CHIT MEDIA

CHIT MEDIA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CHIT MEDIA, Media/News Company, .

😱ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးနဲ့နာမည်ကြီး Tomorrowland နဲ့ Summer Sonic Festivalမ်ား ထိုင်းမှာလာရောက်ကျင်းပတော့မည် ဘယ်လ်ဂျ...
27/03/2024

😱ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးနဲ့နာမည်ကြီး Tomorrowland နဲ့ Summer Sonic Festivalမ်ား ထိုင်းမှာလာရောက်ကျင်းပတော့မည်

ဘယ်လ်ဂျီယံကနာမည်ကြီး Tomorrowland EDM Festival ကို ၂၀၂၆ခုနှစ်မှာ ထိုင်းနိုင်ငံမှာလာရောက်ဖျော်ဖြေမှာဖြစ်ပြီးဂျပန်နိုင်ငံရဲ့လူကြိုက်အများဆုံး Summer Sonic Music Festival ကိုတော့ 2024 August လထဲမှာကျင်းပသွားမှာဖြစ်ပါတယ်။ယခုလို နာမည်ကြီး Festival ၂ခု ကျင်းပနိုင်ခြင်းသည် ASEAN မှာထိုင်းနိုင်ငံဟာပထမဆုံးနိုင်ငံဖြစ်ပါတယ်။

Source ; The Nation Thailand



မိန်းမကို ဖက်ရှင်ဂွမ်းတယ်ဆိုပြီး ဝိုင်းထရိုးကြလို့ တကမ္ဘာလုံးကို တကွက်ပြလိုက်တာ အကုန္လုံးပျာယာတွေခတ်ကုန်ရော။crd
08/03/2024

မိန်းမကို ဖက်ရှင်ဂွမ်းတယ်ဆိုပြီး ဝိုင်းထရိုးကြလို့ တကမ္ဘာလုံးကို တကွက်ပြလိုက်တာ အကုန္လုံး
ပျာယာတွေခတ်ကုန်ရော။
crd

နိုင်ငံခြားတွေမှာပါဇာတ်ကားတွေရိုက်ကူးနေရသည်အထိ ထိုးဖောက်အောင်မြင်နေတဲ့ မင်းသားချော ပိုင်တံခွန်
08/03/2024

နိုင်ငံခြားတွေမှာပါဇာတ်ကားတွေရိုက်ကူးနေရသည်အထိ ထိုးဖောက်အောင်မြင်နေတဲ့ မင်းသားချော ပိုင်တံခွန်

23/10/2023
အွန်လိုင်းပေါ်မှာ လိမ်စားနေတဲ့လူလိမ်မအကြောင်း အများလူလိမ်ခံမထိရအောင်တင်ပေးလိုက်ပါတယ်၊ထိုင်းရောက်ရွှေမြန်မာများ ငွေလွှဲရင်သတ...
23/10/2023

အွန်လိုင်းပေါ်မှာ လိမ်စားနေတဲ့
လူလိမ်မအကြောင်း အများလူလိမ်ခံမထိရအောင်တင်ပေးလိုက်ပါတယ်၊
ထိုင်းရောက်ရွှေမြန်မာများ ငွေလွှဲရင်သတိပြု့ကြပါ၊မရင်းနှီးပဲအယုံမလွယ်ပါနဲ့၊
အောက်ကအလိမ်ခံရသူပါတွဲ၍တင်ပေးလိုက်ပါတယ်၊
အောက်ကပုံမှာအလိမ်ခံရသူတင်ထားတာပါ၊

လူလိမ္မlink
https://www.facebook.com/profile.php?id=100093415731603&mibextid=ZbWKwL

အလိမ်ခံသူlink

https://fb.watch/nSeUnGIUfI/?mibextid=Nif5oz

06/10/2023

ရှာပေးလိုက်ပါပီးသိမ်းထားပါရှယ်ထားပါခင်ဗျာ
ဆိုင်မှာဝယ်စားရင်စျေးကြီးတဲ့ ဝက်အူချိုကင်မွှေးမွှေးလေး အိမ်မှာ လုပ်စားကြရအောင်ဗျ 🧡😋

ဝက်အူချိုကို ရှာလကာရှည်အနည်းငယ် ဆားအနည်းငယ်ဖြင့် သမအောင်နယ်ပေးပါ။ ပြီးရင်ရေဆေးပစ်ပါ။ ရေနွေးတည်ထားပါ။ စပါးလင်နဲ့ရှောက်ရွက်ပါ ထည့်ထားပေးပါ။ ရေနွေးဆူရင် အူချိုများကိုထည့်ပြီး ၄၀မိနစ်ခန့် ပြုတ်ပေးပါ။ အချိန်ပြည့်ရင် ဆယ်ပြီးရေစစ်ထားပေးပါ။ ခရုဆီ ပဲငံ့ပြာရည်အကြည် ပျားရည် ငရုတ်ကောင်း ကြက်သားမှုန့် နံနံပင်ရဲ့အမြစ် ( ထောင်းပီးသား ) ထည့်ပြီး မွှေပါ။ ထိုထဲသို့ သန့်စင်ပြီးပြုပ်ထားသော ဝက်အူချိုများကိုထည့်ပြီး လူးပေးပါ။ နယ်ပေးပါ။ ကင်ပါတော့မယ် မီးသွေးမီးဖိုနဲ့ကင်တာပိုကောင်းတယ်လို့ ထင်ပါတယ်နော် fri တို့ရေ။ ဇကာလေးတင် ဝက်အူချိုတွေကို ကင်ပါ။ ဟိုဘက်ဒီဘက် လှန်ပြီး မိနစ် ၂၀ခန့် ကင်ပေးပါ။

အချဉ်ရည်ဖျော်နည်းကတော့ သံပုရာရည်အများကြီးသုံးပါမယ်။ သံပုရာရည်ရယ် ငံပြာရည်ရယ် ငရုတ်ကောင်းမှုန့်နဲ့ ငရုတ်သီးမှုန့် အချိုမှုန့်ထည့်ပြီး မွှေပါ။ အလိုက်ဖက်ဆုံး အချဉ်ရည်ဖျော်နည်းပေါ့။

ဆိုင်မှာဝယ်စားရင်စျေးကြီးတာသိမှာပါနော်။ ခုတော့ အိမ်မှာ မိသားစုများလုပ်စားနိုင်စေဖို့ ရေးပေးလိုက်ပါတယ်နော်။ အဆင်ပြေကြပါစေ …

Credit :

https://www.rfa.org/burmese/news/thailand-worker-myanmar-10042023153222.html
06/10/2023

https://www.rfa.org/burmese/news/thailand-worker-myanmar-10042023153222.html

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Siam Paragon ဈေးဝယ်စင်တာ သေနတ်ပစ်ခတ်မှုမှာ သေဆုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်ရကြေ...

23/07/2023
ဟာသ သရုပ်ဆောင် ဆင်မ ပြန်လည် လွှတ်မြောက်လာပြီး ၅၀၅(က)ဖြင့် တရားစြဲဆိုခံထားရတဲ့ အနုပညာ ၁၁ဦးကို အမှုပိတ်သိမ်းပေးခဲ့....(၁၀၂...
17/11/2022

ဟာသ သရုပ်ဆောင် ဆင်မ ပြန်လည် လွှတ်မြောက်လာပြီး ၅၀၅(က)ဖြင့် တရားစြဲဆိုခံထားရတဲ့ အနုပညာ ၁၁ဦးကို အမှုပိတ်သိမ်းပေးခဲ့....

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစြဲဆိုခံထားရတဲ့ ဘုန်းသိုက်၊ ဖွေးဖွေး၊ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ စုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာတို့ကို အမှုပိတ်သိမ်းပေးခဲ့ပြီး ဟာသ သရုပ်ဆောင် ဆင်မ အပါအဝင် အကျဉ်းသား ၅၇၇၄ ခန့်အား လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရပါတယ်။

ကြာ၊၁၇၊nov၊၂၀၂၂



တရုတ်၏ စစ်ရေးလေ့ကျင့်မှုများက မြို့ပြဧရိယာများအထိ ခြိမ်းခြောက်နေပြီး ၎င်းတို့ဘက်ကလည်း ပြတ်ပြတ်သားသားတုံ့ပြန်မည်ဟု ထိုင်ဝမ်က...
04/08/2022

တရုတ်၏ စစ်ရေးလေ့ကျင့်မှုများက မြို့ပြဧရိယာများအထိ ခြိမ်းခြောက်နေပြီး ၎င်းတို့ဘက်ကလည်း ပြတ်ပြတ်သားသားတုံ့ပြန်မည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ထိုင်ဝမ်ကို ဝိုင်းပတ်ပြီး တရုတ်က စစ်လက်နက် ပစ္စည်းအစစ်များဖြင့် စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခြင်းသည် ထိုင်ဝမ်၏ အဓိကဆိပ်ကမ်းများအပြင် မြို့ပြဧရိယာများအထိပါ အန္တရာယ်ရှိနေသည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက (ယနေ့) သြဂုတ် ၃ ရက်တွင် ထုတ်ပြန်လိုက်ပြီး ၎င်းတို့ဘက်မှလည်း ကာကွယ်ရေးအင်အားကို တိုးမြှင့်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ကြေညာထားသည်။

Read More - - - >>> https://news-eleven.com/article/235061

■ (Zawgyi ဖြင့်ဖတ်ရန်)

တရုတ်၏ စစ်ရေးလေ့ကျင့်မှုများက မြို့ပြဧရိယာများအထိ ခြိမ်းခြောက်နေပြီး ၄င်းတို့ဘက်ကလည်း ပြတ်ပြတ်သားသားတုံ့ပြန်မည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ထိုင်ဝမ်ကို ၀ိုင်းပတ်ပြီး တရုတ်က စစ်လက်နက် ပစ္စည်းအစစ်များဖြင့် စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခြင်းသည် ထိုင်ဝမ်၏ အဓိကဆိပ်ကမ်းများအပြင် မြို့ပြဧရိယာများအထိပါ အန္တရာယ်ရှိနေသည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက (ယနေ့) သြဂုတ် ၃ ရက်တွင် ထုတ်ပြန်လိုက်ပြီး ၄င်းတို့ဘက်မှလည်း ကာကွယ်ရေးအင်အားကို တိုးမြှင့်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ကြေညာထားသည်။

Read More - - - >>> https://news-eleven.com/article/235061

Telegram Channel ကို Subscribe လုပ်ရန် - - - -> https://t.me/elevenmediagroup

Viber Community ကို Subscribe လုပ်ရန် - - - -> https://vb.me/elevenmediagroup

အဆိုတော် အီတိုး ထောင် ၃ နှစ် ချခံရ ဧရာဝတီ၊ ဩဂုတ် ၄၊ ၂၀၂၂ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် အဆိုတော် အီတိုးကို ရာဇသတ်ကြီ...
04/08/2022

အဆိုတော် အီတိုး ထောင် ၃ နှစ် ချခံရ

ဧရာဝတီ၊ ဩဂုတ် ၄၊ ၂၀၂၂

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် အဆိုတော် အီတိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင်းတရားရုံးက ယနေ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ အီတိုးကို ၃ နှစ် ချမှတ်လိုက်တာပါ။ ၅၀၅ (က) နဲ့ပါ” ဟု နီးစပ်ရာအသိုင်းအဝိုင်းက အတည်ပြုသည်။

နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော် အီတိုးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာ ၈ ရက် ညပိုင်းက မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုတော် အီတိုး အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးအား ဖောက်ခွဲရေးကိစ္စများတွင် ပါဝင်ပြီး လက်လုပ်မိုင်းတွေ့ရှိမှုနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း ထိုစဉ်က စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အဆိုတော်အီတိုးနှင့် အတူတွေ့ရှိသည့် လက်နက်များမှာ ၎င်း၏ ပစ္စည်းများ မဟုတ်ဘဲ ပစ္စည်းပိုင်ရှင် ပေါ်ပေါက်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်သာ တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။



အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်သို့ သွားရောက်ခဲ့သော ခရီးစဉ်အပေါ်  မြန်မာနိုင်ငံသဘောထားအား နိုင်ငံခြားရေးဝန်ကြီးဌာန ထ...
03/08/2022

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်သို့ သွားရောက်ခဲ့သော ခရီးစဉ်အပေါ် မြန်မာနိုင်ငံသဘောထားအား နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများမြင့်တက်စေသော အမေရိကန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စနန်စီပလိုစီ၏ ထိုင်ဝမ် (တရုတ်-တိုင်ပေ) သို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် များစွာစိုးရိမ်ပူပန်မိကြောင်း သြဂုတ် ၃ ရက်တွင်
နိုင်ငံခြားရေးဝန်ကြီဌာန ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့်လုပ်ရပ်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော အားထုတ်မှုများကို ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်းတို့မှတစ်ဆင့် တင်းမာမှုများ လျော့နည်းစေရေး ဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးသို့ တောင်းဆိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အပြည့်အဝထောက်ခံကြောင်းနှင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူကြောင်း ထပ်လောင်းအတည်ပြုပါသည်ဟု နိုင်ငံခြားရေးဝန်ကြီဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နန်စီ ထိုင်ဝမ်သွား ရောက်မှုသည်အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ထိပါးခြင်းဖြစ်ဟု တရုတ် ပြောတိုင်ပေ၊ ဩဂုတ် ၂ ရက်အမေရိကန်...
03/08/2022

နန်စီ ထိုင်ဝမ်သွား ရောက်မှုသည်အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ထိပါးခြင်းဖြစ်ဟု တရုတ် ပြော

တိုင်ပေ၊ ဩဂုတ် ၂ ရက်

အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပေလိုသည် အာရှခရီးစဉ်အဖြစ် ထိုင်ဝမ်သို့ ဩဂုတ်လ ၂ ရက် အင်္ဂါနေ့ည တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

၎င်းခရီးစဉ်သည် နန်စီပေလိုစီအား ၂၅ နှစ်အတွင်း ထိုင်ဝမ်ကျွန်းပေါ်သို့ ပြန်လည် ခြေချေနိုင်ခဲ့သည့် အမေရိကန်၏ ရာထူးအမြင့်ဆုံး အရာရှိတစ်ဦး ဖြစ်လာစေသည်။

အသက် ၈၂ နှစ် ရှိပြီဖြစ်သော နန်စီ၏ ထိုင်ပေမြို့ ဆောင်းရှန်လေဆိပ်သို့ အမေရိကန်လေယာဉ်ဖြင့် ဆိုက်ရောက်လာမှုကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ကြိုဆိုခဲ့သည်ဟု သိရသည်။

ပေလိုစီက ၎င်းကိုယ်စားလှယ်အဖွဲ၏ အဆိုပါခရီးစဉ်သည် ထိုင်ဝမ်၏ တက်ကြွသော ဒီမိုကရေစီကို ပံ့ပိုးပေးရန် အမေရိကန်က ကတိကဝတ်ပြုထားသည်ကို ယိမ်းယိုင်မှုမရှိဘဲ စောင့်ထိန်းခြင်းဖြစ်ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

ထိုင်ဝမ်၏ လက်ရှိအနေအထားကို ပြောင်းလဲရန် တစ်ဖက်သက်ကြိုးစားနေသည်များကို အမေရိကသည်ဆန့်ကျင်ကြောင်း ၎င်းက ဆက်လက် ရေးသားခဲ့သည်။

ကျွန်မတို့၏ ခရီးစဉ်သည် ထိုင်ဝမ်သို့ စေလွှတ်သည့် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များစွာထဲမှ တစ်ခုဖြစ်ပြီး ၎င်းသည် ၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ၊ အမေရိကန်-တရုတ် ပူးတွဲ တရားဝင်ကြေညာချက်နှင့် အာမခံချက်ခြောက်ချက် တို့မှ လမ်းညွှန်ထားသော အမေရိကန်မူဝါဒနှင့်မဆန့်ကျင်ကြောင်း ပေလိုစီ နှင့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဝင်များက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထိုင်ဝမ်ခရီးစဉ်သည် ၎င်းတို့ကိုယ်စားလှယ်အဖွဲ့က စီစဉ်ထားသော စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ပါ ပါဝင်သည့် အင်ဒို-ပစိဖိတ်ဒေသ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းခရီးစဉ်သည် နှစ်ဦးနှစ်ဖက် လုံခြုံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒီမိုကရေစီအုပ်ချုပ်ရေး တို့ကို အဓိကထားကာ ဆွေးနွေးရန်အတွက် ဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများတွင် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသတွင် ဆက်ဆံရေး တိုးမြှင့်ခြင်း၊ မိမိတို့၏ မိတ်ဖက်ဖြစ်သော ထိုင်ဝမ်အတွက် ထောက်ခံမှုကို ထပ်မံအတည်ပြုခြင်းနှင့် နှစ်ဦးနှစ်ဖက်၏ ဘုံအကျိုးစီးပွားများကို မြှင့်တင်ခြင်း စသည်ကိစ္စရပ်များအပေါ် အာရုံစိုက်သွားမည် ကြောင်း ပေလိုစီက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

နန်စီ၏ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်က ထိုင်ဝမ်ရှိ အမေရိက၏ အဆိုပါ လုပ်ရပ်သည် အလွန်အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ပြင်းထန်စွာ ထိပါးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။

Source: CNA

02/08/2022

Update new
အမေရိကန်အောက်လွှတ်တော်
ဥက္ကဌ၊နန်စီပီလိုစီ၊ထိုင်ဝမ်ရောက်ပြီ။

(၂.၈.၂၀၂၂)

  news-(10:13 pm)ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကန်၏လုပ်ရပ်များ အလွန်အမင်းအန္တရာယ်များဟု တရုတ်ပြင်းပြင်းထန်ထန်ဝေဖန်.     တရုတ်...
02/08/2022

news-(10:13 pm)

ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကန်၏လုပ်ရပ်များ အလွန်အမင်းအန္တရာယ်များဟု တရုတ်ပြင်းပြင်းထန်ထန်ဝေဖန်.
တရုတ်၏ကန့်ကွက်မှုများကို အာခံလျက် ထိုင်ဝမ်ကို ဆိုက်ရောက်လာသည့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပယ်လိုဆီကို တိုင်ပေဆောင်ရှန်းလေဆိပ်၌ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက ကြိုဆိုခဲ့သည်။

ပယ်လိုစီသည် သြဂုတ်၂ ရက် ညပိုင်းတွင် ထိုင်ဝမ်ကို ရောက်ရှိလာခြင်းဖြစ်သည်။

ယခုအခါ တည်းခိုမည့် နေရာကိုအမေရိကန်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါလာသည့်ယာဉ်တန်းထွက်ခွာသွားသည်ဟု သိရသည်။

ထိုင်ဝမ်ခရီးစဉ်သည် အမေရိက ၏မဆုတ်မနစ်သောကတိကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု ပယ်လိုစီက ပြောကြားခဲ့သည်။ထို့အပြင် ထိုင်ဝမ်ခရီးစဉ်မှာ တရုတ်အပေါ်ထားသည့် အမေရိကန်မူဝါဒကို မည်သည်နည်းနှင့် မျှကွဲလွဲ ဆန့်ကျင်ခြင်းမရှိဟု ပယ်လိုစီက ပြောကြားသည်။

ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကန်၏ လုပ်ဆောင်ချက်များသည် အလွန်အမင်း အန္တရာယ်ကြီးမားသည်ဟု တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

Ref:AFP

မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး  Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်ရန်ကုန်၊ ဇူလိုင် ၂၀မြန်မာနိ...
20/07/2022

မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်

ရန်ကုန်၊ ဇူလိုင် ၂၀

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ကာတာ ဆက်သွယ်ရေးကုမ္ပဏီ Ooredoo (ORDS.QA) သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ရှယ်ယာများကို ရောင်းချရေး ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက သူ၏ ရှယ်ယာများအားလုံးကို ရောင်းချရန် စစ်ကောင်စီ ဆက်သွယ်ရေးလုပ်ငန်းထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဒိုဟာအခြေစိုက် Ooredoo သည် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် သုံးစွဲသူပေါင်း ၁၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး အော်ပရေတာဖြစ်ကြောင်း သိရှိရသည်။

အော်ရီဒူးကုမ္ပဏီကို ဝယ်ယူရန် အလားအလာရှိသူများတွင် Young Investment Group၊ စင်ကာပူအခြေစိုက် အော်ပရေတာ Campana Group နှင့် SkyNet တို့ ပါဝင်ကြောင်း၊ Skynet သည်ရွှေသံလွင်ကုမ္ပဏီကပိုင်ဆိုင်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံမှ ထွက်ခွာလျက်ရှိပြီး အော်ရီဒူးကုမ္ပဏီသည် ၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံခဲ့သော ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည်။

အော်ရီဒူးဘက်ကမူ အဆိုပါသတင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဟု ရိုက်တာသတင်း၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်ရှိ အော်ရီဒူးကြော်ငြာတစ်ခု။

Photo- Asia Nikkei

17.Apirl.2022..sundayဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာဖလန်ဆောင်မှာမုဒိန်းမှု့ဖြစ်သွားခဲ့ပါတယ်၊ဖလန်ဆောင်၁၃လိုတနားလို့ဆိုပါတယ်၊မုဒ...
17/04/2022

17.Apirl.2022..sunday

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ
ဖလန်ဆောင်မှာမုဒိန်းမှု့ဖြစ်သွားခဲ့ပါတယ်၊
ဖလန်ဆောင်၁၃လိုတနားလို့ဆိုပါတယ်၊
မုဒိန်းကျင့်တဲ့ကောင်က မြန်မာနိုင်ငံသားဖြစ်ပါတယ်၊
မုဒိန်းကျင့်ခံရတဲ့ကောင်မလေးက
၊ပွဲစားကောင်က သူမကိုအကြိမ်ကြိမ်မုဒိန်ကျင့်တယ်၊သူမမှာဘတ်မရှိဖူး
ရတယ်အလုပ်ပေးမယ်၊
သူမကိုအလုပ်ရှိတယ်ပြောပြီး၊ပွဲစားကောင်ကအခန်းထဲခေါ်ပြီးအကြိမ်ကြိမ်မုဒိန်းကျင့်တယ်လို့ပြောပြီး၊tiktokcele ကိုချစ်မင်းကိုအရေးတကြီး
ဖုန်းဆက်အကူညီတောင်းပါတယ်၊
tiktokမှာပရဟိတလုပ်နေတဲ့ကိုချစ်မင်းတို့အဖွဲ့ဟာ၊
သွားရောက်ပြီး၊မုဒိန်းကျင့်ရာနေရာကိုသွားပြီးဝိုင်းထားကြပါတယ်၊
သွားဖမ်းတဲ့အချိန်မှာ၊ညနေ၅နာရီအခန့်လို့ဆိုပါတယ်၊
မုဒိန်းကျင့်တဲ့ကောင်ဟာ ထိုင်းလူမျိုးတွေနဲ့၊
အပေါင်းအသင်းလုပ်များတယ်လို့သိရပါတယ်၊
အခင်းဖြစ်ရာနေရာသွားတော့ ၊ ကောင်မလေးရဲ့ အောက်ခံအတွင်းခံဘောင်းဘီတွေ အမှိုက်ပုံမှာ၊လွှင့်ပစ်ထားတယ်၊အဲ့လိုလွှင့်ပစ်ရတဲ့အကြောင်းကချိန်းခြောက်ပြီး လွှံင့်ပစ်ခိုင်းတာလို့၊ကာယကံရှင်အမျိုးသမီးငယ်က
ဝန်ခံထွက်ဆိုပါတယ်၊
သွားရောက်ဖမ်းဆီးတဲ့ ကိုချစ်မင်းတို့ အဖွဲ့ကို မုဒိန်းကောင်ဆိုသူက၊
ခြံအိမ်ထဲပြေးဝင်သွားပါတယ်၊
ထိုင်းလူမျိုး အိမ်ပိုင်ရှင်က ကိုချစ်မင်းတို့အဖွဲ့ကို
ပေးမဝင်စေပဲ၊ အိမ်ခြံကိုသော့ဖွင့်ပြီး ဆိုင်ကယ်မောင်းကာ ထွက်သွားပါတယ်၊
ထိုအိမ်ခြံထဲမှာအုပ်ဆောင်းတွေနဲ့ကြက်တွေမွေးထားပါတယ်၊
ဘေးပတ်ဝန်းကပြောပါတယ်၊
ဒီထဲဝင်ပြေးရင်
ကိုင်းတောတွေလည်းရှိတယ်၊ပြေးပေါက်မရှိဖူးပြောပါတယ်၊
ခြံအမြင့်ကြီးတွေကာရံထားတယ်ပေါ့၊
ကိုချစ်မင်းတို့အဖွဲ့ဟာ
ဝင်ဖမ်းလို့မလွယ်ဖူးဖြစ်နေပါတယ်၊
ထိုနောက်နယ်မြေခံပုလိပ်ကိုဖုန်းဆက်တိုင်ကြားပါတယ်၊မကြာခင်၊ပုလိပ်ကားနဲ့ရဲတွေရောက်လာပါတယ်၊
ရဲတွေရောက်လာတော့၊ ဝင်ဖမ်းလို့မဖြစ်၊ကာယကံရှင်အမျိုးသမီးငယ်ရဲ့စစ်ချက်ရမှာသာ၊ဖမ်းခွင့်ရှိကြောင်းပုလိပ်ကဆိုပါတယ်၊
မုဒိန်းကောင်ရဲ့ဆိုင်ကယ်နဲ့အတူ ဓာတ်ပုံပတ်စပို့သက်သေခံတွေရရှိထားပါတယ်၊
ကိုချစ်မင်းတို့အထောက်အထားတွေစစ်ကြည့်ရာ၊ထိုလူသည်အရင်ကအကြိမ်ကြိမ်မုဒိန်းမှု့ဖြင့်ထောင်ကျခဲ့ကြောင်း၊ကိုင်ဆောင်သောပတ်စပို့မှာ၊သက်တမ်းကုန်နေပြီဖြစ်ကြောင်း၊သိရပြီး၊ဆိုင်ကယ်လိုင်စင်နဲ့၊ထိုလူရဲ့ဓာတ်ပုံတွေကိုချစ်မင်းတို့ရရှိထားပါတယ်၊
ကာယကံရှင် အမျိုးသမီးငယ်က
ဆေးရုံမှာ သွားရောက်စစ်ဆေးမှု့ခံယူနေပါတယ်၊ပြန်မလာသေးပါ၊
ပုလိပ်ကမုဒိန်းကောင်ရဲ့ဆိုင်ကယ်ကိုသိမ်းဆည်းသွားပြီး၊မောင်းထွက်သွားပါတယ်၊မကြာခင် မုဒိန်းကောင်ကို ပုန်းခိုင်းသော အိမ်ပိုင်ရှင်ဆိုင်ကယ်ဖြင့်ရောက်လာပါတယ်၊
သော့ဖွင့်ပြီး ကိုချစ်မင်းတို့အဖွဲကိုဝင်ရှာခိုင်းပါတယ်၊
အုတ်ဆောင်းနဲ့အုတ်ထားတဲ့ကြက်တွေသာ၊တွေ့ပြီး၊
မုဒိန်းကောင်ကိုရှာမတွေ့ခဲ့ပါတယ်၊ကိုင်တောတွေ နွယ်တွေညအမှောင် မီးမလင်းတလင်းရှာပေမဲ့၊ပြေးလမ်းတွေ့ပေမဲ့၊မုဒိန်းကောင် ပျောက်ခြင်းမလှပျောက်သွားပါတယ်၊
ပြေးပေါက်ရှိလျှက်နဲ့ပြေးမပေါက်ရှိဖူးဟု
အနီးပတ်ဝန်းကျင်ရဲ့လိမ်ညာခြင်းဖြစ်ပါတယ်၊
ဒီကောငိ့ကိုနက်ဖြန်မမိမိအောင် ဖမ်းမယ်လို့ဆိုပါတယ်၊

အဲ့ဒီနောက် ကိုချစ်မင်းတို့ tiktokliveကိုအဆုံးသတ်ခဲ့ပါတယ်၊
အကြောင်းစုံသိလိုလျှင်
liveလွှင့်ပိုင်ရှင်၏tiktok အကောင့်လစ်ချပေးထားပါတယ်၊

https://vt.tiktok.com/ZSdB3qVg8/

39.0k Followers, 1203 Following, 405.0k Likes - Watch awesome short videos created by 🙏🙏ချစ်မင်း

သီရိလင်္ကာ 🇱🇰 ဒေဝါလီခံကြေငြာ။ သီရိလင်္ကာအစိုးရသည် ပြင်ပကြွေးမြီများအားလုံးကို ပြန်ဆပ်ရန် ယာယီဆိုင်းငံ့ထားကြောင်း ယမန်နေ့က ထု...
17/04/2022

သီရိလင်္ကာ 🇱🇰 ဒေဝါလီခံကြေငြာ။

သီရိလင်္ကာအစိုးရသည် ပြင်ပကြွေးမြီများအားလုံးကို ပြန်ဆပ်ရန် ယာယီဆိုင်းငံ့ထားကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် သီရိလင်္ကာအစိုးရသည် ပြင်ပနှင့်ပြည်တွင်းရေးထိခိုက်မှုများကြောင့် ညံ့ဖျင်းသောဘဏ္ဍာရေးအခြေအနေကြောင့် ၎င်း၏ကတိကဝတ်ကို ဂုဏ်မပြုနိုင်တော့ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာသည် ၎င်း၏နိုင်ငံရပ်ခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံကို ပျက်ကွက်ကြောင်း ကြေညာပြီးနောက် ဗုဒ္ဓဟူးနေ့တွင် အလွန်လိုအပ်နေသော စားနပ်ရိက္ခာနှင့် လောင်စာဆီများ ပေးဆောင်ရန် အိမ်ငွေများ ပေးပို့ကြရန် နိုင်ငံရပ်ခြားမှ နိုင်ငံသားများအား တိုက်တွန်းခဲ့သည်။

ကျွန်းနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၎င်း၏ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ချုပ်ကိုင်ထားကာ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ပြင်းထန်စွာပြတ်တောက်မှုနှင့် ပုံမှန်မီးပြတ်တောက်မှုတို့ကြောင့် ကျယ်ပြန့်သောအခက်အခဲများကို ဖြစ်စေသည်။

အာဏာပိုင်များသည် ပြင်းထန်သော လူထု၏ ဒေါသကို ကြံ့ကြံ့ခံ ကြံ့ကြံ့ခံပြီး အစိုးရ နုတ်ထွက်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲများကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

©ရိုက်တာ

ဘောင်မဝင်၊ တန်းမဝင် တွေက ဇွတ်ဈေးဗန်းခင်းနေတော့ ပြောချလိုက်ရပါပြီနော် 🤩🙆    Khant Kyaw
16/04/2022

ဘောင်မဝင်၊ တန်းမဝင် တွေက ဇွတ်ဈေးဗန်းခင်းနေတော့ ပြောချလိုက်ရပါပြီနော် 🤩🙆
Khant Kyaw

"သက်ြန်မှာသီချင်းဆိုတာ ငါမှားလား " လို့ မေးခွန်းပြန်ထုတ်လိုက်တဲ့ မင်းခန့်ကျော် သက်ြန်မှာ ပါဝင်ဖျော်ဖြေခဲ့တဲ့အပေါ် သရုပ်ဆေ...
15/04/2022

"သက်ြန်မှာသီချင်းဆိုတာ ငါမှားလား " လို့ မေးခွန်းပြန်ထုတ်လိုက်တဲ့ မင်းခန့်ကျော်

သက်ြန်မှာ ပါဝင်ဖျော်ဖြေခဲ့တဲ့အပေါ် သရုပ်ဆောင်မင်းခန့်ကျော်က အခုလို မေးခွန်းထုတ်လိုက်တာပါ။

"ဘယ်အမေလင်မှမပိုင်ဘူး
မြန်မာလူမျိုးတိုင်းဆိုင်တယ်
သီချင်းသံကြားရင် လူတိုင်းပျော်ချင်တယ်
နှစ်တိုင်းဆိုတယ် သကြားမင်းရှိနေသ၍သက်ြန်ရှိတယ် ငါအခုဆို​နေတာစစ်တပ်
သက်ြန်မှာဆိုတာမဟုတ်ဘူး သိသင့်တယ်နော
သီချင်းဆိုလို့ရတဲ့အနုပညာကြေးနဲ့အလှူလုပ်
မိဘကတော့ ဘုန်းကြီးဝတ်တယ် ငါမှားလာ "



အကြိုနေ့မှာ ပိုးစိုးပက်စက်ကိုအရမ်းစည်တဲ့ရန်ကုန်သင်္ကြန်၂၀၂၂အရင်နှစ်တွေထက်၂ဆလောက်ကိုစည်ကားတယ်၊
13/04/2022

အကြိုနေ့မှာ ပိုးစိုးပက်စက်ကိုအရမ်းစည်တဲ့
ရန်ကုန်သင်္ကြန်၂၀၂၂
အရင်နှစ်တွေထက်၂ဆလောက်ကိုစည်ကားတယ်၊

Sun.10 Apr 20222022 ရန်ကုန်သင်္ကြန်နှင့်မြို့ကြီးများတွင်ဖျော်ဖြေမည့်အနုပညာစာရင်းထွက်ရှိရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များ...
10/04/2022

Sun.10 Apr 2022

2022 ရန်ကုန်သင်္ကြန်နှင့်မြို့ကြီးများတွင်
ဖျော်ဖြေမည့်အနုပညာစာရင်းထွက်ရှိ

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များ
၁။ဂျွန်ဂို
၂။ရှိုင်းအောင်
ာင်၃၊ဗျိုက်
၎။ပြေငြိမ်း
၅။မော့စ်
၆။မိုးဒီ
၇၊ကစ်ကစ်
၈။ဇော်ဝင်းရှိုန်
၉။ဟာသဖျော်ဖြေမှု့အဖြစ်
ဒိန်းဒေါင်တို့အဖွဲ့

၁၀။
အလန်းမြူးဇစ်တေးဂီတအဖွဲ့

ယုန်လေးတို့အဖွဲ

အောက်တွင်ပါဝင်မည့်အနုပညာရှင်များဖော်ပြထားပါသည်၊
၁၁။
စင်တင်ပြဇာတ်ဖျော်ဖြေမှု့အဖြစ်
ကောလိပ်ဂျင်နေဝင်း
ဗိုလ်အောင်ဒင်ပြဇာတ်အစအဆုံးတင်ဆက်မည်ဟုသိရ

တောင်ဒဂုံမြို့နယ်တွင် ဇနီးဟောင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ခဲ့သည့် ကျူးလွန်သူ စိုးကြီး(ခေါ်)စိုးသူရအား အလုပ်ကြမ်းနှင...
08/04/2022

တောင်ဒဂုံမြို့နယ်တွင် ဇနီးဟောင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ခဲ့သည့် ကျူးလွန်သူ စိုးကြီး(ခေါ်)စိုးသူရအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်

Read More - - - >>> https://news-eleven.com/article/228920

■ (Zawgyi ဖြင့်ဖတ်ရန်)

တောင်ဒဂုံမြို့နယ်တွင် ဇနီးဟောင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ခဲ့သည့် ကျူးလွန်သူ စိုးကြီး(ခေါ်)စိုးသူရအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်

Read More - - - >>> https://news-eleven.com/article/228920

Telegram Channel ကို Subscribe လုပ်ရန် - - - -> https://t.me/elevenmediagroup

Viber Community ကို Subscribe လုပ်ရန် - - - -> https://vb.me/elevenmediagroup

နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်ပါဆယ်ဗူးများ လက်မဖွဲ့ရန် မေတ္တာရပ်ခံအေးမြတ်ခိုင်နိရဉ္စရာ၊ ဧပြ...
07/04/2022

နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်ပါဆယ်ဗူးများ လက်မဖွဲ့ရန် မေတ္တာရပ်ခံ

အေးမြတ်ခိုင်
နိရဉ္စရာ၊ ဧပြီ ၇/၂၀၂၂

ရုပ်ရှင်သရုပ်ဆောင်နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်လက်ဖွဲ့များနှင့် ပါဆယ်ဗူးများ လက်မဖွဲ့ကြရန် မေတ္တာရပ်ခံထားသည်ဟု သိရသည်။

နေတိုး(ခ)နေလင်းအောင်နှင့် မသဲစုမြတ်ရွှေ(ခ)သဲသဲတို့၏ မင်္ဂလာဧည့်ခံပွဲကို ဧပြီလ ၁၀ ရက်တွင် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီခွဲအထိ ရန်ကုန်ရှိ ဟိုတယ်တစ်ခု၌ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပမည်ဟု သိရသည်။

"အနာဂတ် ရခိုင်သူ၊ ရခိုင်သားတွေအတုယူကြဖို့ပေါ့။ အမျိုးဂုဏ်ဇာတိဂုဏ်ကိုအဓိကထားပြီး မင်္ဂလာဆောင်တာဟာ ဂုဏ်ယူစရာကောင်းတယ်။ ကိုဗစ်ကာလဆိုပေမယ့်လည်း သူ့ အနေနဲ့ ကြီးကြီးမားမားမင်္ဂလာဆောင်ချင်မှာပေါ့။ အခုလို ဖိတ်ကြားတဲ့အတွက်လည်း ဝမ်းသာပါတယ်"ဟု နေတိုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မင်္ဂလာဧည့်ခံပွဲဖိတ်စာတွင် “ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ဖိတ်စာနှင့်တကွတက်ရောက်ပေးပါရန်နှင့် လက်ဖွဲ့ပစ္စည်းအား ပါကင်ပိတ်ခြင်း၊ ပါဆယ်ဗူးများဖြင့်လက်ဖွဲ့ခြင်းမပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်”ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်ဇာတိ ရုပ်ရှင်သရုပ်ဆောင်နေတိုးသည် မာန်အောင်သူ မသဲစုမြတ်ရွှေနှင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၅ ရက်တွင် မင်္ဂဆောင်လက်မှတ်ရေးထိုးခဲ့သည်။
-------------------------
Zawgyi -

နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်ပါဆယ်ဗူးများ လက်မဖွဲ့ရန် မေတ္တာရပ်ခံ

အေးမြတ်ခိုင်
နိရဉ်စရာ၊ ဧပြီ ၇/၂၀၂၂

ရုပ်ရှင်သရုပ်ဆောင်နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်လက်ဖွဲ့များနှင့် ပါဆယ်ဗူးများ လက်မဖွဲ့ကြရန် မေတ္တာရပ်ခံထားသည်ဟု သိရသည်။

နေတိုး(ခ)နေလင်းအောင်နှင့် မသဲစုမြတ်ရွှေ(ခ)သဲသဲတို့၏ မင်္ဂလာဧည့်ခံပွဲကို ဧပြီလ ၁၀ ရက်တွင် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီခွဲအထိ ရန်ကုန်ရှိ ဟိုတယ်တစ်ခု၌ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပမည်ဟု သိရသည်။

"အနာဂတ် ရခိုင်သူ၊ ရခိုင်သားတွေအတုယူကြဖို့ပေါ့။ အမျိုးဂုဏ်ဇာတိဂုဏ်ကိုအဓိကထားပြီး မင်္ဂလာဆောင်တာဟာ ဂုဏ်ယူစရာကောင်းတယ်။ ကိုဗစ်ကာလဆိုပေမယ့်လည်း သူ့ အနေနဲ့ ကြီးကြီးမားမားမင်္ဂလာဆောင်ချင်မှာပေါ့။ အခုလို ဖိတ်ကြားတဲ့အတွက်လည်း ဝမ်းသာပါတယ်"ဟု နေတိုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မင်္ဂလာဧည့်ခံပွဲဖိတ်စာတွင် ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ဖိတ်စာနှင့်တကွတက်ရောက်ပေးပါရန်နှင့် လက်ဖွဲ့ပစ္စည်းအား ပါကင်ပိတ်ခြင်း၊ ပါဆယ်ဗူးများဖြင့်လက်ဖွဲ့ခြင်းမပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်ဇာတိ ရုပ်ရှင်သရုပ်ဆောင်နေတိုးသည် မာန်အောင်သူ မသဲစုမြတ်ရွှေနှင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၅ ရက်တွင် မင်္ဂဆောင်လက်မှတ်ရေးထိုးခဲ့သည်။

Credit- Narinjara.
Via- Meemee.
Photos - Exposure

ရခိုင်လူမျိုး လှေလုပ်သား 3 လောင်းပြိုင်သေဆုံး******************************ထိုင်းတောင်ပိုင်း ပါတနီမြို့ ငါးမဲလုံး ဝိုင်း...
05/04/2022

ရခိုင်လူမျိုး လှေလုပ်သား 3 လောင်းပြိုင်သေဆုံး
******************************
ထိုင်းတောင်ပိုင်း ပါတနီမြို့ ငါးမဲလုံး ဝိုင်းလှေ
ပင်လယ်ထဲတွင် 10 ရက်ကျော်ခန့် ငါးဖမ်းခဲ့ပြီး ကမ်းသို့အဝင် 31/3/2022 နေ့ ညဖက် အချိန်ကိုးနာရီခန့် လမ်းခရီးတွင် ငါးပါကင်တူးသောအခါတွင် ငါး ဂက်ဖြစ်သောကြောင့် 3 လောင်းပြိုင်
သေဆုံးကြောင်းသိရပါတယ်
ဖြစ်စဉ်မှာ ရေခဲထည့်နည်းပါးခြင်း ဆားကြမ်းထည့် နည်းပါးခြင်းနှင့် လှေထဲ့တွင် စက်ဆရာ
ဖြစ်သူမှ ငါးပုတ်ရေတို့ မစုတ်ထုတ်ခြင်း မဆး
ကြောခြင်းတို့ကြောင့်ရေပုတ်ပြီးဂက်ဖြစ်ကြောင်းသိရပါတယ် အသုဘ အခန်းအနားကို ပါတနီမြို့ ဝပ် လမ်(မ်)နို့ခ် ဘုန်းကြီးကျောင်းတွင်ထားပါတယ် 3/4/2022 နေ့တွင် 2 လောင်း မီးသဂြိုလ်ပြီး 4/4/2022 နေ့တွင် ကျန်ရှိသော တစ်လောင်းကို မီးသဂြိုလ်မည်ဟုသိရပါတယ်
သေဆုံးသူတို့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေညှင်းတောင်ရွာက တစ်ယောက် ဗူးရွက်မညှိုးရွာက တစ်ယောက် တောဗွေ ရွာကတစ်ယောက် ဖြစ်ပါတယ် သေဆုံးသူအမည်မှာ 1.မောင်စံလှ(ခ)ငပြက်ချေ 2. ညီညီ 3 ကျော်ဝင်းမောင် တို့ ဖြစ်ကြောင်းသိရပါတယ် ....
လုပ်ငန်းခွင်အတွင်း သေဆုံးမှုဖြစ်ခြင်း
အကျိုးခံစားခွင့်မှာ လူမှုဖုံလုံရေးဆိုင်ရာ (ပါကန်စမ်ခွမ်) ငွေစုရေးဌာနမှ အသက်အာမခံ
ကြေးငွေ တစ်ဦးလျင်ထိုင်းဘတ်ငွေ တစ်သန်းရှစ်သောင်း ခန့် ကျန်ရစ်သူမိသားစုမှ လာရောက်ထုတ်ယူခွင့်ရှိပါတယ်သို့ဖြစ်၍ ကျန်ရစ်သူမိသားစု သိစေရန်အတွက်လက်ဆင့်ကမ်းအသိပေးကြရန်တိုက်တွန်းအပ်ပါတယ် သေဆုံးသူ 3 ယောက်တို့ရဲ့ ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ဝမ်းနည်းစွာခံစားရပါတယ် ထိုင်းရောက်
မြန်မာလှေလုပ်သားများအား လုပ်ငန်းခွင်အတွင်း အထူးသတိထားပြီးလုပ်ကိုင်ကြရန်အတွက်လည်း တိုက်တွန်းအပ်ပါတယ် ။
Crd...

မြန်မာနိုင်ငံမှာရှိတဲ့ ပတ်စပို့ရုံးတွေရဲ့ လိပ်စာတွေကို နယ်မှာရှိတဲ့သူတွေသိရအောင် ဝေမျှလိုက်ပါတယ်။ ဒါဆို နယ်ကလူတွေ အပင်ပန...
04/04/2022

မြန်မာနိုင်ငံမှာရှိတဲ့ ပတ်စပို့ရုံးတွေရဲ့ လိပ်စာတွေကို နယ်မှာရှိတဲ့သူတွေသိရအောင် ဝေမျှလိုက်ပါတယ်။

ဒါဆို နယ်ကလူတွေ အပင်ပန်းခံပြီး ရန်ကုန်ထိတက်လာစရာ မလိုတော့ပါ

ရန်ကုန် -
ဆရာစံလမ်း နှင့် စက်မှု (၁)လမ်းထောင့်၊ ဗဟန်းမြို့နယ်။

နေပြည်တော် -
ပခ/၄ဝ-၄၁၊ နေပြည်တော်ကောင်စီလမ်း၊
ကံလှရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်။

မန္တလေး -
အကွက် ၄၁၈၊ ၁၂ လမ်း၊ ၆၄ x ၆၆ ကြား၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်။

မကွေးတိုင်း -
ရွာသစ်ပွဲကြိုရပ်ကွက်၊
ဆေးရုံလမ်း အနောက်ဘက်၊ မကွေးမြို့။

ပဲခူးတိုင်း -
အမှတ် (၁၁၁)၊ ဗန္ဓုလလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

ဧရာဝတီတိုင်း -
သစ္စာလမ်း၊ (၅)ရပ်ကွက်၊ ပုသိမ်မြို့။

စစ်ကိုင်းတိုင်း -
ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။

တနသာင်္ရီတိုင်း -
သစ်တောရုံးလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။

မွန်ပြည်နယ် -
အရာတော်လမ်း၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့။

ရခိုင်ပြည်နယ် -
လေဆိပ်လမ်း၊ စစ်တွေမြို့။

ကချင်ပြည်နယ် -
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့။

ချင်းပြည်နယ် -
ပြည်နယ်မီးသတ်ရုံးလမ်း၊ ဈေးသစ်ရပ်ကွက်၊ ဟားခါးမြို့။

ကယားပြည်နယ် -
ဆေးရုံလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။

ကရင်ပြည်နယ် -
သီရိလမ်း နှင့် အ.ထ.က (၄) ကျောင်းလမ်းထောင့်၊ (၄)ရပ်ကွက်၊ ဘားအံမြို့။

မြဝတီမြို့ -
ရန်ကင်းလမ်းသွယ်၊ (၄)ရပ်ကွက်၊ မြဝတီမြို့။

ကော့သောင်းမြို့ -
အမှတ် (၉ဝ)၊ ဗိုလ်ချုပ်လမ်း၊
အောင်သုခရပ်ကွက်၊ ကော့သောင်း။

တာချီလိတ်မြို့ -
အမှတ် (၁/ ၁၅၆)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်။

ရှမ်း/တောင် (တောင်ကြီး) -
အမှတ် (၂၉၁)၊ ဗိုလ်ချုပ်လမ်း၊
မြို့မရပ်ကွက်၊ တောင်ကြီးမြို့။

ရှမ်း/မြောက် (လာရှိုး) -
ရုံးကြီးလမ်း၊ နယ်မြေ (၇)၊ (၁)ရပ်ကွက်၊ လားရှိုးမြို့။

ရှမ်း/အရှေ့ (ကျိုင်းတုံ) -
တောင်ကြီးလမ်း၊ (၅) ရပ်ကွက်၊ ကျိုင်းတုံမြို့။

အဆင်ပြေကြပါစေ...

#အစ်ဆာရာ
အစ်ဆာရာ #. Crd. #

Address


Website

Alerts

Be the first to know and let us send you an email when CHIT MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CHIT MEDIA:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share