Pyin taung twin လူငယ္မ်ား

  • Home
  • Pyin taung twin လူငယ္မ်ား

Pyin taung twin လူငယ်များ ​လောင်းကစားပိုစ့်များမတင်ရ

16/04/2024

သက်ကြီးပူဇော်ပွဲးအတွက် ၁၅၀၀၀၀/-ကျပ်တိတိကို ခေတ္တကိုရီးယား မှ ကိုမင်းဦး မှလှူဒါန်းသွားပါသည် 🙏🙏🙏

16/04/2024

ဒီနှစ်လူမစုံပေမဲ့ဖြစ်အောင်ကြိုးစားနေပါတယ် မနှစ်ကထပ်တော့ မပိုခဲ့ရင်တောင်ကြိုးစားလျှတ်ပါ

သက်ကြီးပူဇော်ပွဲး အသက် ၇၀ နှစ် အထက်

နှစ်ဦးအလှူ စတုသီသာ ပေါင်မုန့်

ကျွန်ုပ် လောဘကြီးတယ်😝😝😝😝😝😝အမေရိုက်လို့ ပတ်ပြေးရတဲ့ကျွန်ုပ်ကကမ္ဘာကြီးကို ပြုပြင်မယ်တဲ့။ထမင်းနပ်မှန်အောင် နဖူးကချွေးဟိုးအဝ...
04/04/2024

ကျွန်ုပ် လောဘကြီးတယ်

😝😝😝😝😝😝

အမေရိုက်လို့ ပတ်ပြေးရတဲ့ကျွန်ုပ်က
ကမ္ဘာကြီးကို ပြုပြင်မယ်တဲ့။

ထမင်းနပ်မှန်အောင် နဖူးကချွေး
ဟိုးအဝီစိကျအောင် ရုန်းကန်ရတဲ့ကျွန်ုပ်က
ကမ္ဘာကြီးကို အေးချမ်းစေချင်တာပါ။

ဒေါင်ကျကျ ပြားကျကျပေပေတေတေနေတဲ့ ကျွန်ုပ်က
နောင်ရေးအတွက် တွေးမိတိုင်း မျက်ရည်ဝိုင်းတယ်။

အိမ်မက်တိုင်းက ကိုယ့်အတွက် မမက်ဖူးတဲ့ကျွန်ုပ်က
စုတ်ပြဲနေတဲ့ဖိနပ်တရံကို ကြည့်ပြီး ရောင်ရဲနေတယ်။

ငါလုပ်တာ သူတို့တွေ အဆင်ပြေပါ့မလားဆိုပြီး
စိုးရိမ်နေတဲ့ကျွန်ုပ်က အိပ်မပျော်ခဲ့ရဘူး။

ဘယ်နေ့သေမှန်းမသိတဲ့ ဒီခေတ်ကြီးမှာ
ကျွန်ုပ် ငယ်ငယ်ကလို အမေ့ရိုက်မှာ ကြောက်တုန်း

ငြိမ်းချမ်းစွာ အိပ်စက်ခွင့်ရမယ်ဆိုရင်
ဒီညတာကြီးကို မော်ကွန်းကမ္ဗည်းထိုးပြီး မှတ်ထားခဲ့မယ်။

တညလောက်သာ အိပ်ပျော်ခွင့်ရမယ်ဆိုရင်
ကျွန်ုပ်ဝိညာဉ် ငြိမ်းချမ်းလိမ့်မယ်ထင်ပါတယ်။

ပဲခူးတိုင်း / ပျဥ်ထောင်တွင်းနယ်သား
မေတ္တာလက်များ / ကျွန်ုပ် ခရီးသွား

30/03/2024
သည်းခံခြင်း နဲ့ ပရဟိတ🤍 🤍 🤍 🤍 🤍 🤍🤍အများအကျိုးသယ်ပိုးလို့ 🤍အကောင်းပြောခံရမယ် မထင်နဲ့ ငါ့ညီ။🤍အမေချက်ကျွေးတဲ့ ထမင်းကို စားပြ...
29/03/2024

သည်းခံခြင်း နဲ့ ပရဟိတ

🤍 🤍 🤍 🤍 🤍 🤍

🤍အများအကျိုးသယ်ပိုးလို့
🤍အကောင်းပြောခံရမယ် မထင်နဲ့ ငါ့ညီ။

🤍အမေချက်ကျွေးတဲ့ ထမင်းကို စားပြီး
🤍အများအကျိုးကို အခမဲ့လုပ်နေပေမဲ့
🤍အကောင်းအပြောမခံရဘူး ငါ့ညီ…

🤍အတ္တသမားတွေကြားထဲ ခေါင်းငုံပြီးကို
🤍အပြောခံ အဆဲခံပြီးကို လုပ်နေရတာ ငါ့ညီ…

🤍သည်းခံနိုင်မှ ပရဟိတ လုပ်ပါ
🤍ပြောခံရမယ် အတင်းတုပ်ကြမယ်
🤍အဆဲခံရမယ် အနှိမ့်ခံရမယ်
🤍ရန်လိုခံရမယ် ငါ့ညီ…

🤍ဘယ်လောက်ကောင်းအောင်လုပ်လုပ်
🤍အပြစ်ပြောခံရတဲ့အလုပ်ပါ ငါ့ညီ …

🤍အကိုတို့ ရွာက ဘုရားမမြင်အောင်
🤍မာရ်နတ် ကွယ်ထားတဲ့အရပ်

🤍ဒီဖုန်းစုန်းမြေက ဘယ်မီးလှုံလှုံ
🤍မနွေးတဲ့အရပ်
🤍ဘယ်ပန်းစိုက်စိုက်
🤍မမွှေးတဲ့အရပ် ပါ ငါ့ညီ…

🤍ပရဟိတလုပ်ရင်တော့
🤍မာနတွေနည်းလာမယ်…
🤍ဒေါသတွေ ပါးလာမယ်…
🤍လောဘတွေ လျော့လာမယ်…
🤍မနာလို ဝန်တိုမှုတွေ နည်းသွားမယ် ငါ့ညီ…

🤍သည်းခံနိုင်မှ ပရဟိတ လုပ်ပါ ငါ့ညီ…
🤍အိုးရွဲ့လို့ စလောင်းရွဲ့ရင် ဒီအရပ်
🤍အများထက် နောက်ကျနေအုံးမှာပါပဲ

🤍ဒီအရပ် ဒီပြဇာတ် ဒီအကနဲ့
🤍အံကိုက်ပါပဲ ငါ့ညီ……

🤍ပဲခူးတိုင်း 🤍 ပျဥ်ထောင်တွင်းသား
🤍မေတ္တာလက်များ🤍 ကျွန်ုပ် ခရီးသွား

31/01/2024

မတိုးတက်သော ရွာ /ရပ်ကွက်..
==============
၁။ လူတတ်ပေါ၍ ဆရာများခြင်း
၂။ လူကပ်ပေါ၍ ကန့်လန့်တိုက်ခြင်း
၃။ အမှားကို ဝန်မခံဘဲ အငြင်းသန်ခြင်း
၄။ မှန်တယ်ထင်၍ မတိုင်ပင်ဘဲ
ရမ်းလုပ်ခြင်း..
၅။ အလုပ်ကိစ္စမှန်သမျှ တွက်ကပ်ခြင်း..
၆။ ဗဟုသုတ၊စာဖတ်အား နည်းပါး ခြင်း..
၇။ ကိုယ်တိုင်ဦးမဆောင်နိုင်ဘဲ
သူတစ်ပါးကို အပြစ်ပြောခြင်း...
၈။ ညီညွတ်တိုင်ပင်စွာ မပြုလုပ်ဘဲ
ကန့်လန့်တိုက်ငြင်းခုန်ုခြင်း..
၉။ ခေါင်းဆောင်ကောင်းနဲ့
နောက်လိုက်ကောင်း မရှိခြင်း..
၁၀။ တတ်ယောင်ကန်းများ ပေါများခြင်း..

ထိုလူများ ပေါများပါက ရပ်ရွာတိုးတက်မှု၊စည်းလုံးညီညွတ်၊သာယာဖို့ဆိုတာ မဖြစ်နိုင်ချေ။

လှည်းဘီး နွံထဲ ကျွံနေသည်..
မင်း မတွန်းရင် ငါလည်း မတွန်းပါက
လမ်းပိတ်နေရင် ရောက်လိုသောခရီး
အချိန်ကြာတတ်ပါသည်။

Credit #

လူရဲ သဘာဝ
20/01/2024

လူရဲ သဘာဝ

26/12/2023

ဓမ္ဓမိတ်ဆွေကုသိုလ်ရှင်းများ အားလုံးကို အသိပေးအပ်ပါသည်
ကျနော်များ ပျဥ်တောင်တွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဓမ္ဓပူဇာသဘင် ပွဲးအား
ယခင်သက်မှတ်ရက်အတွင်းမကျင်းပနိုင်သည့်အတွက် အနူးညွတ်တောင်ပန်အပ်ပါသည်
မြန်မာနှစ်ဆန်း ၁ရက်နေ့မှစ၍နှစ်ဦး ဓမ္ဓသဘင်အဖြစ်ပြန်လည်ကျင်းပမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်

ပထမအကြိမ် ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲနှင့်ဆီမီးတစ်ထောင်ပန်းတစ်ထောင် ပူဇော်ပွဲ ညစဥ် ဓမ္ဓစကြာ် ရွတ်ဖက်ပူဇော်ပွဲ
28/10/2023

ပထမအကြိမ် ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲနှင့်ဆီမီးတစ်ထောင်ပန်းတစ်ထောင် ပူဇော်ပွဲ ညစဥ် ဓမ္ဓစကြာ် ရွတ်ဖက်ပူဇော်ပွဲ

20/10/2023

ဆီမီး၁ထောင်
ပန်း ၁ ထောင်
ပူဇော်ပွဲးးအတွက် ​ပျဥ်မလွင် ကျေးရွာ ရွှင်လန်းဆေးခန်းမှ ဆရာဇော်မင်းထွန်း ၁၀၀၀၀ ကျပ်တိတိ လှူဒါန်ထားပါသည် 🙏🙏🙏သာဓု သာဓု သာဓုပါ

ဆီမီးတစ်ထောင်ပန်းတစ်ထောင် ပူဆော်ပွဲးအတွက် နည်းများမဆိုပါဝင်ကုသိုလ် ပြုနိုင်ကြပါတယ်ခင်ဗျာ
15/10/2023

ဆီမီးတစ်ထောင်ပန်းတစ်ထောင် ပူဆော်ပွဲးအတွက် နည်းများမဆိုပါဝင်ကုသိုလ် ပြုနိုင်ကြပါတယ်ခင်ဗျာ

ဘုရားကုန်းတော်သန့်ရှင်းရေးကုသိုလ်ရှင်များလပြည့်နေ့ ဆီမီတစ်ထောင် ပန်းတစ်ထောင် ပူဆော်ပွဲးအတွက် အကြို🙏🙏🙏
15/10/2023

ဘုရားကုန်းတော်သန့်ရှင်းရေးကုသိုလ်ရှင်များ
လပြည့်နေ့ ဆီမီတစ်ထောင် ပန်းတစ်ထောင် ပူဆော်ပွဲးအတွက် အကြို🙏🙏🙏

ပရဟိတလို့ မိမိကိုယ်မိမိခံယူထားရင်အလွတ်ကျက်ထားပါ။ငြီး မပြနဲ့...  မင်းတို့ကို ဘယ်သူကမှ မလုပ်ခိုင်းဘူး။ငို မပြနဲ့...  မင်းတ...
21/09/2023

ပရဟိတလို့ မိမိကိုယ်မိမိခံယူထားရင်
အလွတ်ကျက်ထားပါ။

ငြီး မပြနဲ့...
မင်းတို့ကို ဘယ်သူကမှ မလုပ်ခိုင်းဘူး။

ငို မပြနဲ့...
မင်းတို့ကို ဘယ်သူကမှရိုက်ပြီးမခိုင်းဘူး။

ကြွေ မပြနဲ့...
မင်းတို့က သူများအပူကိုငြိမ်းပေးရမှာ။

ဇာတ်လမ်းတွေ ဆင်မပြနဲ့...
ဒါ ရုပ်ရှင်
ရိုက်နေတာမဟုတ်ဘူး။

လက်ဖြန့်မတောင်းနဲ့...
မင်းတို့က ယူရမယ့်သူတွေမဟုတ်ဘူး။
ပေးရမယ့်သူတွေကွ!

မင်းတို့ဘဲ "ပရဟိတ" လုပ်ချင်လှပါရဲ့ဆိုပြီး
မင်းတို့လုပ်ကြတာဘဲ။

ကိုယ့်ကိုကိုယ် သိပ်သနားပြနေရင် ပရဟိတ
မလုပ်ဘဲ ဒုက္ခသည်ဘဝပြောင်းကြည့်ပါလားကွ!

ငါတို့ လာကူပါ့မယ်... ဟုတ်ပြီလား။

ပရဟိတသစ္စာဆိုနိုင်ကြပါစေ...

#ကျော်သူ

Credit:

13/09/2023

အဖွားဒေါ်အုန်းခင်အားရည်စူ၍ကျန်ရစ်သူမိသားစုမှ လှူဒါန် ငွေ
ကျပ် (၆၀၀၀၀)ကျပ် ခြောက်သောင်းကျပ်တိတိလှုဒါန်းထားပါသည်

သာဓု သာဓု သာဓုခေါ်ဆိုပြီ ကောင်းရာသုဂတိလာပါစေ..

မေတ္တာလက်များ🙏🙏🙏

13/09/2023

pages ကိုပြန်ဝင်မရလို rp မပြန်ဖြစ်တာရှိရင်နားလည်ပေးပါနော်


မေတ္တာလက်များ🙏🙏🙏

17/04/2023

နှစ်သစ်မှာ ပရိတ်အိုး၊ပရိတ်ချည်၊ပရိတ်ရေပြင်ဆင်တတ်ဖို့
💦☸🙏🌹🌷

နှစ်သစ်ကူးအခါသမယမှာ ပရိတ်တရားမှ မနာယူ၊မရွတ်ဖတ်ရလျှင် စိတ်ထဲ နှစ်သစ်မှာ မပြည့်စုံသလိုခံစားရတာ အမှန်ပါပဲ

ပရိတ်တရားဆိုသည်မှာ "ဘေးရန်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်တတ်သော တရား၊အန္တရာယ်ကင်းစေတတ်သော တရား" ဟုအဓိပ္ပါယ်ဖွင့်ဆိုပါတယ် ဒါ့အပြင် ချမ်းသာသုခနှင့်ပြည့်စုံခြင်းအကျိုးကိုလည်း ရရှိစေနိုင်ပါတယ်

ပရိတ်အိုး ပြင်ဆင်နိုင်ရန်
*************************
ပရိတ်အိုးပြင်ဆင်ပြီဆို ပရိတ်ရေ၊ပရိတ်ချည်၊ပရိတ်ဆန်၊ပရိတ်သဲ ဒါတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် ကေသပုတ္တဇာတ်တော်မှာ ပရိတ်ပန်းကို ဘာပန်း ညာပန်းဟူ၍ အထူးညွှန်းဆိုထားတာတော့မရှိပါဘူး

ပရိတ်အိုးမှာ ပနံတင့်အောင် ပရိတ်ပန်းတွေကိုတော့ အတာအိုးပြင်ဆင်သကဲ့သို့ ခုနစ်နေ့နံ ပန်း၊အညွှန့်များကို ပြင်ဆင်နိုင်ပါတယ် ပြင်ဆင်ပြီးပြီဆိုရင်တော့ ပရိတ်ရွတ်ဖတ်တဲ့ ရဟန်းသံဃာတော်များရှေ့မှာထားပြီး ပရိတ်ရွတ်ဖတ်နာယူနိုင်ကြောင်းကို ကျမ်းဂန်များထဲမှာ လမ်းညွှန်ထားပါတယ်

ပရိတ်အကျိုးတရားများ ဧကန်မုချရရှိစေရန်....
ပရိတ်ရွတ်ဖတ်သူ၊ နာယူသူများ အင်္ဂါ သုံးချက်နဲ့ ပြည့်စုံရန် ကြိုးစားအားထုတ်ဖို့လိုပါတယ်

ပရိတ်ရွတ်ဖတ်သူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
***************************
၁။ အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာသင်ယူထားခြင်း

၂။ ပုဒ်၊ ဗျည်းတို့ကို မယုတ်စေရ။ ပြည့်စုံအောင်လေ့လာကျက်မှတ်ထားခြင်း

၃။ လာဘ်လာဘကိုမငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်းတို့ ဖြစ်ပါတယ်
(ပါထိကအဋ္ဌကထာ၊ အာဋာနာဋိယသုတ် (၁၄၉) )

ပရိတ်နာသူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
************************
၁။ ပဉ္စာနန္တရိယကံမရှိခြင်း (ပဉ္စာနန္တရိယကံဆိုသည်မှာ - အမိရင်းကိုသတ်သူ၊အဖရင်းကိုသတ်သူ၊ရဟန္တာကိုသတ်သူ၊ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ)

၂။ နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း (နိယတမိစ္ဆာဒိဋ္ဌိဆိုသည်မှာ -သတ္တဝါတို့အား ညစ်ညူးခြင်း၊ ဖြူစင်ခြင်းမရှိဟု စွဲယူခြင်း)

၃။ ပရိတ်တန်ခိုးကို ယုံကြည်ခြင်း တို့ဖြစ်ပါတယ်
(မိလိန္ဒပဥှာ (၁၅၅) )

ပရိတ် ရွတ်ပြီးနောက် ပရိတ်အိုး ပရိတ်ပန်း ခြံစည်းရိုးများ အိမ်အဝများမှာ ထားခြင်း ပရိတ်ဆန် ပရိတ်သဲများ ဖြူးခြင်း စည်းချခြင်းဖြင့် မကောင်းသော ဒုက္ခပေးနိုင်တဲ့ နာနာဘာဝများ သရဲတစ္ဆေများ၊မကောင်းသော အညံ့များ ဝင်မလာနိုင်အောင် အဟန့်ဖြစ်စေရန်လည်းကောင်း၊ ပရိတ်‌ရေကို သောက်သုံးပြီး ကျန်းမာစေရန်၊ကြံတိုင်းအောင်၊ဆောင်တိုင်းမြောက်စေရန်အတွက်လည်းကောင်း၊ ပရိတ်ချည်၊ပရိတ်ကြိုးများကို သွားလေရာမှာ အန္တရာယ်ဘေးကင်းစေရန်အတွက် ဆောင်ထားနိုင်ပါတယ်😊

Photo - Dhama School Foundation



#ပရိတ်အိုး #ပရိတ်ချည် #ပရိတ်ရေ

17/04/2023
မနက်အတွက်ပြင်ဆင်ပြီး
16/04/2023

မနက်အတွက်ပြင်ဆင်ပြီး

16/04/2023

ညီလေးများကြိုးစားကြပီ

16/04/2023

ညီငယ်လေးများကြိုးစား

နှစ်သစ်အကြို  ပြင်ဆင်🙏🙏🙏
15/04/2023

နှစ်သစ်အကြို ပြင်ဆင်🙏🙏🙏

 #တူသော အကျိုးသံသရာကို မကြောက်ရင်တော့ကံကြမ္မာကို ဖောက်ပြန်ကြရုံ ပေါ့။သူ့ အသက်ကို သတ်ရင်ကိုယ့် အသက်လည်း မရှည်ပါဘူး။သူ့ ဥစ...
12/04/2023

#တူသော အကျိုး

သံသရာကို မကြောက်ရင်တော့
ကံကြမ္မာကို ဖောက်ပြန်ကြရုံ ပေါ့။

သူ့ အသက်ကို သတ်ရင်
ကိုယ့် အသက်လည်း မရှည်ပါဘူး။

သူ့ ဥစ္စာကို ခိုးယူထားရင်
ကိုယ့် ဥစ္စာလည်း လုံး၀ မတိုးပွားဘူး။

သူ့ သားမယား စော်ကားရင်
ကိုယ့်မှာလည်း မတော်မတရား ဖြစ်မယ်။

ကိုယ် မဟုတ်တာ လိမ်ပြောမိရင်
မှန်တဲ့ သူတွေနဲ့လည်း မတွေ့ရတတ် ဘူး။

မေ့လျော့စွာ သေရည် သောက်ရင်
ဖြစ်လေရာ ဉာဏ်မရှိပဲ အရူး ဖြစ်မယ်။

ပစ္စုပ္ပန်အကြောင်း ကောင်းပါမှ
အနာဂတ် အကျိုး ကောင်းကြမှာပါ။

ဘယ်သူမှ မသိဘူး မထင်ပါနဲ့
ကံ၀ဋ်ကြွေးတွေက သိနေကြပါတယ်။

အပြင်မှာ လာဘ်ထိုးလို့ ရပေမယ့်
ကံကြွေးဆိုရင် ငရဲမှာ လာဘ်ထိုး မရပါဘူး။

စားရလှ တစ်၀မ်း ၀တ်ရလှ တစ်နေ့
နေရလှ တစ်သက်လောက် ပါ.
ဘာမှ မက်လောက်စရာ မရှိကြပါဘူး။

သံသရာမှာ အကုသိုလ်ကံ သတ္တိတွေဟာ
ကမ္ဘာနဲ့ ချီပြီးတော့ ခံကြရတာပါ။

နေရသမျှ အခိုက်တန့်လေးမှာ
တစ်ခဏ ချမ်းသာဖို့ အရေးအတွက်
သံသရာရဲ့ ဒုက္ခများစွာနဲ့ မလဲမိအောင်
အထူး ဂရုစိုက်ပြီး နေထိုင်ဖို့ လိုပါတယ်။

#ကျေးဇူးတော်ရှင်
#ပါချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏

နှစ်ဆန်းတရက်နေ့ သက်ကြီးုူဆော်ပွဲးစာရင်းရွာဦးကျောင်းမှသံဃာ၃ပါး အပါဝင် ကုသိုလ်ပြုကြပါမည်
10/04/2023

နှစ်ဆန်းတရက်နေ့ သက်ကြီးုူဆော်ပွဲးစာရင်း

ရွာဦးကျောင်းမှသံဃာ၃ပါး အပါဝင် ကုသိုလ်ပြုကြပါမည်

02/04/2023

ကျနော်တိုလူငယ်များအသင်းလေးမှာ ရပ်တည်ဖို အတွက်လူငယ်လေးများကဘဲကူညီစုစည်းထားကြတာပါ ကျနော်တိုမှာ ပြင်ပအလှူငွေမရှိပါဘူး အလှူခံထွက်ခြင်းလဲမရှိပါဘူး?ဒါပေမဲ့အဝေးပြည်ပရောက်နေကြတဲ့ ညီငယ်ညီမငယ်များကိုတော့ အားကိုးမိပါတယ် အမှန်ပါ ရွာကလူငယ်​လေး​တွေလဲသူတို​ချွေးနည်းစာ​လေးနဲ့စုပြီးမတည်လှူဒါန်းကြတာပါ အ​ဝေကညီငယ်ညီမငယ်များကလဲပါဝင်ကုသိုလ်ပြုကြပါလို နှိုး​ဆော်တိုက်တွန်းလိုက်ပါတယ်

ယခုနှစ်အတွက် ၇၅နှစ်အထက် လူကြီးများကိုသက်ကြီးပူ​ဆော်ပွဲး​လေးလှူဒါန်းမယ်လို ရည်မှန်းထားပါတယ်ဗျာ

မေတ္တာလက်များ ပရဟိတအဖွဲ့
ပျဉ်​ထောင်တွင်း​ကျေးရွာ

18/10/2022
18/10/2022

ရွာဦးကျောင်းကထိန် နီးပါပေါ့လား

29/03/2022

မနှစ်ကကျ​နော်တို သင်္ကြန် တွင်းအလှူလုပ်ဖြစ်ကြတယ်ကိုရင်များနှင့် ဦးပဇင်းများ ယခုနှစ်​တော့ ကြိုးစား​နေပါတယ် အလှူရှင်မရှိ ကိုအသင်းသူအသင်းသားများရဲ့တက်စွမ်းသ​လောက်နဲ့အကျိုးပြု​ပေးပါဦးမည် အလှူရှင်များလဲတက်စွမ်းသ​လောက်ပါဝင်ကူညီ​ပေး​စေခြင်ပါတယ်​ဗျာ
#မေတ္တာလက်များ

29/03/2022

ဒီနှစ် သင်္ကြန်မင်္ဂလာနှစ်သစ်အတွက် စိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်မာခြင်း​တွေပြည့်စုံကြပါ​စေလို ဆုမွန်​ကောင်း​တောင်းအပ်ပါသည်

27/02/2022

ယနေ့ 27.2.2022 မခင်ညိုခလေးမီးဖွားရန်အတွက်ဆေးရုံသိုလိုက်ပါပိုဆောင်ကုသိုပြု ဖြစ်ကြပါသည် အဆင်ပြေချေားမွှေစွာရောက်ခဲ့ပေမဲ့ခလေးစိုးရိမ်ရသည်ဟုသိ၍စိတ်မကောင်းဖြစ်မိပါသည် အတိကျမသိရသေးလို မနက်မှထပ်တင်ပေးပါမည်🙏🙏🙏

#မေတ္တာလက်များ ပရဟိတအဖွဲ့

Address


Website

Alerts

Be the first to know and let us send you an email when Pyin taung twin လူငယ်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share