Korea Cele News

  • Home
  • Korea Cele News

Korea Cele News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Korea Cele News, Media/News Company, .

အချစ်တွေ ထုံမွှမ်းနေတဲ့ February လလေးမှာ ကိုယ်ချစ်ရတဲ့သူအတွက် ချောကလက်တွေ ပန်းစည်းတွေပဲ ပေးနေတော့မှာလား???  အများနဲ့မတူဘ...
11/02/2022

အချစ်တွေ ထုံမွှမ်းနေတဲ့ February လလေးမှာ ကိုယ်ချစ်ရတဲ့သူအတွက် ချောကလက်တွေ ပန်းစည်းတွေပဲ ပေးနေတော့မှာလား??? အများနဲ့မတူဘဲ လှနေမယ့် လက်ဆောင်လေးတွေကော ပေးဖို့ စိတ်ကူးရှိထားပြီလား??? 😍😍😍

ကိုယ်ချစ်ရတဲ့ ချစ်သူလေး အသားအရေ လှပပြီး တဆင့်ဖြူဝင်းကြည်ဖို့အတွက်ဆို The Vonchie ရဲ့ Wash Off Mask လေးဝယ်ပြီး Surprise တိုက်လိုက်နော် 🥰🥰🥰

အနေဝေးနေတဲ့ ချစ်သူတွေအတွက်လည်း မင်မင်တို့က ပေါင်းကူးတံတားအနေနဲ့ ပစ္စည်းလေး ပို့ပေးသွားမှာမို့ အနေဝေးလည်း စိတ်ချင်းနီး‌ဖို့ စိတ်သာချလိုက် ☺️☺️☺️

Valentine's Day အတွက်လည်း Special Promotion အနေနဲ့ Wash Off Mask 2 ဘူးဝယ်ရင် ၁၀၀၀ ကျပ် လျှော့ပေးဦးမှာမို့ အခုပဲ မှာယူလိုက်တော့နော် 💕💕💕

Promotion Period: 11.2.2022 to 14.2.2022

#ဖြူဝင်းကြည်မည်thevonchie

09/01/2022

မင်မင်ရုပ်ကို သည်းခံပီးကြည့်ပေးပါ ရှင့်

The Vonchie Wash off mask (ပိုးဥ)
သုံးပုံသုံးနည်းလေးပြောပြထားပါတယ်ရှင့်🤗

ပါဝင်ပစ္စည်းတွေရဲ့ Qualityပိုင်းကိုလဲအသေးစိတ် ရှင်းပြပေးထားပါတယ် အဆုံးထိကြည့်ပေးပါကြရှင့်🥳🥳

The Vonchie Wash off mask 1buu-8000ks
Agentဝင်ချင်သူတွေ5ဘူးကစပီး ဝင်လို့ရပါတယ်
-34000ks

09/01/2022

😘😘

Hello , Good Morning 🥳မင်မင် Agentစစဝင်ချင်းက အခက်အခဲ အများကြီးရှိခဲ့တယ် ။ 11လပိုင်းမှာ ပိုးဥဘူး20ယူပီး သေချာမကြိုးစားတေ...
09/01/2022

Hello , Good Morning 🥳
မင်မင် Agentစစဝင်ချင်းက အခက်အခဲ အများကြီးရှိခဲ့တယ် ။ 11လပိုင်းမှာ ပိုးဥဘူး20ယူပီး သေချာမကြိုးစားတော့မရောင်းရ။ 😥😥

2021/11လပိုင်းမှာ 20ဘူးကနေ စပီး Agentဝင်ခဲ့တဲ့ တယ်။ 💜

2021/12လပိုင်းမှာ ပိုးဥ ဘူး100 ထပ်ယူ ခဲ့တယ်။

2022/1လပိုင်းမှာ Poe Ouu All sold outပါရှင့်။🎉🎉🎉
🎊
ဇွဲရှိရှိနဲ့ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ 💪💪💪

အရင်းအနှီးနဲနဲနဲ့ Online Businessလုပ်ချင်သူတွေ
Cb မှာအသေးစိတ်လာမေးလိုက်ပါ။
Warmly Welcome 😘😘😘😘

အောက်မှာပြထားတဲ့ Acc ကိုCbကနေလာhiပေးပါအလုပ်လုပ်ချင်တဲ့မမနဲ့ညီမလေးများ5000 ကျပ် အ ရင်း စိုက် နိုင် တာ နဲ့ 500000ks ထိ အ မ...
11/05/2021

အောက်မှာပြထားတဲ့ Acc ကိုCbကနေလာhiပေးပါအလုပ်လုပ်ချင်တဲ့မမနဲ့ညီမလေးများ

5000 ကျပ် အ ရင်း စိုက် နိုင် တာ နဲ့
500000ks ထိ အ မြတ် တွေ ပွား လို့ ရ ပြီ ဆို တာ
သိ ပြီး ပြီ လား

- အရင်း ( ဝင်ကြေး 5000ks) အပြီးအစီး

- အမြတ်
( မန်ဘာ ၁ယောက်ရ -4500ks)
( ၂ယောက် - 9000ks)
+
(အထည် ၁မျိုး ရောင်းရ-Bonus 4500ks)
( ၂မျိုး -9000ks)
ကိုယ်တိုင် ဝယ်စရာ၊ ပို့စရာမလိုပါ
အမြတ်ထပ်တင်ရောင်းနိုင်သညိ

1နေ့ 4500ks ဝင်ငွေရပါက 1လ
1နေ့ 9000ks ဝင်ပါက 1လ
1နေ့ 18000ks ဝင်ပါက 1လ

ကြိုးစားမှုအပေါ်မူတည်၍ တစ်လ ၅သိန်းအထက် ရှာနိုင်ပါပြီနော်

SOJ နဲ့ ချိတ်ဆက်ရင်း 5000ks မှ 500000ks စီသို့

နေ့စဉ် ဝင်ငွေရယူကြဖို့ အခုပဲလျှောက်ထားလိုက်ပါနော်

5000 ကျပ် အ ရင်း စိုက် နိုင် တာ နဲ့ 500000ks ထိ အ မြတ် တွေ ပွား လို့ ရ ပြီ ဆို တာသိ ပြီး ပြီ လား- အရင်း ( ဝင်ကြေး 5000ks...
11/05/2021

5000 ကျပ် အ ရင်း စိုက် နိုင် တာ နဲ့
500000ks ထိ အ မြတ် တွေ ပွား လို့ ရ ပြီ ဆို တာ
သိ ပြီး ပြီ လား

- အရင်း ( ဝင်ကြေး 5000ks) အပြီးအစီး

- အမြတ်
( မန်ဘာ ၁ယောက်ရ -4500ks)
( ၂ယောက် - 9000ks)
+
(အထည် ၁မျိုး ရောင်းရ-Bonus 4500ks)
( ၂မျိုး -9000ks)
ကိုယ်တိုင် ဝယ်စရာ၊ ပို့စရာမလိုပါ
အမြတ်ထပ်တင်ရောင်းနိုင်သညိ

1နေ့ 4500ks ဝင်ငွေရပါက 1လ
1နေ့ 9000ks ဝင်ပါက 1လ
1နေ့ 18000ks ဝင်ပါက 1လ

ကြိုးစားမှုအပေါ်မူတည်၍ တစ်လ ၅သိန်းအထက် ရှာနိုင်ပါပြီနော်

SOJ နဲ့ ချိတ်ဆက်ရင်း 5000ks မှ 500000ks စီသို့

နေ့စဉ် ဝင်ငွေရယူကြဖို့ အခုပဲလျှောက်ထားလိုက်ပါနော်

စစ်မှုထမ်းပြီးနောက် အနာဂတ်အစီအစဉ်များကိုပရိသတ်များထံ ဝေမျှခဲ့တဲ့EXO အဖွဲ့ဝင် D.O.EXO အဖွဲ့ဝင် D.O. ဟာ စစ်မှုထမ်းမှု ပြီး...
26/01/2021

စစ်မှုထမ်းပြီးနောက် အနာဂတ်အစီအစဉ်များကိုပရိသတ်များထံ ဝေမျှခဲ့တဲ့EXO အဖွဲ့ဝင် D.O.

EXO အဖွဲ့ဝင် D.O. ဟာ စစ်မှုထမ်းမှု ပြီးဆုံးပြီးနောက် မကြာသေးမီက V Live မှ တစ်ဆင့် သူရဲ့ပရိသတ်များနှင့် အပြန်အလှန် ဆက်သွယ်ခဲ့ ပါတယ်။ ဇန်နဝါရီလ 26 ရက်နေ့တွင် D.O. ဟာ ပရိသတ်များမှ မေးခွန်းများကို ဖြေကြားပေးခဲ့ပြီး လာမယ့် သူရဲ့ဂီတနှင့် သရုပ်ဆောင်လှုပ်ရှားမှု များအတွက် အစီအစဉ်များနှင့် ပတ်သက်၍လည်း ပြောပြခဲ့ပါတယ်။
သူက “ မင်္ဂလာပါ၊ ကျွန်တော် စစ်တပ်ကနေ ချောချောမောမောနဲ့ ပြန်လာခဲ့ပါပြီ။ ကျွန်တော့်ကို စောင့်ဆိုင်းတဲ့ အတွက် ပရိသတ်အားလုံးကို တကယ်ပဲကျေးဇူးတင်ပါတယ်။ ” လို့ စတင် ပြောခဲ့ပါတယ်။ ထို့နောက် D.O. က သူရဲ့ သရုပ်ဆောင်မှုများ အတွက်လည်း အနာဂတ် အစီအစဉ်များကို မျှဝေခဲ့ပါတယ်။

“ကျွန်တော်က “The Moon” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးပါမယ်။ အသေးစိတ် ပြောပြလို့ မရသေးပေမယ့် တကယ် ပျော်ဖို့ကောင်းပါတယ်။ ဒါကြောင့် ပရိသတ်တို့ စောင့်မျှော်ပေးကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် စစ်တပ်ထဲမှာ ရှိစဉ်က လုပ်ချင်တာတွေ အများကြီး ရှိခဲ့တယ်။ ဂစ်တာတီးတတ်ဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် လေ့ကျင့်ဖို့အတွက် အချိန်အများကြီး မရခဲ့ဘူး။ ဒါပေမဲ့လည်း နောက်တခါထပ်ပြီးကြိုးစားပါဦးမယ်။ ဒါကြောင့် ယခု သင်ခန်းစာများယူပြီး ပရိသတ်တွေနဲ့ ဂီတကို မျှဝေချင်တယ်။ ”လို့ ပြောပြခဲ့ပါတယ်။

D.O. က သူရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်နှင့် ပတ်သက်ပြီး “ကျွန်တော် ကြိုးစား အလုပ်လုပ် နေပါတယ်။ သီချင်းတွေလည်းအဆင်သင့် ဖြစ်ပါပြီ။ သီချင်းစာသားလည်း ပြီးသွားရင် ကျွန်တော် သီချင်းတွေကို အသံသွင်းပြီးတာနဲ့ ပရိသတ်တွေ အမြန်ဆုံးနားထောင်လို့ရအောင် လုပ်ပေးပါ့မယ်။ ” လို့ပြောခဲ့ပါတယ်။

Sehun လည်း Vlive တွင် ပါ၀င်ခဲ့ပြီး D.O. ရဲ့ ကင်မရာကို ပြင်ပေးခဲ့ပါတယ်။ Sehun က ဘာဆက်လုပ်ဖို့ ရှိလဲလို့ မေးတဲ့အခါ သူလည်း မသိသေးဘူးလို့ ရီလျက် ပြောခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ D.O.က “ ကျွန်တော် အဆင်ပြေပြေနဲ့ အိမ်ပြန်လာပြီ ဆိုတာကို လူတိုင်းကို သိစေချင်လို့ live ကို လုပ်ခဲ့တယ်။

နောက်ကျနေပြီ ဆိုတော့ Goodnight ပါ။ အရသာရှိတဲ့ အစားအစာတွေအများကြီးကို စားပြီး အမြဲကျန်းမာ ပါစေ။ ပရိသတ်တို့ ပျော်ရွှင်ကြလိမ့်မည်ဟု မျှော်လင့်ပါတယ် ။ အနာဂတ် လှုပ်ရှားမှုများအတွက်လည်း ကျေးဇူးပြု၍ မျှော်လင့်ထားကြပါ။ ကျေးဇူးတင်ပါတယ် ။”လို့ ပြောပြီး live ကို အဆုံးသတ်ခဲ့ပါတယ်။ D.O. စစ်မှုမထမ်းမီ 2019 ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင်ထုတ်ခဲ့တဲ့ “ That’s Okay” သီချင်းအတွက်လည်း live versionဖြင့် ပြန်လည် ထုတ်ပေးခဲ့ ပါတယ်။

တောင်ကိုရီးယား Rap အဆိုတော် Iron တစ်ယောက် ရုတ်တရက် ကွယ်လွန်Show Me The Money 3 အစီအစဉ် runner-up တစ်ယောက်ဖြစ်တဲ့ rapper ...
26/01/2021

တောင်ကိုရီးယား Rap အဆိုတော် Iron တစ်ယောက် ရုတ်တရက် ကွယ်လွန်

Show Me The Money 3 အစီအစဉ် runner-up တစ်ယောက်ဖြစ်တဲ့ rapper Iron ကိုတော့ ပရိတ်သတ်တွေတော်တော်များများသိကြမှာပါ။

စိတ်မကောင်းစွာနဲ့ပဲ အသက် ၂၉ နှစ်သာရှိသေးတဲ့ Iron ဟာ ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။

Sports Kyunghyang ကနေတဆင့် ရဲတွေရဲ့ ထွက်ဆိုချက်ကတော့ Iron ရဲ့ခန္တာကိုယ်ကို တိုက်ခန်းရဲ့ အပြင်ဘက်မှာတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခန်းလုံခြုံရေးကနေပြီး တိုက်ခန်းအပြင်ဘက် ပန်းဘောင်နားမှာ လှဲနေတဲ့ Iron ကို ကိုရီးယားစံတော်ချိန် 10:25 AM မှာတွေ့ရှိခဲ့ပြီး ဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံက ကွယ်လွန်သွားပြီဆိုတဲ့‌ အကြောင်းကို တရားဝင်ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

Iron ကလွန်ခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလတုန်းက ဘေ့စ်ဘောတုတ်နဲ့သူများကိုရိုက်မိလို့ စွပ်စွဲခဲ့ရပြီး ၂၀၁၇ တုန်းကလည်း ချစ်သူကောင်မလေးကို ခြိမ်းခြောက်မှုနဲ့ ပါ စွပ်စွဲခံခဲ့ရတာပါ။ဘာအတွက်ကြောင့် ဒီလိုဖြစ်သွားလဲ ဆိုတာတော့ အတိအကျမသိရသေးပေမယ့် Iron ရဲ့ပရိတ်သတ်တွေရော မိသားစုဝင်တို့နဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းမိပါတယ်။

Suga ပြောပြခဲ့တဲ့ V တစ်ယောက် “Hwarang” မှာ သရုပ်ဆောင်တုန်းက BTS အဖွဲ့ဝင်တွေ ပံ့ပိုးခဲ့ပုံမင်းသားချောလေးတွေကို တဝကြီးတွေ့...
26/01/2021

Suga ပြောပြခဲ့တဲ့ V တစ်ယောက် “Hwarang” မှာ သရုပ်ဆောင်တုန်းက BTS အဖွဲ့ဝင်တွေ ပံ့ပိုးခဲ့ပုံ

မင်းသားချောလေးတွေကို တဝကြီးတွေ့ရတဲ့ Hwarang ရုပ်သံဇာတ်လမ်းတွဲကတော့ ပရိတ်သတ်တွေကြားမှာ တစ်ခေတ်ထခဲ့ပါတယ်။ ဒီမှုန်နေအောင်ချောတဲ့ မင်းသားလေးတွေထဲမှာတော့ ARMY တို့ရဲ့ အချစ်တော် V တစ်ယောက်ကလည်း ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

BTS အဖွဲ့သားတွေကတော့ တစ်ဦးကိုတစ်ဦးကူညီကြတာကတော့ ပရိတ်သတ်တွေအသိပါပဲ။ V လေးတစ်ယောက် Hwarang ကို ရိုက်ကူးတုန်းက BTS အဖွဲ့သားတွေက သူ့အတွက်အားအင်ဖြစ်စေခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ Suga က သူတို့တွေ V လေးတစ်ယောက် Hwarang ရိုက်ကူးရေးသွားတာနဲ့ မက်စေ့ချ်တွေ၊ ဟာသဓာတ်ပုံတွေ မကြာခဏပို့ပြီး အားပေးခဲ့ကြပါတယ်။

V တစ်ယောက် ရိုက်ကူးရေးလုပ်ရာမှာ စိတ်ပေါ့ပေါ့ပါးပါးနဲ့ သရုပ်ဆောင်နိုင်အောင် BTS အဖွဲ့သားတွေက အားပေးခဲ့ကြတာပါ။

Hwarang ကို ကြည့်ဖူးတဲ့ ပရိတ်သတ်တွေကလည်း V သရုပ်ဆောင်ခဲ့တဲ့ အပိုင်းတွေကိုလည်း‌ေပြာပြသွားပါဉီး။

တရုတ်၊ထိုင်းနဲ့ကိုးရီးယားရဲ့ Celebrity News တွေကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေမှာမို့ Page လေးကို LIKE & FOLLOW လုပ်ထားဖို့မမေ့နဲ့နော်။

သင့်ကို မျက်ရည်လည်သွားစေမယ့် RM (BTS) ရဲ့ ကြေကွဲဖွယ်အခိုက်အတန့်များအောင်မြင်တဲ့လမ်းကို လျှောက်လှမ်းဖို့ဆိုတာက ပန်းခင်းလမ...
26/01/2021

သင့်ကို မျက်ရည်လည်သွားစေမယ့် RM (BTS) ရဲ့ ကြေကွဲဖွယ်အခိုက်အတန့်များ

အောင်မြင်တဲ့လမ်းကို လျှောက်လှမ်းဖို့ဆိုတာက ပန်းခင်းလမ်းကိုလျှောက်ရသလိုတော့ မဟုတ်ပါဘူး။ အောင်မြင်သွားရင်တောင် ဆက်ပြီးပေးဆပ်နေရဆဲပါပဲ။ RM ရဲ့ အောင်မြင်မှုနောက်ကွယ်က ကြေကွဲစရာအခိုက်အတန့်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ မပြီးဆုံးနိုင်မှု

BE ဇာနယ်ဇင်းမိတ်ဆက်ပွဲမှာ RM က သူတို့က တစ်ခုခုကိုဆောင်ရွက်အောင်မြင်ပြီးရင်တောင် တစ်ခုခုလိုအပ်နေတယ်လို့ ဆိုပါတယ်။

Grammy လိုဆုကြီးတွေကိုတောင် သိမ်းပိုက်နိုင်ပြီးချိန်မှာ သူတို့က ပျော်ရွှင်သလောက် မပျော်ရွှင်နိုင်ဘူးလို့ဆိုပါတယ်။

၂။ Trainee ဘဝကအဖြစ်အပျက်များ

RM က သူ Trainee ဘဝတုန်းက အမှတ်တရတွေက ကောင်းတာရော၊ ဆိုးတာရောရှိပေမယ့် အဆိုးဆုံးကတော့ Trainee ကာလမှာ တခြား Trainee တွေ ကုမ္ပဏီကနေထွက်ခွာတာကို မြင်တွေ့ရတာ ဝမ်းအနည်းဆုံးပဲဆိုပါတယ်။

RM က ပထမဆုံး Big Hit Entertainment ကနေ အဖွဲ့ဝင်အဖြစ်ရွေးချယ်ခံရသူပါ။

၃။ ပြစ်တင်ဝေဖန်မှုများ

RM က BTS အဖွဲ့ဝင်အဖြစ် Debut မလုပ်ခင်က underground rapper အဖြစ်လုပ်ကိုင်ခဲ့တာပါ။ အဲ့ကတစ်ဆင့် သူက idol အဖြစ်လုပ်မယ်ဆိုတော့ လူတချိူ့က ကဲ့ရဲ့ဝေဖန်ခဲ့ပါတယ်။

ဒီလိုပြစ်တင်ပြောဆိုခြင်းက သူ့အတွက် ပိုကြိုးစားဖို့အားဖြစ်စေခဲ့တယ်လို့လည်းဆိုပါတယ်။

၄။ BTS နဲ့ စိန်ခေါ်မှုများ

BTS က သူတို့စတင်မိတ်ဆက်တဲ့အချိန်မှာ စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် လူတွေက RM ကို ထိုးနက်ခဲ့ပါတယ်။

RM ကို သူ့ရဲ့ရုပ်ရည်နဲ့ ပတ်သတ်ပြီးတော့ “RM က အိုင်ဒေါဖြစ်ဖို့ ရုပ်ရည်မရှိဘူး”၊

RM ရဲ့ Rap နဲ့ ပတ်သတ်ပြီး “ဒါတွေကို သီချင်းစာသားလို့ခေါ်သေးတာလား” ဆိုတာမျိုးသော ထိုးနက်မှုတွေကို ကြုံခဲ့ရပါတယ်။

ဒါပေမယ့် ဒီလိုတိုက်ခိုက်စိန်ခေါ်မှုတွေမှာ ARMY တွေက သူ့ကို ပိုကြိုးစားစေဖို့၊ ဝေဖန်သူတွေကို မှားတယ်ဆိုတာကို သက်သေပြဖို့ ပိုအားရှိစေခဲ့တယ်ဆိုပါတယ်။

တရုတ်၊ထိုင်းနဲ့ကိုးရီးယားရဲ့ Celebrity News တွေကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေမှာမို့ Page လေးကို LIKE & FOLLOW လုပ်ထားဖို့မမေ့နဲ့နော်။

Rudy DD
26/01/2021

Rudy DD

ဆွဲဆောင်မူအရှိဆုံးGamer စာရင်းတွင် BG အသင်းအဖွဲ့ဝင် Rudy DD ပါဝင်လာ 2021မှပြုလုပ်တဲ့M2World championshipsမှာ BG အသင်းဟာ 1st runner up နဲ့ပဲကျေ.....

The Penthouse Season 2 မှာ အထူးဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားမယ့် Kim So Yeon ရဲ့ ခင်ပွန်း Lee Sang Woo
21/01/2021

The Penthouse Season 2 မှာ အထူးဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားမယ့် Kim So Yeon ရဲ့ ခင်ပွန်း Lee Sang Woo

ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Penthouse (Season-2) မှာ မင်းသမီး Kim So Yeon ရဲ့ အမျိုးသားဖြစ်တဲ့ Lee Sang Woo က ဧည့်သည်သရုပ်ဆောင်တစ်ယော....

“True Beauty”မှ မင်းသမီးချောလေး Park Yoo Na အကြောင်း“True Beauty” ဒရာမာသည် ASTRO မှ Cha EunWoo၊ Moon GaYoung၊ Hwang In Y...
21/01/2021

“True Beauty”မှ မင်းသမီးချောလေး Park Yoo Na အကြောင်း

“True Beauty” ဒရာမာသည် ASTRO မှ Cha EunWoo၊ Moon GaYoung၊ Hwang In Yeop နှင့် Park Yoo Na တို့ ပါဝင်ထားပြီး ကမ္ဘာကျော် webtoon “True Beauty” ကို အခြေခံပြီး ရိုက်ကူးထားတာ ပဲဖြစ်ပါတယ်။ အထက်တန်း ကျောင်းသူ Im Ju Kyung (Moon Ga Yonug) သည် သူမရဲ့ ပုံစံအမှန်ကို ဖုံးကွယ်ဖို့ မိတ်ကပ်ကို အသုံးပြုထားသူပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကို ပို၍ စိတ်ဝင်စားစရာ ကောင်းတာကတော့ Saebom အထက်တန်းကျောင်း၏ နတ်ဘုရားမလို့ တင်စားခံရတဲ့ Kang Su Jin (Park Yoo Na)သည် ကြွယ်ဝသော မိသားစု နောက်ခံရှိသူဖြစ်ပြီး အပြစ်ပြောစရာမရှိအောင် လှပတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်သူလည်း ဖြစ်ကာ ပရိသတ်တွေ အတွေ့ချင်ဆုံးသော ဇာတ်ကောင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီကာရိုက်တာကို ပြီးပြည့်စုံအောင် ပုံဖော်ထားတဲ့ မင်းသမီး Park Yoo Na အကြောင်း ပိုမိုသိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

1. Park Yoo Na ကို 1997 ခုနှစ် ဒီဇင်ဘာလ 23 ရက်နေ့တွင် မွေးဖွားခဲ့တာ ဖြစ်တာကြောင့် သူမဟာ အသက် 22 နှစ်သာ ရှိပါသေးတယ်။ သူမရဲ့ zoadic sign ကတော့ Capricorn ဖြစ်ပါတယ်။

2. သူမသည် သူမ၏ K-drama ပွဲဦးထွက်ကို 2015 ခုနှစ်ကတည်းက ပြုလုပ်ခဲ့တာပါ။ လွန်ခဲ့သောငါးနှစ်က Park Yoo Na သည် KBS စီးရီး Sassy Go Go တွင် dance ကလပ်အဖွဲ့ဝင် Kim Kyung Eun အနေဖြင့် ပါဝင်ခဲ့ပြီး သူမရဲ့ ပထမဆုံးအကြိမ်အဖြစ် တီဗွီပေါ်တွင် ပါဝင်ခဲ့ပါတယ်။

3. သူမဟာ idol တစ်ဦးဖြစ်ဖို့ ထရိန်နင် ဆင်းထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်အလုပ်ကိုသာ မလုပ်ဖြစ်ခဲ့ရင် အခုအချိန်မှာ K-pop idolတစ်ယောက် ဖြစ်နေမှာပါ။

4.Park Yoo Na သည် Hanlim Arts School တွင် အကပညာဖြင့် ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။ Hanlim Arts School သို့တက်ရောက်ခဲ့သည့် အခြားသော အနုပညာရှင် idol များမှာ SHINee’s Taemin၊ SEVENTEEN မှ Woozi၊ Red Velvet’s Yeri နှင့် ITZY မှ Ryujin နှင့် Chaeryeong တို့ဖြစ်ကြပါတယ်။

Soompi ၏ ဆောင်းပါးတစ်ပုဒ်တွင် Yoo Na က မင်းသမီး ဖြစ်လာပြီးနောက် သူမနောင်တမရကြောင်း ပြောပြခဲ့ပါတယ်။ “ ကျွန်မအစက idol trainee ပါ။ ဒါကြောင့် သရုပ်ဆောင်ဖို့ အခွင့်အရေးကို ပထမဦးဆုံး လက်ခံရရှိတဲ့အခါ ပထမတော့ တကယ်ကြောက်မိခဲ့ပါတယ်။ Sassy Go Go ဒရာမာတွင် ကျွန်မ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာမှ သရုပ်ဆောင်ခြင်းကို တဖြည်းဖြည်း ပိုမိုစိတ်ဝင်စားလာခဲ့ တာပါ။ အစပိုင်းမှာတော့ ကျွန်မ နောင်တရခဲ့ပါသေးတယ်။ အခုတော့ အဲ့ဒီနောင်တတွေ လုံးဝမရှိတော့ ပါဘူး။ ကျွန်မ သရုပ်ဆောင်ရတာကို အရမ်းပျော်နေပါပြီ။ ” လို့ပြောပြခဲ့ပါတယ်။

5.Park Yoo Na နဲ့ Cha Eun Woo တို့ဟာ တကယ်တမ်း လက်တွေ့ဘဝမှာလည်း ကျောင်းနေဖက်တွေ ဖြစ်ကြပါတယ်။ Park Yoo Na က Eun Woo ဟာ သူ့ရဲ့ လှပတဲ့ မျက်နှာကြောင့် ကျောင်းမှာ လူကြိုက်များခဲ့တယ်လို့လည်း ပြောပြခဲ့ပါတယ်။ ကျောင်းတုန်းက Yoo Na က dance မေဂျာဖြစ်ပြီး Eun Woo က broadcasting and entertainment သူငယ်ချင်းတွေတော့မဟုတ်ခဲ့ကြပါဘူး။

6.Cha Eun Woo နဲ့ Park Yoo Na တို့ဟာ 2018 ခုနှစ် K-drama ဖြစ်တဲ့ My ID Is Gangnam Beauty မှာလည်း အတူတူပါဝင် သရုပ်ဆောင်ဖူး ပါတယ်။

7. Park Yoo Na သည် Hotel Del Luna , Sky Castle ကဲ့သို့သော hit ဒရာမာများတွင်လည်း ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ “သူမပါဝင်ခဲ့တဲ့ ဒရာမာတွေအားလုံးဟာ အောင်မြင်ခဲ့တဲ့ ဒရာမာတွေချည်းပဲ ဖြစ်တာကြောင့် နောက်ထပ် ဒရာမာအသစ်ကို ရိုက်ကူးရတဲ့အခါ အရင်ကလောက် မအောင်မြင်မှာကို တွေးပြီး ဖိအားတွေ ခံစားခဲ့ရတယ်လို့ “Esquire photoshoot တွင် ပြောပြခဲ့ပါတယ်။

8.ပြီးခဲ့သည့် နှစ်က Park Yoo Na သည် သူမ၏ သရုပ်ဆောင်သူငယ်ချင်း Kim Min Suk နှင့် ချိန်းတွေ့နေသည်ဟုကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် မင်းသားရဲ့ အေဂျင်စီက ဒီကိစ္စကို ငြင်းဆိုပြီး သူတို့ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေပဲလို့ ရှင်းပြပါခဲ့ပါတယ်။

9.”True Beauty” ၏ ဝန်ထမ်းများသည်လည်း အစကတည်းက Park Yoo Na ကို သဘောကျခဲ့ကြကြောင်း ပြောပြခဲ့ပါတယ်။ သူမဟာ ကာရိုက်တာထဲကို စိတ်နှစ်ပြီး သရုပ်ဆောင်နိုင်တယ်လို့ ချီးကျူးခဲ့ကြ ပါတယ်။

‘Pachinko’ဇာတ်ကားအတွက် သူ့ရဲ့ပထမဆုံး လူတွေ့စစ်ဆေးတဲ့အကြောင်း ပြောပြခဲ့တဲ့ Lee Min Hoမင်းသား Lee Minhoဟာ မကြာသေးမီက Apple...
21/01/2021

‘Pachinko’ဇာတ်ကားအတွက် သူ့ရဲ့ပထမဆုံး လူတွေ့စစ်ဆေးတဲ့အကြောင်း ပြောပြခဲ့တဲ့ Lee Min Ho

မင်းသား Lee Minhoဟာ မကြာသေးမီက Apple TV+ originals ‘Pachinko’ ဇာတ်ကားအတွက် Auditionဝင်ခဲ့ပြီး ဒါဟာ သူ့ရဲ့အနုပညာသက်တမ်း 11 နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

ဇန်နဝါရီလ 20 ရက်နေ့တွင် fashion magazine GQ Korea က လာမည့်ဖေဖော်ဝါရီလအတွက် Lee Minho နှင့်မကြာသေးမီကရိုက်ကူးထားသော ဓာတ်ပုံများကို ချပြခဲ့ပါတယ်။ ထိုရိုက်ကူးရေးရဲ့ အင်တာဗျူးမှာ Lee Minhoက သူ့ရဲ့ပထမဆုံးဟောလိဝုဒ်ရုပ်ရှင် Apple TV + ရဲ့Original series ‘Pachinko’နှင့်ပတ်သက်ပြီးပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်Auditionနှင့် ပတ်သက်ပြီးမေးတဲ့အခါ Lee Minho က“ကျွန်တော် ဇာတ်ကောင်အတွက် auditionဝင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်ပေမယ့် အခုအချိန်မှာတော့ ပြောင်းလဲသွားတယ်။ အကယ်လို့ကျွန်တော် auditionမဝင်နိုင်ခဲ့ရင် ရှက်စရာကောင်းလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့်သရုပ်ဆောင်ရဖို့ သေချာဆုံးဖြတ်ခဲ့တယ်။ Auditionအတွက်လည်း သေချာကြိုးစားပြင်ဆင်ခဲ့ပါတယ်။

ကောင်းကောင်းမွန်မွန်လုပ်ဖို့လိုတာကြောင့် ဖိအားပေးခံရသလိုခံစားခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ဟာ စိတ်လှုပ်ရှားနေမိတယ်။ တကယ်တမ်း ဇာတ်ကောင်နေရာရခဲ့တဲ့အချိန်မှာ ကျွန်တော်အရမ်းပျော်ခဲ့ရပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ‘Pachinko’ဟာ ကိုရီးယား – အမေရိကန်စာရေးဆရာ Kim Min Jin ရဲ့အရောင်းရဆုံးဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ဒရမ်မာဖြစ်ပါတယ်။

ဇာတ်လမ်းက ဂျပန်တွင် နေထိုင်သောကိုးရီးယားလူမျိုးတွေရဲ့ လူမျိုးရေးခွဲခြားမှုနှင့် ရင်ဆိုင်ရသည့်ဇာတ်ကြောင်းကို ပြသမှာဖြစ်ပါတယ်။ Lee Minhoက ရာဇ၀တ်မှုများနှင့်ပတ်သက်နေပြီး ကြွယ်ဝတဲ့ကုန်သည် Hansu ရဲ့အခန်းကဏ္ဍမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

BTS Jungkook ရဲ့ တက်တူးများနဲ့ သူတို့ရဲ့အဓိပ္ပာယ်များမကြာသေးခင်ကမှ Run BTS ရဲ့ အပိုင်းတစ်ခုမှာ လက်ပေါ်ကတက်တူးကို ပရိတ်သတ...
21/01/2021

BTS Jungkook ရဲ့ တက်တူးများနဲ့ သူတို့ရဲ့အဓိပ္ပာယ်များ

မကြာသေးခင်ကမှ Run BTS ရဲ့ အပိုင်းတစ်ခုမှာ လက်ပေါ်ကတက်တူးကို ပရိတ်သတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ များသောအားဖြင့် သူ့ရဲ့တက်တူးတွေကို ကွယ်ထားလေ့ရှိပေမယ့် ပရိတ်သတ်ကြီးအတွက် Jungkook ရဲ့ တက်တူးများနဲ့ သူတို့ရဲ့အဓိပ္ပာယ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ The most beautiful moment in life

Jungkook က Hanja စာလုံးများနဲ့ Hwayang Yeonhwa လို့ခေါ်တဲ့ တက်တူးကို လက်မှာထိုးထားပါတယ်။ ဘဝရဲ့အလှပဆုံးအချိန်များလို့ အဓိပ္ပာယ်ရပြီး ဒီ The most beautiful moment in life အယ်ဘမ်က BTS အတွက်အမှတ်တရတွေများစွာနဲဲ့ ဆိုတာအဆန်းတော့မဟုတ်ပါဘူးနော်။

၂။ Microphone

လက်ဖျံပေါ်က Microphone ပုံတက်တူးရဲ့ အဓိပ္ပာယ်များကတော့ ပရိတ်သတ်တွေခန့်မှန်းဖို့ အလွယ်ကူဆုံးဖြစ်မယ်ထင်ပါတယ်။

၃။ Boy in Luv

လက်ကောက်ဝတ်နားက လက်ပုံစံတက်တူးကတော့ ပရိတ်သတ်တွေသိတဲ့ Boy in Luv သီချင်းက အပိတ်ပိုစ်ပုံစံဖြစ်ပြီး သီချင်းကိုယ်တိုင်က ပရိတ်သတ်တွေအတွက် ရည်ရွယ်တာကြောင့် ကြည်နူးစရာပါပဲနော်။

၄။ ARMY

တက်တူးထိုးဖို့ဆိုတော့ Jungkook အတွက်တော့ ARMY က မထိုးမဖြစ်ပဲဖြစ်ရမှာပါ။

၅။ Purple Heart

ခရမ်းရောင်အသည်းလေးကတော့ Borahae ကို ကိုယ်စားပြုတာပါ။

၆။ Bulletproof

လက်ခုံပေါ်က Y အောက်လေးနားရှိတဲ့ တက်တူးကတော့ BTS ရဲ့ Album ဖြစ်တဲ့ Bulletproof ရဲ့ လိုဂိုပဲဲဖြစ်ပါတယ်။

၇။ X တို့ရဲ့ ဆက်စပ်မှု

လက်ပေါ်က X စကားလုံးတွေနဲ့ ဖန်တီးထားတဲ့ စာတန်း ၂ ခုရှိပါတယ်။ တစ်ခုက Make hay while the sun shines ဖြစ်ပြီး နောက်တစ်ခုကတော့ Rather be dead than cool ဖြစ်ပါတယ်။

Jungkook တစ်ယောက် debut လုပ်ထဲက သူ့ရဲ့ဆောင်ပုဒ်ကတော့ ကိုယ်မြတ်နိုးတာကိုမလုပ်ဘဲအသက်ရှင်ရတာထက် သေတာကမှကောင်းတယ်ဆိုကတည်းက သူ့အလုပ်ကိုဘယ်လောက်ချစ်ကြောင်း သိသာပါတယ်။

၈။ 0613

ဒါကဘာလည်းဆိုတာ တရားဝင်မပြောထားပေမယ့် ဒါက BTS debute လုပ်တဲ့ ရက်စွဲဖြစ်ပါတယ်။

၉။ မျက်လုံး

မကြာသေးခင်ကမှ တက်တူးအသစ်ကို ထိုးထားပြီး ဒီမျက်လုံးပုံတက်တူးကတော့ သူကိုယ်တိုင်ဆွဲထားတာဖြစ်ပါတယ်။

၁၀။ Tiger Lily

ဒီပန်းကတော့ Jungkook မွေးနေ့အရ သူ့ရာသီခွင်ပန်းဖြစ်တယ်လို့ သူက Run BTS! မှာ ပြောပြခဲ့တာပါ။ ဒီပန်းကိုယ်တိုင်ရဲ့ အဓိပ္ပာယ်က ငါကိုကျေးဇူးပြုပြီးချစ်ပေးပါ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကရော Jungkook ရဲ့ တက်တူးတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အထင်အမြင်တွေကို ပြောပြပေးသွားပါဦး။

တရုတ်၊ထိုင်းနဲ့ကိုးရီးယားရဲ့ Celebrity News တွေကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေမှာမို့ Page လေးကို LIKE & FOLLOW လုပ်ထားဖို့မမေ့နဲ့နော်။

ဂျူဒန်းထယ်နဲ့ kiss scene အပေါ်တုံ့ပြန်ခဲ့ကြတဲ့ Kim So Yeon နဲ့ Eugeneတို့ရဲ့ ခင်ပွန်းများ
13/01/2021

ဂျူဒန်းထယ်နဲ့ kiss scene အပေါ်တုံ့ပြန်ခဲ့ကြတဲ့ Kim So Yeon နဲ့ Eugeneတို့ရဲ့ ခင်ပွန်းများ

Kim So Yeon နှင့် Eugene တို့သည် “The Penthouse: War In Life “ဒရာမာတွင် ပါဝင်ခဲ့တဲ့ သူတို့ရဲ့ kiss sceneများ အပေါ် ခင်ပွန်းများ၏ တုံ့ပြန်မှုကိ.....

‘The Penthouse’ က အနမ်းဇာတ်ဝင်ခန်းတွေအပေါ် Kim So Yeon ခင်ပွန်းဖြစ်သူရဲ့ အမြင်မင်းသမီး Kim So Yeon ဟာဆိုရင် ‘The Penthou...
13/01/2021

‘The Penthouse’ က အနမ်းဇာတ်ဝင်ခန်းတွေအပေါ် Kim So Yeon ခင်ပွန်းဖြစ်သူရဲ့ အမြင်

မင်းသမီး Kim So Yeon ဟာဆိုရင် ‘The Penthouse’ ဒရာမာ မှာ အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကြောင့် လတ်တလောပရိတ်သတ်တွေရဲ့ စိတ်ဝင်စားခြင်းကို အပြည့်အဝရရှိထားတဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ Kim So Yeon ရဲ့ ခင်ပွန်းဖြစ်သူကလည်း ရိုးရိုးသာမန်လူမဟုတ်ပါဘူး.. ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် Lee Sang Woo ပဲဖြစ်ပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့မှာထုတ်လွှင့်တဲ့ MBC ရဲ့ “How Do You Play?” အစီအစဉ်မှာ မင်းသမီး Kim So Yeon က အထူးဧည့်သည်အဖြစ် ပါဝင်ထားပြီး Yoo Jae Suk, Defconn, နဲ့ Kim Jong Min တို့နဲ့အတူ မေးခွန်းအမေးအဖြေလေးတွေ ဖလှယ်ရင်း ဂိမ်းလေးတွေလည်း ကစားခဲ့ကြတာပါ။

How-Do-You-Play1.jpgဒီအစီအစဉ်ထဲမှာဆိုရင် အခြားစတားသုံးယောက်က ဆုပေါင်းများစွာကို သိမ်းပိုက်ရရှိထားတဲ့ ‘The Penthouse’ ဒရာမာထဲက Kim So Yeon ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျုးစကားဆိုခဲ့ပါသေးတယ်။ ဒရာမာအကြောင်းပြောနေရင်းနဲ့ပဲ စကားလမ်းကြောင်းက Kim So Yeon ရဲ့ ခင်ပွန်းဖြစ်သူ Lee Sang Woo ဘက်ကိုရောက်သွားပါတော့တယ်။

Kim-So-Yeon-Lee-Sang-Woo.jpgအဲ့ဒီအချိန်မှာ “ယောက်ျားဖြစ်သူက မင်းရဲ့ပြင်းထန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ထိတ်လန့်တာတွေ မဖြစ်ဘူးလား” လို့မေးလိုက်တဲ့အပေါ် မင်းသမီး Kim So Yeon ကမျှော်လင့်ထားတဲ့ အဖြေနောက်တမျိုးနဲ့ ပြန်ဖြေခဲ့တာပဲဖြစ်ပါတယ်။ Kim So Yeon ပြန်ဖြေခဲ့တာကတော့ “ကျွန်မယောက်ျားက အဲ့ဒီအကြောင်းနဲ့မဟုတ်ပဲ အခြားအကြောင်းကြောင်းကြောင့် ဒရာမာကြည့်နေရင်းကနေ ဆက်မကြည့်တော့ပဲ ထသွားတဲ့အချိန်တွေရှိပါတယ်။ ‘The Penthouse’ ထဲမှာ ကျွန်မရဲ့ အနမ်းဇာတ်ဝင်ခန်းတွေလည်းပါတာဆိုတော့ သူ့အနေနဲ့ကြည့်ရတာအဆင်မပြေလို့လည်းပါမယ်ထင်တယ်” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

Kim-So-Yeon2.jpgသူမအနေနဲ့ အဲ့ဒီလို အကြောင်းအရာတွေကြောင့် ခင်ပွန်းဖြစ်သူ Lee Sang Woo ကိုကောင်းတဲ့ အခန်းလေးတွေပဲရွေးပြဖြစ်ပြီး အနမ်းခန်းတွေလာတော့မယ်ဆိုရင် အခန်းထဲမှာခဏသွားနေခိုင်းတယ်လို့လည်း ရှက်ရှက်နဲ့ ပြောပြသွားခဲ့ပါသေးတယ်။

‘The Penthouse’ ဒရာမာကတော့ ညွှန်းပြစရာမလိုအောင် ကောင်းမွန်တာကြောင့် မကြည့်ရသေးတဲ့သူတွေလည်းမရှိလောက်ဘူးလို့ထင်ပါတယ်။ ပါဝင်တဲ့ မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ချက်တွေကလည်းကောင်းသလို အထူးသဖြင့် မင်းသမီး Kim So Yeon ရဲ့ သရုပ်ဆောင်မှုတွေက ပီပြင်ပြီး ခံစားသက်ဝင်မှု တအားကောင်းတာကြောင့် မကြည့်ရသေးရင်လည်း ကြည့်ဖို့ ဒီကနေတိုက်တွန်းလိုက်ပါတယ်။

Penthouse 5
တရုတ်၊ထိုင်းနဲ့ကိုးရီးယားအစရှိတဲ့ အာရှတလွှားက အနုပညာသတင်းတွေကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေမှာမို့ Page လေးကို LIKE & FOLLOW လုပ်ထားဖို့မမေ့နဲ့နော်။

BTS နဲ့ BLACKPINK ဟာ ကမ္ဘာကြီးကိုပျော်ရွှင်မှုတွေ ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်ထားတဲ့ တောင်ကိုရီးယားသမ္မတ Moon Jae Inတေ...
13/01/2021

BTS နဲ့ BLACKPINK ဟာ ကမ္ဘာကြီးကိုပျော်ရွှင်မှုတွေ ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်ထားတဲ့ တောင်ကိုရီးယားသမ္မတ Moon Jae In

တောင်ကိုရီးယား သမ္မတ Moon Jae In ဟာ နှစ်သစ်ဖြစ်တဲ့ ၂၀၂၁ ခုနှစ်မှာ အရင်ကထက်ပိုပြီး ကိုရီးယား အနုပညာရပ်ဝန်းနဲ့သက်ဆိုင်တဲ့ မာတိကာများကို ထောက်ပံ့ပေးသွားမယ်လို့ အိမ်ပြာတော်ကနေ Live ထုတ်လွှင့်ကြေငြာခဲ့ပါတယ်။ သမ္မကြီးပြောကြားသွားတဲ့ထဲမှာလည်း ကမ္ဘာကအသိအမှတ်ပြုရလောက်အောင် အောင်မြင်ကျော်ကြားနေတဲ့ BTS နဲ့ BLACKPINK အဖွဲ့ကိုလည်း ထည့်သွင်းပြောကြားသွားတယ်လို့လည်းသိရပါတယ်။

ကိုရီးယား နိုင်ငံတော်သမ္မတ အနေနဲ့ BTS ၊ BLACKPINK အပြင် “Parasite” ဇာတ်ကား နဲ့ အခြားသော K-contents တွေဟာ ကမ္ဘာတစ်ဝန်းလုံးကို မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေယူဆောင်ပေးနိုင်စွမ်းရှိတယ်ဆိုပြီး ထည့်သွင်းဖော်ပြသွားခဲ့တာပဲဖြစ်ပါတယ်။

နောက်ထပ် ပြောကြားသွားခဲ့တာကတော့ ကိုရီးယား အစိုးရဘက်နေလည်း နောက်ပိုင်းမှာ အနုပညာရှင်တွေရဲ့ဖန်တီးနိုင်စွမ်းတွေကို အရင်ကထပ်ပိုမိုကောင်းမွန်တဲ့ ထောက်ပံ့မှုတွေပေးနိုင်အောင် တိုးမြှင့်လုပ်ဆောင်သွားပါ့မယ်လို့လည်းပြောကြားခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ကိုရီးယားနိုင်ငံရဲ့ အားကစားကဏ္ဍဟာလည်း အရေးပါတာကြောင်း အနုပညာအကြောင်းအရာများနဲ့ တန်းတူညီမျှစွာ ထောက်ပံ့သွားပေးမှာပါလို့လည်း ကတိပေးသွားတာပဲဖြစ်ပါတယ်။

ကိုရီးယားသမ္မတရဲ့ K-entertainment တွေကို ကမ္ဘာကပိုသိအောင် စွမ်းဆောင်ရာမှာ ကူညီပေးမယ့်အစီအစဉ်တွေကိုပရိတ်သတ်တွေအနေနဲ့ သိပြီးပြီဆိုတော့ အရင်ကထပ်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတွေကို စောင့်မျှော်နေရဖို့ပဲ ကျန်ပါတော့တယ်။

တရုတ်၊ထိုင်းနဲ့ကိုးရီးယားအစရှိတဲ့ အာရှတလွှားက အနုပညာသတင်းတွေကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေမှာမို့ Page လေးကို LIKE & FOLLOW လုပ်ထားဖို့မမေ့နဲ့နော်။

တစ်ချိန်က V ရဲ့အပြုအမူလေးတစ်ခုကြောင့် မျက်ရည်လည်ခဲ့ရတဲ့ SugaBTS အဖွဲ့ဝင် V ကသူ့ရဲ့အခြားအဖွဲ့ဝင်တွေကို မိသားစုဆွေမျိုးရင်...
13/01/2021

တစ်ချိန်က V ရဲ့အပြုအမူလေးတစ်ခုကြောင့် မျက်ရည်လည်ခဲ့ရတဲ့ Suga

BTS အဖွဲ့ဝင် V ကသူ့ရဲ့အခြားအဖွဲ့ဝင်တွေကို မိသားစုဆွေမျိုးရင်းချာလို ချစ်ခင်တတ်သူဖြစ်ပြီး သူချစ်ကြောင်းထုတ်ပြဖို့လည်း ဝန်မလေးသူတစ်ယောက်ပါ။

V (BTS)
၂၀၁၇ ခုနှစ် BTS FESTA မှာ Suga က V ရဲ့ကြင်နာလွန်းပြီ မိသားစုဆန်တဲ့အပြုအမူကြောင့် စိတ်လှုပ်ရှားခဲ့ရတဲ့အကြောင်းကိုဖွင့်ဟခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးက ကိုရီးယားခေါက်ဆွဲအေးစားနေတုန်း V က Suga ကိုခေါက်ဆွဲထဲက အသားဖတ်ကိုစားလိုက်ဆိုပြီး ပြောခဲ့ပါတယ်တဲ့။ အဲဒီခေါက်ဆွဲတွေမှာ အသားက တစ်ဖတ် နှစ်ဖတ်ပဲပါတတ်တာပါ။

Suga ကိုပိုပြီးစိတ်ထိခိုက်သွားစေတဲ့အချက်က အဲဒီအချိန် သူတို့ဆီမှာ ငွေပိုငွေလျှံမရှိလို့ တစ်ပွဲကို နှစ်ယောက်မှာစားနေတဲ့အချိန်ပါ။

ဒီလိုမပြည့်စုံတဲ့အချိန်လေးမှာ သူငယ်ချင်းရဲ့ ဂရုစိုက်မှုလေးတစ်ခုကြောင့် စိတ်လှုပ်ရှားခဲ့ရပြီး မျက်ရည်‌တောင်လည်ခဲ့ရတယ်လို့ Suga ကဖွင့်ဟခဲ့ပါတယ်။

တရုတ်၊ထိုင်းနဲ့ကိုးရီးယားအစရှိတဲ့ အာရှတလွှားက အနုပညာသတင်းတွေကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေမှာမို့ Page လေးကို LIKE & FOLLOW လုပ်ထားဖို့မမေ့နဲ့နော်။

Jungkook ရဲ့ ဆံပင်အရောင်ပြောင်းလဲမှုဟာ Mixtape နဲ့ သက်ဆိုင်နေမယ်လို့ ARMY တွေ ထင်ကြေးပေးGolden Disc Awards ဆုပေးပွဲမှာ လ...
13/01/2021

Jungkook ရဲ့ ဆံပင်အရောင်ပြောင်းလဲမှုဟာ Mixtape နဲ့ သက်ဆိုင်နေမယ်လို့ ARMY တွေ ထင်ကြေးပေး

Golden Disc Awards ဆုပေးပွဲမှာ လူပြောအများဆုံးအကြောင်းအရာတစ်ခုဆိုရင်တော့ Jungkook ရဲ့ ဆံပင်အရောင်သစ်လို့ပဲ ဆိုရမှာပါ။ Blonde အရောင်နဲ့ Jungkook ဟာ တော်ဝင်မင်းသားတစ်ပါးလို ချောမောနေတာကြောင့် ပရိတ်သတ်တွေအားလုံး သူ့ရဲ့ဆွဲဆောင်မှုမှာ ကျရှုံးခဲ့ရပါတယ်။

ဒါပေမယ့် ပရိတ်သတ်တွေကတော့ ထုံးစံအတိုင်း Jungkook ရဲ့ဆံပင်အရောင်သစ်မှာ ကျရှုံးခဲ့ကြရုံတင်မကပဲ နောက်ဆက်တွဲအနေနဲ့ ဖြစ်နိုင်ချေတွေကို ဆက်စပ်စဉ်းစားခဲ့ကြပြန်ပါတယ်။ အဖွဲ့ဝင်တွေထဲမှာ Jungkook တစ်ယောက်တည်း ထူးထူးခြားခြား ဆံပင်အရောင်ပြောင်းလိုက်တာကြောင့်ပါ။

ARMY တွေစဉ်းစားမိတဲ့ အမျှော်လင့်ရဆုံးနဲ့ ဖြစ်နိုင်ချေအရှိဆုံးအရာကတော့ JJK1 mixtape ပါ။ BTS အဖွဲ့ဝင်အချို့ဟာ mixtape ထွက်ရှိပြီးသားဖြစ်ပြီး Jungkook ဟာလဲ mixtape ထွက်ရှိဖို့ ဆန္ဒရော ဖြစ်နိုင်ချေပါရှိနေတာကြောင့် ဆံပင်အရောင်ပြောင်းလဲမှုဟာ mixtape အတွက် သဲလွန်စများလားလို့ တွေးနေကြပါတယ်။

ဒါ့အပြင် ဆံပင်အရောင်တစ်ခုတည်းမဟုတ်ပဲ apple music မှာ profile picture အသစ်ပြောင်းလိုက်တာ၊ V က Jungkook ရဲ့ဆံပင်အရောင်သစ်အကြောင်း တဖွဖွမေးနေတာ အစရှိတဲ့ သက်သေတွေကြောင့်လဲ Jungkook ရဲ့ mixtape ထွက်ရှိလာတော့မယ်လို့ အခိုင်အမာ ယူဆနေကြတာပါ။

အချို့ ARMY တွေကတော့ JJK1 mixtape ထက် Jungkook နဲ့ V တို့နှစ်ယောက် unit တစ်ခုအနေနဲ့ ပွဲဦးထွက်မယ်လို့ ယူဆနေကြပါတယ်။ ပရိတ်သတ်တွေရော Jungkook ရဲ့ ဆံပင်အရောင်သစ်က ဘာအတွက်သဲလွန်စလို့ ထင်ပါသလဲ?

Lisa အတွက် သူ့မိခင် ဖြည့်ဆည်းပေးခဲ့သမျှထဲမှာ အခုထိ အမှတ်တရဖြစ်နေဆဲအရာတစ်ခုမိသားစုထဲမှာ တစ်ဦးတည်းသောသမီးလေး ဖြစ်တဲ့ Lisa ...
13/01/2021

Lisa အတွက် သူ့မိခင် ဖြည့်ဆည်းပေးခဲ့သမျှထဲမှာ အခုထိ အမှတ်တရဖြစ်နေဆဲအရာတစ်ခု

မိသားစုထဲမှာ တစ်ဦးတည်းသောသမီးလေး ဖြစ်တဲ့ Lisa ကတော့ မိဘတွေနဲ့လဲ အားကျစရာဆက်ဆံရေးကို ပိုင်ဆိုင်ထားသလို မိဘတွေရဲ့အချစ်ကိုလဲ အပြည့်အဝရရှိသူပါ။ Lisa ရဲ့မိဘတွေဟာ ငယ်စဉ်ကတည်းက Lisa ရဲ့ ဆန္ဒမှန်သမျှကို ဖြည့်ဆည်းဖို့ ဝန်မလေးသူတွေပါ။

အထူးသဖြင့် Lisa ရဲ့မိခင်ဖြစ်သူအနေနဲ့ Lisa လေး ပျော်ရွှင်ဖို့ ဖြည့်ဆည်းပေးခဲ့တဲ့ အသေးအမွှားကိစ္စလေးတစ်ခုက Lisa အတွက်တော့ အခုချိန်ထိတောင် အမှတ်ရစရာဖြစ်နေပါသေးတယ်။ ဒီအကြောင်းကိုတော့ Knowing Bro အစီအစဉ်မှာ ပြောပြခဲ့တာပါ။

BLACKPINK on JTBC Knowing Brothers Episode 251 – YGDreamers

၂၀၀၀ ခုနှစ်အစောပိုင်းက အရှေ့တောင်အာရှမှာ အတော်လေးရေပန်းစားခဲ့တဲ့ Jewel in the Palace ဇာတ်လမ်းတွဲကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ မြန်မာမှာလဲ ချန်ဂင်ဇာတ်ကောင်က အတော်လေးရေပန်းစားခဲ့ပြီး hanbok ဝတ်စုံက ကလေးတိုင်းရဲ့ အိပ်မက်ဖြစ်ခဲ့တာပါ။

Revisiting Dramas] Dae Jang Geum: Third time's the charm » Dramabeans Korean drama recaps

Lisa လဲ အခြားကလေးတွေနဲ့ တန်းတူပဲ ချန်ဂင်လို ဝတ်စုံလေးဝတ်ကြည့်ချင်တဲ့ ဆန္ဒက ပြင်းပြင်းပျပျဖြစ်ပေါ်ခဲ့တာကြောင့် မေမေနဲ့အတူ hanbok ဝယ်ဖို့ သွားခဲ့ပေမယ့် ထင်ထားတာထက် အတော်လေးဈေးကြီးနေလို့ မဝယ်ဖြစ်ခဲ့ပါဘူးတဲ့။ ဒါပေမယ့် Lisa ရဲ့မေမေကတော့ ဈေးကြီးတာတွေ မဝယ်ပေးဖြစ်ရင်တောင်မှ Lisa ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့တော့ မပျက်ကွက်ခဲ့ပါဘူး။

Lisa ဝတ်ချင်တဲ့ hanbok လေးကို မေမေကိုယ်တိုင်ချုပ်ပေးခဲ့ပြီး အဲ့ဒီအဖြစ်လေးဟာ Lisa ရဲ့နှလုံးသားမှာ အခုထိမှတ်ကျောက်တင်ထားရတဲ့ အမှတ်တရလေးပါ။

Photos] Blackpink Members Wearing Hanbok 02152018 | Blackpink, Lisa blackpink wallpaper, Blackpink fashion

အခုတော့ တစ်ချိန်က hanbok ကိုမှဝတ်ချင်ပါတယ်ဆိုတဲ့ကလေးမလေးဟာလဲ တောင်ကိုရီးယားမှာ နာမည်ကျော် idol အဖြစ်ပွဲထွက်ပြီး သူဝတ်ချင်ခဲ့တဲ့ hanbok တွေကို စိတ်ကြိုက်ဝတ်နေနိုင်ပြီမို့ Lisa ရဲ့မိခင်လဲ ပီတိဖြစ်နေမယ်လို့ ထင်ပါတယ်။

Photos] Blackpink Members Wearing Hanbok 02152018 | Blackpink fashion, Blackpink, Black pink kpop

အပြာရောင် ဆံပင်နဲ့ အလိုက်ဖက်ဆုံးလို့ ထင်ရတဲ့ Idol (၁၀) ယောက်လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့တောင် ပြောလို့ရတဲ့ ဆံပင်ရဲ့အရေ...
10/01/2021

အပြာရောင် ဆံပင်နဲ့ အလိုက်ဖက်ဆုံးလို့ ထင်ရတဲ့ Idol (၁၀) ယောက်

လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့တောင် ပြောလို့ရတဲ့ ဆံပင်ရဲ့အရေးပါမှုကိုလည်း မေ့ထားလို့မရပါဘူး။ ကိုယ့်အသားအရောင်နဲ့ မျက်နှာအနေအထားကိုလိုက်ပြီး ဆံပင်အရောင်ရွေးချယ်ရတာဟာ အင်မတန်မှခက်ခဲလှပါတယ်။ အရောင်တွေထဲမှာမှ ဆံပင်အပြာရောင်နဲ့ လိုက်ဖက်တဲ့သူလည်းရှားသလို တကယ်ကိုထိန်းသိမ်းရခက်ခဲတဲ့ အရောင်တစ်ရောင်ပဲဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီလိုထိန်းသိမ်းရခက်တဲ့ အပြာရောင်ဆံပင်နဲ့ တောက်ပခဲ့ဖူးတဲ့အပြင် အလိုက်ဖက်ဆုံးလို့ပါထင်ရတဲ့ Idol (၁၀) ယောက်ကို ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ V (BTS)

V LIVE

Taehyung က “Boy with Luv” သီချင်းထဲမှာမှ အပြာရောင် ဆံပင်ကိုစထားဖူးထားပါ။ ပထမဦးဆုံးထားဖူးထာဆိုပေမယ့် အဲ့ဒီဆံပင်အပြာရောင်နဲ့ လိုက်ဖက်လွန်းတာကြောင့် international fan တွေစီက စိတ်ဝင်စားခြင်းကိုပါ တစ်ခဲနက်ရရှိခဲ့တာပဲဖြစ်ပါတယ်။

BTS V Blue Hair Wallpapers - Wallpaper Cave

၂။ HyunA

Related image | Hyuna hair, Bts hair colors, Blue purple hair

“Roll Deep” မှာ အပြာရောင်၊ခရမ်းရောင် နဲ့ အစိမ်းရောင် ၃ မျိုးရောထားတဲ့ ထူးထူးဆန်းဆန်း အရောင်တဲ့တောင် အလှတိုးခဲ့တဲ့ Queen ကိုတော့ အမှတ်ရနေလိမ့်မယ်လို့ထင်ပါတယ်။

hair blue 4minute hyuna made by:Topaddict bluekpop •

၃။ Wang Yibo (UNIQ)

1609565946-338ec6ae4ee959f62248b9ae6259d

Wang Yibo ရဲ့ အကြိုက်ဆုံး အရောင်ကအစိမ်းဖြစ်နေပေမယ့် သူ့ရဲ့ပရိတ်သတ်တွေက Yibo ကဆံပင်အပြာရောင်နဲ့ အလိုက်ဆုံးဆိုပြီးမှတ်ချက်ပေးခဲ့ကြတာပါ။

500+ Wang Yibo ideas | wang, actors, yuehua entertainment

၄။ Soojin ((G)-IDLE)

soojin pics on Twitter: "BLUE-HAIRED SOOJIN WILL SAVE THE WORLD… "

Soojin ဆံပင်အပြာရောင်လေးနဲ့ ပရိတ်သတ်တွေရှေ့ကို ထွက်လာခဲ့တဲ့အချိန်မှာ ကိုရီးယားက Fan တွေသာမက တစ်ကမ္ဘာလုံးက Fan တွေကပါကြွေဆင်းသွားခဲ့ရတာပါ။

soojin pics on Twitter: "blue soojin hits different… "

၅။ Cheng Xiao (WJSN)

1609565969-b9508847f9cea1b1f14f45ae681bfအပြာရောင်ကိုမှ ဆံပင်အတိုနဲ့ရော ဆံပင်အရှည်နဲ့ပါ လိုက်ဖက်လှတဲ့ Cheng Xiao က အခုလတ်တလောမှာ “Falling into Your Smile” ဆိုတဲ့ ဒရာမာတစ်ခုကိုရိုက်နေတာဖြစ်ပါတယ်။

idol looks on Twitter: "cheng xiao ☆ wjsn… "

၆။ Jeno (NCT)

1609566066-image.png

New Year နေ့မှာ ကျင်းပခဲတဲ့ “SMTOWN LIVE Culture Humanity free global concert” ကို ကြည့်ဖြစ်ခဲ့ရင် NCT အဖွဲ့ဝင် Jeno ရဲ့ အပြာနုရောင် ဆံပင်လေးနဲ့ ညှို့ငင်အားကောင်းပုံကို အနီးကပ်တွေ့မြင်နိုင်ခဲ့မှာပါ။

FY! NCT

၇။ Moonbyul (MAMAMOO)

1609566117-image.png

Moonbyul ရဲ့ နာမည်ဟာ ကိုရီးယားအဓိပ္ပယ်နဲ့ဆို “Moon Star” လို့အမည်တွင်ပါတယ်။နာမည်နဲ့လူနဲ့ လိုက်ဖက်လွန်းလှတဲ့ သူမဟာ ကြယ်စုတန်းတွေမှာတွေ့ရတဲ့ အရောင်တွေဖြစ်တဲ့ အပြာ,မီးခိုးနဲ့ ခရမ်းရောင် ရောစပ်ထားတဲ့ ၃ရောင်စပဆံပင်နဲ့ သင့်ကိုသမင်လည်ပြန်ငေးရစေမှာပါ။

Which Moonbyul Hair Color Was Your Ultimate Favorite? | MAMAMOO Amino

၈။ Mingyu (SEVENTEEN)

1609566147-image.png

လွန်ခဲ့တဲ့ ၂ နှစ်လောက်က အပြာရောင်ဆံပင်ဆိုးခဲ့တဲ့ Mingyu ကို သူ့ပရိတ်သတ်တွေက နောက်တစ်ကြိမ်ထပ်ပြီး အပြာလေးဆိုးပေးပါလို့ တောင်းဆိုရတဲ့ထိအောင် သူနဲ့ အပြာရောင်က တစ်ကယ်ကိုလိုက်ဖက်ခဲ့တာပါ။

kim mingyu

၉။ IU

1609566170-image.png

“Blueming” ဆိုတဲ့ သီချင်းနာမည်လေးနဲ့လိုက်အောင် အပြာရောင်ဆံပင်လေးနဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ကိုင်လှုပ်ခဲ့တဲ့ IU ကတော့ နတ်သမီးပုံပြင်လေးထဲက မင်းသမီးလေးလိုပါပဲ။

I U H O L I C on Twitter: " #아이유 BLUE HAIR IU SONY_ KOREA Let's make the whole world blue.😜 Lovely girl Lee Ji-eun💗 IU's hair color looks great on

၁၀။ Kai (EXO)

1610140769-kaiblue.jpg

ပထမဆုံးဆိုးဖူးတဲ့ စိမ်းပြာရောင် ဆံပင်နဲ့ EXO L တွေရဲ့ နှလုံးသားကို လှုပ်ခါသွားခဲ့တဲ့ KAI ကြောင့် “Obsession” သီချင်းကိုခဏခဏ နားထောင်မိနေတာအမှန်ပါ။

Kai [HQ] 191202 '6 Underground' Green Carpet | Kim Jongin | Rambut hijau, Rambut, Hijau

Worldwide Handsome Jin ရဲ့မျက်နှာလေးအတွက် မရှိမဖြစ်အသုံးအဆောင်လေးကBTS အဖွဲ့ဝင်တွေဟာအချင်းချင်း အရမ်းကိုချစ်ကြပြီး အမြဲလိ...
10/01/2021

Worldwide Handsome Jin ရဲ့မျက်နှာလေးအတွက် မရှိမဖြစ်အသုံးအဆောင်လေးက

BTS အဖွဲ့ဝင်တွေဟာအချင်းချင်း အရမ်းကိုချစ်ကြပြီး အမြဲလိုလို ကိစ္စသေးသေးလေးတွေကအစ စနောက်လေ့ရှိကြတာသိကြပြီး ဖြစ်ကြမှာပါနော်။ တစ်ချိန်တုန်းကဆို Jin ရဲ့အသုံးအဆောင်ပစ္စည်း ဖိနပ်ရွေးချယ်တဲ့အပေါ်ကို စနောက်ကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်တဲ့။

ဒါကတော့ Jin ရဲ့စီးတော်မြင်းလေးလို သွားလေရာအတော်များများမှာ စီးသွားတတ်တဲ့ Acupressure ဖိနပ်လေးကိုလှောင်ဖို့ စဥ်းစားကြတာပါ။ 2017 တုန်းက BTS FESTA ဆိုတဲ့အစီအစဥ်မှာ Jin က အငယ်ဆုံးလေး Jung Kook နဲ့ဖိနပ်လဲစီးဖြစ်ခဲ့ပုံကိုပြောပြခဲ့တာပါ။ (Acupressure ဖိနပ်ကတော့ အပ်စိုက်ကုသနည်းလိုပဲ ခြေထောက်ကိုနှိပ်နယ်ပေးတဲ့ ကျန်းမာရေးဖိနပ်လေးပဲဖြစ်ပါတယ်)

အရင်က Jung Kook ဟာသူ့ရဲ့ဖိနပ်တွေနဲ့ Jin ရဲ့ဖိနပ်တွေကို လေဆိပ်မှာတင်လဲစီးဖြစ်ခဲ့ကြပါတယ်။ ဝတ်နေကျ Jin အတွက်တော့ ဒါကနာကျင်မှုအရမ်းမဖြစ်ပဲ ကျန်းမာရေးလိုက်စားပြီးသားဖြစ်သွားပေမယ့် Jung Kook အတွက်ကတော့ အဲ့အချိန်တုန်းက “ကျွန်တော် အဲ့ဖိနပ်နဲ့မခံနိုင်အောင်ကို အတော့်ကိုနာကျင်ခဲ့တာ” လို့ပြောပြပေးခဲ့ပါတယ်။

Jin ကဒီလိုစိတ်ဝင်စားဖွယ်အကြောင်းကို ပြောပြနေချိန်မှာပဲ Jimin ကတော့ သူ့ကိုစဖို့ချက်ချင်းကိုလုပ်ပါတော့တယ်။ သူတို့အကုန် Show မှာထိုင်နေကြတာဖြစ်လို့ Jin ဟာဖိနပ်ချွတ်ထားခဲ့ပြီး ဒီဖိနပ်ကို ချက်ချင်းကောက်ယူပြီး ကင်မရာရှေ့ကိုပြကာ တစ်ကမ္ဘာလုံးသိသွားအောင် အသိပေးပြောပါတော့တယ်။ ဒါကို RM ကပါ ပေါင်းစည်းစခဲ့ပြီး Jimin က သူတို့တွေကိုဒီလောက်ပဲဝတ်ပါတော့ဆိုပြီး ပြောခဲ့ပါတယ်။

ဒီအချိန်မှာတော့ Jin ဟာ သူ့ရဲ့ချောမောနေရတဲ့အကြောင်းအရင်းကိုထုတ်ဖော်ပြောပြပါတော့တယ်။ ဒါကအခြားတော့မဟုတ်ပဲ ဒီဖိနပ်က Jin ရဲ့မျက်နှာလေးကို အရမ်းမဖောင်းနေအောင် ကူညီပေးတဲ့ဟာလေးလို့ Jin ကိုယ်တိုင်က “ဒါက ကျွန်တော့်မျက်နှာမဖောင်းအောင်ကူညီပေးတာ” ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်နော်။

လာမည့်12ရက်နေ့တွင် Special Episodeကို ထုတ်လွှင့်ပြသသွားမဲ့ ” Penthouse”
08/01/2021

လာမည့်12ရက်နေ့တွင် Special Episodeကို ထုတ်လွှင့်ပြသသွားမဲ့ ” Penthouse”

“Penthouse:War in Life”ဒရာမာက အဆုံးမသတ်သေးပါဘူး။ Star News သည် ဇန်နဝါရီလ 7ရက်နေ့တွင် SBS ၏ hit ဒရာမာ”Penthouse:War in Life” ဒရာမာသည် Season(1) ပြီးနောက် s...

လာမည့်”True Beauty”အပိုင်းသစ်တွင် ပရိသတ်တွေကို အသံချိုချိုလေးနဲ့ သီချင်းဆိုပြမဲ့ Hwang In YeobHwang In Yeob သည်လာမည့်“ T...
06/01/2021

လာမည့်”True Beauty”အပိုင်းသစ်တွင် ပရိသတ်တွေကို အသံချိုချိုလေးနဲ့ သီချင်းဆိုပြမဲ့ Hwang In Yeob

Hwang In Yeob သည်လာမည့်“ True Beauty” ဒရာမာ၏ အပိုင်းသစ်တွင် သူ၏အဆိုတော်စွမ်းရည်ကို ပြသသွားတော့မှာပဲ ဖြစ်ပါတယ်။

“True Beauty”သည် ASTRO မှ Cha EunWoo၊ Moon GaYoung နှင့် Hwang In Yeopတို့ ပါဝင်ထားပြီး ကမ္ဘာကျော်webtoon “True Beauty”ကို အခြေခံပြီးရိုက်ကူးထားတာ ပဲဖြစ်ပါတယ်။ Moon Ga Youngသည် ကျောင်းရဲ့ အလှဆုံးအထက်တန်းကျောင်းသူLim Ju Gyeong အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူမရဲ့မိတ်ကပ်မဖျက်ခင်နဲ့ မိတ်ကပ်ဖျက်ပြီးတဲ့ ပုံစံဟာ လုံးဝဆီနဲ့ရေလိုကွာခြားပါတယ်။

ထို့နောက်သူမသည် Lee Su Ho (Cha Eun Woo) နှင့်တွေ့ဆုံပြီးနောက် သူမရဲ့လျို့ဝှက်ချက်ကို ဖုံးကွယ်ဖို့ ကြိုးစားရပါတော့တယ်။Hwang In Yeob ကတော့ Han Seo Jun နေရာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇန်နဝါရီလ 4 ရက်နေ့တွင် Hwang In Yeob သည် “True Beauty”၏ လာမည့် အပိုင်းသစ်အတွက် still cutတွင် စင်မြင့်ပေါ်မှာ ရပ်နေပြီး သူကဂစ်တာနဲ့အတူ မိုက်ကရိုဖုန်းရှေ့မှာ ရပ်နေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအများအပြားကတော့ သူ့ရဲ့သီချင်းဆိုတဲ့ပုံရိပ်ကို ကြည့်ရှူသွားဖို့ ရင်ခုန်နေကြပါတယ်။

ရိုက်ကူးနေစဉ်အတွင်း Hwang In Yeobသည်ပရိသတ်များကို သူ၏ဆွဲဆောင်မှုရှိသော အသံနှင့် လိုက်ဖက်ညီသော သီချင်းကိုဆိုခြင်းဖြင့် ပရိသတ်များရဲ့ နှလုံးသားကို အပိုင်ဖမ်းယူခဲ့ပါတယ်။ အဲ့လိုမျိုးပိုင်နိုင်စွာ သီချင်းဆိုနိုင်တဲ့ Han Seo Jin က idol တစ်ယောက်ဖြစ်ဖို့ trainee ဆင်းခဲ့တဲ့ သူဖြစ်ပြီး သူ့ရဲ့အသံချိုချိုလေးကို ကြားရဖို့အတွက် ပရိသတ်တွေ စောင့်မျှော်လျက်ရှိပါတယ်။

“True Beauty”၏ အပိုင်းအသစ်ကိုတော့ Januaryလ 6 ရက်နေ့ ကိုးရီးယားစံတော်ချိန် ည 10:30 အချိန်မှာ ထုတ်လွှင့်ပြသ သွားမှာပဲ ဖြစ်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Korea Cele News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share