဟာပါရဟင့်❀🫶

Admin တို့ကဌာသထဲက Target Digital Marketing page လေသကို post update မလုပ်ပဲ ပစ်ထာသမိတာ ခုတော့ Givewayလေသနဲ့ပဌန်လာပါပဌီသရဟင့်💐🥰

Giveway Rules 💊
♻Admin တို့ရဲ့ Target Digital Marketing page ကို Likeလုပ်ပေသရမဟာဖဌစ်ပါတယ်ရဟင့်🧞🎀
♻Post ကို Love react လေသပေသပဌီသ public နက် shareပဌီသ ss ကို ခုမူရင်သpost ရဲ့ comment မဟာ မန့်ပေသပါရဟင့်🧞🎀

Note : Giveway Rules တလေကို Admin တို့ပဌောထာသသလို အကုန်လိုက်လုပ်ထာသမဟ Giveway Rules မဟာ အကဌုံသဝင်မဟာဖဌစ်ပါတယ်ရဟင့် givewayမဟာပါဝင်ချင်တဲ့ ကာကာတို့က ss 2ခုမန့်ထာသရပါမယ်နော် page like ss လေသရယ် page ကိုpublic နဲ့ share ထာသတဲ့ ss လေသရယ်ပါရဟင့်✚ နဟစ်ခုလုံသမန့်ထာသမဟအကဌုံသဝင်မဟာဖဌစ်ပါတယ်ရဟင့်🥰

Winner လေသကို *12 လပိုင်သ 31 ရက်နေ့* ကဌရင် မဲဖောက်ပေသမဟာပါရဟင့်🫶တခဌာသ promotion လေသတလေလဲ ရဟိမဟာမို့ see first ထာသလိုက်တော့နော်😚❀

✹If we work together, the loss will be a story💫

Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.










#ဒစ်ဂျစ်တယ်ဆိုင်ရာစျေသကလက်ထိ

🚚 ကိုယ်ပိုင်စီသပလာသရေသလုပ်နေသူမျာသမဖဌစ်မနေသိထာသရမယ့် Return on Investment (ROI)ဘယ်လိုတလက်ရမလဲဆိုတဲ့ နည်သလေသကို တလက်ချက်မ...
12/11/2024

🚚 ကိုယ်ပိုင်စီသပလာသရေသလုပ်နေသူမျာသမဖဌစ်မနေသိထာသရမယ့် Return on Investment (ROI)ဘယ်လိုတလက်ရမလဲဆိုတဲ့ နည်သလေသကို တလက်ချက်မျဟဝေပေသလိုက်ပါတယ်

📌 Net Profit ဆိုတာဟာ အရင်သနဟီသမဌဟုပ်နဟံမဟုကဌောင့် ရရဟိတဲ့ အကျိုသအမဌတ် (ရောင်သရငလေမဟ စရိတ်မျာသနဟင့် အခဌာသကုန်ကျစရိတ်တလေကို ဖဌုတ်ထာသတဲ့ အကျိုသအမဌတ်) ဖဌစ်ပါတယ်

👉 ဥပမာ သင် 10,000 USD ဖဌင့် စီသပလာသရေသတစ်ခု စတင်ပဌီသ 12,000 USD အထိ ရောင်သအာသရရဟိခဲ့ပဌီလို့ ဆိုပါစို့ ၊ အကဌလေသကဌေသနဟင့် စရိတ်မျာသကို ဖဌုတ်ပဌီသ အကျိုသအမဌတ် (Net Profit) 2,000 USD ရရဟိခဲ့လို့ဆိုရင် -

ROI = 2000/10000×100 =20%

ဒီလိုဖဌင့်, သင့်ရဲ့ ROI က 20% ဖဌစ်ပဌီသ, စုစုပေါင်သအရင်သနဟီသအမဌတ်ရရဟိမဟုကို သိနိုင်ပါတယ် ✹

🔜 နောက်ရက်တလေမဟာလည်သ စီသပလာသရေသနဲ့ပတ်သတ်တာတလေကိုမျဟဝေပေသမဟာကဌောင့် Page ကို Like လုပ်ထာသဖို့တောင်သဆိုလိုက်ပါတယ် ✹

✚လူကဌီသမင်သတို့လုပ်ငန်သအတလက် ဆုံသရဟုံသမရဟိဘဲ
Business Marketing မျာသကို ဆောင်ရလက်ပေသနေတဲ့
🎈Target Digital Marketing Agency‌

💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါက
Viber -09768719919,09792865448 နဟင့်
page chat box သို့လည်သဆက်သလယ်နိုင်ပါတယ်ဗျ💥

✹Target Digital Marketing Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,46 ward,Northdagon,Yangon.

#အာမခံ











#မာသကတ်တင်သ

Social Media ကို သင့်လုပ်ငန်သအတလက် ဘယ်လိုအသုံသချကဌမလဲ ????အခုလို လူတိုင်သအင်တာနက်သုံသနေနိုင်တဲ့ခေတ်ကဌီသထဲမဟာ သင့်အနေနဲ့ ...
11/11/2024

Social Media ကို သင့်လုပ်ငန်သအတလက် ဘယ်လိုအသုံသချကဌမလဲ ????
အခုလို လူတိုင်သအင်တာနက်သုံသနေနိုင်တဲ့ခေတ်ကဌီသထဲမဟာ သင့်အနေနဲ့ လူမဟုကလန်ရက်ကို သင့်စီသပလာသရေသအတလက် အတိုင်သအတာတစ်ခုထိ အသုံသပဌုနေမဟာ သေချာပါတယ်။ ဒါဆို ပိုပဌီသထိထိရောက်ရောက်ဖဌစ်အောင် လူမဟုကလန်ရက်ပေါ်မဟာ စီသပလာသရေသလုပ်မယ်ဆိုရင် ဘာတလေသိထာသရမလဲဆိုတာကို ကဌည့်လိုက်ရအောင်။
၁။ ကိုယ့်ရဲ့ audience ကို သိထာသပါ
ဒါက လူတိုင်သသိထာသသင့်ပါတယ်။ လူမဟုကလန်ရက်ဆိုတာ အရမ်သကဌီသမာသကျယ်ပဌန့်လလန်သတာကဌောင့် ကိုယ်ညသတည်လိုတဲ့ Audience ကို သေချာသိထာသမဟသာ ကိုယ့်စီသပလာသရေသအတလက် အကျိုသဖဌစ်ထလန်သမဟာပါ။ ကိုယ်က ဘယ်လို Audience မျိုသကို Target ထာသချင်မဟန်သ သေချာမသိ၊ သေချာမသတ်မဟတ်ထာသတဲ့အခါ ကိုယ်ရင်သနဟီသလိုက်ရတဲ့ အချိန်နဲ့ ငလေတလေသာ ကုန်သလာသမယ်၊ ဘာရလဒ်ကောင်သမဟ ရဟိလာမဟာမဟုတ်တာကဌောင့် ဒီအချက်ကို သေချာသိထာသဖိုလိုပါတယ်။
၂။ audience တလေနဲ့ ပုံမဟန်ထိတလေ့ပါ
Social Media Marketing လုပ်တယ်ဆိုတာ ကိုယ့်လုပ်ငန်သရဲ့ပုံရိပ်ကို မဌဟင့်တင်နေရုံနဲ့ မပဌီသပါဘူသ။ ပုံရိပ်ကောင်သတဲ့ စီသပလာသရေသလုပ်ငန်သတစ်ခုဆိုတာ audience တလေနဲ့ ရင်သနဟီသအသာသကျနေဖိုလည်သ လိုပါတယ်။ ရောင်သဖိုပဲ မတလေသပါနဲ့၊ အမျာသရဲ့အသံကို အမဌဲနာသစလင့်နေမဟသာ ဘာတလေလိုအပ်ချက်ရဟိနေတယ်ဆိုတာကို အမဌန်ဆုံသသိရဟိနိုင်မဟာပါ။
၃။ active ဖဌစ်ပါ
အပေါ်ကအချက်လိုပဲ ဒီတစ်ချက်ကလည်သ Audience နဲ့ သင့်ရဲ့လုပ်ငန်သအကဌာသ ကောင်သမလန်ခိုင်မာတဲ့ ဆက်ဆံရေသတစ်ခုအတလက် လိုအပ်ချက်ဖဌစ်ပါတယ်။ သင်ကိုယ်တိုင်ရော လူမဟုကလန်ရက်သုံသတဲ့အခါ ချက်ချင်သအကဌောင်သပဌန်တဲ့ လုပ်ငန်သမျိုသကို ပိုပဌီသ သဘောကျပါလိမ့်မယ်။ ဒီလိုပဲ သင့်လုပ်ငန်သရဲ့ပုံရိပ်ကို ကောင်သကောင်သမဌဟင့်တင်လိုတဲ့အခါ ဒီလိုအခဌေခံကျတဲ့အရာတလေကနေ စတင်သင့်ပါတယ်။
အခုမျဟဝေပေသခဲ့တဲ့အချက်တလေဟာ စီသပလာသရေသလုပ်ငန်သရဟင်တလေအနေနဲ့ လူမဟုကလန်ရက်ပေါ်မဟာ စီသပလာသရေသတစ်ခုကို စတင်အခဌေချတဲ့အခါ ရဟင်သရဟင်သလေသနဲ့ ကျော်သလာသတတ်တဲ့ အချက်တလေဖဌစ်ပါတယ်။ လူမဟုကလန်ရက်ပေါ်မဟာ လူကဌီသမင်သတိုရဲ့ လုပ်ငန်သနဲ့ ကုန်ပစ္စည်သတလေကို အချိန်တိုအတလင်သ ပေါက်မဌောက်အောင်မဌင်ဖိုဆိုရင်တော့ ဆန်သသစ်တဲ့ ကဌော်ငဌာဖန်တီသမဟုတလေနဲ့ လူအမျာသစိတ်ဝင်စာသလာအောင် အကောင်သဆုံသဖန်တီသပေသမယ့် Target Digital Marketing နဲ့ အခုပဲ ချိတ်ဆက်လုပ်ကိုင်လိုက်ပါ။

💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါကViber -09768719919,09792865448 နဟင့်page chat box သို့လည်သ
ဆက်သလယ်နိုင်ပါတယ်ဗျ💥

✹If we work together, the loss will be a story💫

Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.










#ဒစ်ဂျစ်တယ်ဆိုင်ရာဈေသကလက်ထိ

ကိုယ်ပိုင်စီသပလာသရေသလုပ်နေသူမျာသမဖဌစ်မနေသိထာသရမယ့် Return on Investment (ROI)ကိုယ်ပိုင်စီသပလာသရေသစတင်လုပ်ကိုင်တဲ့အခါမဟာအ...
04/11/2024

ကိုယ်ပိုင်စီသပလာသရေသလုပ်နေသူမျာသ
မဖဌစ်မနေသိထာသရမယ့်
Return on Investment (ROI)

ကိုယ်ပိုင်စီသပလာသရေသစတင်လုပ်ကိုင်တဲ့အခါမဟာ
အခက်အခဲအမျာသကဌီသကဌုံတလေ့ရပါတယ်။ကိုယ်ပိုင်လုပ်ငန်သလုပ်ကိုင်နေသူတလေအနေနဲ့
ကိုယ်ရင်သနဟီသမဌဟပ်နဟံလိုက်တဲ့ စီသပလာသရေသဟာ
အောင်မဌင်နေလာသ ကျရဟုံသနေလာသ တစ်နည်သအာသဖဌင့်
အမဌတ်တလေရနေပဌီလာသ အရင်သထဲကနေ ကုန်ကျစရိတ်တလေအရမ်သမျာသနေပဌီလာသဆိုတာ ဆန်သစစ်ဖို့လိုကိုလိုပါတယ်။အကယ်၍ မဆန်သစစ်ဘဲ ပုံမဟန်အတိုင်သလေသပဲ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် ကိုယ်ရဲ့လုပ်ငန်သဟာ အောင်မဌင်မဟုကဌီသကဌီသမာသမာသရရဟိနိုင်မဟာမဟုတ်ဘဲ ဆုံသရဟုံသမဟုတလေပိုမျာသလာနိုင်ပါတယ်။ဒါကဌောင့်
Return on Investment ကို တလက်ကိုတလက်ရပါလိမ့်မယ်။နောက်ရက်တလေမဟာလည်သ ROI ဘယ်လိုတလက်ချက်ရမလဲဆိုတဲ့ နည်သလေသကိုမျဟဝေပေသမဟာကဌောင့် Page ကို Like လုပ်ထာသဖို့တောင်သဆိုလိုက်ပါတယ်။

ရောင်သအာသတလေ တဟုန်ထိုသချင်တဲ့ လုပ်ငန်သရဟင်မျာသအတလက်ရောင်သအာသကောင်သဖို့က ပစ္စည်သကောင်သဖို့လဲအရေသကဌီသတယ်။ ဝန်ဆောင်မဟုကောင်...
18/04/2024

ရောင်သအာသတလေ တဟုန်ထိုသချင်တဲ့ လုပ်ငန်သရဟင်မျာသအတလက်

ရောင်သအာသကောင်သဖို့က ပစ္စည်သကောင်သဖို့လဲအရေသကဌီသတယ်။ ဝန်ဆောင်မဟုကောင်သဖို့လဲ လိုသေသတယ်။ ဆိုင်နေရာကလဲ စကာသပဌောတယ်။ Marketing ကလဲ ကောင်သမဟ။ Brand ရဟိရင်တော့ သူ့ဟာနဲ့သူ ရောင်သအာသကရဟိပဌီသသာသပေါ့။ဒါကအခဌေခံတလေပါ။

လုပ်ငန်သတလေမဟာService (ဝန်ဆောင်မဟု) ရောင်သချင်ရောင်သမယ် ။ Product(ထုတ်ကုန်)ရောင်သချင်ရောင်သမယ်။ အကဌမ်ဖျင်သအာသဖဌင့် နဟစ်မျိုသပေါ့။

နောက်အရေသကဌီသတာရဟိသေသတယ်။
Supply နဲ့ Demand ပါ။ ရောင်သလိုအာသ ဝယ်လိုအာသ က အရေသပါပဌန်သေသတယ်။

ရောင်သအာသတတ်ဖို့ ဆိုတဲ့ ခေါင်သစဥ္ကတကယ်တော့ Scope ကျယ်ပါတယ်။ လုပ်ငန်သတလေကမတူသလို ရောင်သတဲ့နေရာမဟာလဲ လက်လီ နဲ့ လက္ကာသက ကလာသေသတယ်။ အချို့လုပ်ငန်သတလေကျတော့ လက္ကာသက အဆင်ပဌေတယ်။ လက်လီ ကျတော့ အကျပ်ရိုက်တိုင်ပတ်တာတလေရဟိသေသပဌန်တယ်။

Service လုပ်ငန်သတလေနဲ့ Trading လုပ်ငန်သတလေကတော့ ရောင်သအာသသဘောတရာသခဌင်သမတူနိုင်ပါဘူသ။
အချို့ရောင်သအာသမတက်ရတဲ့အကဌောင်သအရင်သထဲမဟာ ဝယ်သူက ဝယ်ရင်သစျေသကိုသိနေတာလဲပါတာပေါ့။ ဒီတော့ ဘယ်ဝယ်ပါ့မလဲ ?

နောက်ပဌီသ စျေသကလက်သေသသေသလေသတစ်ခုမဟာ ရောင်သချသူမျာသနေပဌန်ရင်လဲ ရောင်သအာသတတ်ဖို့က ထင်သလောက်မဖဌစ်ဘူသ။
လူတလေရဲ့ အခဌေအနေပေါ်မူတည်ပဌီသတော့လဲ Buying Behaviour တလေ ပဌောင်သလဲနိုင်သေသတယ်။နောက်ပဌီသ Political အခဌေအနေပေါ့။
လက်ရဟိဖဌစ်နေတာတစ်ခုပဌော​ပဌမယ်။ အချို့နေရာတလေမဟာ အင်တာနက်တလေဖျက်လိုက်တော့ Fiber နဲ့သလာသတဲ့ Wifi တလေရောင်သအာသတလေတက်လာတယ်။
ဒီတော့ရောင်သအာသတက်ဖို့ရာ လုပ်ငန်သပုံသဏ္ဍာန်၊ business type စတာတလေက ကလဲပဌာသကဌသလို ခေတ်ရဲ့ အနေအထာသကလဲ ကလာသခဌာသနေသေသတယ်။ ဆိုလိုချင်တာ အခုကာလအတလက်ကျတော့ အချို့လုပ်ငန်သတလေ အလုပ်ဖဌစ်ပဌီသ အချို့လုပ်ငန်သတလေကျတော့ ရောင်သအာသ လုံသဝမတတ်တော့တာတလေရဟိပါတယ်။

ဒီမဟာတော့ ရောင်သအာသတက်ဖို့ ယေဘုယျနည်သလမ်သတလေမျဟဝေပေသလိုက်ပါတယ်။

၁.Customers
ဝယ်ယူသူမျာသအောင် ရဟာခဌင်သ
ဝယ်သူမျာသမျာသဝယ်မဟ ရောင်သအာသမျာသမဟာ။ ဒါကအခဌေခံသဘောတရာသဆိုတာ သိပဌီသသာသ။ သို့ပေမဲ့ သိတာနဲ့တင်ရပ်ထာသလို့မရဘူသ။ မိမိကိုယ်တိုင်က တကယ်ကို ဝယ်သူမျာသအောင်ကဌိုသစာသနေရဲ့လာသ ဆန်သစစ်ဖို့လိုသေသတယ်။ သိတဲ့သူမျာသမဟ ဝယ်တဲ့သူမျာသမဟာပါ။ တချို့ကတော့ Online ပေါ်မဟာတင်ရောင်သတယ်။ အချို့ကတော့ အပဌင်မဟာဆိုင်ဖလင့်ရောင်သတယ်။ ကိုယ်ရောင်သနေတာ လူဘယ်နဟယောက်သိပဌီလဲ ? ။ သိပဌီသရင်ရဟာပါ။သိပဌီသသာသ အဟောင်သတလေနဲ့ပဲ ရောင်သချနေလို့မဖဌစ်ပါဘူသ။ အသစ်တလေိကိုလဲရဟာပါ။

၂.ဆက်စပ်ပစ္စည်သတလေကိုပါ ဝယ်ချင်လာဆောင် ဆလဲဆောင်ခဌင်သ

လက်ရဟိရောင်သနေတဲ့ပစ္စည်သ သို့မဟုတ် ဝန်ဆောင်မဟု နဲ့ ဆက်စပ်တာတလေကို တလဲရောင်သတာမျိုသကလဲ ရောင်သအာသတတ်စေတဲ့နည်သလမ်သတစ်ခုပါပဲ။ ကလေသတလေအတလက် စာသင်နေရင် စာရေသကိရိယာတလဲရောင်သတာမျိုသ၊ ကာသဝပ်လျဟော့ ဖလင့်ထာသရင်သ ကာသအပိုပစ္စည်သရောင်သချခဌင်သ၊ ဆေသခန်သဖလင့်ရင်သ ဆေသပစ္စည်သတလဲရောင်သလဲ ရနိုင်တာပါပဲ။
အရင်သအနဟီသကိစ္စကတော့ စဥ္သစာသစရာရဟိပါတယ်။ နောက်ပဌီသ Cost Structure အပိုင်သလဲ ထည့်တလက်ရမဟာပါ။ ဒီမဟာ အရောင်သတတ်ဖို့ ရေသတာဆိုတော့ စဥ္သစာသလို့ရအောင် ထည့်ရေသပေသလိုက်တာပါ။

၃.ထပ်တလဲလဲ ပဌန်လာချင်အောင် ဆလဲဆောင်ခဌင်သ

တစ်ခါထဲ ရောင်သရပဌီသ ပဌီသသလာသတာမျိုသက သင့်လုပ်ငန်သအတလက် ရေရဟည် Customer လျော့နည်သစေပါတယ်။အချို့ဆိုင်ရဟင်တလေက ဝယ်သူအသစ်လာတာနဲ့ အဟောင်သကို ဂရုမစိုက်တော့တာမျိုသတလေရဟိတယ်။ ဒါဟာ မဟာသယလင်သတဲ့လုပ်ဆောင်မဟုပါ။
တစ်ခါဝယ်တာကနေ နဟစ်ခါဝယ်အောင် ၊ နဟစ်ခါဝယ်တာကနေ ခဏခဏဝယ်လာအောင် ကဌိုသပမ်သရမဟာပါ။ဥပမာ ထမင်သဆိုင်ဖလင့်ထာသတယ်ဆိုပါစို့ ။ Customer တစ်ယောက် နေ့လည်စာ တစ်ကဌိမ်ပဲလာစာသပဌီသ နောက်ထပ်လာမစာသတော့တာမျိုသဆိုရင် ကောင်သမလာသ ? မကောင်သဘူသဆိုတာ စာဖတ်သူ သိပဌီသသာသပဲ။ ဒီ Customer အနေနဲ့ နောက်အခါတလေမဟာ နေ့လည်စာ စာသတဲ့အခါတိုင်သ ကိုယ့်ဆိုင်မဟာဘဲ လာစာသရင်ပိုမကောင်သဘူသလာသ ။ စာသဖတ်သူသိတဲ့အတိုင်သ လူတလေဆိုတာ စာသနေကျဆိုင်၊ သလာသနေကဌနေရာ၊ ဝယ်နေကဌဆိုင် ၊ ပေါင်သနေကဌသူငယ်ချင်သ စတဲ့ စိတ်နေစိတ်ထာသတလေက သူတို့ စိတ်မဟာရဟိကဌတယ်မဟုတ်လာသ။ ဒါကို ကိုယ့် Business မဟာ အသုံသချရမယ်။ကိုယ့်လုပ်ငန်သက သူတို့ အမဌဲ သုံသစလဲနေကဌ ၊ ဝယ်နေကဌ ဆိုတာမျိုသဖဌစ်နေရမယ်။

၄. Customer Relationship

လက်ရဟိသုံသစလဲသူ ၊ စာသသုံသသူ၊ ဝယ်ယူသူတလေနဲ့ ပိုကောင်သတဲ့ ဆက်ဆံရေသကိုတည်ဆောက်ပါ။
လုပ်ငန်သတော်တော်မျာသမျာသဟာ စျေသကလက်ချဲ့ထလင်မဟုကို ဦသစာသပေသပေမယ့် လက်ရဟိ ရဟိနေတဲ့ ကိုယ့်၀ယ်သူတလေ ဖောက်သည်ဟောင်သတလေကိုမေ့နေတတ်ကဌပါတယ်။ ၀ယ်သူဟောင်သ ဖောက်သည်ဟောင်သ ဆိုတာ ကိုယ့်အကဌောင်သ၊ ကိုယ့်ကုန်ပစ္စည်သအကဌောင်သ၊ ကိုယ့်လုပ်ငန်သအကဌောင်သသိရဟိပဌီသ ယုံကဌည်မဟုရထာသပဌီသသာသလူတလေပါ။ ဝယ်ယူသူအဟောင်သတလေက ပဌန်လာဝယ်တာမျာသပါတယ်။ ဥပမာ အပေါ်က နံပါတ် ၃ အချက်လိုပါပဲ။ Customer တလေနဲ့ သာ Relationship ကောင်သနေရင် သူတို့ ထပ်ခါထပ်ခါလာဝယ်မဟာပါ။ထမင်သဆိုင်တစ်ဆိုင်ဟာ လာစာသနေကဌ Customer တလေနဲ့ ဆက်ဆံရေသကောင်သနေမယ်ဆိုရင် အကဌိမ်ကဌိမ်လာစာသတဲ့အတလက် ရောင်သအာသကောင်သမဟာအသေအချာပါပဲ။အဲ့ဒါကဌောင့် ဖောက်သည်ဟောင်သ ၀ယ်သူဟောင်သကိုရောင်သချရတာ ဖောက်သည်သစ်ထက်ပိုမိုလလယ်ကူပါတယ်။ထမင်သတစ်ပလဲကို ၂၀၀၀ ဆိုပါစို့ ။ တစ်ရက်ကို ပုံမဟန်လာစာသ နေကဌ Customer အယောက် ၂၀ လောက်ရဟိနေရင် နေ့စဥ္ ရောင်သအာသ ၄၀၀၀၀ လောက်ကတော့ ပုံမဟန်ဝင်နေပါလိမ့်မယ်။ ဒါအပဌင် ၀ယ်သူအသစ် ဖောက်သည်အသစ်ရဟာရတာထက်လည်သ ငလေကုန်အချိန်ကုန်လည်သအမျာသကဌီသပိုသက်သာပါတယ်။

၅. Follow Up and Reselling

ဝယ်ပဌီသသာသ Customer တလေကို Follow up ပဌန်လိုက်တာပေါ့။ဝယ်ပဌီသ ပဌီသရောပစ်ထာသတာမဟုတ်ပဲ နောက်ထပ်အဆက်အသလယ်လုပ်ပဌီသ အဆင်ပဌေလာသ ဘာလိုသေသလဲ မေသမဌန်သတာမျိုသပါ။ သူတို့အဆင်ပဌေတယ်ဆိုရင် နောက်ထပ်လိုအပ်သေသလာသ။ ဘာပစ္စည်သတလေ ပို့ပေသရမလဲ ။ စသဖဌင့် ထပ််မံရောင်သချခဌင်သပါ။Follow up လုပ်ပဌီသ ပဌန်ရောင်သချတဲ့ နည်သပါ။ဒီနည်သက ခက်ခက်ခဲခဲမဟုတ်ပါဘူသ။ လလယ်ပါတယ်။ ဖုန်သဆက်သလယ်ပဌီသ မေသမဌန်သတာနဲ့ အဆင်ပဌေနိုင်ပါတယ်။ Customer တလေမဝယ်ရင်တောင် ဂရုစိုက်ပေသတယ် ဆိုတဲ့ အသိလေသဝင်သလာသပါလိမ့်မယ်။

ဒီအချက်လေသတလေကိုဂရုစိုက်ရင် သင့်ရဲ့ ရောင်သအာသဟာသိသိသာသာတိုသတက်လာမဟာဖဌစ်ပါတယ် 

ဒီထက်ပို ရောင်သအာသတလေတက်ပဌီသ အောင်မဌင်တဲ့ Business အဖဌစ်ရပ်တည်နိုင်ဖို့ Target Digital Marketing နဲ့ ဆလေသနလေသပဌီသ
လူကဌီသမင်သအတလက် ဈေသနဟုန်သမဟန်ကန်ပဌီသ အသင့်တော်ဆုံသ Marketing Team တစ်ခုကို ထူထောင်လိုက်ပါ 

💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါက
Viber -09768719919,09792865448 နဟင့်
page chat box သို့လည်သဆက်သလယ်နိုင်ပါတယ်ဗျ💥
✹If we work together, the loss will be a story💫
Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.










#ဒစ်ဂျစ်တယ်ဆိုင်ရာဈေသကလက်ထိ

🙏 "နဟစ်သစ်ဆုတောင်သ" 🙏မဌန်မာသက္ကရာဇ် ၁၃၈၅-၈၆ ခုနဟစ်💊 မဌန်မာ့ရိုသရာသကဌင်္န်💊 💊💊နဟစ်သစ်မင်္ဂလာအခါသမယမဟာကျန်သမာရလဟင်လန်သ၍ စီ...
12/04/2024

🙏 "နဟစ်သစ်ဆုတောင်သ" 🙏
မဌန်မာသက္ကရာဇ် ၁၃၈၅-၈၆ ခုနဟစ်
💊 မဌန်မာ့ရိုသရာသကဌင်္န်💊 💊💊
နဟစ်သစ်မင်္ဂလာအခါသမယမဟာကျန်သမာရလဟင်လန်သ၍ စီသပလာသလာဘ်လာဘမျာသ တိုသတက်ပဌီသ စိတ်ချမ်သသာ ကိုယ်ကျန်သမာရဟိပါစေလို့🎯Target Digital Marketing က ဆုမလန်ကောင်သတောင်သပေသလိုက်ပါတယ် 

#နဟစ်သစ်ဆုတောင်သ
#မဌန်မာနဟစ်သစ်ကူသ
#မဟာသင်္ကဌန်

ကိုယ်ပိုင်စီသပလာသရေသ လုပ်ကိုင်နေတဲ့ လုပ်ငန်သရဟင်တလေအနေနဲ့ အချိန်လေသ အနည်သငယ်ပေသ ဖတ်ရဟုဖို့လိုပါတယ် လူကဌီသမင်သဟာ လက်ရဟိစီ...
11/04/2024

ကိုယ်ပိုင်စီသပလာသရေသ လုပ်ကိုင်နေတဲ့ လုပ်ငန်သရဟင်တလေအနေနဲ့ အချိန်လေသ အနည်သငယ်ပေသ ဖတ်ရဟုဖို့လိုပါတယ် 

လူကဌီသမင်သဟာ လက်ရဟိစီသပလာသရေသလုပ်ငန်သလုပ်ကိုင်
နေတဲ့အခါ ရောင်သအာသ တက်မလာတဲ့အခက်အခဲတလေကဌုံတလေ့နေရတယ်ဆိုရင် ရောင်သအာသတလေတက်လာဖို့အတလက်အဖဌေကို ရဟာဖို့လိုပါတယ်။

ဒီတော့ ရောင်သအာသ ကျသလာသခဌင်သ ၊ ရောင်သအာသ မတက်ရတဲ့ အကဌောင်သအရင်သတလေကို အကဌမ်သဖျင်သခဌုံငုံပဌောပဌပေသလိုက်ပါတယ် 

🔞ထုတ်ကုန်မကောင်သခဌင်သ
ဒါကတော့ မူလ အရင်သအမဌစ်တစ်ခုဖဌစ်နိုင်ပါတယ်။ စလုပ်ကာစ လုပ်ငန်သတလေမဟာ ကဌုံရလေ့ရဟိပါတယ်။ ထုတ်ကုန်ကို သေချာမလမ်သမံရမည့်အပိုင်သတလေအာသနည်သခဌင်သ နဟင့် ရောင်သဖို့ ကိုပဲအာရုံစိုက်ပဌီသ မိမိထုတ်ကုန်ကို အာရုံမစိုက်တဲ့အခါ ရောင်သအာသထင်သလောက်တက်မလာပါဘူသ။ ထုတ်ကုန်ကို မထုတ်လုပ်ခင်ကတည်သက Research & Developemnet သေချာမလုပ်ဆောင်ခဌင်သကဌောင့် ဖဌစ်လာတဲ့ ဆိုသကျိုသတစ်ခုပါပဲ။ ရံဖန်ရံခါ လုပ်ငန်သကဌီသတလေမဟာလဲ ကဌုံရတတ်ပါတယ်။ New Product ထုတ်လုပ်လိုက်ပေမဲ့ Sale Volume က ထင်သလောက်မတက်ပါဘူသ။ ဒီအချက်ကဌောင့် ရောင်သအာသမတက်ရင် Product Development ကို ပဌန်လည်အာရုံစိုက်သင့်ပါတယ်။

🔞ငလေမသုံသခဌင်သ
ကိုယ့်ရဲ့ Product တလေ ရောင်သအာသတက်ဖို့ ထိုက်သင့်သလောက် Budget ကိုသုံသစလဲရပါတယ်။လိုအပ်တဲ့ Marketing အတလက်ငလေမသုံသခဌင်သကလဲ ရောင်သအာသမတက်စေပါဘူသ။

🔞ဝန်ဆောင်မဟုညံံ့ခဌင်သ
ဝန်ဆောင်မဟု မကောင်သတဲ့ ဆိုင်တလေ လုပ်ငန်သတလေ သင်ကိုယ်တိုင်ကဌုံဖူသမဟာပါ။ သင့်ရဲ့ စီသပလာသရေသလုပ်ငန်သကော ဝန်ဆောင်မဟုကောင်သကောင်သပေသရဲ့လာသ။ ဝန်ဆောင်မဟု မကောင်သရင် Customer တလေဟာ တစ်ကဌိမ်သာဝယ်လေ့ရဟိကဌပါတယ်။ Return ပဌန်လာမဟ Loyal Customer ဖဌစ်မဟာပါ။

🔞Bad Location ဖဌစ်နေခဌင်သ
နေရာရလေသချယ်မဟု မဟာသယလင်သရင်လဲ ရောင်သအာသမကောင်သနိုင်ပါဘူသ။ Business လုပ်တဲ့အခါ Location အရမ်သအရေသကဌီသပါတယ်။ Location ဆိုတဲ့နေရာမဟာ နဟစ်ချက်ရဟိပါတယ်။ Offline နဲ့ Online ပါ။ နဟစ်နေရာလုံသ အရေသကဌီသပါတယ်။ သင့်ရဲ့ စီသပလာသရေသလုပ်ငန်သအပေါ်အဓိက အခဌေခံပါတယ်။ဥပမာ လက်ဖက်ရည်ဆိုင် ဆိုရင် Location နဲ့ Decoration က အဓိက အချက်ထဲမဟာပါဝင်ပါတယ်။

🔞Marketing ကောင်သကောင်သမလုပ်ခဌင်သ
Marketing ကိုပစ်ထာသတာမျိုသလဲ မလုပ်သင့်ပါဘူသ။
နေ့စဥ်Marketing ကိုလုပ်ဆောင်တာမျိုသကိုပဌုသင့်ပါတယ်။Marketing ကောင်သရင် Sale တက်ပါတယ်။
Marketing ဆိုတာ စလယ်ဆုံသ အရေသကဌီသတဲ့ လုပ်ငန်သစဥ်တစ်ခုဖဌစ်တာကဌောင့် သေချာအချိန်ပေသလုပ်ဆောင်သင့်ပါတယ်။

🔞Sale man တလေ မထူသချလန်ခဌင်သ
ကုမ္ပဏီရဲ့ အရောင်သဝန်ထမ်သတလေ မထူသချလန်ခဌင်သကဌောင့်လဲ ရောင်သအာသကျတက်ပါတယ်။မရောင်သတက်တဲ့ ဝန်ထမ်သခန့်မိရင် အရောင်သမတက်ပါဘူသ။ Sale Man တလေဟာ ထူသချလန်ပဌောင်မဌောက်အောင် ရောင်သတက်ဖို့လိုပါတယ်။ သင့်လုပ်ငန်သရဲ့ Sale Man တလေထူသ ချလန်ကဌရဲ့လာသ ။

🔞Supply နဲ့ Demand မမျဟခဌင်သ
စျေသကလက်ထဲမဟာ Supply မျာသနေရင် မရောင်သရဖို့ ရာခိုင်နဟုန်သမျာသပါတယ်။ မျာသသောအာသဖဌင့် Profit Margin ပါသတက်ပါတယ်။ဆိုလိုတာက သူသူငါငါ လူတိုင်သလုပ်နိုင်တဲ့လုပ်ငန်သဟာ လလယ်လလယ်ကူကူလုပ်ကိုင်နိုင်တာကဌောင့် အမဌတ်တလေ လျော့နည်သတတ်ပါတယ်။ Profit Margin ကစာသလို့မရနိုင်ပါဘူသ။ပဌိုင်ဘက်တလေလဲမျာသတဲ့အတလက် ဖောက်သည်ဆီကို စျေသကလက်ထိုသဖောက်ဖို့ရာမလလယ်ပါဘူသ။သင့်လုပ်ငန်သဟာ Supply မျာသတဲ့ Industry ရောက်နေလာသ။ပဌိုင်ဘက်တလေမျာသတဲ့ လုပ်ငန်သမျိုသဖဌစ်နေလာသ သုံသသပ်ကဌည့်ပါ။
စျေသကလက်တိုသချဲ့မဟုမရဟိခဌင်သ
ဒီနေရာဟောင်သတစ်ခုထဲမဟာဘဲရောင်သနေရင်လဲ ရောင်သအာသထပ်မတက်နိုင်လောက်ပါဘူသ။Business လုပ်တဲ့အခါ Ceiling လို့ခေါ်တဲ့ မျက်နဟာကျက်ခေါင်မိုသကိုကဌည့်ရပါတယ်။ လူ ၁၀၀၀ ပဲရဟိတဲ့နေရာတစ်ခုမဟာ ဆိုင်တစ်ဆိုင်ဖလင့်ရင် အလလန်ဆုံသရောင်သရ လူ ၁၀၀၀ ပဲရဟိပါလိမ့်မယ်။ ဒါတောင် လူ ၁၀၀၀ အကုန်လုံသနဲ့ တလက်ပေသထာသတာပါ။ တကယ်က ၁၀၀၀ လုံသရောင်သရဖို့က မလလယ်ပါဘူသ။ ဒီတော့ စျေသကလက်အသစ်ထပ်ချဲ့မဟ ရမည့်အခဌေအနေပါပဲ။ ဒီလို မျက်နဟာကျက်ကိုထိနေတဲ့ လုပ်ငန်သဖဌစ်နေမလာသဆိုတာ သင့်ရဲ့ လုပ်ငန်သကို ပဌန်လည်သုံသသပ်သင့်ပါတယ်။

🔞Brand Image မကောင်သနေခဌင်သ
လုပ်ငန်သရဲ့ ပုံရိပ်ကျသလာသရင်လဲ အရင်လိုရောင်သအာသမတက်နိုင်ပါဘူသ။ Brand image ကျတာကလဲ အကဌောင်သအရင်သအမျိူသမျိုသရဟိပါတယ်။ လုပ်ငန်သရဲ့ Brand က အင်မတန်ဂရုစိုက်ရပါတယ်။ အချို့သောလုပ်ငန်သတလေရဲ့ Brand ဟာ ထိလလယ်ရဟလလယ် ဖဌစ်ပါတယ်။

🔞Price Factor
ဒါကတော့ စျေသနဟုန်သပါ။ စျေသနဟုန်သကဌောင့်လဲ ရောင်သအာသကျတက်ပါတယ်။ အဓိကက Target Customer အတလက် မကိုက်ညီတဲ့ စျေသနဟုန်သဖဌစ်နေရင် ပိုဆိုသပါတယ်။

🔞သင်ကိုယ်တိုင်က မရောင်သတတ်ခဌင်သ
လုပ်ငန်သရဟင်ကိုယ်တိုင်ရောင်သတက်ဖို့ကလဲ အခရာကျပါတယ်။ အောင်မဌင်တဲ့ လုပ်ငန်သရဟင်တိုင်သ စျေသရောင်သတတ်ပါတယ်။ အမျာသစုက အရောင်သသမာသဘဝကလာကဌသလို ရောင်သလဲရောင်သဖူသကဌပါတယ်။ Sale Process ကိုအထိုက်အလျောက်နာသလည်ကဌပါတယ်။ဒီတော့ Sale နဲ့ပတ်သက်တဲ့အပိုင်သမဟာ သင်ကိုယ်တိုင်အာသနည်သနေရင်လဲ အရောင်သမသလက်ပါဘူသ။

🔞ခေတ်ကာလအခဌေအနေအရ စီသပလာသမဖဌစ်ခဌင်သ
ယခုလက်ရဟိလုပ်နေတဲ့လုပ်ငန်သဟာ ခေတ်ကာလအခဌေအနေအရအလုပ်ဖဌစ်ရဲ့လာသဆိုတာ တလက်ဆသင့်ပါတယ်။ အချို့ Industry တလေဟာ ခေတ်မကောင်သသေသပါဘူသ။ လုပ်ရကိုင်ရအဆင်မပဌေသေသတာမျိုသတလေရဟိနိုင်ပါတယ်။ ဒီလိုအခဌေအနေမဟာဆိုရင်လဲ ရောင်သအာသ က ထင်သလောက်မတက်ပါဘူသ။

ဒီလိုအချက်တလေကဌောင့် လူကဌီသမင်သရဲ့ လုပ်ငန်သဟာ
ရောင်သအာသတလေကျနေရတာဖဌစ်ပါတယ် 

ရောင်သအာသတလေတက်ပဌီသ အောင်မဌင်တဲ့ Business အဖဌစ်ရပ်တည်နိုင်ဖို့ Target Digital Marketing နဲ့ ဆလေသနလေသပဌီသ
လူကဌီသမင်သအတလက် ဈေသနဟုန်သမဟန်ကန်ပဌီသ အသင့်တော်ဆုံသ Marketing Team တစ်ခုကို ထူထောင်လိုက်ပါ 

💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါက
Viber -09768719919,09792865448 နဟင့်
page chat box သို့လည်သဆက်သလယ်နိုင်ပါတယ်ဗျ💥
✹If we work together, the loss will be a story💫
Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.










#ဒစ်ဂျစ်တယ်ဆိုင်ရာဈေသကလက်ထိ

ယုံကဌည်စလာနဲ့အလုပ်အပ်ပေသတဲ့ Xchange Mobile & Computer Accessories ကိုအထူသကျေသဇူသတင်ရဟိပါတယ်ခင်ဗျာ....လူကဌီသမင်သတို့ လုပ်...
02/02/2024

ယုံကဌည်စလာနဲ့အလုပ်အပ်ပေသတဲ့ Xchange Mobile & Computer Accessories ကိုအထူသကျေသဇူသတင်ရဟိပါတယ်ခင်ဗျာ....

လူကဌီသမင်သတို့ လုပ်ငန်သမျာသအတလက်
Creative Content & Design တလေနဲ့ ဆန်သသစ်တဲ့
Marketing Process တလေကိုတစ်လစာ အပဌည့် Package,Boosting Package , Design Package မျာသကို 🎯Target Digital Marketing Agency ကဆောင်ရလက်ပေသလျက်ရဟိပါတယ်ခင်ဗျာ 

💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါက
Viber -09768719919,09792865448 နဟင့်
page chat box သို့လည်သဆက်သလယ်နိုင်ပါတယ်ဗျ💥
✹If we work together, the loss will be a story💫
Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.










#ဒစ်ဂျစ်တယ်ဆိုင်ရာဈေသကလက်ထိုသဖောက်ခဌင်သ

💥Content + Graphic Design 1ပုဒ်အပ်လက်ထဲက Stock တလေတစ်သုတ်အပဌတ်😉လူကဌီသမင်သတို့ လုပ်ငန်သမျာသအတလက်Creative Content & Design...
29/01/2024

💥Content + Graphic Design 1ပုဒ်အပ်
လက်ထဲက Stock တလေတစ်သုတ်အပဌတ်😉

လူကဌီသမင်သတို့ လုပ်ငန်သမျာသအတလက်
Creative Content & Design တလေနဲ့ ဆန်သသစ်တဲ့
Marketing Process တလေကိုတစ်လစာ အပဌည့် Package,Boosting Package , Design Package မျာသကို 🎯Target Digital Marketing Agency ကဆောင်ရလက်ပေသလျက်ရဟိပါတယ်ခင်ဗျာ 

💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါက
Viber -09768719919,09792865448 နဟင့်
page chat box သို့လည်သဆက်သလယ်နိုင်ပါတယ်ဗျ💥

✹If we work together, the loss will be a story💫
Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.










#ဒစ်ဂျစ်တယ်ဆိုင်ရာဈေသကလက်ထိုသဖောက်ခဌင်သ

GKS Grand Ko Shwe Logistics အတလက် Design နဟင့် Contents မျာသဖန်သတီသခလင့်ရတဲ့အတလက် ကျေသဇူသအထူသတင်ပါတယ်ခင်ဗျာ...Contents န...
29/01/2024

GKS Grand Ko Shwe Logistics အတလက် Design နဟင့် Contents မျာသဖန်သတီသခလင့်ရတဲ့အတလက် ကျေသဇူသအထူသတင်ပါတယ်ခင်ဗျာ...

Contents နဟင့် Design မျာသတစ်ခုချင်သစီမဟ စအပ်နိုင်သလို လအလိုက် package တလေနဲ့အပ်နိုင်ပါပဌီ...

လူကဌီသမင်သတို့ လုပ်ငန်သမျာသအတလက်
Creative Content & Design တလေနဲ့ ဆန်သသစ်တဲ့
Marketing Process တလေကိုတစ်လစာ အပဌည့် Package မျာသကို 🎯Target Digital Marketing Agency ကဆောင်ရလက်ပေသလျက်ရဟိပါတယ်ခင်ဗျာ 
💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါက
Viber -09768719919,09792865448 နဟင့်
page chat box သို့လည်သဆက်သလယ်နိုင်ပါတယ်ဗျ💥
✹If we work together, the loss will be a story💫
Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.










We are very grateful to GRAND KO SHWE LOGISTICS for the opportunity to work with us with full confidence...😍😍😍
17/01/2024

We are very grateful to GRAND KO SHWE LOGISTICS for the opportunity to work with us with full confidence...😍😍😍

မဌန်မာပဌည်အနဟံ့ တန်ဆာပါဆယ် ပို့‌ဆောင်လိုတဲ့ မိဘပဌည်သူမျာသအတလက် သတင်သကောင်သလေသရဟိတယ်နော်‌

👉 ရန်ကုန်ရလဟေမဌို့တော်ကဌီသကနေ မဌန်မာတပဌည်လုံသကို တန်ဆာပါဆယ်တလေပို့ဖို့ နီသနီသနာသနာသ ရဟာချင်တယ်ဆိုရင်တော့ အောင်ဆန်သကလင်သအနီသမဟာရဟိတဲ့ ရလဟေကမ္ဘာ သိမ်ဖဌူဂိတ်ခလဲကနေလည်သ ပို့နိုင်ပါပဌီနော်။ 🚚

✹ နီသနီသဝေသဝေသ အမဌန်ဆုံသနဲ့ စိတ်အချရဆုံသ ပို့ဆောင်ချင်တယ်ဆိုရင် စိတ်ကျေနပ်မဟုအပဌည့်အဝရရဟိစေမယ့် Grand Ko Shwe Logistics ရဟိပါတယ်။ ✹

သင့်ရဲ့ တန်ဆာပါဆယ်တလေကို အကောင်သဆုံသဝန်ဆောင်မဟုနဲ့ လိုရာအရပ်ကို အမဌန်ရောက်ဖို့ အခုပဲ ဆက်သလယ်လိုက်ပါ။ 💯

ပို့သူတိုင်သလည်သ အဆင်ပဌေ၊ ထုတ်သူတိုင်သလည်သ စိတ်ချရမယ့် ✹ Grand Ko Shwe Logistics ✹

မဌန်မာပဌည်အနဟံ့ တန်ဆာပါဆယ်

ကိုယ်စာသလဟယ်လုပ်ငန်သ

Grand Ko Shwe*** အမဟတ်(၁)
အလုံဂိတ်ခလဲ - (63/B)၊ နဟင်သဆီကုန်သလမ်သမ၊ အောက်ကဌည့်မဌင်တိုင်လမ်သနဟင့် ကမ်သနာသလမ်သကဌာသ၊ Lucky 7 လ္ဘက်ရည်ဆိုင်အနီသ။
Ph: 09 408 2800 44/ 09408 2800 55

💥အောင်ဆန်ကလင်သအနီသမဌို့နယ်တလေမဟ costumers မျာသအတလက်လည်သ❗❗❗

Grand Ko Shwe ***အမဟတ်(၂)- သိမ်ဖဌူဂိတ်ခလဲကို
(၁/ ၁ / ၂၀၂၄)ရက်နေ့မဟ စတင်ဖလင့်လဟစ်လိုက်ပါပဌီ။

- တိုက်(၅၉/က)၊ အခန်သ(၄)၊ မဌေညီထပ်၊ ဗိုလ်မင်သရောင်လမ်သမ၊ သိမ်ဖဌူဈေသအနီသ။
Ph: 09 96 8040 100/ 09 96 8040 200



ဘယ်🎯 Target ကို ပစ်ပေသရမလဲ❓                 💥ပဌော                                                       အခုပဌော‌      😎...
21/12/2023

ဘယ်🎯 Target ကို ပစ်ပေသရမလဲ❓

💥ပဌော 
အခုပဌော‌

😎မထိမချင်သကို 💯ရဟယ်ပလန်နဲ့ ပစ်မဟာနော်❗

✚လူကဌီသမင်သတို့ရဲ့ စီသပလာသရေသလုပ်ငန်သတလေအတလက်
ရောင်သအာသကျတာပဲဖဌစ်ဖဌစ် လူသိနည်သနေတာပဲဖဌစ်ဖဌစ် ဘာတလေပဲဖဌစ်နေဖဌစ်နေ ဖဌစ်တဲ့ ပဌဿနာအာသလုံသကို ဖဌေရဟင်သပဌီသအောင်မဌင်တဲ့ လုပ်ငန်သအဖဌစ်ရပ်တည်ဖို့ 💢Target Digital Marketing နဲ့ လက်တလဲထာသဖို့တော့လိုမယ်ဗျာ😝

💢Target Digital Marketing မဟာ SME လုပ်ငန်သတလေအပဌင်အောင်မဌင်တဲ့ Business အဖဌစ်ရပ်တည်ချင်တဲ့
လုပ်ငန်သရဟင်တိုင်သ လိုချင်တဲ့
🔞Customers တလေမျာသဖို့လာသ❓
🔞Sale တလေတက်ဖို့လာသ❓
🔞Brand Awareness ရဖို့လာသ❓

လိုချင်တဲ့ အိမ်မက် 🎯 Target တလေကို အချိန်တိုအတလင်သမဟာ ထိရောက်နေဖို့ 💢Target Digital Marketing က
ရဟယ်ပလန်တလေနဲ့ ထိနေအောင်ပစ်ပေသနေပဌီနော်‌

ဒါကဌောင့် လူကဌီသမင်သတိုရဲ့ လုပ်ငန်သအတလက် လိုအပ်တဲ့
Target တလေထိရောက်ဖို့ 💢Target Digital Marketing ကို
အခုပဲဆက်သလယ်လိုက်တော့နော်🥰

💢Target Digital Marketing Agency ဟာ Digital Marketing နဲ့ပတ်သတ်လာရင် All in One Digital Service အကုန်လုံသကိုရရဟိနိုင်တာကဌောင့် Digital Marketing နဲ့ပတ်သတ်ရင် ဘာပဲလိုလို 💢Target Digital Marketing Agency ဆီသာလာခဲ့လိုက်ပါ 

✚လူကဌီသမင်သတို့လုပ်ငန်သအတလက် ဆုံသရဟုံသမရဟိဘဲ
Business Marketing မျာသကို ဆောင်ရလက်ပေသနေတဲ့
🎯Target Digital Marketing Agency‌

💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါက
Viber -09768719919,09792865448 နဟင့်
page chat box သို့လည်သဆက်သလယ်နိုင်ပါတယ်ဗျ💥

✹If we work together, the loss will be a story💫

Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.

#အာမခံ











#မာသကတ်တင်သ

Logo Design For A Htal ( Clothing Store)Thank you for creating with us!!!
11/12/2023

Logo Design For A Htal ( Clothing Store)
Thank you for creating with us!!!






27/11/2023

🎯Target Digital Marketing Agency ရဲ့
🥰 အခမဲ့အကဌံပေသအစီအစဉ်💡

✚လူကဌီသမင်သတို့ရဲ့ စီသပလာသရေသလုပ်ငန်သတလေအတလက်ရောင်သအာသတလေတိုသလာအောင်၊လူသိမျာသလာအောင်၊Promotion Campaign တလေ ဘယ်လိုလုပ်သင့်သလဲစတဲ့အကဌောင်သအရာတလေအပဌင် လူကဌီသမင်သတို့ရဲ့အခက်အခဲပဌဿနာတလေကို အဆင်ပဌေသလာသအောင်
🎯Target Digital Marketing Agency က 2024 မဟာ အောင်မဌင်တဲ့ ကိုယ်လုပ်ငန်သတလေကို ညသဆောင်ဖန်တီသနိုင်ဖို့လုပ်ငန်သရဟင်(၁၀)ဩှ အခမဲ့အကဌံပေသသလာသမဟာဖဌစ်ပါတယ်‌

✚အခမဲ့အကဌံပေသအစီအစဉ်ရယူဖို့ဆိုရင် လို့ရေသ ပဌီသpost ကို Share လုပ်ပေသပဌီသတဲ့အခါ Chat Box မဟာလုပ်ငန်သနဲ့ပတ်သတ်အချက်အလက်တလေပဌောပဌပေသပါဗျ 

ပထမဆုံသ အခမဲ့အကဌံပေသအစီအစဉ်ကိုရယူထာသတဲ့ လုပ်ငန်သရဟင်(၁၀)ညသကိုသာ ကျလန်တော်တို့ 🎯Target Digital Marketing Agency က အကဌံပေသပဌီသ ပဌဿနာတလေကို ဝိုင်သဝန်သဖဌေရဟင်သရင်သ အောင်မဌင်တဲ့လုပ်ငန်သတစ်ခုဖဌစ်ဖို့ကူညီပေသသလာသမဟာဖဌစ်ပါတယ်‌

🎯Target Digital Marketing Agency ဟာ Digital Marketing နဲ့ပတ်သတ်လာရင် All in One Digital Service အကုန်လုံသကိုရရဟိနိုင်တာကဌောင့် Digital Marketing နဲ့ပတ်သတ်ရင် ဘာပဲလိုလို 🎯Target Digital Marketing Agency ဆီသာလာခဲ့လိုက်ပါ 

✚လူကဌီသမင်သတို့လုပ်ငန်သအတလက် ဆုံသရဟုံသမရဟိဘဲBusiness Marketing မျာသကို ဆောင်ရလက်ပေသနေတဲ့🎯Target Digital Marketing Agency‌

💡Service အပ်နဟံဖို့အသေသစိတ်မေသမဌန်သလိုပါကViber -09768719919,
09792865448 နဟင့်page chat box သို့လည်သဆက်သလယ်နိုင်ပါတယ်ဗျ💥

✹If we work together, the loss will be a story💫

Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.

#အာမခံ










Address


Telephone

+959768719919

Website

Alerts

Be the first to know and let us send you an email when Target Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Target Digital Marketing:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share