Nwayoo revolution

  • Home
  • Nwayoo revolution

Nwayoo revolution revolution

PDF တပ်ဖွဲ့က ထောင်ထားသည့် မိုင်းကို ဖြုတ်သိမ်းပြီး မိုင်းနှင့်အတူ ဓာတ်ပုံတွဲရိုက်စဉ် မိုင်းပေါက်ကွဲ၍ စခ (၅) ဦး သေဆုံးD D...
05/06/2022

PDF တပ်ဖွဲ့က ထောင်ထားသည့် မိုင်းကို ဖြုတ်သိမ်းပြီး မိုင်းနှင့်အတူ ဓာတ်ပုံတွဲရိုက်စဉ် မိုင်းပေါက်ကွဲ၍ စခ (၅) ဦး သေဆုံး

D Day News
ဇွန်လ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးရွာအနီးတွင် နယ်စည်းမခြား စစ်ကိုင်းသားတပ်ဖွဲ့ ထောင်ထား သော မိုင်းနှစ်လုံးကို ဖြုတ်သိမ်းပြီး ချိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းဘေးတွင် မိုင်းနှင့်အတူ ဓာတ်ပုံတွဲရိုက်စဉ် ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့(ဇွန်လ ၅ ရက်) နံနက် ၈ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာနှင့် ချိုင်းကြီးရွာကြားတွင် အ ကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တောနင်းရှာဖွေခြင်း၊ ချိုင်းကြီး ဘုန်း ကြီးကျောင်းပေါက်တွင် စစ်ဆေးရှာဖွေခြင်းပြုလုပ်ခဲ့ရာ နယ်စည်းမခြား စစ်ကိုင်းသားတပ်ဖွဲ့ကလည်း ယင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရန် မိုင်းထောင်ထားခဲ့ခြင်းဖြစ်သည်။

“ဒီမနက် ၈ နာရီအချိန်မှာ ဖြစ်တာ၊ နယ်စည်းမခြား စစ်ကိုင်းသား ထောင်ထားတဲ့ မိုင်း နှစ်လုံးကို စခတွေ ဖြုတ် သိမ်းသွားပြီးတော့ ချိုင်းကြီးဘုန်းကြီးကျောင်းဘေးမှာ မိုင်းနဲ့အတူ ဓာတ်ပုံတွဲရိုက်ရင်း မိုင်းထကွဲတာ၊ ၅ ဦး သေ တယ်လို့ သိရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာနှင့် ချိုင်းကြီးကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီကားများ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရပြီး စခများ အသေအပျောက်အများဆုံးနေရာလည်း ဖြစ်သည်။

Telegram Link-https://t.me/ddaynewsmyanmar/

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #စစ်ကိုင်းမြို့နယ်

Public Media

****  တန်ပြန်အား သတိထား  ****မတရားမှုတွေကို ခေါင်းငုံ့မခံတော်လှန်နေတဲ့ ဓမ္မဝါဒီ တော်လှန်ရေးသမားကို သေဒဏ်ပေးမိတယ်ဆိုရင်.....
05/06/2022

**** တန်ပြန်အား သတိထား ****

မတရားမှုတွေကို ခေါင်းငုံ့မခံတော်လှန်နေတဲ့
ဓမ္မဝါဒီ တော်လှန်ရေးသမားကို
သေဒဏ်ပေးမိတယ်ဆိုရင်.....

အဲဒီအာဏာရှင်ဟာ..ကိုယ်နဲ့ ကိုယ့်မိသားစု
အသိုင်းအဝိုင်းရဲ့ လည်ပင်းမှာ ဖြုတ်လို့မရ
တဲ့ ကြိုးကွင်းတွေစွပ်လိုက်တာနဲ့အတူတူပဲ။
အရာအားလုံး ဆုံးရှုံးပျက်စီးဖို့ သေချာသွား
ပြီ။ ပြည်သူ့ထံက တန်ပြန်အား လျှော့တွက်
မထားသင့်ဘူး။

ကျောက်တောင်ကို ခေါင်းနဲ့မတိုက်သေး
သ၍ ခေါင်းကွဲမှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့..ကျောက်တောင်ကို ခေါင်းနဲ့ပြေးတိုက်လိုက်ပြီဆိုရင်တော့.....
အရှိန်ပြင်းထန်လေ ခေါင်းကြေလေပဲ။
" တန်ပြန်သက်ရောက်မှုအားကြီးတဲ့ဒဏ်
ချက်ခြင်းခံရလိမ့်မယ်။ "

အရှင်ဥတ္တမ ( တွင်းမ )
4,6,2022( 10:38am )

KNU က ထိန်းသိမ်းထားသော ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်ထက်နှင့် တပ်ကြပ် ကြီး နိုင်ဦးတို့ကို ပြန်မလွှတ်ပေးလျှင် ကျေးရွာများက...
05/06/2022

KNU က ထိန်းသိမ်းထားသော ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်ထက်နှင့် တပ်ကြပ် ကြီး နိုင်ဦးတို့ကို ပြန်မလွှတ်ပေးလျှင် ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ် မည်ဟု စစ်တပ်က ခြိမ်းခြောက် ၊ ပြည်သူများတိမ်းရှောင်ရ

ရန်ကုန်၊ ဇွန် ၄

KNU က ထိန်းသိမ်းထားသော ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်ထက်နှင့် တပ်ကြပ် ကြီး နိုင်ဦးတို့ကို ပြန်မလွှတ်ပေးလျှင် ကျေးရွာများကို ဖျက်ဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်လာပြီး ပြည်သူများတိမ်းရှောင်ရကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

KNU မှထိန်းသိမ်းထားသော အာဏာသိမ်း စစ်ကောင်စီ ခမရ အမှတ် ၉ စခန်းမှ တပ်ဖွဲ့ဝင် ၂ ဦးကို ပြန်မလွှတ်ပေးပါက ကေအဲန်ယူ-သထုံမြို့နယ် အတွင်းရှိ ထုံးဘိုကြီးနှင့် ထုံးဘိုလေးကျေးရွာ ၂ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးပစ်မည်ဟု ခမရ အမှတ် ၉ တပ်ရင်းမှူးက ရွာလူကြီးမှတစ်ဆင့် ခြိမ်း ခြောက်ပြောဆိုကြောင်း၊ ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် အာဏာ သိမ်းစစ်ကောင်စီ လက်အောက်ခံ ခမရ အမှတ် (၉) ဝီယော်စခန်းမှ ဗိုလ်ကြီးကျော်ဇင်ထက်နှင့် တပ်ကြပ်ကြီး နိုင်ဦးတို့ ၂ ဦးတို့သည် ထုံးဘိုကြီးကျေးရွာအတွင်းသို့ ဆိုင်ကယ်ဖြင့် လာရောက် သတင်း ထောက်လှမ်းနေစဥ် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွန် ၂ ရက် နံနက် (၅)နာရီခွဲခန့်က ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီ စခန်းများသို့ ရိက္ခာပို့ရန်လာသောစစ်ကောင်စီ တပ်ဖွဲ့များနှင့် နယ်မြေခံ KNLA တပ်ဖွဲ့တို့ ဝီယော်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၆)ဦးသေကာ (၅)ဦး ဒဏ်ရာရ၍ စစ်ကောင်စီတပ်များ အမှတ် ၉ စခန်းသို့ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီ ခမရ အမှတ် ၉ စခန်းက ထုံးဘိုလေးနှင့် ထုံးဘိုကြီးကျေးရွာဖက်သို့ လက်နက်ကြီးအချက် ၅၀ ကျော် ဆက်တိုက်ပစ်ခတ်မှုကြောင့် ထုံးဘိုလေးကျေးရွာမှ အသက် (၇၀) အရွယ်အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် (၂) လုံးပျက်စီး၍ အိမ်မွေးဝက် (၁) ကောင်သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်ချက်က ဆုသိည်။

အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ်(၉)စခန်းမှ လက်နက်ကြီးများဖြင့် ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာဘက်သို့ အဆက်မပြက်ပစ်ခတ်နေမှုများကြောင့် ဒေသခံ ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

KhitThit media

ဓာတ်ပုံ- ရုရှားပြန် ဗိုလ်ကြီးကျော်ဇင်ထက်(တီရှပ်အမည်း)နှင့် တပ်ကြပ်ကြီးနိုင်ဦး(အင်္ကျီချွတ်)ကို စတင် ဖမ်းမိသည့်အချိန် ယာယီ ဖမ်းဆီးထားသည့် မြင် ကွင်း။

ကျောင်းမတက်ရုံနဲ့ ကျွန်မဖြစ်နိုင်ဘူး..ဘွဲ့တံဆိပ်ကြီး အိမ်မှာချိတ်ပြီး...ပုလွှေမှုတ်လိုက် မြက်နှုတ်လိုက်..လုပ်နေရင်တော့ က...
05/06/2022

ကျောင်းမတက်ရုံနဲ့ ကျွန်မဖြစ်နိုင်ဘူး..
ဘွဲ့တံဆိပ်ကြီး အိမ်မှာချိတ်ပြီး...
ပုလွှေမှုတ်လိုက် မြက်နှုတ်လိုက်..
လုပ်နေရင်တော့ ကျွန် ပဲ။

ကျောင်းမတက်ရုံနဲ့ လူဖြစ်မရှုံးဘူး...
ဘွဲ့ဓာတ်ပုံကြီး ဧည့်ခန်းမှာချိတ်ပြီး...
မတရားလုပ်‌ေနသူတွေကို လက်အုပ်ချီ ...
အဓမ်မသမားတွေကို ခေါင်းငုံ့ပေါင်း...
စားကောင်း သောက်ကောင်းဖို့နဲ့
အနေချောင်ရေးအတွက်....
အမေ့ကုတင်ပေါ် ဘယ်သူ တက် တက်...
ငါတို့အလုပ်မဟုတ်ဘူးဆိုတဲ့ စိတ်
ရှိနေရင်တော့...ကျွန် ပဲ။

ငါတို့ကလေးတွေကို သင်ပေးထားပြီ။
ဒီခေတ်မှာ သူရဲကောင်းတိုင်းက ဝရမ်းပြေး။
CDM ဆိုတာ သခင်တွေ၊
PDF ဆိုတာက နိုင်ငံကိုကာကွယ်သူတွေ ဖြစ်ကြောင်း...
၎င်းတို့နဲ့ ဆန့်ကျင်ဘက်အမြင်တွေ...
၎င်းတို့အား ဆန့်ကျင်နေသူတွေဟာ...
ကျွန်စိတ်အပြည့်ရှိသူတွေဖြစ်လို့...
သူတို့သင်မဲ့ပညာရေးဟာ....
ကျွန်ပညာရေးဖြစ်ပြီး...
ကိုယ် ကောင်းစားနေသမျှ
ကိုယ် အခွင့်ရေးရနေသမျှ
ကိုယ့် မထိခိုက်သမျှ...
ငုံ့ခံ၊ မှောက်ခံ၊ ကြုံသလိုခံမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့အသိကို ရိုက်သွင်းပေးမှာဖြစ်လို့..

ငါတို့ခလေးတွေကို ငါတို့သင်ထားတယ်...
ကျောင်းမတက်ရလို့
ကျွန် မဖြစ်တဲ့ကြောင်း...
ကျောင်းထဲက ကျွန်တွေကို
လက်ညှိုးထိုးပြပြီး ဆိုပါတော့...
😎
🚀သံပါးစပ်
1.6.2022

စခတွေ ရွာကိုမီးရှို့လို့ သူတို့အိမ်လေး
မီးလောင်ပြာကျသွားတဲ့နေရာက
ပြာအချုိ့ကို အိတ်ထဲထည့်လာပြီး...
စစ်ရှောင်စခန်းကိုရောက်လာခဲ့တဲ့
ခလေးတစ်ယောက်...
တကယ့် မြေပြင်မှာ လက်တွေ့ရှိခဲ့တယ်။

ဓာတ်ပုံ ©®

ဧရာဝတီတိုင်းတွင် စစ်ကောင်စီစာသင်ကျောင်းထားတဲ့ ကလေးမိဘများ သူငယ်တန်းကစတင်ကာ ကျူရှင် အပ်နေရဧရာ၀တီတိုင်းမ်ဇွန်လ ၅ ရက်အာဏာသိ...
05/06/2022

ဧရာဝတီတိုင်းတွင် စစ်ကောင်စီစာသင်ကျောင်းထားတဲ့ ကလေးမိဘများ သူငယ်တန်းကစတင်ကာ ကျူရှင် အပ်နေရ

ဧရာ၀တီတိုင်းမ်
ဇွန်လ ၅ ရက်

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်တဲ့ အခြေခံပညာစာသင်ကျောင်းတွေကို ကျောင်းအပ်သူအများဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းမှာ ကလေးတွေကို သူငယ်တန်းကစတင်ကာ ကျူရှင်အပ်နှံနေရတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေမှာ ကျောင်းအပ်တဲ့အခါ ပိုက်ဆံပေးရတာမျိုး မရှိပေမယ့် အတန်းပိုင်ဆရာ ဆရာမတွေက မဖြစ်မနေကျူရှင်ထားဖို့ ဖိအားပေးတာမျိုးတွေရှိတာကြောင့် ကျူရှင်ကို ကျောင်းစဖွင့်ချိန်ထဲက ထားနေရတယ် လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“ သူငယ်တန်း ဂရိတ်ဝမ်းလား ဘာလားသေချာမသိဘူးဗျ ကျောင်းအပ်တာတော့ ပိုက်ဆံမကုန်ဘူးဟုတ်တယ် ဒါပေမယ့် အတန်းပိုင်ဆရာမက သူ့ဆီမှာ ကျူရှင်အပ်ရမယ်ပြောလို့ ကလေးကို ထားရတယ် ပိုက်ဆံကို ရတဲ့နည်းနဲ့ ယူတာပေါ့”လို့ ပြောပါတယ်။

စစ်ကောင်စီက အခြေခံပညာစာသင်ကျောင်းတွေကို မေလ ၂ ရက်နေ့ကစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ဆရာ ဆရာမတွေကို ပိုက်ဆံမတောင်းဖို့ ထိန်းချုပ်ထားတာကြောင့် နောက်ကွယ်မှာကျူရှင်ပြဖို့ မိဘတွေကို ဖိအားပေးပြောဆိုနေတာလို့ ဆိုပါတယ်။

သူငယ်တန်းကစတင်ကာ ဒသမတန်းထိ အတန်းပိုင်ဆရာ ဆရာမတွေက ကျူရှင်ပေးနေတာရှိပြီး သူငယ်တန်း ကျောင်းသားအတွက် ၁ လ ကျူရှင်လခကို ၃ သောင်းတောင်ပြီး အတန်းလိုက် ကျူရှင်ခမှာ ပိုကြီးလေ့ရှိတယ် လို့ သိရပါတယ်။

စစ်ကောင်စီက ပြန်ဖွင့်တဲ့ စာသင်ကျောင်းကို ၂၀၂၂ ခုနှစ်အတွင်း ကျောင်းအပ်တဲ့ ကျောင်းသား ကျောင်းသူ ဦးရေ ၅၂ သိန်းကျော်ရှိတယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

05/06/2022

ခုချိန်ထိသွေးမအေးပဲတော်လှန်နေတဲ့✊

Accထဲက မောင်နှမတွေ💖

"မောနီး ပါဗျ" ❣🙋‍♂️🍔🍜

31/05/2022

တိုက်ပွဲ ပြင်းထန်နေ
ပြည်သူ့ရဲဘော် ၃ ဦးအသက်ပေးထါး
အကောင် ၁၀၀ ရ ၊အချင်းချင်း မှားကြဲ
၂၀ ရထား ✈✈May.31

ငညိုကတော့ပြောပြီ ဟောင်ချင်တဲ့ကောင် လာဟောင်ကြ😎😎ဇွတ်ဆိုတာ အစွန်းရောက်တာပဲ~~~~~~~~~~~~~~~~~~~       ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ သ...
31/05/2022

ငညိုကတော့ပြောပြီ ဟောင်ချင်တဲ့ကောင် လာဟောင်ကြ😎😎

ဇွတ်ဆိုတာ အစွန်းရောက်တာပဲ
~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ သင်တန်းတွေမှာ တခြားဘာသာဝင်တွေကို မုန်းဖို့ ဇွတ်သင်နေတာ။

အခုတော့....
သင်တဲ့ ဘုန်းကြီးတွေကိုယ်၌က အမုန်းစကားပြောတဲ့သူ စစ်အုပ်စုအားပေးတွေမှန်း ပြည်သူတွေ သိကုန်ပြီ။

ဓမ္မစကူးလ်ကျောင်းတွေမှာ ခေတ်သစ်အမြင်တွေကို "အနောက်တိုင်းယဉ်ကျေးမှု"တဲ့၊ အမုန်းတရားတွေ ဇွတ်သင်တာ။
အခုတော့ သူတို့ကိုယ်တိုင် အနောက်တိုင်းနေပြီး ဇွတ်လုပ်တဲ့ ယဉ်ကျေးမှု့နဲ့ ဓမ္မစကူးလ်ဟာ ပျက်ပြီလို့ ပြောရမှာပဲ။

လူ့အခွင့်အရေးကို မလေးစားဘဲ ဇွတ်လုပ်ရင် ကျရှုံးမှာပဲ။

မြတ်စွာဘုရားရဲ့ ယဉ်ကျေးမှုသင်တန်း မြတ်စွာဘုရားရဲ့ ဓမ္မစကူးလ်ဆိုတာ အခြေခံမူ ၄ ချက်နဲ့ သင်ခိုင်းတာ...

၁။ ဗဟုသိစ္စဉ္စ၊ စာပေအတတ်ပညာ တတ်သိဖို့၊

၂။ သိပ္ပဉ္စ၊ သိပ္ပံအတတ်ပညာ တတ်သိဖို့၊

၃။ ဝိနယော၊ ဥပဒေပညာ တတ်သိဖို့၊

၄။ သုဘာသိတ၊ စကားပြော ချိုသာတတ်ဖို့၊

စာပေပညာ မတတ်ဘဲ၊
သိပ္ပံပညာ ဗဟုသုတ မရှိဘဲ၊
ဥပဒေ နားမလည်ဘဲ၊
စကားကို ချိုသာစွာ မပြောတတ်ဘဲ..."လူယဉ်ကျေး မဖြစ်နိုင်ဘူး"တဲ့ မြတ်စွာဘုရားက မိန့်ထားတာ။

ဘုရားစကား နားမထောင်ဘဲ ဇွတ်ယဉ်ကျေးမှု၊ ဇွတ်ဓမ္မစကူးလ်တွေ အခု ဇွတ်မြောင်းထဲ ရောက်ကုန်ပြီ။

ဇွတ်ဘာသာရေး လွှမ်းမိုးမှုတွေ တအားလုပ်တဲ့ သီရိလင်္ကာနိုင်ငံ ကျရှုံးသွားတာ မကြာသေးဘူး။

မြန်မာနိုင်ငံက ဓမ္မစကူးလ်အများစုဟာ အာဏာရှင်ရဲ့လောင်းရိပ်အောက်က မလွတ်ဘဲ နုနယ်တဲ့ ဦးနှောက်ပိုင်ရှင်၊ နှလုံးသားပိုင်ရှင် ကလေးငယ်များအား လူမျိုးရေး မုန်းတီးမှု၊ ဘာသာရေး မုန်းတီးမှုများ ရိုက်သွင်းရာဌာန၊ ကလေးငယ်များကို အဆိပ်ခပ်ရာဌာနလို့ပဲ ငညိုက ရှုမြင်တယ်။

ဓမ္မစကူးလ်တွေကို မဘသလိုပဲ အယုံအကြည် မရှိခဲ့ဘူး။ ဓမ္မစကူးလ်တွေကို လိုက်လေ့လာကြည့်တော့ မဘသဘုန်းကြီးတွေက ကလေးတွေကို အဆိပ်ခပ်နေတာတွေ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ဖူးတယ်။

အရှင်ဘုရားတို့ နည်းလမ်း မှားနေတယ် ပြောလို့ ပြဿနာတောင် တက်ခဲ့သေး😂😂😂

စာတိုငညို

စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (၁)******************************အခန်း (၁) အကူအညီ အထောက်အပံ့မျာ...
13/05/2022

စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (၁)
******************************

အခန်း (၁)

အကူအညီ အထောက်အပံ့များ - မုန်တိုင်းမလာမီ ငြိမ်သက်ခြင်း

#မိုးကုပ်စက်ဝိုင်းပေါ်ကမိုးသက်လေပြင်း

၂၀၀၈ ခုနှစ် မေလ (၂) ရက် သောကြာနေ့ တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် တောင်ပိုင်းသို့ လေပြင်းများ စတင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ထိုလေပြင်းများ အားကောင်းလာကာ တနာရီလျှင် မိုင် ၁၃၀ ထိ ရောက်ရှိလာပြီး ၁၅ ပေ အမြင့်အထိ ရေများ တလိမ့်လိမ့် တက်လာသည်အထိ စွမ်းအား ရှိသော သေမင်းတမန် ဆိုင်ကလုံး မုန်တိုင်းကြီး အဖြစ် အသွင်ကူးပြောင်းလာ၍ ကုန်းတွင်းပိုင်း ၂၄ မိုင် ပတ်ပတ်လည် အထိ စိစိညက်ညက်ကြေအောင် ထိုးနှက် တိုက်ခိုက်လာသည်။ နောက်တနေ့ မနက် အိပ်ယာထလျှင် လုပ်စရာ ရှိသည်များကို တွေးတောရင်း အိပ်ယာဝင်သွားကြသူများ၊ တိရိစ္ဆာန်များ၊ သစ်ပင်များ၊ အဆောက်အဦး များ အားလုံးသည် ရေထဲမျောပါ လွင့်စင် ပျောက်ပျက်သွားခဲ့ကြလေပြီ။

ဆက်လက်ဖတ်ရှုရန် ....
Hla soewai
http://www.yawnathan.com/mm/news/details/673

12/05/2022

အနှိပ်ခန်း"မာဆတ်"ကိုဖမ်းတဲ့
အမှုစစ်နေတယ်
ပထမဆုံးစစ်တာက ဖမ်းတဲ့
တရားလို နယ်ထိန်း
ထွက်ချက်ကိုပေါ့

"အမည်"
" ခင်မောင်မြင့်ပါ"
"အဆင့်"
"ဒုရဲအုပ်ပါ"

အဲ့မှာစစ်နေတုန်း နောက်က
အဖမ်းခံရတဲ့ မိန်းကလေး တစုက
တီးတိုးတီးတိုးနဲ့

" ဟဲ့ကောင်မသဲစု အဲဒါ နင့်ဘဲ မဟုတ်လား" လို့မေးတော့ "သဲစုက ...

"ဟုတ်ပါ့ ငါ့ကိုပြောတော့ သူ့နာမည်က
အာကာကျော်တဲ့ မသာလူလိမ်"

အဲ့ဒါကို အစစ်ခံရင်း ကြားတော့
တရားလို ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာကြီးနီလို့၊အခြေအနေကို သဘောပေါက်တဲ့ တရားသူကြီးက

"အဟမ်း"လို့ ချောင်းဟန့်လိုက်တော့
နောက်က ကောင်မလေးတသိုက်ငြိမ်သွားတယ်၊ခဏကြာတော့ ဥပဒေအရာရှိရောက်လာတယ်။ခေါင်းပေါင်းကိုမြန်မြန်ဝတ် အမှုစစ်မယ်လို့ တရားခွင်ထဲကိုလဲဝင်ရော....နောက်က ကောင်မလေးတွေထဲက

"ဟဲ့ နိုနို အဲ့ဒါ နင့်ကိုကြီးမဟုတ်လား"
"ဟုတ်ပါ့ သူပဲ"

ဥပဒေအရာရှိက တရားခံကောင်မလေးတွေဘက်လှမ်းကြည့်တော့ နိုနိုကိုတွေ့သွားတော့ ရှက်ကိုး ရှက်ကန်းဖြစ်သွားပြီး တရားခံတွေဘက်ကို ကျောပေးပြီး အမှုစစ်နေတယ်

တရားလိုဘက်စစ်ပြီးလို့ စွဲချက်တင်သင့်မတင်သင့် အမိန့်ချခါနီးကျတော့ တရားသူကြီးက

"တရားခံ လင်းလက်၊ ကြယ်စင်၊ အိမ့်ဖူး၊
နိုနို၊ သဲစု၊လမင်း ၊ ဟန်နီမေ၊မြတ်နိုး၊ဧကရီ ၊ဆောင်းယွန်း ...သင်တို့မှာ
အပြစ်ရှိလား မရှိဘူးလား ဖြေပါ" လို့မေးလိုက်ရော လင်းလက် ထဖြေတဲ့ စကားကြောင့် တရားသူကြီး တရားခွင်က ဆင်းပြေးသွားတယ်၊

လင်းလက်ဖြေတာက....

"သမီးကို လင်းလက်လို့ မခေါ်ပါနဲ့
ဆိုင်မှာလာတုန်းကလို "သဲလေး"လို့ပဲခေါ်ပါ။ သဲလေးမှာ လုံးဝ အပြစ်မရှိပါဘူး ကိုကြီး" ။

😂😂😂😂😂

CRD

ယူကရိန်းကို ဒေါ်လာ ၄၀ ဘီလီယံဖိုး ကူညီထောက်ပံ့ဖို့ အမေရိကန်အောက်လွှတ်တော်က သဘောတူလိုက်ပါပြီ။ပူတင်ဟာ ယူကရိန်းအပြင် အိမ်နီး...
12/05/2022

ယူကရိန်းကို ဒေါ်လာ ၄၀ ဘီလီယံဖိုး ကူညီထောက်ပံ့ဖို့ အမေရိကန်အောက်လွှတ်တော်က သဘောတူလိုက်ပါပြီ။

ပူတင်ဟာ ယူကရိန်းအပြင် အိမ်နီးချင်းအခြားတိုင်းပြည်တွေကိုပါ ပစ်မှတ်ထားရန်ရှာလို့ စစ်ပွဲကိုဆွဲဆန့်ချင်နေတာကြောင့် ခုလိုကူညီရတယ်လို့ ဆိုပါတယ်။ ငါတို့ အရန်ငွေ ဒေါ်လာ ၁ ဘီလီယံလေး သိမ်းမထားဘဲ ပြန်ထုတ်ပေးရင်ကို ကျေးဇူးတင်ဝမ်းမြောက်ကြအုံးမှာပါ။ ဘိုင်ဒင်အစိုးရဟာ မျက်နှာလိုက်လွန်းတယ်ကွယ်။ 😩

ref: scmp

Francis Zin

ပြောစရာစကားလုံးမရှိတော့ဘူး🥺🥀💔
12/05/2022

ပြောစရာစကားလုံးမရှိတော့ဘူး🥺🥀💔

12/05/2022

#အခုရက်ပိုင်း_သိသိသာသာ_မွင်းခါ_ကြဲသွားတဲ့_ကိစ္စ။

အများစုရဲ့ အဖြေဂာ
ထောက်ပံ့မှုတွေ နဲလာလို့ လို့ ဖြေကြတယ်။
အဲဒါက မှန်ပါတယ် ။
ဒါပေမယ့် အဓိကအဖြေကို
လူတွေ ရှင်းရှင်းလင်းလင်း မသိကြဘူး။

အရင်ကလည်း ဒီလူတွေဘဲ ထောက်ပံ့နေသလို
အခုလည်းဘဲ ဒီလူတွေကဘဲ အများစုထောက်ပံ့နေဆဲပါ။
သူတို့တစ်တွေက ထောက်ပံ့နေပါရက်နဲ့
အရင်လို #မွင်းခါးပွဲတွေကြဲလာတာဘာကြောင့်လဲ။
(မေးခွန်း-၁ပါ)

ကျနော့အယူအဆအရ ဖြေပါမယ်။
လွန်ခဲ့သော မွင်းခါးအများစုက ကရင်ပြည်နယ်ထဲက
ပွဲအရေအတွက်ပြီးရင် စစ်ကိုင်းလို့ပြောရမယ့်
မြန်မာပြည်အထက်အလယ်ပိုင်းက အများဆုံးလို့
ပြောရမယ်။

စစ်ကိုင်းကအဖွဲ့တွေနဲ့ (အားလုံးခြုံကာ)
မြင်းခြံ ZERO နှလုံးလှလူမိုက်များအဖွဲ့
27 Revolution တို့က အများဆုံး ချက်က
ဒလန်ရှင်းကြတာ တွေ့ရမယ်။

ကျန်အဖွဲ့ တချို့ရှိမယ်။ ထားတော့

ဒီအဖွဲ့တွေဟာ ပြည်ပထောက်ကူတိုက်ရိုက်တွေ
ပြည်တွင်းထောက်ကူတိုက်ရိုက်တွေနဲ့
နုတ်ခမ်းနီတွေ နာနတ်သီးချက် မိုင်းဆွဲတွေလုပ်ကြရတယ်။

အခုဒီအဖွဲ့တွေကို ထောက်ပံ့တာနည်းလာပြီ။

ဘာကြောင့်နဲလာရသလဲဆိုရင်
တချိန်က မလှူချင်လှူချင် လူကြားကောင်းအောင်လှူနေကြတဲ့သူကအစ ကလစ်တွေ ရေပမ်းစားလာတော့
ကလစ်နေပါတယ် ကာဗာနဲ့ မလှူကြဘူး။
တချိုဘလည်း localတွေ ကလစ်ကရနေတယ်ထင်ပြီး
ပိုကလစ်ကြတယ်။

အဲတော့ မွင်းခါးမတ်တပ်ချက်နေတဲ့ သူတွေ
တိုက်ရိုက် ထောက်ပံ့တာဝေးလာတယ်။
မစ်ရှင်တွေဖျက်ရတယ်။
မစ်ရှင်တစ်ခုကို 15 သိန်းဝန်းကျင် ကုန်ကျနိုင်တယ်။

ထိထက်ဆိုးတာက
ငွေတွေအများကြီးယုတ်လျော့စေတဲ့
ငါတို့လက်ဗွေရာပါအောင်ဆိုပြီး မအလအိမ်ဝယ်တာနဲ့ကို
Localတွေဆီ ထောက်ပံ့ထပ်လျော့တယ်။

ကလစ်ခြင်းသည် တကယ်တိုက်နေတဲ့ အဖွဲ့ဆီ
သိပ်မရောက်ပဲ ထူထောင်နေသော
ကျည်မဖောက်ရသေးသော အဖွဲ့များဆီသာ
အများဆုံးရောက်တယ် လေ့လာမိတယ်။
ငြင်းမလား
မှန်လား မှားလားဖြေပါ။

မေးခွန်း (၂)
#ဒီတော်လှန်ရေးကြီးဟာ_အခုချိန်ထိ_ဘာလို့မအောင်မြင်ရသေးတာလဲ

ပြည်သူတွေ
မျက်စိမှိတ်ယုံကြည်အားကိုးနိုင်လောက်သည့်
အဖွဲ အစည်းမရှိသေးခြင်း။

အမေစုအကျဉ်းကျနေစဉ်
အမေစုကဲ့သို့ ပြည်သူကို စည်းရုံး သိမ်းသွင်းနိုင်မည့်သူ
မရှိသေးခြင်း ။

စစ်အာဏာရှင်ကို ဖြုတ်ချနိုင်လောက်သည့်
စည်းလုံးညီညွတ်မှု့မျိုး
ပြည်သူအများစုတွင်မရှိသေးခြင်းပဲ။

Facebookပေါ်မှာသာ ငါတို့နိုင်နေပြီး
မြေပြင်အခြေအနေကို မသိပဲ မကူပဲ မထောက်ပံ့ပဲ
ရမ်းသမ်းအော်နေခြင်း။

တော်လှန်ရေးအတွက် ရန်ဘုံငွေရှာလို့ရတဲ့
နွေဦးထီ
ငွေတိုက်စာချုပ်
ဘွန်း
မအလအိမ်ရောင်း
အခြားသောထောက်ပံ့မှုတွေ
တော်လှန်ရေးအတွက် ထိရောက်အောင် မသုံးခြင်း။

ဒါတွေနဲ့ လက်နက်တပ်ပေးရင် ပစ်စရာတောင်
မလိုဘူး ဖိသတ်လို့ရနေပြီ။

ဒါဆိုရင်
မင်းက NUGကို မယုံတာလား
မေးစရာဖြစ်လာပြီ။

ကိုယ်တင် ကိုယ်ရွေးခြယ်တဲ့
ကိုယ်စားလှယ်တွေပဲဗျာ ယုံတာပေါ့ဗျ။

NUG ဟာ ထောင်ထောင်ဖို့ မဟုတ်ဘူး
တော်လှန်ရေးအစိုးရ။
တော်လှန်ရေးကို အဓိကထားပြီးလုပ်တဲ့
လုပ်ကွက် အတော်နည်းပါးနေတယ်။

ပြန်လည်ထူထောင်ရေးတွေ နိုင်ငံတကာမျက်နှာစာတွေက ပြီးမှလုပ်ရမှာ။

တော်လှန်ရေးကြန့်ကြာမှုကြောင့်...

ပါတီဝင်တွေ သေကြ အဖမ်းခံရတာများပြီ။
ဖိလိုကြွခဲ့ရတဲ့ ပြည်တွေ သေကုန်ပြီ။
ထိလို့ ချခဲ့ကြတဲ့ ကျေးရွာတွေ မီးလောင်ကုန်ပြီ။
မီးရှို့ခံရတဲ့ ရွာတွေ ရေတွက်မရတော့ဘူး။

ဒါဟာတော်လှန်ရေးကြန့်ကြာတဲ့ ဆိုးကျိုးဘဲ။

မင်းက ဆရာကြီးလား
မင်းအဲလောက်တတ်ရင် မင်းလုပ်လို့
အကန်စကားပြောချင်ရင်တော့..

ကျနော် အစကတည်းက
မတတ်လို့ လူကြီးမလုပ်တာ. ။
ရိုးရိုးသားသားဝန်ခံရရင်
ကျနော် စောက်ဖြစ်မရှိဘူး။
လိုကယ်ပိုင်း ထောက်ပို့နဲ့ လေပေါ်အာပဲ တတ်ပါတယ်။

ဒါပေမယ့်
တောထဲက ဦးလေးအဒေါ် အကိုအမ
ညီလေးညီမလေးတွေနဲ့အတူ
ကျနော်လည်း အိမ်ပြန်ချင်ပြီလေ။😓😓

ဆဲနိုင်ကြပါပြီ

ဗိုလ်တေ (စနေသား)

#အမှန်တရားဘက်တော်သားများအုပ်စု

12/05/2022

မော်လမြိုင်ဈေးကြိုက စစ်တပ်လုံခြုံရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ

Z Fighter May 12

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်အတွင်းရှိ အကြမ်းဖက်စစ်တပ် လုံခြုံရေးယူထားတဲ့ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေ ၁၁ ရက်နေ့ ည ၇ နာရီမှာ မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဈေးကြိုရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် (၄) တည်းခိုရေးစခန်းရှေ့ စစ်တပ်လုံခြုံရေးယူထားတဲ့ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိခိုက်စာရင်းကို မသိရသေးဘူးလို့ မော်လမြိုင် ပကဖ ကထုတ်ပြန်ပါတယ်။

ဖောက်ခွဲခံရပြီးနောက် စစ်သားတွေ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ အန္တရာယ်ကင်းရာကို ရောက်ရှိပြီးဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုဟာ နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။[Delta News Agency][Z-F]


ရဟတ်ယာဉ်နဲ့ပစ်နေတဲ့ကြားက ပျူစောထီးပူးပေါင်းစခန်းကို နဂါးတပ် ဝင်စီးနင်း၊ (၂၀) ခန့်သေပြီး စစ်ကူလာတဲ့ကားတွေကိုပါ မိုင်းဆွဲလ...
12/05/2022

ရဟတ်ယာဉ်နဲ့ပစ်နေတဲ့ကြားက ပျူစောထီးပူးပေါင်းစခန်းကို နဂါးတပ် ဝင်စီးနင်း၊

(၂၀) ခန့်သေပြီး စစ်ကူလာတဲ့ကားတွေကိုပါ မိုင်းဆွဲလို့ တစ်စီး ပျက်စီး

မေ ၁၂

မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)က ဦးဆောင်ပြီး KUG ကိုယ်စားပြု G.Y.Z အဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ နောက်လိုက် ပျူစောထီးပူးပေါင်းစခန်းကို မေလ (၁၀) ရက်နေ့က ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ရာ အဲ့ဒီစခန်းက အနည်းဆုံး (၂၀) ခန့်ကို လက်စတုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မေလ (၁၀) ရက်၊ နေ့ခင်း (၂:၄၅) နာရီ အချိန်ခန့်မှာ မုံရွာ နမခဘက်က ရဟတ်ယာဉ်တစ်စီး ရောက်လာပြီး (၄၅) မိနစ်ခန့်ကြာအောင် လာရောက်ကူညီခဲ့သလို မြေပြင်တပ်ကူစစ်ယာဉ်တန်းပါ ထွက်လာခဲ့ပါတယ်။

အဲဒီကားတန်းကို ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် M.R.D.A (ဆားလင်းကြီး) နဲ့ အတူ တစ်ဇောက်ကန်းဘဂျမ်းအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲခဲ့ရာ စကစ ယာဉ်တန်းက ကားတစ်စီး လုံးဝပျက်စီးလောင်ကျွမ်းပြီး (၃) စီး ထိခိုက်ခဲ့တယ်လို့ MRDA ကထုတ်ပြန်ထားပါတယ်။

ဇီးဖြူကုန်းပျူစခန်းကို စကစဘက်က ရဟတ်ယာဉ် လာရောက်ကူညီခဲ့ပေမယ့် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ နဂါးစစ်သည်တော်များက ပျူစခန်းကျအောင် ဆက်လက်၍ စီးနင်းနိုင်ခဲ့ပါတယ်။

စကစနဲ့ ပျူစောထီးပူးပေါင်းစခန်း အခြေအနေမဟန်တဲ့အတွက် ညနေ (၇) နာရီ အချိန်ခန့်မှာ မုံရွာ နမခဘက်က ရဟတ်ယာဉ်ဟာ ဒုတိယအကြိမ်ရောက်လာပြီး (၂၅) မိနစ်ခန့်ကြာအောင် အပြင်းအထန် အကူညီထပ်မံလာပေးခဲ့ပြန်ပါတယ်။

ဒုတိယအကြိမ် ရဟတ်ယာဉ် ပြန်သွားချိန်မှာ ည (၇) နာရီခွဲ ခန့်ရှိပြီဖြစ်ပြီး မိုးလည်းရွာလာတာကြောင့် ကိုယ့်လူသူ့လူ ခွဲခြားဖို့ ခက်ခဲလာသည့်အတွက် ပြည်သူ့ရဲဘော်တွေဟာ ပြန်လည်ဆုတ်ခွာခဲ့ကြရပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့ ဇီးဖြူကုန်းကျေးရွာ ပျူစခန်းစီးနင်းမှုမှာ မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ပူးပေါင်းမဟာမိတ် KUG ကိုယ်စားပြု G.Y.Z အဖွဲ့က ပြည်သူ့ရဲဘော်တစ်ဦး ကြွေလွင့်ခဲ့ရပါတယ်။

12/05/2022

PDF ယူနီဖောင်းတွေဝတ်ထားတဲ့‼

အကြမ်းဖက်စစ်သားများ

ရေဦး ရွာတွေထဲ ဝင်ဖျက်ဆီးနေ😡

စကစမှ လှူဒါန်းဖို့ပြင်ဆင်လျှက်ရှိသော ကဆုန်လပြည့် ဆွမ်းဆန်စိမ်းလောင်းပွဲ အလှူခံကြမည့် အရှင်များသို့=====ပြည်သူ့အသိုက်၊မီး...
12/05/2022

စကစမှ လှူဒါန်းဖို့ပြင်ဆင်လျှက်ရှိသော ကဆုန်လပြည့် ဆွမ်းဆန်စိမ်းလောင်းပွဲ အလှူခံကြမည့် အရှင်များသို့
=====

ပြည်သူ့အသိုက်၊
မီးလောင်မြိုက်လျှက်၊
သိမ်းပိုက်ပစ္စည်း၊
သိမ်းဆည်းယူငင်၊
လှူဖို့ပြင်..
အသင် ယူသင့်၊မယူသင့်။

အရှင်ဥတ္တမ ( တွင်းမ )

ရွာတွေ တရွာပြီး တရွာ
အိမ်တွေ တအိမ်ပြီး တအိမ်
ကျောင်းတွေ တကျောင်းပြီး တကျောင်း
ခေါင်းတွေ တခေါင်းပြီး တခေါင်း
အလောင်းတွေ တလောင်းပြီး တလောင်း
လယ်ခင်းတွေ တခင်းပြီး တခင်း
သွေးချင်းချင်းနီခဲ့ပြီ၊
ရင်နဲ့ရင်းခဲ့ရတဲ့ အနာဂတ်တွေ
အစာပြတ်နေတဲ့ ဘဝတွေကို
ကံကိုယိုးမယ်ဖွဲ့
ကိုယ့်အလှဲ့ မရောက်သေးတော့
မခြောက်သေးတဲ့ သွေးညှီနံ့တွေဟာ
ကြွေးမြီတပဲလောက်မျှ အဖိုးမတန်
တန်ခိုးမာန်တွေထပြီး
အသိုးကျန် ထမင်းပန်းကန်ကို
လုနေကြလေရဲ့။

အရှင်မေဓိဋ္ဌ(မြစ်သား)
Crd….

ယင်းမာပင်မြောက်ခြမ်းက  ပြည်သူတွေကစစ်ကောင်စီကိုဆန္ဒပြဆားလင်းကြီး၊ မေ ၁၁၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြောက်ခြမ်း ကျေးရ...
12/05/2022

ယင်းမာပင်မြောက်ခြမ်းက ပြည်သူတွေကစစ်ကောင်စီကိုဆန္ဒပြ

ဆားလင်းကြီး၊ မေ ၁၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြောက်ခြမ်း ကျေးရွာသုံးရွာပေါင်း သပိတ်စစ်ကြောင်းဟာ မေလ ၁၁ ရက် ဒီနေ့မှာလည်း စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

"မြေပေါ်မြေအောက်အတူချီတက် ဘုံရန်သူကို အမြစ် ဖြတ် " စာသားကို ကိုင်ဆောင်ကာ "သွေးအေးသွားရင် ခွင့်မလွှတ်ကြေး" "သပိတ်စစ်ကြောင်းတွေ့လျှင်ပူးပေါင်းပါ" "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လမ်းလျောက်ဆန္ဒပြကြတာလို့ သိရပါတယ်။

#မြေလတ်အသံ

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာမှ စစ်တပ်နှင့်ပျူစခန်းကိုတိုက်ခိုက်စီးနင်းရာရန်သူ  ၂၀ ခန့်​သေဟု ဗိုလ်နဂါး​ပြော●PDF ရဲ​ဘော်တစ်...
12/05/2022

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာမှ စစ်တပ်နှင့်ပျူစခန်းကိုတိုက်ခိုက်စီးနင်းရာရန်သူ ၂၀ ခန့်​သေဟု ဗိုလ်နဂါး​ပြော

●PDF ရဲ​ဘော်တစ်ဦးကျဆုံး

ရဲခေါင်/ People's Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ဇီးဖြူကုန်းရွာတွင် တပ်စွဲထား
သည့် စစ်ကောင်စီနှင့် ပျူစောထီးစခန်းကို​မေလ ၁၀ ရက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အနည်းဆုံး ၂၀ ဦးခန့်သေဆုံးကြောင်းမြန်မာ့တော်ဝင်နဂါးတပ်တော် MRDA က ယနေ့(မေ ၁၂ ရက်)တွင် ထုတ်ပြန်သည်။

မေ ၁၀ ရက် နံနက် ၁၁ နာရီခန့်က မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)မှ ဦးဆောင်ကာ KUG ကိုယ်စားပြု G.Y.Zအဖွဲ့နှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်​ကောင်စီနှင့်ပျူ ပူးပေါင်းစခန်းဝင်ရောက်စီးနင်းနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

"သူပစ်ကိုယ်ပစ် ဝင်စီးခဲ့တာ ။ဝင်စီးဖို့အတွက်က စနစ်တကျနဲ့ ဗျူဟာ သေချာ ချထားခဲ့ပြီးသား။ဒါကြောင့် ရန်သူအနေနဲ့ အကျအဆုံးများခဲ့တာ"ဟု MRDA ဦးဆောင်သူ ဗိုလ်နဂါးက People's Spring သို့ ပြောသည်။

ထိုသို့တိုက်ခိုက်​နေချိန်တွင် နေ့ခင်း ၂ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာ နမခ(အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်) မှ ရဟတ်ယာဥ်တစ်စီး ရောက်လာပြီး ၄၅ မိနစ်ခန့်ကြာအောင် စစ်ကူပေးခဲ့ရသည့်အပြင် မြေပြင်တပ်ကူစစ်​ယာဥ်တန်းပါ လာခဲ့သည်ဟုသိရသည်။

အဆိုပါ စစ်ကူလာ​သော စစ်​ကောင်စီတပ်ကားတန်းကို ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် M.R.D.A (ဆားလင်းကြီး)နှင့်အတူ တစ်ဇောက်ကန်း
ဘဂျမ်းအဖွဲ့တို့ပူးပေါင်း၍ မိုင်းဆွဲခဲ့ရာ စစ်ကောင်စီ ယာဥ်တန်းမှ ကားတစ်စီး လုံးဝပျက်စီးလောင်ကျွမ်းပြီး သုံး စီး ထိခိုက်ပျက်စီးခဲ့သည်ဟုထုတ်ပြန်ထားသည်။

ဇီးဖြူကုန်းပျူစခန်းကို စစ်ကောင်စီဘက်က ရဟတ်ယာဥ် လာရောက်ကူညီခဲ့သော်လည်း မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ နဂါးစစ်သည်တော်များအနေဖြင့် ပျူစခန်းကျအောင်ဆက်လက်၍ စီးနင်းနိုင်ခဲ့သည်ဟုလည်း အသိပေးထားသည်။

ထို့နောက် ညနေ ၆ နာရီ မိနစ် ၅၀ ခန့်တွင် မုံရွာ နမခ မှ ရဟတ်ယာဥ် ဒုတိယအကြိမ်ရောက်လာပြီး ၂၅ မိနစ်ခန့်ကြာအောင် အပြင်းအထန်ထပ်မံပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ထိုရဟတ်ယာဥ် ရဟတ်ယာဥ် ပြန်သွားချိန်တွင် ည ၇ နာရီ မိနစ် ၃၀ ခန့်ရှိပြီဖြစ်ပြီး မိုးလည်းရွာလာသောကြောင့်သာ ကိုယ့်လူသူ့လူ ခွဲခြားရန်ခက်ခဲ၍ ပြည်သူ့ရဲဘော်များအနေ
ဖြင့် ပြန်လည်ဆုတ်ခွာခြင်းပြုခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အလားတူ ဇီးဖြူကုန်းကျေးရွာပျူစခန်းစီးနင်းမှုနောက်ဆက်
တွဲအဖြစ် မေလ ၁၀ ရက်က မုံရွာ နမခ မှ ထွက်လာသော စစ်ကောင်စီ ကားတန်းကို မေလ ၁၁ ရက် ညနေ ၆ ခန့်တွင် ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာတောင်ဘက်၌ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) တပ်ခွဲမှ မိုင်းဆွဲခဲ့ရာ ယာဥ်တန်းမှ ကားတစ်စီး လုံးဝပျက်စီးသွားပြီး ယာဥ်တန်းလည်း ခေတ္တရပ်သွားခဲ့ရသည်ဟု​ပါရှိသည်။ယခုအခါ အဆို
ပါကားတန်းသည် ပုလဲမြို့သို့ ရောက်ရှိသွားပြီဟုသိရသည်၊

အဆိုပါတိုက်ပွဲများအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်၏ ပူးပေါင်းမဟာမိတ် KUG ကိုယ်စားပြု G.Y.Z အဖွဲ့မှ ပြည်သူ့ရဲဘော်တစ်ဦး ကြွေလွင့်ခဲ့ရသည်။

(MRDA တပ်ဖွဲ့ဝင်အချို့ )

12/05/2022

ကျွန်စိတ်ကင်းပြီး🙅

တော်လှန်လိုစိတ်ပြင်းပြတဲ့✊️

Accထဲကအမျိုးတို့💖

"မဂ်လာပါ " ပါ🤍

10/05/2022

စစ်တပ်က ပစ်နေတဲ့အဖွဲ့တွေကို
အပစ်ရပ်ဖို့ ဖိတ်တာ

စစ်တပ်ကို တစ်ခါမှ မပစ်ဖူးတဲ့အဖွဲ့တွေပဲ
တက်လာတယ်။

ဂေါင်းကြီးတို့ အောင်မြင်ပြန်ပြီ
ဟီဟိ

#အိပန်ဆယ်လို

 #ကျားနဲ့ဖားကွဲပြားသွားလေသောအခါ #ဆွေးနွေးပွဲလားရှုံးနေလို့ဒိုင်ပွဲရပ် #သက်ရှူ_ပွဲနားလူလည်ကျခြင်းလား______________  & ___...
10/05/2022

#ကျားနဲ့ဖားကွဲပြားသွားလေသောအခါ

#ဆွေးနွေးပွဲလားရှုံးနေလို့ဒိုင်ပွဲရပ်
#သက်ရှူ_ပွဲနားလူလည်ကျခြင်းလား
______________ & ________________

ဒီပြယုတ်ပွဲမှာ
ဖုံးဖိမရ ပယောဂတွေ
တုန်ဆင်းလာကြတော့တယ်။

လက်နက်ကိုင်ရခြင်းရဲ့
ယုံကြည်ချက် ရည်ရွယ်ချက်တွေ
ထင်ရှားပြလာခဲ့တော့တယ်။

ဟိုကောင်တွေ
သေမတတ်ရွတ်ခဲ့ကြတဲ့
စကား တွေကိုပြန်မေးကြည့်မယ်
ဖြေကြည့်ပေါ့။

ဘာလုပ်နေလဲ ( ခေါ်တာသွား မလို့ )
ဘာလုပ်မှာလဲ ( ပေးသမျှယူမယ် )
ဘယ်သူ့အတွက်လဲ ( လိမ်ဖြေပါ )
ဒီလူ့အတွက် ဒီလူ့အတွက်

:

စကားများစွာ ပြောစရာမရှိ / မလို

ပြည်သူ့အကျိုး
တိုင်းပြည်အကျိုး
ကိုယ့်အကျိုးကိုဘယ်သူကြည့်လဲဆိုတာ

" လိုချင်တာပြောတတ်နိုင်သမျှလုပ်ပေးမယ် "
ဆိုတဲ့
စကားနောက် ကောက်ကောက်ပါသွားခြင်းက
ဖျင်လှန်ပြတာထက် ရှင်းနေပါတယ်

လောဘသားတွေပါလား
မျက်မှန်စိမ်းတပ်ခံရတာ မသိသူတွေပါလား
ပေသီးစကား ယုံတဲ့ လူအ တွေပါလား
အဲလိုမှ မဟုတ်

ဦးနှောက်သွက်ချာပါဒလိုက်သူများလား။

အို ... ပွဲကြိုက်မောင်တို့

နိုင်ငံ့သမိုင်း
မှတ်တမ်း၀င်ခဲ့ပါပြီကော

၂၀၂၂ . မြန်မာပြည်ရဲ့
နိုင်ငံရေးသမိုင်းးဟာ
ကမ္ဘာကျော်သမိုင်းပါလေ

အချိန်ဆေး
မီပါသေးတယ်လို့သာ
ပြောလိုက်ပါရစေ ......။

အရင်လို
လမ်းအိုလိုက်ဆိုပေမယ့်
ခေတ်ပြောင်း စနစ်ပြောင်းမှာ
လမ်းဟောင်းပဲ လိုက်နေမယ်ဆိုရင်
ဂျပ်ဘီးလှည်း ၊ ပိန်းလှေ (သစ်ထွင်း)
သစ်ရွက်ကာ ၊ ဂူအောင်းနေလိုက်ကြတော့

ကမ္ဘာ့ရွာခေတ်မှာ
လေးနှစ်သားတောင်
တောက်တောက် တောက်တောက်
ပွတ်ခေါက်သိမြင်နေကြပီ

နောက်ကျန်နေရင်
မှောက်ခံရမှာအမှန်ပဲ
ခင်ဗျားတို့မပါလဲ
ဒီပွဲကပြတ်မှာ သေချာတယ်။

တစ်ဖက်က လောင်မီးကျ
တစ်ဖက်က ပလူပျံ
တစ်ဖက်က အားပျက်
တစ်ဖက်က အားတက်
ကဲ ဘယ်လို ဆက်ရှင်နိုင်မှာလဲ
( မှန်မှားခဏထားလိုက်)

မမိုက်နဲ့
ညီနောက်တို့ရေ
ကောက်ရိုးဆွေးကို သကာလောင်း
မျက်မှန်စိမ်းတပ်ခံ
တောင်းတစ်လုံးစာမက်နေမှာလား။

နွားဖြစ်မကောင်း ခွေးဖြစ်မကောင်း
လူစင်စစ်ဖြစ်မှ ကောင်းမှာ
လူဟာ ကိုယ်ပိုင်ဉာဏ်နဲ့သွားတယ်လေ
ခေါ်ရင်လာ ပေးရင်ယူ ကျွေးတာစား
ခိုင်းတာလုပ်
ဟုတ်ကဲ့ ဘ၀
ကောင်းမယ်ထင်လား စဉ်းစားကြပေါ့။
လူတွေကိုး ...

သေချာတာ
တစ်ခုနောက်ဆုံးပြောမယ်
သူတို့နဲ့ဆွေးနွေးလို့ * အဖြေရကြေးဆိုရင် ...

ဒီနေ့ ဒီစကားတွေ
ဘယ်သူမှ ပြောစရာမလိုတော့ဘူး !!!

အဲဒါ
နှစ် နှစ်ဆယ်
နှစ် သုံးဆယ်
နှစ် လေးဆယ်
နှစ် ငါးဆယ်
နှစ် ခြောက်ဆယ် ကျော်ခဲ့ပြီ ။

:

ကဲ ဆွေးနွေးမယ်ဆိုလည်း
ဆွေးနွေးလိုက်ပါဦး

သေချာပေါက် ရှုံးမဲ့သူကြီးရဲ့
ဒိုင်ပွဲခဏရပ်မှာပေါ့။

ဒီ စကား
မခံနိုင်ဘူးလား
ရတယ်လေ
နောက်ပြန်လှည့်လိုက်ပါ

ခဏ ခဏ
ရှည်ရှည်ဝေးဝေးမပြေချင်ဘူး

:
:
:

သာဒင်အမြင်က ဒါဘဲ

ဆွေးနွေးပွဲတက်ပုံစာ
Credit Myat Tun Oo

9.5.2022______________///---

စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး  ပြည်သူ ၂၉၆၁ ဦးကို စစ်တပ်က သတ်ဖြတ်၊  နေအိမ် ၁၃၂၆၆ ...
10/05/2022

စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ပြည်သူ ၂၉၆၁ ဦးကို စစ်တပ်က သတ်ဖြတ်၊ နေအိမ် ၁၃၂၆၆ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ မေ ၁၀

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်တပ် တိုင်းပြည်ပြည် အာဏာ သိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလမှ ၂၀၂၂ ခုနှစ် ဧပြီလ အထိ အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၉၆၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၃၂၆၆ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Media Monitor Collective က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်နယ်နှင့် တိုင်းအတွင်းရှိ ကျေးရွာပေါင်း ၃၄၇ ရွာ၊ မြို့နယ် ၈၀ ခုမှ ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းမှ ပြည်သူပိုင် နေအိမ် ၈၅၃၉ လုံး၊ မကွေတိုင်းမှ ပြည်သူပိုင် နေအိမ် ၂၃၉၉ လုံး၊ ချင်းပြည်နယ်မှ ပြည်သူပိုင်နေအိမ် ၁၂၁၂ လုံး၊ ကယားပြည်နယ်မှ ပြည်သူပိုင်နေအိမ် ၃၄၄ လုံး၊ ရှမ်းပြည်တောင်ပိုင်းမှ ပြည်သူပိုင် နေအိမ် ၂၆၂ လုံး၊ ကရင်ပြည်နယ်မှ ပြည်သူပိုင်နေအိမ် ၁၄၇ လုံး၊ ရှမ်းပြည်မြောက်ပိုင်းမှ ပြည်သူပိုင် နေအိမ် ၁၃၇ လုံး၊ မန္တလေးတိုင်း အတွင်းမှ ပြည်သူပိုင်နေအိမ် ၅၈ လုံး၊ ကချင်ပြည်နယ်မှ ပြည်သူပိုင် နေအိမ် ၅၈ လုံး၊ ပဲခူးတိုင်း အနောက်ပိုင်းမှ ပြည်သူပိုင်နေအိမ် ၂၆ လုံး၊ တနင်္သာရီတိုင်းမှ ပြည်သူပိုင် နေအိမ် ၂၀ လုံး၊ မွန်ပြည်နယ်မှ ပြည်သူပိုင် နေအိမ် ၁၉ လုံးနှင့် ရန်ကုန်တိုင်းမှ ပြည်သူပိုင် နေအိမ် ၄လုံးတို့ကို ဖျက်ဆီး ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်း ဖျက်ဆီး ခဲ့ခြင်းကြောင့် ပြည်သူ ၁၁၀၅၀၅၅ ဦး( ၁ သန်းကျော်)သည် အိုးအိမ်များကို စွန့်ခွာက ဘေးလွတ်ရာများသို့ စစ်ပြေး ဒုက္ခသည်များ အဖြင့် ထွက်ပြေး တိမ်းရှောင် နေရကာ စစ်တပ်က ကျေးရွာများကို ရမ်းကား ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၉၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းစဥ် အကြောင်းမဲ့ ဖမ်းဆီးခဲ့သော အရပ်သားပြည်သူ ၁၅၁၄၅ ဦးရှိကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့သော အရပ်သား ပြည်သူ ၇၆၉ ဦးထိရှိကြောင်း Media Monitor Collective က ထုတ်ပြန်ထားသော သတင်း အချက်အလက်များအရ သိရှိရသည်။
KhitThit media

10/05/2022
ကလေးမြို့တွင် အိမ်ခြေ ၉ဝဝ ခန့်ရှိ အရှေ့စည်းရွာကို စစ်တပ်က မီးရှို့၍ ရွာလုံးကျွတ် ပြာကျ၊ ကျေးရွာနေ ပြည်သူ ၃ ဦးကိုလည်း စစ်...
04/05/2022

ကလေးမြို့တွင် အိမ်ခြေ ၉ဝဝ ခန့်ရှိ အရှေ့စည်းရွာကို စစ်တပ်က မီးရှို့၍ ရွာလုံးကျွတ် ပြာကျ၊ ကျေးရွာနေ ပြည်သူ ၃ ဦးကိုလည်း စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း အရှေ့စည်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာနေ ပြည်သူ ၃ ဦးကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် အရှေ့စည်းရွာရှိ ၎င်းတို့ တပ်စွဲခဲ့သော ဘုန်းကြီး ကျောင်းနှင့် စာသင် ကျောင်းမှလွဲ၍ ပြည်သူပိုင် နေအိမ် အားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရှေ့စည်းရွာသည် ပြည်သူပိုင် နေအိမ် ၉ဝဝကျော်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း သိရှိရသည်။

"ကလေးမြို့နယ် အရှေ့စည်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့သွားပါတယ်။ အိမ်ခြေ ၉ဝဝ ကျာ်ရှိတဲ့ရွာပါ။ မီးရှို့ခံရတာက မေလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ မီးရှို့ခံရတာပါ။ အကောင်း အတိုင်း ကျန်ရစ်တဲ့ အဆောက်အအုံ ၃လုံးပဲရှိတော့ပါတယ်။ စစ်တပ်က ပြည်သူပိုင် အိမ်တွေမှာရှိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူပြီးတော့မှ မီးရှို့တာပါ။ ကျေးရွာသား ၃ ဦးလည်း အသတ်ခံရပါတယ်။ ဘယ်သူတွေဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ရွာထဲကိုလည်း ဘယ်သူမှ မပြန်ရဲတော့ဘူး" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ်က ဧပြီလ ၂၇ ရက်နေ့တွင် အရှေ့စည်းကျေးရွာကို စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးနောက် အရှေ့စည်းကျေးရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၃ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်နေပြီး စစ်ဘေးရှောင် ပြည်သူများကိုပါ ပစ်ခတ်နေကာ လက်ရှိအချိန် စစ်ရှောင်ပြည်သူများသည် နေထိုင်ရေးနှင့် စားသောက်ရေးများပါ အကူအညီလိုအပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်က မီးရှို့နေချိန် အပေါ်စီးမှ ရိုက်ကူးထားသော အရှေ့စည်းရွာ မြင်ကွင်း။

KhitThit media

  Zero Army + Futureညနေပိုင်း ညပိုင်းတွေဆိုရင်ကိုယ်တွေက ရင်တထိတ်ထိတ်နဲ့သွားနေရတာဖြတ်သွားတဲ့ လမ်းတိုင်းကဘီယာဆိုင်တွေမှာ လ...
04/05/2022

Zero Army + Future

ညနေပိုင်း ညပိုင်းတွေဆိုရင်
ကိုယ်တွေက ရင်တထိတ်ထိတ်နဲ့သွားနေရတာ

ဖြတ်သွားတဲ့ လမ်းတိုင်းက
ဘီယာဆိုင်တွေမှာ လူအပြည့် ကားအပြည့်ပဲ
ဘီယာဆိုင်တွေကလဲ အာဏာသိမ်းပြီးမှ
ပိုစည်ပြီး ပိုမိုက်လာသလိုပဲ

လူနည်းစုက အသက်ရင်းပြီး
တော်လှန်ရေးမှာ ပါဝင်ပေးနေတာ
အေးဆေး အသောက်အစားမပျက်တဲ့သူတွေ
မြင်ရရင်.....
စားန်ိုင်သောက်နိုင်တာ မနာလိုမဖြစ်ပါဘူးဗျာ
စိတ်ကတမျိုးဖြစ်ဖြစ်သွားရလို့ပါ

ငါတို့ကသာ သတိထားလုပ်နေရတာကွာ
တချို့လူတွေကတော့ အေးဆေးပဲဆိုပြီး
စိတ်ဆိုးမိချင်ပေမဲ့ စိတ်မဆိုးတော့ပါဘူးဗျာ
ကျွန်တော်တို့ ရွေးတဲ့လမ်းပဲ

ပူးပေါင်းပါဝင်ကူညီ ပေးဖို့ပဲပြောချင်ပါတယ်

CRD-ဗိုလ်ဖီးနစ် ROM

အောက်ဖော်ပြပါ‌ရွှေလက်ကောက်တွေကတော့အပွင့်နဲ့ကျဆုံးစခတစ်ကောင်ရဲ့အိတ်ကပ်ထဲကရှာဖွေသိမ်းဆည်းရမိတဲ့လက်ကောက်တွေပါ။ဒီနေရာမှာပြည်...
04/05/2022

အောက်ဖော်ပြပါ‌ရွှေလက်ကောက်တွေကတော့အပွင့်နဲ့ကျဆုံးစခတစ်ကောင်ရဲ့အိတ်ကပ်ထဲက
ရှာဖွေသိမ်းဆည်းရမိတဲ့လက်ကောက်တွေပါ။

ဒီနေရာမှာ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမဟုတ်ပဲစခတွေ
သာဆိုရင် အဲဒီလက်ကောက်တွေကိုသူ့ထက်ငါအပြိုင်ခွဲတမ်းယူလိုက်ကြမှာပါ။

ပြည်သူ့အတွက်ဆိုတဲ့စိတ်စေတနာတစ်ခုတည်းနဲ့
အသက်ကိုအပေါင်ထားပြီး
အာဏာသိမ်းတပ်မ‌တော်ကိုတော်လှန်နေတဲ့
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တာနဲ့အညီ
ပြည်သူတွေဆီကခိုးဆိုးလုနှိုက်လာတယ်ဆိုတာ
သေချာနေတဲ့ ရွှေလက်ကောက်တွေကို
လက်လွှတ်စပယ်ခွဲဝေသုံးစွဲခြင်းမရှိပဲ
MDFဘဏ္ဍာရေးအဖွဲ့မှသိမ်းဆည်းထားပြီး
ရွာစဉ်တစ်လျှောက်Scoutတွေနဲ့ ရွှေလက်ကောက်
ပိုင်ရှင်ကိုလိုက်လံစုံစမ်းနေပါတယ်။

04/05/2022

တပ်နိုင်သလောက်ကူညီကြပါ

May-3 9:20PM

ခွေးမောင်းထုတ်ဖို့ ဘာပစ္စည်းမှ မရှိတော့တဲ့ အတွက်
ယနေ့ ညပိုင်း ပြေးနေရသော ခင်ဦးနယ်မှ ပြည်သူများအား တောင်းပန်အပ်ပါတယ် ခဗျာ။

♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
ကျနော်တို့ KSOအဖွဲ့နှင့် မဟာမိတ်အဖွဲ့မျာ၏ ယနေ့May-3 Missionsများ

Mission-1

နေ့လယ်-၁၂:၁၃မိနစ်▶️ရွာသစ်ကုန်း ခွေးခြံ အတွင်း ခွေးများဝပ်ရာ ဘန်ကာများအတွင်း ဒရုန်းဖြင့် ဗုံးသီး၃လုံး ချကျွေးခဲ့ပါတယ်။ ပစ်မှတ်ထိပါတယ် ခွေး၂ကောင် နေရာတင်လဲကျပြီး ၄ကောင်ခန့် ဒဏ်ရာရရှိသွားပါတယ်။

Mission-2

ညနေ၃နာရီ▶️ရေဦး-ခင်ဦး ကားလမ်းပေါ်ရှိ မူးတိမ်ချောင်းတံတားအား မီးရှို့ဖျက်စီးနေသော ခွေးကား ၃စီးအား ဒရုန်းဖြင့် ဗုံးသီး၁လုံး ချခဲ့ပါတယ်။ သို့သော် ကံမကောင်းစွာဘဲ လိုက်လံပစ်ခတ်ယူမှုကြောင့် ကျနော်တို့ရဲ့ ဒရုန်းပြုတ်ကျနေရစ်ခဲ့ပါတယ်။

ဒီMission၂ခုဟာ ကျနော်တို့ KSOအဖွဲ့ရဲ့ နောက်ဆုံးMissonတွေဖြစ်ဖို့များပါတယ်။ မနေ့ကလည်း အင်းပတ်ကျေးရွာအတွင်းတိုက်ပွဲမှာ ပစ္စည်းပစ္စယတန်ဖိုး သိန်းငါးဆယ် ခန့် အသုံးပြုခဲ့ရပါတယ်။ ဒီနေ့လည်း မကြာသေးခင်က ဝယ်ထားတဲ့ သိန်း၅၀တန် ဒရုန်း ဆုံးရှုံးခဲ့ရပါပြီ။ရှေ့ဆက်ဖို့ အခက်အခဲဖြစ်နေပါပြီ

ကျနော်တို့Localတွေဟာ ဒေသခံတွေ အဆင်ပြေလှူဒါန်းမှုကြောင့် ရှေ့ဆက်သွားနေရတာပါ။ အခုတော့ ဒေသခံတွေလည်း ပြာပုံတွေကြားရောက်နေရပါတယ်။ ကျနော်တို့တွေ အားယူပါဦးမယ်ဗျာ။

ချစ်သောမိဘပြည်သူများအားလုံး ဘေးကင်းကြပါစေ🙏🙏


မြန်မာပြည်အရေးဟာ  ''ငါတို့''အရေး...''ငါတို့''နိုင်သလောက်ပါဝင်   ကူညီကြမယ်... ''အရေးတော်ပုံမုချအောင်ရမည်''(04.05.2022)......
04/05/2022

မြန်မာပြည်အရေးဟာ
''ငါတို့''အရေး...

''ငါတို့''နိုင်သလောက်ပါဝင်
ကူညီကြမယ်...

''အရေးတော်ပုံမုချအောင်ရမည်''
(04.05.2022)...🇩🇪

**** အဆုံးအမ မရှိသောအရပ်၌လူဖြစ်သောသူတို့၏ သတ္တိ ****" လက်နက်ကြီးတကားကားနဲ့..ရွာတွေဝင်၊ ဘုန်းကြီးကျောင်းပါမချန်ဘုရားပစ္စည...
04/05/2022

**** အဆုံးအမ မရှိသောအရပ်၌လူဖြစ်သော
သူတို့၏ သတ္တိ ****

" လက်နက်ကြီးတကားကားနဲ့..
ရွာတွေဝင်၊ ဘုန်းကြီးကျောင်းပါမချန်
ဘုရားပစ္စည်း၊ ကျောင်းပစ္စည်း၊ သူတစ်ပါးပစ္စည်း၊ လိုချင်တဲ့ပစ္စည်းမှန်သမျှမတရားယူ။

အိမ်တွေမီးရှို့။ လူတွေဖမ်း။ ရက်ရက်စက်စက် နှိပ်စက်၊သတ်ဖြတ်နေလိုက်ကြတာ။ သတ္တိကိုတော့ချီးကျူးတယ်။
အဲဒီလို လုပ်ရဲတဲ့သတ္တိရှိဖို့ တော်တော့်ပညာမဲ့
ရုံနဲ့မရဘူး။ တကယ်ကို လောဘ၊ဒေါသ၊မောဟ အားကြီးမှကို လုပ်ရဲလိမ့်မယ်။

ကိုယ်တွေကတော့ တသက်စာစားမကုန်အောင်ပေးလည်းမလုပ်ရဲဘူး။ ဘာဖြစ်လို့
မလုပ်ရဲတာလဲဆိုရင်.....
သံသရာခရီးတလျောက်ရလာမယ့်
အကျိုးဆက်ကို ခံရဲတဲ့သတ္တိ မရှိလို့။
( စာဖတ်သူရော လုပ်ရဲလို့လား။ )

ကံ၊ကံ၏အကျိုးဆိုတာ ဘုရားရှင်သော်မှ
ရှောင်လို့ရတာမဟုတ်ဘူးလေ။ မိဘ၊ဆရာ
သမားနဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမကောင်းတွေကို
ရတဲ့ ပတ်ဝန်းကျင်မှာ လူဖြစ်လာရတာဆို
တော့..ကံ၊ ကံ၏အကျိုးကို မြင်တတ်နေ
တယ်။ လုပ်ရတာမခက်ဘူးဆိုပေမယ့် ခံရမှာ
ကြီးမြင်နေတော့ လုပ်ရဲတဲ့သတ္တိကမရှိတော့
ဘူး။ အကျိုးကို ကြိုမြင်တော့ အကြောင်း
အပေါ်မှာ ဆင်ခြင်မိတာပေါ့။

လုပ်ရဲတဲ့သတ္တိရှိတဲ့သူတွေအတွက်တော့
တကယ်လည်းသနားမိတယ်။ မိဘရဲ့အဆုံး
အမလည်းမရ။ ဆရာသမားရဲ့အဆုံးအမ
လည်းမရ။ ရဟန်းသံဃာရဲ့အဆုံးအမလည်း
မရ။ ပညာမဲ့ရပ်ဝန်းမှာ လူဖြစ်လာပြီး အကျိုး
မမြင်၊ အကြောင်းမသိ " လုပ်ရဲဘိလေခြင်း "
ဆိုတဲ့စိတ်နဲ့ မြင်ကြည့်မိတယ်။ တကယ်ပဲ
သနားစရာသတ္တဝါတွေပါ။ သူတို့ဘဝခရီးမှာ
ရှေ့လျှောက် ခံရဖို့ပဲရှိတော့တယ်။

အမိအဘ၊ ဆရာသမား၊ရဟန်းသံဃာတို့ရဲ့
အဆုံးအမအောက်မှာ ကြီးပြင်းခဲ့ရတဲ့
ပညာရှိရပ်ဝန်းမှာ လူဖြစ်ခဲ့ရတဲ့ တို့ဘဝ
တကယ်ကံကောင်းတာပါလားလို့‌ လည်း
ကျေနပ်မိတယ်။။

အရှင်ဥတ္တမ ( တွင်းမ )
3,5,2022( 10:45am )

Address


Website

Alerts

Be the first to know and let us send you an email when Nwayoo revolution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share