02/01/2024
✅အခြေခံလစာ ဘယ်လိုတွက်ရတာလဲ?
✅တစ်လ အခြေခံနာရီ ဆိုတာကရော ဘယ်လို ဖြစ်လာတာလဲ?
2024ခုနှစ် အခြေခံ နာရီကြေး 9,860 ဝမ်
တစ်ပတ် 40နာရီ အခြေခံလစာ 2,060,740 ဝမ်
တစ်ပတ် 44နာရီ အခြေခံလစာ 2,228,360 ဝမ်
⭕အခြေခံ နာရီကြေး 9,860 ဝမ် ရတာကို သိပါပြီ
⭕အခြေခံလစာတွေကိုကျတော့ ဘယ်လိုတွက်တာလဲ??
အခြေခံ လစာကို မတွက်ခင် တို့တွေ တစ်ပတ် တစ်ပတ်
လုပ်ရတဲ့ ✅အခြေခံ နာရီကို အရင် တွက်ရပါမယ်။
အခြေခံ နာရီဟာ တစ်ရက်အလုပ်ချိန် 8နာရီ x တစ်ပတ် 5ရက် အလုပ်တက်သူအတွက် (တစ်ပတ်မှာ အလုပ်ချိန် နာရီ 40 + တနင်္ဂနွေ တစ်ရက် 8နာရီ 주휴수당 = တစ်ပတ် အခြေခံ နာရီ 48နာရီ) ဖြစ်ပါတယ်။ ✅တစ်လ 209နာရီလို့ သတ်မှတ်ပါတယ်။
ဟုတ်ပြီ။ ဒါဆိုရင် 48နာရီထိ ရှင်းပြီ။
အဲသည် ✅တစ်လ 209နာရီက ဘယ်လို ရလာတာလဲ?
တစ်နှစ်မှာ ရက်ပေါင်း 365ရက် ရှိတယ်။ ရက်ထပ်နှစ်မှာ 366ရက် ရှိသော်လည်း တစ်နှစ်ကို ပျမ်းမျှ 365ရက်လို့ပဲ ထားပြီး တွက်ပါမယ်။ တစ်နှစ်ကို 365ရက်နဲ့ တွက်တဲ့အခါ 365ရက်ကို 7နဲ့စားလိုက်ရင် ⭕တစ်နှစ်မှာ 52.14ပတ် ရှိမယ်။
✅အခြေခံ နာရီဟာ (တစ်ပတ်မှာ အလုပ်ချိန် နာရီ 40 + တနင်္ဂနွေ တစ်ရက် 8နာရီ 주휴수당 = တစ်ပတ် အခြေခံ နာရီ 48နာရီ) ဖြစ်တယ်။ အဲဒါကို ⭕ 52.14ပတ်နဲ့ မြှောက်တဲ့အခါ 48 x 52.14 = ✅2,502.72နာရီ (တစ်နှစ်စာ) ရပါတယ်။
အဲသည် ✅တစ်နှစ်စာ 2,502.72နာရီ ကို တစ်နှစ်မှာ ✅12လ ရှိတဲ့အတွက် 12နဲ့ ပြန်စားလိုက်တဲ့အခါ တစ်လစာအတွက် ✅208.56 နာရီ ရပါတယ်။ နောက်က .56ကို တွက်ရ ခက်တဲ့အတွက် 0.5ကျော်လို့ ရှေ့ကို 1တိုးလိုက်ပါတယ်။ ဒါကြောင့် အဖြေ အခြေခံ နာရီအချိန်ဟာ ✅တစ်လစာ 209နာရီ ဖြစ်လာပါတယ်။
အဲသည် ✅အခြေခံနာရီ 209နာရီကို ⭕အခြေခံနာရီကြေး 9,860ဝမ် နဲ့ မြှောက်လိုက်တဲ့အခါ 209နာရီ*9860ဝမ်= ✅2,060,740ဝမ် (အခြေခံလစာ) ဖြစ်သွားတာ ဖြစ်ပါတယ်။
တကယ်လို့ မိမိက တစ်ပတ်ကို အလုပ်ချိန် 44နာရီ လုပ်ရသူဖြစ်ရင်
(တစ်ပတ်မှာ အလုပ်ချိန် နာရီ 44 + တနင်္ဂနွေ တစ်ရက် 8နာရီ 주휴수당 = ✅တစ်ပတ်အခြေခံနာရီ 52နာရီ) ဖြစ်တယ်။ အဲဒါကို ⭕52.14ပတ်နဲ့ မြှောက်တဲ့အခါ 52 x 52.14 = ✅2,711.28နာရီ (တစ်နှစ်စာ) ရပါတယ်။
အဲသည် ✅တစ်နှစ်စာ 2,711.28နာရီ ကို တစ်နှစ်မှာ ✅12လ ရှိတဲ့အတွက် 12နဲ့ ပြန်စားလိုက်တဲ့အခါ တစ်လစာအတွက် ✅225.94 နာရီ ရပါတယ်။ နောက်က .94ကို တွက်ရ ခက်တဲ့အတွက် 0.5ကျော်လို့ ရှေ့ကို 1တိုးလိုက်ပါတယ်။ ဒါကြောင့် အဖြေ တစ်ပတ် 44နာရီ လုပ်သူအတွက် အခြေခံ နာရီအချိန်ဟာ ✅တစ်လစာ 226နာရီ ဖြစ်ပါတယ်။
အဲသည် ✅အခြေခံနာရီ 226နာရီကို ⭕အခြေခံနာရီကြေး 9,860ဝမ် နဲ့ မြှောက်လိုက်တဲ့အခါ 226နာရီ*9860ဝမ်= ✅2,228,360ဝမ် (အခြေခံလစာ) ဖြစ်သွားတာ ဖြစ်ပါတယ်။
အချိန်ပိုတွေအတွက်ကိုတော့ အခြေခံ လစာ + မိမိ အပိုလုပ်ရတဲ့ အချိန်ပိုနာရီနဲ့ နေ့ဆိုင်းညဆိုင်းတွေအပေါ် မူတည်ပြီး ထပ်ပေါင်းထည့်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် 5ယောက် အောက် လုပ်ငန်းခွင်တွေအတွက်ကတော့ အချိန်ပိုလုပ်လည်း အချိန်ပိုကြေး၊ ညဆိုင်းကြေးရယ်လို့ မရှိဘဲ အခြေခံနာရီကြေးနဲ့ပဲ ရမှာ ဖြစ်ပါတယ်။
အချိန်ပို တွက်နည်းအတွက် နောက် ပို့စ်မှာ ဖတ်ပါ။
👇
မအိသက်
ရွှေညာမြေ
Credit