Pyae.hlyan Gaming

  • Home
  • Pyae.hlyan Gaming

Pyae.hlyan Gaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae.hlyan Gaming, Gaming Video Creator, .

ဒီနေ့မှာတော့ မနေ့ညက WTDS official page ကနေ လာမယ့် update မှာ ပါလာနိုင်တဲ့အချက်တွေကို ချပြခဲ့ပါတယ်။ ဒီupdate ထွက်ရှိလာဖို...
16/09/2021

ဒီနေ့မှာတော့ မနေ့ညက WTDS official page ကနေ လာမယ့် update မှာ ပါလာနိုင်တဲ့အချက်တွေကို ချပြခဲ့ပါတယ်။ ဒီupdate ထွက်ရှိလာဖို့ အချိန်အတော်ကြာစောင့်ခဲ့ရပြီး ပါလာတဲ့အချက်တွေကရော player အများစု တစ်ကယ်လိုချင်တဲ့အရာမျိုးဖြစ်ရဲ့လား၊ playerတွေကို စိတ်ကျေနပ်မှုပေးနိုင်ရဲ့လား ကျွန်တော်တို့ တစ်ချက်ကြည့်ကြည့်ရ‌အောင်။

WDTS ရဲ့ဒီတစ်ခေါက် update မှာ Environment ပိုင်းကို ပိုပြီးဦးစားပေးထုတ်လာတာကိုတွေ့ရပါတယ်။

Environment ပိုင်းမှာဆိုရင် -

(၁) အရင် versionတွေရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေဟာ ဒီအတိုင်းအသေပုံစံမျိုးပဲရှိနေတာပါ။ အလုပ်လုပ်နေတဲ့ပုံစံမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက် update မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာရှိတဲ့ စက်တွေကလည်နေပြီး အလုပ်လုပ်နေတာကို တွေ့ရမှာပါ။

(၂) အရင် version‌ တွေရဲ့လမ်းဘေး‌နေရာတွေမှာ လူသွားလူလာတွေမရှိပါဘူး။ သေချာရှာပြီးပြောရမယ်ဆိုရင် ကုန်အတင်အချလုပ်တဲ့နေရာတစ်ချို့မှာ ဂိတ်စောင့် နဲ့ သန့်ရှင်းရေးလုပ်နေတဲ့ဝန်ထမ်းတစ်ယောက်လောက်ရှိတာမျိုးတော့ တွေ့ရပါတယ်။
ဒီတစ်ခေါက် update မှာတော့ လမ်းဘေးတွေ မြစ်ကမ်းဘေးလိုနေရာမျိုးတွေ၊ တစ်ချို့နေရာတွေမှာပါ လမ်းသွားလမ်းလာတွေ ထည့်ပေးထားလာပါပြီ။

(၃) နောက်တစ်ခုကတော့ တိရစ္ဆာန်တွေထည့်ပေးထားတာပါ။ နွား၊ကြက်၊ခွေးတွေကတော့ ပုံမှန်‌လို့ဆိုရပေမယ့် မိချောင်းတို့ မြင်းတို့ပါထည့်ထားတာတော့ မြို့ပြလိုနေရာမျိုးနဲ့ သိပ်မအပ်စပ်ဘူးလို့ထင်ပါတယ်။ ထည့်တာကလည်း ခြံနဲ့ဘာနဲ့ မဟုတ်ဘူးနော်။ ဘလိုင်းကြီးလွှတ်ပေးထားတာ။ ဘာလဲ ကားပေါ်ကဆင်းပြီး မိချောင်းနဲ့ နပန်းလုံးရမှာလား :3
ဒီတစ်ခုကတော့ ကျွန်တော်တစ်ဦးတစ်ယောက်ရဲ့အမြင်ကိုပြောရရင် သိပ်မကြိုက်ပါဘူး။ မဆိုင်သလိုလည်းခံစားရပါတယ်။ ဘာလို့ ဒါကိုထည့်လဲ နားလည်းမလည်ပါဘူး။

(၄) နောက်တစ်ခုကတော့ ယာဉ်ကြောကျပ်တာ၊ ရှုပ်ထွေးနေတာ၊ မတော်တဆဖြစ်တာတွေ လျော့သွားအောင် ရှောင်‌နိုင်အောင် လမ်းမကြီးကနေရှောင်မောင်းလို့ရအောင် မြေနီလမ်းဖောက်ပေးထားတာပါ။ ပြောရမယ်ဆိုရင် ဒါကတော့ အရင် versionတွေမှာလည်း ပါနေကျပါပဲ။ အခုကြည့်ရတာကတော့ အဲ့လိုရှောင်လမ်းအသစ်ထပ်တိုးဖောက်ပေးထားတာကို ပြောတာလို့ထင်ရပါတယ်။

(၅) ဒီတစ်ခုကတော့ Ai Traffic တွေမှာ ကားအသစ်ထည့်ပေးထားတာပါ။ ဆိုတော့ လမ်းမှာမောင်းနေရင်းနဲ့ မြင်နေကျကားတွေအပြင် ကားအသစ်တစ်မျိုးကို မြင်ရမယ်ပေါ့ဗျာ၊ ထည့်ပေးမယ့်ကားက ကားသေးလား၊ ကားကြီးလား၊ ကုန်ကားလား၊ ဘတ်စ်ကားလား ‌ဆိုတာတော့ မသိရသေးပါဘူး။

အခုလာမယ့်အပိုင်းကတော့ Truck နဲ့ပတ်သက်တဲ့အကြောင်းတွေပါ

(၆) Truck ရဲ့ Interior ပိုင်းတွေကို ထပ်ပြီးပြင်ဆင်ပေးထားတာပါ။ အတွင်းခန်းဒီဇိုင်းအနည်းငယ်အပြောင်းအလဲလုပ်ထားတာပါ။

(၇) နောက်တစ်ခုကတော့ UTS မှာပါသလိုမျိုး ကားပေါ်ကဆင်းပြီးလမ်းလျှောက်လို့ရတာပါ။ ဒါမျိုး အရင် version တွေမှာမရှိပါဘူး။ ဒါကတော့ အနည်းငယ် အားရစရာပါ။ လုံးဝမပါဘူးသေးတဲ့ function မျိုးဆိုတော့။

(၈) နောက်ပြီး trailer အသစ်တစ်ခုထပ်ထည့်ပေးထားတယ်လို့ပါပါတယ်။ ဒါပေမယ့် update video ထဲမှာပြသွားတဲ့ trailer ကတော့ အရင်ပါနေကျ trailer ပဲလို့မြင်မိပါတယ်။ ဟုတ် မဟုတ်တော့ တစ်ကယ်ထွက်လာမှပဲ စောင့်ကြည့်ရမှာပါ။
Update video ရဲ့နောက်ဆုံးမှာတော့ Much more to come လို့ပြောသွားတဲ့အတွက် update video ထဲမှာမပါတဲ့အရာတွေထပ်ပါလာဦးမလားဆိုတာကတော့ update ထွက်လာမှပဲသိရမှာပါ။

ဒီတစ်ခေါက် update မှာဆိုရင် Developers တွေက
Truck ပိုင်းနဲ့ In game function ပိုင်းမှာ တစ်ခြား Truck Simulator Game တွေထက် လိုအပ်ချက်တွေရှိနေပေမယ့် Environmentပိုင်းကိုပဲ Highlightလုပ်သွားတာတွေ့ရပါတယ်။ Player တွေလိုချင်နေတဲ့ Multiplayer modeပိုင်းတွေ In game functionပိုင်း၊ Truck function ပိုင်းတွေ ရှိနေပေမယ့်လည်း တစ်ကယ်ထွက်လာတော့ Truck ပိုင်းကို ၂ခုလောက်ပဲ ပြင်ဆင်သွားတာတွေ့ရပါတယ်။ ဒါကတော့ တော်တော်လေး အားမရစရာပါ။ ဒီတစ်ခေါက် update ထွက်ဖို့ အချိန်တော်တော်ကြာ စောင့်ခဲ့ရပေမယ့် ကျွန်တော့်အမြင်အရဆို စောင့်ရကျိုးမနပ်ဘူးလို့မြင်မိပါတယ်။ တစ်ကယ်ဆို သူတို့ပြင်ဆင်စရာတွေအများကြီးပါ။ နဂိုတည်းက WTDS/WBDS ဆိုပြီး Truck Simulationပိုင်းမှာရော Bus Simulation ပိုင်းမှာပါ နေရာတစ်ခုရနေပြီး Player အများစုအကြိုက်တွေ့နေတဲ့ဂိမ်းတစ်ခုက အခုလောက်ပဲ updateပေးပြီး သိပ်မဆိုင်တဲ့အပိုင်းကို focusပေးပြီး updateလုပ်သွားတာ သိပ်တော့အဆင်မပြေလှပါဘူး။ မကြာခင်အတောအတွင်းမှာလည်း UTS (Universal Truck Simulator) ကလည်း ထွက်လာတော့မှာပါ။ အားလုံးမြင်ထားတဲ့အတိုင်းပဲ UTS ရဲ့ Graphic နဲ့ In game function က WTDS ကို ကောင်းကောင်းကြီးယှဉ်ထားနိုင်တာပါ။ တစ်ကယ်တမ်းပြောကြကြေးဆိုရင်
UTSဟာ Test apk ပိုင်းမှာတင် WTDS ထက်သာနေတယ်လို့တောင်ပြောလို့ရပါတယ်။ UTS ဟာ Ai Trafficတွေ Mapတွေသာအကုန်ဖွင့်ပြီး Multiplayer modeပါထည့်ပြီး Official ချပြလိုက်ရင် WTDS အနေနဲ့ကျိန်းသေပေါက် နောက်ရောက်သွားမှာပါ။ ဒီလိုအခြေအနေမျိုးမှာ မဆိုင်တာတွေပဲ Update ပေးနေမယ်ဆိုရင် WTDS အတွက်တော့ ရင်လေးစရာပါ။ Player တွေလည်းစိတ်ပျက်လောက်မှာပါ။

အဆုံးသတ်ပြောရရင် ဒီတစ်ခေါက် WTDS ရဲ့ Update မှာ အနည်းငယ် အပြောင်းအလဲရှိခဲ့ပေမယ့် အားရစရာကောင်းတဲ့ update မျိုးတော့မဟုတ်ခဲ့ပါဘူး။ နောက် update မှာ ဘယ်လိုတွေအပြောင်းအလဲလုပ်လာမလဲဆိုတာကို ကျွန်တော်တို့ အားလုံးအတူတူ စောင့်ကြည့်ကြတာပေါ့✌️

Mandalarmi လေးနဲ့ ရန်ကုန်  မန်းလေး တစ်ကြောင်းဗျာ 😍😍😍😍😍Skin. မူရရင်းပိုင်းရှင် Credit ပါဗျာ Please like&follow My Page 😚
25/05/2021

Mandalarmi လေးနဲ့ ရန်ကုန် မန်းလေး တစ်ကြောင်းဗျာ 😍😍😍😍😍

Skin. မူရရင်းပိုင်းရှင် Credit ပါဗျာ

Please like&follow My Page 😚

ကဲ.... မြောက်ပိုင်း လမ်းကြောက စောက်ရမ်းချောတဲ့ ကားဆရာ ကြီးတို့ရေ...... DONGFENG လေးကတော့ ယောင်ရမ်းပိး မြောက်ပိုင်းလမ်း လ...
19/05/2021

ကဲ.... မြောက်ပိုင်း လမ်းကြောက စောက်ရမ်းချောတဲ့ ကားဆရာ ကြီးတို့ရေ...... DONGFENG လေးကတော့ ယောင်ရမ်းပိး မြောက်ပိုင်းလမ်း လေးကို တက်လာပိနော်....လမ်းမှာ တွေ့ရင် မိးတောက် လှည့်ဥိး 😍😍😍😍😍😍😍😍

Please like and follow My Page 😚😍

JAC ကားသစ်ကြီးရဲ့ အလှတရားတွေ 😍😍😍ကျွန်တော်ရဲ့ Page လေးကို Like?&Follow လုပ်ပေးပါဥ်းနော် 😊😊
13/05/2021

JAC ကားသစ်ကြီးရဲ့ အလှတရားတွေ 😍😍😍

ကျွန်တော်ရဲ့ Page လေးကို Like?&Follow လုပ်ပေးပါဥ်းနော် 😊😊

Address


Website

Alerts

Be the first to know and let us send you an email when Pyae.hlyan Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share