National News

  • Home
  • National News

National News New Sharing for Myanmar People's Hard

5ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်ရှိ သံတောင်ဗျူဟာ စခန်း အပါ အဝင် စစ်တပ်စခန်းများကို ဆက်တိုက် သိမ်းပို...
19/09/2022

5ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်ရှိ သံတောင်ဗျူဟာ စခန်း အပါ အဝင် စစ်တပ်စခန်းများကို ဆက်တိုက် သိမ်းပိုက် ပိတ်ဆိုထားဟု AA ကြေညာ
ရန်ကုန်၊ စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ဆက်တိုက် သိမ်းပိုက် ပိတ်ဆိုထားကြောင်း AA ကြေညာသည်။
ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့ မြောက်ဘက် နှင့် သူဌေးကုန်းရွာ အနောက် မြောက်ဘက် စသည့်နေရာ (၃) နေရာတိုတွင် ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက် ကြီးပစ်ကူများအပါအဝင်မြေပြင်၊ဝေဟင် ပူးပေါင်း ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော်သည် ရက္ခိုင်၊ ပလက်ဝ ဒေသအတွင်းရှိ အကြမ်းဖက်စစ်တပ်၏ အထိုင်ချတပ်စခန်းအချို နှင့်၎င်းတို၏ လှုပ်ရှား စစ်ကြောင်းအချိုအား ဖြတ်တောက်ပိတ်ဆို ဝိုင်းထားသောကြောင့် မြန်မာစစ်တပ်အနေဖြင့်၎င်းတို၏အထိုင်ချတပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများ၏ ရိက္ခာ၊ ထောက်ပို၊ ဒဏ် ရာရလူနာ သယ်ယူပိုဆောင်ရေးလမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း AA က ထုတ်ပြန်သည်။
ထိုကြောင့် AAက ပိတ်ဆိုထားမှုများကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက် ကြီးပစ်ကူများဖြင့် နေ့တိုင်းနီးပါး မရ ရ အောင် အသည်းအသန်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း၊ ရက္ခိုင့်တပ်တော် တပ်ဖွဲ ဝင်များသည် အကြမ်းဖက်စစ်တပ်ကို ဆက်လက်ပိတ်ဆိုထားဆဲ ဖြစ်ကြောင်း သိရှိရသည်။
ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ ရန်သူ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စခန်းအား တစ်လနီးပါးကြာ ဖြတ်တောက် ပိတ်ဆိုလျက် ၂၀၂၂ ခုနှစ်၊ သြဂုတ် (၃၁) ရက်နေ့၌ ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက် တင်ဘာလ (၁၀) ရက်နေ့တွင် ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ထပ် မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုအပြင်အကြမ်းဖက်စစ်တပ်၏ သံတောင် ဗျူဟာ စခန်းကုန်းကိုလည်း ၃ လကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့ကာ၊ ၎င်းသံတောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်က ယခုအချိန်တွင် သိမ်းပိုက်ထား နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က နယ် စပ်ရှိစခန်းမြောက်မြားစွာကို စွန့်လွှတ်ထားရပြီးဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ စခန်းများကို ဖြတ်တောက် ပိတ်ဆိုထားရာတွင် “အိန္ဒိယ-ဘင်္ဂလာ-မြန်မာ” သုံးနိုင်ငံနယ်စပ်အနီးရှိ"မြိတ်ဝစခန်း"လည်းပါဝင်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ပလက်ဝမြိုနယ်၊ နှမဒါရွာ ၏ တောင်ဖက် (၂) ကီလိုမီတာခန့်အကွာရှိ AAတပ်ဖွဲဝင်များရှိရာနေရာသို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်မှာ ယခုဆိုလျှင် တစ်လနီးပါးခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲများမှာ ၎င်းပတ်ဝန်းကျင်၌ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေခဲ့ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်၊ နေ့လယ် (၁)နာရီ (၄၈) မိနစ်မှစ၍ နှမဒါရွာ၏တောင်ဖက် (၂) ကီလိုမီတာအကွာအဝေးရှိ မိမိတိုတပ်ဖွဲဝင်များရှိရာနေရာသို ရန်သူသည် ဂျက်တိုက်လေယာဉ် (၃) စီး၊ စစ်ရဟတ်ယာဉ် (၂) ဖြင့် ညနေ (၃) နာရီခန့်အထိ တစ်လှည့်စီ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဂျက်တိုက်လေယာဉ် (၃)စီးမှ ဗုံး၊ရော့ကတ်(၁၁)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပြိုင်နက်တည်း တောက်လျှောက် မရပ်မနားဘဲ မိနစ် (၃၀) ခန့်ကြာ ဆက်တိုက် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုနောက် စစ်ရဟတ်ယာဉ် (၂) စီးဖြင့် နာရီဝက်ကျော်ခန့် တစ်လှည့်စီ လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏မီးဝဗျူဟာနှင့် မြေ ပြင်မှ လက်နက်ကြီးပစ်ကူများမှာလည်း အဆိုပါ နေရာသို တောက် လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့ပြီး AA ကလည်း မီးဝဗျူဟာအားလက်နက်ကြီးများဖြင့် ပြန် လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ https://t.me/myanmarnationalmedia/503

 #မင်းကင်း- #တန့်ဆည် အစပ်ရှိ  #တဲကြီးရွာကို စစ်တပ်က  #တိုက်လေယာဉ်ဖြင့်  #ဗုံးကျဲမှု သူနာပြု ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆ...
22/05/2022

#မင်းကင်း- #တန့်ဆည် အစပ်ရှိ #တဲကြီးရွာကို စစ်တပ်က #တိုက်လေယာဉ်ဖြင့် #ဗုံးကျဲမှု သူနာပြု ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ကျေးရွာ ၃ ရွာကိုလည်း #စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၁ဝဝ ကျော် #မီးလောင်ပြာကျ

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ရှိ တဲကြီးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂ဝ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာနေ ကိုယ်ဝန်ဆောင်သည် ၁ ဦးနှင့် သူနာပြု ၁ ဦး သေဆုံးကာ ပြည်သူ ၁၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် တဲကြီးရွာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲခဲ့ပြီးနောက် ကျေးရွာအတွင်း၌ ပြည်သူပိုင် နေအိမ်များကိုပါ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး သူနာပြု ၁ ဦးနှင့် လသားအရွယ် ကလေးငယ် မိခင် ၁ ဦးတို့ သေဆုံးကာ ပြည်သူ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၅ စီးဖြင့် ရွာအဝင် အထွက်လမ်းများတွင် လူချထားခဲ့ကြောင်း သိရသည်။

" အကြမ်းဖက် စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးလာကျဲလို့ ၂၁ အရွယ် ဆေးသူနာပြု တစ်ဦးနဲ့ ရွာထဲက လသား အရွယ် ကလေးမိခင်တို့ ပွဲချင်းပြီး သေဆုံးသွားတယ်။ တခြား သူနာပြု တစ်ယောက်မှာလည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ကလေးလူကြီး ၁၅ ဦးခန့်ရှိပါတယ်။ ရဟတ်ယာဉ်တွေက ပစ်ခတ်မှုတွေ ပြုလုပ်ပီး ပြန်လှည့်သွားပါတယ်။ ပြန်လှည့်သွားပြီးတော့ ရဟတ်ယာဉ် ၅ စီးထပ်ရောက်လာတယ်။ စစ်ကောင်စီ တပ်သား ၁ဝဝ ကျော်ကို ရွာထိပ်မှာ လာချသွားပြီး ရွာဦးကျောင်းမှာ တပ်စွဲထားပါတယ် " ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ကျေးရွာနေပြည်သူများသည် အကြမ်းဖက် စစ်တပ်၏ လူမဆန်သော လုပ်ရပ်ဆိုးကို ကြောက်ရွံ့နေကာ လက်ရှိချိန်ထိ ကျေးရွာကို မပြန်နိုင်သေးဘဲ ထွက်ပြေး ရှောင်တိမ်းနေရဆဲ ဖြစ်ကြောင်း သိရသည်။

အလားတူ မင်းကင်းမြို့နယ်အတွင်းရှိ နှင်းကြီး၊ လက်ချိတ်နှင့် ဖတ်ခက် ကျေးရွာတို့ကိုလည်း အကြမ်းဖက် စစ်တပ်က မေလ ၂၁ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၁၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ်သည် ချင်းတွင်းမြစ်ကမ်းအတွင်း တိုက်ခိုက်ခံရသော မော်တော်အုပ်စုမှ စစ်သားများ ဖြစ်ကြောင်း သိရသည်။

" မနေ့က တိုက်ခိုက်ခံရတဲ့ စစ်တပ် ရေယာဉ် အုပ်စုက စစ်ခွေးတွေ နှင်းကြီး၊ လက်ချိတ်နဲ့ ဖတ်ခက်ရွာတွေကို မီးရှို့သွားတာ ပြည်သူတွေတော့ ထိခိုက်မှုရှိဘူးလို့ သိရတယ်။ ချင်းတွင်းမြစ်ကမ်းဘေးက ရွာတွေက စစ်ခွေး မော်တော်အုပ်စု လာပြီဆိုတာနဲ့ တောက်လျှောက်ကို ပြေးနေရတာ" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Photo - #အကြမ်းဖက် #စစ်တပ် #မီးရှို့ဖျက်ဆီးသွားသော #နှင်းကြီး၊ #လက်ချိတ်နှင့် #ဖတ်ခက် #ကျေးရွာရှိ #ပြည်သူပိုင် #နေအိမ်များ

Photo Crd - အောင်သူလွင်

17/05/2022

ရန်ကုန်တိုင်းရွှေအသင်းမှ ၆ ဦး အပါအဝင် ရွှေကုန်သည်များကို စသုံးလုံးက ခေါ်ယူသွားပြီး ရွှေကုန်သည်များကို စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးဟုဆို၊ ရွှေအရောင်းအဝယ်အတွက် လိုက်နာရမည့် အချက် ၇ ချက် ထုတ်ပြန်ပြီး မလိုက်နာလျှင် အရေးယူမည်ဟုထုတ်ပြန်

ရန်ကုန်၊ မေ ၁၇

ရွှေရောင်းသူနှင့်ရွှေဆိုင်များ လိုက်နာရမည့် စည်းကမ်း ၇ ချက်ကို ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်လိုက်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းရွှေအသင်းမှ ၆ ဦး အပါအဝင် ရွှေကုန်သည်များကို အထူးစုံစမ်းစစ်ရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း၊ စစ်တပ်က ရွှေကုန်သည်များကို ခြိမ်းခြောက်ဖမ်းဆီးလျက်ရှိကြောင်း ရွှေ ကုန်သည်များထံမှ သိရှိရသည်။

အခေါက်ရွှေများကို စီးပွားဖြစ် အဓိက ရောင်းဝယ်နေသည့် ရန်ကုန်တိုင်းရွှေုလုပ်ငန်းရှင်အသင်းက ရွှေဆိုင်နှင့် ရွှေကုန်သည်များ လိုက်နာရမည့် အချက် ၇ ချက်ကို ထုတ်ပြန်ပြီး အဆိုပါ အချက်များတွင် ရွှေဆိုင်နှင့်ရွှေကုန်သည်များ အရောင်းအဝယ် လိုင်စင်လုပ်ရန်၊ အခေါက်ရွှေ ရောင်းဝယ်သူများ ပြုလုပ်သူများ လိုင်စင်ပြုလုပ်ထားရန်၊ လူမှုကွန်ရက်နှင့်အွန်လိုင်းမှ ရွှေအရောင်း အဝယ်လုပ်နေသော လိုင်စင်မရှိသူများကို အရေးယူရန် ၊ အခေါက်ရွှေ အတုံးအခဲ ရောင်း ဝယ်နေသူများကို မှန်ကန်စွာစာရင်းပြုစုရန်၊ ရွှေအရောင်းအဝယ် ဇယား မှန် ကန်တိကျစွာ ဖြည့်ရန်၊ ရွှေအသင်းစျေးကွက်မှ အပ အခြားနေရာတွင် ရောင်းဝယ်ခြင်းမပြုရန်နှင့်နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ခြင်း မပြုရန်၊ လိုက်နာခြင်းမရှိသူများကို ဥပဒေအရ အရေးယူရန် ရွှေအသင်းက ထုတ်ပြန်ထားသည်။

"​စနေနေ့က နေပြည်တော်မှာ အစည်းအဝေးဆိုပြီး လူ ၉ ဦးပါအောင်ခေါ်ပါတယ်။ ၆ နာရီကြာအောင်အစည်းအဝေးထိုင်ရပြီး ည၉နာရီထိုးတဲ့အထိမပြန်ရသေးလို့ အစည်းအဝေးတက်တဲ့သူတွေ သူတို့ကိုဖမ်းတော့မယ်လို့တောင်ထင်တဲ့အထိခြိမ်းခြောက်ပါတယ်။ အခုဖမ်းခံရတယ်ဆိုတဲ့သူထဲက ၆ယောက်လောက်က ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အမာခံအသင်းဝင်တွေပါ။
အသင်းဝင်တွေ စကစနဲ့ပူးပေါင်းတယ်ဆိုတာ မှားပါတယ်။ စီးပွားရေးပဲစိတ် ဝင်စားသူတွေဖြစ်ပေမယ့် နိုင်ငံ့အရေးမှာ လက်မနှေးတဲ့သူတွေပါ။ စကစတွေ အသင်းပေါ်နေ့တိုင်းလာထိုင်နေတာတောင်မှ အသင်းကို တစ်ယောက်မှမလာဘဲ အခန်းဟောင်းလောင်းပဲမြင်စေခဲ့သူတွေပါ။ ​အသင်းပေါ် မနာလိုသူတွေ
အမြင် မကြည်သူတွေရှိတယ်ဆိုတာလည်းနားလည်ပေမယ့် ခုကိစ္စမှာတော့ အသင်းက လူတွေ အပြစ်မရှိဘဲ ဖမ်းလည်းခံရသေးတယ် အသင်းကိုလည်းစကစနဲ့ပူးပေါင်းတယ်လို့ပြောတာ လက်မခံပါဘူး။ စကစက ရွှေသမားတွေကိုမျက်စိကျနေတာ ကြာပါပြီ။ အသင်းက ကာကွယ်ပေးထားလို့သာ ခုချိန်ထိခံနေတာပါ။ ဒါပေမယ့် ခုတော့ အသင်းကလည်း မကာကွယ်နိုင်တဲ့အချိန်ရောက်ပြီထင်ပါတယ် အသင်းကလူတွေကိုပါဖမ်းခံရတော့လေ" ဟု ရွှေအသင်းဝင်တစ်ဦးက ပြောဆိုသည်။

"ရွှေဘုံသာလမ်း ရန်ကုန်တိုင်းရွှေအသင်းရုံးမှာ စသုံးလုံးက လာထိုင်နေတယ်။ အခုက ရွှေအသင်းက လူတွေကလည်း စစ်တပ်အလိုကျ လုပ်နေရပဲ။ သူတို့အနေအစားချောင်ဖို့အတွက်ပဲ စစ်တပ် အမြင်ကြည်ဖို့ လုပ်နေတာ။တကယ်က ရွှေစျေးက သူတို့သတ်မှတ်တဲ့စျေးနဲ့ အပြင်ပေါက်စျေးကွာဟနေတယ်။ သူတို့သတ်မှတ်စျေးနဲ့လည်း ဘယ်သူမှ မရောင်း မဝယ်ဘူး။ ရွှေကုန်သည်တချို့ စသုံးလုံးက ခေါ်စစ်တာလည်းရှိတယ်။ ဖမ်းတာတော့မဟုတ်ဘူး။ စစ်တာ။ နောက်မှ အမှုရှာဖမ်းရင်တော့မသိဘူး။ ရွှေအသင်းဆိုတာကလည်း အနီခေတ်ဆို လိုက်နီပြီး အစိမ်းခေတ်ဆို လိုက်စိမ်းတာပဲ။ အဓိက ရွှေစျေးကွက်အကျိုးထက် သူတို့ အနေအစားချောင်ဖို့နဲ့ စျေးကွက်ကတော့ သူတို့လည်း နောက်ကွယ်မှာ လက် သိပ်ထိုးလုပ်နေကြတာပဲ။ သူတို့သတ်မှတ်တဲ့စျေးအတိုင်း ရွှေအသင်းကလူတွေ ရောင်းပေးမလားလို့ မေးကြည့်ပေးပါလား" ဟု ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် သိန်း ၂၀ ဝန်းကျင်ရှိနေပြီး စျေကွက်တွင် ရွှေလိုသလောက်ဝယ်မရ ကြောင်း၊ ရွှေဝယ်လိုပါက သတ်မှတ်စျေးထက် များစွာ ပိုပေးရပြီး မှောင်ခိုစျေးကွက်ဆန်ဆန် ဝယ်ယူရကြောင်း၊ ရောင်းသူနည်းပါးကြောင်း သိရှိရသည်။

27/04/2022

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်ကားယာဉ်တန်း မိုင်းဆွဲခံရပြီး ဒေသခံ ပြည်သူများနှင့် လမ်းသွား လမ်းလာ များကို စစ်တပ်က ပစ်ခတ်နေ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၂၇

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီခန့်၌ စိုင်နှိုင်ကြီး-စိုင်နှိုင်လေးရွာအနီး စစ်ကောင်စီ ယာဉ်တန်းများ မိုင်းဆွဲ ခံရ ပြီးနောက် ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး လမ်းသွား လမ်းလာ များကိုလည်း ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ စစ်ကား ယာဉ်တန်းသည် မိုင်းဆွဲခံရသောကြောင့် စစ်ကား ၂စီး ထိမှန်ခဲ့ပြီး ကျေးရွာအတွင်းသို့ စစ်ကား ရစီးဖြင့် အင်အားပြည့် ရောက်ရှိ လာကာ ဝင်ရောက် ပစ်ခတ်နေခြင်းဖြစ်ပြီး ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

" သူတို့ စစ်ကားတွေ မိုင်းဆွဲခံရတယ်။ ၂စီးထိသွားတယ်။ မိုင်းဆွဲ ခံရပြီးတာနဲ့ အနီးအနားမှာရှိတဲ့ စိုင်နှိုင်ကြီး-စိုင်နှိုင်လေးရွာကို စစ်ကား ရစီးနဲ့ ရောက်လာပြီးတော့ ပစ်တော့တာပဲ အကုန်လုံး ထွက်ပြေးနေရတယ်။ လမ်းသွားလမ်းလာတွေကို ပစ်တယ်။ အခုလမ်းမှာ ဘယ်ယာဉ်မှ မသွားတော့ဘူး။ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်း စစ်ကားယာဉ်တန်း မိုင်းဆွဲခံရသောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

25/04/2022

ဖယ်ခုံမြို့နယ်က NUG ၏ ထောက်ပံ့ကြေးရရှိသည့် CDM ဝန်ထမ်း ၂၀၆ ဦးတွင် CDM ပညာရေးဝန်ထမ်းများ မပါဝင်ဟု ဒေသခံများဆို

နောင်ရိုး/ဧရာဝတီတိုင်းမ်
ဖယ်ခုံ ၊ ဧပြီလ ၂၅ ရက်

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ CDM ဝန်ထမ်းများအနက်မှာ ၂၀၆ ဦးအား NUG က တစ်ဦးလျှင် ၆၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ CDM ဝန်ထမ်း ၂၀၆ ဦးတွင် စစ်တပ်၊ရဲ၊မီးသတ် စသည့် ဌာနများအပြင် အခြား ဌာနဆိုင်ရာ ဝန်ထမ်းအချို့လဲ ပါဝင်နေသော်လည်း CDM ပညာရေးဝန်ထမ်းများ ပါဝင်ခြင်းမရှိကြောင်း CDM ပညာရေးဝန်ထမ်းအချို့ထံမှ သိရသည်။

" NUG က ဒီရက်ပိုင်း CDM ဝန်ထမ်းတွေကို တစ်ယောက်ကို ၆ သောင်းနဲ့ ထောက်ပံ့နေတဲ့အထဲမှာ ကျွန်မတို့ ပညာရေးဝန်ထမ်းတွေ မပါဝင်ပါဘူးရှင်။ သူတို့က ဘယ်လိုရွေးချယ်ပြီး ပေးသ​လဲတော့ မသိဘူး။ ပိုက်ဆံ လိုတယ်ဆိုတာထက် အသိအမှတ်ပြုတာလေး ရချင်တာပါ " ဟု ဖယ်ခုံမြို့ခံ CDM ပညာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့က ဌာနဆိုင်ရာ ဝန်ထမ်းအချို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၏ ထောက်ပံ့ကြေးရရှိသည့် စာရင်းတွင် မပါဝင်ကြောင်း သိရသည်။

" စာရင်းမဝင်လို့ NUG ဆီက ၆ သောင်းမရတဲ့သူတွေ အများကြီးရှိသေးတယ်။ သူသူကိုယ်ကိုယ်ပဲလေ။ CDM လုပ်ကြတုန်းကလည်း အတူတူပဲကို ရတဲ့သူကရ မရသူက မရနဲ့ဆိုတော့။ ပညာရေးဝန်ထမ်းတွေတင်မကဘူး တခြားဌာနဆိုင်ရာ ဝန်ထမ်းတွေ စာရင်းမဝင်သေးဘူး " ဟု ဖယ်ခုံမြို့ခံမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု - CDMတွင် ပါဝင်သူ ဌာနဆိုင်ရာဝန်ထမ်း ၈၀၀ ကျော်ရှိခဲ့ပြီး အချို့မှာ စစ်ကောင်စီလက်အောက်တွင် အလုပ်ပြန်လည်လုပ်ကိုင်လျှက်ရှိ​​နေကြောင်း CDM အရေး ကူညီပေးနေသူများထံမှ သိရသည်။

#ဖယ်ခုံ #ဝန်ထမ်း #ထောက်ပံ့ကြေး


24/04/2022

ခင်ဦးမြို့နယ် ရွာသာရွာကို စစ်တပ်က PDF အယောင်ဆောင် ဝင်စီး၊ ပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်ပြီး အခြားတစ်ဦးကို ဦးခေါင်းတေ့၍ ပစ်သတ် ၊ နေအိမ် ၆၂ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် ရွာသာရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များ ဧပြီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် PDF အယောင်ဆောင်ကာ ဝင်ရောက်ပြီး ပြည်သူများ နေအိမ် ၆၂ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခြင်းနှင့် ဓားစာခံဖမ်းဆီးထားသူ တစ်ဦးကို ခေါင်းဖြတ်သတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

စစ်တပ်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသူ ၂ ဦးမှာ ကိုအောင်နိုင်စိုးနှင့် ကိုငြိမ်းကျော်တို့ဖြစ်ကြောင်း သိရှိရသည်

“မနက် ဝေလီဝေလင်းအချိန်မှာ PDF ပုံစံနဲ့ ဝင်လာတာ။ ကျွန်တော်တို့ကလည်း ရွာထဲက ခါတိုင်းလို ကင်းလှည့်တယ် ထင်တာ။ နောက်မှ သေနတ်ပုံတွေ မတူမှ ပြေးကြရတာ။ အင်အား ၄၀ လောက်ပဲ။ ရွာတွေထဲ ဝင်မွှေကြတာ။ အိမ်ခြေ ၆၂ လုံး ရှို့သွားတာပဲ ။ အိမ်ကြီး အိမ်ကောင်းက များတယ် ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်တပ်က နေအိမ်ရှိပစ္စည်းများကို ပြန်ယူရန် ပြန်မောင်းလာသည့် ကိုအောင်နိုင်စိုးကိုလည်း နောက်ကျောဘက်မှ သေနတ်နှင့် ပစ်သတ်ခံရခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် စစ်တပ်က ဓားစာခံအဖြစ် ကိုငြိမ်းကျော်ကို ဖမ်းဆီးပြီး ဓားဖြင့် လည်ပင်းဖြတ်ကာ သတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

“ကိုအောင်နိုင်စိုးကို အစက ကြောက်လန့်ပြီး တက်သေတယ် မှတ်တာ။ ကျည်က ပေါက်ထွက်မသွားဘူး။ လူကလည်း ဝတော့ နောက်မှ နောက်ကျောဘက်ကနေ သွေးတွေ စိမ့်ထွက်လာမှ သေနတ်နဲ့ ပစ်လိုက်မှန်း သိတာ။ ကိုငြိမ်းကျော်က ရွာအကြောင်း ဘာမှ မသိဘူး ။ လနဲ့ချီရှိပြီ ရွှေတောဘက် သွားလုပ်နေတာ။ အဲဒါ သူ့ကို ဖမ်းမိပြီး လက်မောင်းတွေကို Gas မီးနဲ့ မှုတ်တယ်။ သူ့ရဲ့ အသားကို ထိလိုက်ရင်ကို အရေခွံတွေ ကွာလိုက်နေတာ။ ပုခုံးကိုလည်း ဓားချွန်နဲ့ ထောက် ထားတာ တွေ့တယ်။ နားထင်ကိုလည်း ထုထားပုံရတယ် ချိုင့်နေတယ်။ အဲလိုတွေ ဖြစ်ပြီးမှ ဇက်ဖြတ်ပုံရတယ်” ဟု ဒေသခံတစ်ဦးက မတရား သတ်ဖြတ်ခံရသူများ၏ ဖြစ်စဉ်ကို ပြောပြသည်။

လက်ရှိအချိန်အထိ ရွာသာရွာတွင် အကြမ်းဖက် စစ်ကောင်စီများ ရှိနေဆဲ ဖြစ်ပြီး ထပ်တိုးအင်အား ၂၀၀ ဝန်းကျင်ခန့် ချီတက်လာသည်ကို တွေ့ရကြောင်း၊ ကျေးရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။


မြန်မာနှစ်သစ်မှာ ပုစဉ်းဖမ်းပွဲ စပြီလို့ Area 21 ကြေညာရန်ကုန်| ဧပြီ ၁၀လူထုရဲ့ ကူညီမှုတွေကြောင့် Area 21 တော်လှန်ရေးတပ်ဖွဲ...
10/04/2022

မြန်မာနှစ်သစ်မှာ ပုစဉ်းဖမ်းပွဲ စပြီလို့ Area 21 ကြေညာ

ရန်ကုန်| ဧပြီ ၁၀

လူထုရဲ့ ကူညီမှုတွေကြောင့် Area 21 တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ RPG တွေ လက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်လို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုယန္တရားကို အဓိကပစ်မှတ်ထားမယ်လို့ ကြေညာပါတယ်။

"RPG တွေကို အသုံးပြုပြီး ရန်သူအကြမ်းဖက် စစ်ကောင်စီရဲ့ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို အဓိကထား ပစ်ချတိုက်ခိုက်သွားမှာဖြစ်လို့ “Area -21 ပုဇဉ်းဖမ်းပွဲကြီး” ကို ပြည်သူတွေ တွေ့မြင်ကြရတော့မယ်" လို့ Area-21 က ကြေညာပါတယ်။

Click to Donate (C2D) နဲ့ အခြားအလှူရှင်အသီးသီးက Area – 21 Revolution Network အတွင်း မြေပြင်တပ်ဖွဲ့တွေဆီ လှူဒါန်းခဲ့တဲ့ ထောက်ပံ့ငွေတွေနဲ့ ဝယ်ယူခဲ့တဲ့ ဒုံးပစ်လောင်ချာ (RPG) တွေဟာ ယခုအခါ သက်ဆိုင်ရာတပ်ဖွဲ့တွေရဲ့ လက်ဝယ်ကို ရောက်ရှိနေပြီလို့ ဖော်ပြပါတယ်။

နွေဦးမှာ ပိတောက်ပန်းတွေဝေဖို့ သင်္ကြန်မိုးကို လိုအပ်သလို နွေဦးတော်လှန်ရေး ဒီမိုကရေစီနောက်ဆုံးတိုက်ပွဲကြီး အောင်မြင်ဖို့လည်း ပြည်သူအများရဲ့ အထောက်အပံ့ကို လိုအပ်နေတာကြောင့် "Click" ကြဖို့ တတ်နိုင်ရာက ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်စတဲ့ တိုက်ခိုက်ရေးယန္တရားတွေကို ဖျက်ဆီးတာ၊ သိမ်းဆည်းနိုင်တာမျိုးပြုလုပ်နိုင်ရင် အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၅ သိန်းအထိ ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။

ဓာတ်ပုံ-Area 21 Revolution Network

နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် အနုပညာရှင် ၁၅ဦးကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် GSCB တိုက်တွန်းဆ...
10/04/2022

နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် အနုပညာရှင် ၁၅ဦးကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် GSCB တိုက်တွန်း

ဆဏ်း/People’s Spring

နွေဦးတော်လှန်ရေးတွင် ပါဝင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပူးပေါင်းသည်ဆို သည့် နာမည်ကြီးအနုပညာရှင် ၁၅ဦးကို လူမှုရေး ပြစ်ဒဏ်ချမှတ်ရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body-GSCB)အဖွဲ့က တိုက်တွန်းသည်။

“ဖက်ဆစ်စစ်တပ်နှင့်ပူးပေါင်းသူမှန်သမျှ ဆန့်ကျင်ကြ”ဟုဆိုကာ စစ်တပ်နှင့် ပူးပေါင်းသော၊ စစ်တပ်နှင့်ဆက်စပ်သော အသိုင်းအဝိုင်းများနှင့် တွဲဖက်အလုပ်လုပ်ကိုင်သော၊ အာဏာသိမ်းစ အချိန်တည်းက အခုချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိသော၊ အစပိုင်းတွင်ပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် စစ်တပ်နှင့်ပူးပေါင်း တွဲဖက်လုပ်ကိုင်ကြသော အနုပညာရှင်များ၊ Social influencer များ လူမှုပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ပါသည်”ဟု ဧပြီ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါအနုပညာရှင်များမှာ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင် ၊ရန်အောင်၊ ခန့်စည်သူ၊ရဲအောင်၊ မြင့်မြတ် ၊ အောင်ရေချမ်း ၊ ဒိန်းဒေါင် ၊ စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ ၊နန္ဒာလှိုင် ၊ အေးမြတ်သူ ၊ မယ်လိုဒီ ၊ ဝတ်မှုန်ရွှေရည်နှင့် မိုးစက်ဝိုင်တို့ပါဝင်သည်။

"အဆိုပါအနုပညာရှင်များသည် ပြည်သူ့ဘက်ကို မျက်နှာမမူ၊ ပြည်သူတွေ ကျွေးတဲ့ထမင်းစားပြီး ပြည်သူတွေရဲ့ဒုက္ခကို မစာနာ မထောက်ထားဘဲ ဖက်ဆစ်စစ်တပ်ကို ထောက်ခံအားပေးသော၊ ဖက်ဆစ်စစ်တပ်နှင့် ပူးပေါင်းသောအလုပ်လုပ်ကိုင်သော၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့မရှိသော၊ follower ကျမှာကြောက်၍ အယောင်ဆောင်ဆန္ဒပြခဲ့ကြသော အနုပညာရှင်များသာဖြစ်ကြသည်။"ဟု GSCB ၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

"အနုပညာအလုပ် လုပ်တာကိုတော့ အသက်မွေးကျောင်းဆိုတော့ ဝမ်းရေး အခက် အခဲအကြပ်အတည်းအရအပြစ်တော့ သိပ်မမြင်မိဘူး။တစ်ခုရှိတာက ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ အချိန်မှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ သဘောထားကို လျစ်လျူမရူ့မိဖို့ပဲ။SPကတော့ လုပ်ကိုလုပ်ရမှာ"ဟု ပရိသတ်တစ်ဦးက မှတ်ချက်ပြုသည်။

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

People's Spring

10/04/2022

လေးကေ့ကော်တိုက်ပွဲ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီစစ်ကြောင်းတစ်ခု လုံးနီးပါးသေဟု ဖမ်းဆီးခံဗိုလ်ကြီးပြော

▪️စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်၍ ပြည်သူ လူထုနေအိမ် ၃၀ခန့်ပျက်စီး

မောင်မောင်/People’s Spring

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်တွင် ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အင်အား ၄၅ ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ကြောင်း အရှင်ဖမ်းမိခဲ့သည့် ဗိုလ်ကြီးက ထွက်ဆိုသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ လေးကေ့ကော် ဒေသသို့ စစ်ကောင်စီတပ်ဝင်ရောက်စစ်ကြောင်းထိုးလာ၍ ယနေ့ နံနက် ၃နာရီမှစတင်ကာ တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ( ၄၄ )လက်အောက်ခံ ၊ခမရ (၂၀၇)မှ တပ်ရင်းမှူး သက်နိုင်ဦးဦးစီးသည့် စစ်ကြောင်း (၁)အမည်ဖြင့် အင်အား ၄၅ဦးသည် လေးကေ့ကော် မြို့သစ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ရာ စွယ်တော်ကုန်းနှင့် လက်ခတ်တောင် ရှိ အမြှောက်များမှ တရစပ် ပစ်ကူပေးပစ်ခတ်ခဲ့ကြောင်း၊ မြေပြင်စစ်ကြောင်းမှလည်း (၄၀) မမ များဖြင့် တရစပ် ပစ်ခတ်လျက်ရှိရာ Cobra စစ်သည်များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ တပ်ကူအများအပြား ရောက်ရှိလာသော်လည်း မည်သည့် တပ်မှန်းအတည်မပြုနိုင်သေးဟု ဆိုသည်။

“စစ်ကြောင်းထိုးလာသော ခမရ (၂၀၇) မှ တပ်ခွဲမှူးဗိုလ်ကြီး တင်လင်းနိုင် (ကြည်း - ***၄၈) အား အရှင် ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးချက်အရ အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး နှင့် IO အရာရှိ အပါအဝင် စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး သေဆုံးကြောင်း သိရပါသည်။ တပ်ရင်းမှူး၏ အလောင်း ကို မရ ရှိသေးသဖြင့် အတည်မပြုနိုင်သေးပါ။” ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီ အလောင်း ၁၂လောင်းနှင့် လက်နက် (၉) လက် အပါအဝင်စစ်သုံးပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့ တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံးပြီးလေးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်က နံနက် ၁၀နာရီမှစ၍ တိုက်ခိုက်ရေး လေယာဉ် နှစ်စီးဖြင့် ၂၂ကြိမ် ဝဲပျံပစ်ခတ် ဗုံးကြဲခဲ့ကြောင်း၊ ထိုသို့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လေးကေ့ကော် ဒေသရှိ ပြည်သူပိုင်နေအိမ် ၃၀ခန့် ပျက်စီးခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ .

ဂန့်ဂေါမြို့နယ် မိုးစိုရွာကိုစစ်ကောင်စီတပ်ကရွာလုံးကျွတ် နီးပါးမီးရှို့ဖျက်ဆီး၊ မွေ့လယ်ရွာက နေအိမ် ၇ လုံးနဲ့ ဒေသ ခံတဦးမီ...
27/03/2022

ဂန့်ဂေါမြို့နယ် မိုးစိုရွာကိုစစ်ကောင်စီတပ်ကရွာလုံးကျွတ် နီးပါးမီးရှို့ဖျက်ဆီး၊ မွေ့လယ်ရွာက နေအိမ် ၇ လုံးနဲ့ ဒေသ ခံတဦးမီးရှို့သတ်ဖြတ်ခံရ
မတ်လ ၂၇ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မိုးစိုရွာကို မတ်လ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ် ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိလူနေအိမ်များကိုရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေ သခံတွေကပြောပါတယ်။
အဲ့ဒီ မိုးစိုရွာမှာ အိမ်ခြေ၂၀၀ကျော်နဲ့ လူဦးရေ ၇၀၀ ဝန်း ကျင်နေထိုင်တာဖြစ်ပြီး စစ်ကောင်စီတပ်ကမီးရှို့ဖျက် ဆီးလို့ အိမ်ခြေ ၁၀ အိမ်လောက်သာကျန်ရှိတော့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် မိုးစိုရွာဒေသခံအများအပြား ဘေးလွတ်ရာ ကိုထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
'' ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ ဂန့်ဂေါ မြောက်ပိုင်း မိုးစိုရွာကို အင် အားအများအပြားနဲ့ စစ်ကြောင်းထိုးလာပြီး မီးရှို့တယ်။ မီးရှို့တော့ ရွာသားတွေက ဘေးလွတ်မယ့် တောတောင်တွေထဲထွက်ပြေးရတယ်။ အိမ်တွေလည်းကုန်သ လောက် ရှိနေပြီ။ဆယ်လုံးလောက်ဘဲကျန်မယ်။နေရထိုင်ရအခက် အခဲတွေအများကြီးကြုံရတာပေါ့'' လို့ မိုးစိုရွာဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် အဲ့ဒီရက်တွေမှာဘဲ ဂန့်ဂေါမြို့နယ် မွေ့လယ်ရွာ က နေအိမ် ၇ လုံးကို စစ်ကောင်စီတပ်သားတွေက ထပ်မံမီးရှိုခဲ့ပြီး မွေ့လယ်ရွာသားတဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ မွေ့လယ်ရွာသားရဲ့ ရုပ်အလောင်းကို မနေ့ မတ်လ ၂၆ ရက်နေ့က ရေမရှင်ရွာအနီးမှာ ပြန်လည်တွေ့ရှိရတယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့နယ်ဟာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်ဟာ ဂန့်ဂေါမြို့နယ် နှမ်းခါး၊မွေ့လယ်၊စန်းမြို့၊ မြင်သား၊ မြောက်ခ ရမ်း၊ တောင်ခရမ်းနဲ့မိုးစိုရွာတွေကို PDF အခြေပြုနေတဲ့ရွာတွေဆိုပြီး အကြိမ်ကြိမ်စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတာလို့ ဒေသခံတွေကပြောပါတယ်။


27/03/2022

ကန်ကြီးထောင့်မြို့နယ် မြင်းကဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်ခံရပြီးနောက် ဒေသခံရွာသား ၁၅ ဦးထက်မနည်း စွပ်စွဲဖမ်းဆီးခံရ
မတ်လ ၂၇ ရက်
ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်၊မြင်းကဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို မတ်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်က ဗုံးနဲ့အပစ်ခံခဲ့ရပြီးနောက် ဒေသခံရွာသား ၁၅ ဦးထက်မနည်း စွပ်စွဲဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ဗုံးဖြင့် ပစ်ခတ်ခံရသည့် ည၌ပင် ဒေသခံ ရွာသား ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး နောက်ရက်များတွင် ဒေသခံရွာသား ၁၀ ဦး ကျော်အား စစ်ကောင်စီတပ်များက ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။
" ဗုံးနဲ့ အပစ်ခံရတဲ့ ညမှာပဲ ၃ ယောက် အဖမ်းခံရတယ်။ နောက်ရက်တွေမှာ ထပ်ဖမ်းတာ ၁၀ ယောက်ကျော်တယ်။ တချို့တွေဆို အိမ်ပေါ်အထိပါ တက်ဆွဲတာ။ ခုရွာက လူငယ်တွေ ထွက်ပြေးနေရတယ် " ဟု ကန်ကြီးထောင့်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းထွဋ်(ခေါ်)မင်းထွေးဆိုသူမှာ ဒေသခံပြည်သူများအား နည်းအမျိုးမျိုးဖြင့် ဒုက္ခရောက်အောင်ပြုလုပ်နေသည့်အတွက် ဖောက်ခွဲခဲ့ခြင်းဖြစ်​ကြောင်း ဧရာဝတီဒေသခံကာကွယ်ရေးတပ်ဖွဲ့(I.L.D.F) ကသတင်းထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် စစ်ကောင်စီက ဗုံးပေါက်ကွဲမှုများ၊ သတင်းပေး(ဒလန်) အသတ်ခံရမှုများဖြစ်ပွားပြီးချိန်၌ ဒေသခံပြည်သူများအပေါ် စွပ်စွဲဖမ်းဆီးမှုများပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
#ကန်ကြီးထောင့် #မြင်းကဆိပ် #အုပ်ချုပ်ရေးမှူးနေအိမ် #ဗုံးအပစ်ခံရ #စွပ်စွဲဖမ်းဆီး

27/03/2022

စစ်ကောင်စီက တိုင်း၊ပြည်နယ်ရဲတပ်ဖွဲ့မှူးတွေအပါအဝင် ရဲတပ်ဖွဲ့အရာရှိကြီး ၃၀ ဦးကို စီမံထူးချွန်ဆုတံဆိပ်ပေး
မတ်လ ၂၇ ရက်
စစ်ကောင်စီက ၄င်းတို့ရဲ့ပြည်ထဲရေးဝန်ကြီးဌာန အောက် ရဲတပ်ဖွဲ့က ရဲအရာရှိကြီး ၃၀ ဦးကို စီမံထူးချွန်ဆုတံဆိပ်ပေးအပ်ခဲ့တယ်လို့ ၄င်းတို့ရဲ့ ဝါဒဖြန့်သတင်းစာတွေက ဒီကနေ့မှာဖော်ပြပါတယ်။
အဲ့ဒီ ရဲအရာရှိကြီးတွေဟာ စစ်ကောင်စီကတိုင်း၊ပြည်နယ် လမ်းပန်းဝန်ကြီးအဖြစ်ခန့်အပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်၊ရဲမှူးကြီး ၁၄ ဦး ၊ ရဲတပ်ဖွဲ့ဌာနချုပ်အောက်က ရဲဌာနကြီးမှူးတွေ၊ ရဲ တပ်ဖွဲ့အလိုက်ရဲတပ်ဖွဲ့မှူးတွေနဲ့ ဇီးပင်ကြီးရဲအရာရှိသင်တန်းကျောင်းအုပ်ကြီးလည်း ပါဝင်ပါတယ်။
စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်းမှာ PDF ကြီးစိုးတဲ့ဒေသက ရဲစခန်း၊နယ်မြေရဲစခန်းတွေ အများအပြားတိုက်ခိုက်ခံနေရပြီး ရဲစခန်းတွေကို သဲအိတ်ဘန် ကာချပြီး ကာကွယ်နေရကာ စခန်းပတ်လည်မှာ မိုင်းထောင်ထားဖို့ပါစစ်ကောင်စီက ညွှန်ကြားရတဲ့အထိ ရဲတွေရဲ့လုံခြုံမှုကစိုးရိမ်နေရတာပါ။
တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေ ကြောင့် ရဲတပ်ဖွဲ့ဝင်တွေနေ့စဥ်သေဆုံးထိခိုက်မှု များပြားနေသလို စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ချင်လို့ ရဲတပ်ဖွဲ့ဝင် အများအပြားထွက်ပြေးနေကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ရဲတပ်ဖွဲ့ဝင်တွေထဲက ဒုရဲမှူးနဲ့အဆင့်အောက် အသက် ၅၀ မကျော်တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို စစ်သင်တန်း ၁ လ မဖြစ်မနေတက်ရောက်ခိုင်းခဲ့ပြီး လိုင်းခန်းတွေမှာ တပ်ဖွဲ့တွင်တွေရဲ့ မိန်းမတွေ အလှည့်ကျကင်းစောင့်နေရတယ်လို့ နေပြည်တော်ရဲတပ် ဖွဲ့အသိုင်းအဝိုင်းထံကသိရပါတယ်။
လွတ်လပ်ရေးနေ့ကလည်း စစ်အာဏာသိမ်းပြီးတဲ့နောက် ခုခံတော်လှန်စစ်များအတွင်း သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် များအပါအဝင် ရဲ တပ်ဖွဲ့ဝင်အများအပြားကို ရဲစွမ်းရည်ဆိုင်ရာ တံဆိပ်များချီးမြှင့်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ရဲတပ်ဖွဲ့အတွင်း ဆက် လက်တာဝန်မထမ်းဆောင်လိုတော့လို့ CDM ပြုလုပ်တဲ့တပ်ဖွဲ့ဝင်အရေအတွက်က ၇၀၀၀ ကျော်ရှိ နေပြီလို့ ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ MPCC အဖွဲ့ရဲ့စာရင်း တွေအရ သိရပါတယ်။

25/03/2022

အာဏာသိမ်းအပြီး စစ်တပ် ကျူးလွန်သော ရာဇဝတ်မှုများကို တူရကီနိုင်ငံတွင် တရားစွဲဆိုမည်ဖြစ်ပြီး စစ်ခေါင်းဆောင်များကို ဖမ်းဆီးရန် နိုင်ငံတကာရဲတပ်ဖွဲ့ထံ ပန်ကြားမည်ဟု MAP က သတင်းထုတ်ပြန်
ရန်ကုန်၊ မတ် ၂၅
မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ကျူးလွန်သော စစ်ရာဇ ဝတ်မှုများအတွက် တူရကီနိုင်ငံတွင် တရားစွဲဆိုနိုင်ရန် မတ်လ ၂၉ ရက်နေ့တွင် လျှောက်ထားမည်ဖြစ်ပြီး ရာဇဝတ်မှု ခေါင်းဆောင်များဖြစ်သည့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ၏ စာရင်းကို တူရကီအာဏာပိုင်များနှင့်နိုင်ငံတကာရဲတပ်ဖွဲ့ထံပေးပို့ ၍ ဖမ်းဆီးနိုင်ရေး ပန်ကြားမည်ဖြစ်ကြောင်း လန်ဒန် အခြေစိုက် Myanmar Accountability Project (MAP) က သတင်းထုတ်ပြန်သည်။
လန်ဒန်အခြေစိုက် MAP အဖွဲ့က ပြည်သူများအပေါ် ညှဉ်းပန်းနှိပ်စက်မှုနှင့် ရာဇဝတ်မှုဆိုင်ရာ အထောက် အထားများနှင့်အမှုတင်သွင်းလျှောက်ထားမှုကို မတ်လ ၂၉ ရက်နေ့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ရှိ ရုံးတော်သို့ အမှုတင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။
“ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတွေအတွက် မြန်မာနိုင်ငံအပြင်ဘက်တရားရုံးမှာ ဒါဟာ ပထမဆုံး တရားစွဲဆိုတာဖြစ်ပါတယ်” ဟု MAP ဒါရိုက်တာ Chris Gunness က ပြောဆိုသည်။
တရားစွဲဆိုမည့် အမှုများသည် ရေကြည်အိုင် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်ပြီး ညှဉ်ပန်းနှိပ်စက်မှုများအတွက် အဓိက တာဝန်ရှိသော မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များ၏ အမည်စာရင်းကို တူရကီအာဏာပိုင်များထံ ပေးပို့မည်ဖြစ်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့ကိုလည်း မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ဖမ်းဆီးပေးရန် ပန်ကြားမည်ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်က ပြည်သူများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို စနစ်တကျ တွင်ကျယ်စွာ အသုံးပြုလာပြီး ယင်းအခြေအနေများက နိုင်ငံရာဇဝတ်မှုအဆင့်အထိ ရောက်ရှိလာခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ကလေး ၂၆ ဦးအပါအဝင် လူပေါင်း ၃၂၅ ဦးကို သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာက ထောက်ပြထားသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာက မြန်မာစစ်တပ်သည် ပြည်သူများကို ညှဉ်းပန်းနှိပ်စက်ကြောင်း ကောက်ချက်ချထားသည်။
MAP ဥပဒေရေးရာ အကြံပေးအရာရှိချုပ် Gülden Sönmez က အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တူရကီနိုင်ငံက အလား အလာ ကောင်းကြောင်း၊ တရားစွဲဆိုမှုသည် ခိုင်လုံကြောင်း၊ အထောက်အထားများကလည်း အလွန်ခိုင်လုံကြောင်း ပြောဆိုထားသည်။
“တူရကီမှာ စတင်တော့မယ် ဒီတရားစွဲဆိုမှုကနေ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဆီ သတင်းစကားပါးချင်တာက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူရမယ့်အပြင် တရားဥပဒေကို ရင်ဆိုင်ရမယ်ဆိုတာပါပဲ” ဟု MAP ဒါရိုက်တာ Gunness က ပြောသည်။
“ဥပဒေရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ဖို့ ခြေလှမ်းစပါ။ ညှဉ်းပန်းနှိပ်စက်မှုကို ရပ်လိုက်ပါ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်လိုက်ပါ။အောက်ခြေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မင်းတို့ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေတယ်။ မင်းတို့ကျူးလွန်မှုတွေအတွက်လည်း မင်းတို့ တာဝန်ယူရလိမ့်မယ်" ဟု ၎င်းက ဆက်ပြောသည်။
တူရကီနိုင်ငံတွင်သာမက MAP အနေဖြင့် ပြင်သစ်နိုင်ငံနှင့် အရှေ့အာရှဒေသနိုင်ငံများတွင်လည်း မင်းအောင် လှိုင်နှင့်စစ်ခေါင်းဆောင်များကို တရားစွဲမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက နေပြည်တော် မြို့နယ်အားလုံးကို လူ ၅ ဦးထက်ပိုမစုဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်မတ်လ ၂၄ ရက်စစ်ကောင်စီရုံးစိုက်ရာနေပြည်...
25/03/2022

စစ်ကောင်စီက နေပြည်တော် မြို့နယ်အားလုံးကို လူ ၅ ဦးထက်ပိုမစုဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်
မတ်လ ၂၄ ရက်
စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ ရှိ မြို့နယ်အားလုံးကို လူ ၅ ဦးနဲ့ ၅ ဦးထက်ပိုမစုရန် စစ်ကောင်စီက ပုဒ်မ ၁၄၄ ကို မတ်လ ၂၁ ရက်စွဲဖြင့် မြို့နယ်အလိုက် ထုတ်ပြန်ကြေငြာလိုက်သည်။
နေပြည်တော်ကောင်စီနယ်မြေမြို့နယ်များဖြစ်သည့် သီရိ ၅ မြို့နယ်နှင့် ပျဥ်းမနား၊လယ်ဝေး၊တပ်ကုန်း မြို့များတွင် စုဝေးခြင်း၊ဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ ဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်း ရင်းဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ရဟု တားမြစ်ဖော်ပြထားသည်။
'' ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ လိုက်အော်နေတယ်။ လူ ၅ ဦးထက်ပိုမစုဖို့တဲ့ အမိန့်တွေကတော့အမျိုးမျိုးထုတ်နေတာဘဲ'' ဟု နေပြည်တော် ဇမ္ဗူသီရိမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ၄င်းတို့၏တပ်မတော်စစ်ရေးပြကိုကျင်းပရန်မှာ ရက်ပိုင်းသာလို တော့ပြီး နေ ပြည်တော်အတွင်းတွင်လည်း လုံခြုံရေးများ အများအ ပြားတိုးမြှင့်ချထားကြောင်း သိရသည်။

မအူပင်မြို့တွင် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက သတင်းပေးတိုင်ကြားမှုများလုပ်ဆောင်နေ၍ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရ  မတ်လ ...
23/03/2022

မအူပင်မြို့တွင် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက သတင်းပေးတိုင်ကြားမှုများလုပ်ဆောင်နေ၍ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရ
မတ်လ ၂၂ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက သတင်းပေးတိုင်ကြားမှုများလုပ်ဆောင်နေ၍ အမှတ် (၂) ရပ်ကွက်နေ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
" သူက ရဲတပ်ဖွဲ့ကနေ ပြုတ်သွားတာလေ။ရပ်ကွက်ထဲမှာ ၂လုံး ၃လုံးရောင်းနေတာလေ ဖေဖော်ဝါရီ၁ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရဲသီးသန်လိုင်းထဲမှာ ခိုးချောင်ခိုးဝတ်နဲ့နေပြီး သူကိုတိုင် ရဲကားနဲ့လိုက်ပြီး ဆန္ဒဖော်ထုတ်တဲ့အဖွဲ့တွေကိုလိုက်ဖမ်းပေးနေတာ။ ဆန္ဒပြပွဲတွေမှာ စစ်ကောင်စီတပ်ဘက်ကနေ ထိပ်တိုက်ရင်ဆိုင်ကြတဲ့ပွဲတွေဆိုရင် လေးခွနဲ့ထွက်ပစ်တာ။ ခုလည်း သူနဲ့အစဥ်မပြေတဲ့သူတွေကိုစစ်ကောင်စီတပ်ရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး သူကိုတိုင်ဝင်ဖမ်းတာ။ မတ်လ၂၀ရက်နေ့ကလည်း အမှတ်၂ရပ်ကွက်ထဲ ဝင်မွှေလို့ မိတဲ့သူမိ တချို့တွေလည်း ထွက်ပြေးရနဲ့ " ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဦးဆောင်ပါဝင်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ NLD ပါတီဝင်များ၊ CDM ဝန်ထမ်းများ အပါအဝင် ဒေသခံများအပေါ် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
#မအူပင် #ရဲဝန်ထမ်းဟောင်း #သတင်းပေးတိုင်ကြား #ထွက်ပြေးတိမ်းရှောင်

23/03/2022

ကားပေါ်ပါသူ ၇ဦးစလုံး မီးလောင်သေဆုံးခဲ့တဲ့ ပုသိမ် - ချောင်းသာကားလမ်းက ယာဥ်တိုက်မှုတွင် နှစ်ဘက်လုံးကို အမှုဖွင့်ထား
မတ်လ ၂၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ၊ပုသိမ်ချောင်းသာကားလမ်းပေါ်က ကလပ်ချီရွာအနီးမှာမတ်လ၁၉ရက်နေ့ကဖြစ်ပွားခဲ့တဲ့ လူ၇ဦးစလုံး မီးလောင်သေဆုံးခဲ့တဲ့ ယာဥ်တိုက်မှုနဲ့ ပတ်သတ်ပြီး နှစ်ဘက်လုံးကို အမှုဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။
"ယာဥ်တိုက်မှုနဲ့ပတ်သတ်ပြီးစစ်ဆေးနေတုန်းပဲ လောလောဆယ်တော့ သလပ်ခွာနယ်မြေရဲစခန်းမှာ ကံထူးအောင်ယာဥ်မောင်းဝင်းနိုင်ဦး၊ proboxကားကသေဆုံးသွားတဲ့ယာဥ်မောင်း ကိုမိုးဦးတို့ကိုယာဉ် (ပ)၂/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၃၀၄ -ကနဲ့အမှုဖွင့်ထားပြီး ကံထူးအောင်ယာဥ်မောင်းကိုတော့ဖမ်းဆီးထားပါတယ်"လို့​သူကပြောပါတယ်။
မတ်လ၁၉ရက်နေ့နေ့လည်၂နာရီအချိန်က ပုသိမ်ကနေချောင်းသာဘက်ကိုမောင်းလာတဲ့ ကံထူးအောင်မှန်လုံယာဥ်နဲ့ ချောင်းသာက ပြန်လာတဲ့ Proboxယာဥ် တို့ ကလပ်ချီကျေးရွာအနီးမိုင်တိုင်အမှတ်(၁၃/၃)၊(၁၃/၄) ကြားမှာမျက်နှာခြင်းဆိုင်တိုက်မိပြီး Proboxကားမီးလောင်ကာ ကားပေါ်ပါသူ ၇ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မီးလောင်သေဆုံးသွားသူ ၇ဦးလုံးဟာ ဧရာ၀တီတိုင်း ညောင်တုန်းမြို့နယ်မှာ နေထိုင်သူများဖြစ်ပြီး ချောင်းသာကမ်းခြေကို လာရောက်လည်ပတ်ပြီ အပြန်မှာခုလို ယာဥ်တိုက်မှုဖြစ်ပွားပြီး ကားမီးလောင်ကာ သေဆုံးခဲ့တာလို့ ပုသိမ်မြို့က လူမူကူညိရေးအဖွဲ့၀င်တစ်ဦးကပြောပါတယ်။
"ကျွန်တော်တို့ Proboxယာဥ်ပေါ်ပါသူတွေကို သူတို့မိသားစုအားလုံးနဲ့ချိတ်ဆက်မိပြီးပါပြီ ယာဥ်မောင်းက ယာဉ်မောင်း ကိုမိုးဦးအသက်(၅၀)နှစ်
မမီးမီး(၄၄)နှစ်၊မောင်ဖိုးထွန်းဇော်၊ (၁၇)နှစ်၊ မချိုဇင် (၁၆)နှစ်သူတို့၄ဦးက ညောင်တုန်းမြို့ဆရာစံလမ်း၊အမှတ်(၁၀)ရပ်ကွက်ကဖြစ်ပြီး ကိုဇေယျာလင်း (၃၃) နှစ်၊ မအင်ကြင်းဖြူ (၃၀)နှစ်၊ မယုဇနလှိုင် (၂၈)နှစ် ၃ ဦး က ညောင်တုန်းမြို့နယ် မိုးကုတ်အုပ်စု၊ကျောင်းစုရွာကဖြစ်ပါတယ်"လို့သူကပြောပါတယ်။
သေဆုံးသွားတဲ့ ၇ဦးကို ပုသိမ်ဆေးရုံ ရင်ခွဲရုံမှာစစ်ဆေးခဲ့ပြီးသူတို့ရဲ့ မိသားစုများကိုအကြောင်းကြားခဲ့ပြီး မတ်လ၂၀ရက်နေ့က ပုသိမ်မြို့ သရောင်းချောင်းသုသာန်မှာ မီးသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
#ပုသိမ် #ချောင်းသာ #ယာဥ်တိုက်မှု #အမှုဖွင့်ထား

Address


Website

Alerts

Be the first to know and let us send you an email when National News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share