Ko Khun - Digital Marketer

  • Home
  • Ko Khun - Digital Marketer

Ko Khun - Digital Marketer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Khun - Digital Marketer, Digital creator, .

🟦 ကမ္ဘာ့ထိပ်သီးနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Google/ Meta တွေကနေ အသိအမှတ်ပြု ပေးအပ်တဲ့ Professional Certificates အတန်းတွေကိုအ...
14/08/2022

🟦 ကမ္ဘာ့ထိပ်သီးနည်းပညာကုမ္ပဏီတွေဖြစ်တဲ့
Google/ Meta တွေကနေ အသိအမှတ်ပြု ပေးအပ်တဲ့ Professional Certificates အတန်းတွေကို
အခမဲ့သင်ယူနိုင်မည့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ 😎

◽️ ပုံမှန် Coursera မှာ လစဉ်ကြေး $39 ပေးပြီး
တက်ရတဲ့ အတန်းတွေကို အချိန်(၆)လအတွင်း
Free လေ့လာလို့ရအောင် The American Dream Academy က လူငယ်တွေအတွက် လုပ်ပေးထားတဲ့ Online Program တစ်ခုဖြစ်ပါတယ်။

◽️ဒီ Program ရဲ့အဓိကရည်ရွယ်ချက်တော့
အမေရိကမှာနေထိုင်တဲ့လူငယ်တွေကို လုပ်ပေးထားတာဖြစ်တဲ့အတွက် Account Register လုပ်တဲ့အချိန်မှာ US Country Location - VPN ခံပြီး Sign Up လုပ်ပေးဖို့လိုပါတယ်။ သင်တန်းတက်မယ့်သူအနေနဲ့ Coursera Account ရှိပြီးသားဖြစ်ရပါမယ်။ အကောင့်မရှိသေးရင် Coursera Website မှာ
အကောင့်တစ်ခုကို Google Mail နဲ့ သွားလုပ်လို့ရပါတယ်။

◽️https://theamericandreamacademy.org/ မှာ Register သွားလုပ်ပြီးတာနဲ့ Coursera App ကနေတဆင့် ကိုယ်ကြိုက်တဲ့အတန်းတွေတက်လို့ရပါပြီ။ သတ်မှတ်ထားတဲ့ Assignment Grade တွေပြည့်မှီရင်တော့ Certificate လေးတွေရရှိမှာဖြစ်ပါတယ်။

◽️အွန်လိုင်းအတန်းတွေဆိုပေမယ့် Professional Certificate အတန်းတွေကတော့ အချိန်တကယ် ပေးပြီးတက်မှအဆင်ပြေတာပါ။ Account Register လုပ်တဲ့နေရာမှာ အဆင်မပြေတာရှိရင် Page Messenger မှာလာမေးနိုင်ပါတယ်။ အချိန် ၆လအတွင်းမှာ Certificate တွေများများရယူနိုင်ကြပါစေ။

" Facebook Live ကိုဖြုတ်ပစ်မှာမဟုတ်ပါဘူးခင်ဗျာ"ဒီနိုင်ငံမှာတောင်သိပ်မသုံးကြတဲ့ Product Tagged Function Live Streaming (အ...
08/08/2022

" Facebook Live ကိုဖြုတ်ပစ်မှာ
မဟုတ်ပါဘူးခင်ဗျာ"

ဒီနိုင်ငံမှာတောင်သိပ်မသုံးကြတဲ့
Product Tagged Function Live Streaming
(အောက်ပုံပါအတိုင်း) တစ်ခုထဲ ကိုဘဲ
ပြန်ဖြုတ်ချမှာဖြစ်ပါတယ်

ကျွန်တော်တို့နိုင်ငံမှာ မြင်တွေ့နေကြပုံမှန်
Facebook Live လွှင့်ပြီး စျေးဆက်ရောင်းလို့
ရနေဦးမှာဖြစ်ပါတယ်။

28/10/2021

AR/VR / NFT/ Crypto အပါအ၀င်
နည်းပညာအသစ်သစ်တွေနဲ့ ပွဲထွက်လာဦးမယ့် Facbook Inc ကုမ္ပဏီကတော့
Meta လို့နာမည်ပြောင်းလိုက်ပါပြီ

လျက်ရှိသုံးနေတဲ့ Facebook /Instagram/
Whatup အစရှိတဲ့ App နာမည်တွေကတော့ ယခင်အတိုင်းဘဲရှိနေမှာပါ။

အလွယ်ကူဆုံးရှင်းပြရမယ်ဆိုရင်
ယခင်တုန်းက Facebook for Busines/ Facebook for Developer ကဏ္ဍတွေအားလုံးက Meta for Business/ Meta for Developer အနေနဲ့
အဲလိုလေးဘဲ ပြောင်းသွားတာပါ။

အခု Products တွေကော နောက်မိတ်ဆက် Products အားလုံးကို
Meta အောက်မှာ ဆက်ပြီးလုပ်သွားမှာပါ။

⚠️ Facebook Error Alert ⚠️ဒီနေ့မနက်မှာ ပုံတစ်ပုံထက်ပိုပြီး တင်ထားတဲ့Post ဓာတ်ပုံတွေကိုထောက်ကြည့်ရင် အောက်ကပုံလိုမျိုးပေါ...
02/06/2021

⚠️ Facebook Error Alert ⚠️

ဒီနေ့မနက်မှာ ပုံတစ်ပုံထက်ပိုပြီး တင်ထားတဲ့
Post ဓာတ်ပုံတွေကိုထောက်ကြည့်ရင်
အောက်ကပုံလိုမျိုးပေါ်လာပါတယ်။

သတိထားမိသလောက် Facebook အသုံးပြုသူတိုင်း ဖြစ်နေတာမို့ VPN တွေအမြဲခံသုံးနေရတဲ့
ကိုယ့်ရဲ့ အကောင့်ကို Logout / Login မကြာခဏ
မလုပ်လိုက်ဖို့ မှာချင်ပါတယ်။

Logout လုပ်မိရင် အကောင့် ပြန်၀င်လို့မရတဲ့
ပြသနာတွေအဖြစ်များပါတယ်။

Facebook ဘက်က Error ဖြစ်တဲ့အတွက်
သူ့ဟာသူ ပြန်အဆင်ပြေသွားပါလိမ့်မယ်။

01/04/2021

❗️Facebook Profile Lock လုပ်ဆောင်ချက် မြန်မာအား Fb မှ ဖန်းတီးပေး ❗️

Facebook အနေနဲ့ မြန်မာနိုင်ငံမှာ Facebook သုံးနေတဲ့သူတွေရဲ့ လုံခြုံရေးအတွက် Feature တစ်ခု ထည့်ပေးလိုက်ပါတယ်။ အဲဒါက profile ကို lock လုပ်လို့ရတာ ဖြစ်ပါတယ်။ တခြား ဘယ်လိုနည်းလမ်းတွေနဲ့ မြန်မာပြည်တွင်းကလူတွေရဲ့ လုံခြုံရေးအတွက် ကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြိုးစားပေးနေပါတယ်။

အခုရက်သတ္တပတ်တွေ အတွင်းမှာ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို တင်ဆက်ပေးနေတဲ့ ဂျာနယ်လစ်နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ နားလည်တဲ့အတွက် အခု feautere ကို ထည့်သွင်းပေးလိုက်တာပါ။

ဒီ feature ရဲ့ သဘောအရတော့ ကိုယ့်ရဲ့ profile ကိုတခြားသူ ဝင်ကြည့်မရအောင် lock ချ ထားလို့ရတယ်။ Privacy setting တွေ အများကြီးကနေ ရှုပ်ရှုပ်ထွေးထွေး လုပ်နေစရာ မလိုတော့တဲ့အပြင် တချို့အားသာချက်တွေပါ ထည့်သွင်းပေးလိုက်တဲ့အတွက် လုံခြုံရေးအတွက် စိတ်ချရမှာဖြစ်ပါတယ်။

Lock ချထားတဲ့ profile ကို friend မဟုတ်တဲ့ သူတွေက ကိုယ့်ရဲ့ profile photo ကို save လုပ်မရတာမျိုး၊ ကိုယ့် timeline ကို ဝင်ကြည့်မရတာမျိုးပါ။ တစ်နည်းအားဖြင့်ပြောရရင် post တွေအားလုံး friend only ဖြစ်သွားတာပါ။

ဒီ feature ကို သုံးချင်တယ်ဆိုရင်
- ကိုယ့်နာမည်အောက်က အစက် ၃ စက်ကိုနှိပ်ပါ။
- Lock Profile ကို ရွေး။
- Lock profile ဆိုတာကို ထပ်ရွေးပြီး confirm လုပ်ပါ။

ပြန်ဖွင့်ချင်ရင်လည်း ဖွင့်လို့ရပါတယ်။ တချို့ account တွေကတော့ မရသေးဘူး..။ သိပ်မကြာခင်တော့ မြန်မာပြည်က လူတွေတော်တော်များများ သုံးလို့ရလာပါလိမ့်မယ်။

Credit

ဒီလိုအခြေအနေမှာ လူတိုင်းတတ်ထားသင့်တဲ့ ရှေးဦးသူနာပြုစုနည်းကို ဒီ App လေးမှာအလွယ်တကူလေ့လာနိုင်ပါတယ်။❗️အရေးတော်ပုံမှာ သွေး...
13/03/2021

ဒီလိုအခြေအနေမှာ လူတိုင်းတတ်ထားသင့်တဲ့
ရှေးဦးသူနာပြုစုနည်းကို ဒီ App လေးမှာ
အလွယ်တကူလေ့လာနိုင်ပါတယ်။

❗️အရေးတော်ပုံမှာ သွေးထွက်သံယိုတွေဖြစ်လာရင် ထိခိုက်မှုအနည်းဆုံး\ အသက်ကယ်(First Aid)
နည်းလမ်းတွေကို ကြိုတင်လေ့လာထားသင့်ပါတယ်။

Download Link :

Andriod Ver
https://play.google.com/store/apps/details?id=com.greenchamomile.betadinefirstaid

IOS Ver
https://apps.apple.com/sg/app/first-aid-ifrc/id1312876691

လုံခြုံရေးအခြေအနေအရ လူတိုင်းအသုံးပြုဖို့ လိုအပ်နေပြီဖြစ်တဲ့  Signal Private Messenger App စတင် အသုံးပြုနည်း-------------...
18/02/2021

လုံခြုံရေးအခြေအနေအရ လူတိုင်းအသုံးပြုဖို့
လိုအပ်နေပြီဖြစ်တဲ့ Signal Private Messenger App စတင် အသုံးပြုနည်း
------------------------------------------

နိုင်ငံရေးခေတ်ကာလအခြေအနေအရ
အွန်လိုင်းပေါ်ကနေတဆင့်
ကျွန်တော်တို့ တစ်ဦးနှင့် တစ်ဦးဆက်သွယ်ပြောဆို
တဲ့အခါမှာ Facebook Messenger နဲ့ Viber App
တွေဟာ (၁၀၀)ရာခိုင်နှုန်း စိတ်မချရတော့ပါဘူး။
အထူးသဖြင့် မသမာတဲ့ အဖွဲ့အစည်းတွေ ကြားခံလူတွေတဆင့်ခံ ခိုးကြည့်လို့မရအောင်
လုံခြုံစိတ်ချရတဲ့ App တစ်ခုကို
အသုံးပြုဖို့လိုအပ်လာပါပြီ။

Signal App လေးကတော့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနှင့် လုံခြုံစိတ်ချရမှုအရှိဆုံး App ဖြစ်ပါတယ်။ နောက်ပြီးတော့ Anonymous Hacker Team ကနေလည်း မြန်မာနိုင်ငံကလူတွေ
အသုံးပြုဖို့ Recommend ပေးထားပါတယ်။

ဒီ App လေးကို လူများများသုံးလာအောင်
ထပ်ဆင့်မျှဝေ ပေးကြဖို့လည်း တောင်းဆိုပါတယ်။

Download ပြုလုပ်လိုသူများအတွက်

Playstore - http://bit.ly/3qAVcSP
Playstore မရသူများ - http://bit.ly/3axh9N0
IOS Ver - http://apple.co/3axWc4o
Window - https://signal.org/download/

၁၀၀ ရာခိုင်နှုန်းသေချာသွားပါပြီဒီနေ့ည ၁နာရီကနေ မနက်ဖြန်မနက် ၃နာရီအထိအင်တာနက် ယာယီဖြတ်တောက်ခံရမှာဖြစ်ပါတယ်။
14/02/2021

၁၀၀ ရာခိုင်နှုန်းသေချာသွားပါပြီ

ဒီနေ့ည ၁နာရီကနေ မနက်ဖြန်မနက်
၃နာရီအထိအင်တာနက် ယာယီဖြတ်
တောက်ခံရမှာဖြစ်ပါတယ်။

အင်တာနက် ပြန်ပိတ်သွားရင်တောင် Facebook အပါအဝင်တခြား App တွေပါဆက်သုံးလို့ရတဲ့နည်း°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°...
07/02/2021

အင်တာနက် ပြန်ပိတ်သွားရင်တောင်
Facebook အပါအဝင်တခြား App တွေပါဆက်သုံးလို့ရတဲ့နည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

စစ်တပ်က အင်တာနက်ဖြတ်တောက်ထားချိန်မှာတောင် သူ့ရဲ့ App ကိုသုံးပြီး Internet အသုံးပြုနိုင်ပါတယ်။ Download လုပ်ပြီးတာနဲ့ 50G Free သုံးစွဲခွင့်ရှိပါတယ်။ ဒီ APP ကိုသုံးတဲ့ချိန်မှာ တခြား ဘယ် VPN App မှ ဖွင့်မထားပါနဲ့။ အင်တာနက် ဘယ်လိုပိတ်ပိတ် ဖုန်းတိုင်ရှိတာနဲ့
သုံးလို့ရပါတယ်။

ဒီ Link တွေကနေတဆင့် Download ဆွဲပြီး
ပုံလေးထဲနည်းလမ်းအတိုင်း ဖွင့်သုံးနိုင်ပါတယ်။

Playstore မရသူများ(1) : http://bit.ly/2YZK9WZ
Playstore မရသူများ(2) : http://bit.ly/2LvxB6Q
IOS Link : http://apple.co/36Q0bHu
For PC : http://bit.ly/3aJ3ktS

50GB အထိဘဲ Free သုံးလို့ရမှာမို့ #အင်တာနက်တကယ်ပိတ်သွားတဲ့အချိန်မှသာAppကိုဖွင့်သုံးပေးကြပါနော်။ Visa /Master Card နဲ့လည်း Data တွေ
ထပ်၀ယ်လို့ရပါတယ်ခင်ဗျ။

နောက်ထပ်သော Free Internet ကျော်သုံးလို့ရတဲ့ App တွေကိုစမ်းသပ် ပြီးတင်ပေးသွားပါဦးမယ်

အများသိအောင်ထပ်ဆင့် မျှ​ေ၀ပေးကြပါ။

Free VPN လေးတွေ သုံးပြီဆိုရင် ဒါလေးတွေသတိထားဖို့လိုပါတယ်⚠️❗️(၁) အခမဲ့သုံးလို့ရတဲ့ VPN အများစုက လုံခြုံမှုအပြည့်အဝ မပေးနိ...
04/02/2021

Free VPN လေးတွေ သုံးပြီဆိုရင် ဒါလေးတွေ
သတိထားဖို့လိုပါတယ်⚠️❗️

(၁) အခမဲ့သုံးလို့ရတဲ့ VPN အများစုက လုံခြုံမှုအပြည့်အဝ မပေးနိုင်တဲ့အတွက် လုံခြုံစိတ်ချရတဲ့ VPN ကိုရွေးသုံးပါ။ ( http://bit.ly/2MTIVtT ) ဒါလေးတွေကတော့ ကျွန်တော် ရွေးချယ်ထားတဲ့ VPN App လေးပါ။

(၂) VPN သုံးတဲ့အခါမှာ Country Location တွေအများကြီး ပြောင်း မသုံးပါနဲ့။ Facebook Security & Login စည်းမျဉ်းအရ Account Lock
ကျသွားနိုင်ပါတယ်။

(၃) အရေးကြီးတဲ့ တစ်ခုကတော့ VPN ကို On
လုပ်ထားပြီး ကိုယ့်ရဲ့ ဘဏ်အကောင့်တွေ
Mobile Wallet App တွေလုံး၀ လုံးဝမဖွင့်ပါနဲ့။

(၄) ဖရီးသုံးလို့ရတဲ့ VPN အများစုက ကိုယ်ဘယ်သူ
ဘယ်ဝါဖြစ်တယ် ဆိုတာကို ၁၀၀ ရာနှူန်း
Cover မလုပ်ပေးနိုင်ပါဘူး။

(၅) ကိုယ့်ရဲ့ Facebook Account ကို 2-Step Authentication ခံသုံးထားတဲ့သူတွေအနေနဲ့
SMSLogin Approval Code မပို့ပေးတတ်ပါဘူး။

(၆) VPN ဖွင့်သုံးထားပြီး Facebook Account Password တွေခဏ ခဏ မချိန်းပါနဲ့၊
Lock ကျဖို့ အလားအလာများပါတယ်။

(၇) တချို့သော VPN တွေက ကိုယ့်ရဲ့
အင်တာနက်လိုင်းကိုနှေးကွေးစေပါတယ်။
လိုင်းတက်လိုက် ကျလိုက်လည်းဖြစ်တတ်ပါတယ်။

အဲဒီလိုဖြစ်နေရင် ကိုယ့်ဖုန်းနဲ့ ကိုက်ညီတဲ့
Country တွေပြောင်းလဲအသုံးပြုကြည့်လို့ရပါတယ်။

(၈) ဖရီး VPN တွေသုံးတဲ့အခါမှာ ကြော်ငြာတွေ
အရမ်းများတဲ့အတွက် မကောင်းတဲ့ Link တွေထဲ
ဝင်မိသွားရင် ကိုယ့်ဖုန်းထဲ Virus တွေဝင်လာနိုင်ပါတယ်။

❗️ဒါလေးတွေကတော့ ကျွန်တော်လေ့လာသိထားတဲ့Free VPN App တွေရဲ့ နောက်ကွယ်က
ဖြစ်တတ်တဲ့ ဆိုးကျိုးလေးတွေကို
မျှဝေပေးထားတာပါ။

❗️သတင်းတု၊သတင်းယောင်ရန်က
ကင်းဝေးပြီး လုံခြုံစိတ်ချရတဲ့ အင်တာနက်အသုံးပြုမှုဖြစ်စေဖို့အတွက် တခြားလူတွေကို ထပ်ဆင့် မျှဝေပေးဖို့ တောင်းဆိုပါတယ်ခင်ဗျ။

Facebook သုံးခွင့် ကိုယာယီပိတ် မယ်ပြောနေတဲ့အတွက် Free Unlimited VPN App လေးတွေ Downloadလုပ်ထားကြပါ။ Playstore မှာ Review...
03/02/2021

Facebook သုံးခွင့် ကိုယာယီပိတ် မယ်ပြောနေတဲ့အတွက် Free Unlimited VPN App လေးတွေ Downloadလုပ်ထားကြပါ။

Playstore မှာ Review ကောင်းပြီး IOS Version တွေပါ ထွက်ရှိထားတဲ့ App တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် Facebook ကျော်ခွသုံးနည်းတွေကိုလည်း Youtube မှာတင်ပေးသွားပါ့မယ်။

https://youtube.com/channel/UCZH_LbyjtA9xmrS9Zuf8ruA

Cloudfare ကထုတ်ထားတဲ့ 1.1.1.1:
https://play.google.com/store/apps/details?id=com.cloudflare.onedotonedotonedotone

Psiphon
https://play.google.com/store/apps/details?id=com.psiphon3.subscription

Turbo VPN
https://play.google.com/store/apps/details?id=free.vpn.unblock.proxy.turbovpn

Speed VPN
https://play.google.com/store/apps/details?id=com.app.any.vpn.pro

Proton VPN
https://play.google.com/store/apps/details?id=ch.protonvpn.android

Tomato
https://play.google.com/store/apps/details?id=com.ironmeta.security.turbo.proxy.vpntomato.pro

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ရရှိသော အမှတ်စာရင်းကို အွန်လိုင်းနေတဆင့်ကြည့်ရှုနိုင်မည့် Websitehttps://mme...
12/01/2021

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ရရှိသော အမှတ်စာရင်းကို အွန်လိုင်းနေ
တဆင့်ကြည့်ရှုနိုင်မည့် Website

https://mmexamscore.org/

** ဇန်န၀ါရီလ(၁၇)ရက်နေ့ မနက်(၆)
နာရီအချိန်မှစတင်၍
၀င်ရောက်ကြည့်ရှုစစ်ဆေးနိုင်မှာပါ။

18/12/2020

ဒီတစ်ပတ်မှာ Facebook ကိုပိုက်ဆံပေးပြီး
ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကြော်ငြာတွေကို ဘယ်လိုလုပ်လို့ရနိုင်မှာလဲဆိုတဲ့
အကြောင်းအရာနဲ့ ပတ်သက်ပြီး
Sharing လုပ်ပေးထားပါတယ်

Facebook Marketing နဲ့သက်ဆိုင်တဲ့
အကြောင်းအရာတွေကို
Facebook Marketing Video Series
မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အွန်လိုင်းစီးပွားရေး လမ်းညွှန်စာအုပ် (အခမဲ့ရယူလိုက်ပါ)COVID ကာလအတွင်းမှာ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို အွန်လိုင်းစီးပွ...
12/12/2020

အွန်လိုင်းစီးပွားရေး လမ်းညွှန်စာအုပ်
(အခမဲ့ရယူလိုက်ပါ)

COVID ကာလအတွင်းမှာ ကိုယ့်ရဲ့
စီးပွားရေးလုပ်ငန်းကို အွန်လိုင်းစီးပွားရေးအဖြစ်သို့
တိုးချဲ့\ ကူးပြောင်းရာတွင် အသုံးတည့်စေမည့်
နည်းလမ်းကောင်းများကို လေ့လာနိုင်မည့်
လမ်းညွှန် စာအုပ်လေးတွေကို မျှ​ေ၀ပေးလိုက်ပါတယ်။

အောက်ပါလုပ်ငန်းများအတွက်
မြန်မာဘာသာဖြင့် ရေးသားပြုစုထားတဲ့
စာအုပ်တွေကို [https://bit.ly/2IGC5pR ]
မှတဆင့် အခမဲ့ Download ရယူနိုင်ပါပြီ။

☑️စားသောက်ကုန်စုံလုပ်ငန်းများ
☑️စားသောက်ဆိုင်များ
☑️သယ်ယူပို့ဆောင်ရေး
☑️လူသုံးကုန် လက်လီရောင်းချတဲ့ လုပ်ငန်း

ဒီ eBook လေးတွေကို
သြစတြေးလျနိုင်ငံအစိုးရ၊ DFAT ရဲ့ ရန်ပုံငွေ
အထောက်အပံ့၊ TradeWorthy ရဲ့ နည်းပညာအကူအညီ
တို့နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့
အတူပူးပေါင်း ထုတ်​ေ၀ထားတာ ဖြစ်ပါတယ်။


29/11/2020

ဘေးကင်းလုံခြုံတဲ့ အင်တာနက်
အသုံးပြုမှုလေးတစ်ခု ဖြစ်စေဖို့ ဖေ့ဘုတ်ပေါ်မှာ လုံး၀ လုံး၀ မတင်သင့်တဲ့
အရာတွေအများကြီးရှိပါတယ်။

ဒီနေ့လေးမှာတော့ ဖေ့ဘုတ်အသုံးပြုတဲ့သူတိုင်း
မဖြစ်မနေသိထားရမယ့် အကြောင်းအရာ သုံးခုကို
ဗီဒီယိုလေးထဲမှာ မျှဝေပေးထားပါတယ်။

21/11/2020

ငွေကုန်ကြေးကျမရှိဘဲနဲ့
ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို
ဖေ့ဘုတ်ပေါ်မှာလူတွေ ပိုသိလာအောင်လုပ်
လို့ရတဲ့ Organic Marketing နည်းလမ်း
အကြောင်းကို မျှဝေပေးထားပါတယ်။

ဒါ့အပြင် ဒီဂျစ်တယ် စီးပွားရေးနဲ့သက်ဆိုင်တဲ့
Knowledge Sharing
လေးတွေကို Digital for Business/ Doing Business Online Playlist
ထဲမှာဝင်ရောက်လေ့လာနိုင်ပါ။

17/11/2020

ဒီနေ့လေးမှာတော့ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို
အွန်လိုင်းပေါ်မှာလူတွေ ပိုသာသိလာအောင်
ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးကို
မျှဝေပေးထားပါတယ်။

ဒါ့အပြင် ဒီဂျစ်တယ် စီးပွားရေးနဲ့သက်ဆိုင်တဲ့
Knowledge Sharing
လေးတွေကို Digital for Business Playlist
ထဲမှာဝင်ရောက်လေ့လာနိုင်ပါ။

28/10/2020

ဒီနေ့လေးမှာတော့ နာမည်ကြီး Online Learning Website တစ်ခုဖြစ်တဲ့ Coursera မှာအခမဲ့ ပညာသင်ယူနိုင်မယ့် အခွင့်အရေး
နဲ့ပတ်သက်ပြီး ကျွန်တော် Sharing
လုပ်ပေးထားပါတယ်။

ဒီအစီအစဉ်လေးကနေတဆင့်
သင်တန်းပေါင်း ၄၀၀ ကျော်ကို အခမဲ့
သင်ယူနိုင်မည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု
Certificate များရရှိနိုင်မှာဖြစ်ပါတယ်။

Register ပြုလုပ်ရန် Link 👇👇👇

https://docs.google.com/forms/d/14TwweodiJE_F6lVkKpv8VZQimrz3xQLWCD1oRx-YGHk/edit

** တက်ရောက်သင်ယူလိုတဲ့ အတန်းအားလုံး
ဒီဇင်ဘာ (၁၅)ရက်နေ့မတိုင်ခင်နောက်ဆုံးလျှောက်ထားရန် ရပ်ထပ်တိုးထားပါတယ်**

Special Thanks & Sources -
ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာကျွမ်းကျင်မှုမြှင့်တင်ရေး ဆပ်ကော်မတီ

Apply for the Spark AR Creator Collab!Facebook AR Effects တွေနဲ့ ပတ်သက်ပြီးအခြေခံကျကျသင်ယူလိုတဲ့လူငယ်တွေအတွက် (၆)ပတ်တာ သ...
22/10/2020

Apply for the Spark AR Creator Collab!

Facebook AR Effects တွေနဲ့ ပတ်သက်ပြီး
အခြေခံကျကျသင်ယူလိုတဲ့လူငယ်တွေအတွက်
(၆)ပတ်တာ သင်ယူရမည့်
Spark AR Creator Collab အစီအစဥ်သစ်ကို
လျှောက်ထားနိုင်ပါပြီ။

ကိုဗစ်ကာလမှာ အိမ်မှာနေရင်း
Innovative idea တွေနဲ့အတူ
အသစ်အသစ်သော ပညာရပ်တွေကို
လေ့လာသင်ယူလိုတဲ့သူတွေအနေနဲ့
လက်မလွှတ်တမ်း လျှောက်ထားနိုင်ကြစေဖု့ိ
Sharing လုပ်ပေးလိုက်ပါတယ်။

ယခု အစီအစဥ္မှာ အင်္ဂလိပ်ဘာသာ ဖြင့်သင်ယူရမှာဖြစ်ပြီး
တက်ရောက်ဖို့ အရွေးချယ်ခံရမည့်
သူတွေအနေနဲ့ (၁၀၀)ရာခိုင်နှုန်း အခမဲ့သင်ယူ
ခွင့်ရရှိ မှာဖြစ်ပါတယ်။
နောက်ဆုံးလျှောက်ထားရမယ့်နေ့ရက်မှာ
အောက်တိုဘာ ၂၅ရက်နေ့ ဖြစ်ပြီး
https://bit.ly/3jijigN မှတဆင့်
၀င်ရောက်လျှောက်ထားနိုင်ပါတယ်။

18/10/2020

Facebook ကိုအသုံးပြုပြီး အွန်လိုင်းစီးပွားရေး
စတင်လုပ်ကိုင်မယ့်သူတွေအနေနဲ့ Personal Account ကိုသုံးရမှာလား? Page ထောင်ပြီးလုပ်ရမှာလား ?

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့
Personal Account နဲ့ page ရဲ့ ကွာခြားချက်ကို Video လေးထဲမှာ ရှင်းပြပေးထားပါတယ်

10/10/2020

ဖေ့ဘုတ် အကောင့် လွယ်လွယ်နဲ့
အခိုးမခံရအောင် ဘာတွေပြင်ဆင်/
သိထားသင့်လဲ??

ကိုဗစ်စဖြစ်တဲ့အချိန်ကစလို့ မြန်မာနိုင်ငံမှာ
ဖေ့ဘုတ်အသုံးပြုသူဦးရေ သိသိသာသာ
မြှင့်တက်လာတာကို Facebook ကထုတ်ပြန်ထားတဲ့ Insight တစ်ခုမှာ ကျွန်တော်တွေ့မိပါတယ်။

ဒါ့အပြင် ကိန်းဂဏန်းအရ တိုးများလာတဲ့
ဖေ့ဘုတ်အသုံးပြုသူအရေအတွက် အများစုဟာ
(အသက် ၄၀အထက်) ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ဖေ့ဘုတ်အသုံးပြုတဲ့နေရာမှာ
လုံလုံခြုံခြုံနဲ့ အသုံးပြုနိုင်စေဖို့ရည်ရွယ်ပြီးတော့
ကျွန်တော်လေ့လာထားတဲ့
ဆောင်ရန်/ ရှောင်ရန် အချက်
တစ်ချို့ကို ဒီဗီဒီယိုလေးမှာ
Sharing လုပ်ပေးလိုက်ပါတယ်

20/07/2020

မင်္ဂလာပါ

Corona Outbreak စပြီးဖြစ် တဲ့အချိန်ကစလို့
ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်အထိ
ကျွန်တော့်တို့ရဲ့ Early Stage Startup လုပ်ငန်းငယ်လေးကို ဟန်ချက်ညီညီနဲ့
အသက်ဆက်နိုင်အောင်
အချိန်ပိုပေးနေခဲ့လို့ ဒီဘက်ကို
လုံးဝမလှည့်ကြည့်အားခဲ့ပါဘူး။

ကျွန်တော့်ရဲ့ Digital Skills By Solo Vlog
လေးတွေကို ယနေ့ထိတိုင် အားပေးလာခဲ့ကြတဲ့
သူငယ်ချင်း မိတ်ဆွေ၊ ဆရာသမားတွေအားလုံးအတွက်
ယနေ့ခေတ်မှာလူငယ်နှင့် စီးပွာရေးလုပ်ငန်းတိုင်းမှာ
အလွန်အရေးပါလာတဲ့
Digital Business & Digital Learning mနှင့်ပတ်သက်သမျှ ကျွန်တော်လေ့လာနေတဲ့အကြောင်းအရာတွေကို
ရက်ပေါင်း(၁၀၀)တိတိ နေ့စဉ်
(၁ ရက်လျှင် ၁ပုဒ်နှုန်းဖြင့်) မကြာခင်မှာ
မျှဝေပေးသွားဖို့ အစီအစဉ်ရှိပါတယ်။

ကြည့်ရှုတဲ့သူတွေအတွက်လည်း အသိပညာဗဟုသုတ တစ်ခုရရှိစေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီအစီအစဉ်လေးကို စိတ်ပါဝင်စားတယ်ဆိုရင်တော့
ကျွန်တော်ကို Comment လေးထဲမှာ
လို့ရေးခဲ့ပြီးတော့ဖြစ်စေ၊ Digital နဲ့ပတ်သက်ပြီး
လေ့လာသင်ယူလိုတဲ့ကိုယ့်ရဲ့ သူငယ်ချင်းတွေကို
Mention ခေါ်ပြီးတော့လည်း
အားပေးနိုင်ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။

Khun Kyaw Zayar Win@Solo

14/05/2020

🎬 ဒီတစ်ခေါက်မှာ အလုပ်ရဖို့ခက်ခဲနေတဲ့ လူငယ်တွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေအတွက်
၂၁ရာစု လုပ်ငန်းခွင်မှာ မရှိမဖြစ် သိထားရမယ့်
Workplace Skills နဲ့ပတ်သက်ပြီး
၃မိနစ်စာ မျှဝေပေးထားပါတယ်။🙆‍♂️

🎬 ဒီဗီဒီယိုလေးက တစ်စုံတစ်ခု အကျိုးရှိသွားစေမယ်ဆိုရင် ကိုယ့်ရဲ့ သူငယ်ချင်းတွေအတွက်
မျှဝေပေးဖို့ တောင်းဆိုပါတယ်။

✅ Youtube မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် >> https://youtu.be/VdwCub5rJt0


30/04/2020

Facebook ရဲ့ Care Reaction အသစ်ရယူနည်း
ကိုမျှဝေ ပေးလိုက်ပါတယ်။

ဒီတခေါက်မှာတော့ Care Reaction အသစ်လေးကို
မရ​သေးတဲ့သူတွေအတွက် နည်းလမ်းကောင်း
လေးကို ​ပြောပြပေးထါးပါတယ်။

[Facebook Update App Download Link]

- Gmail/Email Accountရှိသူများအနေနဲ့
Playstore မှာ Updateတင်ပါ
https://play.google.com/store/apps/details?id=com.facebook.katana&hl=en

- Gmail မရှိတဲ့သူတွေအနေနဲ့
ဒီ Link ကနေ Download ပြုလုပ်ပါ
https://apkpure.com/p/com.facebook.katana

- IOS သမားများအတွက် App Store မှာ
Update တင်ပေးပါ။
https://apps.apple.com/us/app/facebook/id284882215

28/04/2020

Digital Transformation ပြုလုပ်ဖို့ စဉ်းစားနေသူတွေနဲ့ စတင်ဖို့ ကြိုးစားနေသူတွေအတွက် ကျွန်တော်လေ့လာမိသမျှ
Fundamental of 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 and Operation အပိုင်းကို အချက် (၃)ချက်နဲ့ မျှဝေပေးလိုက်ပါတယ်။

1) အသုံးများတဲ့ Project Management Tools
Operation Process တွေအဆင်ပြေဖို့ Management Tools ကောင်းကောင်းရွေးသုံးဖို့ လိုပါတယ်။

- Microsoft Office 356
https://www.office.com/
- G-suite
https://gsuite.google.com/
- Trello
https://trello.com/
- Asana
https://asana.com/
- Workplace by Facebook
https://www.facebook.com/workplace

2) Best Communication Tools

Viber - https://www.viber.com/
Messenger - https://www.messenger.com/
Slack - https://slack.com/
Zoom - https://www.zoom.us/
Google Meet - https://meet.google.com/

3) လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စာရင်းဇယားတွေ၊
File တွေ Data တွေကို အင်တာနက်ပေါ်မှာ သိမ်းဆည်းနိုင်မည့် Tools

Google Drive - https://drive.google.com/
One Drive - https://bit.ly/2SdJfTO
Dropbox - https://www.dropbox.com/

နောက်ထပ် Tools/Resources အသစ်တွေ ရှိလာရင် ထပ်ပြီး Update လုပ်ပေးမှာမို့
ဒီ Post လေးကို Share ပြီးသိမ်းထားဖို့ မမေ့ပါနဲ့နော်။

𝗦𝗼𝗹𝗼@𝗞𝗵𝘂𝗻 𝗞𝘆𝗮𝘄 𝗭𝗮𝘆𝗮𝗿 𝗪𝗶𝗻
Founder & Managing Director
mDigital Win Digital & Mar-Tech Co.,Ltd

20/04/2020

Digital Transformation ပြုလုပ်ဖို့ စဉ်းစားနေသူတွေနဲ့ စတင်ဖို့ ကြိုးစားနေသူတွေအတွက် ကျွန်တော်လေ့လာမိသမျှ
𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗮𝗻𝗱 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 အပိုင်းကို
(၂ မိနစ်စာ) မျှဝေပေးလိုက်ပါတယ်။

1) 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗖𝗼𝗻𝗰𝗲𝗽𝘁 𝗮𝗻𝗱 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹 𝗦𝗸𝗶𝗹𝗹𝘀 တွေသင်ယူလိုသူအတွက်

Facebook Ads လေ့လာရန်
https://web.facebook.com/business/learn?_rdc=1&_rdr

Digital Ads နဲ့ပတ်သက်သမျှ Google Primer App
https://bit.ly/2xJRsIn

Fundamental Digital Skills တွေကို တနေရာထဲ အကုန်လေ့လာလိုသူအတွက်
Acadium - https://acadium.com/

2) 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 အတွက်
အသုံးတည့် စေမည့် Resources နှင့် Tools များ

Shutter-stock က ဓာတ်ပုံတွေ Free ပေးနေတဲ့
Resources Link
https://shutr.bz/34VJEj1

Covid-19 ကာလအတွင်း Facebook က
ပေးထါးတဲ့ Business Resources
https://web.facebook.com/business/boost/resource?_rdc=1&_rdr

Covid-19 ကာလအတွင်း Google က
ပေးထါးတဲ့ Business Resources
https://bit.ly/3aid8IR

Social Media Design တွေကို ကိုယ်တိုင်ကိုယ်ကျ
ဆွဲလိုတဲ့သူတွေအတွက် အလွယ်ကူဆုံး Toolsများ
https://www.canva.com
https://spark.adobe.com/
https://snappa.com/

Youtube Video Builder အသစ်ကို အသုံးပြုလိုသူအတွက်
https://bit.ly/2VkIv1a

3) 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗣𝗮𝗿𝘁𝗻𝗲𝗿 ရှာဖွေလိုတဲ့ Business
တွေအတွက်

Shop.com.mm မှာပစ္စည်းတင်ရောင်း
လိုသူတွေအတွက်
https://m.sellercenter.shop.com.mm

Foodpanda မှာ အစားအသောက်တင်ရောင်းလိုသူအတွက်
https://www.restaurant.foodpanda.com.mm/

Facebook Marketing ကိုတစ်နိုင်တစ်ပိုင် ကိုင်တွယ်
နေတဲ့ Business လုပ်ငန်းများအတွက်
𝗺𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗪𝗶𝗻 𝗕𝗿𝗮𝗻𝗱 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗿𝗼𝗴𝗿𝗮𝗺:
https://bit.ly/2XOs2nN

နောက်ထပ် Tools/Resources အသစ်တွေ ရှိလာရင် ထပ်ပြီး Update လုပ်ပေးမှာမို့
ဒီ Post လေးကို Share ပြီးသိမ်းထားဖို့ မမေ့ပါနဲ့နော်။

နောက်ထပ် Video လေးမှာ
𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗮𝗻𝗱 𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻
ပိုင်းကိုမျှဝေပေးသွားမှာပါ။

𝗦𝗼𝗹𝗼@𝗞𝗵𝘂𝗻 𝗞𝘆𝗮𝘄 𝗭𝗮𝘆𝗮𝗿 𝗪𝗶𝗻
Founder & Managing Director
mDigital Win Digital & Mar-Tech Co.,Ltd

12/04/2020

အိမ်မှာနေရင်း Facebook အင်တာနက်(ဒေတာ) အကုန်များ
နေတဲ့သူတွေအတွက် အသုံးတည့်စေမယ့်
နည်းလမ်းကောင်းတစ်ချို့ကို
ဒီတစ်ခေါက်မှာ ဗီဒီယိုလေးမှာ မျှဝေပေးထားပါတယ်။

အိမ်မှာနေရင်း ကျန်းမာပျော်ရွှင်တဲ့ အတာသင်္ကြန်လေးဖြစ်ပါစေ
လို့ ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

26/03/2020

အိမ်မှာနေရင်း ကိုယ့်ရဲ့ အချိန်တွေကို အကျိုးရှိရှိ
အသုံးချလိုတဲ့သူတွေအတွက် အသုံးဝင်လောက်မယ့် Online Learning, Shopping, Digital Payment နဲ့ Working Apps/Websites
တွေကို မျှဝေပေးထားပါတယ်။

13/03/2020

ဒီတစ်ခေါက် ဗီဒီယိုလေးမှာ
ကိုရိုနာဗိုင်းရပ်စ် နဲ့ပတ်သက်တဲ့ သတင်းတု၊
သတင်း အမှား နဲ့ ပတ်သက်ပြီး ဘယ်လို စစ်ဆေး
အတည်ပြုလို့ရနိုင်တယ်ဆိုတာကို ပြောပြပေးထားတယ်။

Comment မှာလည်း Trusted Websites/ Page Link
တွေကို ထည့်ပေးထားပါတယ်

08/03/2020

ဒီတစ်ခေါက် Vlog လေးမှာ
ဒီဘက်ခေတ်လုပ်ငန်းခွင်လိုအပ်ချက်အရ
လူငယ်တိုင်း တတ်ထားသင့်တဲ့ Digital Skills
တွေကို တနေရာထဲမှာ သင်ယူလေ့လာနိုင်တဲ့
Platform တစ်ခုကို Direction လေးလုပ်ပေးသွားပါ့မယ်။

သာမန် မြင်နေကြ Online Learning Platform တွေထက်
ဘာတွေ ပိုအားသာတယ် ဆိုတာကို Video လေး
ထဲမှာဝင်ကြည့်ပေးပါဦး။

Website : https://acadium.com/
Android app: https://bit.ly/2PYFmkN
IOS app : https://apple.co/2wDx0Z3
Subscribe on YouTube : https://youtu.be/_wcZg22qY88

** ဒီ Platform ဟာ Digital Marketing
ကိုစိတ်ပါဝင်စားလူငယ်တွေအတွက် အဓိက
ဖန်တီးပေးထားတာဖြစ်ပေမယ့် ခေတ်ရေစီးကြောင်းအရ
လူငယ်တိုင်းတတ်ထားတဲ့ Skills တွေဖြစ်တာကြောင့်
Sharing လုပ်ပေးခြင်းဖြစ်ပါတယ်။

Address


Alerts

Be the first to know and let us send you an email when Ko Khun - Digital Marketer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Khun - Digital Marketer:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share