Morning star ja seng

  • Home
  • Morning star ja seng

Morning star ja seng ဟယ္လို

25/01/2025
25/01/2025

ဘယ်လောက်နေရမလဲမသိတဲ့
လက်ကျန်နေ့ရက်လေးတွေမှာ
ဘယ်သူ့ကိုမှ စိတ်မဆိုးဘဲ နေချင်တယ် ။

အလိုမများတဲ့သူဟာ ချမ်းသာတယ် ။
ခွင့်လွှတ်တတ်သူဟာ ငြိမ်းချမ်းတယ် ။
ဆုပ်ကိုင်မထားတဲ့သူဟာ ပေါ့ပါးတယ် ။

အခိုက်အတန့်လေးတိုင်းမှာ
နေနိုင်သူဟာ ရှင်သန်တယ် တဲ့ ။

အချိန်တန်ရင်
ရောဂါ တစ်ခု ရောက်လာပြီး
နာကျင်ဆင်းရဲကြဦးမယ့် အတူတူ
သူများအပူတွေ ပိုမယူဘဲ
အခုအချိန်လေးတွေတော့
ဉာဏ်နဲ့ယှဉ်ပြီး ပျော်အောင် နေဦးမယ် ။

PhyoLay

#ချစ်သောရင်ငြိမ်းပန်း (တောင်ကြီး)

25/01/2025
20/01/2025

လူဖြစ်လာတဲ့ ခဏ
တစ်နေ့တာ အနားယူတဲ့အခါ
သက်ပြင်းတွေ ခဏ ခဏ မချချင်ဘူး

လက်ကျန်
ရှင်သန်နေချိန်အတွက်လည်း
နောင်တအမှားတွေနဲ့ ခရီးမဆက်ချင်သလို
မမြင်ရတဲ့ သံသရာတစ်ဖက်လည်း သယ်မသွားချင်ဘူး

သူတော်ကောင်းပါ မပြောဘူး။
သူတော်ကောင်း အရေမခြုံဘူး။

လူထဲကလူမို့
လောဘ၊ ဒေါသ၊ မောဟ မကင်းတဲ့
သူလို ငါလိုပါဘဲ.....

ဒါပေမဲ့......

ခေါင်းပြားပြားအိပ်ပြီး,စိတ်ရှင်းရှင်းနေချင်လို့
မတရားတာလည်း မလုပ်ခဲ့သလို
ကိုယ်ချင်းစာစိတ်
မမဲ့ခဲ့ဘူး…...

ဆြာချစ်
🌸🌸🌸

20/01/2025

ကဲ စင်္ကာပူ ကနေ လိုက်ချင်တဲ့သူတွေများနေလို့
နောက်ထပ် ကိုရီးယား ခရီးစဉ် ၂၀၂၆ မှာ ရှိမယ်နော်

Singapore ကနေ သွားမယ့်ခရီးစဉ်ပါ
မြန်မာ ၊ ထိုင်း နဲ့ မလေးရှား က လိုက်ချင်သူများအတွက်
ကူညီပေးလို့မရပါဘူး Sorry ပါဗျ

ခရီးစဉ်က နိုဝင်ဘာလထဲမှာ ဖြစ်ပါမယ်
ဒီတခေါက်တော့ ၇ ညအိပ် ၈ ရက်လောက် ကြာပါမယ်

ဘာကြောင့် အစောကြီးကြေငြာထားရလဲ? ဆိုရင်

စင်္ကာပူ ကနေ လိုက်ချင်တဲ့သူတွေအတွက်
လိုအပ်တဲ့ documents တွေ ပြင်ဆင်ဖို့အချိန်ပေးတာပါ

အဓိက လိုအပ်ချက်ဖြစ်တဲ့
၂ နိုင်ငံ သွားလည်ထားတဲ့ travel history ကိုလည်း
Love’s Travelling ရဲ့ မလေးရှားခရီးစဉ်တွေကို
လိုက်ပြီး ပြင်ဆင်ထားလို့ရပါတယ်

ကုန်ကျစရိတ်ကတော့ အားလုံးသိတဲ့အတိုင်း
Budget trip ဖြစ်တာကြောင့် အများကြီးမကုန်ပါဘူး

ကုန်ကျစရိတ် အကြမ်းဖျဉ်းကို ဒီပို့စ်မှာဝင်ဖတ်ပါ

https://www.facebook.com/share/p/1AvRVep3Qx/?mibextid=wwXIfr

ရက်ကြာချိန်မတူတာကြောင့်
ကုန်ကျစရိတ်အနည်းငယ်ကွာဟမှုရှိပါမယ်

ခရီးစဉ်အသေးစိတ်ကို ပြန်ကြေငြာပေးပါမယ်

Singapore ကနေ Korea visa လုပ်ဖို့
အဓိက လိုအပ်တာကတော့

၁) Singapore မှာ အနည်းဆုံး ၂ နှစ်နေဖူးရမယ်

၂) Company employment letter နဲ့

၃) Bank statements (atleast ၃ လ)

၄) ဘဏ်ထဲမှာ ဒေါ်လာ ၅၀၀၀ ကျော်

၅) ပတ်စ်ပို့ သက်တမ်းက လျှောက်တဲ့အချိန်
သက်တမ်း အနည်းဆုံး ၁ နှစ်ကျန်မှ စိတ်ချရပါမယ်

၆) အနည်းဆုံး ၂-၃ နိုင်ငံ သွားလည်ဖူးရမယ်

If you like this Blog , you can buy me a coffee!
Your support will help me to keep going!

Please share this article if you think it's awesome!

သူငယ်ချင်းတို့ရဲ့ like တစ်ခု ၊ comment တစ်ကြောင်း ၊ share တစ်ခုချင်းစီဟာ နောက်ထပ် ခရီးသွားလမ်းညွှန်ဆောင်းပါးတွေးရေးဖို့အတွက် အထောက်အကူအများကြီးဖြစ်စေပါတယ်။

ဒါကြောင့် နောက်ထပ်နေရာအသစ်တွေဆီ
သွားရောက်လည်ပတ်နိုင်ဖို့

Please - Like 👍
Comment 💬
Share ↗️
Follow ✅

ဒီလိုမျိုး စင်္ကာပူနိုင်ငံရဲ့ လူသိပ်မသိသေးတဲ့နေရာတွေ၊ လူသိပြီးသားနာမည်ကြီးနေရာတွေကို သွားရောက်လည်ပတ်ပြီး ဓါတ်ပုံလှလှရိုက်ချင်သူများအတွက် ဝန်ဆောင်မှုလည်းပေးနိုင်တာမလို့ ....

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို လိုအပ်ပါက
Chat 💬 Box မှာ မေးမြန်းစုံစမ်းလို့ရပါတယ်ဗျ

Explore Singapore with me ✈️
Travelled to 🇲🇲🇯🇵🇰🇷🇻🇳🇸🇬🇰🇭🇮🇩🇲🇾🇹🇭🇲🇻🇵🇭🇹🇼🇲🇴🇦🇪🇮🇳🇧🇹🇶🇦🇷🇺

🐟  ငါး တွေ့အောင်ရှာ 😌
20/01/2025

🐟 ငါး တွေ့အောင်ရှာ 😌

ချင်းမိုင်က ကျားခြံနဲ့သိုးခြံသို့ရောက်အမှတ်တရပုံများ
20/01/2025

ချင်းမိုင်က ကျားခြံနဲ့သိုးခြံသို့ရောက်အမှတ်တရပုံများ

20/10/2023
 *
20/10/2023

*

20/10/2023

Indiana Jones and the Dial of Destiny (2023)

ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ဟယ်ရစ်ဆန်ဖို့ငယ်ငယ်က ရုပ်ရှင်ဟောင်းအားလုံးထဲကနေ လိုအပ်တဲ့ မျက်နှာထား ခံစားချက်နဲ့လိုက်တာတွေကို ရွေးထုတ်ပြီးပေါင်းစပ်သွားတဲ့နည်းပညာမို့ ဟယ်ရစ်ဆန်ဖို့ရဲ့ ငယ်ငယ်ကမျက်နှာအစစ်ကို မြင်နေရတာပါပဲ။ ဒါရိုက်တာ စပီးဘတ်ကိုယ်တိုင်ဒီရုပ်ရှင်ကိုကြည့်ပြီး သဘောကျခဲ့တာပါ။ “အင်ဒီယာနာဂျုန်းကို ငါတစ်ယောက်တည်း ရိုက်တတ်တယ်ထင်တာ၊ အခြားရိုက်တတ်တဲ့သူ ရှိသေးသားပဲဟ” လို့တောင် မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဘတ်ဂျက် သန်း ၃၀၀ သုံးခဲ့ပြီး သန်း ၃၈၀ လောက်ပဲ ပြန်ရတာမို့ ငွေကြေးအရအောင်မြင်မှု နည်းခဲ့ပေမဲ့ အင်ဒီယာနာဂျုန်းပီသတဲ့အခိုက်အတန့်လေးတွေ ဖျော်ဖြေမှုပေးနိုင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာကြောင့် IMDb မှာတော့ 6.8/10 ထိ ရလိုက်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~
ရှေးဟောင်းသုတေသီ ဒေါက်တာ အင်ဒီယာနာဂျုန်းဟာ တက္ကသိုလ်ပါမောက္ခအဖြစ်ကနေ အငြိမ်းစားယူလိုက်ပါပြီ။ ယူပြီးမကြာခင်မှာပဲ သူ့မိတ်ဆွေရဲ့ သမီး၊ သူ့ရဲ့ခေါင်းကိုင်သမီး ဟယ်လင်နာက သူ့ကိုလာရှာပြီး အင်ဒီနဲ့သူ့အဖေတို့ ဒုတိယကမ္ဘာစစ်အတွင်း စွန့်စားပြီး ရယူပြီးမှ ပျောက်ဆုံးသွားတဲ့ အာခီမီးဒီးစ်ရဲ့ ဒိုင်ခွက် အန်တာကသီးရာ အကြောင်းကို လာစုံစမ်းပါတော့တယ်။ အဲဒီဒိုင်ခွက်နောက်ကို လိုက်နေတဲ့ အခြားသူကလည်း နာဇီဟောင်း ရူပဗေဒပညာရှင် ဒေါက်တာရှမစ် ဖြစ်နေပါတယ်။ သူကတော့ ဒီဒိုင်ခွက်ကို အသုံးချနိုင်တဲ့သူဟာ နတ်ဘုရားလို ဩဇာအာဏာကြီးလာမယ်လို့ ယုံကြည်နေတဲ့သူပါပဲ။ အင်ဒီနဲ့ ဟယ်လင်နာတို့တစ်ဖက် ဒေါက်တာရှမစ်တို့အဖွဲ့ကတစ်ဖက် ပြိုင်လုကြရင်း စွန့်စားခန်းကြီးတွေ ဖွင့်ကြပါတော့တယ်။ အင်ဒီယာနာဂျုန်းရဲ့ ဝိသေသဖြစ်တဲ့ ရှေးဟောင်းပဟေဠိတွေ၊ တကယ်ရှိခဲ့တဲ့ သမိုင်းတွေနဲ့ ရောစပ်ထားတဲ့ စိတ်ကူးယဉ်တွေ၊ ရှေးဂူသင်္ချိုင်းတွေထဲက စွန့်စားခန်းတွေ ဝေဝေဆာဆာနဲ့မို့ ကြည့်လို့ကောင်းမယ့် နောက်ဆုံးရုပ်ရှင်ပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)

မင်မင် Telegram Channel Link 👇👇

https://t.me/mmsubmovielink1
https://t.me/mmsubmovielink1

https://t.me/indiachannel1
https://t.me/indiachannel1

ဇာတ်ကား ကြည့်ရန် FB Link 👇👇

https://www.facebook.com/groups/292159940289453/permalink/292767090228738/?mibextid=Nif5oz

20/10/2023

*

I have reached 300 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
14/09/2023

I have reached 300 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

Address


Website

Alerts

Be the first to know and let us send you an email when Morning star ja seng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share