Legends Of Araindamar

  • Home
  • Legends Of Araindamar

Legends Of Araindamar This Fantasy series is created by Independent filmmakers around Myanmar.

"Legends Of Arindamã" is a non-profits mini-series based on the legendary ancient burmese myth "The Araindamar Spear" portrayed as an alternative story from what we have heard.

This is our next step.
11/11/2021

This is our next step.

The world is collapsing. A new era at dawn. When POWER is the key, REVOLUTION is the only answer.

We, Yangon in Action, are proud to present the teaser poster of our ongoing Sci-Fi / Fantasy project, soon to be released in early 2022.

30/07/2021

LOA Web-series အား ယခင်ကတည်းက အားပေးလာခဲ့သော ပရိသတ်ဟောင်းများနှင့် ထပ်မံ အားပေးလာကြသော ပရိသတ်သစ်များအား ကျွန်တော်တို့ Creator Team မှ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါသည်။
နိုင်ငံရေးမငြိမ်သက်မှုများကြောင့် အခက်အခဲဖြစ်လျက်ရှိသော ဝန်ထမ်းဟောင်းများ၊ ပြည်သူများ အား ကျွန်တော်တို့ Creator Team မှ မိမိတတ်စွမ်း နိုင်သော စွမ်းအားရှိသလောက် ကူညီဆောင်ရွက်ပေးမှုများဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် Main Page အား ဂရုစိုက်နိုင်ခြင်းမရှိပါ။
ယခု Page မှ မည်သည့် Post တစ်စုံတစ်ရာမှ တင်ခြင်းမပြုတော့ဘဲ ရပ်နားထားသည်မှာ ယခုထိတိုင်ဖြစ်ပါသည်။
သို့သော်လည်း ယခုရက်ပိုင်းအတွင်း အခြား Social Media Platforms များပေါ်တွင် LOA ၏ ဇာတ်ဝင်ခန်းများ မူရင်းဖန်တီးသူများအား ပြန်လည်ဖော်ပြခြင်းမရှိဘဲ ပျံနှံ့မှုများရှိနေကြောင်း ပရိသတ်များထံမှ အသိပေးချက်များ ရရှိခဲ့ပါသည်။ ကျွန်တော်တို့၏ ဖန်တီးမှုကို ယခုကဲ့သို့ တန်ဖိုးဖြတ် နိမ့်ချခြင်းအပေါ် အလွန်စိတ်မကောင်းဖြစ်မိပါ သည်။
ကိုယ်ထူကိုယ်ထအားဖြင့် အချိန်၊ ငွေ၊ အင်အား စိုက်ထုတ်ထားရသော Creator များ၏ဖန်တီးမှု များအား အသိအမှတ်ပြုလေးစားသောအားဖြင့် ယခုကဲ့သို့ Attention ရှာမှုများအား နောင်တွင် ထပ်မံမပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။
ကျွန်တော်တို့နိုင်ငံတွင် အားနည်းလျှက်ရှိသော စိတ်ကူးယဉ် Fictional Movies များတစ်ချိန်တွင် ပိတ်ကားထက် ဂုဏ်ယူစွာပြသနိုင်ရေးအတွက် ကြိုးပန်းနေသော ရုပ်ရှင်ဝါသနာရှင်များအား အမှန်တကယ် ခွန်အားရှိ‌စေလို၊ ထောက်ပံ့ပေးစေလိုလျှင် ကျွန်တော်တို့ Page ၏ Original Post များအား Share ပေးခြင်းဖြင့်သာ Support ပေးကြပါ။
စိတ်ပင်ပန်းလူပင်ပန်းနေကြသော မြန်မာပြည်သူ ပြည်သားများအတွက် ကျွန်တော်တို့ကျွမ်းကျင်ရာ နယ်ပယ်မှ စိတ်ပင်ပန်းမှုများ ဖြေလျှော့ပေးနိုင်ရေး အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်များရှိပါ သည်။

မြန်မာပြည်ကြီးတရားမျှတမှုနှင့်အတူကျန်းမာလာနိုင်ပါစေ။

လက်ရှိထွက်ထားပြီးသားဖြစ်တဲ့ Legends of Arindamã အပိုင်း၃ပိုင်း လုံးကို ကြည့်ပြီးတဲ့ အခါမှာ ကြည့်ရှူသူတွေစိတ်ထဲ တစ်ခုခုလိ...
27/11/2020

လက်ရှိထွက်ထားပြီးသားဖြစ်တဲ့ Legends of Arindamã အပိုင်း၃ပိုင်း လုံးကို ကြည့်ပြီးတဲ့ အခါမှာ ကြည့်ရှူသူတွေစိတ်ထဲ တစ်ခုခုလိုနေတာကို သတိထားမိမှာပါ... ဟုတ်ပါတယ် ဇာတ်မသိမ်းသေးတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ​ဖြေရှင်းချက်လေးတွေလုပ်ထားပေး ပေမယ့်။ Comments တွေမှာရော ကျွန်တော်တို့ message box တွေအထိပါ အပိုင်း(၄) ရှိမရှိကိုလာမေးကြတဲ့သူတွေများပါတယ်။

LOA ရဲ့ Future plan က ဘယ်လိုရှိတယ်ဆိုတာကို LOA ပရိတ်သတ်တွေအတွက် ​LOA mini-series လေးရဲ့ စီစဥ်သူ Filmmaking team နဲ့ FAQ အစီအစဥ်လေးလုပ်ခဲ့ပါတယ်။

" ကျွန်တော်တို့ release date စကြေညာတဲ့နေ့မှာကတည်းက အပိုင်း၃ ပိုင်းပဲထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ရိုက်ထားတာလည်း အပိုင်း၃ ပိုင်းစာပဲရိုက်ထားခဲ့တာပါ "

" LOA ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက ပညာသည်တွေကိုစုစီးပေးဖို့ဖြစ်ပါတယ်"

" ကျွန်တော်တို့ ပထမ၃ ပိုင်းက ရေးထားပြီးသား ဇာတ်လမ်းရဲ့ 10% ပဲရှိပါတယ်၊ မိတ်ဆက်သ​ဘောမျိုးပေါ့။ ဒီအပိုင်းတို​လေးတွေ ​ကို ရိုက်ကူးရတဲ့ အခါမှာ ငွေကြေးကုန်ကျစရိတ်တွေအကုန်လုံးကို ကျွန်တော်တို့ကိုယ်တိုင်စိုက်ထုတ်ခဲ့ရပြီး Online ပေါ်မှာ Free to Watch ပြန်လွှင့်ခဲ့ပါတယ်။ အဓိက ကတော့ ကျွန်တော်တို့ မြန်မာနိုင်မှ တကယ်လုပ်ချင်ရင် တကယ်လုပ်ရင် ဖြစ်နိုင်တယ် ဆိုတာကို သက်သေပြချင်တာပါ။ ဒါပေမယ့် လည်း ဒီ Story ကြီးတစ်ခုလုံးကို ရိုက်ပြနိုင်ဖို့ လုံလောက်တဲ့ Budget အနေအထားကျွန်တော်တို့မှာမရှိပါဘူး။ နောက်တစ်ခုက အခု ထွက်ထားတဲ့ အပိုင်း၃ ပိုင်းမှာလည်း ကျွန်တော်တို့ အချိန်၊ လူအင်အား နဲ့ ငွေကြေးကို လုံလုံလောက်လောက်စိုက်ထုတ်နိုင်ခြင်းမရှိတာကိုတွေ့ရမှာပါ။ "

Episode-4 နဲ့နောက်ဆက်တွဲတွေ ထွက်မှာလားမထွက်ဘူးလားဆိုတဲ့ ကိစ္စကိုပြန်သွားရအောင်

" လက်ရှိတော့ Plan ထားတဲ့ Option2 မျိုးရှိပါတယ်။ ကျွန်တော်တို့ LOA ဟာ Community တစ်ခုမှာ အနေအထားတစ်ခုထိ ပေါက်သွားမယ် ၊ အောင်မြင်မယ်ဆိုရင်တော့ ကျွန်တော်တို့ Funding သို့မဟုတ် Production တစ်ခု အနေနဲ့ Series or Feature Film တစ်ခု အဖြစ်ထွက်လာဖို့အစီအစဥ်ရှိပါတယ်။

တကယ်တန်းကတော့ ကျွန်တော်တို့ Feature Film ပုံစံမျိုးကို ပိုသွားချင်ပါတယ်။ Story ကလည်း 3 hours ထိ ရှည်ပါတယ်။ ပြောရရင် Reboot ပုံစံမျိုးပါ။ Professional Actors တွေ Professional Crew members တွေနဲ့ ကျွန်တော်တို့ဘက်က Talented Member တွေ အတူပူးပေါင်းပြီး Burmese Fantasy Film တစ်ခုဖြစ်လာအောင်သွားချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုလက်ရှိအခြေအနေအထိ ကို Feature Film တစ်ပုဒ်ဖြစ်လာနိုင်လောက်တဲ့ အထိ အောင်မြင်မှုမရခဲ့သလို ၊ LOA ကို စိတ်ဝင်စားမယ့် Movie Production မျိုးလည်း ရှာမတွေ့သေးပါဘူး။

လက်ရှိ Film စျေးကွက် အနေနဲ့လည်း Sci-Fi တို့ Fantasy တို့ blockbuster type တွေအတွက် နေရာမရှိသေးဘူးလို့ထင်ပါတယ်။

Second Option ကတော့ ကျွန်တော် တို့ Funding အနေအထားနဲ့သွားဖို့ plan ထားပါတယ်။ ကျွန်တော်တို့ လက်ရှိ Casts တွေ လက်ရှိ Crew တွေအပြင် Volunteer ပါဝင်ချင်သူတွေနဲ့အတူ နောက်ဆက်တွဲအပိုင်း တွေ အတွက် funding ကို LOA ပရိတ်သတ်ကြီးနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံက ရုပ်ရှင်ဝါသနာပါသူတွေ အားလုံးစုစုပေါင်းပေါင်းဖန်တီးခဲ့တဲ့ Web-Series ကြီးတစ်ခု အဖြစ်နဲ့သွားဖို့လည်း စီစဥ်ထားပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံမှာ Funding system က ကောင်းကောင်းအလုပ်မလုပ်သေးဘူးလို့ထင်တယ်။ ကျွန်တော်တို့အနေနဲ့ လုံလောက်တဲ့ Budget တစ်ခုထိရဖို့ Funding system နဲ့ ငွေထည့်ချတဲ့ အခါ ကျွန်တော်တို့နိုင်ငံက တစ်ချို့ mind set အနေအထားတွေနဲ့က ဒါကို ဝေဖန်စရာတစ်ခုအဖြစ်တောင် မြင်လာနိုင်ပါတယ်။ ဒီလိုအခြေအနေ တွေနဲ့ လည်း ဒီ Option လည်း ကျွန်တော်တို့အနေနဲ့ အသုံးပြုဖို့အဆင်မပြေ ပြန်ပါဘူး။

ကျွန်တော်တို့လက်ထဲ Story ရှိပေမယ့် ရှေ့ဆက်ဖို့ ကိစ္စကိုတော့ ကျွန်တော်တို့အတွက် ခက်ခဲနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ​မြန်မာ့ရုပ်ရှင်လောက နဲ့ပတ်သက်ပြီး Fictional Films တွေ နေရာတစ်ခုရဖို့ အကောင်းဆုံးကြိုးစားပေးနေပါတယ်။ LOA ပရိတ်သတ် ကြီးအနေနဲ့လည်းတစ်နေ့မှာ Fictional Characters တွေပါဝင်တဲ့ Franchise တစ်ခု မြင်ရစေ ဖို့ လက်ရှိ ရုပ်ရှင်လောက အနေအထားနဲ့ အချိန်ယူရဦးမှာဖြစ်လို့ အားတင်းထားပေးဖို့ပဲ ပြောချင်ပါတယ် "

- Creators of LOA

07/11/2020

Series တစ်ခုဖြစ်လာဖို့ နောက်ကွယ်မှာ ဘယ်လိုကြိုးစားခဲ့ရသလဲ နဲ့ Cast & Crew တွေရဲ့အကြောင်း

LOA နဲ့ပတ်သက်ပြီးတော့ ပရိတ်သတ်တွေအနေနဲ့ Frequently မေးလေ့ ရှိတဲ့ Questions တွေ၊ Production အဆင့်ဆင့်ဖြတ်သန်းခဲ့ပုံနဲ့ ကျွန်တော်တို့ဝါသနာတစ်ခုကို ဘယ်လို စုစည်းပုံဖော်ခဲ့ကြသလဲဆိုတာကို ဒီနေ့ Making Of video လေးနဲ့အတူ

Camera နောက်ကွယ်က ဝါသနာရှင်တွေနဲ့ Casts တွေကနေ LOA production stages တွေနဲ့ပတ်သက် ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဒီ Video လေးအတွက် အချိန်ဖဲ့ပြီး လာဖြေပေးကြတဲ့သူတွေကိုလည်း ထပ်မံကျေးဇူးတင်ချင်ပါတယ်။

Now available on YouTube!!https://youtu.be/T4UCuQFW5dULegends Of Arindamã (English Sub) 4K available. YouTube မှာမှ ​ကြည...
25/10/2020

Now available on YouTube!!
https://youtu.be/T4UCuQFW5dU

Legends Of Arindamã (English Sub)
4K available.

YouTube မှာမှ ​ကြည့်ချင်သူများအတွက် အပိုင်း(၃) ပိုင်း ကိုပေါင်းပြီး Short Film တစ်ပုဒ်စာ အပြည့်အဝ ခံစားလို့ရပါပြီ။

မီး စောင့်ရှောက်သူရဲ့ first look ထွက်လာတုန်းကသူရဲ့ Appearence ကို တော်တော်များကအကြိုက်မတွေ့ကြပါဘူး. . တစ်ချို့ဆို ဝိုင်း...
18/10/2020

မီး စောင့်ရှောက်သူရဲ့ first look ထွက်လာတုန်းကသူရဲ့ Appearence ကို တော်တော်များကအကြိုက်မတွေ့ကြပါဘူး. . တစ်ချို့ဆို ဝိုင်းလှောင်တာတွေတောင်ရှိကြပါတယ်😞။ ဒါပေမယ့် အခုတော့ အားလုံးရဲ့ Favorite Guardian ကြီးဖြစ်နေပြီမဟုတ်လား 😏။

ဘယ် ဇာတ်ကောင်ကိုသဘောကျတယ်. . ဘာကြောင့်ကြိုက်တယ် ဆိုတာလေးတွေ ပြောပေးကြပါဦးဗျ👇

ကျွန်တော့် Fav ကတော့ နတ်မင်းသက္က ( သိကြားမင်း) ပါ😂။

17/10/2020
16/10/2020

𝐋𝐞𝐠𝐞𝐧𝐝𝐬 𝐎𝐟 𝐀𝐫𝐢𝐧𝐝𝐚𝐦ã / 𝐄𝐩𝐢𝐬𝐨𝐝𝐞-𝟑

{English Sub}

Legends Of Arindamã/ mini-series
လေးရဲ့ နောက်ဆုံးပိုင်းလေးဖြစ်ပါတယ်ခင်ဗျာ။

!!𝗣𝗟𝗘𝗔𝗦𝗘 𝗨𝗦𝗘 𝗛𝗘𝗔𝗗𝗣𝗛𝗢𝗡𝗘𝗦 𝗙𝗢𝗥 𝗕𝗘𝗧𝗧𝗘𝗥 𝗤𝗨𝗔𝗟𝗜𝗧𝗬!!

ဒီ Mini-series လေးကို ဝါသနာရှင်များစုပေါင်းပြီး အပျော်သဘောဖန်တီးထားခြင်းသာဖြစ်ပြီး. . မည်သည့်အဖွဲ့အစည်း / လုပ်ငန်းများနှင့်မျှ မသက်ဆိုင်ပါ။
ရှေးမြန်မာနိုင်ငံ ၏ ကျော်ကြားသော Myth တစ်ခုဖြစ်တဲ့ Arindamã Spear ( အရိန္ဒမာလှံ) ၏ Origins အား စိတ်ကူးယဥ် Fantasy သဘောမျိုးရေးသားထားပြီး Alternative Universe တစ်ခုဟန်အခြေ ခံထားတာဖြစ်တဲ့အတွက်ကြောင့် မြန်မာ့သမိုင်းနှင့် လုံးဝ ( လုံးဝ) မသက်ဆိုင်ပါ။

"𝗟𝗢𝗔" 𝗰𝗿𝗲𝗮𝘁𝗲𝗱 𝗕𝘆 AyarMin

𝐃𝐢𝐫𝐞𝐜𝐭𝐞𝐝 𝐛𝐲 Aung Myo Min

𝗖𝗮𝘀𝘁
KyawBobo
Zhine (Chit Phuu Han Shwe)
Thatoe Oo
Kyi Sin
Yu Ya May
Ryuichi Thiha
Lin Lin (Katsuragi Kaema)







"ကမ္ဘာမြေရဲ့ ပြစ်ဒဏ်အဖြစ် တိုက်ခတ်တဲ့ မုန်တိုင်းများကြားမှာ. ."
16/10/2020

"ကမ္ဘာမြေရဲ့ ပြစ်ဒဏ်အဖြစ် တိုက်ခတ်တဲ့ မုန်တိုင်းများကြားမှာ. ."

15/10/2020

𝐀𝐫𝐞 𝐲𝐨𝐮 𝐫𝐞𝐚𝐝𝐲 𝐟𝐨𝐫 𝐭𝐡𝐞 𝐟𝐢𝐧𝐚𝐥?

LOA mini-series လေးရဲ့ တတိယပိုင်းလေးကတော့ final episode ဖြစ်ပါတယ်။ final episode မှာ ဒီ Fantasy Story လေးရဲ့ မေးခွန်းတွေအတွက် အဖြေတွေပါဝင်မှာဖြစ်တယ်။
Final episode ဆိုပေမယ့် Story တစ်ခုရဲ့ Beginning သာဖြစ်ပါတယ်။
𝐋𝐞𝐠𝐞𝐧𝐝𝐬 𝐎𝐟 𝐀𝐫𝐢𝐧𝐝𝐚𝐦ã / 𝐄𝐩𝐢𝐬𝐨𝐝𝐞-𝟑 ကို October လ 17 ရက်နေ့ Saturday မှာတင်ပေးသွားမှာပါ။

Agga ( The Dark Magic Warrior). Fan art by - Thu rein
13/10/2020

Agga ( The Dark Magic Warrior).
Fan art by - Thu rein

You can now change LOA frames by searching "legendsofaraindamar".note: there are multiple frames available.
10/10/2020

You can now change LOA frames by searching "legendsofaraindamar".

note: there are multiple frames available.

"အမှောင် နဲ့ အလင်း. . . အကောင်း နဲ့ အဆိုး ဆိုတာ အမြဲယှဥ်တွဲနေတဲ့ အရာတွေဖြစ်တယ်" 𝗪𝗮𝘁𝗰𝗵 𝗘𝗽𝗶𝘀𝗼𝗱𝗲-𝟮 𝗧𝗼𝗺𝗼𝗿𝗿𝗼𝘄!
09/10/2020

"အမှောင် နဲ့ အလင်း. . . အကောင်း နဲ့ အဆိုး ဆိုတာ အမြဲယှဥ်တွဲနေတဲ့ အရာတွေဖြစ်တယ်"

𝗪𝗮𝘁𝗰𝗵 𝗘𝗽𝗶𝘀𝗼𝗱𝗲-𝟮 𝗧𝗼𝗺𝗼𝗿𝗿𝗼𝘄!

အပိုင်း-(၂) ရဲ့ ဇာတ်ဝင်ခန်းတစ်ချို့။We share some still images from Episode-2 for you.  (မနက်ဖြန် 7 နာရီမှာ Episode-2 ကိ...
09/10/2020

အပိုင်း-(၂) ရဲ့ ဇာတ်ဝင်ခန်းတစ်ချို့။

We share some still images from Episode-2 for you.

(မနက်ဖြန် 7 နာရီမှာ Episode-2 ကိုတင်ပေးသွားမှာဖြစ်ပါတယ်)

Close up looks at LOA's Costumesmade by Immortals Craftshop & Cosiety Studio
05/10/2020

Close up looks at LOA's Costumes
made by Immortals Craftshop & Cosiety Studio

LOA poster "𝑷𝒓𝒐𝒕𝒆𝒄𝒕 𝑻𝒉𝒆 𝑹𝒐𝒚𝒂𝒍 𝑩𝒍𝒐𝒐𝒅"Episode-2 Coming Soon
04/10/2020

LOA poster "𝑷𝒓𝒐𝒕𝒆𝒄𝒕 𝑻𝒉𝒆 𝑹𝒐𝒚𝒂𝒍 𝑩𝒍𝒐𝒐𝒅"

Episode-2 Coming Soon

𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰!!ပထမဆုံး Episode ကြည့်ရဖို့ 0 ရက်သာလိုပါတော့တယ်။𝗔𝗺𝗮𝗿𝗮𝗿(အမရာ) - 𝗧𝗵𝗲 𝗘𝗮𝗿𝘁𝗵 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻( LOA web-series အား Legends O...
02/10/2020

𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰!!

ပထမဆုံး Episode ကြည့်ရဖို့ 0 ရက်သာလိုပါတော့တယ်။

𝗔𝗺𝗮𝗿𝗮𝗿(အမရာ) - 𝗧𝗵𝗲 𝗘𝗮𝗿𝘁𝗵 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻

( LOA web-series အား Legends Of Araindamar page လေးမှာပဲ တင်ပေးသွားမှာဖြစ်ပါတယ် )

Only 1 Day Left. . .ပထမဆုံး Episode ကြည့်ရဖို့ 1 ရက်သာလိုပါတော့တယ်။𝐓𝐚𝐲 𝐙𝐚𝐫(တေဇာ)- 𝐓𝐡𝐞 𝐅𝐢𝐫𝐞 𝐆𝐮𝐚𝐫𝐝𝐢𝐚𝐧( LOA web-series အား ...
01/10/2020

Only 1 Day Left. . .

ပထမဆုံး Episode ကြည့်ရဖို့ 1 ရက်သာလိုပါတော့တယ်။

𝐓𝐚𝐲 𝐙𝐚𝐫(တေဇာ)- 𝐓𝐡𝐞 𝐅𝐢𝐫𝐞 𝐆𝐮𝐚𝐫𝐝𝐢𝐚𝐧

( LOA web-series အား Legends Of Araindamar page လေးမှာပဲ တင်ပေးသွားမှာဖြစ်ပါတယ် )

2 Days Remaining. . . ပထမဆုံး Episode ကြည့်ရဖို့ 2 ရက်သာလိုပါတော့တယ်။𝗣𝗮𝗱𝗼𝗻𝗺𝗮𝗿(ပဒုမ္မာ) - 𝗧𝗵𝗲 𝗪𝗮𝘁𝗲𝗿 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻( LOA web-ser...
30/09/2020

2 Days Remaining. . .

ပထမဆုံး Episode ကြည့်ရဖို့ 2 ရက်သာလိုပါတော့တယ်။

𝗣𝗮𝗱𝗼𝗻𝗺𝗮𝗿(ပဒုမ္မာ) - 𝗧𝗵𝗲 𝗪𝗮𝘁𝗲𝗿 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻

( LOA web-series အား Legends Of Araindamar page လေးမှာပဲ တင်ပေးသွားမှာဖြစ်ပါတယ် )

𝐂𝐨𝐮𝐧𝐭𝐝𝐨𝐰𝐧 𝐛𝐞𝐠𝐢𝐧𝐬!3 days to go. . .ပထမဆုံး Episode ကြည့်ရဖို့ ၃ ရက်သာလိုပါတော့တယ်။𝗪𝗮𝘁𝗵𝗼𝗻𝗲(ဝသုန်) - 𝗧𝗵𝗲 𝗪𝗶𝗻𝗱 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻( LOA...
29/09/2020

𝐂𝐨𝐮𝐧𝐭𝐝𝐨𝐰𝐧 𝐛𝐞𝐠𝐢𝐧𝐬!
3 days to go. . .

ပထမဆုံး Episode ကြည့်ရဖို့ ၃ ရက်သာလိုပါတော့တယ်။

𝗪𝗮𝘁𝗵𝗼𝗻𝗲(ဝသုန်) - 𝗧𝗵𝗲 𝗪𝗶𝗻𝗱 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻

( LOA web-series အား Legends Of Araindamar page လေးမှာပဲ တင်ပေးသွားမှာဖြစ်ပါတယ် )

တစ်နေ့တစ်နေ့ ရိုးအီနေတဲ့အလုပ်တွေနဲ့ပဲ အချိန်တွေကုန်နေရလို့ ပျင်းနေကြပြီလား..?အိမ်ထဲမှာနေရင်းနဲ့ပဲ အသစ်အဆန်းလေးတွေ တွေ့မြ...
28/09/2020

တစ်နေ့တစ်နေ့ ရိုးအီနေတဲ့အလုပ်တွေနဲ့ပဲ အချိန်တွေကုန်နေရလို့ ပျင်းနေကြပြီလား..?

အိမ်ထဲမှာနေရင်းနဲ့ပဲ အသစ်အဆန်းလေးတွေ တွေ့မြင်ခံစားချင်ကြလား...?

ဒါဆိုရင်တော့ ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်ပေးပါ ခင်ဗျ။

ကျွန်တော်တို့ ရုပ်ရှင်နယ်ပယ်ကို စိတ်ပါဝင်စားတဲ့ လူငယ်တွေ စုပေါင်းပြီး ဖန်တီးထားတဲ့ အရိန္ဒမာဒဏ္ဍာရီ (Web Series) လေးဟာ Editing Process ကိုအောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီးလို့ အခုဆို .... Social ကို ချပြတော့မှာပဲ ဖြစ်ပါတယ်။
ဒီ Short Film လေးကို ရိုက်ကူးချိန်မှစလို့ Edit အားလုံးပြီးတဲ့အထိ အခက်အခဲတွေ အများကြီးကြုံခဲ့ရပေမယ့်... ကျွန်တော်တို့ပေးခဲ့တဲ့ ကတိအတိုင်းပဲ စောင့်စားနေကြတဲ့ ပရိသတ်ကြီးဆီ အရောက်ချပြတော့မှာပါ။

ဒီ .. အရိန္ဒမာဒဏ္ဍာရီ Short Film ဟာ Ongoing Web Series ဖြစ်တဲ့အတွက်
အခုအချိန်ထိ ရိုက်ကူးလို့ပြီးစီးခဲ့သမျှ အားလုံးကို Season1 ရဲ့ Episodes 3 ခုအနေနဲ့ ပထမဆုံး မြင်တွေ့ရမှာဖြစ်ပါတယ်။

Season1ရဲ့ Episode 1ကိုတော့ လာမယ့်..အောက်တိုဘာလ ၃ရက်နေ့ (စနေနေ့ည)အချိန်မှာ Legends Of Araindamar, Yangon in Action, The Turbulence Production အစရှိတဲ့ Page တွေကနေ တစ်ချိန်တစ်ပြိုင်ထဲ တင်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒီ ShortFilm လေးကို စိတ်ရှည်စွာနဲ့ စောင့်စားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။
မမေ့ပါနဲ့...

အောက်တိုဘာလ ၃ရက်နေ့ပါနော်....
"အိမ်ထဲမှာပဲနေပါ.. ကျွန်တော်တို့ရဲ့ ဖန်တီးမှုကို စောင့်ကြည့်ဝေဖန်ပေးကြပါ''

💨💨💨💨💨💨💨💨💨💨"လေ သည် ပုံသဏ္ဍာန်အရောင်အဆင်း မရှိ ။လေ ၏ လှုပ်ရှားမှုကို မြင်တွေ့အောင် ကြည့်ရူနိုင်စွမ်းမရှိကြ။လေပြေညှင်းတိုက်...
10/02/2020

💨💨💨💨💨💨💨💨💨💨
"လေ သည် ပုံသဏ္ဍာန်အရောင်အဆင်း မရှိ ။လေ ၏ လှုပ်ရှားမှုကို မြင်တွေ့အောင် ကြည့်ရူနိုင်စွမ်းမရှိကြ။

လေပြေညှင်းတိုက်ခတ်ချိန်တွင် လေ သည် တည်ငြိမ်အေးဆေးသလောက်..

မုန်တိုင်းတိုက်ခတ်ချိန်တွင်လည်း လေ သည် ခက်ထန်တတ်သည်။''

"ဝသုန်''

ဒါကတော့ L.O.A ရဲ့ Main Sound ဖြစ်တဲ့ ''Glorious Stand'' သီချင်းကို အသက်သွင်းခဲ့ကြတဲ့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသို...
09/02/2020

ဒါကတော့ L.O.A ရဲ့ Main Sound ဖြစ်တဲ့ ''Glorious Stand'' သီချင်းကို
အသက်သွင်းခဲ့ကြတဲ့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ
လူငယ်အဖွဲ့ပဲဖြစ်ပါတယ်။

09/02/2020

💢မင်္ဂလာပါခင်ဗျ...

ဒါလေးကတော့ Leagend Of Araindama ရဲ့ ကိုယ်ပိုင် Theme Sound လေးတစ်ခုဖြစ်လာမယ့် '' Glorious Stand '' ဆိုတဲ့ သီချင်းလေးကို ကြိုးစားပန်းစားဖန်တီးနေကြတဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်။

တာဝန်ကျရာ ဂီတနယ်ပယ်ကနေ အစွမ်းကုန် အားထုတ်ကူညီပေးခဲ့တဲ့ ညီအကိုမောင်နှမတွေရဲ့ ''Glorious Stand'' ဆိုတဲ့ ဒီသီချင်းလေးကို..
၃လပိုင်း ဒုတိယအပတ်မှာ ယခု Page ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အားလုံးရဲ့ စောင့်မျှော်မှု့ကိုအလေးထားလျှက်....
(Legends Of Arindamã)



(Composer & Lyricist)
(Sound Manager)
(Vocalist)
(Vocalist)
(Lyricist)

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥"မီး သည်အရာခပ်သိမ်းကို လောင်မြိုက်နိုင်၏။အမှောင်ခွင်း၍ အလင်းတရားကိုပေးစွမ်း၏။၎င်း၏အရိပ်အောက်သို့ခိုလှုံသောသူတိုင...
02/02/2020

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
"မီး သည်အရာခပ်သိမ်းကို လောင်မြိုက်နိုင်၏။

အမှောင်ခွင်း၍ အလင်းတရားကိုပေးစွမ်း၏။

၎င်း၏အရိပ်အောက်သို့ခိုလှုံသောသူတိုင်းအား နွေးထွေးမှုကိုရရှိစေ၏။''

"အရိန္ဒမာ ဒဏ္ဍာရီ" ရဲ့ ပထမဆုံး Trailer လေးကို လက်မလွှတ်ကြနဲ့နော်
31/08/2019

"အရိန္ဒမာ ဒဏ္ဍာရီ" ရဲ့ ပထမဆုံး Trailer လေးကို လက်မလွှတ်ကြနဲ့နော်

နောက်ဆုံးအနေနဲ့မိတ်ဆက်မှာကတော့...စောင့်ရှောက်သူ ၄ ဦးထဲမှာမှ ခပ်ပျော်ပျော်နေတတ်တဲ့ လေဓာတ် စောင့်ရှောက်သူ(Guatdian Of Air...
28/08/2019

နောက်ဆုံးအနေနဲ့မိတ်ဆက်မှာကတော့...
စောင့်ရှောက်သူ ၄ ဦးထဲမှာမှ ခပ်ပျော်ပျော်နေတတ်တဲ့ လေဓာတ် စောင့်ရှောက်သူ
(Guatdian Of Air)
"ဝသုန်'' ပါပဲ...

"ဝသုန်''ကို ဓာတ်ကြီးလေးပါး ထဲက လေဓာတ်စွမ်းအားကို လိုသလို ထိန်းချုပ်နိုင်ပြီး ဖြတ်ထိုးဉာဏ် ကောင်းတဲ့ လူငယ်တစ်ယောက်အဖြစ် ဖန်တီးထားပါတယ်။

ကဲ..အခုဆိုရင်တော့ ဒီဇာတ်လမ်းရဲ့ အဓိက Character တွေနဲ့လည်း အနည်းငယ် ထိတွေ့ပေးခဲ့ပြီးပြီဆိုတော့...
Offical Trailer ထွက်လာတဲ့အခါ Character တွေကို သိပ်မစိမ်းလောက်တော့ဘူးလို့..မျှော်လင့်ပါတယ်ဗျာ။

ကျွန်တော်တို့ L.O.A ရဲ့. Trailer လေးဟာလည်း ပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့ Editor ကြီးရဲ့ PC ထဲမှာ အဆင်သင့်ဖြစ်နေပါပြီနော်...

လာမယ့် စက်တင်ဘာလ (၁)ရက်နေ့မှာ ထွက်ရှိလာမယ့် L.O.A Trailer လေးနဲ့အတူ ဘယ်လိုစိတ်ဝင်စားစရာ အစီအစဉ်လေးတွေ ပါလာဦးမလဲဆိုတာတော့...

Page ကိုစောင့်ကြည့်နေကြဦးပေါ့နော်...😁

ကဲ... L.O.A ရဲ့ နောက်ထပ် Female Character တစ်ယောက်ဖြစ်တဲ့ ရေဓာတ်စွမ်းအားရှင် စောင့်ရှောက်သူ( Guardian Of Water)"ပဒုမ္မာ''...
27/08/2019

ကဲ... L.O.A ရဲ့ နောက်ထပ် Female Character တစ်ယောက်ဖြစ်တဲ့ ရေဓာတ်စွမ်းအားရှင် စောင့်ရှောက်သူ
( Guardian Of Water)
"ပဒုမ္မာ'' ကို ထပ်ပြီးမိတ်ဆက်ပေးလိုက်ပါမယ်နော်။

"ပဒုမ္မာ'' ဟာဆိုရင်တော့ ရေဓာတ်စွမ်းအားရှင် ဆိုတဲ့အတိုင်း အေးအေးဆေးဆေး သမား တစ်ယောက်ဖြစ်ပါတယ်။

တစ်ခြား Character တွေလိုြ်ကမ်းတမ်းမာကျောမှုမရှိဘဲ.. Water,Ice အစရှိတဲ့ Elemental တွေကို ပိုင်နိုင်တဲ့ Speller တစ်ယောက်ပါ။

''ပဒုမ္မာ''ကို သဘာဝလွန်တွေအကြောင်း အတွင်းကျကျကျွမ်းကျင်တဲ့ Wizard တစ်ယောက်အဖြစ်လည်းဖန်တီးထားပါတယ်။

ကဲ..ဒီနေ့တော့ဒီလောက်ပါပဲ
မနက်ဖြန်မှာတော့ (Guardian Of Air) ကိုထပ်မိတ်ဆက်ပေးပါဦးမယ်။
👋👋👋

Address


Website

Alerts

Be the first to know and let us send you an email when Legends Of Araindamar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share