Regional News Namtu

  • Home
  • Regional News Namtu

Regional News Namtu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Regional News Namtu, Media/News Company, .

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗွီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရ...
12/08/2023

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗွီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

08/08/2023

ဩဂုတ်လ (၂၀)ရက် တနင်္ဂနွေနေ့နှင့်
ဩဂုတ်လ (၂၅)ရက်နေ့ သောကြာနေ့တို့တွင်
ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်များတွင်
နံနက် (၆)နာရီမှ ညနေ (၇)နာရီအချိန်ထိ
လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း
အသိပေးပန်ကြား အပ်ပါသည်။

ရွှေစာရံပင်မဓာတ်အားခွဲရုံအဝင်တွင် 230 kv Switch bay များ ပြောင်းရွှေ့တပ်ဆင်ခြင်းနှင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း
အဝင်/အထွက်များ Diversion လိုင်း
တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်
၂၃၀ ကေဗွီ မန်စံ-ရွှေစာရံဓာတ်အားလိုင်းနှင့်
၂၃၀ ကေဗွီ ရွှေစာရံ-ဘဲလင်းဓာတ်အားလိုင်းအား
ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်မည် ဖြစ်သောကြောင့် ဓာတ်အားပြတ်တောက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး Booster Does များထိုးနှံပေးမည်ကာကွယ်ဆေးနှစ်ကြိမ်...
22/05/2022

အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများကို
ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး
Booster Does များထိုးနှံပေးမည်

ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတာ (၆)လပြည့်ပြီးတဲ့
အသက် (၁၈)နှစ်နှင့်အထက် ပြည်သူတွေကို
တတိယအကြိမ်အဖြစ် အပိုဆောင်းကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါတယ်

နေရာ၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ
နေ့ရက်၊ မေလ (၂၃)ရက်‌ နေ့မှ (၂၇)ရက်နေ့အထိ
အချိန်၊ နံနက် (၉)နာရီမှ စတင်၍

မှတ်ချက်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးလက်မှတ်နှင့်
နိုင်ငံသာစိစစ်ရေးကတ်ပြား မပျက်မကွက် ယူလာရန်
အသိပေးပန်ကြားအပ်ပါတယ်ဗျ။

Source, မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ

အသက် (၈၅)နှစ်နဲ့အထက် သက်ကြီးဘိုးဘွား ၁၁၈ဦးအတွက် တစ်ဦးကို ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းနဲ့ငွေကျပ် သိန်း (၃၀)ကျော် ထောက်ပံ့ပေး...
19/05/2022

အသက် (၈၅)နှစ်နဲ့အထက် သက်ကြီးဘိုးဘွား ၁၁၈ဦးအတွက်
တစ်ဦးကို ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းနဲ့
ငွေကျပ် သိန်း (၃၀)ကျော် ထောက်ပံ့ပေးအပ်

နမ္မတူ မေ-၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်
ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) သုံးလအတွက် တစ်လလျှင် ငွေကျပ် (၁၀၀၀၀)နှုန်း၊ သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)ကျပ်၊ စုစုပေါင်း သက်ကြီးဘိုးဘွား ၁၁၈ ဦးအတွက်၊
စုစုပေါင်း ငွေကျပ် (၃၅၄၀၀၀၀)ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ဖို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ စာရေးများ လက်ဝယ်သို့ပေးအပ်တာကို ယနေ့ နေ့လည် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လူမော် (နမတ)

အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး (Booster Does)များ ထိုးနှံပေးမည်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတာ (၆)လ...
17/05/2022

အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး (Booster Does)များ ထိုးနှံပေးမည်

ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတာ (၆)လပြည့်ပြီးတဲ့
အသက် (၁၈)နှစ်နှင့်အထက် ပြည်သူတွေကို
တတိယအကြိမ်အဖြစ် အပိုဆောင်းကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါတယ်

နေရာ၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ
နေ့ရက်၊ မေလ (၁၈)ရက်‌ နေ့မှ (၂၀)ရက်နေ့အထိ
အချိန်၊ နံနက် (၉)နာရီမှ စတင်၍

မှတ်ချက်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးလက်မှတ်နှင့်
နိုင်ငံသာစိစစ်ရေးကတ်ပြား မပျက်မကွက် ယူလာရန်
အသိပေးပန်ကြားအပ်ပါတယ်ဗျ။

Source, မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ

ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတာ (၆)လပြည့်ပြီးတဲ့အသက် (၄၀)နှစ်နှင့်အထက် မိဘပြည်သူတွေကို တတိယအကြိမ်အဖြစ် အပိုဆောင်းကိုဗစ်ကာ...
16/05/2022

ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတာ (၆)လပြည့်ပြီးတဲ့
အသက် (၄၀)နှစ်နှင့်အထက် မိဘပြည်သူတွေကို
တတိယအကြိမ်အဖြစ် အပိုဆောင်းကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါတယ်

နေရာ၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ
နေ့ရက်၊ မေလ (၁၇)ရက်‌ နေ့မှ (၂၀)ရက်နေ့အထိ
အချိန်၊ နံနက် (၉)နာရီမှ စတင်၍

မှတ်ချက်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးလက်မှတ်နှင့်
နိုင်ငံသာစိစစ်ရေးကတ်ပြား မပျက်မကွက် ယူလာရန်
အသိပေးပန်ကြားအပ်ပါတယ်ဗျ။

Source, မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ

ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတာ (၆)လပြည့်ပြီးတဲ့အသက် (၄၀)နှစ်နှင့်အထက် မိဘပြည်သူတွေကို တတိယအကြိမ်အဖြစ် အပိုဆောင်းကိုဗစ်ကာ...
11/05/2022

ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတာ (၆)လပြည့်ပြီးတဲ့
အသက် (၄၀)နှစ်နှင့်အထက် မိဘပြည်သူတွေကို
တတိယအကြိမ်အဖြစ် အပိုဆောင်းကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါတယ်

နေရာ၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ
နေ့ရက်၊ မေလ (၁၂)ရက် ကြာသာပတေးနေ့
အချိန်၊ နံနက် (၉)နာရီမှ စတင်၍

မှတ်ချက်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးလက်မှတ်နှင့်
နိုင်ငံသာစိစစ်ရေးကတ်ပြား မပျက်မကွက် ယူလာရန်
အသိပေးပန်ကြားအပ်ပါတယ်ဗျ။

Source, မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ

ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတာ (၆)လပြည့်ပြီးတဲ့အသက် (၄၀)နှစ်နှင့်အထက် မိဘပြည်သူတွေကို တတိယအကြိမ်အဖြစ် အပိုဆောင်းကိုဗစ်ကာ...
01/05/2022

ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတာ (၆)လပြည့်ပြီးတဲ့
အသက် (၄၀)နှစ်နှင့်အထက် မိဘပြည်သူတွေကို
တတိယအကြိမ်အဖြစ် အပိုဆောင်းကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါတယ်

နေရာ၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ
နေ့ရက်၊ မေလ (၃)ရက် အင်္ဂါနေ့နှင့်
မေလ (၅)ရက် ကြာသာပတေးနေ့
အချိန်၊ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ

မှတ်ချက်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးလက်မှတ်နှင့်
နိုင်ငံသာစိစစ်ရေးကတ်ပြား မပျက်မကွက် ယူလာရန်
အသိပေးပန်ကြားအပ်ပါတယ်ဗျ။

နမ္မတူမြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၇)လုံးအတွက် အိမ်ဆော...
28/04/2022

နမ္မတူမြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

နမ္မတူ ဧပြီ-၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်တို့က ဧပြီလ (၆)ရက်နေ့နှင့် (၁၇)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နမ့်ကပ်၊ ပန်ကော်ကျေးရွာနှင့် ပန်ဟိုက်ရပ်ကွက် (၈)တို့ရှိ လူနေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၃၀၀၀၀)ကျပ်နှင့် လူဦးရေ (၃၉)ဦးတို့အတွက် ရက်သတ္တတစ်ပတ်စာ ဆန်ဖိုးရိက္ခာငွေ (၈၁၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၁၁၉၀၀)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရှိရပါသည်။

ပထမအကြိမ် Covishield၊ ဒုတိယအကြိမ် Sinopharm, CoviShield ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်9-11-21မှ 2/2022အထိ ပထမအကြိမ် S...
21/03/2022

ပထမအကြိမ် Covishield၊ ဒုတိယအကြိမ် Sinopharm, CoviShield ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်

9-11-21မှ 2/2022အထိ ပထမအကြိမ် Sinopharn, Covishieldအမျိုးအစာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသည့်
ပြည်သူများအားလည်းကောင်း၊
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်ကာကွယ်ဆေးထိုးရန်
ကျန်ရှိသည့် ပြည်သူများအား Covishield အမျိုးအစား ကာကွယ်ဆေးအားလည်းကောင်း
မတ်လ (22)ရက်နေ့နှင့် (24)ရက်နေ့တို့တွင် ပန်ဟိုက်ရပ်ကွက်ရှိ
မြို့တော်ခန်းမ၌ ဒုတိယအကြိမ်နှင့် ပထမအကြိမ်
ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ဒုအကြိမ်ကာကွယ်ဆေးထိုးရန်အတွက်
ပထမအကြိမ်ကာကွယ်‌ ဆေးထိုးကတ်ပြားယူလာရန်

ပထမအကြိမ်၊ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်9-11-21မှ 2/2022အထိ ပထမအကြိမ် Sinopharn, Covishieldအမျိုးအစာ ကို...
14/03/2022

ပထမအကြိမ်၊ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်

9-11-21မှ 2/2022အထိ ပထမအကြိမ် Sinopharn, Covishieldအမျိုးအစာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသည့်
ပြည်သူများအားလည်းကောင်း၊
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်ကာကွယ်ဆေးထိုးရန်
ကျန်ရှိသည့် ပြည်သူများအားလည်းကောင်း
မတ်လ (၁၅)ရက်နေ့နှင့် (၁၇)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ
မြို့တော်ခန်းမ၌ ဒုတိယအကြိမ်နှင့် ပထမအကြိမ်
ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ဒုအကြိမ်ကာကွယ်ဆေးထိုးရန်အတွက်
ပထမအကြိမ်ကာကွယ်‌ ဆေးထိုးကတ်ပြားယူလာရန်

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား...
11/03/2022

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
နမ္မတူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ
၂၀၂၁-၂၀၂၂ (၆)လဘတ်ဂျက် ပထမ (၃)လပတ်
အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (၃)လအတွက်

ကိုယ်ဝန် ၂လရှိတဲ့သူ တစ်ဦးလျှင် ၁၅၀၀၀နှုန်း
ကိုယ်ဝန် ၃လရှိတဲ့သူ တစ်ဦးလျှင် ၃၀၀၀၀နှုန်း
ကိုယ်ဝန်၄လနှင့်အထက်ရှိတဲ့သူ တစ်ဦးလျှင် ၄၅၀၀၀နှုန်း နှင့်
အသက်(၂)နှစ်အောက်ကလေးများ တစ်ဦးလျှင် ၄၅၀၀၀နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်လျက်ရှိပါတယ်။

ထောက်ပံ့ပေးအပ်တဲ့ ရပ်ကွက်/ကျေးရွာအုပ်စုစာရင်းကတော့

ဘော်တွင်း‌‌ကျေးရွာအုပ်စု ကိုယ်ဝန်/ကလေး - ၄၃ဦး
ချောင်းဆာကျေးရွာအုပ်စု ။ ။ - ၃၆ဦး
ဟင်ပုတ်ကျေးရွာအုပ်စု ။ ။ - ၂၀ဦး
ခိုမိုကျေးရွာအုပ်စု ။ ။ - ၄၁ဦး
ဖာဆွမ်ကျေးရွာအုပ်စု ။ ။ - ၇ဦး
ဆိုက်ခေါင်ကျေးရွာအုပ်စု ။ ။ - ၃၅ဦး
ဟူးဆာကျေးရွာအုပ်စု ။ ။ - ၃၃ဦး
ကြူဆော့ကျေးရွာအုပ်စု ။ ။ - ၄၂ဦး
နမ့်မျှော်ကျေးရွာအုပ်စု ။ ။ - ၂၅ဦး
လွယ်ပြေးကျေးရွာအုပ်စု ။ ။ - ၁၀ဦး
မန်ဆာလုံကျေးရွာအုပ်စု ။ ။ - ၄၉ဦး
မန်စံ ကျေးရွာအုပ်စု ။ ။ - ၉၄ဦး
မိုင်းမုကျေးရွာအုပ်စု ။ ။ - ၄၃ဦး
မိုင်းတက်ကျေးရွာအုပ်စု ။ ။ - ၃၂ဦး
မိုင်းရင်းကျေးရွာအုပ်စု ။ ။ - ၅၄ဦး
နမ့်တောင်ကုန်းကျေးရွာအုပ်စု ။ ။ - ၃၆ဦး
နမ္မတူရပ်ကွက် (၇)ခု။ ။ ။ - ၈၁ဦး
ပန်ဟိုက်ရပ်ကွက် (၁၀)ခု ။ ။ - ၉၈ဦး
နားဆိုင်းကျေးရွာအုပ်စု ။ ။ - ၅၀ဦး
ပန်ချင်ကျေးရွာအုပ်စု ။ ။ - ၄၃ဦး
ပန်ဆော့ကျေးရွာအုပ်စု ။ ။ - ၁၅ဦး
ပန်လုံကျေးရွာအုပ်စု ။ ။ - ၈၇ဦး
ဝိန်းနန်ကျေးရွာအုပ်စု ။ ။ - ၂၃ဦး

စုစုပေါင်း ။ ။ = ၉၉၇ဦးကို
စုစုပေါင်းထောက်ပံ့ငွေကျပ် = ၄၃၉၈၀၀၀၀ကျပ်အား
လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး မတ်လ (၁၀)ရက်နေ့ကရပ်ကွက်/ကျေးရွာအုပ်စု စာရေးများမှတဆင့် ထောက်ပံ့ပေးအပ် ထားတာဖြစ်ပါတယ်။

ပထမအကြိမ်၊ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်9-11-21မှ 3-1-22ရက်နေ့ထိ ပထမအကြိမ်ထိုးနှံခဲ့သည့် ပြည်သူများအားလည...
09/03/2022

ပထမအကြိမ်၊ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်

9-11-21မှ 3-1-22ရက်နေ့ထိ ပထမအကြိမ်ထိုးနှံခဲ့သည့်
ပြည်သူများအားလည်းကောင်း၊
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်ကာကွယ်ဆေးထိုးရန်
ကျန်ရှိသည့် ပြည်သူများအားလည်းကောင်း
မတ်လ (၁၀)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ
မြို့တော်ခန်းမ၌ ဒုတိယအကြိမ်နှင့် ပထမအကြိမ်
ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ဒုအကြိမ်ကာကွယ်ဆေးထိုးရန်အတွက်
ပထမအကြိမ်ကာကွယ်‌ ဆေးထိုးကတ်ပြားယူလာရန်

ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို မတ်လ (၈)ရက်နေ့ အ...
07/03/2022

ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်

ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်
ကျန်ရှိသည့် ပြည်သူများကို
မတ်လ (၈)ရက်နေ့ အင်္ဂါနေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ
မြို့တော်ခန်းမ၌ ပထမအကြိမ် Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် ထိုးလို့မရကြောင်း သိရပါတယ်။

ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်9-11-21မှ 3-1-22ရက်နေ့ထိ ပထမအကြိမ်ထိုးနှံခဲ့သည့် ပြည်သူများကို မတ်လ (၄)ရက်န...
03/03/2022

ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်

9-11-21မှ 3-1-22ရက်နေ့ထိ ပထမအကြိမ်ထိုးနှံခဲ့သည့်
ပြည်သူများကို
မတ်လ (၄)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် ပန်ဟိုက်ရပ်ကွက်ရှိ
မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ဒုအကြိမ်ကာကွယ်ဆေးထိုးရန်အတွက်
ပထမအကြိမ်ကာကွယ်‌ ဆေးထိုးကတ်ပြားယူလာရန်

ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်9-11-21မှ 3-1-22ရက်နေ့ထိ ပထမအကြိမ်ထိုးနှံခဲ့သည့် ပြည်သူများကို ဖေဖော်ဝါရီလ ...
22/02/2022

ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်

9-11-21မှ 3-1-22ရက်နေ့ထိ ပထမအကြိမ်ထိုးနှံခဲ့သည့်
ပြည်သူများကို
ဖေဖော်ဝါရီလ (၂၃၊၂၄၊၂၅)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ
မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ဒုအကြိမ်ကာကွယ်ဆေးထိုးရန်အတွက်
ပထမအကြိမ်ကာကွယ်‌ ဆေးထိုးကတ်ပြားယူလာရန်

နမ္မတူတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှုဖြစ်ပွားနမ္မတူ  ဖေဖော်ဝါရီ-၁၄ ရှမ်းပြည်နယ် (မြောက်ပိ...
14/02/2022

နမ္မတူတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှုဖြစ်ပွား

နမ္မတူ ဖေဖော်ဝါရီ-၁၄


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက် (၁)ရှိ ညောင်ပင်လိုင်း၌ ယမန်နေ့ ည (၁၁)နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ည (၁၁)နာရီခွဲအချိန်ခန့်တွင် နမ္မတူမြို့နယ် နမ္မတူရပ်ကွက် (၁) ညောင်ပင်လိုင်းတွင် လူတစ်ဦးဓားကိုင် သောင်းကျန်းနေကြောင်း သတင်းအရ ဒုရဲအုပ်သက်ဇင်ဦး အပါအဝင် တပ်ဖွဲ့ဝင် (၂)ဦး၊ သက်သေ (၂)ဦးတို့ ပူးပေါင်း၍ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ နမ္မတူရပ်ကွက် (၁)၊ ညောင်ပင်လိုင်းရှိ မီးရထားသံလမ်းအနီးတွင် ဦးဝင်းအေး (ကိုယ်ရေးစိစစ်ဆဲ) အား ဝဲမျက်ခုံးအထက် (၂)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဦးခေါင်းထိပ် (၃)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဦးခေါင်းထိပ် (၁)လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဦးခေါင်း ယာချိုစောင်း (၄)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာဖက်နားရွက်အစပ် (၁)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဖက်ချိုစောင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဖက်နားရွက်အစပ် (၁)လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲဖက် လက်သန်း၊ လက်သူကြွယ် ပြတ်ထွက်ဒဏ်ရာ၊ ဝဲဖက် လက်ခလယ်ကြား (၂)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာဖက်ပါး (၁)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် အခင်းဖြစ် နေရာတွင် လဲကျသေဆုံးနေကြောင်း တွေ့ရှိရကြောင်း သိရသည်။

အခင်းဖြစ်နေရာမှ ဆက်လက်၍ စစ်ဆေးကြည့်ရှုခဲ့ရာ နမ္မတူရပ်ကွက်၊ နယ်မြေ (၁)၊ ညောင်ပင်လိုင်းရှိ၊ နေအိမ်လိုင်းခန်းများအနီးတွင် ဦးဝင်းအေး၏ဇနီးဖြစ်သူ ဒေါ်ရီဝင်း (ကိုယ်ရေး စိစစ်ဆဲ)အား ဝဲမျက်လုံးပေါက်ထွက် (၂)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာပါးပြင် (၁)လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာလက်ကောက်ဝတ် (၃)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ မြင့်ခိုင် (ခ)ဖိုးလုံး၊ (၂၆)နှစ်၊ (ဘ) ဦးမောင်ခင်အား ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိနိုင်ရေး ဆောင်ရွက်ရာ ပြစ်မှုကျူးလွန်သူ ဖိုးလုံးမှာ အသာတကြည် အဖမ်းမခံဘဲ ကိုင်ဆောင်ထားသည့် ဓားဖြင့်ပြန်လည်ခုခံသဖြင့် ဒုရဲအုပ်သက်ဇင်မှ ကိုင်ဆောင် ထားသည့် (၃၈)ဗို့ ခြောက်လုံးပြူး Webley ဖြင့် (၅)ချက်ခန့် ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး လုံးထွေးဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ မြင့်ခိုင်ဖိုးလုံးအား ၎င်းကိုင်ဆောင်သော သက်သေခံ ဓါးနှင့်အတူ ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဦးဝင်းအေးနှင့် ဇနီးဖြစ်သူ ဒေါ်ရီဝင်းတို့အား အသက်သေဆုံးအောင် ဓားဖြင့်ခုတ်သတ်သည့် ပြစ်မှုကျူးလွန်သူ မြင့်ခိုင် (ခ)ဖိုးလုံးအား ဥပဒေအရ အရေးယူနိုင်ရေး (ပ)၁၂/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

နမ္မတူတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပပြုလုပ်နမ္မတူ                       ဖေ...
11/02/2022

နမ္မတူတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပပြုလုပ်

နမ္မတူ ဖေဖော်ဝါရီ-၁၂

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ယနေ့တွင်ကျရာက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက် (၅)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင် ဦးဆောင်သော ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား လွှင့်တင်ကာ နိုင်ငံတော်အလံအား အလေးပြုခြင်း ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား စုပေါင်းအလေးပြု ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယနေ့ 10.2.2022 ကြာသာပတေးနေ့တွင် ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်နမ္မတူမြို့နယ် ရပ်ကွက်...
09/02/2022

ယနေ့ 10.2.2022 ကြာသာပတေးနေ့တွင်
ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်

နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး
ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများကို ၁၀-၂-၂၀၂၂ ကြာသာပတေးနေ့
နံနက် (၉)နာရီအချိန်မှ ညနေ (၃)နာရီအချိန်ထိ
နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးမကာ်မတီမှ
သိရပါတယ်။

3.2.2022 ကြာသာပတေးနေ့တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရ...
02/02/2022

3.2.2022 ကြာသာပတေးနေ့တွင်
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်

နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး
ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများကို
၃-၂-၂၀၂၂ ကြာသာပတေးနေ့
နံနက် (၉)နာရီအချိန်မှ ညနေ (၃)နာရီအချိန်ထိ
နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးမကာ်မတီမှ
သိရပါတယ်။

CoviShield အမျိုးအစားဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်များ ထိုးလို့မရကြောင်း သိရပါတယ်။

27.1.2022 ကြာသာပတေးနေ့တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း...
26/01/2022

27.1.2022 ကြာသာပတေးနေ့တွင်
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်

နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး
ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများကို
၂၇-၁-၂၀၂၂ ကြာသာပတေးနေ့
နံနက် (၉)နာရီအချိန်မှ ညနေ (၃)နာရီအချိန်ထိ
နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးမကာ်မတီမှ
သိရပါတယ်။

CoviShield အမျိုးအစားဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်များ ထိုးလို့မရကြောင်း သိရပါတယ်။

23/01/2022
ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်မနက်ဖြန် ၂၀-၁-၂၀၂၂ရက်နေ့ ကြာသာပတေးနေ့တွင်  “ပထမ"အ...
19/01/2022

ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်

မနက်ဖြန် ၂၀-၁-၂၀၂၂ရက်နေ့ ကြာသာပတေးနေ့တွင် “ပထမ"အကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမယ်လို့ သိရပါတယ်။

COVID Shield ကာကွယ်ဆေးအမျိုးအစားဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်များ ထိုးလို့မရကြောင်း သိရပါတယ်။

နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး
ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများကို ၂၀-၁-၂၀၂၂ ကြာသာပတေးနေ့
နံနက် (၉)နာရီအချိန်မှ နေ့လည် (၃)နာရီအချိန်ထိ
နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမယ်လို့
မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးမကာ်မတီမှ
သိရပါတယ်။

ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်တဘက်ခါ ၁၈-၁-၂၀၂၂ရက်နေ့ အင်င်္ဂါနေ့တွင်  “ပထမ"အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှ...
16/01/2022

ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်

တဘက်ခါ ၁၈-၁-၂၀၂၂ရက်နေ့ အင်င်္ဂါနေ့တွင် “ပထမ"အကြိမ်
ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမယ်လို့ သိရပါတယ်။

COVID Shield အမျိုးအစားဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်များ ထိုးလို့မရကြောင်း သိရပါတယ်။

နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး
ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများကို

၁၈-၁-၂၀၂၂ အင်္ဂါနေ့
နံနက် (၉)နာရီအချိန်မှ နေ့လည် (၃)နာရီအချိန်ထိ
နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမယ်လို့
မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးမကာ်မတီမှ
သိရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ‌ငွေပေးအပ်နိုင်ရေး ဇန်နဝါရီလ (၂၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းကောက်ယူမည်ဖြစ်လူမှုဝန်ထမ်းက...
13/01/2022

ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ‌ငွေပေးအပ်နိုင်ရေး
ဇန်နဝါရီလ (၂၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းကောက်ယူမည်ဖြစ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
လူမှုဝန်ထမ်းဦးစီးဌာန
နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ
၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ၊ ၂၀၂၂ခုနှစ်၊ မတ်လအထိ
(၆)လဘတ်ဂျက်အတွက်
ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့‌ငွေ ပေးအပ်နိုင်ဖို့အတွက်
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများမှတဆင့် ဇန်နဝါရီလ ၂၅ရက်နေ့ နောက်ဆုံးထားပြီး
စာရင်းကောက်ယူသွားမယ်လို့ သိရပါတယ်။

အဲ့ဒီလို စာရင်းကောက်ယူသွားမှာ ဖြစ်တဲ့အတွက်
နမ္မတူမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများနေထိုင်ကြတဲ့ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်
************************************************
မိခင်နှင့်ကလေးကျန်းမာရေးမှတ်တမ်းစာအုပ် မဖြစ်မနေပြုလုပ်ထား
************************************************
ရန်လိုအပ်ပါတယ်။
**************

မိခင်နှင့်ကလေးကျန်းမာရေးမှတ်တမ်းစာအုပ် ရှိမှသာ
ကိုယ်ဝန်ဆောင်မိခင်ထောက်ပံ့ငွေရရှိဖို့ စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရပါတယ်။

13/01/2022

၂၀၂၁မှ ယခုချိန်ထိ မှုခင်းဖြစ်ပွားမှု၊ တာဝန်ရှိသူတွေ မှုခင်းလျှော့ချရေး ဆောင်ရွက်မှုနှင့် ပြည်သူ့အသံ

ဇန်နဝါရီလ ၁၀ရက် တနင်္လာနေ့ ယနေ့တွင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပါတယ်နိုဝင်ဘာလမှ ဒီဇင်ဘာလ (၆)ရက်နေ့အ...
10/01/2022

ဇန်နဝါရီလ ၁၀ရက် တနင်္လာနေ့ ယနေ့တွင်
ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပါတယ်

နိုဝင်ဘာလမှ ဒီဇင်ဘာလ (၆)ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား
ယနေ့နံနက် နံနက် (၉)နာရီအချိန်မှ
နေ့လည် (၃)နာရီအချိန်ထိ
နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌
ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးမကာ်မတီမှ
သိရပါတယ်။

ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးမည်မနက်ဖြန် ၆-၁-၂၀၂၂ရက်နေ့ ကြာသာပတေးနေ့  “ဒု"ကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးရှိပါတယ်န...
05/01/2022

ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးမည်

မနက်ဖြန် ၆-၁-၂၀၂၂ရက်နေ့ ကြာသာပတေးနေ့ “ဒု"ကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးရှိပါတယ်

နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး
ထိုးနှံထားသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား

နိုဝင်ဘာလ ၁၃၊ ၁၇၊ ၁၉၊၂၀ ရက်‌နေ့တွင် ပထမအကြိမ်ကာကွယ်ဆေးထိုးထားသူများအား ၆-၁-၂၀၂၂/ကြာသာပတေး‌နေ့တွင်လည်းကောင်း၊

နိုဝင်ဘာလ ၂၁၊ ၂၂၊ ရက်‌နေ့တွင် ပထမအကြိမ်ကာကွယ်ဆေးထိုးထားသူများအား ၇-၁-၂၀၂၂/သောကြာ နေ့တွင်လည်းကောင်း၊

နိုဝင်ဘာလ ၂၅၊ ၂၆ရက်‌နေ့ ပထမအကြိမ်ကာကွယ်ဆေးထိုးထားသူများအား ၈-၁-၂၀၂၂/ စနေနေ့တွင်လည်းကောင်း

သတ်မှတ်ရက်များတွင် နံနက် (၉)နာရီအချိန်မှ
နေ့လည် (၃)နာရီအချိန်ထိ
နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌
ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးမကာ်မတီမှ
သိရပါတယ်။

အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်မည်နမ္မတူမြို့နယ် လူမှုဝန်ထမ...
28/12/2021

အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား
လူမှုရေးပင်စင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်မည်

နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုပါ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၁၃၀)ဦးအတွက် ငွေကျပ် (၃၉)သိန်းကျပ်အား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများမှတဆင့် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ထောက်ပံ့ပေးအပ်မည့်စာရင်းအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိ‌စေရေး ဖော်ပြအပ်ပါတယ်။

နမ္မတူမြို့နယ်တွင် ခရီးသွားမည့်တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ       အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သေ...
23/12/2021

နမ္မတူမြို့နယ်တွင် ခရီးသွားမည့်တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း အခမဲ့စစ်ဆေးပေးမည်ဖြစ်

နမ္မတူ ဒီဇင်ဘာဘာ-၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း အမြို့မြို့အနယ်နယ်သို့ ခရီးသွားလာမည့်တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်မှ အခြားမြို့နယ်အသီးသီးသို့ ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများမှ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူများ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် ကားဒရိုင်ဘာများနှင့် အခြားမြို့နယ်များသို့ ခရီးသွားမည့်ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ အခြားမြို့နယ်များမှ နမ္မတူမြို့နယ်သို့ လာရောက်သည့် တိုင်းရင်းသားပြည်သူများအား RDT Test Kit ဖြင့် ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးပြီး (၃)ရက် အတွင်း ကိုဗစ်ပိုးကင်းရှင်းကြောင်း လက်မှတ်ပါမှသာ ခရီးသွားလာခွင့်နှင့် မြို့နယ်အတွင်းဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

ထို့အပြင် အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့တွင် နံနက် (၉)နာရီမှ နံနက် (၁၀)နာရီအချိန်အတွင်း နမ္မတူမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် RDT Test Kit ဖြင့် ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးပြီး (၃)ရက်အတွင်း ကိုဗစ်ပိုးကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းသို့ ဝင်ရောက်မည့် ခရီးသွားတိုင်းရင်းသား ပြည်သူများအား မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် (၃)ရက် အတွင်း ကိုဗစ်ပိုး ကင်းရှင်းကြောင်း လက်မှတ်ပါ/မပါစစ်ဆေးပြီး လက်မှတ်မပါလျှင် RDT Test Kit ဖြင့် ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးကာ လိုအပ်သည့်ကျန်းမာရေးသုံးပစ္စည်းများ ဝယ်ယူရန်အတွက် စစ်ဆေးခပေးဆောင်ရမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (နမတ)

ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအားလည်း ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးမည်ဖြစ်နမ္မတူမြို့နယ် ရပ်ကွက်/က...
23/12/2021

ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအားလည်း ပထမအကြိမ်
ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးမည်ဖြစ်

နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး
ထိုးနှံရန်ကျန်ရှိသည့် တိုင်းရင်းသားပြည်သူများ၊
ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို
အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့တိုင်း
နံနက် (၉)နာရီအချိန်မှနေ့လည် (၃)နာရီအချိန်ထိ
နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးမကာ်မတီမှ
သိရပါတယ်။

ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အကြောင်းအမျိုးမျိုးကြော...
21/12/2021

ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများထပ်မံထိုးနှံပေးမည်

နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး
ထိုးနှံရန်ကျန်ရှိသည့် တိုင်းရင်းသားပြည်သူများကို
အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့တိုင်း
နံနက် (၉)နာရီအချိန်မှနေ့လည် (၃)နာရီအချိန်ထိ
နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ
ထိုးနှံပေးမည်ဖြစ်ကြောင်း
မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးမကာ်မတီမှ
သိရပါတယ်။

ဒီဇင်ဘာလ (၁၈)ရက်၊ စနေနေ့မှစ၍ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ...
16/12/2021

ဒီဇင်ဘာလ (၁၈)ရက်၊ စနေနေ့မှစ၍ပထမအကြိမ်
ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်

နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် တိုင်းရင်းသားပြည်သူများအား ဒီဇင်ဘာလ ၁၈ရက်နံနက်ပိုင်းမှစတင်ကာ နမ္မတူမြို့နယ်၊
ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပထမအကြိမ်
ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း
အသိပေး ပန်ကြားအပ်ပါတယ်ဗျ

ဒီဇင်ဘာလ (၁၆)ရက်၊ ကြာသာပတေးနေ့တွင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ...
14/12/2021

ဒီဇင်ဘာလ (၁၆)ရက်၊ ကြာသာပတေးနေ့တွင် ဒုတိယအကြိမ်
ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်

နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် တိုင်းရင်းသားပြည်သူ (၃၈၀)ဦးအား

ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နမ္မတူမြို့နယ်၊
ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဒုတိယအကြိမ်
ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း
အသိပေး ပန်ကြားအပ်ပါတယ်ဗျ

13/12/2021
နမ္မတူမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများ၊ တ...
07/12/2021

နမ္မတူမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၊ မြို့မဈေး၊ ယာယီပျံကျဈေးတို့တွင် ဈေးရောင်းချလျက်ရှိသည့် ဈေးရောင်းသူများ၊ မြို့နယ်အတွင်းရှိ ဈေးဆိုင်ခန်းဖွင့်လှစ်ရောင်းချသူများနှင့်
၎င်းတို့၏ မိသားစုဝင်များအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး အများပြည်သူသိရှိစေရန် အသိ‌ပေးပန်ကြားခြင်း

ရပ်ကွက်/ကျေးရွာအလိုက်
ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ပေးမည့်နေရက်များ


နေရာ - အခြေခံပညာအထက်တန်းကျောင်း (မန်စံ)
နေ့ရက် - ဒီဇင်ဘာလ (၈)ရက်၊ နံနက် (၉)နာရီမှ နေ့လည် (၃)နာရီထိ
မန်စံ၊ ပန်လုံ၊ ချောင်းဆာ၊ မိုင်းမု၊ လွယ်ပြေး၊ ပန်ဆော့၊
နမ့်မျှော်၊ နားဆိုင်း၊ ပန်ချင် စသည့်ကျေးရွာအုပ်စုများမှ
တိုင်းရင်းသားပြည်သူများအား ပကြိမ်ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရပါတယ်။

နေရာ - ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ
နေ့ရက် - ဒီဇင်ဘာလ (၉)ရက်နေ့မှစ၍၊
နံနက် (၉)နာရီမှ နေ့လည် (၃)နာရီထိ
ပန်ဟိုက်ရပ်ကွက်၊ နမ္မတူရပ်ကွက် (သ.တ.လ)၊ ကြူဆော့၊
ဆိုက်ခေါင်၊ ခိုမို၊ ဖာဆွမ်၊ မိုင်းရင်၊ နမ့်တောင်ကုန်း၊ ဝိန်းနန်၊
မန်ဆာလုံ၊ မိုင်းတပ် စသည့်ကျေးရွာအုပ်စုများမှ
တိုင်းရင်းသားပြည်သူများ ပကြိမ်ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရပါတယ်။

# # #***ကာကွယ်ဆေးမထိုးနှံထားသည့် မြို့မဈေး၊ ယာယီပျံကျဈေးတို့တွင် ဈေးရောင်းချလျက်ရှိသည့် ဈေးရောင်းသူများ၊ မြို့နယ်အတွင်းရှိ ဈေးဆိုင်ခန်းဖွင့်လှစ်ရောင်းချသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဒုကြိမ်ကာကွယ်ဆေးထိုးနှံပေးပြီးပါက ကွင်းဆင်းစစ်ဆေးသည့်အခါ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိလျှင်
ဆိုင်ဖွင့်လှစ်ရောင်းချခွင့် ယာယီပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

ယခုအခါ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ အိုမီခရွန်လည်း ပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ကာကွယ်ဆေးနှစ်ကြိမ် အပြည့်အဝထိုးနှံနိုင်ဖို့ အမြန်ဆုံးလာရောက်ထိုးနှံကြပါရန် မေတ္တာရပ်ခံ အသိပေးပန်ကြား အပ်ပါတယ်ဗျ။

မှတ်ချက်။ လတ်တလောဖျားနာနေသူ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ သွေးမတိတ်ရောဂါရှိသူများအား ကာကွယ်ဆေးထိုးနှံ၍မရပါ၊

နို့တိုက်မိခင်များ၊ အတက်ရောဂါရှိသူများ၊ ဆေးဓါတ်မတည့်ရောဂါရှိသူများ ဆေးထိုးရန် ဆန္ဒရှိပါက ဆေးထိုးနှံနိုင်ပါတယ်၊ ကာကွယ်ဆေးထိုးနှံပြီး တစ်နာရီကြာအချိန်ထိ စောင့်ကြည့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများကို ယနေ့တ...
07/12/2021

အကြောင်းအမျိုးမျိုးကြောင့်
ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများကို ယနေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါတယ်

Edit နေ့လည်ပိုင်း ၁နာရီအချိန်မှ ပြန်လည်လာရောက်ကြပါရန် အသိပေးပန်ကြားအပ်ပါတယ်ဗျ

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းသူများနှင့်သက်ဆိုင်သော ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး မသန်စွမ်း...
03/12/2021

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်

မသန်စွမ်းသူများနှင့်သက်ဆိုင်သော ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး

မသန်စွမ်းသူများ၏ အခွင့်အရေးဥပ‌ဒေနှင့် နည်းဥပဒေများ

မသန်စွမ်းမှုကို သင်ဘယ်လို နားလည်ပါသလဲ???

နမ္မတူမြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးနမ္မတူ                    ဒီဇင်ဘာ-၂           နမ္...
02/12/2021

နမ္မတူမြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး

နမ္မတူ ဒီဇင်ဘာ-၂

နမ္မတူမြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေး၊ မြို့နယ်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံအင်ဂျင်နီယာ ဦးဉာဏ်ထက်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအတွင်း/အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများအား သွယ်တန်းတပ်ဆင် ထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှု ရှိ/မရှိ၊ ဆိုင်ခန်းများအတွင်း တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဗူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန် (၆)ကန်တွင် ရေပြည့်နေမှုရှိ/မရှိနှင့် မီးသတ်ရေငုတ် (၂)ခု၏ ရေထွက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အပြင် ကြည့်ရှုစစ်ဆေးရာတွင် တွေ့ရှိရသည့် ပြင်ဆင်ရန်လိုအပ်သည့် ဆွေးမြေ့တိမ်းစောင်းနေသည့် လျှပ်စစ်မီးကြိုးသွယ်တန်းထားသည့်တိုင် တစ်တိုင်အား အချိန်မီပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ပေါင်းစပ်ညှိနှိုင်းမှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူမော် (နမတ)

နမ္မတူမြို့နယ် မြို့လယ်မြစ်ကူးတံတားသစ်၊ (၃၂)မိုင်တံတားမှာ တပ်ဆင်ထားရှိတဲ့ မီးတိုင်လေးတိုင်လုံး မီးမလာပါသောကြောင့် ညဘက်ဆိ...
02/12/2021

နမ္မတူမြို့နယ် မြို့လယ်မြစ်ကူးတံတားသစ်၊ (၃၂)မိုင်တံတားမှာ
တပ်ဆင်ထားရှိတဲ့ မီးတိုင်လေးတိုင်လုံး မီးမလာပါသောကြောင့်
ညဘက်ဆိုမှောင်မဲ‌နေပြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေ သွားရေးလာရေးအခက်အခဲဖြစ်ပေါ်လျက်ရှိပါတယ်
သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက အများပြည်သူများ
သွားရေးလာရေးအဆင်ပြေစေရေးအတွက်
အမြန်ဆုံးပြင်ဆင်ပေးနိုင်ရေး
အများပြည်သူကိုယ်စား တင်ပြအပ်ပါတယ်ဗျ

Address


Website

Alerts

Be the first to know and let us send you an email when Regional News Namtu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share