Night Owl-မြန်မာစာတန်းထိုးဇာတ်ကား

  • Home
  • Night Owl-မြန်မာစာတန်းထိုးဇာတ်ကား

Night Owl-မြန်မာစာတန်းထိုးဇာတ်ကား မြန်မာစာတန်းထိုးဇာတ်ကားကောင်းများကိုအခမဲ့ကြည့်နိုင်ပါပြီ

Babylon (2022) IMDb – 7.6/10La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobe...
02/02/2023

Babylon (2022) IMDb – 7.6/10

La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobey Maguire တိုလို နာမည်ကျော် cast တွေကိုသုံးထားသလို Diego Calva လို နာမည်မရှိသေးတဲ့ မင်းသားကိုပါ တွဲဖက်သုံးပေးထားပါတယ်။ လာမယ့်အော်စကာအတွက် Best Original Score, Best Production Design နဲ့ Best Costume Design ဆုတိုအတွက် ၃နေရာ ဆန်ခါတင် ဝင်ထားပါတယ်။ဇာတ်လမ်းကတော့ ၁၉၂၀နှောင်းပိုင်းက ဟောလိဝုဒ်ရဲ့ အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေဆီ အကူးအပြောင်းကာလမှာ ဟောလိဝုဒ်ရဲ့ ရွှေခေတ်တုန်းဆီမှာ ဇာတ်အိမ်တည်ထားပါတယ်။ အကြောင်းအရာကတော့ အဲဒီဟောလိဝုဒ်ရွှေခေတ်တုန်းက အသံတိတ်ကနေ အသံထွက်အကူးအပြောင်းမှာရော လောကကြီးရဲ့တခြားဖြစ်မြဲ အကူးအပြောင်းတွေမှာပါ အောင်မြင်ခဲ့ ကျရှုးခဲ့ကြတဲ့ ရုပ်ရှင်လောကသားတွေ သရုပ်ဆောင်တွေ သူတိုအိပ်မက်တွေအကြောင်းပါ။ ဇာတ်ကတော့ ဘတ်ဂျက်နိုင်နိုင်နဲ့ ဟောလိဝုဒ်ရွှေခေတ်တစ်ခါကို Epic Film တစ်ကားလို ခင်းကျင်းထားတယ်။ ဒါပေမဲ့ သူ့ ဟောလိဝုဒ်ရွှေခေတ်ကို ပြပုံက တာရန်တီနိုရဲ့ Once Upon A Time In Hollywood ပုံစံမျိုးသွားတယ်။ နည်းနည်းတောင် ပိုဂကြောင်နိုင်မလားပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဒရာမာတွေမှာ လွှမ်းမိုးမှုကြီးတဲ့ အထင်ကရရုပ်ရှင် Citizen Kane ဆန်ဆန် အငွေ့အသက်မျိုး ပြန်လွှမ်းထားတယ်။ ပြောရရင် ဒီကားက ကြောင်လည်းကြောင်တယ် ဒရာမာလည်းအားကောင်းတယ်။ဘရက်ပစ်ကတော့ ဘရက်ပစ်နဲ့တူအောင်ပဲ သရုပ်ဆောင်သွားသလို မားဂေါ့ကလည်း မားဂေါ့နဲ့ပဲ တူအောင် သရုပ်ဆောင်သွားတယ်။ ကျွန်တော်တိုမြင်နေကျ သူတိုပုံစံတွေပဲ အများကြီး ထူးကဲသွားခြင်းမျိုးတော့ မရှိဘူး။ ဒါပေမဲ့လည်း အရင်လိုပဲ ကြည့်တော့ကောင်းဆဲပါပဲ။ မားဂေါ့ဟာလည်း ဆက်စီကျကျနဲ့ လှဆဲပါပဲ။ ထူးတာက Tobey Maguire… ဒီထဲကလို ဇာတ်ရုပ်မျိုး သိသလောက် သူသရုပ်မဆောင်ဖူးဘူး။ သူ့ကို ဒီကားရဲ့ မထင်မှတ်ထားဆုံးနေရာမှာ တွေ့လိုက်ရတယ်လိုတောင်ပြောရမယ်။ နောက် ဒီကားရဲ့ တကယ့်မင်းသားလိုပြောရမယ့် Diego Calva, သူလည်း သူ့ဇာတ်ရုပ်နဲ့လိုက်ဖက်တယ်ပြောရမှာပဲ။ စတားတွေကြား စတားမဟုတ်ပေမဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ဘဲပေါ့။ Jean Smart လို ဝါရင့် မင်းသမီးကြီးလည်း အဆစ်ပါသေးတယ်။
Epic Film ပီသစွာပဲ ခမ်းခမ်းနားနား ပုံဖော်သွားတာကြောင့်ရော အပုပ်အစပ်တွေရောနေတဲ့ ဟောလိဝုဒ်ရဲ့လှပတဲ့ရွှေခေတ်ကို ပုံဖော်ထားတာကြောင့်ရော ဒီရုပ်ရှင်ဟာ ခမ်းနားတယ်။ ရုပ်ရှင်သမိုင်းရဲ့ နာမည်အကြီးဆုံး ကားမှန်သမျှနီးပါးကို Homage ပေးသွားတယ်။ ကူးဘရစ် အင်ဂမာဘာ့ခ်မန်း ချာလီချက်ပလင် Singing in the Rain, The Wizard of Oz, A Trip to the Moon, ဘူတာရုံမှာ ရထားဆိုက်တဲ့ ပထမဆုံးရုပ်ရှင် စစသဖြင့် အစုံပါပဲ။ ဒါပေမဲ့ ဒီဇာတ်အိမ်ကာလကတော့ ဒီရုပ်ရှင်တွေထဲကအများစုထက်ရှေးကျပါတယ်။ ရုပ်ရှင်ရဲ့ပြောင်းလဲမှု အဆင့်ဆင့်ကို ပြသွားခဲ့တယ်လို ပြောလည်းရတာပါပဲ။ ဇာတ်ကောင်တွေဟာ တကယ့်လူတွေမဟုတ်ပေမဲ့ တကယ်ရှိခဲ့တဲ့လူတွေကနေပဲ အခြေခံပြီး ဖန်တီးထားတာပါ။ ဘရက်ပစ်ရဲ့ဇာတ်ကောင်ဆို John Gilbert လိုခေါ်တဲ့ အဲဒီခေတ်ကာလက မင်းသားကြီးကိုပဲ အခြေခံပြီး တည်ဆောက်ထားတာဖြစ်သလို တကယ့်သမိုင်းထဲမှာပဲ အခြေတည်ပြီး ဖန်တီးထားတဲ့ ဇာတ်အိမ်လည်းဟုတ်တယ်။ မားဂေါ့နေရာမှာ အစက အမ်မာစတုန်းကို မင်းသမီးကြီး Clara Bow ကို အခြေခံထားတဲ့ ဇာတ်ကောင်နဲ့ထည့်ဖိုလုပ်ထားပေမဲ့ မားဂေါ့နဲ့ လူစားလဲလိုက်တဲ့အခါမှာတော့ ဒီဇာတ်ကောင်ဟာ ဖစ်ရှင်ဇာတ်ကောင်ဘက်ကိုပဲ ပိုရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်လီဇာတ်ကောင်ကတော့ Clara Bow ကို အခြေခံထားတဲ့ဇာတ်ကောင်ပါပဲ။ဒီဇာတ်ဟာ ၃နာရီလောက် တမေ့တမောကြည့်ရမယ့် ဇာတ်ပေမဲ့ လေးကန်ခြင်းအလျဉ်းမရှိဘဲ သွက်သွက်လက်လက်နဲ့ကို တင်ဆက်သွားပါတယ်။ ဆိုတော့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရယ်လည်းရယ်ရ၊ ဒရာမာတွေလည်း ခံစားရ၊ မိသားစုနဲ့လည်း အတူမကြည့်ရမယ့် ဟောလိဝုဒ်ရဲ့ ရွှေခေတ်အကြောင်း နောက်ထပ်ကားကောင်းတစ်ကား ထွက်လာတယ်လို ဆိုလိုရပါတယ်။
ဇာတ်ကားကြည့်ရန်- https://t.me/nightowlmm/258


A Muse(2012) +16ဒီတစ်ခါတော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ A Muse ဆိုတဲ့တောင်ကိုရီးယားကားလေးကို တင်ဆက်ပေးလိုက်ပါတယ်စာရေးဆရာ Par...
20/01/2023

A Muse(2012) +16

ဒီတစ်ခါတော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ A Muse ဆိုတဲ့တောင်ကိုရီးယားကားလေးကို တင်ဆက်ပေးလိုက်ပါတယ်စာရေးဆရာ Park Bum-shin ရဲ့ Eun-gyo ဆိုတဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ဒါရိုက်တာ Ji-woo Jung ကရိုက်ကူးထားတာပါ

အဓိက သရုပ်ဆောင်တွေ အနေနဲ့တော့ Park Hae-il, Kim Mu-yeol နဲ့ Goblin ကားရဲ့ မင်းသမီးလေး Kim Go-eun တိုက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းလေးကတော့ အသက် ၇၀ အရွယ် ကဗျာဆရာအိုကြီးရဲ့ အချစ်ဇာတ်လမ်းလေးပါသူ့မှာ အသက် ၃၀ အရွယ် သူ့အချစ်ဆုံးသဘောအကျရဆုံး တပည့်တစ်ယောက်ရှိပါတယ်
တစ်နေ့မှာ ကဗျာဆရာကြီးဟာ မမျှော်လင့်ဘဲ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူလေးနဲ့ ချစ်မိသွားပြီး သူ့အကြောင်းကို ဝတ္ထုတိုလေးရေးဖို စိတ်အားထက်သန်နေပါတယ်သူ့တပည့်က မနာလိုဖြစ်ပါတော့တယ်ဒီလိုနဲ့ သူတိုနှစ်ယောက်ရဲ့ဘဝထဲကို အထက်တန်းကျောင်းသူလေး ဝင်ရောက်လာချိန်မှာ သူတိုရဲ့စိတ်တွေ လိင်အာသီသတွေဟာ နိုးကြားလာခဲ့ရာက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦး(18+ အခန်းအချို.ပါဝင်တာကြောင့်မိသားစုနဲ့အတူကြည့်ဖိုမသင့်တော်ပါဘူး)
ဇာတ်ကားကြည့်ရန်Link -https://t.me/nightowlmm/237


Weak Hero Class (၂၀၂၂)အရမ်းကောင်းတဲ့ကျောင်းသားဖိုက်တာကားလေးပါအားနည်းတဲ့သူက အရှုး  ပေးရတဲ့   လောကကြီးဆို ပေမယ့် အဲဒါလည်း ...
18/01/2023

Weak Hero Class (၂၀၂၂)
အရမ်းကောင်းတဲ့ကျောင်းသားဖိုက်တာကားလေးပါ
အားနည်းတဲ့သူက အရှုး ပေးရတဲ့ လောကကြီးဆို ပေမယ့် အဲဒါလည်း အမြဲမမှန်ပါဘူးအမြဲတမ်း တစ် ကျောင်းလုံး အဆင့် ၁ ရ နေကျယွန်းရှီအွန်းဟာ သက်လုံပိုင်း ရော ကိုယ်ကာယပိုင်းမှာပါ အားနည်းလို အနိုင်ကျင့်ချင်စရာ လေးဖြစ် နေပါတယ်
ဒါ ပေမဲ့ ယွန်းရှီအွန်းဟာ သူ့ရဲ့ထက်မြက်မှု တွေ ဖြတ်ထိုးဥာဏ် တွေနဲ့ ကျောင်းတွင်းမှာ ရော ကျောင်းပြင်မှာ ရော ဆရာတစ်ဆူဖြစ် အောင်လုပ်သွားမှာပါ
ဒီဇာတ်လမ်းဟာ Webtoon ကိုပြန်ရိုက်ထားတာဖြစ်ပြီး Wanna One ရဲ့အဖွဲဝင် ဟောင်း Flower boy Park Ji Hoon က ရှီအွန်းအဖြစ် ပါဝင်သွားမှာဖြစ်ပြီး ၈ ပိုင်းပါဝင်သွားမှာပါ ။
ဇာတ်ကားကြည့်ရန်Link-https://t.me/nightowlmm
တိုက်ရိုက်Link--
ep1 https://t.me/nightowlmm/220
ep2 https://t.me/nightowlmm/221
ep3 https://t.me/nightowlmm/222
ep4 https://t.me/nightowlmm/223
ep5 https://t.me/nightowlmm/224
ep6 https://t.me/nightowlmm/225
ep7 https://t.me/nightowlmm/226
ep8 https://t.me/nightowlmm/227


Synopsis of The Last of Us(2023)(9.2/10)ဂိမ်းလောကထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီးဆုပေါင်းများစွာ ရရှိထားတဲ့ The ...
16/01/2023

Synopsis of The Last of Us(2023)(9.2/10)

ဂိမ်းလောကထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီး

ဆုပေါင်းများစွာ ရရှိထားတဲ့ The Last of Us action ဂိမ်းကို

စီးရီးအနေနဲ့ တင်ဆက်လာပါပြီ။

တစ်ပတ်တစ်ပိုင်းနဲ့ ၉ ပိုင်း အပတ်စဉ် ထွက်ပါလိမ့်မယ်။ ပထမဆုံး

အပိုင်းကတော့ Imdb 9.8 နဲ့ တာထွက်ကောင်းနေပါပြီ။ မင်သားကလည်း

Game of Thrones, Mandalorian, Kingsmen ကားတွေထဲက

Pedro Pascal ပါပဲ။ မင်းသမီးကလည်း Game of Thrones ထဲမှာ

အားလုံးချစ်ကြတဲ့ လေဒီ လာယာနာမော်မွန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့

Bella Ramsey ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့

ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာ

အခြေပြုထားပါတယ်။ နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့က

စစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။

ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။

သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း

တိုက်ခိုက်နေပါတယ်။ ဂျိုအယ်ကတော့ ဘော့စ်တွန် သီးသန့်နယ်မြေထဲက

မှောင်ခိုသမားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ညီကိုရှာဖို့

ခိုးထွက်ဖို့ကြိုးစားချိန်မှာ ပိုးစုန်းကြူးတော်လှန်ရေးအဖွဲ့ကလည်း

ဗရိုနီကာဆိုတဲ့ ကလေးမလေးကို အရမ်းအရေးကြီးတဲ့အကြောင်း

တစ်ခုနဲ့ ကယ်ထုတ်ဖို့ ကြိုးစားနေပါပြီ။ ဂျိုအယ်နဲ့ ပိုးစုန်းကြူးအဖွဲ့

တွေ့ပြီး ဗရိုနီကာနဲ့ဘယ်လိုစွန့်စားခန်းတွေ ဖွင့်မလဲဆိုတာကို…..

ဇာတ်ကားကြည့်ရန်တိုက်ရိုက်Link 👇👇👇
Ep(1) https://t.me/nightowlmm/218
Ep(2) https://t.me/nightowlmm/255
Ep(3) https://t.me/nightowlmm/259
EP(4)
EP(5)
EP(6)
EP(7)
EP(8)
EP(9)

Gangnam Zombie (2023)Ji II Jooနဲ့ Park Ji-yeon တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ Gangnam Zombie လေးရပါပြီ။ Ji-yeonလေး ၇ နှစ...
14/01/2023

Gangnam Zombie (2023)Ji II Jooနဲ့ Park Ji-yeon တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ Gangnam Zombie လေးရပါပြီ။ Ji-yeonလေး ၇ နှစ်အကြာမှ ပထမဆုံးပြန်ရိုက်တဲ့ ကားလေးဖြစ်ပြီးတော့ Ji-yeon ပုံစံလေးအတိုင်း ခပ်ချေချေ စတိုင်လေးကို ပြန်တွေ့ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း …ကိုရိုနာအပြီး အကုန် ပြန်အဆင်ပြေ‌ဖို့ လူတွေက မျှော်လင့်နေကြတဲ့အချိန်‌ ဆိုးလ်မြို့ရဲ့ ဂန်းနမ်ခရိုင်မှာ မြို့သူမြို့သားတွေက ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာ‌တွေကို စတင်ခံစားလာရတယ်။အဲဒီကနေ လူတွေက မကောင်းဆိုးဝါး ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပြီး ဘယ်လိုတွေ ကြုံတွေ့ရင်ဆိုင်ကြရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်‌ကြည့်ရှုလိုက်ကြစို့နော်။
ဇာတ်ကားကြည့်ရန်တိုက်ရိုက်Link- https://t.me/nightowlmm/211

Tollywood ကကားကိုBollywoodကပြန်ပြီး ရိုက်ရလောက်တဲ့ထိကောင်းလွန်းတဲ့ Vikram Vedha ၂၀၁၇ကားကိုပြန်sharingလုပ်ပေးလိုက်ပါတယ်ခင...
08/01/2023

Tollywood ကကားကိုBollywoodကပြန်ပြီး ရိုက်ရလောက်တဲ့ထိကောင်းလွန်းတဲ့ Vikram Vedha ၂၀၁၇ကားကိုပြန်sharingလုပ်ပေးလိုက်ပါတယ်ခင်ဗျ
မကြာခင်မှာ Bollywoodကရိုက်ထားတဲ့နာမည်ကြီးလက်ပွားမင်းသားသရုပ်ဆောင်ထားတဲ့ Vikram Vedha (2022)လဲထွက်လိုရပါတော့မယ်
မူရင်းလေးကိုအရင်ခံစားကြည့်နိုင်ဖိုတင်ပေးလိုက်ပါတယ်ဗျ

Vikram Vedha (2017)IMDB 9.0/10

ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ
ဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို အားအားနေကနေတို ဒါတွေပဲ ဖြစ်မှာပါလို ထင်ထားမိတာ
အမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလိုတောင် မထင်ရက်ဘူး
ဒီကားကို Bollywood က Reboot ပြန်ရိုက်ဖိုအထိ မျှော်လင့်မိတယ်ဗျာ
ကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့
ဒေါင်းရကျိုးနပ်စေရမည်ဗျာ့ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ
ဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ်ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး
လူဆိုးလူမိုက်ကိုလည်း ကျွန်တော်တိုဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာ
မိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုမဲ့ထားပြီး ငါလူဆိုးပါဆိုတာ နဖူးမှာစာရေးထားသလို ဖြစ်နေအောင် လုပ်ထားမယ်လို မျှော်လင့်ထားတာ
အိန္ဒိယ ဒါရိုက်တာတွေညံ့ချက် လူမိုက်ရဲ့ ငယ်ဘဝတွေ ညီအစ်ကို သံယောဇဉ်တွေနဲ့ လူမိုက်မှာလည်း ဘဝရှိကြောင်းကို အချိန်ကုန်ခံတင်ဆက်ပေးထားသေးတယ် ?
နောက်ဆုံး အကြိုက်တွေ့မိတဲ့ စကားလုံးလေးတစ်ခုလည်း ပြောသွားသေးတယ်ဗျ” ဘဝဆိုတာ ငရဲထဲက ဟာသ တစ်ခု မဟုတ်လား “ဇာတ်လမ်းလေး နည်းနည်း ညွှန်းရအောင်Vikram – ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို အခွှင့်ရေးရရက်တောင် Encoder ဆိုပြီး အသေတွယ်တဲ့ရဲငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက်ရဲဆိုတာ လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ်လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်ကVedha – လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစားကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစားတခြား မှောင်ခိုကောင်တွေက ကလေးတွေကို အသုံးချပြီး ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာကို မကြိုက်ဘူး အမြဲတန်း ပြသနာတတ်ရတဲ့ လက်မရွံလူစား (စကားလုံးနဲ့ မပြောဘူး လုပ်ရပ်နဲ့ပြသွားတယ် ? )အဲ့ဒီလို ဗီဒဟ် ဘယ်ရဲမှ သူ့ကို ဖမ်းဖိုမပြောနဲ့ အနံ့တောင် ခံလို မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ်
ဘာကြောင့်ပါလဲ့Vikram နောက်ဆုံး စီနင်းမှုမှာ ပစ်သတ်လိုက်တဲ့ အထဲမှာ သူ့ညီပါသွားလိုပဲ
ဒုစရိုက်မှုတွေနဲ့ ဝေးဝေးမှာနေတဲ့ Vedha ရဲ့ညီ ဘာကြောင့် လူမိုက်တွေကြားထဲ အသတ်ခံလိုက်ရတာလဲ
ဘာကြောင့် သူရှိတဲ့နေရာကို ရဲတွေသိသွားတာလဲ့Vikram နဲ့ Vedha တို ထိပ်တိုက်တွေ့မှုက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့” ကျူးလွန်တဲ့သူကို အပစ်ပေးမလား့ စေခိုင်းတဲ့သူကို အပစ်ပေးမလား “ #ဇာတ်ဝင်တေး အကြွကြီးကလည်း အားရစရာပါပဲ
ဇာတ်ကားကြည့်ရန်တိုက်ရိုက်Link-https://t.me/nightowlmm/194
2022ထွက်ကားကိုတော့အကြည်ရမှာပဲတင်ပေးပါတော့မယ်


The Menu (2022)~ IMDb – 7.5/10 RT – 89%, Meta – 71% ~ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတေ...
05/01/2023

The Menu (2022)~ IMDb – 7.5/10
RT – 89%, Meta – 71% ~
ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို ဂရန်းဘူဒါပက်စ်ဟိုတယ်တိုလို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တိုရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တိုလည်းပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~လူတစ်ယောက်ကို ဒေါ်လာ ၁၂၅၀ ပေးရတဲ့ ကျွန်းတစ်ကျွန်းပေါ်က ဈေးအရမ်းကြီးတဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ခုရှိပါတယ်။ လှေနဲ့သီးသန့်သွားရပြီး တစ်ညလုံး ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းတဲ့ဆိုင်မျိုးဖြစ်ပါတယ်။ အဲဒီစားသောက်ဆိုင်ရဲ့ အထူးည တစ်ညမှာတော့ ဧည့်သည်မျိုးစုံရောက်ရှိလာပါတယ်။ ဝေဖန်ရေးသမား၊ ရုပ်ရှင်မင်းသား၊ သူဌေးတွေ စသဖြင့်ပါပဲ။ ဒါပေမဲ့ သူတိုတွေကို ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းရင်းနဲ့ စားဖိုမှူးကြီးက ပုံပြင်တွေပြောပြသွားတဲ့အပြင် အသတ်အဖြတ် အကြမ်းပတမ်းတွေနဲ့ ကြောက်စရာတွေပါ ဖြစ်လာတဲ့အခါ…
Dark Comedy ပီပီ လူသတ်ရတဲ့ အကြောင်းရင်းတွေကလည်း နက်နက်နဲနဲစဉ်းစားချင်စရာကောင်းသလို ရယ်ရခက်ငိုရခက်လည်းဖြစ်နေပါသေးတယ်။ အတော်လေးကိုခံစားလိုကောင်းတဲ့ရုပ်ရှင်ဖြစ်ပြီး Rating ကလည်း 7 ကျော်နေပြီမို မလွတ်တမ်း အားပေးလိုက်ကြပါဦး။
ဇာတ်ကားကြည့်ရန်တိုက်ရိုက်Link - https://t.me/nightowlmm/167
တခြားနိုင်ငံခြားဇာတ်ကားကောင်းများကိုလဲအခမဲ့ကြည့်နိုင်ပါပြီ
Telegram link - https://t.me/nightowlmm


Island(2022) ဒီစီးရီးက မထွက်ခင်ကတည်းက တော်တော်ဟိုက်နေတဲ့အထဲပါတယ်…နတ်ဆိုးတွေ စူပါပါဝါတွေအပြင် ခပ်ဆန်းဆန်း ဇာတ်အိမ်နဲ့ပါဝင...
02/01/2023

Island(2022)

ဒီစီးရီးက မထွက်ခင်ကတည်းက တော်တော်ဟိုက်နေတဲ့အထဲပါတယ်…

နတ်ဆိုးတွေ စူပါပါဝါတွေအပြင် ခပ်ဆန်းဆန်း ဇာတ်အိမ်နဲ့

ပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ဆိုလည်းမမှားပါဘူး…

ဇာတ်လမ်းတွဲက ခေါင်းစဉ်အတိုင်း ကျွန်းတစ်ကျွန်းကိုအခြေခံထားပါတယ်..

ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖိုခက်ခဲတဲ့

ဖြစ်ရပ်ဆန်းတွေရှိတယ်…

အားလုံးတိမ်ကောနေပြီလိုထင်ထားတဲ့ နတ်ဆိုးတွေကို

လူတစ်စုဟာ မတော်တဆ သွားနှိးလိုက်သလိုဖြစ်သွားပြီးတဲ့နောက်မှာတော့..

နတ်ဆိုးတွေပြန်လည်ရှင်သန်နိုးထလာခဲ့တယ်..

အဲ့ဒီနောက်မှာတော့ လူသားတွေကို သိမ်းပိုက်ဖိုနဲ့

နတ်ဆိုးတွေလောကကြီးကိုအုပ်စိုးဖို ဘာမဆိုလုပ်ဖိုဖြစ်လာတဲ့အခါမှာတော့…

စွမ်းအားရှင်တွေ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့…

Episodes 1: https://t.me/nightowlmm/151

Episodes 2: https://t.me/nightowlmm/152

Episodes 3: https://t.me/nightowlmm/173

Episodes 4: https://t.me/nightowlmm/174

Episodes 5: https://t.me/nightowlmm/206

Episodes 6:https://t.me/nightowlmm/207

Drishyam 2 (2022)IMDb-8.6/10ကဲ တောင်းဆိုနေတဲ့ Drishyam 2ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တ...
30/12/2022

Drishyam 2 (2022)IMDb-8.6/10

ကဲ တောင်းဆိုနေတဲ့ Drishyam 2
ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ
ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ
ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး
အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါဇာတ်လမ်းအညွှန်းကတော့Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ
ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတိုဖြစ်ရပ်ကို ပြန်ရိုက်ဖိုအတွက်
အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်
သိုပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး
သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး
လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ
အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ်
သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖိုအတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ
ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ
ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား
ကြည့်ရှူခံစားကြည့်ပါဦး
ဇာတ်ကားကြည့်ရန်Link - https://t.me/nightowlmm

IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ်ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထာ...
28/12/2022

IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ်ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။
စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီးအဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။8.8 millions သုံးခဲ့ပြီး box office မှာတော့38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။16+,18+,21+ အမျိုးမျိုး သတ်မှတ်ကြပေမယ့်ကိုယ့်အတွက်တော့ 18+ လောက်ပါပဲ။သိမ်မွေ့တယ်ပေါ့။လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့လူလိမ်မိသားစုက ကောင်မလေးကိုအိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။Hideko ဟာ ဂေးရှားမယ် တစ်ယောက်လို ပုံသွင်းခံထားရတဲ့သူ။လိင်အာသီသတွေ တလှိုက်လှိုက်တစ်လွှာချင်းပွင့်ထွက်လာဖို့ ဖျော်ဖြေပေးရတဲ့ Entertainer .. ။တစ်ခုပဲ … သူ ဘာကိုမှ ဖော်ချွတ်နေစရာ မလိုအပ်ဘဲရှေးဟောင်းစာအုပ်တွေကို ဖတ်ပြရုံပဲ။သူ့ကို ထိန်းချုပ်ထားခဲ့တာက သူ့ ဦးလေး။သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ဖြူဖြူနွဲနွဲ့ Hideko ရဲ့အတွင်းစိတ်…သူတကယ်ရော သူ့အပြင်ပုံပန်းသဏ္ဍာန်ကလေးလို သူ့စိတ်၊ သူ့နှလုံးသားကလီလီပန်းပွင့်ကလေးနဲ့ တူရဲ့လား။Sook Hee ကရော မြို့စားမင်းကို လက်ထပ်ချင်လာအောင်တကယ်ပဲ သိမ်းသွင်းနိုင်ခဲ့ပါ့မလား။ချစ်ခြင်းမေတ္တာနဲ့ လိင်စိတ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးမှာပဲသီးသန့်ဖြစ်တည်နိုင်တာလား။မိန်းကလေးချင်းရော ချစ်လို့မရဘူးလား။သူတို့နှစ်ယောက်ကို ခွဲမယ့် Hideko ဦးလေးနဲ့ Fujiwara လက်ကရောသူတို့ လွတ်ပါ့မလား။အလိမ်အညာနဲ့ တည်ဆောက်ထားတဲ့၊ တည်ဆောက်တော့မယ့်ဘဝထဲကနေ မာယာနဲ့ ဘယ်လိုပြန်ရုန်းထွက်မလဲ။Lesbian ဇာတ်ဝင်ခန်းတွေ၊ B**m ဆန်ဆန် အခန်းတစ်ချို့နဲ့ စိတ်ဝင်စားစရာကောင်းလောက်အောင် တည်ဆောက်ထားတဲ့ဒီဇာတ်လမ်းဟာ IMDb rating 8.1 ရနေတာဟာအဆန်းတော့ မဟုတ်ဘူး။ မိန်းမမာယာဆိုတာ ‌သွားရှုပ်လို့တော့ မရဘူးပဲ…
ဇာတ်ကားကြည့်ရန်တိုက်ရိုက်Link - https://t.me/nightowlmm/130
တခြားဇာတ်ကားတွေအခမဲ့ကြည့်နိုင်ရန်အတွက် Telegram Channelကို
joinထားနိုင်ပါပြီဗျ
https://t.me/nightowlmm

ကဲ 2019 တုန်းက နာမည်အရမ်းကြီးခဲ့တဲ့ Knives Out ရဲ့ ဒုတိယရုပ်ရှင်ထွက်လာပါပြီ။Glass Onion ဆိုတဲ့နာမည်ကတော့ ကမ္ဘာကျော် Beat...
24/12/2022

ကဲ 2019 တုန်းက နာမည်အရမ်းကြီးခဲ့တဲ့ Knives Out ရဲ့ ဒုတိယရုပ်ရှင်ထွက်လာပါပြီ။
Glass Onion ဆိုတဲ့နာမည်ကတော့ ကမ္ဘာကျော် Beatles အဖွဲရဲ့ သီချင်းကို ကိုးကားထားတာပါပဲ။
ပထမကားနဲ့မစပ်ဆက်ဘဲ သီးသန့်အမှုတစ်ခု ကြည့်ရမှာပါ။ မင်းသားကတော့
ဂျိမ်းစ်ဘွန်း မင်းသားကြီး ဒန်နီရယ်ခရိတ်ပဲ စုံထောက်ကြီး Benoit Blanc ဘန်ဝါး ဘလန့် အနေနဲ့
ပြန်ပါလာတာပါ။ ဒီတစ်ကားမှာလည်း အရင်ကားလိုပဲ နာမည်ကြီးတွေ အပြည့်ပါပါတယ်။
Fight Club မင်းသားကြီး Edward Norton၊ Hidden Figure ထဲက
Janelle Monáe၊ Dave Bautista၊ အက်မင့်ဆော် Jessica Henwick၊ Ethan Hawke တိုအစုံပါပဲ။
ကိုဗစ်ကာလမှာရိုက်ထားတာမို အစပိုင်းမှာ Maskတွေ တပ်ဆင်ထားတာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကားပီပီအများကြီးမပြောတော့ပါဘူး။
ဘီလီယံနာတစ်ယောက်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ အမတ်၊ မော်ဒယ်၊ ယူကျုဆယ်လီ၊ သိပ္ပံပညာရှင် စတဲ့လူစုံကို
အားလပ်ရက်မှာ သူ့ရဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်ကို ဖိတ်လိုက်ပါတယ်။
စားသောက်အနားယူရင်း လူသတ်ပဟေဠိဖော်တမ်းကစားဖိုပေါ့လေ၊ အဲဒီအတွက်
နာမည်ကျော်စုံထောက်ကြီး ဘန်ဝါး ဘလန့်လည်း ဖိတ်ခေါ်ခံလိုက်ရပါတယ်။
အဲဒီကျွန်းပေါ်မှာ ဘယ်သူတွေသေပြီး အမှုတွေဘယ်လိုလိုက်ကြမလဲဆိုတာကိုတော့
ဆက်ကြည့်ရမှာပါပဲ။ ပထမကားလိုပဲ ဟာသတွေ ဉာဏ်စမ်းတွေအပြည့်ပါတာမို ကြိုက်ကြမှာပါ။
တော်တော်ကောင်းတဲ့ကားလေးမို ၂၀၁၉နဲ့၂၀၂၂ထွက်ကားနှစ်ကားလုံးကိုတင်ပေးထားပါတယ်ခင်ဗျာ

ဇာတ်ကားကြည့်ရန်တိုက်ရိုက် Link -
(1) https://t.me/nightowlmm/119
(2)https://t.me/nightowlmm/120
တခြားမြန်မာစာတန်းထိုးဇာတ်ကားများကိုမန်ဘာကြေးပေးစရာမလိုပဲ
အခမဲ့တိုက်ရိုက်ကြည့်နိုင်ပါပြီ Telegram link- https://t.me/nightowlmm

Dead Snow တို Hansel & Gretel: Witch Hunters တိုလို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာ...
22/12/2022

Dead Snow တို Hansel & Gretel: Witch Hunters တိုလို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားကတော့ Stranger Things မှာ အားလုံးချစ်တဲ့ ရဲမှူးကြီး David Harbour ပါပဲ။ ရုပ်ရှင်ကတော့ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး အသတ်အဖြတ်တွေ ကြမ်းတာကိုတော့ သတိပေးထားချင်ပါတယ်။ဇာတ်လမ်းအကျဉ်းဆန်တာကလောက်ဟာ ဆန်တာမဖြစ်ခင်က အတိုက်အခိုက်အသတ်အဖြတ်ကြမ်းတဲ့ စစ်သည်တော်ကြီးဖြစ်ခဲ့ပါတယ်။ အများသိတဲ့မူရင်းဆန်တာပုံပြင်နဲ့တော့ မတူဘူးပေါ့။ အခုတော့ ဆန်တာကလောက်ဟာ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေပေးလာရင်း တဖြည်းဖြည်း လောဘကြီးလာ ပျက်စီးလာတဲ့ ကမ္ဘာကြီးနဲ့ သူ့အလုပ်ကို စိတ်ကုန်လာပါပြီ။ နိုနဲ့ကွတ်ကီးအစား အိမ်ထဲဝင်ရင် အရက်ပုလင်းရှာမော့တဲ့အဆင့်ဖြစ်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်းအယုံအကြည်မရှိတော့ပါဘူး။ ဒါပေမဲ့ တာဝန်အရ လိမ္မာတဲ့ကလေးစာရင်းမှာပါတဲ့ ကလေးမလေး ထရူဒီရဲ့အိမ်ကို လက်ဆောင်ပေးဖို ရောက်လာပါတယ်။ ထရူဒီရဲ့မိသားစုဟာ သန်းကြွယ်သူဌေး လောဘအိုး လူ့ဂွစာတွေဖြစ်ပြီး ခရစ္စမတ်မှာဆုံတိုင်း ဘာအမြတ်ထုတ်ရမလဲ စဉ်းစားနေတဲ့လူမျိုးတွေပါပဲ။ အခု ခရစ္စမတ်ညမှာတော့ သူတိုမိသားစုစံအိမ်ကြီးကို လက်နက်ကိုင်တစ်ဖွဲက ဝင်စီးနင်းပြီး ဒေါ်လာ သန်း ၃၀၀ ကို အလုံခန်းထဲက ဖောက်ယူဖို ကြိုးစားလာပါတော့တယ်။ ဆန်တာလည်း မူးမူးရူးရူးနဲ့အိမ်ထဲပိတ်မိနေပြီး ဓားပြတစ်ဖွဲလုံးနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဆဲအဆိုတွေ ဟာသတွေ အက်ရှင်ကြမ်းကြမ်းတွေနဲ့မို လူကြီးတွေအတွက် ခရစ္စမတ်မှာဖျော်ဖြေနိုင်မယ့် ရုပ်ရှင်တစ်ခုပါပဲ။
ဇာတ်ကားတိုက်ရိုက်ကြည့်ရန်link - https://t.me/nightowlmm/112
တခြားဇာတ်ကားကောင်းများကိုလဲမန်ဘာကြေးပေးစရာမလိုပဲအခမဲ့ကြည့်နိုင်ပါပြီ Telegram Link - https://t.me/nightowlmm

အာဏာမှာယစ်မူးနေတဲ့သူတွေကိုထိထိမိမိသရော်ထားတဲ့ဟာသဇာတ်ကားတော်တော်ကိုရီရပါတယ်(The Dictator (2012)ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေ...
21/12/2022

အာဏာမှာယစ်မူးနေတဲ့သူတွေကိုထိထိမိမိသရော်ထားတဲ့
ဟာသဇာတ်ကားတော်တော်ကိုရီရပါတယ်(The Dictator (2012)

ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေးမြင်တာနဲ့ မှတ်မိမှာပါ။ အာဏာရှင် ကင်ဂျုံအီ၊ ကဒါဖီ ၊တိုကိုအခြေခံပြီး ဇာတ်ကောင်ဖန်တီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးသရော်တဲ့ ဟာသကားပါ။(တစ်ကောင်ကျန်သေး)😂
ဒီကားထဲက အာဏာရှင် ဗိုလ်ချုပ်ကြီး အလာဒန် ဟာ နယူးယောက်ခ် ကုလအစည်းအဝေးကို လာတက်စဉ်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့နေရာကို ပုံစံတူလူစားထိုးခံလိုက်ရပါတယ်။ ရည်ရွယ်ချက်ကတော့ သစ္စာဖောက်ဦးလေးဟာ နိုင်ငံကိုဒီမိုကရေစီအဖြစ်ပြောင်းလဲပြီး ကိုယ်ကျိုးအတွက်စီးပွားရေးလုပ်ဖိုပါပဲ။ ဘယ်သူမှမမှတ်မိတော့တဲ့ အလာဒန်တစ်ယောက် အခက်ခဲတွေကြားထဲကစွန့်စားပြီး သူ့နိုင်ငံကြီး ဒီမိုကရေစီမရဖိုအရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်လာရတဲ့အခါမှာတော့…..
ဇာတ်ကားကြည်ရန်တိုက်ရိုက်Link - https://t.me/nightowlmm/109
တခြားဇာတ်ကားကောင်းများကိုလဲမန်ဘာကြေးပေးစရာမလိုပဲ
အခမဲ့ကြည့်နိုင်ပါပြီ Telegram link - https://t.me/nightowlmm

The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်နာမည်အတိုင်းပါ...
20/12/2022

The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။
တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။

ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့
ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး
စနိုက်ပါပစ်လိုက်လို ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲကို တည်ထောင်သူ
မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲသားလေးယောက် ဇာတ်မြှုပ်နေကြပြီ။
မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး
လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။
ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။
ဇာတ်ကြမ်းကားမို ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။
လူဆိုးလူမိုက်ကြီးတိုရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖိုပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်Link-https://t.me/nightowlmm/105
တခြားမြန်မာစာတန်းထိုးဇာတ်ကားများကိုလဲ မန်ဘာကြေးပေးစရာမလိုပဲ
အခမဲ့ကြည့်နိုင်ပါပြီ Telegram Link- https://t.me/nightowlmm

IMDb Rating – 8.1/10 2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ အပြာရောင်လူသားကားဟာဆိုရင်ဖြင့်၁၃နှစ်ကြာပီးတဲ...
19/12/2022

IMDb Rating – 8.1/10 2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ အပြာရောင်လူသားကားဟာဆိုရင်ဖြင့်၁၃နှစ်ကြာပီးတဲ့အခါမှဒုတိယကားထွက်ရှိလို့လာခဲ့ပါပြီ 😱😱😱
ဇာတ်ကားကြည့်ရန်link
https://t.me/nightowlmm/98
တခြားမြန်မာစာတန်ထိုးဇာတ်ကားကောင်းများကိုလဲအခမဲ့ကြည့်နိုင်ပါပြီ
LInk- https://t.me/nightowlmm

 (2022)mmsubKim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည...
16/12/2022

(2022)mmsub
Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအညွှန်း …ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။
ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ …
ဇာတ်ကားကြည့်ရန် Telegram link👇
https://t.me/nightowlmm/92
ဇာတ်ကားကောင်းများကိုကြည်နိုင်ဖို့Telegram လေးကိုjoinပေးကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် Telegram channel link👇
https://t.me/nightowlmm🥰

ဂျာမန်စစ်ကားအသစ်ထွက်လာပါပြီ။ အနောက်ပိုင်းစစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်လို ဆိုတဲ့ နာမည်အတိုင်းပဲ အနောက်ပိုင်းစစ်မြေပြင်က ...
15/12/2022

ဂျာမန်စစ်ကားအသစ်ထွက်လာပါပြီ။ အနောက်ပိုင်းစစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်လို ဆိုတဲ့ နာမည်အတိုင်းပဲ အနောက်ပိုင်းစစ်မြေပြင်က တိုက်ပွဲတွေအကြောင်းပါပဲ။ 1930 နဲ့ 1973 မှာလည်း ဒီနာမည်နဲ့ ရုပ်ရှင်တွေ ထွက်ခဲ့ပါသေးတယ်။ အနောက်ပိုင်းစစ်မြေပြင်ဟာ ပထမကမ္ဘာစစ်ရဲ့ ကမ္ဘာကျော်တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တဲ့နေရာပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မီတာ ၁၀၀ လောက် ရှေ့တိုးနိုင်ဖို လူ တစ်သန်းလောက် အသေခံခဲ့ရတဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ပထမကမ္ဘာစစ်အစကနေ အဆုံးအထိ စစ်သားတွေရဲ့ တိုက်ပွဲတွေနဲ့ ဖြတ်သန်းမှုတွေကို တွေ့ရမှာပါ။ သဘောကျစရာကောင်းလာတာကတော့ စစ်ကားအများစုဟာ စစ်ပွဲကို သူရဲကောင်းဝါဒထက် စိတ်ကုန်စရာ စိတ်ပျက်စရာဖြစ်အောင် ပုံဖော်ခဲ့ကြတာ အတော်များလာပါပြီ။ Kingsmen နောက်ဆုံးရုပ်ရှင်မှာ ကဗျာရွတ်သွားတဲ့အခန်းလိုပါပဲ။ ဒီရုပ်ရှင်မှာလည်းဒီလိုပါပဲ စစ်ပွဲပြီးဆုံးရေးကို ဦးတည်မျှော်လင့်နေတဲ့ စစ်သားတွေအကြောင်းပါပဲ။ “ငါ့သားလည်း စစ်ပွဲထဲမှာ သေသွားတာပဲကွ၊ သူတော့ ဘာဂုဏ်သိက္ခာမှ ခံစားမိလိုက်တယ် မကြားပါဘူး” ဆိုတဲ့ စကားမျိုးတွေပဲ ပြောသွားတာပါပဲ။ပထမကမ္ဘာစစ်ဟာ ၁၉၁၄ ဇူလိုင်လ ၂၈ မှာ စတင်ခဲ့ပြီး ၁၉၁၈ နိုဝင်ဘာ ၁၁ မှာ ပြီးဆုံးခဲ့ပါတယ်။ စတင်ခဲ့တာကတော့ ဩစတြီးယား-ဟန်ဂေရီက ဆားဘီယားကို စစ်ကြေညာတာကနေ စတင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်ပါဝင်ခဲ့ကြပြီး ပင်မအနေနဲ့ ရုရှား၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ ဗြိတိန်၊ ဆားဘီးယား၊ အီတလီ၊ အမေရိကန် တိုဟာ ဩစတြီးယား-ဟန်ဂေရီ၊ ဂျာမနီ၊ ဘူဂေးရီးယား၊ တော့တိုမန်အင်ပါယာတိုနဲ့ တိုက်ခိုက်ခဲ့ကြတာပါ။ အဆိပ်ငွေ့တွေအဓိကသုံးခဲ့ကြတဲ့ စစ်ပွဲလည်းဖြစ်ပါတယ်။ စစ်သား ၉ သန်းခန့်သေဆုံးခဲ့ပြီး စစ်ပွဲဘေးဒုက္ခကြောင့် ဒဏ်ရာရ၊ ငတ်မွတ်၊ ရောဂါဘေးတွေနဲ့ လူ ၅ သန်းခဲ့ သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံးနဲ့အကြီးဆုံး တုပ်ကွေးကပ်ရောဂါလည်း ပထမကမ္ဘာစစ်ကြောင့် ပြန့်နှံခဲ့ပါတယ်။ဒီတော့ ဒီရုပ်ရှင်ထဲက ပထမကမ္ဘာစစ်တိုက်ပွဲတွေနဲ့ စစ်သားတွေအကြောင်းကို ခံစားကြည့်လိုက်ပါဦး။
ဇာတ်ကားကြည့်ရန်Link👇
https://t.me/nightowlmm/90

တခြားဇာတ်ကားကောင်းများကိုလဲကြည့်နိုင်ပါပြီဗျ....
https://t.me/nightowlmm


ပျိုမေလေးတိုရဲ့အသည်းဆွဲထိုင်းမင်သားလေး မာရီယိုနိုစဉ်ကာလကရိုက်ကူးထားတဲ့ တကူကူးကူကားလေးကိုSharingပြန်လုပ်ပေးလိုက်ပါတယ်ခင်ဗ...
14/12/2022

ပျိုမေလေးတိုရဲ့အသည်းဆွဲထိုင်းမင်သားလေး မာရီယိုနိုစဉ်ကာလကရိုက်ကူးထားတဲ့ တကူကူးကူကားလေးကိုSharingပြန်လုပ်ပေးလိုက်ပါတယ်ခင်ဗျာ(ဆောင်းရောက်ပြီကို....😝)
၁၈ယောက်နဲ့အထက်စုကြည့်ပေးပါရန်....
ဇာတ်ကားအညွှန်းမျာကိုပုံအောက်မှာဖတ်နိုင်ပါတယ်ဗျာ
ဇာတ်ကားကြည့်ရန်Link 👇
Jan Dara: The Beginning (2012) https://t.me/nightowlmm/84
Jan Dara: The Finale (2013) https://t.me/nightowlmm/85

Call Me by Your Name ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Luca Guadagnino ရဲ့ရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်မှာလည်း တင်မိုးသီးကိုပဲ...
14/12/2022

Call Me by Your Name ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Luca Guadagnino ရဲ့
ရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်မှာလည်း တင်မိုးသီးကိုပဲ ပြန်သုံးထားပါတယ်။
လူငယ်ဒရာမာကိုမှ ဟော်ရာနဲ့ သွေးသံရဲရဲတွေထည့်သွင်းထားတဲ့အပြင်
လူသားစားတဲ့ဇာတ်လမ်းဖြစ်လို အသည်းငယ်သူတွေမကြည့်သင့်သလို
မိသားစုနဲ့မကြည့်သင့်တာတွေလည်းပါဝင်နေပါတယ်။မူရင်းစာအုပ်တုန်းက နာမည်ကျော်ခဲ့သလို အခုရုပ်ရှင်မှာလည်း
စာအုပ်ထဲကဇာတ်လမ်းကိုအနည်းငယ်သာပြောင်းပြီး
ရိုက်ကူးထားခဲ့တာပါပဲ။ ဇာတ်ပိုအနေနဲ့လည်း Bridge of Spies နဲ့
အော်စကာရခဲ့တဲ့ မင်းသားကြီး Mark Rylance ပါဝင်ထားပါသေးတယ်။

လူငယ်တွေရဲ့ လူ့အသိုင်းအဝိုင်းနဲ့ဝင်မဆန့်ပုံတွေ ကိုယ့်ကိုယ်ကိုယ်
ထိန်းချုပ်ရတာတွေရှာဖွေရတာတွေကို နိမိတ်ပုံအနေနဲ့ ဒီလူသားစားစုံတွဲကို
ကြောက်စရာ အချစ်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးပြထားတာမျိုးပဲဖြစ်ပါတယ်။
ရသမျိုးစုံခံစားရတာကလွဲရင် ဘာမှတော့ ပညာယူစရာ ဗဟုသုတယူစရာမပေးပါဘူး။
ဖီးချင်ရာဖီးဖိုသက်သက်ပဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲမှာ သူတိုကိုယ်သူတိုEater လို ခေါ်ပါတယ်။ စားသူပေါ့။ ဒါကို ပါဠိလို အဒ လိုပဲ ပြန်ပေးထားပါတယ်။ပေါရိသာဒဆို (ပုရိသ-ယောက်ျား၊ အဒ-စားသူ ပေါင်းထားသလိုပေါ့)
Telegram link👇
https://t.me/nightowlmm/80


ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်action ဇာတ်ကြမ်း(Fallen )ဇာတ်ကားကြီးသုံးကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာ......Mike ဟ...
13/12/2022

ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်action ဇာတ်ကြမ်း
(Fallen )ဇာတ်ကားကြီးသုံးကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာ......
Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့
အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲသမ္မတကြီးရော
သမ္မတကြီး မိသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သိုရင်းနှီး နေသူလဲ ဖြစ်ပါတယ်။သမ္မတ ကြီးကိုဘယ်လိုကာကွယ်မလဲနိုင်ငံရေးလှည့်ကွက်တွေအကြောင်းစိတ်ဝင်တစားကြည့်ဖို့ အခုပဲtelegramမှာတိုက်ရိုက်ကြည့်နိုင်ပါပြီ
Telegram link👇
https://t.me/nightowlmm/76 (Olympus Has Fallen)
https://t.me/nightowlmm/77 (London Has Fallen )
https://t.me/nightowlmm/78 (Angel Has Fallen)

အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီးယ​နေ့...
10/12/2022

အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့
လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီး
ယ​နေ့ထက်​တိုင် စနစ်ရဲ့အရိပ်ကကပ်ပါ​နေဆဲပါ။ ဒီလို လူတန်းစား
ခွဲခြား​ရေးဝါဒီ​ ထောက်ခံ​ရေးနဲ့ တိုက်ဖျက်​​​ရေးဝါဒီ​တွေ ထိပ်တိုက်
​တွေ့ဆုံခဲ့တဲ့ ၁၈၆၀​ပြည့်နှစ်​တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့
လူမည်း​တွေလည်း များစွာရှိခဲ့ပါတယ်။ဒီဇာတ်ကားက​ အခုလိုမျိုးရုန်းထွက်ခဲ့ကြသူ​တွေထဲက ပီတာဆိုတဲ့
လူမည်းကျွန်တစ်​ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံ​ဖော်ရိုက်ကူး
ထားတာပါ။ ပီတာ​နေရာမှာ သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး
မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင်
ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မ​​ခေတဲ့သူပါပဲ။ IMDbမှာ
​တော့10အပြည့်ရထားပြီး RTမှာ​တော့ 50%ရထားပါတယ်။

-----------------------------------------------------
ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ
အလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့
Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့
ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။
နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင်
လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့
လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ
​”သေ​မြေ​ကြီး ရှင်​ရွှေထီး”ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ
ထွက်​ပြေးလာပါ​​တော့တယ်။ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိ
ပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားက
အားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊
သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံ
​တွေက အ​တော်​လေး survivalဆန်ပါတယ်။ ဒါမျိုး vibe​တွေကို
ကြိုက်သူ​တွေအတွက် Apple+ က​နေ setting​ ကောင်း​ကောင်းနဲ့
ရှယ်ကိုတင်ဆက်​ပေးထားလို့ Will Smith ရဲ့ ပရိသတ်​တွေ​ရော၊
အက်ရှင်ကြမ်းကြမ်းမှ ကြိုက်သူ​တွေပါ မ​နော​ခွေ့ကြမှာပါ။
ဇာတ်ကားတိုက်ရိုက်ကြည့်ရန် Link - https://t.me/nightowlmm/72
ဇာတ်ကားကောင်းများကြည်လိုပါက
Telegram လေးကိုjoinပြီးခံစားနိုင်ပါပြီဗျာ Telegram link
https://t.me/nightowlmm🥰


06/12/2022
တနေ့ကမ္ဘာကြီးပျက်သွားလို့ငါတစ်ယောက်ထဲကျန်လို့ရှိရင်ဘယ်လိုများနေရမလဲဆိုတဲ့အတွေးက လူတိုင်းတွေးဖူးကြမယ်လို့ထင်ပါတယ်ဗျာ...😜ဒ...
04/12/2022

တနေ့ကမ္ဘာကြီးပျက်သွားလို့ငါတစ်ယောက်ထဲကျန်လို့ရှိရင်ဘယ်လိုများနေရမလဲဆိုတဲ့အတွေးက လူတိုင်းတွေးဖူးကြမယ်လို့ထင်ပါတယ်ဗျာ...😜
ဒါဆိုရင်ဒီကားတွေကအထောက်ကူလုံး၀အထောက်ကူဖြစ်စေရမယ်ဆိုတာ
ကျွန်တော်ရဲရဲကြီးအားမခံပါတယ်(Just kidding)

Survival moodကိုအပြည့်ဝပေးနိုင်မယ့်ဇာတ်ကားကောင်းလေးများကို ဒီနေ့မှာတော့Nigh Owlကနေပြီးအကောင်းဆုံးထဲကအကောင်းဆုံးရွေးချယ်ပြီး sharingလုပ်ပေးသွားပါမယ်ဗျာ......
ဇာတ်ကားတစ်ကားဟာကြာချိန်မိနစ်အနည်းဆုံး၁နာရီကနေ၃နာရီထိကြာတတ်ပါတယ် ကျွန်တော်တိုပေးလိုက်ရတဲ့အချိန်နဲ့ကြည့်လိုက်ရတဲ့ဖျော်ဖြေမှုကတန်နေဖိုလိုပါတယ်ဗျာ😁
အဲတာကြောင့်လဲအကောင်းဆုံးsurvival ဇာတ်ကားတွေထဲက personalအရတကယ်ကိုအချိန်ပေးပီးကြည့်ရတာတန်ကိုတန်နေစေရမယ့် ဆုရဇာတ်ကားကြီး(၄)ကားကို sharingလုပ်ပေးပရစေဗျ........❤️❤️❤️
(1) The Revenant (imdb-8.0) ဇာတ်ကားကြည့်ရန်link
https://t.me/nightowl199/39
(2)The Martian(imdb-8.0) ဇာတ်ကားကြည့်ရန်link
https://t.me/nightowl199/40
(3)I am Legend(imdb-7.2) ဇာတ်ကားကြည့်ရန်link
https://t.me/nightowl199/41
(4)The Grey(imdb-6.8) ဇာတ်ကားကြည့်ရန်link
https://t.me/nightowl199/42

Rating အကောင်းဆုံးဇာတ်ကားကောင်းများကိုခံစားနိုင်ဖို့အတွက်
ကျွန်တော်တို့ Telegram လေးကိုjoinထားပြီးကြည့်နိုင်ပါပြီဗျ
Telegram link-https://t.me/nightowl199

တတ်တူးထိုးတယ်ဆိုတာ ဂန်းစတားတွေရဲ့လုပ်ရပ်ကွ....😌ငါတိုကဂန်းစတားတွေမှမဟုတ်တာအဲတာဆိုဘာလဲ....🤔ငါတို့ကBadboy fighter😝😝😝 #ဇေရဲထ...
02/12/2022

တတ်တူးထိုးတယ်ဆိုတာ ဂန်းစတားတွေရဲ့လုပ်ရပ်ကွ....😌
ငါတိုကဂန်းစတားတွေမှမဟုတ်တာ
အဲတာဆိုဘာလဲ....🤔
ငါတို့ကBadboy fighter😝😝😝
#ဇေရဲထက်
စတာပါဗျာဒီနေ့တော့သမိုင်းမှာအကောင်းဆုံးဇာတ်ကားတွေလိုသတ်မှတ်ထားတဲ gangster movieများကိုSharingလုပ်ပေးသွားပါမယ်ဗျာ......
gangsterဆိုတာနဲ့သတ်တာဖြတ်တာတွေပဲမဟုတ်ပဲရူန်းကန်ရပုံတွေနေရာတစ်ခုရောက်ဖိုအပြိုင်ဆိုင်ကြိုးစားရပုံတွေကိုထိုင်နေရာကမထတမ်းကြည့်နိုင်မယ့်
ဇာတ်ကား(၆)ကားကိုNight Owl ကနေ Sharingလုပ်ပေးလိုက်ပါတယ်ဗျာ...❤️
(1)Scarface (imbd-8.3) ဇာတ်ကားကြည့်ရန် - https://t.me/nightowl199/28
(2) American Gangster (imbd-7.8) ဇာတ်ကားကြည့်ရန် - https://t.me/nightowl199/29
(3)New world (imbd-7.5) ဇာတ်ကားကြည့်ရန် - https://t.me/nightowl199/30
(4)Sunflower (imbd-7.2) ဇာတ်ကားကြည့်ရန် - https://t.me/nightowl199/31
(5)Gangnam blues (imbd-6.2) ဇာတ်ကားကြည့်ရန် -
https://t.me/nightowl199/32
(6)Deliver us from evil(imbd-6.8) ဇာတ်ကားကြည့်ရန် - https://t.me/nightowl199/33
ratingအမြင့်ဆုံးနဲ့အကောင်းဆုံးကားများသီးသန့်တင်ပေးတာမို့
telegram လေးကိုလဲjoinထားပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ
https://t.me/nightowl199

Address


Website

Alerts

Be the first to know and let us send you an email when Night Owl-မြန်မာစာတန်းထိုးဇာတ်ကား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share