KyaukTan Information

  • Home
  • KyaukTan Information

KyaukTan Information Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KyaukTan Information, News & Media Website, .

ကျောက်တန်းမြိူ့နယ်အဖွဲ့အစည်းနှင့် G.H.F (God's Hand Forces) (Yangon)K.P.D.F ပူပေါင်းမက်ရှင်နှစ်​​ခုလုပ်ဆောင်ရတွင် ရာသီဥတ...
12/07/2022

ကျောက်တန်းမြိူ့နယ်အဖွဲ့အစည်းနှင့်

G.H.F (God's Hand Forces) (Yangon)

K.P.D.F ပူပေါင်းမက်ရှင်နှစ်​​ခုလုပ်ဆောင်ရတွင် ရာသီဥတု

အခက်အခဲကြောင့် ပစ္စည်းအနည်းငယ်ဆုံးရှုံးမှုရှိခဲ့ပီး

အားမလျော့ပဲဆတ်လတ် ရျ် စကစ နှင့်ထောက်တိုင်များအားအရေးတော်ပုံအောင်မြင်သည်အထိတွန်းလှန်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။

မှတ်ချက် ။။တော်လှန်ရေးသမားတိုင်း သည် တိုင်းပြည်အနာဂတ်များဖြစ်သော ကျောင်းသား/သူ များနှင့် နိုင်ငံပိုင်အဆောက်အအုံများအား ယခုအချိန်ထိ ထိခိုက်စေလိုခြင်းမရှိပါ ။ ကျောင်းသည် မ.အ.လ (စကစ) များနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိပါသောကြောင့် (စကစ)များအားရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ပါသည်ဟု သတင်းရရှိပါသည်။
kyauktan information
admin teams

kyauktan

28/06/2022

မြို့ပြစစ်ဆင်ရေး ရဲဘော်များအထူးသတိ...
-ရန်သူရဲ့ ဗျူဟာပြောင်းလဲကစားနေတဲ့အပေါ်မျက်ခြေမပျက်ပါစေနှင့်...
-မြို့ပြရဲဘော်တွေအထူးဂရုစိုက်သင့်သည်ရန်သူရဲ့စစ်ဆင်ရေးနည်းဗျူဟာပြောင်းလဲခြင်း...
-ဖမ်းဆီးခံရသူများအားရိုက်နှက်ခြင်း၊နှိပ်စက်ခြင်းမပြုပဲ
Mission တွေဖေါ်ဆောင်ခိုင်းစေခြင်း...
-PD,SHများအားအလွယ်တကူရှာဖွေဖမ်းဆီးခံရခြင်းသည်ရန်သူရဲ့လှည့်ကွက်များသုံး၍ဖေါ်ထုတ်ခြင်း...
-အရေကြီးPD,SHများကိုခြေသံလုံလုံဖြင့်လှုပ်ရှားဆောင်ရွက်သင့်....
-အထူးလုံခြုံရေးစည်းများသတ်မှတ်ပြီးရန်သူဝင်ရောက်လာပါကသတ်ကွင်းဖေါ်ဆောင်ထားသင့်သည်...
-ရန်သူအင်အားတိုးလာခြင်းမဟုတ်ဒလန်၊ဒေါက်တိုင်သတင်းပေးများကြောင့်ရဲဘော်တို့ဆုံးရှုံးမှု့များဖြစ်ပေါ်နေရခြင်းဖြစ်သည်...
-ထိုကြောင် ရန်သူနှင့်ပြည်သူ ခွဲခြားရှင်းလင်းသုတ်သင်ကြရန်အကြုံပြုအပ်ပါသည်...
-စကစကိုထောက်ခံနေ‌သာလူမှန်သမျှ ကျုပ်တို့ရန်သူအဖြင့်တရားဝင်သတ်မှတ်ပြီးအပြီးတိုင်ချေမှုန်းကြစို့...

KPDF kyauktan
Admin Team

23/06/2022

ကျောက်တန်းမြို့မှ တက္ကသိုလ်၀င်တန်း ကျူရှင်ဆရာ၊ဆရာမများနှင့် ကျူရှင်ကျောင်းများခင်ဗျာ

စစ်ကောင်စီ၏ ‌တက္ကသိုလ်၀င်စာမေးပွဲသည် ကျောင်းသူကျောင်းသားများ၏ အရည်အချင်းအစစ်အမှန်ကို ဖော်ဆောင်ပေးခြင်း မရှိကြောင်းကို ဆရာ ဆရာမများအနေဖြင့် သိရှိပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့၏ တပည့်များကို လမ်းမှန်သို့ သွန်သင် လမ်းပြပေးဖို့ရာအတွက် စစ်ကောင်စီ၏ ဖရိုဖရဲ ပညာရေးကို မပူးပေါင်းမပါ၀င်ကြဖို့ နောက်ဆုံးအနေဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ ယခုထိတိုင် ပြည်သူ့ဘက်မှရပ်တည်ပေးခဲ့ကြသော ဆရာဆရာမများကို ကျေးဇူး အထူးတင်ရှိပါသည်။

ပုံ

K.P.D.F
admin team

17/06/2022

တစ်လခွဲလောက် အဘန်း ရလို့ပါ
ယနေ့မှစ ပြန်လည် အသက်ဝင်ပါပီ
မြေပြင်သတင်းများအတတ်နိုင်ဆုံးအချိန်နဲ့သပြေးညီး တင်ပေးပါမယ်ခင်ဗျ

kyaauktan infor

Ad team

Drone ဖြင့် တိုက်ခိုက်ရာ M9 ထက် ၂ ဆ ပြင်းအားရှိတဲ့ Project Falcon ဗုံးသီး အလုံး ၅၀၀ ခန့် ပြည်သူ့စစ်သားမှ ထုတ်လုပ်အောင်မြ...
05/05/2022

Drone ဖြင့် တိုက်ခိုက်ရာ M9 ထက် ၂ ဆ ပြင်းအားရှိတဲ့ Project Falcon ဗုံးသီး အလုံး ၅၀၀ ခန့် ပြည်သူ့စစ်သားမှ ထုတ်လုပ်အောင်မြင်

မေ ၅၊ ၂၀၂၂။

စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်အပေါ် KIO ထုတ်ပြန်May 05, 2022 စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိ...
05/05/2022

စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်အပေါ် KIO ထုတ်ပြန်
May 05, 2022

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေးရေးဖိတ်ခေါ်မှုသည် ပါဝင်သင့်သူများအားလုံးကို ဖိတ်ခေါ်မှု မရှိခြင်း၊ နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိခြင်းတို့ကြောင့် အဆိုပါအချက်များ စုံလင်သည့်အခင်းအကျင်းရောက်မှသာ ဆွေးနွေးနိုင်မည်ဟု KIO ယနေ့ ထုတ်ပြန်ထားသည်။

PDFအတွက်မွေးနေ့လက်ဆောင်မြင်ကွင်း(၁)ကိုဗစ်ခြိမ်းခြောက်ဗုံးတွေပေါက်လည်းရအောင်မဲပေးခဲ့ပြီးပြီ။တသက်တခါလူရာဝင်ပေးခဲ့တဲ့ရလဒ်တွ...
05/05/2022

PDFအတွက်
မွေးနေ့လက်ဆောင်

မြင်ကွင်း(၁)
ကိုဗစ်ခြိမ်းခြောက်ဗုံးတွေပေါက်လည်း
ရအောင်မဲပေးခဲ့ပြီးပြီ။

တသက်တခါလူရာဝင်ပေးခဲ့တဲ့ရလဒ်တွေကိုမကြိုက်လို့ပြန်ဖျက်သည်တဲ့။ဒါမျိုးတော့ငုံ့မခံ၊ပတ်ဝန်းကျင်ကြည့်တော့ခံပြင်းသူတွေချည်း၊ဒါ အသက်အရွယ်စုံဘဝစုံကပြည်သူတွေကိုစော်ကားတာပဲ။အထူးသဖြင့်သန်းပေါင်းများစွာလူငယ်တွေရဲ့ဆန္ဒကိုမထီမဲ့မြင်ပြုတာပဲ။

မြင်ကွင်း(၂)
ဒီအတွက် ပြည်သူအားလုံးကိုယ်စားသူတို့လမ်းပေါ်ထွက်ပြီးငြိမ်းချမ်းစွာဆန္ဒပြသည်။
ကိုယ်တိုင်ရေးပိုစတာတွေ
ကိုယ်တိုင်လျှောက်ခြေလှမ်းတွေနှင့်
ပြည်လုံးကျွတ်တခဲနက်လူပင်လယ်ဖြစ်အောင်လက်နက်မဲ့ဆန္ဒပြကြသည်။
ကြွေးကြော်သံနှင့် ဂီတနှင့်ပါဖောင့်မန့်တွေနှင့်
ဒါကိုအာဏာလုစစ်တပ်ကအကြမ်းကြုတ်ဆုံးဖြိုခွင်း၏။

မြင်ကွင်း(၃)
ပလတ်စတစ်ဦးထုပ်ကသူတို့ခေါင်းတွေကိုအကာအကွယ်မပေးနိုင်တော့။
သွေးတွေရွှဲနေသည့်မြို့ပြကျေးလက်လမ်းတွေမှသူတို့ရွှေ့ပြီ။

“ကိုယ့်လမ်းကိုယ်ဖောက်ရတယ်ဆိုတာကျွန်တော်တို့မှအစစ်ဗျ။မောင်းချဓားနဲ့ကိုယ်တိုင်သစ်ကိုင်းတွေကိုခုတ်ပြီးတောတိုးရတာ
၊နယ်မြေဘာမှမကျွမ်းဘူးတောကြီးမျက်မဲ
တိုးရတာပဲ။
ဒါပေမယ့်ယုံတယ်။ကျွန်တော်တို့အတွက်လွတ်မြောက်ရာတော်လှန်ရေးနယ်မြေရှိကိုရှိရမယ်။ခါးဝတ်ခါးစတွေနဲ့ပဲထွက်လာကြတာ။ဘာမဆိုစားနိုင်ရမယ်၊ဘယ်နေရာမဆိုအိပ်နိုင်ရမယ်၊ဘယ်လောက်ပြင်းထန်လေ့ကျင့်နိုင်ရမယ်။ဒီလိုယုံပြီးရောက်အောင်လာခဲ့တာ”

တိုက်ပွဲဝင်သင်တန်းတစ်ဖက်နှင့်အချိန်လုအဖြေပေးသည့်လူငယ်တစ်ဦးရဲ့စကားဖြစ်သည်။လေ့ကျင့်ရေးမှ ဟောဟဲသံကဖျောက်မရ။ဒါပေမယ့်အသံမာနေဆဲ။သန်မာမာနေဆဲ။

မြင်ကွင်း(၄)
“အရာရာဟာအဆင်သင့်ရှိမနေနိုင်ဘူးဆိုတာကြိုသိပြီးသားပါ။ရောက်အောင်လာဖို့ပဲ၊
နိုင်အောင်တိုက်ဖို့ပဲ။ကျွန်တော်တို့က
ဖောင်ဖျက်ပြီးပြီလေ။ပြန်ဆုတ်ဖို့မရှိဘူး”

ကျောင်းဆရာတဦးကပြောသည်။မြေဖြူကိုင်သောလက်တွေ၊ကွန်ပျူတာကိုင်သောလက်တွေ၊နားကြပ်ကိုင်သောလက်တွေကတော်လှန်ရေးလိုအပ်ချက်ရှိသမျှပြောင်းကိုင်နေရသည်။

“ရည်းစားကိုတောင်ခွင့်ပန်ပြီးနှုတ်ဆက်ခဲ့လို့ရသေးတယ်။ဒီကောင်ကရှင်းပြလို့လည်းမရဘူးဆန္ဒပြတုန်းကလည်းလျှောက်လိုက်နေကျကိုး။
လိုက်မယ်ဆိုတာချည်းပဲသူ့ကိုမထားခဲ့ပါနဲ့လို့တောင်တောင်းပန်တယ်ဗျာ။ဒါနဲ့ကျွန်တော်လည်းဒီလောက်တောင်ဖြစ်တာလိုက်ခဲ့ကွာဆိုပြီးခေါ်လာရတာပဲ”

ကျောပိုးအိတ်ထဲမှခေါင်းပြူကြည့်နေသည့်
နားကားကား အမွှေးထူထူဝဝကစ်ကစ်လေး၊(ခွေးလားကြောင်လားတောင်သေချာမမြင်
လိုက်ရ)တကောင်ကိုလှစ်ခနဲတွေ့ခဲ့ရသည်။ဒါပဲပြောပြီးတောင်ကုန်းပေါ်ပြေးတက်သွားသည့်သူ့သခင်ကြိုးသိုင်းအိတ်ထဲခြေကားယား
လက်ကားယားပါသွားရှာလေ၏။

မြင်ကွင်း(၅)
“အိမ်ကခွင့်ပြုမပြုမသိဘူး။ခိုးထွက်လာရတာဆိုတော့မသေချာဘူးလေ။ကျွန်မချစ်သူရှိတဲ့တပ်ရင်းကိုပြောင်းဖို့လည်းမရေရာသေးဘူး။ဟိုနေ့ကတော့ကြိုးတန်းတွယ်တက်လေ့ကျင့်ရေးအပြီးမှာပေါက်ပြဲဖူးရောင်နေတဲ့လက်ဖဝါးတွေကိုဓာတ်ပုံရိုက်ပြီးပို့လိုက်တယ်။သူကပြန်ပို့တယ်ပိုလှတယ်တဲ့”

ဒီလိုစကားတွေကဆန်းလှသည်တော့မဟုတ်။ခြေနှစ်ဖက်လက်နှစ်ဖက်ဆုံးရှုံးရသည့်တိုင်
မေတ္တာစစ်ကိုတော့မဆုံးရှုံးစေရသည့်မိန်းမ
ငယ်တွေကိုမနေ့တနေ့ကပင် နှလုံးသား
မျက်ကြည်လွှာတွေမှာမြင်ရပြီပဲ။

မြင်ကွင်း(၆)
“ဆရာဝန်တွေဆေးကျောင်းကတွေ ပါတယ်လေ။ကိုယ့်အချင်းချင်းပြန်ကုပေါ့။
ရောက်ရာအရပ်မှာဘာသာစကားတွေ
အပြန်အလှန်သင်ပေးကြတယ်။နှစ်မျိုးသုံးမျိုးတွေတတ်ကုန်ပြီ။
အင်ဂျင်နီယာတွေနည်းပညာသမားတွေကတီထွင်ကြံဆတာတွေလုပ်ပေးရတာပေါ့။ဒီလိုပါပဲဗျာ။အင်တာနက်ခေတ်မှာဘာမဆိုလိုချင်ရင်ရပါတယ်ဆန္ဒရယ်ဝီရိယရယ်စိတ်အင်အားနဲ့ဉာဏ်ပညာတွေရှိရင်ရတာပဲ”

ဂါဇာကမ်းမြှောင်အရှေ့အလယ်ပိုင်းအပါအဝင်ကမ္ဘာ့တော်လှန်ရေးပေါင်းစုံမှပြောက်ကျားသေင်္နဂဗျူဟာတွေ၊ဝယ်ယူမရနိုင်သည့်ပစ္စည်းကိရိယာထုတ်လုပ်နည်းတွေရှာကြံနေကြရသည်။တွင်ခုံဆရာမှအစPhDအထိပါဝင်နေသည့်ဤတပ်ဖွဲ့များကြံလျှင်ဘာခံနိုင်မည်နည်း။အာဏာရှင်တာဝါတိုင်ကိုအဝေးပစ်တွေဖြစ်စေခဲ့ပြီ။ပြည်သူတွေချွေးနည်းစာနဲ့ထောက်ပံ့နေရတာ။ကျွန်တော်တို့ကောင်းကောင်းသိတယ်ဆန်တစေ့မှအလဟဿမဖြစ်စေရဘူးတဲ့။

မြင်ကွင်း(၇)
“ထရိန်နင်မှာကျွန်တော်တို့ကမောင်းတယ်။လိုတာထက်ပိုမောင်းတယ်။ဒါတောင်ဒီလူငယ်တွေကကျွန်တော်တို့မောင်းတာထက်ပိုပြီးတော့ကျင့်ပြရအုံးမလားလို့ပြန်စိန်ခေါ်တယ်။ဇွဲသတ္တိကိုကျွန်တော်မချီးကျူးဘဲမနေနိုင်တော့ဘူး။ဆန်းတော့မဆန်းပါဘူးလေ။ယုံကြည်ချက်ကမောင်းနှင်နေပြီကိုး။ဒါကတော့”

သူတို့ကိုလေ့ကျင့်ပေးတဲ့သင်တန်းဆရာတစ်ဦးရဲ့မှတ်ချက်ဖြစ်ပါ၏။

မြင်ကွင်း(၈)
လူတိုင်းလက်ထဲလက်နက်မကိုင်နိုင်၊မဲနှိုက်ရတုန်းကမဲပေါက်သူရဲ့တက်ကြွမှုမျိုး၊မဲမပေါက်သူရဲ့မချင့်မရဲဖြစ်ပုံတွေတော့ဗီဒီယိုကလစ်တွေမှာမြင်ဖူးကြပါလိမ့်မည်။ထိခိုက်ဆုံးရှုံးအသက်ပေးရတတ်သည့်ကိစ္စ ဒီလိုအလုအယက်တက်ကြွမှုတွေကပြည်သူ့လွတ်မြောက်ရေးအတွက်သူတို့ဘာမဆိုအသင့်ရှိကြောင်း နဖူးပေါ်ဆေးမင်ထိုးပြလိုက်တာမဟုတ်ပါလား။

မြင်ကွင်း(၉)
သူတို့အတွက်ဖြေသိမ့်စရာကာလအချို့ရှိသည်။ပြည်တွင်းပြည်ပကပြည်သူတွေ ဖမ်ဆီးသတ်ဖြတ်အန္တရာယ်အမျိုးမျိုးကြားခက်ခက်ခဲခဲပို့လိုက်သောစားစရာကလေးလက်ဆောင်ကလေးတဆုပ်တဖဲ့ရသောအခါမျိုး။

အချို့ညများတွင်အနုပညာရှင်များ ထင်ရှားသူများနှင့်ရှေ့မျိုးဆက်တို့ကနှုတ်ဆက်
အပြန်အလှန်အားယူကြသည့်ညမျိုး။

အဆိုတော်တွေကသီချင်းဆိုပြ။မျိုးဆက်ဟောင်းတော်လှန်ကဗျာရွတ်သူတွေရွတ်ပြကြတော့သူတို့မျက်နှာတွေကအမှောင်ထဲညအရိပ်တွေလှုပ်ခါလျက်။
သူတို့လည်းဆိုပြရွတ်ပြချင်သည်တဲ့။
လုပ်စမ်းပါဆိုသည်နှင့်တဦးချင်းရောတပ်ဖွဲ့အလိုက်ရောဖေါက်ထုတ်ချလိုက်ကြသည်မှာ
နှလုံးသားတွေကိုထွင်းဖောက်မြင်ရ။

တောင်ပိုင်းအဖွဲ့ဆိုပြီးတော့အလယ်ပိုင်း။ပြီးတော့မြောက်ပိုင်း။ဆိုသမျှအစစ်တွေချည်း။
စစ်မှာပေါ့ရင်ထဲကလာတာကြီးကိုး။
သူတို့ကိုယ်တိုင်စပ်ထားတာတွေကပိုတောင်ကောင်းနေသေး။ဆိုရွတ်ကောင်းနေတုန်းအင်တာနက်ပြတ်သွား၍ဟာခနဲဟင်ခနဲမချင့်မရဲ။ဒီလိုပဲရောင့်ရဲကြသည်ပင်။

ဒါတွေကတချိန်ကြယ်စုံသောတညမြို့ပြကျေးလက်လမ်းတွေမှာဒီလိုစုဖွဲ့ပြီးနွေဦးတော်လှန်ရေးဂုဏ်ပြုတေးတွေလက်ချင်းချိတ်ဆိုနိုင်မည့်ရက်ရောက်လာရဖို့ပြည်သူနှင့်အတူအားသစ်ယူထားနေရော့မည်။

မြင်ကွင်း(၁၀)
တောင်ပေါ်တိုင်းရင်းသားဒေသမှလူကြီးတယောက်ကအခုလိုပြောသည်။
“မျက်စိထဲမှာတော့ကလေးတွေဗျ။ဒါပေမယ့်ဆယ်တန်းအောင်ပြီးတချို့ကအလုပ်ထဲဝင်တချို့ကတက္ကသိုလ်တက်နေတုန်းရှိသေးတယ်ခုတော်လှန်ရေးကသူတို့ကိုချက်ချင်းရင့်ကျက်သွားစေတာပဲ။စဉ်းစားတာ ဆွေးနွေးတာဆုံးဖြတ်တာတွေက တကယ်လူကြီးစိတ်တွေနဲ့
ဉာဏ်ပညာတွေနဲ့”

ဒီလိုသူတို့ကိုချစ်သောပြည်သူနှင့်သူတို့ချစ်သောပြည်သူများရောက်ရာအရပ်ကလက်သုံးချောင်းထောင်နှုတ်ဆက်နေကြမြဲ ။
သူတို့တောင်အသက်ပေးတိုက်နေကြတာပဲငါတို့ဘာလို့လက်နှေးနေကြမလဲဟုအားတင်း၍ငွေအား ဉာဏ်အားလုပ်အားတွေကူနေကြမြဲ။

ရှေ့မျိုးဆက်တဦးကခုလိုရေးထားသည်။
“PDF ဆိုတာ
ခံစားချက်နဲ့ ခံယူချက်ထဲ
အသက် ကိုပေါင်းထည့် လိုက်ရတာ။

PDF ဆိုတာ
ရည်မှန်းချက် ပန်းတိုင်တွေထဲ
ဘဝ ကိုပေါင်းထည့် လိုက်ရတာ။

PDF ဆိုတာ
ပြည်သူ့ရဲ့ မေတ္တာတရားနဲ့သားစဉ်မြေးဆက်
လိပ်ပြာလှနေကြမဲ့
ကြီးမြတ်ထည်ဝါလူသားတွေပါ။

ကျင့်ကြံဖို့ခက်ခဲတဲ့ တရားတွေကြားက
သင်က PDF တစ်ယောက်လား”

သူတို့ပြည်သူနှင့်အတူယုံထားတာတခုရှိသည်။

“တော်လှန်လမ်းဟာ သဘာဝအလျောက်
ကောက်ကွေ့ချင်ကွေ့မယ် စိတ်တွေကတော့အဖြောင့်”

ခြေဗလာလက်ဗလာဖြင့်စခဲ့သောသူတို့၏
စုဖွဲ့မှုများအခု(၁)နှစ်ပြည့်ပြီ။

ယနေ့ သူတို့မွေးနေ့။

ဆန်ကြမ်းထမင်းကိုBirthday ကိတ်လုပ်ပြီး ရောင့်ရဲပြ ၊
စိန်ခေါ်သံကိုပြန်ထူးပြသည့်သူတို့က
ဘာမျှမတောင်းဆိုသော်လည်း

သူတို့ချစ်သောပြည်သူတွေဆီက
မွေးနေ့လက်ဆောင်ပေးမည်ဆိုလျင်
သူတို့ဘာများလိုချင်ရှာပါလိမ့်။

#မင်းကိုနိုင်
၅၊၅၊၂၀၂၂

Mass Media Campaign
မေလ(၅)ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း ကြေညာတဲ့ တစ်နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တည်ထောင်ပြီးကြောင်း ကြေညာတဲ့ တစ်နှစ်ပြည့်တဲ့နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲကို ပါဝင်ဆောင်ရွက် နေကြသော လူပုဂ္ဂိုလ်၊အစုအဖွဲ့၊တော်လှန်ရေးအင်အားစုများ အားလုံး (ရှေ့တန်းရောက်ရဲဘော်များ၊ မြို့ပြပျောက်ကြားရဲဘော်များ၊ ထောက်ပို့ရဲဘော်များ၊ Clickers များ၊ ပြည်တွင်းပြည်ပမှ ထောက်ပံ့လှုဒါန်းကူညီနေကြသူများ)နဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားရသော လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ဂုဏ်ပြုကြဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့အတူတူရှိနေကြောင်း ဖော်ပြကြဖို့ ဖြစ်ပါတယ်။
အဆိုပါလူတွေကို ချီးကျုးဂုဏ်ပြုကြောင်း၊အောင်ပွဲရသည်အထိ အတူတူရှိနေမှာဖြစ်ကြောင်း စာတို၊စာရှည်၊ဓာတ်ပုံ၊ Video တွေကို မိမိရဲ့ Wall မှာ တင်ပါ။
တင်တဲ့နေရာမှာ အောက်ပါ # တွေကို အသုံးပြုပါ။
#ပြည်သူ့အရေးတော်ပုံအောင်ရမည်။
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

#တစ်နိုင်ငံလုံးPDF_တစ်ကမ္ဘာလုံးထောက်ပို့တပ်

ကျသွားတာကနေ ပြန်တက်စပြုနေပြီမို့ ရှယ်ပြန်တက်တဲ့အထိ ကြိုးစားကြရအောင်ပါခင်ဗျာ။လူသုံးသောင်းရဲ့အားဟာ တစ်လ သိန်းခြောက်ထောင်ကျ...
05/05/2022

ကျသွားတာကနေ ပြန်တက်စပြုနေပြီမို့ ရှယ်ပြန်တက်တဲ့အထိ ကြိုးစားကြရအောင်ပါခင်ဗျာ။

လူသုံးသောင်းရဲ့အားဟာ တစ်လ သိန်းခြောက်ထောင်ကျော်ပါခင်ဗျာ
လူသုံးသိန်းဆိုရင် တစ်လ သိန်းခြောက်သောင်းပါခင်ဗျာ။

နေ့စဉ်မပျက်မကွက်ပါဝင်ပေးခြင်းဖြင့် တော်လှန်ရေးအောင်မြင်အောင် ပါဝင်လိုက်ကြပါစို့ခင်ဗျာ။

DAILY MISSION

C2D app မှာ လင့်တွေပိုနှိပ်ကြမယ်ခင်ဗျာ။

ဘယ်လိုကလစ်ရမယ်မသိရင် ဒီဗီဒီယိုလေးကြည့်ပေးပါခင်ဗျာအရမ်းလွယ်ကူရိုးရှင်းပါတယ်ခင်ဗျာ။

https://www.facebook.com/click2donatemm/videos/306252311447866/

Lattsaung app ကို ios ရော android ရောအရှိန်တင်လိုက်ကြ၇အောင်ပါခင်ဗျာ။

APP တွေ မကလစ်တတ်တဲ့သူတွေအတွက်

1. ဒီအောက်က အပြာရောင်စာတန်းလေးတွေကို တချက်နှိပ်လိုက်ပါ ပေ့ချ်တစ်ခုပေါ်လာပါမယ်ခင်ဗျာ

2. ပေါ်လာတဲ့ပေ့ချ်မှာ အရင်နေ့က facebook တင်ပေးထားသလို လင့်တွေရှိပါတယ်ခင်ဗျာ အဲ့ကနေ တခုစီနှိပ်သွားလို့ရပါပြီခင်ဗျာ။

https://www.raungni.com/2021/11/blog-post_61.html

NUG အစိုးရ ပြည်သူ့ခုခံတွန်းလှန်စစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်ပြီးဖြစ်သည်။မေ ၅၊ ၂...
05/05/2022

NUG အစိုးရ ပြည်သူ့ခုခံတွန်းလှန်စစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်ပြီးဖြစ်သည်။

မေ ၅၊ ၂၀၂၂။


ကျောက်တန်းမြို့နယ် အ .ထ.က 2သော်ကကျောင်းနား(ကျောက်တန်း-ရန်ကုန်ကားလမ်းမကြီး)မှာ စခ များ ဆိုင်ကယ်များအား စစ်ဆေးနေကြောင်း သိ...
05/05/2022

ကျောက်တန်းမြို့နယ် အ .ထ.က 2သော်ကကျောင်းနား(ကျောက်တန်း-ရန်ကုန်ကားလမ်းမကြီး)မှာ စခ များ ဆိုင်ကယ်များအား စစ်ဆေးနေကြောင်း သိရသည်
စခအင်းအားများပါတယ်
ခွေးစာရှာနေ၍ သတိထားသွားလာကြပါ

အချိန် =8-30AM

Kyauktan information

မန္တလေး UG အဖွဲ့  မြို့ကိုစွန့်ခွာ‼️ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားနည်းချက်ကြောင့် Dragon Warrior UG အဖွဲ့  မြို့ကို ယန...
05/05/2022

မန္တလေး UG အဖွဲ့ မြို့ကိုစွန့်ခွာ‼️

ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားနည်းချက်ကြောင့် Dragon Warrior UG အဖွဲ့ မြို့ကို ယနေ့ စွန့်ခွါသွားကြောင်းထုတ်ပြန်


ကျွန်တော်တို့ RFFP အား ယခုလိုဝန်းရံကူညီပေးသော Su Theingi (ဘန်ကောက်) အား RFFP ပြည့်သူ့ကာကွယ်ရေး တပ်မတော်သားများမှ ဂုဏ်ပြု...
04/05/2022

ကျွန်တော်တို့ RFFP အား ယခုလိုဝန်းရံကူညီပေးသော Su Theingi (ဘန်ကောက်) အား RFFP ပြည့်သူ့ကာကွယ်ရေး တပ်မတော်သားများမှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

https://www.facebook.com/profile.php?id=100075834473373

ပွဲအစမှာတော့ ....အားလုံးပါဝင် ဆင်နွှဲလို့ပေါ့ပွဲအလယ်လောက်လဲ ရောက်ရော တချို့ပြန်ကြပြီပွဲပြီးခါနီ နောက်ပိုင်း ရောက်လာတော့ ...
04/05/2022

ပွဲအစမှာတော့ ....
အားလုံးပါဝင် ဆင်နွှဲလို့ပေါ့
ပွဲအလယ်လောက်လဲ ရောက်ရော
တချို့ပြန်ကြပြီ
ပွဲပြီးခါနီ နောက်ပိုင်း ရောက်လာတော့
မပြန်ပဲသာ ကျန်ခဲ့တာ
ကြည့်ချင်စိတ်လဲ နည်းလာပြီ
အိပ်လဲ အိပ်ချင်ပြီ
ပွဲပြီးထိကလဲ နေချင်သေးတာကို

ဒါပေမယ့် ဇာတ်ခုံပေါ်က သူတွေကတော့
ပွဲမပြီးမချင်း အားကျိုးမာန်တက်
ဆက်လက် ကနေကြအုန်းမှာ သေချာပါတယ်

ပွဲပြီးတဲ့အထိ အားပေးကြရအောင်လားဗျာ
ပြီးမှ ပြန်ကြတာပေါ့


🎋🕊🕊🇹🇼

"နွေဦးအသက် . . . PDF"မနက်ဖြန် (မေလ ၅ ရက်၊ ၂၀၂၂ ခုနှစ်) ဟာ ကျနော်တို့ ပြည်သူ့အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရက "ပြည...
04/05/2022

"နွေဦးအသက် . . . PDF"

မနက်ဖြန် (မေလ ၅ ရက်၊ ၂၀၂၂ ခုနှစ်) ဟာ ကျနော်တို့ ပြည်သူ့အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရက "ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF" ဖွဲ့စည်းတည်ထောင်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာ တစ်နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

ဘုံရန်သူ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုနဲ့ အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်ရေးအတွက် မိမိတို့ အသက်နဲ့ ခန္ဓာကို စတေးစွန့်လွတ်၊ ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်နေကြတဲ့၊ တရားမျှတတဲ့ ခုခံစစ်ကို ဆင်နွှဲနေကြတဲ့ ERO, PDF, ပကဖ, LDF စသည် အားလုံးသော ပြည်သူ့စစ်သည်တော်အပေါင်းကို အလေးပြု၊ ဦးညွှတ်ပါ၏။

“နွေဦးအစ CDM က

နွေဦးအသံ သပိတ်မာန်

နွေဦးအသက် PDF

တော်လှန်ရေးအဆုံးသတ် အတူချီတက်”

#ပြည်သူ့အတွက်_PDF

#ဖက်ဆစ်စစ်တပ်_အမြစ်ဖြတ်

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်

Tayzar San

၄ မေ ၂၀၂၂

ပြုံးပြုံးလေးနဲ့ ပြောပါရစေ။ ၁၀ မိနစ်လောက် Click ပေးလို့ ရမလားဟင်။အောက်က စာသားလေးတွေအတိုင်း Click ပေးကြပါလား။ DAILY MISSI...
04/05/2022

ပြုံးပြုံးလေးနဲ့ ပြောပါရစေ။
၁၀ မိနစ်လောက် Click ပေးလို့ ရမလားဟင်။
အောက်က စာသားလေးတွေအတိုင်း Click ပေးကြပါလား။

DAILY MISSION

1. ဒီအောက်က အပြာရောင်စာတန်းလေးတွေကို တချက်နှိပ်လိုက်ပါ ပေ့ချ်တစ်ခုပေါ်လာပါမယ်ခင်ဗျာ
2. ပေါ်လာတဲ့ပေ့ချ်မှာ အရင်နေ့က facebook တင်ပေးထားသလို လင့်တွေရှိပါတယ်ခင်ဗျာ အဲ့ကနေ တခုစီနှိပ်သွားလို့ရပါပြီခင်ဗျာ။

https://www.aphyuyaung.com/2022/04/qoo-links.html

လူသုံးသောင်းရဲ့အားဟာ တစ်လ သိန်းခြောက်ထောင်ကျော်ပါခင်ဗျာ
လူသုံးသိန်းဆိုရင် တစ်လ သိန်းခြောက်သောင်းပါခင်ဗျာ။

နေ့စဉ်မပျက်မကွက်ပါဝင်ပေခြင်းဖြင့် တော်လှန်ရေးအောင်မြင်အောင် ပါဝင်လိုက်ကြပါစို့ခင်ဗျာ။

C2D app မှာ လင့်တွေပိုနှိပ်ကြမယ်ခင်ဗျာ။
ဘယ်လိုကလစ်ရမယ်မသိရင် ဒီဗီဒီယိုလေးကြည့်ပေးပါခင်ဗျာအရမ်းလွယ်ကူရိုးရှင်းပါတယ်ခင်ဗျာ။

https://www.facebook.com/click2donatemm/videos/306252311447866/

Lattsaung app ကို ios ရော android ရောအရှိန်တင်လိုက်ကြ၇အောင်ပါခင်ဗျာ။

ဒီနေ့တော့ လ အစ လေးမှာ မစ်ရှင်လေးတော့အောင်ချင်ပါတယ်ခင်ဗျာ။

ပန်ဆယ်လို

ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းတွင် ကျောင်းသားများ ထွက်ပြေးမည်စိုးရိမ်၍ စည်းကမ်းများ ဖြေလျှော့၊ CDM လုပ်လျှင်...
04/05/2022

ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းတွင် ကျောင်းသားများ ထွက်ပြေးမည်စိုးရိမ်၍ စည်းကမ်းများ ဖြေလျှော့၊ CDM လုပ်လျှင် မိဘ၊ ဆွေမျိုးများ ဖမ်းဆီး သတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ မေ ၄

Kyauktan information

04/05/2022

ကလစ်တော့ကလစ်ချင်တယ် ဒါပေမယ့်
ဘယ်လိုကလစ်ရမယ်မသိဘူးဆိုတဲ့သူတွေအတွက်
ကလစ်နည်းပေါင်းချုပ်လာပါပြီ 👇

ဒီဗီဒီယိုထဲမှာ အပိုင်း (၄) ပိုင်းခွဲပြောထားပါတယ်။
(၁) ကလစ်တယ်ဆိုတာဘာလဲ
(၂) ကလစ်တွေကနေပိုက်ဆံဘယ်လိုရလဲ
(၃) ကလစ်တဲ့အခါ ဘာလို့ VPN လိုတာလဲ
(၄) စနစ်တကျလက်တွေ့ကလစ်နည်း တို့ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ ကျနော်တို့ဟာ လှူနိုင်ရင်လှူ
မလှူနိုင်ရင် ကလစ်ဆိုတာမျိုးထက် အင်တာနက်
သုံးလို့ရနေတဲ့သူတိုင်းသည် တစ်နေ့ကို အချိန်
အနည်းဆုံး ၅ မိနစ်လောက်ပေးပြီး ကလစ်သင့်တဲ့
အချိန်ကိုရောက်နေပါပြီ။

ဘာလို့လဲဆိုရင် အခုတလော ကလစ်တဲ့သူတွေ
နည်းလာသလို ဝင်ငွေတွေလည်းလျော့လာလို့ပါ။

တကယ်လို့များ မိတ်ဆွေတို့ပတ်ဝန်းကျင်မှာ
ကလစ်တော့ကလစ်ချင်တယ် ၊ ကလစ်တယ်ဆိုတာ
ဘာကြီးလဲမသိဘူးဆိုတဲ့သူတွေရှိရင် ဒီဗီဒီယိုလေးကို
ပြလိုက်ပါ။ကျနော်အချိန် (၂) ရက်လောက်ယူပြီး
သေချာလေ့လာပြင်ဆင်ပြီး အားလုံးအတွက်
အဆင်အပြေဆုံးဖြစ်အောင်ကြိုးစားပေးထားပါတယ်။

အဆုံးသတ်တိုက်ပွဲအတွက် အားလုံးတူတူ
အားထည့်ပြီး ရုန်းကြရအောင်ဗျာ 💪💪💪

https://fb.watch/cNFG02We1W/ 👇👇👇

သက်ကြီး စစ်မှုထမ်းဟောင်းများကို နယ်ဝေး ၁ သောင်း၊ မြို့တွင်း ၇ ထောင် ပေးပြီး ဂိတ်စောင့်ခိုင်းမေ ၄၊ ၂၀၂၂။ Kyauktan informa...
04/05/2022

သက်ကြီး စစ်မှုထမ်းဟောင်းများကို နယ်ဝေး ၁ သောင်း၊ မြို့တွင်း ၇ ထောင် ပေးပြီး ဂိတ်စောင့်ခိုင်း

မေ ၄၊ ၂၀၂၂။



Kyauktan information

ဒီနေ့ ဟာ ရဲဘော် ကိုချမ်း တစ်လ ပြည့်မြောက်တဲ့ ကာလပဲ ဖြစ်ပါတယ်ကိုချမ်းကို ဘယ်တော့ မှ မမေ့ပါဘူးအာဏာရှင် အမြစ်ပြတ်သည့်ထိ တို...
04/05/2022

ဒီနေ့ ဟာ ရဲဘော် ကိုချမ်း တစ်လ ပြည့်မြောက်တဲ့ ကာလပဲ ဖြစ်ပါတယ်

ကိုချမ်းကို ဘယ်တော့ မှ မမေ့ပါဘူး

အာဏာရှင် အမြစ်ပြတ်သည့်ထိ တိုက်ပွဲ၀င်သွားမည် ဖြစ်ကြောင်း ကတိ ပြုအပ်သည်

🚨 တစ်ရက်ကို အချိန် 15 မိနစ်ခန့် Nway Oo Thanlyin website ထဲဝင်ကြည့်ပေးပြီး ထောက်ပို့တပ်သားအဖြစ် ပါဝင်‌ပေးကြပါ။📌 VPN မှာ ...
04/05/2022

🚨 တစ်ရက်ကို အချိန် 15 မိနစ်ခန့်
Nway Oo Thanlyin website ထဲဝင်ကြည့်ပေးပြီး
ထောက်ပို့တပ်သားအဖြစ် ပါဝင်‌ပေးကြပါ။

📌 VPN မှာ US, UK, Australia, Canada
စတဲ့နိုင်ငံတွေထားပြီး Websiteထဲက
Ads တွေကို clickရင် ပိုက်ဆံပိုရပါတယ်ခင်ဗျာ။

Nway Oo Thanlyin Website
https://bit.ly/3vfM3CX

Nway Oo Thanlyin : Dinosaur Game
https://bit.ly/3rFJrgF

Subscribe YouTube Channel
https://youtube.com/c/SupportforThanlyin

Join Telegram channel
https://t.me/click4tl

သန်လျင် အတွက် clickပေးကြပါအုံး


04/05/2022

ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာ (ကျောက်တန်း -‌ရန်ကုန်ကားလမ်းမကြီး)လမ်းဆုံ၌ စခများ စစ်ဆေးမှုများပြုလုပ်နေကြောင်း မြေပြင် သတင်းရရှိပါတယ်

8:30AM

Kyauktan information

တပ်က ပေးတာတွေ စားထားရင် ကျေးဇူးတရားသိဖို့ လိုတယ်လို့ စိုးစိုး ပြောမေ ၃၊ ၂၀၂၂။
04/05/2022

တပ်က ပေးတာတွေ စားထားရင် ကျေးဇူးတရားသိဖို့ လိုတယ်လို့ စိုးစိုး ပြော

မေ ၃၊ ၂၀၂၂။


ကျောက်တန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ရန်ကုန်၊ ​မေ ...
03/05/2022

ကျောက်တန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ​မေ ၃

​ကျောက်တန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မေလ ၂ ရက်နေ့တွင် ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းတံတားတွင် ❝ တောင်တန်း/ပြည်မ ညီညွတ်ကြ ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ ❞ စာသားပါဘန်နာအား ချိတ်ဆွဲခြင်းနှင့် ကျောက်တန်းမြို့နယ်ရှိ ကျေးရွာများတွင် ❝ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ ❞ ၊ ❝ တောင်ပေါ် /မြေပြန့် ညီညွတ်ကြ ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ ❞ ၊ ❝ ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံ ထူကြလွှင့်ကြ (ဟံသာဝတီ ဦးဝင်းတင်) ❞ ၊ ❝ ပြည်သူလူထု အနာဂတ်အတွက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ❞၊ ❝ တော်လှန်စစ်ကိုထောက်ခံကြ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ် ❞ ဟူသောခေါင်စဥ်များဖြင့် Sticker လိုက်ကပ်​​ခြင်းတို့ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မရဲစခန်း ရဲသင်တန်းကျောင်းအား သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဖောက်ခွဲတိုက်ခိုက်။...
03/05/2022

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မရဲစခန်း
ရဲသင်တန်းကျောင်းအား သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဖောက်ခွဲတိုက်ခိုက်။

Thanlyin 3 May.

၃-၅-၂၀၂၂ ညနေ ၅:၁၀ အချိန်ခန့်တွင်
သန်လျင် ပကဖ မှ ရဲ‌ခွေးသင်တန်းကျောင်း အတွင်းက
ရဲခွေး လိုင်းခန်းကို အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ
ဗုံးပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်
ထိခိုက်မှုစုံစမ်းနေရဆဲဖြစ်ကြောင်းနှင့် ခွေးများရှိရာ အချက်အချာနေရာဖြစ်သည့်အတွက်
တပ်ဖွဲ့ဝင်ရဲဘော်များ လွန်စွာမှ စွန့်စားခဲ့ရကြောင်း ကို
သန်လျင် ပကဖ တာဝန်ရှိသူထံမှ သိရှိရပါသည်။


03/05/2022

ခရမ်းမြို့ ကြုံကန်ကျေးရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်အား ခရမ်း-PDF ဖောက်ခွဲဖျက်ဆီး(ရုပ်/သံ)

Kyauktaninformation l (မေ ၄)

ခရမ်းမြို့နယ် ကြုံကန်ကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်အား ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)မှ ယနေ့ညနေ ၆ နာရီ ၄၅ မိနစ်တွင် ဗုံးဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

ဗုံးပေါက်ကွဲခဲ့သည့်အရှိန်ကြောင့် အနီးအနားရှိ ကျေးရွာများတွင် မြေပါတုန်သွားခဲ့ကြောင်း သိရပါသည်။

`ဒီနေ့ညနေ ၆ နာရီ ၄၅ မိနစ်လောက်က ကြုံကန်မှာဗုံးပေါက်တယ်၊ တော်တော်ကျယ်တယ် ဘေးကရွာတွေ မြေပါတုန်သွားတယ်´ ဟု ပြည်သူတစ်ဦးက ပြောသည်။

ခရမ်းမြို့နယ်တွင် ပြီးခဲ့သည့်လ ဧပြီလ ၂၅ ရက်နေ့ကလည်း ပန်းတောချောင်ကျေးရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်းအား ခရမ်း-PDF မှ ဗုံးဖောက်ခွဲဖျက်ဆီးခဲ့ပြီး တာဝါတိုင်အောက်ခြေရှိ Mytel ဆက်သွယ်ရေးစက်များ အားလုံးနီးပါးပျက်ဆီးခဲ့ပါသည်။

ယခုဖြစ်စဥ်ကြောင့် ပျက်ဆီးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။



ထုတ်ပြန် ကြေငြာချက် အကြမ်းဖက် အာဏာသိမ်းစစ်ကောင် စီ နှင့် ၎င်း တို့၏ လက်ပါးစေ ဒေါက်တိုင် များကို အမြစ်ပြတ် တွန်းလှန်ရန် န...
03/05/2022

ထုတ်ပြန် ကြေငြာချက်

အကြမ်းဖက် အာဏာသိမ်းစစ်ကောင် စီ နှင့် ၎င်း တို့၏ လက်ပါးစေ ဒေါက်တိုင် များကို အမြစ်ပြတ် တွန်းလှန်ရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ပေါ်ပေါက်လာရေး ပြည်သူလူထုနှင့် CDM ဝန်ထမ်းများ၏ အသက်အိုးအိမ် စည်းစိမ် များကို ကာကွယ် စောင့်ရှောက်နိုင်ရန် ရည်ရွယ် ၍ ရန်ကုန်တိုင်းအတွင်းရှိ‌‌ မြေအောက် ပြောက်ကြား တော်လှန်ရေး မဟာမိတ် အင်အားစု ၁၄ ဖွဲ့ နှင့် စတင်ပြီး Yangon UG Association ( YUA ) အဖွဲ့ကို ဖွဲ့စည်းတည်ထောင် ပြီးဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်အပ်ပါသည် ။

ယခု ပူးပေါင်းဖွဲ့စည်းလိုက်သော မြေအောက်ပြောက်ကျား တော်လှန်ရေး အင်အားစု များမှာ -
Wolf Warriors STF (WWSTF)
God's Hand Forces (GHF)
Thongwa Youth Force (TYF)
Kyauktan PDF (K-PDF)
Thanlyin Dragon Force (TL Dragon)
Scorpion Forces Underground (SFU)
Bahan's Guerrilla Force (B-PDF)
Secret Underground Force (S.U.F - Kyauktan)
Human Rights Defenders (HRD)
Generation Z Defence Force&Supply Army (GZDF)
Burme Final Revolution Army Forces (BFRAF)
ဒို့ရိုးရာ ညီနောင်ပျောက်ကြားတပ်ဖွဲ့ (DYY)
Special Nway Oo (SNO)
Thaketa's Urban Guerrilla Force (TUGF)

တို့ဖြစ်ကြပြီး မိမိတို့ အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမူန်းနိုင်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေ စီ ရရှိရေး အတွက် အတူတကွ ပူပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Yangon UG Association ( YUA ) ဖွဲ့စည်းတည်ထောင် ခဲ့ခြင်းဖြစ်ကြောင်း မိဘ ပြည်သူများသို့ အသိပေး ကြေငြာအအပ်ပါသည်

ပြည်သူအချင်းချင်းနှိပ်စက်သတ်ဖြတ်စေရန် စစ်ကောင်စီက စနစ်တကျစီစဉ်နေသောကြောင့် အထူး သတိပြုကြရန် NUGယာယီသမ္မတ သတိပေး---------...
03/05/2022

ပြည်သူအချင်းချင်းနှိပ်စက်သတ်ဖြတ်စေရန် စစ်ကောင်စီက စနစ်တကျစီစဉ်နေသောကြောင့် အထူး သတိပြုကြရန် NUGယာယီသမ္မတ သတိပေး

---------------------
မေ ၃၊ ၂၀၂၂

စစ်ကောင်စီက ပြည်သူအချင်းချင်းကြားနှိပ်စက်သတ်ဖြတ်ဖို့ စနစ်တကျစီမံနေတာကြောင့် စစ်ကောင် စီရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အားလုံးအထူးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရNUGယာယီ သမ္မတဒူဝါလ ရှီးလကပြောကြားလိုက်ပါတယ်။

NUGအစိုးရရဲ့( ၅၂)ကြိမ်မြောက်အစည်းအဝေးကို ဒီနေ့မေ(၃)ရက်မနက်ပိုင်းကပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးမှာပြောကြားခဲ့ခြင်းဖြစ်ကြောင်း NUGရဲ့သတင်းနဲ့ပြန်ကြားရေးဌာနPVTV က ထုတ်ပြန်ထားတာပါ။

“အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းများစွာနဲ့ အပစ်မဲ့ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်ဖို့ စနစ်တကျ စီစဥ်နေခဲ့တာ တွေ့ရကြောင်း ပျူစောထီးများကို စုဖွဲ့စေချင်း၊ သွေးသောက်အဖွဲ့ကို စုဖွဲ့ကာ ရက်စက်စွာ သတ်ဖြတ်စေခိုင်းနေမှုတွေနဲ့ အခုဆို ပြည်သူ့စစ်များလိုက်စုဖွဲ့နေပြီး ပြည်သူအချင်းချင်းကြား သတ် ဖြတ် သွေးထွက်သံယိုမှု တိုင်းပြည်နစ်နာမည့်အရာကို ဆောင်ရွက်နေတာ တွေ့ရကြောင်း၊ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို အားလုံးအထူးသတိပြုရမှာ ဖြစ်ကြောင်း” ယာယီသမ္မတက အစည်း အဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကချမှတ်ထားတဲ့ ကတိတွေကိုတည်မြဲမှာမဟုတ်တဲ့အတွက် စစ်ကောင်စီနဲ့ ဆွေးနွေးရင် နှစ်တစ်ရာလည်းအောင်မြင်မှာမဟုတ်ကြောင်းနဲ့ နှစ် ၇၀ ကျော်ကြာ အတွေ့အကြုံများကို သတိရလျက် အချိန်တိုအတွင်း ကမ်းလှမ်းမျှဝေသည့် ကတိကဝတ်များကို အထူးသတိထား ရှောင်ရှား ကြဖို့ သတိချပ်စေလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်ရှေ့ရေးအတွက် ရေရှည်တည်မြဲနိုင် မည့် ကတိကဝတ်များ အကောင်အထည်ဖော်နိုင်ဖို့ အင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေလည်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ပိုမိုကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အကောင်အထည် ဖော် နိုင်အောင်ကြိုးစားနေပြီး အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ နားလည် မှုလွဲမှားပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အပေါ်မှာလည်း မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းပေးကြဖို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနတွေကိုတိုက်တွန်းလိုကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

၅၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အသိပေး ကြေညာခြင်းခရမ်းမြို့နယ်ကိုယ်စားပြု မီဒီယာများဖြစ်သည့် ကျွန်ုပ်တို့ Khayan Channel နှင့် Khayan Media သတင်းဌာနများ...
03/05/2022

အသိပေး ကြေညာခြင်း

ခရမ်းမြို့နယ်ကိုယ်စားပြု မီဒီယာများဖြစ်သည့် ကျွန်ုပ်တို့ Khayan Channel နှင့် Khayan Media သတင်းဌာနများရဲ့ Facebook စာမျက်နှာများမှာ FbTeam ရဲ့ ပစ်ဒဏ်ပေးခံထားရမှုကြောင့် သတင်းပျံ့နှံ့ရောက်ရှိမှု ၇၀ ရာခိုင်နှုန်း ချထားခံခဲ့ရပါတယ်။

ထို့အတွက်ကြောင့် စာဖတ်ပရိသတ်များအား သတင်းကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေနိုင်ရေးအတွက် ခရမ်းချန်နယ်၏ တတိယမြောက် သတင်းစာမျက်နှာတစ်ခုအဖြစ် Khayan Channel III ကို ထပ်မံတည်ထောင်လိုက်ပါတယ်။ မိဘပြည်သူများထံ သတင်းကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေနိုင်ရန်အတွက် ခရမ်းချန်နယ်မှ အစွမ်းကုန်ကြိုးစားလျှက်ရှိနေပါတယ်။

ယခု Khayan Channel III စာမျက်နှာကနေတဆင့်ရန်ကုန်တောင်ပိုင်းခရိုင်က ထူးခြားသတင်းတွေကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ကြောင်း စာဖတ်ပရိသတ်တွေကို အသိပေးအပ်ပါတယ်။
https://www.facebook.com/368879726915806/posts/1428595890944179/


Yangon UG Association အနေနဲ့ ငါတိုညီအကို ၁၄ဖွဲ အားနဲ့လာမယ် မင့်တိုခံနိုင်သလောက် ခံပေါ့ မဆုတ်စတမ်း အနေနဲ့ ငါတိုရွေ့မယ် ငါ...
03/05/2022

Yangon UG Association အနေနဲ့ ငါတိုညီအကို ၁၄ဖွဲ အားနဲ့လာမယ် မင့်တိုခံနိုင်သလောက် ခံပေါ့ မဆုတ်စတမ်း အနေနဲ့ ငါတိုရွေ့မယ် ငါတိုလုပ်မယ် သွေးကြွေးကို မကျန်အောင်ဆပ်မယ် လုံးဝအုပ်ချုပ်ခွင့်မရစေရ အတွက် ငါတိုတွေလာပြီ ရန်ကုန် မှာ ရန်တွေ ကုန်ဖို ငါတိုလာပြီ ဆက်ဆက်စောင့်နေပါ ။

1.Wolf Warriors STF (WWSTF)
2.God's Hand Forces (GHF)
3.Thongwa Youth Force (TYF)
4.Kyayktan PDF (K-PDF)
5.Thanlyin Dragon Force (TL Dragon)
6.Scorpion Forces Underground (SFU)
7.Bahan's Guerrilla Force (B-PDF)
8.Secret Underground Force (S.U.F) kyauktan
9.Human Rights Defenders (HRD)
10.Generation Z Defence Force&Supply Army (GZDF)
11.Burme Final Revolution Army Forces (BFRAF)
12.ဒိုရိုးရာ ညီနောင်ပျောက်ကြားတပ်ဖွဲ (DYY)
13.Special Nway Oo (SNO)
14.Thaketa's Urban Guerrilla Force (TUGF)

ရန်ကုန် တောင်ပိုင်းခရိုင်၊သန်လျင်မြို့နယ် ၊ပုဂံတောင် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်(ပျူစောထီး)မင်းအောင်စိုး ၊တပ်ဖွဲဝင် ကျေ...
26/04/2022

ရန်ကုန် တောင်ပိုင်းခရိုင်၊သန်လျင်မြို့နယ် ၊
ပုဂံတောင် ကျေးရွာ
ပြည်သူ့စစ်ခေါင်းဆောင်(ပျူစောထီး)မင်းအောင်စိုး ၊
တပ်ဖွဲဝင် ကျော်တင့်၊လှဦး တို့ နေအိမ်များ
(သို့) ယာယီစခန်းငယ် များကို သန်လျင် ပကဖ မှ
ဝင်ရောက်တိုက်ခိုက် ချေမှုန်းခဲ့။

Thanlyin 26 April.

စစ်ကောင်စီဒေါက်တိုင် ပြည်သူ့စစ် အမည်ခံ (ပျူစောထီး) များကို စစ်သင်တန်းတက်ပြီး စစ်ကောင်စိီနှင့်အတူ
ပြည်သူများကိုညှင်းပန်းနှိပ်စက် ဆောင်ရွက်ဖို့နှင့်
PDF များကို ရှင်းလင်းရေး လုပ်ဆောင်မည့်ဟု
ကြွေးကြော်ကာ စစ်ကောင်စီက လက်နက် တပ်ဆင်ပေးသည့်ဟု ပြောကြားပြီး ပြည်သူများကို ချိန်းခြောက်ပြောဆို ဆောင်ရွက်နေသောကြောင့် ယမန်နေ့ (ဧပြီ ၂၅)
ည 11:16--နာရီ အချိန်တွင် သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ပစ်ခတ်တိုက်ခိုက်
ဆောင်ရွက်ခဲ့ပါသည်။

ထိခိုက်မှု အခြေနေကိုတော့ အတိကျမသိသေးပါဘူး။
အပျက်စီးများဖို့နှင့် သေဆုံးဖို့ ရှိနိုင်ပါတယ်
လို့ တိုက်ပွဲဝင် တပ်ဖွဲ့ဝင်များ က ဆိုပါတယ်။

ယနေ့မနက်အချိန်ထိ ဘယ်စစ်ခွေးမှလည်း အခင်းဖြစ်ပွားရာနေရာကို မလာရဲကြဘူး လို့လည်း ဒေသခံများထံမှကြားသိရပါတယ်။

သန်လျင်မြို့နယ်မှာ ပြည်သူ့စစ် အမည်ခံ (ပျူစောထီး)
အဖွဲ့ဝင်များကိုလဲ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ကျန်ရှိနေသေးတဲ့ ပျူစောထီး အဖွဲဝင်များကိုလဲ
အနှေးနှင့်အမြန်တိုက်ခိုက် ချေမှုန်း သွားမယ်လို့
ပကဖ တာဝန်ရှိသူ က ဆိုပါတယ်။

သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏
ဆောင်ရွက်ချက်များအား သန်လျင်ချန်နယ်
သတင်းစာမျက်နှာမှသာလျှင် အတည်ပြုထုတ်ပြန်
တင်ပြပေးမည်ဖြစ်ပါသည်။

" ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည် "


26/04/2022

ကျောက်တန်း ပဲလှော်ဖိုမှတ်တိုင် အနီးတွင်လည်း စခ များ စစ်ဆေးနေကြောင်း ‌မြေပြင် သတင်းအရ သိရှိပါသည်

April 26;8:20AM

Kyauktaninformation

26/04/2022

ကျောက်တန်းမြို့ အထက( ၂)သော်ကကျောင်းရှေ့ တွင် စခတွေ စစ်ဆေးနေပါတယ်လို့ သတင်းရရှိပါသည်

April 26;8:20AM

Kyauktan information

ရန်ကုန် တောင်ပိုင်းခရိုင်၊ကျောက်တန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်‌‌ေပါင်းစုများမှဦးညွှတ်အလေးနီပြုပါတယ်။" Rest In Power Ou...
25/04/2022

ရန်ကုန် တောင်ပိုင်းခရိုင်၊
ကျောက်တန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်‌‌ေပါင်းစုများမှ
ဦးညွှတ်အလေးနီပြုပါတယ်။

" Rest In Power Our Heroes 🥀"

စစ်အာဏာရှင် ကျရူံးသည်အထိ ဆက်လက် တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း မဟာမိတ်တပ်ပေါင်းစုများ
အလေးအနက် ကတိပြုအပ်သည်

#ကျောက်တန်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ

25/04/2022

24-4-2022ရက်နေ့ ညပိုင်း၌ တံတားမြို့ ( ၃)ရပ်ကွက်နေ ကိုထွန်းထွန်းအား စခများ ၀င်ရောက် ဖမ်းဆီးကြောင်း သိရပါသည်
အကြောင်းပြချက်မရှိဘဲ ကိုထွန်းထွန်းအိမ်အား ၀င်ရောက်စီးနင်းရှာဖွေဖမ်းဆီးခဲ့ပေမဲ့
ကိုထွန်းထွန်း ကပ်သီးလေး လွတ်မြောက်သွားခဲ့ပါတယ်
ဒီလို ဖမ်းဖို့လာခဲ့တာဟာ ဒလန်သတင်းပေးတိုင်ကြားလို့ ဖမ်းဆီးရခြင်း ကြောင်း လည်း သိရပါတယ်
ထို့အတွက်ကြောင့်မိမိရပ်ကွက် မိမိကျေးရွာ‌ အသီးသီးမှ
စကစနဲ့ ပေါင်းပြီး သတင်းပေးဒလန် လုပ်နေပါက သတင်းအတိအကျ အကြောင်းအရင်းအပြည့်အစုံဖြင့် လာရောက် သတင်းပေးပို့နိုင်ပါတယ်
ထိုအပြင် စစ်ခွေးများမှ ည၁၀နာရီခန့် တွင်
တံတားမြို့(၃)ရပ်ကွက်အတွင်း၌ သေနတ် (၇)ချက်ဖောက်၍
ပြည့်သူများအား ‌‌ခြောက်လှန့် မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်

Kyauktan information

မင်္ဂလာပါမနက်ခင်းလေးပါခင်ဗျာမနေ့ကတော့ မစ်ရှင်ပြည့်ဖို့ အနည်းငယ် လိုသွားတော့ ဒီနေ့တော့ အင်ပြည့်အားပြည့် ဖြစ်သွားအောင် မစ်...
25/04/2022

မင်္ဂလာပါမနက်ခင်းလေးပါခင်ဗျာ
မနေ့ကတော့ မစ်ရှင်ပြည့်ဖို့ အနည်းငယ် လိုသွားတော့ ဒီနေ့တော့ အင်ပြည့်အားပြည့် ဖြစ်သွားအောင် မစ်ရှင်အောင်အောင် လုပ်ကြရအောင်ခင်ဗျာ။

DAILY MISSION လာပါပြီခင်ဗျာ

C2D app မှာ လင့်တွေပိုနှိပ်ကြမယ်ခင်ဗျာ။

Lattsaung app ကို ios ရော android ရောအရှိန်တင်လိုက်ကြ၇အောင်ပါခင်ဗျာ။

Youtube ကိုတော့ တစ်ယောက်တစ်ခါပဲကြည့်နှင့်ကြပါဦးခင်ဗျာ

ဖေ့စ်ဘုတ်ကနေ တိုက်ရိုက်ကလစ်လို့ရမယ့်လင့်တွေကို

https://www.facebook.com/click2donatemm/posts/282980380706959

ဒီပို့စ်ကနေသွားနှိပ်လို့ရပါတယ်ခင်ဗျာ။

ထပ်ခါတလဲလဲတင်နေတော့ ဖေ့စ်ဘုတ်က လင့်အသစ်တွေကိုဖျက်ချနေလို့ပါခင်ဗျာ။

ဒီနေ့တော့ အောင်အောင်လုပ်ကြမယ်ခင်ဗျာ။

Daily report for 24.4အနည်းငယ်လေးပြန်ကျသွားတယ်ခင်ဗျာ ပြန်တင်ကြပါစို့နော်
25/04/2022

Daily report for 24.4

အနည်းငယ်လေးပြန်ကျသွားတယ်ခင်ဗျာ ပြန်တင်ကြပါစို့နော်

DAILY MISSION လာပါပြီခင်ဗျာC2D app မှာ လင့်တွေပိုနှိပ်ကြမယ်ခင်ဗျာ။ Lattsaung app ကို ios ရော android ရောအရှိန်တင်လိုက်ကြ...
24/04/2022

DAILY MISSION လာပါပြီခင်ဗျာ

C2D app မှာ လင့်တွေပိုနှိပ်ကြမယ်ခင်ဗျာ။

Lattsaung app ကို ios ရော android ရောအရှိန်တင်လိုက်ကြ၇အောင်ပါခင်ဗျာ။

Youtube ကိုတော့ တစ်ယောက်တစ်ခါပဲကြည့်နှင့်ကြပါဦးခင်ဗျာ

ဖေ့စ်ဘုတ်ကနေ တိုက်ရိုက်ကလစ်လို့ရမယ့်လင့်တွေကို
https://www.facebook.com/click2donatemm/posts/282980380706959
ဒီပို့စ်ကနေသွားနှိပ်လို့ရပါတယ်ခင်ဗျာ။

ထပ်ခါတလဲလဲတင်နေတော့ ဖေ့စ်ဘုတ်က လင့်အသစ်တွေကိုဖျက်ချနေလို့ပါခင်ဗျာ။

မနေ့ကအောင်ထားသလို ဒီနေ့လည်းအောင်အောင်တွန်းကြရအောင်ခင်ဗျာ

DAILY REPOORT FOR 24.4 အောင်ပါတယ်ခင်ဗျာ။  ထိမ်းထားကြပါဦးနော်။
24/04/2022

DAILY REPOORT FOR 24.4

အောင်ပါတယ်ခင်ဗျာ။ ထိမ်းထားကြပါဦးနော်။

NUG ၏ ကြေငြာချက်ကြောင့် ရဟတ်ယာဥ်နှင့် လေယာဥ်များ ထားရှိသော သိုလှောင်ရုံများ လုံခြုံရေးတင်းကြပ်ပြီး CCTV များ နေရာစုံ တပ်...
24/04/2022

NUG ၏ ကြေငြာချက်ကြောင့် ရဟတ်ယာဥ်နှင့် လေယာဥ်များ ထားရှိသော သိုလှောင်ရုံများ လုံခြုံရေးတင်းကြပ်ပြီး CCTV များ နေရာစုံ တပ််ဆင်ထား၊ လေတပ်တွင် ယုံကြည်စိတ်ချရတဲ့သူများကိုသာ ရာထူးထိုးပေး

ဧပြီ ၂၄၊ ၂၀၂၂။

Kyauktan information

နေ့စားခ ၇၀၀၀ ဖြင့် စစ်တပ်နှင့်အတူ လုံခြုံရေးယူရန် လူခေါ်၊ သတင်ပေးပြီး ဆန့်ကျင်သူတစ်ဦး ဖမ်းမိပါက ၁ သိန်းရမည်ဟု မက်လုံးပေ...
24/04/2022

နေ့စားခ ၇၀၀၀ ဖြင့် စစ်တပ်နှင့်အတူ လုံခြုံရေးယူရန် လူခေါ်၊ သတင်ပေးပြီး ဆန့်ကျင်သူတစ်ဦး ဖမ်းမိပါက ၁ သိန်းရမည်ဟု မက်လုံးပေး

ဧပြီ ၂၄၊ ၂၀၂၂။

Kyauktan information

Address


Website

Alerts

Be the first to know and let us send you an email when KyaukTan Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share