Podcast A

Podcast A Make Videos

05/04/2024

Bangkok ဘက်က immigration ကအစစ်အဆေးများလား? ဆောင်ရန်ရှောင်ရန်?Part-3 end # with
Zayar BurmeseDude

05/04/2024

work & people of BKK ep-2

05/04/2024

Hey! I'm back.. လတ်တလော ရေပန်းစားနေတဲ့ ပြည်ပသို့ထွက်ခွာခြင်းတွေထဲမှာမှ လူရွေးအများဆုံး ထိုင်းနိင်ငံ ဘန်ကောက်မြို့ရဲ့ အလုပ်အကိုင်အခြေအနေအကြောင်း မရောက်သေးသူများအတွက်ရော သိလိုသူများအတွက်ပါ knowledge sharing. part- 1

14/03/2024

ပိုက်ဆံတပြားမှမကုန် စိတ်ကူးယဥ်ရုံနဲ့ ကိုယ်ဖြစ်ချင်သမျှအရာတွေဖြစ်အောင်ဖန်တီးယူလို့ရနိင်တဲ့ Manifestation ဆိုတဲ့အရာတကယ်ရှိတယ်ဆိုရင်?

Proper way for manifesting!
with
Zayar BurmeseDude

09/03/2024

"မိုးပြိုအများ"

"ကုန်စျေးနှုန်းတွေကလဲတက်လိုက်တာအေ့ နောက်များတော့မလွယ်စျေးဝယ်ဖို့တောင်အနိုင်နိုင်ပါပဲတော်" နဖူးစပ်မှယိုစီးကျလာတဲ့ ချွေးစက်ကိုလက်နဲ့သပ်လိုက်ရင်း ငြီးတွားနေသူမှာ "ဒေါ်ဝိုင်း" လက်ထဲမှစျေးခြင်းတောင်းမှာ အသားငါးအတွဲလိုက်နဲ့ပြည့်သိပ်လို့..အိမ်ထဲမှအိမ်ပြင်မထွက်မီးမလာလျှင် မီးစက်မောင်း အဲယားကွန်း နှင့်တစေနေသူမို့ အပြင်ခနထွက်သည်နှင့် ဒေါ်ဝိုင်းမှာ ဆီသုတ်ထားသော တိုင်လုံးကြီးကဲ့သို့ ချွေးတရွှဲရွှဲ

မှတ်မှတ်ရရ ဖြစ်ပွားခဲ့ဖူးသော နာဂစ်မုန်တိုင်းအပြီးတွင်မလဲ ရပ်ထဲရွာထဲဦးဆုံးငြီးသူမှာ ဒေါ်ဝိုင်း.."အားလုံးတော့ ဒုက္ခ တွေများကုန်ပါတော်.. အင်းပေါ့လေ ဘယ်တတ်နိင်ပါ့မလဲ မိုးပြိုအများပေါ့ "
ထိုစဥ်ကလဲငွေကိုရေလိုဖိသုံးလေတော့ ဘယ်ဆီကမှန်းမသိ unicef မှရေသန့်ဘူးအသစ်ကြပ်ချွတ်မှအစ စားသောက်စရာဟင်းအဆုံး ဒေါ်ဝိုင်းအိမ်တွင်မပြတ်ခဲ့ပါ..

သောက်သောက်လဲ သေလိုက်ကြသည့်ကပ်ရောဂါ ကိုဗစ်တွင်လဲ ဒေါ်ဝိုင်းငြီးသံမှာ အားလုံးအကြား " အောင်မယ်လေးတော် ဒုက္ခဆိုတာအဖော်နဲ့အပေါင်းနဲ့လာတာတော် ဖြစ်ရင်တော့သေမှာပဲ.ဘယ်တတ်နိုင်ပါ့မလဲ မိုးပြိုအများပေါ့ "
ဒေါ်ဝိုင်းနှင့်တော်ကီဖုတ်ဖော်ဖုတ်ဖက် အရပ်ထဲမှအဒေါ်ကြီးတဝက်လောက်သာ အသက်ပျောက်သွားကြလေရှာ၏..ဒေါ်ဝိုင်းမသေခဲ့ပါ သိန်းရာချီသုံး၍ အောက်ဆီဂျင်ဘူးမှအစ စက်အဆုံး ဆေးဝါးအစုံ အိမ်မှာထည့်၍ ကိုယ့်ကိုကိုယ်အလွန်ဂရုစိုက်သူပီပီ ဒေါ်ဝိုင်းမှာအကောင်းပတိ ကျန်းမာလျက်ပင်

ဒေါ်ဝိုင်း၏လက်သုံးစကားမှာ " မိုးပြိုအများ " ထိုစကားကိုဒေါ်ဝိုင်းအလွန်နှစ်သက်သည်ထင်..မူးတိုး မတ်တိုး နေ့ပြန်တိုး အတိုးချေးစားရာ မရှိကြပ်တည်းသူများမှာဒေါ်ဝိုင်းနှင့်မလွတ်ကင်းကြ.. "မိုးပြိုအများဟု" တွင်တွင်ပြော၍ဒေါ်ဝိုင်းပြုသမျှနုကြရရှာလေသည်

အတိုးပိ၍ မပေးပဲလဲမနေရဲကြပေ..ဒေါ်ဝိုင်းမှာပုံမှန်စကားပြောလျှင်တောင် ဒီဘက်လမ်းထိပ်မှပြောလျှင် ဟိုဘက်လမ်းထိပ်မှပကတိအတိုင်းသားကြားနေရသည်ကိုး.. အချိန်တန်ငွေမသွင်းနိင်လျှင်ဒေါ်ဝိုင်း ခုနှစ်ချီသံ ဟစ်လိုက်ပုံမှာ မာန်နတ်ကြုံးဝါးပုံအလား..

တမြန်နှစ်က ဒေါ်ဝိုင်းမှာထိုအပူစာတွေနှင့် ကျောင်းဆောက်လှူလေရာ.. အရပ်ထဲတွင်မတော့ ဘုရားဒကာ ကျောင်းဒကာမကြီးဒေါ်ဝိုင်းပင်..ကံ ကံ၏အကျိုးလဲမလာသလို မည်သည့်ဘုရားမှလဲဆင်းမရိုက်၍လားမသိ..ဒေါ်ဝိုင်းမှာတော့ အစာဝနေသည့် ဝေလငါးပြာကြီးကဲ့ သို့ ဆူဆူဖြိုးဖြိုး..

သို့သော်ဒေါ်ဝိုင်းကိုသိပ်တော်သည်ဟု အားလုံးကလက်ခံသည့်အချက်တစ်ချက်ရှိလေ၏..ထိုအချက်မှာ ဒေါ်ဝိုင်းက သားသမီးများကို ပြုစုပျိုးထောင်ရာတွင်သိပ်တော်သည် ဟူ၍ပင်ဖြစ်၏

ဒေါ်ဝိုင်းသားမှာ ခေတ်ပညာကိုအတော်အသင့်ပင်မဟုတ် အလွန်ထူးချွန်လေရာ ပြည်ပရောက်သူကောင်းပြုချင်းခံရသော ပညာတတ်လူတန်းစားထဲ၌ ပါလေရာ ဒေါ်ဝိုင်းမှာဂုဏ်ယူမဆုံးတပြုံးပြုံး အကြောင်းသိဂျောနပ်သူတို့မှာ အကြွေးပိလျှင် ဒေါ်ဝိုင်းရဲ့သားအကြောင်းကိုအစဖော်လေ့ရှိသည်မှာရိုးရာလိုပင်..ဒေါ်ဝိုင်းမှာမိဘပီပီ ဂုဏ်ယူရကြောင်းမနားတမ်းပြောလေ့ရှိရာ အကြွေးတောင်းဖို့မေ့သွားလေ့ရှိသောကြောင့်ပင်တည်း..

စာရေးသူငယ်စဥ်က ဒေါ်ဝိုင်းသားနှင့်ကဆော့ဖော်ဆော့ဖက် ..အတုမြင်အတတ်သင် ဒေါ်ဝိုင်းသားက " မိုးပြိုအများ"ဟုစာရေးသူအားလိုက်ပြောလျှင် ဒေါ်ဝိုင်းမှာ မနှစ်မြို့
ရင်ဝယ်သားအားအနားခေါ်၍ ပေါင်တွင်းကြောလိမ်ကာ ကြိတ်၍ ဆုံးမပုံမှာ " ငါ့သားမြဲမြဲမှတ်ပေရော့ ပညာရဲရင့်ပွဲလယ်တင့် ငါ့သားပညာကိုနည်းမှန်လမ်းမှန်နှင့်တော်အောင်ကြိုးစားပေရော့..လူ့လောကမှာ မျက်နှာကြီးရာဟင်းဖတ်ပါသည်မှာသဘာဝပင် ငါ့သားကြိုးစားလေရော့..နိမ့်ပါးနေလျှင် မြေနိမ့်ရာလှံပင်မက စိုက်လို့ရရာအကုန်စိုက်ပေလိမ့်မည်..ငါ့သားကိုလူတွေကနှိပ်စက်ကြပေလိမ့်မည်..မမေ့နှင့်ငါ့သား မိုးပြိုအများဤစကားမှာ မျက်နှာမွဲကျောမွဲ များအတွက်သာပင် တစ်သက်လုံးဤစကားကို ယနေ့မှစ၍ မသုံးရသည်အထိကြိုးစားပေရော့ " ဟူသတည်း..

ထိုဆုံးမခန်း အခြင်းအရာကို ကြားသိသူမှာလဲ ယုန်လောက်မက လင်းနို့နားကဲ့သို့ စွင့်ကာ စပ်စုခဲ့ဖူးသော စာရေးသူသာရှိမည်ထင်ပါ၏..

Written by - Aung ( Podcast A )

06/03/2024

BTS, Black Pink အစရှိတဲ့ K- pop music theme တွေဟာ Sexualize ဖြစ်မဖြစ်?
with Zayar BurmeseDude

02/03/2024

ဆင်းရဲမြဲဆင်းရဲတာဘာကြောင့်လဲ? ကိုယ်အသုံးမကျလို့လား ဒါမှမဟုတ်?....

28/02/2024

လူတွေကို မွေးစားခဲ့တဲ့ ခွေးတွေဆိုတာ?
Zayar BurmeseDude

25/02/2024

အပြာကားစွဲလမ်းတာဘာကြောင့်လဲ?
စာမလုပ်ချင်ပဲ ဖုန်းပဲသုံးချင်နေရတာဘာကြောင့်လဲ?
ဆေးလိပ်ဖြတ်ချင်ပေမယ့်မဖြတ်နိင်ရတာက?
Why do people addicted to these?

23/02/2024

Podcast ကိုဘယ်ကစရမလဲ? Content Creator တွေနဲ့ပတ်သတ်တဲ့ အမြင်! Zayar BurmeseDude မှ ကို Zayar နဲ့..
around 50 min long content

22/02/2024

Tiktok ကvideo တွေကိုကြည့်ပြတိုင်း Reaction Video ဖြစ်တာလား? Commentary လား? Zayar BurmeseDude

13/02/2024

First duo Podcast with Zayar BurmeseDude 🤛

08/02/2024

Alpha Male ဆိုတာ ဘာကောင်ကြီးလဲ? တကယ်ရောရှိလား?

Address


Opening Hours

Monday 09:00 - 12:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Podcast A posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share