Flawless Entertainment

  • Home
  • Flawless Entertainment

Flawless Entertainment For You, Here We Are!

03/03/2022

Flawless Entertainment ကနေ ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ မကြာ့ မကြာခင်မှာပဲထွက်ရှိတော့မယ် ကားပြိုင်ဂိမ်းတစ်ခုဖြစ်တဲ့ "Gran Turismo 7" ကိုမိတ်ဆက်ပေးချင်ပါတယ်။

Gran Turismo 7 ကတော့ "Polyphony Digital" ကနေထုတ်လုပ်ပြီး "Sony Interactive Entertainment" မှထုတ်ဝေတော့မယ့် Racing Video Game တစ်ခုပဲဖြစ်ပါတယ်။
GT7ဟာဆိုရင်ဖြင့် Gran Turismo Series မှာ ရှစ်ခုမြောက် ပင်မစီးရီးဖြစ်လာမှာပါ။ ဂိမ်းကို 2020 ခုနှစ် ဇွန်လ 11 ရက်နေ့မှာ PlayStation 5 ထုတ်ဖော်ပြသတဲ့ပွဲမှာ ကြေညာခဲ့ပြီး PlayStation 4 နှင့် PlayStation 5 အတွက် 2022 ခုနှစ် မတ်လ 4 ရက်နေ့တွင် ထွက်ရှိမှာဖြစ်ပြီးတော့ GT serie မှာ ပထမဆုံး Multi-console Installment အနေနဲ့ ရပ်တည်သွားမှာပါ‌ဗျ။

Gameplay Trailerကိုလည်း တင်ပေးထားတာမို ဝင်ရောက်ကြည့်ရှုမယ်ဆိုရင်၊ ဂိမ်းရဲ့ Main Menu က Gran Turismo 4 ရဲ့ Menu style နှင့် ဆင်တူနေတာလည်း ‌တွေ့ရမှာပါ။ ဒီဂိမ်းဟာဆိုရင် GT Simulation Mode ရဲ့အနှစ်အရသာကိုတည်ထားပြီးတော့ Single Player Campaign တွေကို ဇာတ်ကွက်ကျကျ၊ ကြာကြာလေးနဲ့ဆော့နိုင်အောင်လည်း ပြုလုပ်ပေးထားတာကို ခံစားနိုင်မှာတော့ အသေချာပါပဲ။

အခြား Classic ဆန်တာကိုမှခံစားချင်တဲ့သူတွေအတွက် Old-school ပြိုင်‌လမ်းတွေ၊ ပြိုင်ကားတွေ၊ အထူးပွဲ‌‌ေတွ၊ ချန်ပီယံရှစ်ပွဲ‌ေတွ၊ ယာဉ်မောင်းသင်တန်းကျောင်း၊ အသေးစိတ်ကားကိုပြင်နိုင် ဆင်နိုင်မယ့် Tuning Part Shop‌ေတွနှင့် ကားဟောင်းအရောင်းကိုယ်စားလှယ်‌ေတွ အစရှိတဲ့ Simulation တွေကိုထည့်သွင်းထား‌ေပးထားပါတယ်။

ဂိမ်းတွင် ယခင်က Gran Turismo 5 နှင့် Gran Turismo 6 တိုတွင် ပြသခဲ့သည့် Dynamic Time နှင့် Weather effect များလည်း ပါရှိပါတယ်။သို‌ေပမယ့် Gran Turismo Sport လိုမျိုး Single Player Campaign ရှိသော်လည်း၊ ဂိမ်းရဲ့ Process ကို "Save" မှတ်ဖိုအတွက် Constant Internet Connection လိုအပ်ပါတယ်လို GT Serie ရဲ့ creator ဖြစ်တဲ့ Kazunori Yamauchi က Hackတာ‌ေတွ၊ Cheat တာတွေကို တားဆီးဖိုအတွက် ရည်ရွယ်ထားတာလို ဆိုခဲ့ပါတယ်။ Offline mode ဖြစ်နေရင်လည်း Arcade Mood ကို ဆော့ကစား နိုင်ပါ‌ေသးတယ်ခင်မျ။

PlayStation 5 ဗားရှင်းအတွက် Console ရဲ့ တိုးမြှင့်ထားသော နည်းပညာအားသာချက်ကြောင့် ဂိမ်းကပိုပြီး နှစ်သက်ဖွယ်ကောင်းပြီးတော့ 4K ရုပ်ထွက်နှင့် 60fps နှုန်းဖြင့် မြင့်မားတဲ့ Dynamic Range ကို ပံ့ပိုးပေးမှာပဲဖြစ်ပါတယ်။ ဒိထက်ပိုရှင်းလင်းချင်ရင်တော့ အောက်က Trailer ကိုသာကြည့်ရှုအားပေးနိုင်ပါတယ်။



01/03/2022

ဒီနေ့ကျွန်တော်တို Flawless Entertainment ကနေ တင်ဆက်ပေးမှာကတော့ Babylon's Fall ပဲဖြစ်ပါတယ်။

Babylon's Fall ကို PlatinumGames မှထုတ်လုပ်ပြီး‌ေတာ့ Square Enix မှထုတ်ဝေမယ့် Third Person "Hack and Slash" ဗီဒီယိုဂိမ်းတစ်ခုပဲဖြစ်ပါသည်။ ဂိမ်းကို 2022 ခုနှစ် မတ်လ 3 ရက်နေ့မှာ PC, PlayStation 4 နှင့် PlayStation 5 အတွက် ဖြန့်ချိဖို စီစဉ်ထားပါတယ်။

Player တစ်ယောက်အနေနဲ့ Ziggurat ဟုလူသိများတဲ့ ဧရာမမျှော်စင်ကြီးကို ဝင်ရောက်စီးနင်းရမှာဖြစ်ပြီး Sentinel ဆိုတဲ့ဇာတ်ကောင်တွေကိုထိန်းချုပ်ဆော့ကစားရမှာဖြစ်ပါတယ်။ Player များမှ Sentinel Force HQ ဟုခေါ်တဲ့ အချက်အချာနေရာတစ်ခုမှာ စတင်ရမှာဖြစ်ပြီးတော့ အခြား Player များနှင့် အပြန်အလှန် Interact နိုင်ပြီး Gear နှင့် Upgrade များဝယ်ယူနိုင်တဲ့ Shop ‌ေ‌တွ၊ ပန်းပဲဆရာ‌ေတွစီမှာ Trade နိုင်မယ်၊ Quest တွေကိုလည်း ယူနိုင်မှာ ဖြစ်ပါတယ်။

Quest တွေကို Solo ကစားနိုင်မှာဖြစ်ပြီးတော့ partyအ‌ေနနဲ့လည်း လေးယောက်ထိ ကစားနိုင်ဦးမှာလည်းဖြစ်ပါတယ်။ မျှော်စင်ကြီးရဲ့ ထိပ်ဆုံးကိုရောက်တဲ့အထိ player တွေအနေနဲ့ အလွှာပေါင်း သုံးထပ်ကနေ လေးထပ်ထိကို တက်သွားရမှာပဲဖြစ်ပါတယ်။ ကစားနေတဲ့လမ်းတစ်လျှောက်မှာလည်း ဇာတ်ကောင်တွေရဲ့ strength တွေတိုးဖိုအတွက် loot တွေလည်းကျဦးမှာပဲဖြစ်ပါတယ်။

Sentinel တိုင်းကလက်နက်နှစ်လက် အသုံးပြုနိုင်မယ့်အပြင် "Gideon's Coffin" ဆိုတဲ့ကိရိယာတစ်ခုကိုလည်းတပ်ဆင်‌ေပးထားပါတယ်။ ဒီ Coffin ဆိုတဲ့အရာက Player များကို Spectral Weapon တွေတစ်ခုထက်မက သယ်ဆောင်ပေးမှာဖြစ်ပါတယ် ။ ဒါပေမယ့် ဒီ Weapon‌ေတွမှာပါတဲ့ Spectral Energy တွေကုန်ဆုံးသွားတဲ့ခါကျရင် ဆက်လက်အသုံးမပြုနိုင်ပဲ Energy တွေပြန်ပြည့်မှသာ ပြန်လည်အသုံးပြနိုင်မှာပါ။

ဓားရှည်၊ တူ၊ လေး၊ လှံနှင့် ဒိုင်းအပါအဝင် မတူညီတဲ့လက်နက်အမျိုးအစားငါးမျိုးထည့်သွင်းပေးထားပါတယ်။ Level တစ်ဆင့်တက်တိုင်း gear တွေ loot အနေနဲ့ ရမှာဖြစ်ပြီးတော့ ဒီ gear အရည်အသွေးတွေကတော့ Player ရဲ့ performanceအ‌ေပါ်မူတည်ပြီး ပေးမှာပဲဖြစ်ပါတယ်။ နောက်တစ်ခုထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကောင်တွေကို အကွက်ကျကျနဲ့ကစားနိုင်လေ၊ ဇာတ်ကောင်ရဲ့စွမ်းဆောင်ရည်တွေ ပိုပိုပြီးကောင်းလာမှာပဲဖြစ်ပါတယ်။

Babylon's Fall ကို လက်ရှိတွင် ဂျပန် developer PlatinumGames မှ ထုတ်‌လုပ်ပေးတော့မှာဖြစ်ပြီးတော့ ဂိမ်းနဲ့ပက်သက်ပြီး Graphic ပိုင်းဝေဖန်မှုများကို အရေးတယူနဲ့ ပြင်ဆင်ထားပေးထားတယ်လိုလည်း ဆိုထားပါတယ်။ Final Fantasy, Marvel's Guardian of the Galaxy စတဲ့ဂိမ်းတိုကိုယခင်ကလည်း ထုတ်လုပ်ထားတဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။

အခုလိုဖတ်ရှုပေးလိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ ဆက်လက်အားပေးကြပါဦးခင်မျ။


21/02/2022

After some times, Welcome Back to Flawless Entertainment!!!

Batman သေဆုံးပြီးနောက်၊ အထူးသဖြင့် GCPD ကော်မရှင်နာ James Gordon ကိုဆုံးရှုးပြီးနောက် Gotham မြိုကြီးဟာ အုပ်ချုပ်မှု သိုမဟုတ် အကူအညီမဲ့နေတဲ့ ဖရိုဖရဲမြိုတစ်မြိုအဖြစ်သို အသွင်ပြောင်းလာခဲ့ပါတယ်။

Gothamမြိုဟာ ရာဇ၀တ်ကောင်များကို မွေးထုတ်ပေးရာနေရာတစ်ခုအဖြစ်မှ ကယ်တင်ရန်အတွက် BatFamily မှ
Batgirl (Barbara Gordon)
Nightwing (Dick Greyson)
Red Hood (Jason Todd) နှင့်
Robin (Tim Drake) တိုပူးပေါင်းပြီး မြိုကိုကယ်တင်ရန် အကြောင်းဖန်လာပါတယ်။

Batman သေဆုံးသွားရတဲ့ အဖြစ်အပျက်ကိုလည်း Quest အနေနဲ့ Mission များမှာ လိုက်လံစုံစမ်းရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ မည်သူမှမသိလိုက်ပဲ မြိုကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ပြီး လျှိဝှက်လူ့အဖွဲအစည်းဖြစ်တဲ့ "Court of Owls" နှင့် ပဋိပက္ခများ စတင်လာခဲ့ပါတယ်။

ယခင် Batman ဂိမ်းစီးရီးများနှင့်မတူဘဲ Batman ရဲ့ သေဆုံးပြီးနောက်မှာ Gotham ကိုကာကွယ်ပေးမယ့် BatFamily ကို ထိန်းချုပ်ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။

ဒီ Court of Owls အဖွဲအစည်းကရော Batman သေဆုံးမှုနဲ့ပက်သက်နေလား၊ လက်ကျန် BatFamily တစ်ခုလုံးကိုချေမှုန်းဖိုအတွက်လား၊ဒါမှမဟုတ် တခြားဘာကိုလိုချင်နေတာလဲ ဆို‌တာတော့ ကိုယ်တိုင်ပဲ ဆော့စကားရင်းအဖြေရှာနိုင်ပါတယ်ခင်မျ။

ပိုမိုထူးခြားတဲ့အချက်ကတော့ Multiplayer ဆော့ကစားလိုရမှာဖြစ်ပြီး မိမိသူငယ်ချင်းတစ်ဦးနှင့်အတူ Gotham မြိုရဲ့ Guardian Angel အဖြစ်နဲ့ ရာဇဝတ်မှုများကို နှစ်ယောက်တူတူတိုက်ထုတ်လိုရမှာဖြစ်ပါတယ်။

Gotham Knights ကို PlayStation 4၊ PlayStation 5၊ Xbox One၊ Xbox Series X နှင့် Windows OS platform များတွင်ထုတ်လုပ်ပေးမှာဖြစ်ပြီး၊ Warner Bros. Interactive Entertainment ရဲ့ WB Games Montreal မှ Develop ထားတဲ့ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ပေးလိုကျေးဇူးတင်ပါတယ်။ post တွေကိုလည်းအကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်တာကို ခွင့်လွှတ်ပါလို မေတ္တာရပ်ခံအပ်ပါတယ်။ Trailerအမြည်းလေးကိုလည်း Video နဲ့တကွ တင်ပေးထားပါတယ်။



30/01/2022

Attention Please❗❗❗

အားလုံးသိပြီးကြတဲ့အတိုင်း တိုင်းပြည်အခြေနေမ
ငြိမ်သက်တာကြောင့် ကျွန်တော်တို့ရဲ့ Be a Legend
Valorant tournament ကို စိတ်မကောင်းစွာပဲ
ခေတ္တခဏရပ်ဆိုင်းလိုက်ရပါတယ်ခင်ဗျာ 😢
Disband လုပ်တာမျိုးမဟုတ်ပဲ အခြေနေများ
ပြန်လည်တည်ငြိမ်တာနဲ့ချက်ချင်း ပြန်လည်ကျင်းပ
သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ 😌
Register လုပ်ပြီးအသင်းများကိုလဲ အသင်းဝင်ကြေးများကို ကျွန်တော်တို့ဘက်က Refund ပြန်လဲပေး
သွားမှာဖြစ်ပြီး Tournament ပြန်လည်ကျင်းပ
ဖြစ်တဲ့အခါ ဦးစားပေးအသိပေးသွားမှာပဲ
ဖြစ်ပါတယ်ခင်ဗျာ

Thank you for your Attention🙏🙏

Hello Guys! Welcome back from Flawless Entertainment!ကျွန်တော်တို့ page အနေနဲ့ active မဖြစ်တာနည်းနည်းကြာသွားပါပြီ။ ဒီတစ်...
11/01/2022

Hello Guys! Welcome back from Flawless Entertainment!
ကျွန်တော်တို့ page အနေနဲ့ active မဖြစ်တာနည်းနည်းကြာသွားပါပြီ။ ဒီတစ်ခေါက်မှာတော့ game အကြောင်းတင်ပေးမှာမဟုတ်ပဲ Valorant Tournament နဲ့ပြန်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ Flawless Entertainment ကဦးစီးပြီးတော့ Valorant player တွေအတွက်ပွဲတစ်ပွဲပြုလုပ်ပေးသွားမှာပါ။ Prize pool ကတော့ 230000Ks ဖြစ်ပြီး team limit က 30 teams အထိလက်ခံသွားမှာပါ။ Registration ကို page မှာမကြာခင်တင်ပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။

04/01/2022

Welcome Back to Flawless Entertainment Guys!!!

ဒီ‌‌ေန့တင်ဆက်ပေးသွားမယ့် "Up Coming 2022 Games" ကတော့ "Horizon Forbidden West" ပဲဖြစ်ပါတယ်။

''Horizon Forbidden West'' ကို Guerrilla Games မှ ဖန်တီးပြီး "PlayStation 4 နှင့် PlayStation 5" အတွက် Sony Computer Entertainment က ထုတ်လုပ်‌ပေးမှာဖြစ်ပါတယ်။ ဒီ Game ကို 'Sony' ရဲ့ 'The Future of Gaming Event' မှာ တရားဝင်ထုတ်ဖော်ပြသခဲ့ပြီး ''Horizon Zero Dawn'' ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။

''Horizon Forbidden West" သည် 'Zero Dawn' ဖြစ်ရပ်အပြီး တစ်နှစ်ခွဲအကြာတွင် လျှိဝှက်ဆန်းကြယ်သောပလိပ်ရောဂါ၏ရင်းမြစ်ကိုရှာဖွေရန် 'Utah' ကနေ 'Pacific Coast' ကို စေလွှတ်ခြင်းခံရတဲ့ 'Nora' မျိုးနွယ်စုမှ လူငယ်မုဆိုးလေး Aloy နေရာကနေ ဆက်လက် ဆော့ကစား ရမှာပါ။ ''Forbidden West'' ၏ မြေပုံတွင်မရှိသော နယ်မြေများကို ဖြတ်ကျော်ကာ သူမ၏ ခရီးတွင် သဘာဝ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသော ရန်လိုသော နယ်မြေဒေသများနှင့် ကြီးမားသော မုန်တိုင်းများ၊ အန္တရာယ်ရှိသော ရန်သူများနှင့် သေစေတတ်သော စက်ရုပ်အသစ်များ၊ အဟောင်းများ နှင့် ကြုံတွေ့ရမှာပါ။

'Aloy' က "Forbidden West'' ရဲ့ ပိုမိုကျယ်ပြန့်နက်ရှိင်းသော အစိတ်အပိုင်းများကို စူးစမ်းရန် ကြိုးပမ်းစဉ်မှာ စိမ်းလန်းစိုပြေသောချိုင့်ဝှမ်းများ၊ ခြောက်သွေ့သောသဲကန္တာရများ၊ နှင်းထူထပ်သော တောင်များ၊ အပူပိုင်းကမ်းခြေများနှင့် ရေအောက်ပိုင်းရှိ ရေနက်ချောက်များ၊ ချိုင့်ဝှမ်းများအပါအဝင် ကွဲပြားသောပတ်ဝန်းကျင်ဂေဟစနစ်များကို ရှာဖွေတွေ့ရှိဦးမှာလည်းဖြစ်ပါတယ်။

Player တွေက အရင်ဂိမ်းနှင့် နှိင်းယှဉ်ကြည့်ရင် ပိုမိုကြီးမားတဲ့ မြေပုံတစ်ခုအဖြစ် ကျယ်ပြန့်စွာ စူးစမ်းလေ့လာနိုင်မှာပါ။ ရေအောက်ရှာဖွေရေး က Player တွေကို ပင်လယ်များ၊ ရေကန်များနှင့် မြစ်များ၏ မျက်နှာပြင်အောက်ရှိ နက်နဲသောအရာများကို ဖော်ထုတ်နိုင်မည့် Game ရဲ့ အစိတ်အပိုင်းအသစ်တစ်ခုဖြစ်တယ်။ အရမ်းသောကြီးမား စက်ယန္တရားများ နဲ့ ရန်သူများကို ကိုယ်ရှာဖွေထားတဲ့ အစိတ်အပိုင်းများဖြင့် Craft ထားသော လက်နက်များ၊ ပစ္စည်းများနှင့် ထောင်ချောက်များကို အသုံးပြုပြီး 'Strategic Battle' များ ဖန်တီးနိုင်မှာပါ။ ''Weapon System'' အသစ်တွေကို ကစားသမားများရဲ့ ''Workbench'' မှာ Upgrade နိုင်မှာ ဖြစ်ပြီး၊ 'Aloy' ကိုယ်တိုင် ''Outfit'' အသစ်တွေရဲ့ ''Outfit-Specific Skill'' တွေ အသုံးပြုလိုရမှာပါ။

Game ကို ''California, Utah နှင့် Nevada'' မြိုတွေရဲ့ ''Post-Apocalyptic Open-World" မှာ တည်ဆောက်ထားပြီး ''Forbidden West'' ဟုလူသိများတဲ့ လျှိဝှက်ဆန်းကြယ်သောတည်နေရာကို စူးစမ်းလေ့လာရမှာဖြစ်ပါတယ်။ ဒီ Game မှာ ပျက်စီးနေသော ''San Francisco' နှင့် Yosemite Valley'' အပါအဝင် ထင်ရှားသောနေရာအများအပြားကို ဇီဝရုပ်ဖြစ်ပျက်မှုအမျိုးမျိုးဖြင့် ပြသမည်ဖြစ်သည်။

"Horizon Forbidden West" ကို "February 18၊ 2022" မှာထွက်ရှိမှာဖြစ်ပါတယ်။
အဆုံးထိဖတ်ရှုပေးလို ကျေးဇူးအများကြီးတင်ပါတယ်။ Up Coming 2022 Game မှာ ဘယ်ဂိမ်းတွေဆက်တင်ပေးသွားမလဲဆိုတာ‌ကိုတော့ စောင့်မျှော်ကာ အားပေးကြပါဦး.....


03/01/2022

Hello Guys!
Welcome to Flawless Entertainment!!!
--------------------------------------------------------------
ဒီနေ့မိတ်ဆက်ပေးမယ့်ဂိမ်းက ပြင်သစ်အခြေစိုက် Company ဖြစ်တဲ့ Sloclap ကနေ Develop လုပ်ထားတဲ့ "Sifu" ပဲဖြစ်ပါတယ်။ ဒီဂိမ်းကို 2022 ရဲ့ February 8 ရက်နေ့မှာ publish လုပ်ပေးမှာဖြစ်ပြီး Windows နဲ့ Ps4, Ps5 တွေမှာဆော့နိုင်မှာပါ။ Xbox နဲ့ Nintendo Switch မှာတော့ထွက်လာဖို့မရှိသေးပါဘူး။

Pc နဲ့ဆော့မယ့်လူတွေကတော့ "Epic Game Store" ကနေဝယ်ယူ ဆော့ကစားနိုင်မှာပါ။ Single Player Mode ပဲဆော့ရမှာဖြစ်ပြီး 'Action-Adventure game' အမျိုးအစားပဲဖြစ်ပါတယ်။

ဒီဂိမ်းမှာတော့ သူ့မိသားစုကိုသတ်သွားတဲ့ 'Assassins' တွေကိုလက်စားချေဖို့ ပြန်လိုက်ရှာတဲ့ 'Kung fu' ကျောင်းသားလေး "Sifu" နေရာကနေ ဇာတ်အိမ်တည်ထားပြီးတော့ "Pak Mei martial art" ကိုအခြေခံထားတဲ့ သိုင်းကွက်တွေနဲ့ ရန်သူတွေကိုတိုက်ခိုက်ရင်း တစ်ခါသေတိုင်း အသက်ကပိုကြီးလာမှာဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ပါတဲ့သွေးကပိုနည်းသွားမှာဖြစ်ပေမယ့် သိုင်းကွက်တွေပိုသုံးနိုင်မှာဖြစ်ပြီး Damageလည်း ပိုများလာမှာဖြစ်ပါတယ်။ ဆော့နေရင်းနဲ့ 'Shrine' တွေရှာပြီးတော့ အဲ့ 'Shrine' တွေမှာသွေး Heal တာတွေနဲ့ Ability အသစ်တွေရယူနိုင်မှာဖြစ်ပါတယ်။

"Martial-Art Game တွေဆော့ရတာနှစ်သက်တဲ့ လူဆိုရင်တာ့အကြိုက်တွေ့စေမယ့် ဂိမ်းတစ်ခုဖြစ်မယ်လို့ ထင်မြင်မိပါတယ်။"
ဆက်လက်ပြီးတော့ Up Coming 2022 Games ‌တွေကိုထပ်ပြီး တင်ပေးဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးခင်မျ.....


Hello guys...Welcome back from Flawless Entertainment!!!Tomb Raider Game ကို ဆော့ကစားရတာ ကြိုက်နှစ်သက်သူများ အတွက် သတင်း...
02/01/2022

Hello guys...Welcome back from Flawless Entertainment!!!

Tomb Raider Game ကို ဆော့ကစားရတာ ကြိုက်နှစ်သက်သူများ အတွက် သတင်းကောင်းလေးတစ်ခုပါးလိုက်ချင်ပါတယ်။ အဲဒီသတင်းလေးကတော့ Epic Games platform ကနေ Tomb Raider Game Of The Year Edition, Rise of the Tomb Raider: 20 Year Celebration, Shadow of the Tomb Raider: Definitive Edition တွေကို January 7 ရက်နေ့ အထိ free ပေးသွားမှာဖြစ်လို့ ရယူဆော့ကစားလို့ရပါပြီ။ လက်မလွှတ်တမ်း ယူသင့်တာမလို့ သွားရောက်ယူဖို့ မမေ့ကြပါနဲ့နော် 😉✨


01/01/2022

အားလုံးပဲမင်္ဂလာပါ Flawless Entertainment ကနေကြိုဆိုပါတယ်။

ဒီနေ့ကတော့ Sequel အသစ်ထွက်ရှိလာမယ့် Dying Light 2: Stay Human အကြောင်းဖြစ်ပါတယ်။

Dying Light 2: Stay Human က Zombie Apocalypse ဖြစ်ပြီးနောက်ပိုင်း သီးခြားဖြစ်နေတဲ့ မြိုတစ်ခုမှာ ဇာတ်လမ်းတည်ထားတဲ့ First-person Survival Horror Open-world Action Game အမျိုးအစားဖြစ်ပါတယ် ။ သင်ဟာ Europe ရှိ နောက်ဆုံးလူသားမျိုးနွယ်စုတို အခြေချနေထိုင်တဲ့ The City ၏ နိုင်ငံသားများအတွက် ထူးထူးခြားခြားအလုပ်များနှင့် တာဝန်များကို ထမ်းဆောင်နေသော Aiden Caldwell အဖြစ် ဆော့ကစားရမှာပါ။

ပထမ Game Story နဲ့ နှစ် 20 ကြာပြီးနောက်ပိုင်းဇာတ်အိမ်တည်ထားပြီး၊ Dying Light 2 မှာ အဆင့်မြင့်နည်းပညာ က ရှားပါးလာတယ်၊ လက်နက်များလဲ ရဖိုခဲယဉ်းသွားပြီး‌ေတာ့ ရောဂါကူးစက်ခံရမှုမှ လွတ်မြောက်ရန်အတွက် အစိတ်အပိုင်းများကို တူးဖော်ကာ ယာယီလက်နက်များ အတူတကွ Craftဖိုလိုအပ်ပါတယ်။ မူရင်းDying Light ထက် လေးဆကြီးမားတဲ့ မြိုပျက်ကြီးကို လွတ်လပ်စွာစူးစမ်းလေ့လာနိုင်ပြီး Side Missions များကို ဆော့ကာ Story ကို အကျိုးသက်ရောက်စေမည့် ရွေးချယ်မှုများ ပြုလုပ်ရပါမယ်။

နောက်ပြီးတော့ Dying Light 2 ရဲ့ Zombie တွေကဆိုရင် အခြား Game များမှာ မြင်‌တွေ့ ရတဲ့ အရာများနဲ့ အနည်းငယ်ကွာခြားပါသည်။ ဒီ Game ရဲ့ Zombie တွေက အလင်းအာရုံခံနိုင်ရည်ရှိပြီး ညဘက်ထက် နေ့ခင်းဘက်သွားခြင်းက ပိုမိုလုံခြုံမှုပေးပါတယ်။

Dying Light 2: Stay Human က မူရင်းဂိမ်းရဲ့ ဇာတ်ကြောင်းနဲ့ ဆက်ထားသော်လည်း နောက်ဆက်တွဲမှာ‌‌ေတာ့ သီးခြားဂိမ်းအဖြစ် ဆော့ကစားသွားရမှာပါ။ ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် လုံးဝခြားနားတဲ့ တည်နေရာတစ်ခုမှာ Dying Light 2 က ယခင်ဂိမ်းမှ အကိုးအကားများဖြင့် ကမ္ဘာကြီးပြန်လည်တည်ဆောက်မှု ကို အသားပေးရုံသာဖြစ်သော်လည်း မူရင်း Dying Light ကတော့ ကောင်းမွန်စွာဆုပ်ကိုင်ထားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်နေတာကတော့ အမှန်ပါ။ Dying Light 2ကို စိတ်ဝင်စားပေမယ့် မူရင်းကို 1ကို မဆော့ရသေးလို အရင်ဆော့ကြည့်လိုက်ဦးမယ်ဆိုရင်တော့ အရှုးမရှိတာတော့အမှန်ပါပဲ။

Dying Light 2 မှာ Player လေးဦးအထိ ပူးပေါင်းပါဝင်ကစားပြီး မူရင်းဂိမ်းကဲ့သိုပင် အခြားသူများနဲ့ ဂိမ်းထဲ Mission များ၊ Activityများနှင့် အခြားသော open-world လေ့လာရေးခရီးများကို ပါဝင်နိုင်မှာဖြစ်ပါတယ်။

Dying Light 2: Stay Human ကို PC၊ PlayStation 5၊ PS4၊ Xbox Series X|S၊ Xbox One နှင့် Nintendo Switch များမှာ February 4 ရက် 2022 တွင်စတင်ဆော့ကစားနိုင်ပါပြီ။

အဆုံးထိဖတ်ပေးလိုကျေးဇူးအများကြီးတင်ပါတယ်။ ဆက်လက်ပြီး Up coming 2022 game များအကြောင်းတင်သွားပေးဦးမှာဖြစ်လို ဆက်လက်အားပေးကြပါဦး ခင်မျ.....


Hello Guys! Welcome to Flawless Entertainment!မကြာမီအချိန်အတွင်းမှာ ကျွန်တော်တို့တွေ အစစအရာရာအဆင်မပြေဖြစ်နေကြရတဲ့ ၂၀၂၁ က...
28/12/2021

Hello Guys! Welcome to Flawless Entertainment!
မကြာမီအချိန်အတွင်းမှာ ကျွန်တော်တို့တွေ အစစအရာရာအဆင်မပြေဖြစ်နေကြရတဲ့ ၂၀၂၁ ကြီးကို လက်ပြနှုတ်ဆက်ရတော့မှာပဲဖြစ်ပါတယ်။ လာမယ့်နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အဖက်ဖက်ကနေ အဆင်ပြေစေတဲ့ နှစ်သစ်လေးဖြစ်ပါစေလို့ ကျွန်တော်တို့ Flawless Family မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဂိမ်းလဲပိုဆော့နိုင်ကြပါစေ🤘🏼
🎉New Year Guys🎉

Hello Guys welcome to Flawless Entertainment2022 နှစ်သစ်နဲ့အတူ PC Game အသစ်များလဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အသစ်များစွာ ထဲ...
27/12/2021

Hello Guys welcome to Flawless Entertainment

2022 နှစ်သစ်နဲ့အတူ PC Game အသစ်များလဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အသစ်များစွာ ထဲကမှ လူကြိုက်များတဲ့ PC Game တချို့အကြောင်း ပြောပြသွားမှာပါ။

သင်က Tactical Shooting Game ဆော့ရတာ ကြိုက်နှစ်သူဆိုရင် Ready or Not ကို သဘောကျမိမှာပါ။ Ready or Not က လောလောဆယ်မှာ alpha stage ပဲရှိပြီးတော့ PvP mood သုံးခုရှိပါတယ်။ အဲဒီသုံးခုကတော့

VIP Es**rt - S.W.A.T team က random ရွေးချယ်ထားသော ကစားသမား VIP တစ်ဦးကို အနိုင်ရရန်အတွက် extraction point ကို ခေါ်ဆောင်သွားရမည်ဖြစ်တယ်။ Enemy team က objective ပြီးမြောက်အောင် တားဆီးရန် လိုအပ်ပြီး VIP ကို ​​ ကြားဖြတ် ဖမ်းယူနိုင်မည်ဖြစ်သည်။ သတ်မှတ်အချိန် အတွင်း S.W.A.T team က VIP ကို လွတ်မြှောက်အောင် မလုပ်နိုင်ခဲ့ရင် Enemy team နိုင်မှာဖြစ်ပါတယ်။

Arrest and Rescue - Team နှစ်ခု က Non-lethal weapon များကို အသုံးပြုပြီး တစ်ဖက် team player များကို ဖမ်းဆီးခြင်းဖြင့် lives များ တိုးပွားမှာဖြစ်သည်။ ကိုယ့် Team က player တွေကို ကယ်တင်ရင်း တစ်ဖက် team တစ်ခုလုံးကို ဖမ်းဆီးနိုင်တဲ့ Team က အနိုင်ရရှိမှာပါ။

Team Deathmatch - Team နှစ်ခု က တစ်ဖွဲ့ နှင့် တစ်ဖွဲ့ သတ်ဖြတ်ချင်းဖြင့် အမှတ်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းအတွက် လှည့်ကွက်တစ်ခုကတော့ အမှတ်များများရဖို့ ပြိုင်ဘက်ကို ဖမ်းဆီးရမှာပါပဲ။ အချိန်သတ်မှတ်မှုပြီးဆုံးပြီးနောက် အမှတ်အများဆုံးရရှိသည့်အသင်းသည် အနိုင်ရမှာပါ။

Ready or Not ကို VOID Interactive က ထုတ်လုပ်ထားတာ ဖြစ်ပြီး 18 December 2021 မှာ release ခဲ့ပါတယ်။လောလောဆယ်မှာတော့ Steam platform မှာ $39.99 ဝယ်ယူဆော့ကစားနိုင်မှာဖြစ်ပါတယ်။ နောက်လဲ အခုလို Game အချက်အလက်များ တင်ပြပေးမှာမလို့ ဆက်လက် အားပေးကြပါဦး။



Hey Guys!!!Flawless Entertainment မှပြန်လည်ကြိုဆိုလိုက်ပါတယ်။သင်ဟာ Computer Game တွေဆော့ရတာနှစ်သက်တဲ့လူဆိုရင်တော့ သတင်းက...
23/12/2021

Hey Guys!!!
Flawless Entertainment မှပြန်လည်ကြိုဆိုလိုက်ပါတယ်။
သင်ဟာ Computer Game တွေဆော့ရတာနှစ်သက်တဲ့လူဆိုရင်တော့ သတင်းကောင်းတစ်ခုကို လက်တို့ပေးပါရစေ။ Steam မှာ Steam Winter Sale Event အနေနဲ့ Dec 22 ကနေ Jan 5 အထိ 10% ကနေစပြီး 90% အထိလျှော့နေတာပဲဖြစ်ပါတယ်။ ဒီ promotion မှာ နာမည်ကြီး game တွေဖြစ်တဲ့ Red Dead Redemption, Left 4 Dead 2, Rainbow Six တို့အပြင် 2015 Game of the Year Award ရထားတဲ့ The Witcher III နဲ့ အခြားဂိမ်းများစွာပါဝင်တဲ့အတွက် လက်မလွှတ်သင့်တဲ့ Event တစ်ပါ။

ဒီ Event မှာကျွန်တော်တို့ page ရဲ့ Top-pick game လေးတွေကတော့

*Red Dead Redemption 2 (-50%)
*Days Gone (-40%)
*Rainbow Six Siege (-60%)
*The Witcher Franchise(Up to 80% Off)
*Assassin’s Creed Franchise(Up to 85% Off)
*Final Fantasy Franchise(Up to 60% Off)
*Star Wars Franchise (Up to 85% Off)
*Fallout Franchise (Up to 75% Off)
*Tomb Raider Franchise (Up to 89% Off)
*HALO Franchise (Up to 75% Off)

ဒီ Event မှာ Mystery sticker လေးတစ်ခုလဲ free ပေးနေတာမို့ဝင်ယူလိုက်ကြပါဦးဗျာ။🤘🏼

အားလုံးပဲမင်္ဂလာပါ Flawless Entertainment ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ Battle Royale Game များကို ကြိုက်နှစ်သက်တဲ့သူများအ...
22/12/2021

အားလုံးပဲမင်္ဂလာပါ Flawless Entertainment ကနေကြိုဆိုပါတယ်

ဒီနေ့မှာတော့ Battle Royale Game များကို ကြိုက်
နှစ်သက်တဲ့သူများအတွက်သတင်းကောင်းလေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်။အဲဒီသတင်းလေးကတော့ Player Unknown Battle Ground (PUBG) အကြောင်းလေးပဲဖြစ်ပါတယ်။

PUBG ကဆိုရင်တော့ဖြင့် Free to Play Version ကို January 12 နေ့တွင် Officially ထွက်ရှိမှာဖြစ်ပြီး Steam မှရယူကာ ဆော့ကစားနိုင်ပါတယ်။

ဒီ versionမှာတော့ Battleground Plus ဆိုတာပါဝင်လာမှာဖြစ်ပြီးတော့ Battleground Plus တွင်
Survival Mastery XP +100% boost
Career – Medal tab
Ranked Mode
Creating Custom တို့ပါဝင်ပါတယ်။

Battleground Plus ဝယ်မှသာ Rank Mode Custom Mode တို့ဆော့လို့ရမှာဖြစ်ပြီးတော့ Battleground Plus မရှိသူများအတွက်တော့ သာမန် Classic Mode သာကစားနိုင်ပါတယ်။ ဒီ Battleground Plus ကို $12.99 USD ဖြင့် ဝယ်ယူကာဆော့ကစားနိုင်ပါတယ် ဒီ Battleground Plus ကိုဝယ်ယူလျှင်ရရှိမည့် Rewards များကတော့
* Captain’s Camo Hat
* Captain’s Camo Mask
* Captain’s Camo Gloves
* Bonus 1300 G-COIN တို့ဖြစ်ပါတယ်

PUBG PC version ရှိပြီးသားလူများအတွက်
လည်းrewardsတွေ များစွာရရှိမှာလဲဖြစ်ပါတယ်
ဒါကြောင့် ဒီ PUBG Free to Play Version ကို 2022 January 12 နေ့တွင်သွားရောက်ယူဖို့မမေ့ကြပါနဲ့နော်
(Console သမားများလည်းဝင်ရောက် ယူကာဆော့ကစားနိင်ပါတယ်)

21/12/2021

Hello guys! Flawless Entertainment ကနေပြီးပြန်လည်ကြိုဆိုပါတယ်...
ဒီနေ့ပြောပြချင်တဲ့‌အကြောင်းအရာကတော့Valorantအတွက် In Game setting နဲ့ Window setting အကြောင်းအနည်းငယ် sharing လုပ်ပြသွားမှာဖြစ်ပါတယ်....

Hello guys! Flawless Entertainment ကနေပြီးတော့ ပြန်လည်ကြိုဆိုပါတယ်...ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာကတော့ Epic Gameကနေ က...
19/12/2021

Hello guys! Flawless Entertainment ကနေပြီးတော့ ပြန်လည်ကြိုဆိုပါတယ်...

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာကတော့ Epic Gameကနေ ကျွန်တော်တို usersတွေအတွက် Remnant From The Ashes ဆိုတဲ့ game ကို free ပြန်လည်ပေးထားကြောင်း ပြောချင်ပါတယ်... Remnant ဂိမ်းဟာဆိုရင်တော့ soul-like ကိုမှ shooting ဆန်ဆန် ဆော့ရမှာ ဖြစ်လို soul-like ကြိုက်တဲ့လူအတွက်ရော Shooting game playချင်‌တဲ့ လူတွေ အတွက်ရော မရှိမဖြစ် ယူထားဖိုတော့ တိုက်တွန်းချင်ပါတယ်! Ratingကလဲ 8/10ရှိတာဖြစ်ပြီးတော့ ဒီ game ကတော့ Epicမှာ Dec 20,12:00AM ထိ အချိန်ရတာမိုလို အမြန်ဆုံး ယူစေချင်ပါတယ်

နောက်တခုကတော့ Remnant From The Ashes ပြီးရင် Epic Game ကနေ နောက်ထပ် Mystery Game တစ်ခု ထပ်ပေးမှာ ဖြစ်ပြီးတော့ ဘာgameအမျိုးအစားလဲ ဆိုတာတော့ မဖော်ပြထားပေမယ့် တကယ် ကောင်းမယ့် gameအမျိုးအစားထဲမှာဘဲ ပါမယ်လို ထင်တယ် ဘော်ဒါတိုရော ဘာအမျိုးအစား ဖြစ်မလဲဆိုတာ တွေးရင်းနဲ့ နောက် လေးနာရီ အကြာမှာ ပေးတော့မှာဖြစ်တဲ့ gameကို ရင်ခုန်စွာနဲ့ဘဲ စောင့်ဆိုင်းကြရအောင်ဗျာ!!!



18/12/2021

ဒီနေ့မှာတော့ Wonder People ကနေ develop လုပ်ပေးတဲ့ game အသစ်ဖြစ်တဲ့ Super People နဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီ Game ကတော့လူတော်တော်များများသိပြီးသားဖြစ်တဲ့ PUBG လို Battle Royale style ဖြစ်ပြီးတော့ အပစ်အခက်ကြိုက်တဲ့သူတွေအတွက်ဆော့ရတာ အတော်လေးအဆင်ပြေစေမယ့် Game အနေနဲ့ပေါ်လာမှာပါ။ Game play ပိုင်းကိုကြည့်မယ်ဆိုရင် PUBG လောက်မရိုးရှင်းပဲ သူ့နာမည်အရ Game Character တစ်ကောင်ချင်းဆီမှာ ကိုယ်ပိုင် abilities တွေနဲ့ပစ်ခတ်ပြီး survive ဖြစ်အောင်လုပ်ရမှာပါ။ FPP နဲ့ TPP mode လဲပါဝင်တဲ့အတွက် တော်တော်များများဆော့ရတာအဆင်ပြေစေမှာပါ။ လက်ရှိရေပန်းစားနေတဲ့ PUBG နဲ့ လူသိများပြီးသား Apex Legends နှစ်မျိုးလုံးရဲ့ပုံစံတွေ ပေါင်းပြီးဆော့ရမှာဆိုတော့ စိတ်ဝင်စားစရာကောင်းတဲ့ဂိမ်းဖြစ်လာမှာပါ။ ဒီ Game ကတော့ free to play ဖြစ်ပြီးတော့ steam မှာ request access လုပ်ပြီး ဆော့နိုင်ပါပြီ။ Game Download Link လေးကိုတော့အောက်မှာပေးထားပါတယ်။



👇🏻👇🏻
https://store.steampowered.com/app/1190340/SUPER_PEOPLE/

18/12/2021

Hello Guys! Welcome to Flawless Entertainment! ကျွန်တော်တို့ page ကတော့ November 29 မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Page ထောင်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ Game တွေနဲ့ပတ်သက်တဲ့ video လေးတွေတင်ပေးသွားဖို့ပါ။ လူကြိုက်များသော Game များနှင့် အခြားစိတ်ဝင်စားစရာ Game အကြောင်းတွေပါတင်ဆက်ပေးသွားမှာမို့ ကျွန်တော်တို့ page လေးကို Follow လုပ်ပြီးစောင့်မျှော်ပေးကြပါဦးဗျ။ ❤️🤘🏼

18/12/2021

Address


Website

Alerts

Be the first to know and let us send you an email when Flawless Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Flawless Entertainment:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share