We Love Minhla

  • Home
  • We Love Minhla

We Love Minhla Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Love Minhla, News & Media Website, .

၂၀၂၂ ခုနှစ်၊ မေ ၃ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလု...
03/05/2022

၂၀၂၂ ခုနှစ်၊ မေ ၃ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1gbz_rIuLlvOZ2Gi162ey3i6qbukMkDke/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ မေ ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-https://dri...
03/05/2022

၂၀၂၂ ခုနှစ်၊ မေ ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1takZr6Ed8T5_t7ktKB_pX-keW2qP7Etx/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ မေ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-https:...
03/05/2022

၂၀၂၂ ခုနှစ်၊ မေ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1IcGsduVTJj2ThoRNY_yNzvwoAUgZ_0OT/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

နွေရာသီတွင် အအေးမမိစေဖို့ Credit Healthy Life
02/05/2022

နွေရာသီတွင် အအေးမမိစေဖို့
Credit Healthy Life

၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-https://dri...
02/05/2022

၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1isr9suuKPtMJdSZyhFCUdscRhWJkGHCM/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-https:...
02/05/2022

၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1KMZZOLloYxN1XEYFI1zcQdpJHZUGj662/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့ထုတ် The Global New Light Of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလ...
01/05/2022

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့ထုတ် The Global New Light Of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1tN-MCQlqTdh12VeonqlbM-YkiiHR1UkP/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-https://dr...
01/05/2022

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1kLJAOsyzjHNx_u9oCV-SQt_FNMgqQvGv/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-https:...
01/05/2022

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1-btOj-JMiTDEfaO7tzHQf5V4issjjqZS/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ထုတ် The Global New Light Of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပ...
30/04/2022

၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ထုတ် The Global New Light Of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1hQ5yiJ-BZMMlYB0RwUycF8_r-ZuYcWgU/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-https:/...
30/04/2022

၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1PgZ43QM9gsfltL1iz6xpRLfngVHzgjPJ/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-htt...
30/04/2022

၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1cB6TpH4iFmQXC4-ZceBXdTx7ipvOYXzs/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

ပန်ကာဖွင့်ပြီး အိပ်စက်ခြင်းကြောင့် ရရှိလာနိုင်သည့် ကျန်းမာရေးပြဿနာများ--------------------------------------------------...
29/04/2022

ပန်ကာဖွင့်ပြီး အိပ်စက်ခြင်းကြောင့် ရရှိလာနိုင်သည့် ကျန်းမာရေးပြဿနာများ
--------------------------------------------------
ပန်ကာဖွင့်ပြီး အိပ်စက်ရင် အဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာလေးတွေရှိပါတယ်။ အဲဒါတွေကတော့-
▶ နှာစေးခြင်း ၊ နှာပိတ်ခြင်း
ပန်ကာလေဟာ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းကို ခြောက်သွေ့စေပါတယ်။ ခြောက်သွေ့ခြင်းကို ကာကွယ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုအရ နှာရည်ပြန်ထုတ်ခြင်းကြောင့် နှာရည်ယို၊ နှာပိတ်ခြင်းတွေ ဖြစ်ရပါတယ်။

▶ မျက်လုံးနဲ့ အရေပြားခြောက်သွေ့ခြင်း
ပန်ကာလေနဲ့ တိုက်ရိုက်ထိတွေ့မှုကြာလာရင် မျက်လုံးနဲ့ အရေပြား ခြောက်သွေ့မှုတွေ ဖြစ်တတ်ပါတယ်။

▶ ကြွက်သားများ ကိုက်ခဲခြင်း
ပန်ကာလေနဲ့ အကြာကြီး ထိတွေ့တဲ့ ကြွက်သားတွေဟာ တောင့်တင်းသွားတတ်ပါတယ်။ ဒါကြောင့် ကြွက်သားတောင်းတင်းပြီး ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။

ပန်ကာဖွင့်တဲ့အခါ သတိပြုစရာ
------------------------------
✅ ပန်ကာကို လူနဲ့ ၂ပေ- ၃ပေ အကွာမှာ ထားပေးပါ။
✅ ပန်ကာကို တစ်နေရာတည်း မထားဘဲ လှည့်နေအောင် (Rotate) ထားပေးပါ။
✅ ပန်ကာလေကို တစ်ချိန်လုံးမဟုတ်ဘဲ timer mode နဲ့ အသုံးပြုပေးပါ။
✅ ပန်ကာလေကို မျက်နှာတစ်ဝိုက်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ရှားပေးပါ။
ရေငွေ့တွေပါ ထုတ်ပေးတဲ့ ပန်ကာအမျိုးအစား ဆိုရင်တော့ ပန်ကာလေကြောင့်ဖြစ်တဲ့ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းကို ခြောက်သွေ့မှုကို အတန်အသင့် သက်သာစေနိုင်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပ...
29/04/2022

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1Cyl8awPSxBLmpKLudbHEYfnFg-eqFnWO/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-https:/...
29/04/2022

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1YDtdraN4J4x9iKuIoySAwxuK0lJFuIC6/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-ht...
29/04/2022

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1S-QMLEnNsVNDmUDcQ69QVQdrUh6rjNWt/view?usp=sharing

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

နွေနေပူမှာ အပူငြိမ်းစာ စားပေးပါ==================== #ဆောင်းပါးရှင် ပေါက်ပေါက်        နွေရာသီတွင် အယ်လ်နီညိုရာသီဥတုကြောင်...
28/04/2022

နွေနေပူမှာ အပူငြိမ်းစာ စားပေးပါ
====================
#ဆောင်းပါးရှင် ပေါက်ပေါက်
နွေရာသီတွင် အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်များမြင့်တက်လျက်ရှိသည်။ အပူချိန်မြင့်တက်နေမှုက မိုးမကျမချင်း ပူနေဦး မည်ဖြစ်ကာ အပူချိန်ကို ဇွန်လလယ်ထိ သတိထားနေရဦးမည် ဖြစ်သည်။ ကျန်းမာသုတ တစ်ရပ်အနေဖြင့် အသိပေး မျှဝေရပါလျှင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်သည် အန္တရာယ်ရှိနေပြီး ၄၀ ကျော်လျှင် အလွန်အန္တရာယ်ကြီးနေပြီ ဖြစ်သည်။ အပူချိန် ၄၀ မကျော်သော်လည်း ၄၀ ပတ် ၀န်းကျင်တွင် ရက်တွေကြာလာပါက အန္တရာယ်ကြီးနေပြီး ၄င်းကို Heat Stroke ဟုခေါ်သည်။ ထိုကဲ့သို့ အပူချိန်မြင့်တက်နေချိန်တွင် အသက် အရွယ်ကြီးရင့်သူများ၊ ကလေးသူငယ်များ၊ နာတာရှည်ရောဂါရှိသူများ နှင့် ကိုယ်၀န် ဆောင် မိခင်များက ပို၍ သတိထား နေထိုင်သင့်ပါသည်။ ထို့ပြင် သက်လတ်ပိုင်း အရွယ်များတွင်လည်း အနေအထိုင် အစားအသောက် မှားသွားပါက Heat Stroke ဖြစ်ပေါ်ခံစားရနိုင်သဖြင့် မပေါ့ ဆသင့်ပေ။

လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်သည် ပျမ်းမျှ ၉၈ ဒသမ ၆ ဒီဂရီဖြစ်ပြီး ရာသီဥတုပေါ်မူတည်၍ ၄င်းပမာဏထက် အပူချိန် အတက်အကျ အနည်းငယ်ပြောင်းလဲတတ်ပါသည်။ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့အလိုလိုအေးသွားခြင်းမျိုး မရှိတတ်ပေ။ လိုအပ် သည်ထက် အပူချိန်များနေပါက ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာနှင့် နှုတ်ခမ်းတွေသာမက အရေပြားပေါ်တွင် အဖုအပိမ့်တွေထွက်လာ ခြင်း၊ ၀က်ခြံထွက်ခြင်း၊ ခေါင်းမူးဝြေခင်း၊ ပျို့အန်ခြင်း စသည်တို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာများ အထူးသဖြင့် ကျောက်ကပ်ကို ပျက်စီးစေ နိုင်ပါသည်။

အပူငြိမ်းစေမည့် အအေးစာလေးများ။

အပူငြိမ်းအေးစေရန်အတွက် အဓိကဆေးမှာ ရေ၀၀ သောက်၍ တစ်နေ့လျှင် ရေ နှစ်ကြိမ် ချိုးပေးခြင်းဖြစ်ပါသည်။ အောက်ဖော်ပြပါ အစားအစာများက ခန္ဓာကိုယ်တွင်း အပူငြိမ်းအေးစေသဖြင့် ယခုလို နေ့အပူချိန်များသော ကာလတွင် မဖြစ်မနေ စားပေးသင့်ပါသည်။

· လူ့ခန္ဓာကိုယ်၏ ၃ ပုံ ၂ ပုံကို အရည်ဓာတ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ဖရဲသီးတစ်လုံးတွင် ရေဓာတ် ၉၂ ရာခိုင်နှုန်း ဖြင့် ဖွဲ့စည်းထားသဖြင့် ရင်ကိုအေးမြစေသည်။ ရေဓာတ်ကြွယ်ဝသော ဖရဲသီးကိုစားခြင်းဖြင့် ရေငတ်ပြေစေပြီး ခန္ဓာကိုယ် တွင်းရှိ အပူရှိန်ကိုလျော့ချပေးနိုင်သည်။ ထို့ပြင်ခန္ဓာကိုယ်ထဲရှိ ဆုံးရှုံးသွားသော အရည်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေး ကာ လူကို လန်းဆန်းအမောပြေလာစေပါသည်။

· ကြံရည်သောက်ပါ။ နေပူလောင်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများအတွက် ကြံရည်က ခန္ဓာကိုယ်ကို အချိန်တိုတွင်းမှာပင် ရေ ဓာတ် အားဖြည့်ပေးနိုင်သည်။ ကျောက်ကပ်ကို အားပေးပြီး ပူပြင်းသောရာသီ၌ ဆီးချုပ်၊ ဆီးအောင့်ခြင်းမှ ကာကွယ်ပေး သည်။ အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများအတွက် ကြံရည်က ကိုယ်တွင်းအပူငြိမ်းစေပြီး ပရိုတင်းအားဖြည့် ဓာတ်စာ အဖြစ် အာနိသင်ထက်မြက်သည်။ ထို့ကြောင့် နွေပူပူရင်ပူပူုတွင် အပူငြိမ်း၊ သည်းခြေအေးစေမည့် ကြံရည်ကို သဘာဝရဲ့ အာဟာရအဖြစ် သောက်သုံးပေးသင့်ပါသည်။ ကျန်းမာရေးအတွက် ကြံရည်သောက်ရန် အသင့်တော်ဆုံးအချိန်မှာ နေ့လယ် ဖြစ်ပါသည်။

· သခွားသီးမှာ ရေဓာတ်ကြွယ်၀စွာပါရှိ၍ ခန္ဓာကိုယ်ကို ထိထိရောက်ရောက် အေးမြစေသည်။ ထို့ကြောင့် ငွေကြေးအားဖြင့် တန်ဖိုးနည်းသော်လည်း အာဟာရတန်ဖိုးများလှသည့် သခွားသီးလေးများကို နေ့စဉ်စားပေးသင့်သည်။

· ပူစီနံရွက်က ခန္ဓာကိုယ်အတွင်းပိုင်းကို အေးမြစေသဖြင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာအို စသည့် အာရှ တိုက်တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ် လာခဲ့ကြ သည်။

· မုန်လာဥအဖြူစားပါ။ အဖြူရောင် မုန်လာဥလေးများတွင် ဗီတာမင်စီပါရှိနေသည့်အပြင်၊ ကိုယ်တွင်းအပူရှိန်ကို တိုက်ထုတ် ပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း အလုံအလောက်ပါရှိနေကြသည်။ ထို့ကြောင့် “heat stroke” ကို တိုက် ထုတ်ပေးနိုင်သော မုန်လာဥအဖြူတွေကို မဖြစ်မနေ စားပေးသင့်ပေသည်။

· နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေသော အိမ်တွင်းဆေးဝါးတစ်မျိုးဖြစ်သည်။ နှမ်းစားပြီးနောက် ရေများများ သောက်ပါ။ ထန်းလျက်ဖြင့်ယိုထိုးထားသော နှမ်းပျစ်၊ နှမ်းယိုလေးများကလည်း အပူငြိမ်းအေးစေရန် အထောက်အပံ့ ပေးနိုင်ပါသည်။

· စမုံစပါးအစေ့လေးများကို သောက်ရေခွက်ထဲ တဥာဉ့်သိပ်စိမ်ပါ။ နံနက်အိပ်ယာထ ရေသောက်ရင်း ၎င်းအဖတ်များကိုပါ ကုန်အောင် ဝါးစားပေးပါ။ တစ်နေ့တာလုံး အပူငြိမ်းအေးစေနိုင်သည့်အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေသည်။

· အုန်းစိမ်းရေသောက်ပါ။ အုန်းသီးစိမ်းနုနုမှရသော အုန်ုးစိမ်းရည်က ခန္ဓာကိုယ်တွင်းအပူငြိမ်းစေသော သဘာ၀ ဆေးကောင်း တစ်လက် ဖြစ်သည်။ ကိုယ်တွင်းအပူဓာတ်များသူတွေ နှင့် ကိုယ်၀န်ဆောင်မိခင်လောင်းများ မဖြစ်မနေ မှီဝဲသင့်သည်။ ရေ ဓာတ်ခမ်းခြောက်ခြင်းမှလည်း အထူး ကာကွယ်ပေးနိုင်သည်။

· သလဲသီး နှင့် သလဲသီးဖျော်ရည်တွေက ခန္ဓာကိုယ်ကိုအေးမြစေပြီး ကိုယ်တွင်းအပူများကို သူ့အလိုလို စုပ်ယူပစ်နိုင်သည်။ ယခုလို ပူလွန်းသောကာလများတွင် သလဲသီးက နေ့စဉ် စားသုံးသင့်သော သီးနှံတစ်ခုဖြစ်သည်။

· ဘိန်းမုန့်၊ ဆနွင်းမကင်း စသည့် သရေစာမုန့်များတွင် အသုံးပြုလေ့ရှိသော ဘိန်းစေ့လေးများက ကိုယ်ပူရှိန်ကို ပုံမှန်ဖြစ် အောင် အထောက်အပံ့ပေးသည်။ ညအိပ်ယာ၀င်ခါနီး ဘိန်းစေ့ လက်တဆုပ်စာဝါးစားပြီး ရေသောက်အိပ်ပါက နှစ်ခြိုက်စွာ အိပ်မောကျစေသည့်အပြင်၊ နံနက်အိပ်ယာထ တစ်နေ့တာလုံး အပူငြိမ်းအေးစေသည်။

· ပဲနံ့သာပင်အစေ့ မှီဝဲပါ။ ရှေးရှေးကစ၍ ယနေ့ထိတိုင် အိန္ဒိယနိုင်ငံတွင် အပူငြိမ်းဆေးတိုင်းရင်းကုထုံးဖြင့် ပဲနံံ့သာပင်အစေ့ များကို အသုံးပြုလျှက်ရှိသည်။ (ပဲနံ့သာပင်အစေ့လေးများအား အိန္ဒိယ ပရဆေးဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်)

· နွားနို့သောက်ပါ။ ကိုယ်တွင်းအပူငြိမ်းလိုသူများ ကျိုချက်ပြီးနွားနို့ကို အအေးခံ၍ နံနက်တိုင်းသောက်ပေးပါ။ (သို့မဟုတ်) နွား နို့ကို ပျားရည်အနည်းငယ်ခတ်၍ သောက်နိုင်ပါသည်။ (ရေခဲဖြင့်အအေးခံထားသော နို့အေးကို မဆိုလိုပါ)

· သံပုရာရည်သောက်ပါ။ နံနက်အိပ်ယာထ သံပုရာရည်တစ်ခွက် သောက်ခြင်းကလည်း ကိုယ်တွင်း အပူငြိမ်းအေးစေရုံမျှ မက၊ အနေအထိုင် ပေါ့ပါးလန်းဆန်းလာပြီး တစ်နေ့တာလုံး သက်လုံကောင်းစေပါသည်။

· ဘူးသီး၊ သခွားမွှေး၊ ကြက်ဟင်းခါးသီး၊ ပန်းငရုပ်ပွ၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ နာနတ်သီး၊ စပျစ်သီး၊ ပန်းသီး၊ သင်္ဘောသီး၊ ဒိန်ချဉ်၊ ထန်းရည်ချို၊ ဆီးသီး၊ ဆီးယို၊ ငှက်ပျောသီးမှည့်၊ စတော်ဘယ်ရီ၊ မုန်လာဥနီ၊ အစိမ်းရောင် ပဲသီးအမျိုးမျိုး၊ ကြက်သွန် နီ စသည်တို့ကလည်း ကိုယ်တွင်းအပူရှိန်ကို လျော့ချပေးနိုင်သည်။

(သတိရှိရန်) နေပူပူထဲ အချိန်ကြာမြင့်စွာ သွားလာပြီးနောက် ရေခဲရေများ၊ ရေနွေးပူ၊ စွပ်ပြုတ် စသည့်အရည်ပူပူများ၊ ငရုပ်သီး၊ ဂျင်း၊ မျှစ်ချဉ်၊ ငရုပ်ကောင်း၊ ပတဲကော စသည့် ပူပူလောင်လောင်အစပ်များ စားသောက်ခြင်း၊ ရေ(အရည်)သောက်သုံးမှု ပမာဏ လွန်စွာ နည်းပါးခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ်တွင်းအပူရှိန် မြင့်တက်လာစေသည်။

အချုပ်အားဖြင့်ဆိုသော် ခန္ဓာကိုယ်တွင်း အပူလျော့စေရန်အတွက် အထက်ဖော်ပြပါ အစားအသောက်များကို ဦးစားပေး ရွေးချယ်စား သုံးရင်း၊ အရောင်ဖျော့ဖျော့ ချည်သားအ၀တ်အထည် ပွပွများကို ၀တ်ဆင်ပါ။ မဖြစ်မနေ အိမ်ပြင်ထွက် သွားလာရပါက ခရမ်းလွန်ရောင်ခြည် အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် UV ပါသည့် အရောင်ရင့်ရင့် ရောင်ပြန်ထီးဆောင်းပါ။ သွားလေရာသို့ သောက်ရေဗူးငယ် တစ်ဗူးဆောင် ထားပြီး မကြာခဏ ရေသောက်ပါ။ သနပ်ခါးရေကျဲ လိမ်းပါ။ ရာသီဥတုအပူဒဏ်ကို တစ်ပိုင်တစ် နိုင်ကာကွယ်ဖို့အတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းမှာ သစ်ပင်စိုက်ပျိုးခြင်း ဖြစ်ပါသည်။ သို့ပါ၍ လူတစ်ယောက် တစ်နှစ်လျှင် သစ်ပင်တစ်ပင် အနည်းဆုံးစိုက်သော အစဉ် အလာရှိသင့်ပြီး ကျောင်းနေရွယ် ကလေးများလည်း ပါ၀င်စိုက်ပျိုးသင့်ပါကြောင်း ရေးသား အကြံပြုလိုက်ရပါသည်။

စေတနာများစွာ
#ဆောင်းပါးရှင်...ပေါက်ပေါက် Htet Htet Zaw …ရေးသားသည်။

ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်
27/04/2022

ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်
26/04/2022

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

သတိပြုရမည့်အပူဒဏ်အန္တရာယ်များ
26/04/2022

သတိပြုရမည့်အပူဒဏ်အန္တရာယ်များ

🔥🔥 အပူရှိန်ကြောင့်ဖြစ်လာနိုင်တဲ့ ပြသနာ၃မျိုး 🔥🔥===============================1. Heat cramps2. Heat exhaustion3. Heat st...
26/04/2022

🔥🔥 အပူရှိန်ကြောင့်ဖြစ်လာနိုင်တဲ့ ပြသနာ၃မျိုး 🔥🔥
===============================

1. Heat cramps
2. Heat exhaustion
3. Heat stroke

1. Heat cramps
============

ခန္ဓာကိုယ်ထဲမှာ ရေနဲ့ သတ္တုဓါတ်တွေစတင်နည်းပါးလာပြီဆိုတာ စပြတဲ့ ပြဿနာပါ။ ကိုယ်အပူချိန်တက်လာမယ်။ ကြွက်သားတွေနာမယ်။ ကြွက်တက်မယ်။ များသောအားဖြင့် ခြေထောက်နဲ့ဝမ်းဗိုက်ကြွက်သားတွေမှာဖြစ်တာပါ။
အလွယ်ကူဆုံးကုသနည်းကတော့ အရိပ်ရတဲ့နေရာမှာနေပြီး ဓါတ်ဆားဖျော်သောက်လိုက်တာပါပဲ။

2. Heat exhaustion
==============

ပြဿနာနည်းနည်းစရှိလာပါပြီ။ နေပူထဲမှာ အချိန်အကြာကြီး နေတာကြာလာရင် ချွေးထွက်လွန်လာရင် ဒီပြဿနာစဖြစ်ပါပြီ။ အဲ့လူကိုသွားကိုင်ကြည့်ရင် အေးအေးစိုစိုကြီးဖြစ်နေပါလိမ့်မယ်။ ခေါင်းကိုက် မူးဝေ အော့အန် စိတ်ရှုပ်ထွေးတာတွေပါလာပါလိမ့်မယ်။အသက်ရှုတာ မြန်လာပါလိမ့်မယ်။
ရှေးဦးသူနာကုသနည်းကတော့ အရိပ်ရပြီးအေးတဲ့နေရာမှာထားပါ။ လှဲနေရင်းခြေထောက်ကိုအပေါ်ထောင်ထားပေးပါ။ ထူထဲနေတဲ့အဝတ်တွေကိုချွတ်ပါ။ရေနဲ့ဓါတ်ဆားပြန်ဖြည့်ပေးပါ။ အဲ့ဒါမှအခြေနေမကောင်းသေးရင် ဆေးရုံပြေးပါ။

3. Heat stroke
===========

အန္တရာယ်အရှိဆုံးပါ။ အပေါ်ကနှစ်ခုကအရင်ဆုံးပြတဲ့ လက္ခဏာတွေဖြစ်ပြီး အဲ့ဒီအဆင့်တွေကို သေချာမကုသနိုင်ခဲ့ရင် heat stroke အဆင့်စပါပြီ။ ခန္ဓာကိုယ်ဟာ အပူချိန်ကိုမထိန်းနိုင်တော့ပါဘူး။ အပူချိန်ဟာ အမြင့်ဆုံးထိထိုးတက်သွားနိုင်ပါတယ်။ သွေးခုန်နှုန်းမြန်လာပါပြီ။ အဲ့လူကို ကိုင်ကြည့်ရင် ပူပူနဲ့ခြောက်ခြောက်ကပ်ကပ်ကြီးပါ။ အပူချိန်ကိုထိန်းညှိပေးဖို့ ချွေးမထွက်နိုင်တော့ပါဘူး။ သတိလစ်တာ တက်တာ အထိဖြစ်ပါတယ်။ အသက်အန္တရာယ်ရှိပါပြီ။
Ambulance ခေါ်ပါတော့။ ကားမရောက်သေးခင်မှာ အရေးပေါ်အနေနဲ့ အရိပ်ရနေရာမှာထားပါ။ လူတွေမအုံပါစေနဲ့။လေဝင်လေထွက်ကောင်းပါစေ။ သတိရနေသေးရင် ရေနဲ့ဓါတ်ဆားတိုက်ပါ။ ရေပတ်တိုက်ပါ။ ချိုင်းကြားပေါင်ကြား ရေဝတ်ကပ်ပေးပါ။

1. အဝတ်အစားအထူကြီးတွေမဝတ်ကြပါနဲ့။
2. နေရိပ်ထဲမှာ အတတ်နိုင်ဆုံးနေပါ။
3. အပြင်ထွက်ရင် ဦးထုပ် ထီးဆောင်းပါ။
4. ရေနှင့်ဓါတ်ဆားဆောင်ထားပါ။


_____________________________________

♦♦ အာရုံကြောအားနည်းပြီး ခြေထောက်များ
မသယ်ချင်ဖြစ်ကာ လေးလံထိုင်းမှိုင်းနေပါက
ဆေးဝိဇ္ဇာ အာရုံကြောဆေးကို အစာစားပြီး ၅ပြား တနေ့၃ကြိမ် ရှောက်ရည် ဖြင့်သောက်ပေးပါ
တခါသောက်ရင် ရှောက်ရည်ကို ဟင်းစားဇွန်း၁ဇွန်း ကိုရေနွေးဖြင့်ရောပြီး ဆေး၅ပြားဖြင့်သောက်ပေးပါ👇👇👇

https://www.facebook.com/708204562623121/posts/3864292557014290/

https://t.me/saywazzartelegramchannel

------ အင်တာနက် ဆိုတာ ဘာကြီးလဲ ? -------အခုလို အင်တာနက်ဆိုတာ ဘာကြီးလဲလို့ မေးလိုက်မယ်ဆိုရင် အများစုရဲ့ အဖြေက ကမ္ဘာအပြင်ဘ...
26/04/2022

------ အင်တာနက် ဆိုတာ ဘာကြီးလဲ ? -------

အခုလို အင်တာနက်ဆိုတာ ဘာကြီးလဲလို့ မေးလိုက်မယ်ဆိုရင် အများစုရဲ့ အဖြေက ကမ္ဘာအပြင်ဘက်က ဂြိုလ်တုတွေ ကနေ ထုတ်လွှင့်ချိတ်ဆက်ပေးနေတဲ့ အရာလို့ပဲ ဖြေကြလိမ့်မယ်ထင်ပါတယ်။ အမှန်တကယ်မှာ အဲ့ဒီလိုချည်းပဲ မဟုတ်ပါဘူး .. ။

အဲ့ဒီတော့ . . . ဒီနေ့ခေတ်ကြီးထဲမှာ လူမှုဘဝထဲ သိသိသာသာကြီး ဝင်ရောက်ယှက်နွယ်နေတဲ့ အင်တာနက်ဆိုတဲ့ အရာဟာ ဘာကြီးများလဲ ? ဘယ်လို အလုပ်လုပ်တာလဲ ? ကျွန်တော်တို့ရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေ ကနေ ကြည့်နေတဲ့ ဗီဒီယိုတွေ၊ သီချင်းတွေဟာ ဘယ်လိုပေါ်လာတာလဲ၊ ဘယ်လိုပွင့်လာတာလဲ ?

ဒီအကြောင်းတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကြောင့် ဒီစာလေးဟာရှည်မှာ ဖြစ်ပေမယ့် အဆုံးထိအောင် ဖတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်တို့ဆီမှာ ဒီလိုမေးခွန်းမျိုးကို ခေါင်းရှုပ်ခံ စဉ်းစားကြဖို့ သိပ်မရှိသလို အမှတ်တမဲ့သာနေတက်ကြပါတယ်။ ဒါကြောင့် ရှင်းလင်းရေးသားသူလည်း သိပ်မရှိလှပါဘူး။

အဲ့ဒီလို မြန်မာလိုရေးသားဖော်ပြမှုနည်းပါးခြင်းက အခြားသောနိုင်ငံတွေမှာ ကလေးငယ်တွေတောင် သိထားကြတဲ့ အခြေခံ နည်းပညာဗဟုသုတတွေဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့အရာတွေဖြစ်လာပါတယ်။

အရှေ့မှာ ဖော်ပြခဲ့သလိုပဲ အင်တာနက်ဆိုတာဟာ Satellite လို့ခေါ်တဲ့ ဂြိုလ်တုတွေကနေ တစ်ဆင့် အချက် အလက်တွေကို လှိုင်းအဖြစ်တွေ ထုတ်လွှင့်ပြီး လက်ခံယူတယ်ဆိုတာဟာ မှန်သင့်သလောက် အနည်းငယ်သာ မှန်ပါတယ်။

အင်တာနက်ရဲ့ ရာဇဝင်ကိုတော့ ရှင်းပြရာမှာ အတော်လေးရှည်သွားမှာစိုးတဲ့အတွက် ၁၉၆၀ ဝန်းကျင်လောက်မှာ အမေရိကန်နိုင်ငံက Advanced Research Projects Agency (ARPA) ဆိုတဲ့အဖွဲ့အစည်းကို ဖွဲ့စည်းရာကနေ အစပျိုးတယ်လို့ပဲ အတိုချုံးပြောပါရစေ။ အဲ့ဒီအဖွဲ့အစည်းဟာ အဲ့ဒီအချိန်က တီထွင်အသုံးပြုနေကြပြီ ဖြစ်တဲ့ ကွန်ပျူတာတွေကို တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်အသုံးပြုဖို့ Network System ကို တီထွင်ဖန်တီးဖို့ ကြိုးစားရာကနေ အင်တာနက် ပေါ်ပေါက်လာဖို့ အကြောင်းဖန်လာတာပါ။ ဒါက အင်တာနက်ရဲ့ သမိုင်းကြောင်း အကျဉ်းဖြစ်ပြီး အဲ့ဒီကနေ အများကြီး ရှေ့ဆက်ရမယ့် ခရီးတွေ ကျန်ပါသေးတယ်။

သူ့ရဲ့ သမိုင်းကြောင်းအကျဉ်းကို အစပျိုးရတာဟာ အဓိကအကြောင်းအရာဖြစ်တဲ့ သူ့ရဲ့ အလုပ်လုပ်ပုံအကြောင်း ပြောချင်လို့ပါ။ အင်တာနက်ရဲ့အစက ကွန်ပျူတာတွေကို ချိတ်ဆက်အသုံးပြုဖို့ ရည်ရွယ်ပြီး စခဲ့ရာကနေ အချက်အလက်တွေကို တစ်နေရာတည်းမှာ သိမ်းဆည်းပြီး နေရာအနှံ့ကိုဖြန့်ဝေနိုင်ဖို့အထိ ရည်ရွယ်လာပါတယ်။

အဲ့ဒီအတွက် အချက်အလက်တွေသိမ်းဆည်းရာဗဟိုနေရာကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီနေရာတွေကို ကျွန်တော်တို့က Server လို့ ခေါ်ကြပါတယ်။ အဲ့ဒီဆာဗာတွေဟာ ကမ္ဘာမြေကြီးပေါ်မှာပဲရှိပြီး Solid state Device လို့ခေါ်တဲ့ SSD Hard Disk တွေထဲမှာ သိမ်းထားတာဖြစ်ပါတယ်။ အဲ့ဒီနေရာကနေ ကျွန်တော်လက်ထဲက ဖုန်း (ဒါမှမဟုတ်) ကွန်ပျူတာဆီကို အချက်အလက်တွေ ရောက်လာဖို့ နည်းလမ်းနှစ်မျိုးရှိပါတယ်။

ဆာဗာကနေ အချက်အလက်တွေကို အီလက်ထရိုလှိုင်းနဲ့ ဂြိုလ်တုတွေဆီပို့ပေး အဲ့ဒီဂြိုလ်တုတွေကနေ လက်ခံမယ့်နေရာကို ပြန်ထုတ်လွှင့်ပေးတာက တစ်နည်းပါ။ ဒါပေမယ့် အဲ့ဒါဟာ ဟိုရှေးရှေးတုန်းက နည်းလမ်းဖြစ်ခဲ့ပြီး အချိန်အတိုင်းအတာအရရော ရာသီဥတုအခြေအနေအရပါ သိပ်အဆင်မပြေလှပါဘူး။

အခုလက်ရှိမှာက ဆာဗာတွေကနေ ကမ္ဘာအနှံကို ကေဘယ်ကြိုးတွေသွယ်တန်းထားပြီး အဲ့ဒီကြိုးတွေကနေ အလင်းလှိုင်းနဲ့ အတူ အချက်အလက်တွေ ဖြတ်သန်းပေးပို့တာပါ။ အဲ့ဒီကနေမှ လက်ခံမယ့်စက်ပစ္စည်းနဲ့ အနီးဆုံးနေရာက တာဝါတိုင်တွေကနေ လှိုင်းပြန်ထုတ်လွင့်ပေးတာလည်းဖြစ်ပါတယ်။ ဒါမှမဟုတ် ကေဘယ်ကို တိုက်ရိုက်ချိတ်ဆက် အသုံးပြုတာမျိုးလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ကမ္ဘာအနှံ့ကြိုးတွေ ဘယ်လိုချိတ်လဲ မေးချင်စရာပါ။ ဒီအတိုင်း ဖိုင်ဘာကေဘယ် ကြိုးတွေကို မိုင်ထောင်ပေါင်းများစွာ သွယ်တန်းချိတ်ဆက်ခဲ့ကြပါတယ်။ ပင်လယ်တွေကို ဘယ်လိုဖြတ်ကျော်လဲ ဆိုရင်လည်း ရိုးရှင်းပါတယ်။ ပင်လယ်ကူးသင်္ဘောတွေနဲ့အတူ သယ်ဆောင်ချထားခဲ့ပြီး တစ်နိုင်ငံကနေ တစ်နိုင်ငံ ချိတ်ဆက်ထားကြတာဖြစ်ပါတယ်။

ဟုတ်ပါပြီ . . . အင်တာနက်ဆိုတာ အချက်တွေကို လှိုင်းအဖြစ်ကူးပြောင်းထုတ်လွှင့်တာဆိုတာကိုတော့ သိပါပြီ။
ဒါပေမယ့် အဲ့ဒီအချက်အလက်တွေကို ဘယ်လိုသိမ်းထားတာလဲ ? ဘယ်လိုဖြစ်ပြီး ဖုန်းထဲမှာ ဗီဒီယိုအဖြစ်နဲ့ မြင်ရတာပါလဲ ?

ဒီနေရာမှာ ဘိုင်နရီကုဒ် (Binary Code) လို့ခေါ်တဲ့ ကွန်ပျူတာအပါအဝင် ကျွန်တော်တို့သုံးနေတဲ့ ဖုန်းတွေရဲ့ မှတ်သားမှုအကြောင်းကို ရှင်းပြဖို့လိုအပ်ပါတယ်။ သင်မြင်နေရတဲ့ ဗီဒီယိုမျက်နှာပြင်ပေါ်က အလွန်သေးငယ်တဲ့ အစိမ်းရောင် အစက်အပြောက်ကလေး တစ်ခု ၊သို့မဟုတ် ကြားလိုက်ရတဲ့ အသံတစ်သံ၊ ဖတ်လိုက်ရတဲ့ စာတစ်လုံး စတာတွေကို သင့်ရဲ့ ဖုန်း/ကွန်ပျူတာက (01010001) (ဥပမာ) လို့ မှတ်ထားပါတယ်။ သင်ကြည့်နေတဲ့ ဗီဒီယိုကို ပြသဖို့ တစ်စက္ကန့်မှာ ကုဒ်ပေါင်းဘီလီယံလောက်ကို ဖော်ပြပေးနေတာဖြစ်ပါတယ်။

အဲ့ဒီတော့ ဆာဗာတွေထဲက Hard Disk တွေထဲမှာ မှတ်ထားတာတွေဟာလည်း အဲ့ဒီကုဒ်တွေပါပဲ။ အဲ့ဒီကုဒ်တွေကို သင့်ဆီကို ဖိုင်ဘာကေဘယ်တွေကနေ တစ်ဆင့်(သို့) တာဝါတိုင်ကနေတစ်ဆင့် ပေးပို့လိုက်တာဖြစ်ပြီး အဲ့ဒါတွေကို ဖုန်း/ကွန်ပျူတာကနေ အဓိပ္ပာယ်ဖော်ပေးလိုက်တာပါ။

ဒါဟာ အင်တာနက်ရဲ့ အလုပ်လုပ်ပုံအကြောင်းကို အခြေခံအားဖြင့် အလွယ်တစ်ကူမြင်သာနိုင်မယ့် ပုံစံမျိုးရှင်းပြပေးတာပါ။ တိကျတဲ့ အချက်အလက်ပေးပို့မှုတွေဖြစ်ဖို့၊ တိကျတဲ့ ပြန်လည်ဖော်ပြမှုတွေဖြစ်ဖို့ ကြားထဲက လိုအပ်တဲ့ နည်းပညာတွေ အကြောင်းကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

အင်တာနက်အကြောင်း လူငယ်တွေ ဒီထက်ပိုပြီး လေ့လာချင်တယ်ဆိုရင်လည်း Information and Technology (IT) သတင်းအချက်အလက်နဲ့ နည်းပညာအတွက် လေ့လာဆည်းပူးစရာ နေရာတွေအများအပြားရှိနေတာကြောင့် အလျှင်အမြန်လေ့လာသင်ယူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

. . . . . . . Youth Directory . . . . . . .

Address


Website

Alerts

Be the first to know and let us send you an email when We Love Minhla posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share