Win kyaw oo

Win kyaw oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win kyaw oo, Music Award, .

အခုခေတ် ♠️ တက်တူးထိုးထားတဲ့သူက      အိုက်တတ်လာတယ်.♠️ iPhone သုံးတဲ့သူတွေက      အိတ်ကပ်မရှိတော့ဘူး.♠️ စျေးကြီးနာရီပတ်ထားရ...
07/09/2022

အခုခေတ်

♠️ တက်တူးထိုးထားတဲ့သူက
အိုက်တတ်လာတယ်.
♠️ iPhone သုံးတဲ့သူတွေက
အိတ်ကပ်မရှိတော့ဘူး.
♠️ စျေးကြီးနာရီပတ်ထားရင်
ခြေထောက်ခဏခဏဖုန်ခါတယ်.
♠️ ရွှေသွားတပ်ထားရင်
စကားပြောများလာကြတယ်.။

အခုခေတ်မှာ လက်မထပ်တဲ့သူတွေက
လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.

လက်ထပ်ထားတယ့် သူတွေက
လက်မထပ်ထားသလိုပဲ ခွဲနေကြတယ်.
♠️
တိရစ္ဆာန်တွေက လူတွေလို အကျီင်္င်္ဝတ်လာတယ်.
လူတွေက တိရစ္ဆာန်တွေလို
အသားတွေပေါ်လာကြတယ်.
♠️
ကလေးက လူကြီးလို ရင့်ကျက်လာတယ်(၁၈+)
လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်
(နွားအို မြက်နုကြိုက်)

မိန်းကလေးက ယောက်ျားလေးလို
မိုက်ရဲလာကြတယ်.
ယောက်ျားလေးက မိန်းကလေးလို
ခြောက်လာကြတယ်
♠️
ဆင်းရဲသားက ဂုဏ်အတွက်
သူဌေးလို ဟန်ဆောင်လာကြတယ်

သူဌေးသားက အသက်အတွက်
ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်
♠️
တိတ်တိတ်ပုန်းက မယားကြီးထက်
ပိုချစ်ပြလာကြတယ်

မယားကြီးက စွန့်ပစ်ခံရမှာကြောက်လို့
အချိန်ပြည့် စိုးထိတ်နေကြရတယ်
♠️
သူဌေးတွေက မမြတ်ဘူးလို့ညဉ်းပြီး
တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်

လခစားတွေက လစာထုတ်ရင်ပျော်ပြီး
လုံးပါးပါးလာကြတယ်.
♠️
တဖြည်းဖြည်း နားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့
သ်ိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့
အချိန်က အတူတူပါပဲ
♠️
ငါးရာတန်ဆေးလိပ်နဲ့ငါးသိန်းတန်ဆေးလိပ်
ကင်ဆာဖြစ်ပုံခြင်းအတူတူပဲ
♠️
ပေသုံးဆယ်ပတ်လည်အိမ်နဲ့
ပေသုံးရာပတ်လည်အိမ်
အထီးကျန်ရတာခြင်းက အတူတူပဲ
♠️
ရိုးရိုးတန်းမှစီးတာနဲ့BUSSINESS Class မှာ
စီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ
♠️
တစ်နေ့သင်လည်း နားလည်လာလိမ့်မယ်
ငါတို့တကယ်လိုချင်နေတဲ့အရာတွေက
တကယ်လိုအပ်နေတာလား
ဒါမှမဟုတ်
ငါတို့ မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှုကပဲ
တကယ်လိုအပ်ခဲ့တာလား
♠️
လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့
စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ
ရောင့်ရဲတင်းတိမ်မှုဆိုတာ လိုအပ်လာပါလိမ့်မယ်
♠️
သင် ဘယ်သူနဲ့နေရတာပျော်လဲ?
ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ဘဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ
♠️
လူ့အဖြစ်ကရခဲလှပါတယ်
ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို
ချစ်တတ် မြတ်နိုးတတ်ပါစေ......
♠️♠️♠️
#သုဝဏ္ဏနည်းပညာ

04/06/2022

သင့်စိတ် နေလို့ကောင်းပါရဲ့လား

ကိုယ့်စိတ် နေကောင်း/မကောင်း မေးခွန်းလေး (၅) ခုနဲ့ ဆန်းစစ်ကြည့်ရအောင်။ ပုံလေးတွေကို တစ်ခုချင်းစီဖွင့်ပြီး ဖြေကြည့်လို့ရပါတယ်။

ပြီးရင် မေးခွန်း (၅) ခုလုံးရဲ့ ရမှတ်တွေကို ပေါင်းကြည့်ပါ။
ရမှတ်တွေက အနည်းဆုံး ၀မှတ် ကနေ အများဆုံး ၂၅ မှတ်ရှိပါတယ်။ အမှတ်များလေ သင့်စိတ်လေး နေထိုင်ကောင်းနေလေပါပဲ။

ရမှတ် ၁၃ မှတ်အောက် ရောက်နေပြီဆိုရင်တော့ သင့် စိတ်နေထိုင်မကောင်းဖြစ်နေပြီလို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်။

Ageless Nurture ကနေပြီး စိတ်ကျန်းမာ ကြံ့ခိုင်ဖို့ wellbeing practice လေးတွေ အပတ်စဉ်မျှဝေပေးသွားမှာဖြစ်ပါတယ်။

စိတ္တသုခနဲ့ ပြည့်စုံပြီး ဘဝမှာ အေးချမ်းအောင်မြင်နိုင်ဖို့ အတူတူ ကြိုးစားကြရအောင်ပါ။

Reference: WHO- five wellbeing index (WHO-5)

မင်းစိတ်ဓာတ်ကျနေတာလား ဒါဆို ဒီစာကိုဖတ်ဖြစ်အောင်ဖတ်ပါ သူငယ်ချင်း။**********************************သူငယ်ချင်း....မင်းဘာလိ...
10/05/2022

မင်းစိတ်ဓာတ်ကျနေတာလား ဒါဆို ဒီစာကိုဖတ်ဖြစ်အောင်
ဖတ်ပါ သူငယ်ချင်း။

**********************************
သူငယ်ချင်း....မင်းဘာလို့ စိတ်တေရှုပ်စေမဲ့အရာတွေတွေးနေတာလည်း
မတွေးနဲ့လို့ငါမဆိုလိုဘူး။

လူတိုင်းမှာရှိတာပဲ
ဒါပေမဲ့ မင်းစိတ်ကိုနစ်မွန်းသွားတဲ့ အထိတော့မတွေးသင့်ဘူး။

တွေးနေတော့လည်း စိတ်ညစ်စရာတွေက ပြေသွားမှာမို့လား။
ဒီမယ် သူငယ်ချင်း စိတ်ညစ်စရာဆိုတာ မီးကြီးခဲလိုပဲ
ကြာကြာထားကိုင်လေ ပိုနာကျင်ရလေ။

မင်းစိတ်ညစ်စရာတွေ ကြာကြာတွေးလေ မင်းပိုပြီး စိတ်ဒုက္ခရောက်လေပဲ။
နာကျင်မှန်းသိရဲ့နဲ့တော့ ဆုပ်မကိုင်ချင် စမ်းပါနဲ့ကွာ။

မင်းမိဘနှစ်ပါးက မင်းကို လွယ်လွယ်နဲ့ကောက်ယူလာတာ မဟုတ်ဘူး။
သူ့တို့ရဲ့ သွေးချွေးတွေကို ရင်ပြီး မင်းကို မွေးဖွားလာတာ။
ဘာမဟုတ်တဲ့အရာတွေ အတွက်နဲ့ စိတ်ရှုပ်ခံပြီး ခေါင်ထဲထည့်မထားနဲ့။
ဘဝခဏတာအတွင်းမှာ စိတ်ညစ်စရာတွေ တွေးပြီး ဘဝကို အရှုံးခံမှာလား။

အဲ့တာဆိုလည်း မင်းကိုမင်း မသနားရင်နေပါစေ
မင်းမိဘမျက်နှာကိုတော့ ထောက်ထားပါအုံး။

ဘဝဆိုတဲ့ ဇာတ်ခုံက မင်းထင်ထားသလိုချောမွေ့ဘူး။
ခက်ခဲမယ်၊ကြမ်းတမ်းမယ်၊နာကျင်ရမယ်၊ငိုကြွေးရမယ်၊ဝမ်းနည်းရမယ်။
စိတ်သောကရောက်ရမယ် အဲ့တာတွေကိုလည်း မင်းကျော်ဖြတ်ရအုံးမှာပဲ။

မင်းအတွက်တော့ဘဝကအမြဲတမ်း
မကြမ်းတမ်းပါဘူးကွာ။

ဒါပေမဲ့ စိတ်ဓာတ်ကျပြီး ဘာမှမလုပ်ပဲ ထိုင်ပြီး ဝမ်းနည်းငိုကြွေးနေရင်တော့ မင်းဘဝက ကြမ်းတမ်းပြီးရင်းကြမ်းတမ်းနေရအုံးမှာပဲ။

မင်းစိတ်ညစ်ချင်ညစ်ပါ စိတ်ဓာတ်တော့မကျလိုက်နဲ့။
မင်းစိတ်ညစ်တာဟာ ပြန်ဖြေလို့ရတယ် စိတ်ဓာတ်ကျသွားရင်တော့
မင်းဘဝ အရှင်လတ်လတ် သေဆုံးတာနဲ့အတူတူပဲ။

မင်းဘာအတွက်နဲ့ စိတ်ညစ်နေသလဲ....?
အချစ်အတွက်လား...ဒါမှမဟုတ် စီးပွားရေးအတွက်လား....ဒါမှမဟုတ်
မိသားစု ရေးရာကိစ္စအတွက်လား....?
အချစ်=တဏှာယ ဇာယတေ ဘယံ
အချစ်ဆိုတာ ဒုက္ခဖြစ်တက်တယ် သူငယ်ချင်း။
မင်းနည်းနည်းချစ်ရင် နည်းနည်းပဲ ခံစားရမယ်။
မင်းများများချစ်ရင် များများခံစားပြီး နာကျင်ရမယ်။

ဖြေသိပ့်နည်း..........
(၁)မင်းချစ်သူက မင်းကိုထားသွားတာလား....? ဒါမှမဟုတ်
မင်းအပြင် တခြားတစ်ယောက်ကို တွဲနေသလား...?

ဒါဆို စွန့်ပစ်လိုက် သူငယ်ချင်း။
စွန့်ပစ်လိုက်တာဟာ မင်းကို စိတ်ချမ်းသွားစေတာပဲ။
ကိုယ့်ကိုမလိုအပ် စွန့်ခွာသွားသူ အတွက် တွေးဆွေးပြီး ဝမ်းနည်းမနေနဲ့။
အသားတကြည်လေး ပြုံးပြလိုက်။
ဘာလို့လဲဆိုတော့ ကိုယ့်ဘေးမှာ စိတ်ရှုပ်စရာ အမှိုက်တွေမရှိတော့လို့ပဲ။

ကိုယ့်ကိုယ်စိတ်ချမ်းသာစရာတွေ ကိုဖန်တီးပေးတဲ့ မိဘတွ၊သူငယ်ချင်းတွေ၊ဆွေမျိုးသားချင်းတွေကို ပိုချစ်ပါလိုက်။
ကိုယ့်ကိုစိတ်ဓာတ်ခွန်အားတွေ တက်စေတဲ့ စာအုပ်တွေဖတ်၊ဗီတီယိုတွေကြည့်၊သီချင်းတွေနားထောင်၊ မရောက်ဘူးသေးတဲ့နေရာတွေကိုခရီးထွက်ပါလိုက်စမ်းပါ။

အဲ့တာမင်းအတွက် ကြည်နူးစရာ အကောင်းဆုံးနဲ့ စိတ်ချမ်းသာပြီး
ပျော်စရာအကောင်ဆုံးတွေပါပဲ သူငယ်ချင်း။

(၂)စီပွားရေအတွက်လား....?
ဒီမယ်သူငယ်ချင်း ကုန်စျေးနှုန်းမမှန်ကန်တဲ့ခေတ်မှာ စီးပွားရေးဆိုတာ
အောင်မြင်ဖို့ခက်တယ်။
ဒါပေမဲ့ စိတ်ဓာတ်မကျနဲ့သူငယ်ချင်း။
စီးပွားရေဆိုတာ လုပ်တိုင်းလည်း
မအောင်မြင်သလိုအောင်မြင်သူတိုင်းလည်း မကြိုးစားကြဘူး။

မင်းလုပ်နေတဲ့အလုပ်က ကျွမ်းကျင်ရုံနဲ့ မအောင်မြင်နိုင်ဘူး။
မင်းရွေးချယ်မူ မှန်ကန်ကမယ်၊မင်းလုပ်တဲ့အလုပ်ကို
ကျွမ်းကျင်နေရမယ်၊ဗဟုသုတာရှိဖို့လည်းလိုတယ်။
စီးပွားရေးစာအုပ်တွေ လေ့လာဖတ်ရူ၊အရှုံးတွေထဲက အမြတ်ကိုယူ၊
လူတိုင်းကို ကိုယ့်စိတ်နဲ့နိုင်းပြီး မယုံမိစေနဲ့ စီးပွားရေးလောကဆိုတာ
လည်တဲ့သူက စားသွားတာကမို့ပါ။

အောင်မြင်ချင်ရင်တော့ကြိုးစားရမှာပဲ
လဲကျရင်ပြန်ထရမှာ မင်းတာဝန်။
မင်းလဲကျမှာကိုငါမကြောက်ဘူး
ပြန်မထနိုင်မှာငါစိုးရိမ်မိတယ်။

အရှုံးထဲက အမြတ်လိုချင်ရင်
ဘဝပေးတဲ့သင်ခန်းစာတဲ့
ကိုယ့်ကိုနာကျင်စရာပေးသူကို
ရင်ဘက်ထဲက အပြီးပိုင်ထုတ်ပလိုက်။

ောင်ဝဏ္ဏ(အညာမြေ)
မေတ္တာဖြင့် ပြုံးပျော်နိုင်ပါစေ။

ူရင်crdထည့်ပေးပါ။
https://www.facebook.com/profile.php?id=100023770933429

တစ်စုံတစ်ယောက်က သင့်ကို ငြင်းလိုက်တဲ့အခါ စိတ်လိုက်မာန်ပါ မတုံ့ပြန်ပါနဲ့။ အဲ့လို ငြင်းလိုက်ခြင်းဟာ သင့်အတွက် ကမ္ဘာကြီးတစ်...
02/04/2022

တစ်စုံတစ်ယောက်က သင့်ကို ငြင်းလိုက်တဲ့အခါ စိတ်လိုက်မာန်ပါ မတုံ့ပြန်ပါနဲ့။ အဲ့လို ငြင်းလိုက်ခြင်းဟာ သင့်အတွက် ကမ္ဘာကြီးတစ်ခု ပွင့်သွားသလိုပါပဲ။ 'ဟင့်အင်း' ဆိုတဲ့အရာက သင့်ကို တခြားကောင်းမြတ်တဲ့ အရာတွေဆီ ခေါ်ဆောင်သွားနိုင်တယ်။

ဒီလို အငြင်းခံလိုက်ရတာကို လက်မခံနိုင်ဘဲ အတင်းဆန့်ကျင်နေမယ်ဆိုရင် မိတ်ဆွေရင်ထဲမှာ နာကျင်ခံစားရမှာဖြစ်သလို တစ်ဖက်မှာလည်း တခြားအခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ်။

ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကို ပုံကြီးချဲ့တွေးပြီး မဆုံးနိုင်အောင် ထပ်တလဲလဲ အတွေးနယ်ချဲ့ကာ စဉ်းစားမနေပါနဲ့။ ဒီလိုတွေးခြင်းဟာ မိတ်ဆွေရဲ့ ခွန်အားတွေ စိတ်စွမ်းအင်တွေကို ကျဆင်းစေပါတယ်။

'ငြိမ်းချမ်းမှုကို ရှာဖွေခြင်း'
'The things you can see only when you slow down'

07/11/2021

Address


Website

Alerts

Be the first to know and let us send you an email when Win kyaw oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share