06/06/2024
“သမိုင်းမဲ သမိုင်းပုပ်နှင့် ဆက်လက်ရှင်နေသူ”
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~
မြန်မာသက္ကရာဇ် ၁၃၅၂ ခုနှစ် ပြာသိုလလောက် တွင် ဖမ်းသွားပြီး ၁၃၅၄ ခု ဝါခေါင်လဆန်း၅ရက်
တနင်္လာနေ့ ညနေ ၆ ၃၀ နာရီအချိန်တွင်
(၁၉ လ ကြာနေခဲ့ရသည့် )နန်းတွင်းမှ ပြန်ကြွလာ သော ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ က
သူ့ဒကာရင်းတယောက်အား ပြောပြသည်မှာ
“ငါ က မွေးကတည်းက ခုထိ ထောင်ကျလောက်
အောင် ဘာအပြစ်တခုမှ မလုပ်ခဲ့ဘူး ကွ”
ဆက်လက်၍ ဆရာတော်က
“ငါ ထောင်ထဲရှိတုန်းက တိုင်းမှူး ထွန်းကြည်
လာတွေ့တယ်ကွ”
သူက " ဆရာတော် ထောင်ထဲနေရတာ
တပည့်တော်ပယောဂ မပါဘူး ဘုရား"တဲ့
လျှောက်တယ်ကွ ။
“ဒီလိုဆိုရင် ဘယ်သူ့ပယောဂလဲ ဘုရား?”လို့
မေးလျောက်တော့
“ခင်ညွန့် ပေါ့ကွာ” ဟု တိုတိုတုတ်တုတ်
မိန့်တော်မူခဲ့သည် ။
ဘက်ပေါင်းစုံနှိပ်စက်ဖို့ တာဝန်ယူခဲ့သူပါ။