Mingin News Media-မင်းကင်းသတင်းမီဒီယာ

  • Home
  • Mingin News Media-မင်းကင်းသတင်းမီဒီယာ

Mingin News Media-မင်းကင်းသတင်းမီဒီယာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mingin News Media-မင်းကင်းသတင်းမီဒီယာ, Media/News Company, .

23/03/2022
26/02/2022
25/02/2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့် အချိန်တွင် ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် ၊ သမိုင်း CityMart ...
21/02/2022

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်

နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့် အချိန်တွင် ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် ၊ သမိုင်း CityMart ရှေ့ရှိ အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များ အကာကွယ် ယူထားသော ဘန်ကာအား ကျွန်တော်တို့ Area-21 Network အတွင်းရှိMyanmar Defense Force - Yangon (MDF-YGN)နှင့်ဗမာ့လူငယ် ကွန်ရက် မြို့ပြပျောက်ကျားစစ် တပ်ဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်.ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင် စစ်သား တစ်ဦး နှင့် ယာဉ်ထိန်းရဲ တစ်ဦးဟာ နေရာတွင်ပင် သေဆုံးသွားပြီး အခြားသော (၃) ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း (၅) ဦး ထိခိုက် သေဆုံးခဲ့သည်။

ကျွန်တော်တို့ မြို့ပြပျောက်ကျား တပ်ဖွဲ့ဝင်များမှာ ဘေးကင်းစွာဖြင့် ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည်။
#အရေးတော်ပုံမုချအောင်ရမည်
-21 Alliance

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေး တပ်ကြပ် အောင်ဇော်ထွဋ်ကို PDF က ဖမ်းဆီးဖေဖော်ဝါရီ ၂၁ စစ်ကိုင်းတိုင်း၊ ထီးချိုင...
21/02/2022

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေး တပ်ကြပ် အောင်ဇော်ထွဋ်ကို PDF က ဖမ်းဆီး

ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ကြပ် အောင်ဇော်ထွဋ်ကို PDF က ဖမ်းဆီးလိုက်ကြောင်း Eagles Army-HPDF က သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တပ်မတော် (ကြည်း)အမှတ်(၁)တပ်မတော်စစ်ဘက်ရေးရာအတတ်သင်ကျောင်းမှ တပ်ကြပ်အောင်ဇော်ထွဋ် (တ-၅၂၄၄၄၈) ကို Eagles Army-HPDF က မန္တလေး-ဗန်းမော် မဟာဗျူဟာလမ်းတစ်နေရာတွင်သတင်းရ၍ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

21/02/2022

ကြာပင်ရွာတပ်စွဲထားသော စကစများနဲ မင်းကင်းပြည်သူကာကွယ်ရေး ပူပေါင်းအဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့

စစ်ကိုင်းတိုင်း ၊ မင်းကင်း
ဖေဖော်ဝါရီ၂၁၊၂၀၂၂ခုနှစ်
MKPDF-2
“ တိုက်ပွဲသတင်းထုတ်ပြန်”
မင်းကင်းမြို့နယ် တောင်တွင်းဒေသအထက်ပိုင်း
စစ်လျင်ချောင်းကျေးရွာဘက်သို့တောင်တွင်းဒေသ ကြာပင်ရွာတွင် တပ်စွဲထားသော စစ်ခွေးနှင့် ကလေး ဒကစမှဆင်းလာသော စစ်ခွေးအင်အား ၁၅၀ခန့်ကို
မိုင်တိုင် ၆၇မိုင် အရောက်တွင် KPDF-2 ၊
ရွှေသမင်မုဆိုးLocal TDPDF၊
ရွှေတြိဂံ တပ်ခွဲ "စစ်ကျွန်မခံ မြွေဆိုး တစ်သိုက်"၊
ရွှေတြိဂံတပ်ဖွဲ့၊Special Reginal Attacks Force-MWA တပ်ဖွဲ့ ၊စစ်လျင်ချောင်း ပကဖ၊မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် MKPDF-2 တပ်ခွဲ၂နှင့်
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါသည်။

မိမိတို့ဘက်မှ ပကဖရဲဘော်တစ်ဦး ကျည်ထိမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၃၀ ကျော်သေဆုံးကာ ဒဏ်ရာအပြင်းအထန်အများအပြားရရှိသွားပါသည် ။

မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိခိုက်မရှိအောင်‌‌မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်။

အရေးတော်ပုံ အောင်ရမည်!
Viedo-MKPDF -2

21/02/2022
တွံတေးမြို့နယ်တွင် အမျိုးသား ၃ ဦးကို တွေ့ရှိသတင်းပေးပါက ဆုငွေချီးမြှင့်မည်ဟု စစ်တပ်က ဓာတ်တိုင်များတွင် စာလိုက်ကပ်—————ဖ...
21/02/2022

တွံတေးမြို့နယ်တွင် အမျိုးသား ၃ ဦးကို တွေ့ရှိသတင်းပေးပါက ဆုငွေချီးမြှင့်မည်ဟု စစ်တပ်က ဓာတ်တိုင်များတွင် စာလိုက်ကပ်
—————
ဖေဖော်ဝါရီ ၂၁
စိုင်းခန့်

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ပုံပါ အမျိုးသားသုံးဦးကို တွေ့ရှိကြောင်း သတင်းပေးပါက ထိုက်တန်စွာ ဆုငွေချီးမြှင့်မည်ဟုဆိုကာ စစ်ကောင်စီတပ်က ဓာတ်တိုင်များတွင် စာလိုက်ကပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“၁၉ ရက်နေ့လောက်ကတည်းက တွံတေးမြို့ပေါ် (၈) ရပ်ကွက်က ဓာတ်တ်ိုင်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ စစ်တပ်က လိုက်ကပ်နေတာ။ မနေ့ကတော့ တွံတေးမြို့နယ်အတွင်းက ကျေးရွာတွေ အထိပါ လိုက်ကပ်တယ်။ ဓာတ်ပုံထဲမှာပါတဲ့ သုံးယောက်လုံးက တွံတေးမှာ စစ်အာဏာသိမ်းတဲ့အချိန်ကစပြီး ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတွေပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လူစည်ကားသည့်နေရာများနှင့် ဓာတ်တိုင်များတွင် လိုက်ကပ်နေသည့် စာရွက်တွင် အမျိုးသားသုံးဦး၏ ဓာတ်ပုံကိုဖော်ပြထားပြီး ပြည်သူများအနေဖြင့် သတင်းပေးပါက ပေးပို့သူအမည်ကို လျှို့ဝှက်စွာ သိမ်းဆည်းထားပြီး ထိုက်တန်စွာဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ခိုလှုံခွင့်ပေးထားခြင်း၊ သတင်းပေးရန်ပျက်ကွက်ခြင်းနှင့် သတင်းထိန်ချန်ခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်ပြီး အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

“ကျွန်တော်အိမ်ကိုလည်း ဒီကောင်တွေက အရင်ကတည်းက ချိပ်ပိတ်ပြီးပါပြီ။ လူထုလှုပ်ရှားမှုတွေအားကောင်းနေကတည်းက ကျွန်တော့်ကို လိုချင်နေတာ။ အခုလည်း စာလိုက်ကပ်ပြီး ကျွန်တော့်အကြောင်း သတင်းပေးဖို့ပြည်သူတွေကို နှိုးဆော်နေတယ်။ အဲ့ဒီအပေါ်လည်း ဘာမှပြောစရာမရှိပါဘူး။ သူတို့ကလည်း သူတို့လုပ်ရမယ့် အလုပ်ကို တစိုက်မတ်မတ်လုပ်တယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့လုပ်စရာရှိတာတွေကို ဆက်လုပ်သွားရမှာပါ။ လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ သပိတ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ စစ်အာဏာရှင်တော်လှန်ရေးကို နိုင်တဲ့နေရာကနေ ဆက်လုပ်ဖို့ ဆုံးဖြတ်ချက်ချထားပြီးပါပြီ။” ဟု စစ်တပ်၏ ဖမ်း ဝရမ်းထုတ်ခံထားရသူဖြစ်သည့်အပြင် သတင်းပေးပို့ရန် စာကပ်ခံရသူ ကိုထက်က မဇ္ဈိမကိုပြောသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် စစ်တပ် သတင်းပေးဒလန်ဟုဆိုသူများ နှင့် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ဆက်တိုက် သတ်ဖြတ်ခံရမှုများရှိနေပြီး စစ်တပ်ကလည်း အင်အားအလုံးအရင်းအသုံးပြုကာ ပြည်သူများကို ဖိနှိပ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

#တွံ့တေး
#ဆုငွေချီးမြှင့်
#သတိပေးစာ

ယနေ့ ( ၂၁ ) ရက် နံနက် ( ၁၁ ) နာရီမှာစ၍မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေဖေဖော်ဝါရီလ ၂၁ မိုးဗြဲနှင့်အနီးကျေးရွာများကို စခများ...
21/02/2022

ယနေ့ ( ၂၁ ) ရက် နံနက် ( ၁၁ ) နာရီမှာစ၍
မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေ

ဖေဖော်ဝါရီလ ၂၁

မိုးဗြဲနှင့်အနီးကျေးရွာများကို စခများမှ မီးရှို့ခဲ့ပြီး
လက်နက်ကြီးများဖြင့် ပစ်ခတ်လျှက်ရှိပါသည်
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ရဲဘော်များမှ
ညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ ခုခံတိုက်ခိုက်လျှက်ပါသည်
အထူးစစ်ဆင်းရေးအဖွဲ့ရဲဘော်များနှင့်ညီနောင်မဟာမိတ်
အဖွဲ့မှ ရဲဘော်များအားလုံး ဘေးအန္တရာယ်အပေါင်းမှ
ကင်းဝေးပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါသည်

မင်းအောင်လှိုင်ခန့် စစ်ကိုင်းဝန်ကြီးချုပ်မြတ်ကျော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး  တချို့ ထိခိုက်သေဆုံးမှုရှိ၊ ဝန်ကြ...
21/02/2022

မင်းအောင်လှိုင်ခန့် စစ်ကိုင်းဝန်ကြီးချုပ်မြတ်ကျော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တချို့ ထိခိုက်သေဆုံးမှုရှိ၊ ဝန်ကြီးချုပ်မြတ်ကျော်ကို စစ်ရဟတ်ယာဉ်ဖြင့်ခေါ်သွားရ

ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အရှေ့ဘက် နှောရိုးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်အစောပိုင်း မင်းအောင်လှိုင်ခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော်ယာဉ်တန်းကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး ယာဉ်တန်းတွင် ပါလာသူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

မြတ်ကျော်လိုက်ပါသော စစ်ကောင်စီ၏ ယာဉ်တန်းသည် ယင်းမာပင်မြို့ပေါ်ရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းတွင် အောက်စီဂျင်စက်ရုံဖွင့်လှစ်ပွဲကို လာရောက်ခဲ့သည့် ယာဉ်တန်းဖြစ်ကြောင်း ၊ မိုင်းခွဲခံရသဖြင့် ဝန်ကြီးချုပ် မြတ်ကျော်ကို စစ်ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားရကြောင်းဆက်လက် သိရသည်။

"ဒီကနေ့ နံနက်အစောပိုင်းကပဲ။ယင်းမာပင်မြို့အရှေ့ဘက် နှောရိုးရွာနားမှာ ကျနော်တို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်။ ပြီးတော့ မိနစ်အနည်းငယ်ကြာအောင် ပစ်ခတ်ခဲ့ကြတယ်။ ကျနော်တို့က မိုင်းနဲ့တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က အထိနာသေဆုံးမှုတွေရှိတယ်။ လူနာတင်ကားနဲ့ သူတို့ရဲ့ ရဲဘော်တွေကို လာသယ်သွားကြတယ်"ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းရောက် ရဲဘော်တစ်ဉီးက ပြောကြားသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်သေနတ်မော်တာ၊ လက်နက်ကြီးများအပါအဝင် ဒလစပ် ပစ်ခတ်ခဲ့ကြကြောင်း အဆိုပါပစ်ခတ်မှုကြောင့် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက် (ယမန်နေ့)က ယင်းမာပင်မြို့အရှေ့ဘက် ဖိုလ်ဝင်တောင်အနီးတွင် ယင်းမာပင်ခရိုင် ပူးပေါင်း(PDF)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တစ်ညနေလုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

မင်းကင်းမြို့နယ်၊ အနောက်ကူလဲကျေးရွာကို ပျူစောထီးများမီးရှို့နေဖေဖော်ဝါရီ ၂၁ရက်၊ ၂၀၂၂စစ်ကိုင်း၊ မင်းကင်း      မင်းကင်းမြိ...
21/02/2022

မင်းကင်းမြို့နယ်၊ အနောက်ကူလဲကျေးရွာကို ပျူစောထီးများမီးရှို့နေ

ဖေဖော်ဝါရီ ၂၁ရက်၊ ၂၀၂၂
စစ်ကိုင်း၊ မင်းကင်း

မင်းကင်းမြို့နယ် ၊ တောင်လက်ဒေသ အနောက်ကူလဲကျေးရွာကို ယနေ့နံနက် ၉ နာရီခွဲ ခန့်မှစတင်ပြီး အရှေ့ကူလဲကျေးရွာမှ ပျူများဦးဆောင်ပြီး မီးရှို့နေကြောင်းသိရသည်။ မီးလာငြိမ်းသက်သူများကို လက်နက်ကြီးများဖြင့် ပစ်ခက်နေသောကြောင့် ၎င်းကျေးရွာအနီးသို့ သွားလာ၍မရသေးကြောင်းသိရသည်။

Photo-မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်

20/02/2022

Breaking News❗
ဂျာမနီ၊ဘာလင်က စကစ စစ်သံမှူးနှင်ထုတ်ခံရ

မီးအိမ်ရှင်မလေး လို့ လူသိများတဲ့တောင်ပေါ်ပျော်သူလေး  အငြိမ်း‌လေးကိုမေ့နေကြပီလား🥰Chin National Day ချင်းအမျိုးသားနေ့ ❤️❤️...
20/02/2022

မီးအိမ်ရှင်မလေး လို့ လူသိများတဲ့တောင်ပေါ်ပျော်သူလေး အငြိမ်း‌လေးကိုမေ့နေကြပီလား🥰
Chin National Day
ချင်းအမျိုးသားနေ့ ❤️❤️❤️မှာ
ပါဝင်ဆင်နွဲနေပါတယ်

ကနီမြို့နယ် အိုင်တောင်ကျေးရွာကို  စကစများကမီးရှို့ဖျက်ဆီးနေဖေဖော်ဝါရီ(၂၀)  ကနီမြို့နယ် အိုင်တောင်ကျေးရွားကို စကစများ ညနေ...
20/02/2022

ကနီမြို့နယ် အိုင်တောင်ကျေးရွာကို စကစများကမီးရှို့ဖျက်ဆီးနေ

ဖေဖော်ဝါရီ(၂၀)

ကနီမြို့နယ် အိုင်တောင်ကျေးရွားကို စကစများ ညနေ (၆:၀၀)ခန့်မှာ စတင်ကာ နေရာ သုံနေရာခွဲ၍မီးရှို့ဖျက်ဆီးနေပြီး ကစများ အိုင်တောင်ရွာအတွင်း တပ်စွဲနေသောကြောင့် မီးငြှိမ်းရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ကနဦးသိရပါသည် ။
Photo-ချင်းတွင်းချစ်သူ

ခင်ဦးတိုက်ပွဲ ကျဆုံး ပြည်သူ့ရဲဘော် ငါးဦးသည် ရပ်ရွာ ကာကွယ်ရေး အဖွဲ့ဝင်များ ဖြစ်၊လက်နက်ကြီးထိမှန်ကာ ကျဆုံးခြင်းဟုဆို၊မင်းက...
20/02/2022

ခင်ဦးတိုက်ပွဲ ကျဆုံး ပြည်သူ့ရဲဘော် ငါးဦးသည် ရပ်ရွာ ကာကွယ်ရေး အဖွဲ့ဝင်များ ဖြစ်၊
လက်နက်ကြီးထိမှန်ကာ ကျဆုံးခြင်းဟုဆို၊

မင်းကင်း ၊ ဖေဖော်ဝါရီ - ၂၀

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း သရက်ကန်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးထိမှန်ကာ ပြည်သူ့ရဲဘော် ငါးဦးကျဆုံးခဲ့ကြောင်း ခင်ဦးနယ် ဒေါင်းစစ်သည်အဖွဲ့မှ ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။

အဆိုပါ ကျဆုံးသည့် ပြည်သူ့ရဲဘော်များသည် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက် လိုစိတ်ဖြင့် ကျေးရွာ အလိုက်ဖွဲ့စည်းထားသော ဒေသ အဖွဲ့အစည်းငယ်များ ဖြစ်ပြီး ယနေ့ တိုက်ပွဲတွင် ခေါင်းဆောင် အပါအဝင် ငါးဦး ကျဆုံးခြင်း ဖြစ်သည်။

ယနေ့ ဖေဖေါ်ဝါရီ(၂၀)ရက် နံနက် အစောပိုင်းက ခင်ဦးမြို့နယ် စည်ပုတ္တရာ ကျေးရွာ၌ PDF သင်တန်းတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါ သင်တန်းသို့ စစ်ကောင်စီတပ်များ လာရောက်တိုက်ခိုက်ရာမှ သရက်ကန်နှင့် စည်ပုတ္တရာ ကျေးရွာကြားတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်းဟု ဒေါင်းစစ်သည်အဖွဲ့မှ ရဲဘော်တစ်ဦးက ရှင်းပြသည်။

သရက်ကန်နှင့် စည်ပုတ္တရာကျေးရွာသည် ကန့်ဘလူနယ်အစပ်တွင် တည်ရှိပြီး ကန့်ဘလူဘက်မှ ပျူအဖွဲ့နှင့် ခင်ဦးနယ်ရှိ စစ်ကောင်စီတပ်များက နှစ်ဖက်ညှပ်ပိတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

"မနက်မိုးလင်းတာနဲ့ လက်နက်ကြီးသံကြားလို့ တပ်ကူ သွားကြသေးတယ်။ ခွေးတွေက လက်နက်ကြီးနဲ့ ခွထုတာနဲ့ ကိုယ့်အဖွဲ့တွေ နောက်ဆုတ်ခဲ့ရတာ။ သရက်ကန်က PDF ခေါင်းဆောင်အပါအဝင် ငါးဦးကျတယ်"ဟု ဒေါင်းစစ်သည်အဖွဲ့မှ ရဲဘော်တစ်ဦး ပြောသည်။

ခင်ဦးနယ်၌ ကျေးရွာအလိုက် ဖွဲ့စည်းထားသော ရပ်ရွာကာကွယ်ရေး အဖွဲ့များကို စစ်အုပ်စုက လက်နက်အင်အား အသားစီးဖြင့် တိုက်ခိုက်နေပြီး ဒေသကာကွယ်ရေး အဖွဲ့များ အနေဖြင့်လည်း စုစည်းမှု အားနည်းသည့်အတွက် ယခုကဲ့သို့ အကျအဆုံး များရခြင်းဟု ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။

“ဟိုဘက် စခတွေက လက်နက်ကြီးတွေ တအုန်းအုန်းနဲ့ ထုပြီး ထင်သလိုကို ပစ်ခတ်သွားတာ” ဟု ဒေသခံတစ်ဦးက ယနေ့ မနက်ပိုင်း တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ MFP သို့ ပြောသည်။

ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာနှင့် ပေကုန်းကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး PDF ခေါင်းဆောင် အပါအဝင် အလောင်း ငါးလောင်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိကြောင်း စစ်အုပ်စုက သတင်းလွှင့်သည်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၁၇)ရက်ကလည်း ခင်ဦးမြို့နယ် ကံကြီးကုန်းနှင့် မြို့သစ်ရွာအနီးတွင် စကစနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မညီမျှသဖြင့် ပြည်သူ့ရဲဘော် (၁၄)ဦး ကျဆုံးခဲ့ရသေးသည်။

လက်ရှိတွင် စစ်ကောင်စီက ခင်ဦး အပါအဝင် ရွှေဘိုခရိုင်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓာပြတိုက်လုယက်၊ နေအိမ်မီးရှို့ခြင်းများ ကျူးလွန်နေသလို ဒေသခံ အရပ်သားပြည်သူများအား ပစ်ခတ်သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်ကာ ဒေသခံ ပြည်သူ့ကာကွယ် တပ်ဖွဲ့များအား စစ်မြှူတိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် ထောက်လှမ်းကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်းများအား စီးနင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်။

ခင်ဦး သရက်ကန်ရွာ တိုက်ပွဲတွင် ဆုံးရှုံးခဲ့သည့် ပြည်သူ့ရဲဘော်များ၏ လက်နက်ခဲယမ်းများ/Photo – SS https://web.facebook.com/mandalayfreepress/?_rdc=1&_rdr

#မန္တလေး #စစ်ကိုင်း #ခင်ဦး #တိုက်ပွဲ #ပြည်သူ့ရဲဘော်

20/02/2022
၂၀ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၂ ၁။ မုံရွာ - ယာကြီး -က‌လေးဝ ကားလမ်းပိုင်းရှိ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအောက်ပိုင်းမှ တောလမ်...
20/02/2022

၂၀ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၂

၁။ မုံရွာ - ယာကြီး -က‌လေးဝ ကားလမ်းပိုင်းရှိ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအောက်ပိုင်းမှ တောလမ်းအတိုင်း ညအိပ်၍ ခြေလျင်တက်လာသောစကစနှင့်ပျူအင်အား (၉၀-၁၀၀) သည် ယ‌မန်နေ့ညက တောင်တွင်းဒေသအထက်ပိုင်း(နယ်ဆုံး)ရှိ စစ်လျင်ချောင်းကျေးရွာ၊ ဘုန်ကြီးကျောင်းတွင် ညအိပ်ကြောင်းသိရပါတယ်။

၂။ ၎င်းတို့တက်လာသည့်လမ်းတစ်လျောက်ရှိကျေးရွာများမှ ပြည်သူများအားလုံး ဘေးလွတ်ရာတောထဲသို့ ရှောင်တိမ်းနေရလျက်ရှိပါတယ်။

၃။ ယခုအခါ အဆိုပါ စကစ၊ပျူများသည် ယနေ့ နံနက်မှစတင်၍ ကနီမြို့နယ်၊ ဆယ်ရွာဒေသဘက်သို့ တောလမ်းအတိုင်း ဆက်လက်၍ ခြေလျင်တက်လာနေသည့်အတွက် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရလျက်ရှိပါတယ်။

၄။ သို့ဖြစ်ပါ၍ ကျန်ုပ်တို့ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှလည်း ပြည်သူများဘေးကင်းစေရေးအတွက် အစွမ်းကုန်ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။

၅။ ဒေသခံပြည်သူများအနေဖြင့်လည်း လက်ရှိတွင် စကစ၊ပျူများ၏ အန္တာရာယ်နီးကပ်လာ‌နေပြီဖြစ်သည့်အတွက် သွားလာခြင်းမပြုလုပ်ဘဲ သတိထား၍ ဘေးလွတ်ရာတွင် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်။

၆။ နောက်ဆက်တွဲသတင်းများကိုလည်း ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

https://www.facebook.com/103027775573547/posts/129396402936684/


မိုးဗြဲ လွိုင်ကော်တိုက်ပွဲ စစ်ကောင်စီဘက် သေဆုံးမှု ပျက်စီးမှု အများအပြားရှိနိုင်ပြီး အလောင်းများဆွဲထုတ်နေ၊ PDF မှ ကျဆုံး...
20/02/2022

မိုးဗြဲ လွိုင်ကော်တိုက်ပွဲ စစ်ကောင်စီဘက် သေဆုံးမှု ပျက်စီးမှု အများအပြားရှိနိုင်ပြီး အလောင်းများဆွဲထုတ်နေ၊ PDF မှ ကျဆုံးမှုမရှိပါ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂။

https://www.facebook.com/101097045635413/posts/151354993942951/

💫Breaking News💫ယင်းမာပင်အရှေ့ဘက် ဖိုလ်ဝင်တောင်နားမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ခန့်က  စကစ ယာဉ်တန်းကို ...
20/02/2022

💫Breaking News💫

ယင်းမာပင်အရှေ့ဘက် ဖိုလ်ဝင်တောင်နားမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ခန့်က စကစ ယာဉ်တန်းကို ဒေသခံပူးပေါင်း PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင် တော်လှန်ရေး  ၂ ခြောက်လုံး စည်ကားသပိတ်တွင်  "ပြန်လည်စုရုံး နှစ်ခြောက်လုံး" "ကျေးလက်ပုန်ကန် မြို့ပြဖီဆန်" ကြွေ...
20/02/2022

စစ်အာဏာရှင် တော်လှန်ရေး ၂ ခြောက်လုံး စည်ကားသပိတ်တွင် "ပြန်လည်စုရုံး နှစ်ခြောက်လုံး" "ကျေးလက်ပုန်ကန် မြို့ပြဖီဆန်" ကြွေးကြော်သံဖြင့် ပါဝင်ကြရန် နှိုးဆော်

ဖေဖော်ဝါရီ ၂၀

အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်နှင့် စစ်အာဏာရှင် တော်လှန်ရေး နှစ်ခြောက်လုံး စည်ကားသပိတ်တွင် "ပြန်လည်စုရုံး နှစ်ခြောက်လုံး" "ကျေးလက်ပုန်ကန် မြို့ပြဖီဆန်" ကြွေးကြော်သံဖြင့် ပါဝင်ကြရန် General Strike Coordination Body - GSCB အပါအဝင် တော်လှန်ရေးသပိတ်အဖွဲ့များက နှိုးဆော်လိုက်ကြသည်။

စစ်အာဏာရှင်တော်လှန်ရေး သပိတ်အဖွဲ့များ၏ နှိုးဆော်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ရဲ​ဘော်ပြည်သူတို့​ရေ

၂၀၂၂ခုနှစ်ထဲမှာ ​တော်လှန်​ရေးကို ဘက်​ပေါင်းစုံက အရှိန်မြှင့်ကြဖို့လိုတာ အား လုံးအသိဖြစ်မှာပါ။ လက်နက်ကိုင်​​​ တော်လှန်​ရေးသမား​တွေက လွတ်​မြောက်နယ်​မြေ​တွေရ​အောင် ရွပ်ရွပ်ချွံချွံ တိုက်​ပွဲဝင်နေကြသလို လက်နက်မကိုင်ထားတဲ့ ပြည်သူလူထုကြီးကလည်း ရရာနည်းလမ်း​တွေနဲ့ တစုတစည်းတည်း လူထုတိုက်ပွဲ​​တွေ ဆင်နွှဲ​နေရမှာပါ။

လက်နက်မဲ့သပိတ် လူထုလှုပ်ရှားမှု​တွေက ဘာ​တွေ ရနိုင်သလဲဆိုရင်
၁။ ပြည်သူလူထုရဲ့ ​စစ်​ကောင်စီအ​​ပေါ် သွေးမ​အေးဘဲ ဆန့်ကျင်​နေမှုကို အမြဲမပြတ်ပြနိုင်ပြီး၊ လူထုအကြား ညီညွတ်မှုနဲ့ ယုံကြည်မှု တိုးပွား​စေတယ်။

၂။ လူထုလှုပ်ရှားမှု​တွေကို တားဆီးဖြိုခွဲဖို့ ကြိုးစား​နေရလို့ စစ်​ကောင်စီရဲ့ လူသူအင်အား ယန္တရား​တွေကို အလုပ်များ ပင်ပန်း​စေနိုင်တယ်။

၃။ အာဏာပိုင်ပြီကွဆိုပြီး အုပ်ချုပ်ပြချင်​နေတဲ့ အာဏာရူး မအလကို ပြည်သူလူထုက လုံးဝအုပ်ချုပ်ခွင့် မ​ပေးဘဲ အုပ်ချုပ်မှု အာဏာအ​ခြေတည်မရ ဖြစ်​စေနိုင်ပါတယ်။

ဆိုလိုချင်တာက ဘယ်​လောက် အ​သေးအဖွဲ လှုပ်ရှားမှု​လေးဘဲ ဖြစ်ပ​​စေ လူထုတရပ်လုံး တညီတညွတ်တည်း ပါဝင်လှုပ်ရှားကြပြီဆိုရင် အင်အားကြီးမားတဲ့ အရှိန်အဟုန်ကို ရရှိ​စေပြီး ထိ​ရောက်အကျိုးရှိတဲ့ ရလဒ်​တွေကို ရနိုင်တယ်ဆိုတာပါပဲ။ ဒါ​လေးလုပ်လို့ ထိ​ရောက်ပါ့မလား ​တွေးမိတဲ့အခါတိုင်း နှမ်း​​စေ့​တွေကို သတိရပါ။ နှမ်းတ​စေ့နဲ့ ဆီမဖြစ်တာမှန်​ပေမယ့် နှမ်း​စေ့ သိန်းသန်းချီတဲ့အခါ ဆီ​တွေအများကြီးရနိုင်တာ နမူနာပါ။ ဒါ​​တွေ​ကြောင့်မို့လို့ လက်နက်မကိုင်တဲ့ ပြည်လုံးကျွတ် လူထုသပိတ်လှုပ်ရှားမှု​တွေကို အခါအား​လျော်တိုင်း ဆက်လက်ဆင်နွှဲကြဖို့လိုပါတယ်။

လာမယ့် ​ (၂၂.၂.၂၀၂၂)ရက်နေ့ နှစ်​ခြောက်လုံး ​နေ့မှာလည်း လူထုတရပ်လုံးပါဝင်ပြီး လူထုသပိတ်ကြီး ပါဝင်ဆင်နွှဲကြဖို့ ဖိတ်​ခေါ်ချင်ပါတယ်။ စစ်​ကောင်စီရဲ့ ဖိနှိပ်မှု အမျိုးမျိုးရှိ​နေ​ပေမယ့် ပြည်သူလူထုအ​နေနဲ့ လူတိုင်းပါဝင်နိုင်​စေဖို့ အဆင်​ပြေဆုံးနည်းလမ်း​တွေကို သပိတ်အဖွဲ့​တွေက စနစ်တကျ အချိန်ယူရှာ​ဖွေထားပါတယ်။

၂၂.၂.၂၀၂၂ အတွက် ​ကြွေး​ကြော်သံက​တော့

"ပြန်လည်စုရုံး နှစ်​ခြောက်လုံး" ဆိုတာဖြစ်ပြီး ပြည်သူလူထုတရပ်လုံး ပြန်လည်စုစည်း ရုန်းထကြဖို့ ရည်ရွယ်ပါတယ်။

နှစ်​​ခြောက်လုံး​နေ့မှာ လုပ်​ဆောင်ရမယ့် လှုပ်ရှားမှု​တွေကို​​တော့ "စည်ကားသပိတ်" လို့ အမည်​ပေးထားပြီး နေအိမ်မှာ မ​နေကြဘဲ မြို့ထဲ/​စျေး/လမ်းဆုံ​ စတဲ့ လူစည်ကားရာ​နေရာ​တွေကို အဲဒီ​နေ့တ​နေ့လုံး လှည့်ပတ် သွား​ရောက်ကြပါမယ်။

"စည်ကားသပိတ်" အဖြစ် အပြင်ထွက် လှည့်ပတ် ကြတဲ့အခါမှာ
(၁) ဦးထုပ်/ခ​မောက် စတာ​တွေ ​ဆောင်းပြီး သွားလာကြမယ်။
(၂) မျက်နှာမှာ သနပ်ခါး ပါးကွက်ကြား​လေး​တွေ လိမ်းထားကြမယ်။
(၃) လက်ထဲမှာ ပန်းစည်း ပန်းပွင့် ပန်းတမျိုးမျိုးကို ကိုင်ထားကြမယ် (ဒါမှမဟုတ် ပန်းပွင့်​တွေကို ​​ကြွေး​ကြော်သံ​တခုခုရေးထားတဲ့ စာရွက်​တွေနဲ့အတူ ကြဲချကြမယ်)။
(၄) ကိုယ်​ရောက်တဲ့​နေရာရဲ့ လုံခြုံ​ရေး အ​ခြေအ​​နေ​ပေါ် မူတည်ပြီး လက်၃​ချောင်း​ထောင်တာ ​ကြွေး​ကြော်သံ ​အော်တာ​တွေလုပ်ကြမယ်။
(၅) ည ၈နာရီမှာ သံပုံး​တွေတီးကြမယ်။

​ဖော်ပြပါ အချက်​တွေကို အားလုံးဖြစ်​စေ နှစ်သက်ရာ တနည်းနည်းဖြစ်​စေ လှုပ်ရှား​ဆောင်ရွက်ကြပြီး "ပြန်လည်စုရုန်း နှစ်​ခြောက်လုံး" စည်ကားသပိတ်ကြီးကို ပါဝင် ဆင်နွှဲကြဖို့ တိုက်တွန်းနှိုး​ဆော်ပါရ​စေ ပြည်သူလူထုရဲ့ လက်နက်မဲ့ လူထုသပိတ်ကြီး​တွေဟာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်​​နေကြတဲ့ လက်နက်ကိုင် ​​​တော်လှန်​​ရေးရဲ​ဘော်​တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အား​ဆေး​တွေလည်း ဖြစ်ပြီး လက်နက်ကိုင် လက်နက်မဲ့ နည်းလမ်း​ပေါင်းစုံနဲ့ လူထုတရပ်လုံး တိုက်ပွဲဝင်မှ အ​ရေး​တော်ပုံ​အောင်မယ့် ​နွေဦး​​​တော်လှန်​ရေးကြီးအတွက် အသက်တမျှ အ​ရေးကြီး တယ်ဆိုတာ သိနားလည်ကြ​စေချင်ပါတယ်။

ဒါ​ကြောင့်မို့ ၂၂.၂.၂၀၂၂ နှစ်​​ခြောက်လုံး​နေ့​ရောက်ရင် "ပြန်လည်စုရုံး နှစ်​ခြောက်လုံး"ဆိုတဲ့ ​​ကြွေး​ကြော်သံနဲ့ "စည်ကားသပိတ်ကြီးမှာ ပါဝင်ဖြစ်​အောင် ပါဝင်ပြီး အ​ရေး​တော်ပုံကြီး မြန်မြန်​အောင်ဖို့ တာဝန်​ခွဲ​ဝေယူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် (၃၄၇)ရက်မြောက်နေ့ ချီတက်ဖေဖော်ဝါရီ(၂၀)စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြ...
20/02/2022

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသ
ပိတ် (၃၄၇)ရက်မြောက်နေ့ ချီတက်

ဖေဖော်ဝါရီ(၂၀)

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီး
မြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာ
ပေါင်းစုံသပိတ် (၃၄၇)ရက်မြောက်နေ့ကို ဖေ
ဖော်ဝါရီ(၂၀)ရက် နေ့မှာ ဆက်လက်ချီတက်
ခဲ့ကြပါတယ်။

မင်းကင်းမြို့နယ် ရှားတောကျေးရွာတွင် ပျူစောထီးအဖွဲ့ ဖွဲ့ရန်ပြင်ဆင်နေသောအဖွဲ့ထံမှ လက်လုပ်သေနတ်များ သိမ်းဆည်းနိုင်ခဲ့ကြောင်...
20/02/2022

မင်းကင်းမြို့နယ် ရှားတောကျေးရွာတွင် ပျူစောထီးအဖွဲ့ ဖွဲ့ရန်ပြင်ဆင်နေသောအဖွဲ့ထံမှ လက်လုပ်သေနတ်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးဥဒေါင်းဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

သတ်မှတ်ရက်အတွင်း CDM မလုပ်တဲ့ဝန်ထမ်းတွေကို ရှင်းလင်းမယ်လို့ ကနီ PDF ထုတ်ပြန် မင်းကင်း ၊ ဖေဖော်ဝါရီ ၂၀ ဖေဖေါ်ဝါရီ ၂၈ ရက်န...
20/02/2022

သတ်မှတ်ရက်အတွင်း CDM မလုပ်တဲ့ဝန်ထမ်းတွေကို ရှင်းလင်းမယ်လို့ ကနီ PDF ထုတ်ပြန်

မင်းကင်း ၊ ဖေဖော်ဝါရီ ၂၀

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး CDM ပြုလုပ်ဖို့ ပျက်ကွက်တဲ့ဝန်ထမ်းတွေကို လူထုတော်လှန်ရေးရဲ့ ဆူးညှောင့်ခလုတ်အဖြစ်မှတ်ယူ ရှင်းလင်းမယ်လို့ ကနီPDF ကထုတ်ပြန်လိုက်ပါတယ်။

Non CDM ဝန်ထမ်းများအားလုံး ဖေဖေါ်ဝါရီ၂၈ရက်နေ့ညနေ၄နာရီနောက်ဆုံးထားပြီး CDM ပြုလုပ်ကြောင်း ချိတ်ဆက်စာရင်းပေးသွင်းကြဖို့၊ CDM မပြုလုပ်နိုင်တဲ့ အကြမ်းဖက်စစ်အုပ်စု ထောက်တိုင် ဝန်ထမ်းတွေအားလုံး ကနီမြို့နယ်အတွင်းကနေအမြန်ဆုံးထွက်ခွာဖို့၊ စစ်အုပ်စု ထောက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံး ထမ်းဆောင်ဆဲ တာဝန်ကနေ နှုတ်ထွက်ဖို့နဲ့ တခြားဒေသတွေက Non CDM ဝန်ထမ်းတွေ ကနီမြို့နယ်အတွင်း လာရောက်ခိုလှုံခြင်း မပြုဖို့ ကနီ PDF ကထုတ်ပြန်ထားပါတယ်။

ကနီ PDF တပ်ဖွဲ့ဝင်တစ်ဦးက အခုလို ဆောင်ရွက်တာဟာ ကနီမြို့နယ်အတွင်း စစ်အုပ်စုအုပ်ချုပ်ရေးယန္တယား ပျက်ပြားစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

‘ကျွန်တော်တို့ Non CDM တွေကို အချိန်တော်တော်ပေးခဲ့ပြီးပါပြီ။အချိန်ထပ်ပေးစရာအကြာင်းမရှိတော့ပါဘူး။

လျှပ်စစ်တို့ စည်ပင်တို့လိုဝန်ထမ်းတွေဆို စခတွေခိုင်းသမျှ ပြည်သူ့ကို မောက်မောက်မာမာနဲ့ ငွေကောက်တာတွေတောင်ရှိသေးတယ်။ စခ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ထိုးခွဲဖို့လိုပါတယ်’ လိုMinginNewsMedie
#ကနီpdf

ကလေးမြို့နယ်တွင်း တိုက်ပွဲများ ပြင်းထန်နေပီစကစဘက်မှ ၂ဦးကျဆုံးခဲ့ မင်းကင်း ၊ဖေဖော်ဝါရီ  ၂၀၊၂၀၂၂ ယမန်နေ့ဖေဖော်ဝါရီ ၁၉ ရက် ...
20/02/2022

ကလေးမြို့နယ်တွင်း တိုက်ပွဲများ ပြင်းထန်နေပီ
စကစဘက်မှ ၂ဦးကျဆုံးခဲ့

မင်းကင်း ၊ဖေဖော်ဝါရီ ၂၀၊၂၀၂၂

ယမန်နေ့ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ကလေးမြို့နယ်တောင်ပိုင်း ကြာအင်းကျေးရွာမှ ချီတက်လာသော စကစတပ်ဖွဲ့ကို CDF-KKG, CDF-Hakha, PDF Kalay, CNDF, RKDF, ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ မနက် ၁၀ နာရီခန့်မှစတင်ပြီး ကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

တိုက်ပွဲဖြစ်စဉ် ၁ နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လှန်ပစ်ခတ်မှုများ ရှိခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း စကစဘက်မှ ၂ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိနိုင်ကြောင်း သိရသည်။ မိမိတို့ပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

Chinland Defense Force - Kalay Kabaw Gangaw
https://t.me/cdfkkg

(၇၄) နှစ်ပြည့် ချင်းအမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုပါသည် --20.2.2022
20/02/2022

(၇၄) နှစ်ပြည့် ချင်းအမျိုးသားနေ့ကို
ကြိုဆိုဂုဏ်ပြုပါသည် --

20.2.2022

Address


Website

Alerts

Be the first to know and let us send you an email when Mingin News Media-မင်းကင်းသတင်းမီဒီယာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share