ACF Monywa

ACF Monywa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ACF Monywa, News & Media Website, .

ACF မုံရွာမှ ရဲ​ေဘာ်တယောက် ခွေးဆွဲခံရpage လုံခြုံရေး အတည်မပြုနိုင်သေးပါ
22/02/2022

ACF မုံရွာမှ ရဲ​ေဘာ်တယောက် ခွေးဆွဲခံရ
page လုံခြုံရေး အတည်မပြုနိုင်သေးပါ

"မိဘ၊ပြည်သူများသို့ မေတ္တာရပ်ခံခြင်း"
21/02/2022

"မိဘ၊ပြည်သူများသို့ မေတ္တာရပ်ခံခြင်း"

21.2.2022 မုံရွာ ၅ / ဖိရင်ကြွမယ် ထိရင်ချမယ် ✊ကြွေးကြော်သံများနဲ့အတူအာဇာနည်လမ်းမပေါ်တွင် ချီတက်ခဲ့သည့် မုံရွာပင်မသပိတ်စစ်...
21/02/2022

21.2.2022 မုံရွာ

၅ / ဖိရင်ကြွမယ် ထိရင်ချမယ် ✊

ကြွေးကြော်သံများနဲ့အတူအာဇာနည်လမ်းမပေါ်တွင် ချီတက်ခဲ့သည့်

မုံရွာပင်မသပိတ်စစ်ကြောင်း 🚩

​" ပြန်လည်စုရုံး...နှစ်ခြောက်လုံး ကျေးလက်ပုန်ကန်...မြို့ပြ ဖီဆန် "

အောင်မြင်စွာ ချီတက်ပြီး
အောင်မြင်စွာလူစုခွဲပြီးကြောင်း

#စည်းလုံးခြင်းအင်အား

#အရေးတော်ပုံအောင်ရမည်

"ဂုဏ်ပြုမှတ်တမ်းလွှာ "
19/02/2022

"ဂုဏ်ပြုမှတ်တမ်းလွှာ "

"အလံနဲ့ အသံကို နားစွင့်ကြ"ရဲဘော်ပြည်သူတို့ရေ ....တော်လှန်ရေးကာလ တနှစ်အတွင်းမှာ ပေးခဲ့ရ၊ ပေးနေရဆဲ အသက်တွေ၊ မြေပေါ်ကျခဲ့၊ ...
11/02/2022

"အလံနဲ့ အသံကို နားစွင့်ကြ"

ရဲဘော်ပြည်သူတို့ရေ ....

တော်လှန်ရေးကာလ တနှစ်အတွင်းမှာ ပေးခဲ့ရ၊ ပေးနေရဆဲ အသက်တွေ၊ မြေပေါ်ကျခဲ့၊ ကျနေဆဲ အသက်၊ သွေးချွေးတွေ၊ ပုံမှန်ဘဝတွေကနေ လူမဆန်တဲ့ မတရားအဖိနှိပ်ခံနေရမှုတွေဟာ ငါတို့တွေ နိုင်ငံသားတစ်ယောက်၊ ပြည်သူပြည်သား တစ်ယောက်ရော ဟုတ်သေးရဲ့လား ငါတို့ဟာ တကယ့်နိုင်ငံသားတစ်ယောက်အနေနဲ့ ရှင်သန်နေရရဲ့လား။

အကျဥ်းသားတွေလို နေ့စဥ်စိတ်ရှိတိုင်း အဖိနှိပ်ခံနေရတာ ကျုပ်တို့တွေ ဘယ်အချိန်ထိ သည်းခံနေကြမလဲ။

အခုချိန်ဟာ ကျုပ်တို့ရဲ့အဖိနှိပ်ခံနေရမှုတွေကို ပြန်တွန်းလှန်ချိန်ရောက်ပြီ။

ကျုပ်တို့ရဲ့ လွတ်လပ်မှုကို ကျုပ်တို့ပြန်တိုက်ယူရမယ့် အချိန်ရောက်ပြီ။

ကျုပ်တို့တွေ အိမ်ထဲမှာ ဒီထက်ပိုသည်းခံပြီးနေနေတာဟာ ကျုပ်တို့ရဲ့ အကြောက်တရားကို ရန်သူပိုအသုံးချလာနေတာကို လက်ခံမွေးမြူပေးနေတာဖြစ်တယ်။

ကျုပ်တို့တွေဟာ တပ်ဦးအလံတလွင့်လွင့်ထူပြီး ကျုပ်တို့ယုံကြည်ရာကို တိုက်ယူကြရမယ့် အချိန်ကျပြီလို့ အသိသတိပေးချင်တယ်။ ​

လော​လောဆယ် နှိုး​ဆော်ထားချင်တာက ​ဖေ​ဖော်ဝါရီလ ၁၂ရက်မှာ လူထု လှုပ်ရှားမှုအတွက် အိမ်ထဲမှာနေမ​နေဘဲ ​ရောက်ရာအရပ်မှာ အသင့်ရှိ​နေ​ပေးကြဖို့ပါပဲ။

ဘာတွေ ဘယ်ပုံလုပ်ကြမလဲကိုတော့ တော်လှန်ရေး အင်အားစုတွေရဲ့ အလံနဲ့ အသံကို နားစွင့်၊ အသင့်ပြင်ပြီး စစ်အာဏာရှင်ကို ရောက်တဲ့နေရာကနေ တော်လှန်ကြဖို့၊ အသင့်ပြင်ထားကြဖို့ အသိပေးနှိုးဆော်လိုက်တယ်။

"အလံနဲ့ အသံကို နားစွင့်ကြ"

"ချုပ်ချယ်ရင် ရုန်းကန်၊ ဖိနှိပ်ရင် တွန်းလှန်
တိုက်ပွဲအောင်လံ ထူကြ၊ လွှင့်ကြ"


#ပင်လုံစာချုပ်
#အရေးတော်ပုံ_အောင်ရမည်
#ပင်လုံကတိကဝတ်_အရင်းတည်
#ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီ_ရဲရဲချီ
#လူမျိုးကြီးဝါဒဟူသမျှ_တိုက်ဖျက်ကြ
#လမ်းပေါ်ထွက်_တော်လှန်ကြ
#မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

" မိဘပြည်သူများအား အသိပေးကြေညာခြင်း "ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုသည့် ခွေးစစ်တပ်ကို နောက်ဆုံးနေဝင်ချိန်ထိ...
09/02/2022

" မိဘပြည်သူများအား အသိပေးကြေညာခြင်း "

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုသည့် ခွေးစစ်တပ်ကို နောက်ဆုံးနေဝင်ချိန်ထိ ကျွန်တော်တို့ညီနောင်တော်များက ပူးပေါင်းပါဝင်တိုက်ခိုက်သွားပါမည်။ ✊

(အရေးပေါ်မို့ မရှင်းခဲ့ရတဲ့ လဘက်ရည်ဖိုးကို မကြာခင်ပြန်လာပေးပါမည် )

၅ / ​ရွှေမြို့တော်ရဲ့

အုံးမောင်ပြည်သူထဲက ပြည်သူ

#အရေးတော်ပုံအောင်ရမည်

" မိဘပြည်သူများအား အသိပေးကြေညာခြင်း "
07/02/2022

" မိဘပြည်သူများအား အသိပေးကြေညာခြင်း "

🚨🚨🚨ယနေ့ညမုံရွာ🚨🚨🚨မုံရွာမြို့တော်ခန်းမ ယခုချိန်ထိ ကားကြီး/ဆိုင်ကယ်/အိမ်စီးကား/ပွိုင့်ကားသံများဆူညံနေ..🚨  #11:20PM ဖရဲသီးသ...
05/02/2022

🚨🚨🚨ယနေ့ညမုံရွာ🚨🚨🚨

မုံရွာမြို့တော်ခန်းမ ယခုချိန်ထိ
ကားကြီး/ဆိုင်ကယ်/အိမ်စီးကား/ပွိုင့်ကားသံများ
ဆူညံနေ..🚨 #11:20PM
ဖရဲသီးသတင်းအရ စခန်းတွင်းအောင်း မုံရွာအမှတ်(၁)မြို့မရဲစခန်းမှူးကိုယ်တိုင် အိမ်စီးကားနှင့်
ယနေ့ အပြင်ထွက်လူပ်ရှားမူရှိခဲ့ကြောင်း
သိရှိရပါသည်..။

မိဘပြည်သူများအနေဖြင့် ကျောက္ကာလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီးအပေါ်ကအသံများကို နားစွင့်ပြီး
ထူးခြားမူများရှိပါက သတင်းပေးပို့ပေးကြပါ..
ယခုည စကစဘက်မှ လူပ်ရှားမူများရှိနိုင်တာမို့
ကြိုတင်သိရှိအောင် သတိဝီရိယနှင့်အိပ်ကြဖို့
အထူးသတိပေးမှာကြားလိုပါတယ်..🙏

မြင်းကားခရီးစဉ်အတွက်ပြင်ဆင်နေတာဖြစ်နိုင်တယ်
ဟုလည်း ဖရဲသီးမှ ကောက်ချက်ချ သတင်းပေးပါသည်..။🚨🚨🚨 #11:20PM




#ပေးပို့သူ

ကျွန်ုပ်၏သူငယ်ချင်းများအဖွဲ့မှ လစဥ်ကြေး ၃၀၀၀၀ ကျပ်လှူဒါန်းသွားပါသည်။ အဖက်ဖက်မှကူညီပေးကြသော မိဘပြည်သူအားလုံးကို ကျေးဇူးအထ...
05/02/2022

ကျွန်ုပ်၏သူငယ်ချင်းများအဖွဲ့မှ လစဥ်ကြေး ၃၀၀၀၀ ကျပ်လှူဒါန်းသွားပါသည်။
အဖက်ဖက်မှကူညီပေးကြသော မိဘပြည်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။
ကျွန်ုပ်တို့သွေးကြောသည်တိုင်းပြည် ကျွန်ုပ်တို့အားအင်သည် ပြည်သူသာဖြစ်သည်။
ဒါ့ကြောင့် အဖက်ဖက်မှပါဝင်ပေးကြပါရန် အထူးမေတ္တာရပ်ခံပါရစေခင်ဗျ။

မိဘပြည်သူများသိရှိစေရန်နောက်ဆုံးအကြိမ်အသိပေးခြင်း
03/02/2022

မိဘပြည်သူများသိရှိစေရန်

နောက်ဆုံးအကြိမ်အသိပေးခြင်း

မုံရွာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ ရောင်းချနေသည့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ လက်လီလက်ကားဖြန့်ဖြူးနေသည့် ကုမ...
02/02/2022

မုံရွာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ ရောင်းချနေသည့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ လက်လီလက်ကားဖြန့်ဖြူးနေသည့် ကုမ္ပဏီများအား တွေ့ရှိပါက မုံရွာ လူထု သပိတ်ကော်မတီထံသို့ သတင်းပေး အကြောင်းကြား ပေးပါရန်။

မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကြေညာချက် အမှတ် ( ၁/၁/၂၀၂၂ ) အား ထုတ်ပြန်၍ ဦးပိုင်ကုမ္မဏီ နှင့် ထုတ်ကုန်ပစ္စည်းများအား ရောင်းဝယ်ဖောက်ကားခြင်း မပြုရန်နှင့် ဆက်လက်၍ ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်ပါက (၁-၂-၂၀၂၂) ရက်နေ့မှ စတင်၍ သိမ်းဆည်း ဖျက်ဆီးခြင်း၊ ငွေဒဏ်ချမှတ်ခြင်းတို့ဖြင့် အရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာပြီး ဖြစ်သည်။

စစ်တပ်ပိုင် ထုတ်ကုန်များအား ဆက်လက် ရောင်းဝယ်ဖောက်ကားခြင်းအားဖြင့် လူမဆန်သော အကြမ်းဖက်မှုများအား အလိုတူ၊ အလိုပါ ဆက်လက်ခွင့်ပြုပေးနေခြင်းပင် ဖြစ်ပါသောကြောင့် ဖေဖော်ဝါရီ (၁) ရက်နေ့ နောက်ပိုင်းမှ စတင်၍ စစ်တပ်ပိုင် ထုတ်ကုန်များ ဆက်လက် ရောင်းချလျက် ရှိနေသော စတိုးဆိုင်များ၊ စားသောက်ဆိုင်များ တွေ့ရှိပါက ကျွန်ပ်တို့ မုံရွာလူထု သပိတ်ဦးဆောင်ကော်မတီသို့ အကြောင်းကြား ပေးပို့သွားပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စစ်တပ်ထုတ်ကုန်များ ဆက်လက်ရောင်းချလျက်ရှိသော စတိုးဆိုင်များ၊ စားသောက်ဆိုင်များအနေဖြင့် လက်ကျန်ကုန်ပစ္စည်းများကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ ရှင်းလင်းထားရှိကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ဖေဖော်ဝါရီလ (၁၆) ရက်မှစ၍ ရရှိလာသော အချက်အလက်များအား စိစစ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပေးပို့၍ တရားဥပဒေစိုးမိုးမှုကို အလေးထားကာ မှန်ကန် ထိရောက်သော အရေးယူမှုများကို စနစ်တကျ လုပ်ဆောင်သွားရန် တွန်းအား​ပေးသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စတိုးဆိုင်၊ စားသောက်ဆိုင်များ၏ အကျိုးစီးပွားကို ရှေုးရှု၍ စစ်တပ်ထုတ်ကုန်များ ရောင်းဝယ်၊ ဖောက်ကားခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် အသိပေးအပ်ပါသည်။

သတင်း အချက်အလက်များအား မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ page Message Box တွင် လာရောက် သတင်းပေး အကြောင်းကြားနိုင်ပါသည်။

၅ / ကိုယ်စား ACF Monywa မှ ကျေးဇူးအထူးတင်ရှိပါကြောင်း" ဂုဏ်ပြုမှတ်တမ်းလွှာ "
02/02/2022

၅ / ကိုယ်စား ACF Monywa မှ ကျေးဇူးအထူးတင်ရှိပါကြောင်း

" ဂုဏ်ပြုမှတ်တမ်းလွှာ "

" မိဘပြည်သူများ မေတ္တာရပ်ခံခြင်း "
31/01/2022

" မိဘပြည်သူများ မေတ္တာရပ်ခံခြင်း "

ဆိုင်ဖွင့်ဆိုင်းတယ်မလား.. ဖွင့်ပြလိုက်လူအပြင်မထွက်ရင် ပြီးတာပဲ။ ထမင်းဆိုင်ဆို ထမင်းမချက်နဲ့လက်ဖက်ရည်ဆိုင်ဆို ရေနွေးတောင်...
30/01/2022

ဆိုင်ဖွင့်ဆိုင်းတယ်မလား.. ဖွင့်ပြလိုက်
လူအပြင်မထွက်ရင် ပြီးတာပဲ။

ထမင်းဆိုင်ဆို ထမင်းမချက်နဲ့
လက်ဖက်ရည်ဆိုင်ဆို ရေနွေးတောင်မတည်နဲ့
ပစ္စည်းရောင်းတဲ့ဆိုင်ဆို ဝယ်သူလာပေ့စေဦး..ဒီလိုနေ့မျိုးလာဝယ်ရဲတဲ့သူကို အဆမတန်သာဈေးတင်ရောင်းလိုက်...

ဆိုင်ဖွင့်တယ်..လမ်းပေါ်လူမရှိဘူး။ ကဲ ဘာတတ်နိုင်သေးလဲ။ ငြိမ်ချင်ငြိမ်မယ်..လှုပ်ချင်လှုပ်မယ်..ငါတို့မြို့ ငါတို့ပိုင်တယ်။

အာဏာသိမ်းခြင်း စစ်အာဏာရှတစ်နှစ်အကြာင်ဆန့်ကျင်ကြောင်း တစ်ပြည်လုံးအင်အားနဲ့တိတ်ဆိတ်ပြီး ဆန္ဒဖော်ထုတ်ကြမယ်။

29/01/2022

၅ / အတွက် တာဝန်ကျေစေရပါမယ်

👉ACF Monywa✊

ပြည်သူ့အာဏာကို မတရား လုယူခံခဲ့ရတာ အခုဆိုရင် (၁) နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ် ။

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်ဆစ်အုပ်စုဟာ လက်နက်ရှိရုံ၊ အားကြီးရုံနဲ့ ဒီတိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်လို့ရမယ်လို့ ထင်ခဲ့ပုံပေါ်တယ်။ သူတို့ မှန်းချက်နဲ့ နှမ်းထွက် အလွဲကြီး လွဲခဲ့လေပြီ။ တစ်နှစ်သာ ကြာသွားတယ်၊ ဖက်ဆစ်တွေ ကျနော်တို့ပြည်သူကို လုံးဝ အုပ်ချုပ်ခွင့် မရခဲ့ဘူး။

ဒီအာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက်ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ ဖြစ်တာမို့ ကမ္ဘာ့အသိုင်းအဝိုင်းက အဲ့နေ့မှာ ကျနော်တို့ ပြည်သူတွေ ဘာလုပ်ကြမလဲ၊ သွေးအေးနေကြပြီလား၊ စစ်အုပ်စုလက်အောက်မှာ အသားကျနေကြပြီလား စတာတွေကို ပိုလို့ စိတ်ဝင်စား၊ သိချင်ကြပါလိမ့်မယ်။

ဒါ့ကြောင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ (၁ ဖေဖော်ဝါရီ ၂၀၂၂) မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အောက်ပါ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆင်နွှဲကြဖို့ အထူးတိုက်တွန်း နှိုးဆော်အပ်ပါတယ်ခင်ဗျား

အဲ့ဒီနေ့ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို မထွက်ကြဘဲ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြမယ်။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ကောင်းမှုကုသိုလ်ပြုကြမယ်၊ အမျှဝေ မေတ္တာပို့သကြမယ်ဗျာ။ နောက်ပြီး အိမ်ထဲမှာနေရင်း တော်လှန်ရေးအတွက်၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ။

❐ လက်ခုပ်တီးသပိတ် (အသံထွက်သပိတ်)

တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားတဲ့အချိန် (ညနေ ၄ နာရီ တိတိ) မှာ တနိုင်ငံလုံးက ကျနော်တို့ ပြည်သူအားလုံးရဲ့ တခဲနက် လက်ခုပ်သံကြီးဟာ ဟိန်းထွက်လာမှာ ဖြစ်ပါတယ်။ ဖက်ဆစ်ဝါဒီတွေ ထိတ်လန့်တုန်လှုပ်သွားမယ့် ပြည်သူ့လက်ခုပ်သံကြီး ဘဝဂ်ညံအောင် ထွက်လာပြီးနောက် တဆက်တည်းမှာလည်း ဟွန်းတီးသပိတ်၊ သံပုံးတီးသပိတ်စတာတွေကို ဆက်လက်ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

အာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်မှာ ကျနော်တို့ ပြည်သူလူထုကို အထူးအလေးအနက် တိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့ဟာ (၂၀၂၂) ခုမှာ ကျနော်တို့ မျှော်ရည်တဲ့ အောင်ပွဲကို ရရှိဖို့အတွက် ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" "လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး"။ ကျနော်တို့ "ပြည်တော်ဝင်ဖို့ ရုန်းကြရပါလိမ့်မယ်၊ ကြုံးကြရပါလိမ့်မယ်"။ ဒီအတွက်လည်း အားခဲ၊ အားမွေးထားကြစေလိုပါတယ်။ ပြိုင်တူတွန်းရင် အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ကျနော်တို့အားလုံး ဆင်နွှဲကြပါစို့။

#၅/လုံးဝအုပ်ချုပ်ခွင့်မရစေရ

#သွေးအေးသွားရင်ခွင့်မလွှတ်ကြေး

#အရေးတော်ပုံအောင်ရမည်

ပြည်သူလူထုနဲ့တစ်သားတည်း ​ကျွန်တော်တို့ညီနောင်တော်များမှ ဟန်ချက်ညီညီပါဝင်အားဖြည့် ✊👇👇👇https://www.facebook.com/1127449779...
28/01/2022

ပြည်သူလူထုနဲ့တစ်သားတည်း ​ကျွန်တော်တို့ညီနောင်တော်များမှ ဟန်ချက်ညီညီပါဝင်အားဖြည့် ✊

👇👇👇
https://www.facebook.com/112744977916056/posts/129360712921149/

အဘတို့က😅😅 ဒေါ်လာဘီလီယံနဲ့ချီပြီးချမ်းသာတယ်။ စစ်လက်နက်တွေလဲပိုင်ထားတာတောင်မှ အသံတိတ်သပိတ်ကို သေမလောက်ကြောက်နေကြတယ်ဆိုတော့...
28/01/2022

အဘတို့က😅😅 ဒေါ်လာဘီလီယံနဲ့ချီပြီးချမ်းသာတယ်။ စစ်လက်နက်တွေလဲပိုင်ထားတာတောင်မှ အသံတိတ်သပိတ်ကို သေမလောက်ကြောက်နေကြတယ်ဆိုတော့ ...
အဘတို့ ခြံစောင့်တစ်ဖွဲ့လုံး ရှုံးနေတယ်ဆိုတာကိုတစ်ကမ္ဘာလုံးသိအောင်ထပ်ပြလိုက်တာပဲ 😄

အဓမ္မသမားတွေကိုခြောက်လှန့်မယ့် အသံတိတ်သပိတ်ကြီး‌ အောင်မြင်ပါစေ

ဇန်နဝါရီ ၂၇၅ / ဖိရင်ကြွမယ် ထိရင်ချမယ် ✊
27/01/2022

ဇန်နဝါရီ ၂၇

၅ / ဖိရင်ကြွမယ် ထိရင်ချမယ် ✊

ဇန်နဝါရီ ၂၇မုံရွာ - ချောင်းဦး လမ်းပိုင်းအား ယခု မှ စတင်၍ အရေးပေါ် ပိတ်ထားပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ယခုမှ စ၍...
27/01/2022

ဇန်နဝါရီ ၂၇

မုံရွာ - ချောင်းဦး လမ်းပိုင်းအား ယခု မှ စတင်၍ အရေးပေါ် ပိတ်ထားပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ယခုမှ စ၍ အဆိုပါလမ်းပိုင်း အသုံးပြုခြင်း မပြုကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

ပြန်လည်ဖွင့်လှစ်မည့် အချိန် နှင့် နေ့ရက်အား အသိပေးသွားမည်ဖြစ်သည်။

ဖိရင်ကြွမယ် ထိရင်ချမယ် ✊

👇👇👇

https://www.facebook.com/101980048786595/posts/244595011191764/

ဇန်နဝါရီ ၂၇မိဘပြည်သူများပူပေါင်းပါဝင်ပေးကြပါခင်ဗျာ
27/01/2022

ဇန်နဝါရီ ၂၇

မိဘပြည်သူများပူပေါင်းပါဝင်ပေးကြပါခင်ဗျာ

 #သတိပေးထုတ်ပြန်ချက်(26-1-2022)
26/01/2022

#သတိပေးထုတ်ပြန်ချက်(26-1-2022)

 #ပြည်တော်ဝင်ဖို့ရုန်းကြစို့
26/01/2022

#ပြည်တော်ဝင်ဖို့ရုန်းကြစို့

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞____________________အကြမ်းဖက် စစ်အုပ်စုဟာ ကျနော်တို့ ပြည်သူလူထုရဲ့ သွေးစည်းညီညွတ်မှုနဲ့ စုပ...
25/01/2022

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞
____________________

အကြမ်းဖက် စစ်အုပ်စုဟာ ကျနော်တို့ ပြည်သူလူထုရဲ့ သွေးစည်းညီညွတ်မှုနဲ့ စုပေါင်းအင်အားအပေါ် အတော်ကို တုန်လှုပ်ခြောက်ခြားနေတာ သိသာထင်ရှားလှပါတယ်။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲကြတဲ့ "အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး" ကို သူတို့ အလွန် သွေးပျက်နေတာမို့ ပုံစံမျိုးစုံက ဖိနှိပ်နှောက်ယှက်မှာပါပဲ။

ဒီလိုအခြေအနေမျိုး၊ အထူးသဖြင့် အာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်မို့ ကျနော်တို့ ပြည်သူလူထုကို အထူးအလေးအနက် တိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့ဟာ (၂၀၂၂) ခုမှာ ကျနော်တို့ မျှော်ရည်တဲ့ ပြည်သူ့အောင်ပွဲကို ရရှိဖို့အတွက် ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" "လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး"။

ကျနော်တို့ ဒီနှစ်သစ်မှာ မျှော်ရည်ရာ ပန်းတိုင်ကို ရောက်ဖို့၊ အောင်ပွဲဆင်ဖို့ "ပြည်တော်ဝင်" ဖို့ ရုန်းကြရပါလိမ့်မယ်၊ ကြုံးကြရပါလိမ့်မယ်။ ကျနော်တို့ ပြိုင်တူတွန်းရင် အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ကျနော်တို့အားလုံး ဆင်နွှဲကြပါစို့။

#ပြည်တော်ဝင်ဖို့_ရုန်းကြစို့

#အဆုံးသတ်တိုက်ပွဲ_ဒို့ဆင်နွှဲ

#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်

၂၅ ဇန်နဝါရီ ၂၀၂၂

ည (၈) နာရီ မနက် (၄) နာရီ ကျန်းမာရေးကိစ္စမှအပ သွားလာခြင်းမပြုရန် အကြိမ်ကြိမ် မေတ္တာရပ်ခံထားပြီး ဖြစ်ပါသဖြင့် တားမြစ်ချိန်...
24/01/2022

ည (၈) နာရီ မနက် (၄) နာရီ ကျန်းမာရေးကိစ္စမှအပ သွားလာခြင်းမပြုရန် အကြိမ်ကြိမ် မေတ္တာရပ်ခံထားပြီး ဖြစ်ပါသဖြင့် တားမြစ်ချိန်သွားလာပါက သွားလာသူ၏ တာဝန်သာဖြစ်ကြောင်း SGG ထုတ်ပြန်။

ဇန်နဝါရီ ၂၄

https://m.facebook.com/story.php?story_fbid=143645054761821&id=111970331262627

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞____________________လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်...
22/01/2022

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞
____________________

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်ဆစ်အုပ်စုဟာ လက်နက်ရှိရုံ၊ အားကြီးရုံနဲ့ ဒီတိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်လို့ရမယ်လို့ ထင်ခဲ့ပုံပေါ်တယ်။ သူတို့ မှန်းချက်နဲ့ နှမ်းထွက် အလွဲကြီး လွဲခဲ့လေပြီ။ တစ်နှစ်သာ ကြာသွားတယ်၊ ဖက်ဆစ်တွေ ကျနော်တို့ပြည်သူကို လုံးဝ အုပ်ချုပ်ခွင့် မရခဲ့ဘူး။

အခု (၂၀၂၂) ခုနှစ်ကတော့ ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကြီး ဖြစ်ရမယ့်နှစ်၊ မှတ်တိုင်သစ် စိုက်ထူမယ့်နှစ်လို့ အားလုံးက ယုံကြည်၊ အားခဲထားကြပါတယ်။ ဒဲ့ပြောရရင် ဒီနှစ်ဟာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်ရမယ့်နှစ်၊ ပြည်သူက အုပ်ချုပ်တော့မယ့်နှစ်ဆိုတဲ့ ယုံကြည်စိတ်၊ တိုက်ပွဲဝင်စိတ်၊ အောင်စိတ် ကျနော်တို့မှာ အပြည့်ရှိနေပါတယ်။

ဒီအာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက်ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ ဖြစ်တာမို့ ကမ္ဘာ့အသိုင်းအဝိုင်းက အဲ့နေ့မှာ ကျနော်တို့ ပြည်သူတွေ ဘာလုပ်ကြမလဲ၊ သွေးအေးနေကြပြီလား၊ စစ်အုပ်စုလက်အောက်မှာ အသားကျနေကြပြီလား စတာတွေကို ပိုလို့ စိတ်ဝင်စား၊ သိချင်ကြပါလိမ့်မယ်။

ဒါ့ကြောင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ (၁ ဖေဖော်ဝါရီ ၂၀၂၂) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အောက်ပါ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆင်နွှဲကြဖို့ အထူးတိုက်တွန်း နှိုးဆော်အပ်ပါတယ်ခင်ဗျား-

❐ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)

ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံးအသံဟာ တိတ်ဆိတ်ငြိမ်သက်ခြင်းအသံလို့ ဆိုရိုးရှိပါတယ်။ အဲ့စကားနဲ့အညီပဲ ကျနော်တို့ပြည်သူတွေက ဖက်ဆစ်အာဏာရူးတွေကို မောင်းထုတ်လိုက်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တကမ္ဘာလုံးကြားအောင် ဟစ်အော်၊ ဖော်ထုတ်ခဲ့ကြဖူးပါတယ်။ ကမ္ဘာမှာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် ဆင်နွှဲနိုင်တဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ တိတ်ဆိတ်ငြိမ်သက်တယ်၊ အသံတိတ်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ တနိုင်ငံလုံး တညီတညွတ်တည်း ပါဝင်ဆင်နွှဲတဲ့ "အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး" အဖြစ် ပုံဖော်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို မထွက်ကြဘဲ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြမယ်။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ကောင်းမှုကုသိုလ်ပြုကြမယ်၊ အမျှဝေ မေတ္တာပို့သကြမယ်ဗျာ။ နောက်ပြီး အိမ်ထဲမှာနေရင်း တော်လှန်ရေးအတွက်၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ။

❐ လက်ခုပ်တီးသပိတ် (အသံထွက်သပိတ်)

တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားတဲ့အချိန် (ညနေ ၄ နာရီ တိတိ) မှာ တနိုင်ငံလုံးက ကျနော်တို့ ပြည်သူအားလုံးရဲ့ တခဲနက် လက်ခုပ်သံကြီးဟာ ဟိန်းထွက်လာမှာ ဖြစ်ပါတယ်။ ဖက်ဆစ်ဝါဒီတွေ ထိတ်လန့်တုန်လှုပ်သွားမယ့် ပြည်သူ့လက်ခုပ်သံကြီး ဘဝဂ်ညံအောင် ထွက်လာပြီးနောက် တဆက်တည်းမှာလည်း ဟွန်းတီးသပိတ်၊ သံပုံးတီးသပိတ်စတာတွေကို ဆက်လက်ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

ဒီအသံထွက်သပိတ်ကတော့ အကြမ်းဖက် ဖက်ဆစ်တွေအတွက် မရဏမောင်းသံဖြစ်ပြီး ကျနော်တို့ ပြည်သူတွေအတွက် အောင်ပွဲအကြို သုတိသြဘာ မင်္ဂလာနမိတ်သံပဲ ဖြစ်ပါတယ်။

▬▬▬

အာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်မှာ ကျနော်တို့ ပြည်သူလူထုကို အထူးအလေးအနက် တိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့ဟာ (၂၀၂၂) ခုမှာ ကျနော်တို့ မျှော်ရည်တဲ့ အောင်ပွဲကို ရရှိဖို့အတွက် ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး။ ကျနော်တို့ "ပြည်တော်ဝင်ဖို့ ရုန်းကြရပါလိမ့်မယ်၊ ကြုံးကြရပါလိမ့်မယ်"။ ဘာမှ မရင်းဘဲ ဘာမှ မရနိုင်ပါ။ ပြိုင်တူတွန်းရင် အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ကျနော်တို့အားလုံး ဆင်နွှဲကြပါစို့။







#အသံတိတ်သပိတ်

#အသံထွက်သပိတ်

#ပြည်တော်ဝင်ဖို့_ရုန်းကြစို့

#အဆုံးသတ်တိုက်ပွဲ_ဒို့ဆင်နွှဲ

#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်

၂၂ ဇန်နဝါရီ ၂၀၂၂

👇👇👇
https://www.facebook.com/100001423180795/posts/5016761638381226/

မိဘပြည်သူများအား အသိပေးခြင်း
22/01/2022

မိဘပြည်သူများအား အသိပေးခြင်း

"ဂုဏ်ပြုမှတ်တမ်းလွှာ "
21/01/2022

"ဂုဏ်ပြုမှတ်တမ်းလွှာ "

21/01/2022

မုံရွာမှာ ကမ္ဘောဇဘဏ်ခွဲ ၃ ခုအပါအဝင် ၁၄ နေရာကို ဗုံးခွဲတိုက်ခိုက်

မုံရွာ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က နေရာအနှံ့ကို ဇန်နဝါရီ ၂၁ ရက် ဒီကနေ့မှာ ပူးပေါင်း ၃ ဖွဲ့က ဗုံးခွဲတိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရန်ကင်းရပ်ကွက်၊ ပေ ၈၀ လမ်းနဲ့ ကွေ့ကြီးရပ်ကွက်တို့မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ၃ ခုနဲ့ ဘုရားနီ၊ မြို့လယ်နဲ့ ကျောက္ကာလမ်းတို့မှာရှိတဲ့ မီးပွိုင့်တွေအပြင် သာစည်လမ်းစုံနဲ့ ဘူတာ၊နာရီစင်၊ သာစည်စျေးအနီး၊ မြို့ပတ်လမ်း၊ အမှတ်၂ ရဲစခန်းအနီးနဲ့ ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဗိုလ်ဝင်းနေအိမ်တို့ကို ဗုံးတလုံးစီဖောက်ခွဲခဲ့ပြီး၊ ဆည်မြောင်းရုံးကိုတော့ ဗုံး ၂ လုံးနဲ့ ပစ်ဖေါက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"ထန်းတောရပ်ကွက်က အုပ်ချုပ်ရေးမှူးအိမ်ကို တိုက်ခိုက်ရတာတော့သူက ပြည်သူတွေရဲ့ ရဲဘော်တွေရဲ့နေအိမ်တချို့ကိုခွေးတွေနဲ့အတူတူ လိုက်ပြပေးလို့ပါ၊ အဓိကက မိဘပြည်သူတွေအနေနဲ့ ခွေးစစ်တပ်ရှိတဲ့နေရာတွေကို အတတ်နိုင်ဆုံး ပေ ၁၀၀ ပတ်ချာလည်က သွားလာပေးဖို့ပြောချင်ပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလဲ ပြည်သူတွေကို အတတ်နိုင်ဆုံး ထိခိုက်မှုမရှိအောင် ကြိုးစားပြီး ဖက်ဒရယ်ဒီမိုကရေစီကို ပြည်သူတွေကို တက်နိုင်ဆုံး လျှင်မြန်စွာ ခေါ်ဆောင်သွားပါမယ်" လို့ ACFMonywa ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မုံရွာမှာရှိတဲ့ ဒေသခံ PDF တွေက အခုရက်ပိုင်းအတွင်းကမ္ဘောဇဘဏ်တွေအနီးနဲ့ လမ်းအသီးသီးကို ဖြတ်သန်းသွားလာတာတွေဆင်ခြင်ကြဖို့ သတိပေးထုတ်ပြန်အပြီး ဒီနေ့မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအတွင်းမှာ အခုလို ဖေါက်ခွဲခဲ့တာဖြစ်ပါတယ်။

အခုလုပ်ဆောင်ချက်တွေကို Monywa Nightking၊ AFC Monywa တို့နဲ့အတူ Monywa Phoenix Warrior က ပူးပေါင်းပါဝင်ပြီး၊ လိုအပ်တဲ့လက်နက်ခဲယမ်းတွေ ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။

ပုံစာ - မုံရွာမြို့က ကမ္ဘောဇဘဏ်ခွဲ(၁) - ပုံ‌ဟောင်း

#မြေလတ်အသံ

21.1.2022မိဘပြည်သူများ အသိပေးကြေညာခြင်း
21/01/2022

21.1.2022

မိဘပြည်သူများ အသိပေးကြေညာခြင်း

ယခုအချိန်မှစပီး မေတ္တာရပ်ခံပါသည်။ထို့အပြင်ယခုအချိန်မှစပီး လုံးဝသက်ညှာတော့မည်မဟုတ်ပါ။
20/01/2022

ယခုအချိန်မှစပီး မေတ္တာရပ်ခံပါသည်။
ထို့အပြင်
ယခုအချိန်မှစပီး လုံးဝသက်ညှာတော့မည်မဟုတ်ပါ။

ကူညီပံ့ပိုးမှုအား ကျေးဇူးတင်လွှာACF Monywa အဖွဲ့သားများရဲ့ကိုယ်စားအုံးမောင်မှ အထူးကျေးဇူးတင်ရှိပါတယ်မြန်မာမြေပေါ်တွင် စစ...
20/01/2022

ကူညီပံ့ပိုးမှုအား ကျေးဇူးတင်လွှာ

ACF Monywa အဖွဲ့သားများရဲ့ကိုယ်စား
အုံးမောင်မှ အထူးကျေးဇူးတင်ရှိပါတယ်
မြန်မာမြေပေါ်တွင် စစ်အာဏာရှင်အမြစ်မပြတ်မချင်း
လက်တွဲညီညီ တိုက်ထုပ်သွားပါမည်
ကတိပြုပါတယ်။

၅ / ရွှေမြို့တော်ရဲ့

အုံးမောင်ပြည်သူထဲကပြည်သူ

👇👇👇
https://www.facebook.com/112744977916056/posts/127082559815631/

https://www.facebook.com/106568011904890/posts/116245800937111/

၅ / လုံးဝအုပ်ခွင့်မရစေရ ✊  " ဖိရင်ကြွမယ် ထိရင်ချမယ် "ပြည်သူသာ အမိ၊ ပြည်သူသာ အဖပြည်သူက ဦးဆောင်တဲ့ ပြည်သူ့တော်လှန်ရေး မုချ...
19/01/2022

၅ / လုံးဝအုပ်ခွင့်မရစေရ ✊

" ဖိရင်ကြွမယ် ထိရင်ချမယ် "

ပြည်သူသာ အမိ၊ ပြည်သူသာ အဖ

ပြည်သူက ဦးဆောင်တဲ့ ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။

Address


Website

Alerts

Be the first to know and let us send you an email when ACF Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share