Cele Cele News

  • Home
  • Cele Cele News

Cele Cele News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cele Cele News, News & Media Website, .

ယူကရိန်းနိုင်ငံသားများသည် ရုရှားတပ်များကို တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်ကြပြီး ၎င်းတို့၏မြို့များကို ခုခံကာကွယ်ရန်အတွက...
03/03/2022

ယူကရိန်းနိုင်ငံသားများသည် ရုရှားတပ်များကို တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်ကြပြီး ၎င်းတို့၏မြို့များကို ခုခံကာကွယ်ရန်အတွက် အခြေခံပြောက်ကျားစစ်ဆင်ရေးစွမ်းရည်ကို သင်ယူရန် ကြိုးပမ်းနေကြသည်။ ယူကရိန်းတပ်ဖွဲ့များသည် molotov ကော့တေးနှင့် ဒုံးကျည်များပြုလုပ်နည်းကို လူတို့အား သင်ကြားပေးနေပြီး လေ့ကျင့်ရန် နေရာပေးထားသည်။

လူပျိုကြီးဘဝကနေ ကျွတ်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်သရုပ်ဆောင် ဝေဠုကျော်+ရေကြည်ချမ်းမြ တို့၏ လက်ထပ်ထိမ်းမြားဧည့်ခံပွ...
22/02/2022

လူပျိုကြီးဘဝကနေ ကျွတ်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်

သရုပ်ဆောင် ဝေဠုကျော်+ရေကြည်ချမ်းမြ တို့၏ လက်ထပ်ထိမ်းမြားဧည့်ခံပွဲကို ဒီနေ့ ဖေဖော်ဝါရီလ(၂၂) ရက်မှာ နှစ်ဖက်မိဘတွေရဲ့ သဘောတူ ခွင့်ပြုချက်အရ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ #ဝေဠုကျေ်

မင်္ဂလာပါ အားလုံးကျန်းမာပါစေ....
21/09/2021

မင်္ဂလာပါ အားလုံးကျန်းမာပါစေ....

21/09/2021
သူတို့လေးတွေပျော်ရင် ကျနော်လည်းပျော်တယ်ဆိုတဲ့ ဒါရိုက်တာ ကိုပေါက်နှင့်ညီအကိုများအလှူ၊
17/09/2021

သူတို့လေးတွေပျော်ရင် ကျနော်လည်းပျော်တယ်ဆိုတဲ့ ဒါရိုက်တာ ကိုပေါက်နှင့်ညီအကိုများအလှူ၊

အသက်(၈၆) နှစ်အရွယ် ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးဦးဇော်မှိုင်းကို ဆန်တစ်အိတ်နှင့် ငွေတစ်သိန်းကျပ်ကူညီထောက်ပံ့ပေးခဲ့တဲ့ လူ...
17/09/2021

အသက်(၈၆) နှစ်အရွယ် ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီး
ဦးဇော်မှိုင်းကို ဆန်တစ်အိတ်နှင့် ငွေတစ်သိန်းကျပ်
ကူညီထောက်ပံ့ပေးခဲ့တဲ့ လူရွှင်တော်မိုးစက်

crd MoeSat

သရုပ်ဆောင်ထူးခန့်ကျော်ဆေးခန်းမှာ ကျီးပေါင်းလာရောက်ကုသခဲ့တဲ့ ယွန်းရွှေရည်
16/09/2021

သရုပ်ဆောင်ထူးခန့်ကျော်ဆေးခန်းမှာ ကျီးပေါင်းလာရောက်ကုသခဲ့တဲ့ ယွန်းရွှေရည်

"ပထွေးဖြစ်သူက ခေါင်းအုံးနဲ့ဖိသတ်ခဲ့ပေမယ့် အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ မောင်ကံကောင်း"ပထွေးဖြစ်သူက ခေါင်းအုံးနဲ့ဖိသတ်ခဲ့ပေမ...
16/09/2021

"ပထွေးဖြစ်သူက ခေါင်းအုံးနဲ့ဖိသတ်ခဲ့ပေမယ့် အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ မောင်ကံကောင်း"

ပထွေးဖြစ်သူက ခေါင်းအုံးနဲ့ဖိသတ်ခဲ့ပေမယ့်အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ မောင်ကံကောင်း ကို မိုးမခရေလည်ပရဟိတ မိဘမဲ့ကျောင်း ဆရာတော်ကြီးက မွေးစားခဲ့တာ ဖြစ်ပါတယ်။ မောင်ကံကောင်း ဆိုတဲ့ နာမည်လေးကို ဆရာတော်က အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ အနေနဲ့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။
မိုးမခရေလည်ပရဟိတကျောင်း ရဲ့ တည်နေရာကတော့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ၉၉ မိုင် ၄ ဖာလုံ ကညွှတ်ကွင်းမြို့ အနောက်ဘက် မိုးမခကျေးရွာ မှာ တည်ရှိပါတယ်။

ဓာတ်ပုံ - ဦးမိုးဒီ ၊ မိုးစက်တို့နဲ့အတူ မောင်ကံကောင်းကိုတွေ့ရစဉ်
crd

ဒီနေ့ဟာအကယ်ဒမီ.နေတိုးရဲ့၄၀နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်💕မွေးနေ့လေးဟာဒီနေ့စက်တင်ဘာ9ရက်နေ့ဖြစ်ပါတယ်💕HAPPY BIRTHDAYပါကိုနေတိုးေ...
09/09/2021

ဒီနေ့ဟာအကယ်ဒမီ.နေတိုးရဲ့၄၀နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်💕
မွေးနေ့လေးဟာဒီနေ့စက်တင်ဘာ9ရက်နေ့ဖြစ်ပါတယ်
💕HAPPY BIRTHDAYပါကိုနေတိုးရေ 💕
မွေးနေ့ရှင်🎂နေတိုး 🎂နှင့်အနုပညာမောင်နှမထိပ်တန်းမင်းသမီးများ
အိန္ဒြာကျော်ဇင် သက်မွန်မြင့် သင်ဇာဝင့်ကျော် ဖွေးဖွေး ဝတ်မှုန်ရွှေရည်

ဆီရောင်းဝယ်ရေး စီးပွါးရေးလုပ်ကိုင်နေတဲ့ အောင်ရေချမ်းcrd
09/09/2021

ဆီရောင်းဝယ်ရေး စီးပွါးရေးလုပ်ကိုင်နေတဲ့ အောင်ရေချမ်း

crd

အိမ်ထောင်သက်တမ်း ၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်လအန်ဆိုင်း တို့ ဇနီးမောင် နှံ Cele Cele News
06/09/2021

အိမ်ထောင်သက်တမ်း ၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်လအန်ဆိုင်း တို့ ဇနီးမောင် နှံ
Cele Cele News

👬လွတ်​​မြောက်နယ်​မြေရောက် ဟားငါးကောင်အဖွဲ့ဝင် တိုင်းကျော်နဲ့ ပိုး​လေးတို့ အနုပညာညီအကို ၂ဦးရဲ့👬ပုံရိပ်လေးပါ
05/09/2021

👬လွတ်​​မြောက်နယ်​မြေရောက် ဟားငါးကောင်အဖွဲ့ဝင် တိုင်းကျော်နဲ့ ပိုး​လေးတို့ အနုပညာညီအကို ၂ဦးရဲ့👬
ပုံရိပ်လေးပါ

သိကြလား...?
05/09/2021

သိကြလား...?

"ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာ အောက်ဆီဂျင်ရှူနေရ"ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာအောက်ဆီဂျင်ကျလာလို့ဝေဠုကျော်မှ 50 L လေ...
05/09/2021

"ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာ အောက်ဆီဂျင်ရှူနေရ"

ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာအောက်ဆီဂျင်ကျလာလို့ဝေဠုကျော်မှ 50 L လေအပြည့်အိုး ကို ငှားရမ်းပို့ဆောင်ပေးခဲ့ပြီး သွားရောက်တွေ့ဆုံ ဂါရဝပြု အားပေးစကားများလည်း ပြောကြားပေးခဲ့ပါတယ်။
crd

ရှိတော့ရှိတယ် ရှားတယ် ဘာမှ မမြင်ဘူး မင်းမော်ကွန်း မိန်းမ ပဲ မြင်တယ်...တစ်ကယ် အားကျတယ်ဆယ်တန်းအောင် နိုင်ငံခြားမှာ ကျောင်း...
05/09/2021

ရှိတော့ရှိတယ် ရှားတယ်

ဘာမှ မမြင်ဘူး မင်းမော်ကွန်း
မိန်းမ ပဲ မြင်တယ်...

တစ်ကယ် အားကျတယ်

ဆယ်တန်းအောင် နိုင်ငံခြားမှာ
ကျောင်းတက်ခါနီး ခိုးမယ်ဆိုတော့လဲ
နိုင်ငံခြားမသွားဘဲ ခိုးရာလိုက်တယ်...

ယောက်ျားက တော်ရုံပွဲ လူရှုပ်လို့ဆိုပြီး
ငါမင်းသား မိန်းမ ဆိုပြီး လိုက်မနေဘူး...

နောက်ပိုင်းမှ မင်းမော်ကွန်း
မိန်းမဆိုတာ ကိုမြင်ရတာ
ဒါတောင် သူက သိပ်ပြီး
ဟိုဟာလုပ်ဒီဟာလုပ် လိုက်ပြောလေ့မရှိဘူး...

အခုလဲ အောင်မြင်နေတာ
ပိုက်ဆံကော နာမည်ကော
ကျော်ကြားမှုကော ကို ပစ်ပြီး
တောခိုမယ်ဆိုတော့လဲ
အကိုရယ် မိသားစုရှေ့ရေးတို့
သားသမီးတွေရှိတယ်လေတို့
ငွေတွေ ကိစ္စ တို့ တစ်ခွန်း မပြောဘူး...

တစ်ကိုယ်ကောင်းသမား ကျွန်မတို့တော့
မလိုက်နိုင်ဘူး တစ်ခွန်းမပြောဘူး...

သားသမီးတွေမွေးထားပြီး လုပ်ချင်တာ
လျောက်လုပ်နေတယ် တော်ပါတော့
အဆင်ပြေပြေ ပဲနေချင်တယ်
တစ်ခွန်းမပြောဘူး...

တစ်ကယ်ရှားတဲ့ သူလိုမိန်းမ.....



အထင်သေးခဲ့ဖူးတာပေါ့ ....
မင်းတို့မိန်းမတွေဟာ..ငါတို့ယောက်ျားတွေလို
အပင်ပန်းဒဏ်မခံနိုင်ဘူးလို့ ။

အထင်သေးခဲ့ဖူးတာပေါ့.
အရေး...အရေး..ဆို မင်းတို့မိန်းမတွေ.
မလုပ်တတ်မကိုင်တတ်တွေလို့ ။

အထင်သေးခဲ့ ဖူးတာပေါ့ ။
မင်းတို့ မိန်းမတွေ အသည်းငယ်သတ္တဝါတွေ
နည်းနည်းလောက်ငေါက်လိုက်တာနဲ့
မျက်ရည်နဲ့ မျက်ခွက်ကြည့်ပဲလို့ ။

အခုတော့...ကြည့်စမ်း..
အသည်းပျော့ လူသားတွေဟာ..
သူတို့မဟုတ်ဖူး..

မျက်ရည်လွယ်လွယ်ကျတတ်တဲ့
မိန်းမဆိုတာ သူတို့အတွက်မဟုတ်ဖူး

ထမင်းဟင်းချက်တတ်ယုံအိမ်မူကိစ္စ
လုပ်တတ်ယုံလောက်နဲ့ မိန်းမလုပ်နေတာ
သူတို့အတွက်မဟုတ်ဖူး ။

သူတို့ဟာ..သန်မာတဲ့
အာဃအမျိုးသမီးတွေ
သာမန်ဆိုတဲ့ယောက်ျားကောင်းတွေထက်
ပိုပြီး သန်မာတဲ့ အမျိုးသမီးကောင်းတွေ ။

မတရားမူ့ ကို သတ္တိရှိရှိ တွန်းလှန်ရဲတဲ့
အမျိုးသမီးကောင်းတွေ..။

တကယ်တော့..မိန်းကလေးဆိုတာ..
နူးညံ့တဲ့ စိတ်နှလုံးသား တစ်စုံရှိနေလို့သာ
ပျော့ညံ့တယ်ထင်ရတာ ..

မိန်းကလေးတွေရဲ့နူးညံ့တဲ့
နှလုံးသားတွေ သန်မာတဲ့ ဘက်ကို
ပြောင်းလာတဲ့အခါ..
ကမ္ဘာ ကြီးကို ကိုင်လှုပ်ပြစ်နိုင်တယ်ဆိုတာ..
ကျွန်တော်..ရော ..ခင်ဗျားရော..
#ဒီနွေဦး မတိုင်ခင်က သိပ်မသိခဲ့ကြဘူး..။

တကယ်တော...မိန်းကလေးဆိုတာ..
ဒီကမ္ဘာ ကြီးရဲ့ ..မိခင်ပါ..



🅿

လွတ်မြောက်နေမြေရောက်နေသည့် ဒါရိုက်တာ သည်ခေတ်နေကို ဆံပင်ညှပ်ပေးနေရှာတဲ့ ဒါရိုက်တာကိုပေါက်”ဓာတ်ပုံ -သည်ခေတ်နေ၊
04/09/2021

လွတ်မြောက်နေမြေရောက်နေသည့် ဒါရိုက်တာ သည်ခေတ်နေကို ဆံပင်ညှပ်ပေးနေရှာတဲ့ ဒါရိုက်တာကိုပေါက်”
ဓာတ်ပုံ -သည်ခေတ်နေ၊

( #မင်းမော်ကွန်းရေးသည်။)     လေးစားလျှက်ပါ။ဘာလိုသေးလဲ............?"မျှစ်လား" အပေါဆုံးပဲမိုးတွင်းဆိုတော့မျှစ်စို့ကြီးတွေက...
04/09/2021

( #မင်းမော်ကွန်းရေးသည်။)
လေးစားလျှက်ပါ။

ဘာလိုသေးလဲ............?

"မျှစ်လား" အပေါဆုံးပဲ
မိုးတွင်းဆိုတော့
မျှစ်စို့ကြီးတွေက
လတ်ဆတ်လို့
နုဖတ်လို့။

မန်ကျည်းသီးခူးပြီး
အစိမ်းထောင်းစားစား
မန်ကျည်းသီးချက်စားစား
မျှစ်ပြုတ်နဲ့က လျှာလည်။

ချဉ်ပေါင်ခင်းကလည်း
အဆင်သင့်ဆိုတော့
ဟင်းရည်သောက်သောက်
မျှစ်နဲ့ချဉ်ပေါင်ကြော်ကြော်
သိပ်မြိန်တဲ့ဟင်းတွေ။

မှိုတွေကလည်းအခင်းလိုက်
ဟင်းချက်စားမလား
ဟင်းချိုသောက်မလား
ကန်စွန်းပါချိုးကြော်လိုက်တော့
စားသောက်ဆိုင် ထိုင်ရသလို။

ဂွေးတောက်လား
ကြောင်လျာလား
ခရမ်းကဆော့သီးလား
သရက်ရွက်လား
အပြည့်အစုံကြိုက်တာတို့
ငါးပိထောင်းလည်း ကောင်းမှကောင်း။

ငှက်ပျောတွေက
အသီးပုပုလေးတွေနဲ့
သီးမှသီး ချိုမှချို
ငှက်ပျောအူတော့ မကိုက်ဘူး
ဝမ်းသာစရာသတင်းကြားရင်
မွင်းငါးချက်စားပစ်လိုက်တယ်။

ငါးကလည်းရှာလို့လွယ်သေး
ငါးခူ ငါးကြင်းကအစ
နာမည်မသိလည်းစားကောင်းတဲ့ငါး
အကောင်ကြီးကြီး
အလေးပြည့်ပြည့်တွေ
ကင်စားစား ပြုတ်စားစား
ဟင်းချက်မလား
အခြောက်လှမ်းမလား
ကြိုက်သလိုစား။

ရွာထဲဝက်ပေါ် အမဲပေါ်ရင်တော့
ကိုယ့်အကြိုက် ဆုံး
ဝက်လက် ဝက်ရိုးပြုတ်
အမဲနှပ်တွေ တခါတလေကြိတ်ရသေး
ဒါမှမဟုတ်လို့ ရန်ကုန်လွမ်းလာရင်
အသားကြိတ် အရိုးပြုတ်
အသင့်စားကြာဆံတစ်ထုတ်ဖေါက်ထည့်ပြီး
ကြေးအိုး ဆွဲလို့ရတယ်ဗျာ။

လက်ဆောင်လာပေးတဲ့ကြက်တွေ
မသတ်ရက်လို့မွေးထားတာ
ကြက်ဥကလည်းရ
အကောင်ကလည်းပွား။

ဆေးဝါးရှားတယ်ဆိုပေမယ့်
ချွေးထွက်များတော့
ကျန်းမာရေးကဒီရောက်မှ
ရန်ကုန်ထက်ကို ပိုမာနေသေး။

အဝတ်အစားကောင်းကောင်းမရှိပေမယ့်
နှလုံးသားကောင်းကောင်းတွေ
ဝတ်ဆင်ထားတဲ့သူတွေကိုသာ
တွေ့ရတဲ့နေရာ။

မိတ်ဆွေဟောင်းတွေကို
အမြဲသတိရပေမယ့်
ခုမှတွေ့ရတဲ့ ရဲဘော်ရဲဘက်တွေကလည်း
အသက်နဲ့ရင်းပြီးချစ်ကြခင်ကြတယ်။

မိန်းမနဲ့သားသမီးတွေဟာ
အမြဲဆင်းရဲတူတူ
ချမ်းသာတူတူ
စိတ်တူကိုယ်တူအနစ်နာခံနိုင်ကြောင်း
သိခွင့်ရခဲ့တယ်။

ဘဝမှာ
အသက်ရှင်နေထိုင်ရေးမှာ
ဘယ်အရာတွေကအဓိကကျပြီး
ဘယ်အရာတွေက
အပေါ်ယံဆိုတာသတိထားမိလာတယ်။

အမှန်တရားဘက်ကရပ်တည်ရင်
ဘယ်နေရာရောက်ရောက်
ဘယ်သူနဲ့တွေ့တွေ့
ဘယ်တော့မဆိုလိပ်ပြာသန့်ပြီး
မျက်နာမငယ်ရဘူးဆိုတာ
လက်တွေ့ကြုံရတယ်။

အခုထဲက
အမှန်တရားအရ
တရားမျှတခြင်းအရ
စိတ်ဓါတ်ခွန်အားအရ
အရွက္တရားအရ
ပြည်သူပါဝင်မှုအရ
အားလုံးပြည့်စုံစွာ
မတိုက်ခင်ထဲက
ကြိုအောင်မြင်နေတဲ့
ကျွန်တော်တို့တော်လှန်ရေးဟာလည်း
မကြာခင်အပြီးတိုင်
အောင်မြင်တော့မယ်။

ကဲ.......ကျွန်တော့်တို့အတွက်
ဘာလိုသေးလဲ။

မင်းမော်ကွန်း

၃၀.၈. ၂၀၂၁

👉👉လွတ်မြောက်နယ်မြေက ဝါးတန်းတဲလေးပေါ်က ဒါရိုက်တာ ကိုပေါက်”ဓာတ်ပုံ - ကိုရဲမင်း
03/09/2021

👉👉လွတ်မြောက်နယ်မြေက ဝါးတန်းတဲလေးပေါ်က
ဒါရိုက်တာ ကိုပေါက်”
ဓာတ်ပုံ - ကိုရဲမင်း

 #အဆိုတော်နေဝင်းတို့ဇနီးမောင်နှံရဲ့နွမ်းပါးတဲ့မိသားစု(60)စာအတွက် ကာလဒါနအလှူ"ဒီနေ့အလှူ With Travel Kueenပုသိမ်မြို့ အမှို...
03/09/2021

#အဆိုတော်နေဝင်းတို့ဇနီးမောင်နှံရဲ့နွမ်းပါးတဲ့မိသားစု(60)စာအတွက် ကာလဒါနအလှူ

"ဒီနေ့အလှူ
With Travel Kueen

ပုသိမ်မြို့ အမှိုက်ကုန်းတွင် နေထိုင်သောနွမ်းပါးမိသားစု
၆၀ အတွက်

▪️ဆန် ၆ ပြည်
▪️ဆီ ၅၀ သား
▪️ကြက်သွန် ၁ ပိသာ
▪️အာလူး ၁ ပိသာ အတွက်
#စုစုပေါင်း_အလှူငွေ - ၇၈၀ ၀၀၀ /- ကျပ် လှူဒါန်းပါသည် ။

ကူညီပြီးလှူပေးတဲ့ ကိုဗလ
#ပန်းပျိုးသူများ ကိုကျေးဇူးပါ 🙏
နေ့လယ်ခင်း ၀၁ နာရီ ၁၇ မိနစ်
၃၁ / ၀၈ / ၂၀၂၁ ( အဂ်ါနေ့ )"ဟုရေးသားခဲ့သည်။

The Voice Myanmar Season-3 ရဲ့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ ခင်ရတနာစိုးဟာ လာမယ့် စက်တင်ဘာလ ကျရောက်မယ့် သူမရဲ့မွေးနေ့ အထိမ်းအမှ...
02/09/2021

The Voice Myanmar Season-3 ရဲ့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ ခင်ရတနာစိုးဟာ လာမယ့် စက်တင်ဘာလ ကျရောက်မယ့် သူမရဲ့မွေးနေ့ အထိမ်းအမှတ် အဖြစ် မျက်ကြည်လွှာနဲ့ ကိုယ်တွင်း အင်္ဂါ တို့ကို လှူဒါန်းခဲ့တဲ့ အကြောင်း .....

crd

နေပြန်ကောင်းသွားပါပြီ 🥰ချစ်ရတဲ့ပရိသတ်ကြီးအားလုံးကို အရမ်းလွမ်းနေပါတယ်... 😍ဒီရောဂါဖြစ်နေတဲ့ကာလတွေမှာ စိတ်ဓာတ်ပါကျတယ်...🥺မ...
02/09/2021

နေပြန်ကောင်းသွားပါပြီ 🥰
ချစ်ရတဲ့ပရိသတ်ကြီးအားလုံးကို အရမ်းလွမ်းနေပါတယ်... 😍ဒီရောဂါဖြစ်နေတဲ့ကာလတွေမှာ စိတ်ဓာတ်ပါကျတယ်...🥺မိဘကိုစိတ်အရမ်းပူပေမယ့် အနားမှာမရှိပေးနိုင် မသွားနိုင်တဲ့အခြေအနေမှာ အရမ်းကိုခက်ခဲလွန်းပါတယ်... ဒီခံစားချက်တွေကို နားလည်တဲ့အတွက် ဆုံးရှူံးသွားတဲ့သူတွေတယောက်ချင်းစီကို ကိုယ်ချင်းစာတယ်...

ဘာပဲဖြစ်ဖြစ် အနားမှာရှိနေတဲ့အချိန် တန်ဖိုးထားကြမယ်...
ချစ်ရတဲ့ပရိသတ်ကြီးလည်း ကျန်းမာရေးဂရုစိုက်ကြပါနော်... အားလုံးကို ချစ်တယ်🥰😘❤️

🍀🌟💎
*ဆုအိမ့်စံ*👸🏻

"ကလေးနှစ်ယောက်အတွက် ဘဝကိုအကောင်းဆုံး ကြိုးစားရှင်သန်သွားမယ် ဆိုတဲ့ နန်းမြတ်ဖြိုးသင်း"ကျမယောက်ျားထားခဲ့တဲ့ပတ်ဝန်းကျင်ကောင...
01/09/2021

"ကလေးနှစ်ယောက်အတွက် ဘဝကိုအကောင်းဆုံး ကြိုးစားရှင်သန်သွားမယ် ဆိုတဲ့ နန်းမြတ်ဖြိုးသင်း"

ကျမယောက်ျားထားခဲ့တဲ့ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်း သူ့ရဲ့နာမည်ကောင်းအရိပ်အောက်မှာ ကျမကအကောင်းဆုံးကြိုးစားပြီး ရှင်သန်ရပ်တည်ဦးမှာ ..လွမ်းတာတော့အမြဲလွမ်းနေမှာပဲ ။
သူနဲ့ .......

"မွေးနေ့ကို ဘာသာရေးတွေ လုပ်ပြီး ဖြတ်သန်းဖြစ်နေတဲ့ နီနီခင်ဇော်"
31/08/2021

"မွေးနေ့ကို ဘာသာရေးတွေ လုပ်ပြီး ဖြတ်သန်းဖြစ်နေတဲ့ နီနီခင်ဇော်"

အမေရိကန်မြို့ကြီးများမှာ တကိုယ်တော်ရန်ပုံငွေပွဲ ကျင်းပမယ့် ဆောင်းဦးလှိုင် ဧရာဝတီ ၊ သြဂုတ် ၁၉ ၊ ၂၀၂၁။အဆိုတော်ဆောင်းဦးလှို...
22/08/2021

အမေရိကန်မြို့ကြီးများမှာ တကိုယ်တော်ရန်ပုံငွေပွဲ ကျင်းပမယ့် ဆောင်းဦးလှိုင်

ဧရာဝတီ ၊ သြဂုတ် ၁၉ ၊ ၂၀၂၁။

အဆိုတော်ဆောင်းဦးလှိုင်ရဲ့ “နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေခရီးစဉ်” လို့ နာမည်ပေးထားတဲ့ တကိုယ်တော်လှည့်လည်ဖျော်ဖြေပွဲကို သြဂုတ်လ ၂၈ရက် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှာ စတင်ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပွဲကိုတော့ ဆောင်းဦးလှိုင်နဲ့ အတူ ပြည်သူ့ဂုဏ်ရည်အသင်းတို့က ပူးပေါင်းစီစဉ်တာဖြစ်ပြီး လက်မှတ်နှုန်းထားတွေအနေနဲ့ကတော့ လူကြီးတယောက်ကို အမေရိကန်ဒေါ်လာ ၄၀ နဲ့ အသက် ၁၇နှစ်အောက် ကလေးတယောက်ကို ဒေါ်လာ ၂၀ ၊ ၅နှစ်အောက်ကလေးများကိုတော့ အခမဲ့ဖြင့် ဆိုပြီး သတ်မှတ်ထားပါတယ်။

“ကျနော့်မှာ အလွန်ဆိုချင် တီးချင်နေတဲ့စိတ်ကူးကိုမရှိပါ။ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာနေသူတွေ ရံပုံငွေရတာ ကျဆင်းလာပြီး ထည့်ဝင်ကြသူတွေ ပင်ပန်းလာတာကိုအားပေးဖို့ သီချင်းလှည့်ဆိုပေးတာဖြစ်ပါတယ်” လို့ ဆောင်းဦးလှိုင်ကပြောပါတယ်။

အဆိုတော်ဆောင်းဦးလှိုင်ရဲ့ “နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေခရီးစဉ်” ကို သြဂုတ်လ ၂၈ ရက်နေ့မှစပြီး မြို့ကြီး ၁၀ မြိုတို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲက ရရှိတဲ့ရံပုံငွေများကိုတော့ မြန်မာပြည်ရှိ အနယ်နယ်အရပ်ရပ်သို့ ပေးပို့လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အကယ်ဒမီဒါရိုက်တာ ဦးကြည်စိုးထွန်း၏ဇနီးဖြစ်သူ ဒေါ်နုနုသိန်း အသက်(၇၃)နှစ်သည် ဒီကနေ့သြဂုတ်လ ၂၂ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါတယ်...
22/08/2021

အကယ်ဒမီဒါရိုက်တာ ဦးကြည်စိုးထွန်း၏
ဇနီးဖြစ်သူ ဒေါ်နုနုသိန်း အသက်(၇၃)နှစ်သည် ဒီကနေ့သြဂုတ်လ ၂၂ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါတယ်။

Photo-crd

ကျ​နော့်ယုံကြည်မှုအတွက်​ရွေးခဲ့တဲ့လမ်း ကျ​နော်တစ်​ယောက်တည်းဆက်​လျှောက်မှာပါ ဆိုတဲ့ သရုပ်ဆောင် ဟိန်းထက် ❤️"နှောင်ကြိုး​တေ...
22/08/2021

ကျ​နော့်ယုံကြည်မှုအတွက်​ရွေးခဲ့တဲ့လမ်း ကျ​နော်တစ်​ယောက်တည်းဆက်​လျှောက်မှာပါ ဆိုတဲ့ သရုပ်ဆောင် ဟိန်းထက် ❤️

"နှောင်ကြိုး​တွေကိုဖြတ်ပြီးသားပါ...
ကျ​နော့်ရပ်တည်ချက်...
ကျ​နော့်ယုံကြည်မှုအတွက်​ရွေးခဲ့တဲ့လမ်း...
မိသားစု​တောင်အသိမ​ပေးပဲလုပ်ခဲ့တဲ့အရာ...
ကျ​နော်တစ်​ယောက်တည်းဆက်​လျှောက်မှာပါ..." ဆိုပြီး သရုပ်ဆောင်ဟိန်းထက်က လူမှုကွန်ယက်မှာတင်ထားတာပဲဖြစ်ပါတယ်။ ဟိန်းထက်ကတော့ ယုံကြည်မှုအမှန်တရားအတွက် တောထဲရောက်နေတယ်လို့လဲသိရပါတယ်။

"တောထဲကရတဲ့မှိုလေးတွေကို ရွာထဲကို သွားရောင်းပြီးလှေနဲ့ ပြန်လာတဲ့ မင်းမော်ကွန်းတို့မိသားစု"ကသာရဲစခန်း မင်းမော်ကွန်း အဖွဲ့...
22/08/2021

"တောထဲကရတဲ့မှိုလေးတွေကို ရွာထဲကို သွားရောင်းပြီးလှေနဲ့ ပြန်လာတဲ့ မင်းမော်ကွန်းတို့မိသားစု"

ကသာရဲစခန်း မင်းမော်ကွန်း အဖွဲ့ ၀င်စီးဆိုတာ သတင်းအမှားကြီးပါလို့ ကိုရဲမင်းက သူ့ရဲ့လူမူကွန်ယက်မှာ ရေးသားထားပါတယ်။

"ကသာရဲစခန်း မင်းမော်ကွန်းအဖွဲ့ ၀င်စီးဆိုတာ သတင်းအမှားကြီးပါ ။ကိုကျော်တို့ မိသားစုလေးခမျှ တောတောင်ထဲမှာ လှေလေးနဲ့ခက်ခက်ခဲခဲ ယခုပုံပါအတိုင်း သွားလာနေရတာပါ .။အနီးကပ်ရှိ‌နေသူတွေက ကူညီတာကိုအားနာပြီး လက်မခံဘဲ တောထဲကရတဲ့မှိုလေးတွေ ဒီနေ့ ရွာထဲကို သွားရောင်းပြီးလှေနဲ့ ပြန်လာတဲ့ ပုံလေးပါ။သူများကို အကူအညီတောင်းရမှာအလွန်အားနာတတ်တဲ့ ကိုကျော်ဟာသူစီးနေကျ ကားလေးကိုလည်းရတဲ့‌ဈေးနဲ့ လွန်ခဲ့သောနှစ်လက အရှုံးခံရောင်းလိုက်ရပါတယ်။အဲဒီနေ့ကဆို သူသံယောဇဉ်ဖြစ်တဲ့ကားလေးရောင်းလိုက်ရတော့ အတော်လေးစိတ်မကောင်းဖြစ်နေတာပါ။လွတ်‌မြောက်နယ်‌မြေမှာလည်း မိသားစုအတွက် ကုန်ကျစရိတ်တွေရှိတယ်လေ။တော်လှန်‌ရေးမှာ အနစ်နာခံတဲ့ အနုပညာရှင်တွေကို မှတ်ထားပေးကြပါ။ထို့အတူ တော်လှန်‌ရေးမှာ သာကူးခွထိုင်ဖို့ချောင်းနေတဲ့ အနုပညာရှင်တွေကိုလည်းမှတ်ထားပေးကြပါ" လို့ မင်းမော်ကွန်းတို့မိသားစုနဲ့ပတ်သက်လို့ ကိုရဲမင်းကလူမူကွန်ယက်မှာရေးသားထားပါတယ်။

Photo-YeMin Fb

🙏လွတ်မြောက်ရာနယ်မြေသို့ရောက်ရှိနေတဲ့🙏အဆိုတော်၊အောင်ထက်ရဲ့မွေးနေ့လေးဖြစ်ပါတယ် 💕Happy Birthdayပါကိုအောင်ထက်💕မွေးနေ့ဆုတောင်...
21/08/2021

🙏လွတ်မြောက်ရာနယ်မြေသို့ရောက်ရှိနေတဲ့🙏
အဆိုတော်၊အောင်ထက်ရဲ့မွေးနေ့လေးဖြစ်ပါတယ်
💕Happy Birthdayပါကိုအောင်ထက်💕မွေးနေ့ဆုတောင်းပေးကြပါဦး

အပြစ်ကင်းတဲ့ အပြုံးဆိုတာ  💔
21/08/2021

အပြစ်ကင်းတဲ့ အပြုံးဆိုတာ 💔

ယနေ့ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ PDF လူငယ်လေး ကိုအောင်မြင့်မြတ်၊ 😢💔
21/08/2021

ယနေ့ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ PDF လူငယ်လေး ကိုအောင်မြင့်မြတ်၊ 😢💔

ထပ်ဆင့်အကယ်ဒမီဖွေးဖွေးရဲ့ဖခင်_နောက်ဆုံးဈာပနပုံရိပ်မြင်ကွင်းများ              ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးရဲ့ ဖခင်ဖြစ်သူ ဦ...
21/08/2021

ထပ်ဆင့်အကယ်ဒမီဖွေးဖွေးရဲ့ဖခင်_နောက်ဆုံးဈာပနပုံရိပ်မြင်ကွင်းများ

ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးရဲ့ ဖခင်ဖြစ်သူ ဦးကျော်ကျော်ဝင်း(ခ)ဦးမောင်ဦးသည် ဩဂုတ်လ၁၉ ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့် ပန်းလှိုင်ဆေးရုံတွင် ကွယ်လွန်သွားခဲ့ပါသည်။
ကျန်ရှိသော ရုပ်ကလာဒ်ကို မိသားစုဝင်များနှင့် တူမဖြစ်သူ သရုပ်ဆောင်ဝတ်မှုံရွှေရည်တို့မှ လိုက်ပါ ပို့ဆောင်ခဲ့ပြီး ဩဂုတ်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီ၁၂ မိနစ်တွင် ထိန်ပင် သုသာန် ၌ မီးသဂြိုဟ် ပြီးစီးခဲ့ကြောင်း သိရပါသည် ။

ရှား ပါး ဓာတ် ပုံ လေး ♥
21/08/2021

ရှား ပါး ဓာတ် ပုံ လေး ♥

21/08/2021
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးဟာ ဒီကနေ့ဩဂုတ်လ ၂၁ ရက်နေ့မှာ COVID-19 ရောဂါနဲ့ ကွယ်လွန်သွားခဲ့...
21/08/2021

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးဟာ ဒီကနေ့ဩဂုတ်လ ၂၁ ရက်နေ့မှာ COVID-19 ရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း စိတ်မကောင်းစွာကြား သိရပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Cele Cele News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share