06/08/2021
😔😔“နွေလို ပူလောင်လွန်းတဲ့ လမ်းခွဲခြင်း”💔💔
ပုံပြင်ဆန်ဆန်လမ်းခွဲခြင်းဇာတ်လမ်းဟာ
ရင်ဘတ်ကိုအောင့်သွားစေတယ်၊ဒီဖြစ်ရပ်
ကိုယ်တိုင်ကြုံလိုက်ရချိန်မှာသောက်နေတဲ့
လက်ဖက်ရည်ချိုစိမ့်တောင်ခါးသွားတယ်၊၊
“Weed”မသောက်ထားဘူး၊သို့သော်
မက်ဆီနဲ့ဘာစီလိုနာကွဲပြဲသွားတဲ့ပုံရိပ်တွေ
မြင်လိုက်တော့မျက်လုံးတွေကျိန်းသွားတယ်၊၊
ဘုရင်တစ်ပါးနန်းပြောင်းချိန်ရောက်လာပြီ၊
ကတ်တလန်ရဲ့ကောင်းကင်တခွင်မှာ-မက်ဆီ
တိမ်တွေဖုံးလွှမ်းတာမျိုးငါတို့မမြင်ရတော့ဘူး၊၊
“ဒဏ္ဏာရီထဲကဖူးစာရှင်”လို့ပြောတဲ့စုံတွဲတောင်
လမ်းခွဲခြင်းကိုရင်ဆိုင်ခဲ့ရတာဘဲလေ၊ဘောလုံး
အသင်းနဲ့ကစားသမားတစ်ယောက်လမ်းခွဲတာ
သိပ့်တော့လည်းမထူးဆန်းပါဘူး၊ဒါပေမယ့်~
အဲ့ဒီလမ်းခွဲခြင်းဟာ လီယိုနယ်မက်ဆီ ဖြစ်လို့
ဘောလုံးအသိုင်းအဝိုင်းမှာထူးဆန်းသွားတယ်၊၊
မက်ဆီမရှိတော့တဲ့နူးကမ့်ကိုတွေးကြည့်တယ်၊
အဲ့ဒီမှာမျက်ရည်တွေရွဲသွားတယ်၊မိုးပြိုသလို~
အားရပါးရငိုနေတဲ့မျက်ဝန်းတွေအများကြီးဘဲ၊
တချို့နှုတ်ဆက်ခြင်းက-ဘယ်ဘက်ရင်အုံကို
ဓားနဲ့အစိမ်းလိုက်ထိုးစိုက်သလိုဖြစ်စေတယ်၊၊
အတိတ်ကကျန်ခဲ့ပြီ၊အရိပ်ဟောင်းကထာဝရ
စိုးမိုးနေလိမ့်မယ်၊သူဖန်တီးခဲ့တဲ့သမိုင်းတွေကို
နူးကမ့်ကောင်းကင်ယံမှာချိတ်ဆွဲထားပေးပါ၊၊
မက်ဆီဟာဘာစီနဲ့အဆုံးသတ်သွားပေမယ့်
အရာအားလုံးပြီးဆုံးသွားတာမဟုတ်ပါဘူး၊
အသစ်တစ်ဖန်ပြန်လည်စတင်ခြင်းမှာသူရဲ့
မှော်အစွမ်းတွေ,ကိုယ်တို့မြင်ရပါလိမ့်မယ်၊၊
ဘယ်ဌာနကိုရောက်ရောက်
အကောင်းဆုံးဖြစ်ပါစေလို့,မက်ဆီအတွက်
ရင်ဘတ်ကြီးနဲ့ဆုတောင်းပေးလိုက်ပါတယ်။
Wai Moe Zaw✍️
( UK Match Day )