အိမ်လွမ်းသူ

  • Home
  • အိမ်လွမ်းသူ

အိမ်လွမ်းသူ မင်္ဂလာပါ

27/05/2024

ဘ၀မှာ မိဘမရှိ ပိုက်ဆံမရှိ တစ်ကောင်ကြွက်ဘ၀ကတော့ အနှိမ်ခံပဲ...

20/09/2023

ကိုယ်အတွက် မဟုတ်ဘူးဆိုတဲ့ အရာတွေကို ဖက်တွယ်နေမိတာကလဲ....😔😔😔

07/09/2023

သည်းခံကခြင်းတွေ....
ဘ၀ က သည်းခံပီးရင်း သည်းခံနေရပါလားနော်....

!!! For Sale....- ကပ်အားကောင်း ရေစိုခံ...အမြန်ချောအိတ် ....ပလပ်စတစ်အိတ်ရေစိုခံထုပ်ပိုးအိတ် ....ထောက်ပံ့ပို့ဆောင်ရေးအိတ်....
07/06/2023

!!! For Sale....

- ကပ်အားကောင်း ရေစိုခံ...
အမြန်ချောအိတ် ....
ပလပ်စတစ်အိတ်
ရေစိုခံထုပ်ပိုးအိတ် ....
ထောက်ပံ့ပို့ဆောင်ရေးအိတ်....

လိမ္မော်ရောင် 50pcs/လိပ် - 25*35CM = 5,500ks
လိမ္မော်ရောင် 50pcs/လိပ် - 28*42CM = 6500ks
လိမ္မော်ရောင် 50pcs/လိပ် - 32*45CM = 8,500ks
လိမ္မော်ရောင် 50pcs/လိပ် - 38*52CM = 10,000ks

သံပုရာအဝါ 50pcs/လိပ် - 25*35CM = 5,500ks
သံပုရာအဝါ 50pcs/လိပ် - 28*42CM = 6,500ks
သံပုရာအဝါ 50pcs/လိပ် - 32*45CM = 8,500ks
သံပုရာအဝါ 50pcs/လိပ် - 38*52CM = 10,000ks

25pcs/roll, 50pcs/roll, 100pcs/roll
လိုသလောက်ရပါသည်။




Bella Queen အမြန်လေးနော်... 55,000ကျပ်Now 👉 GG Wallet လက်ဆောင် ,,,👇👇👇
22/05/2023

Bella Queen
အမြန်လေးနော်...

55,000ကျပ်
Now 👉 GG Wallet လက်ဆောင် ,,,
👇👇👇

ကျား ခေါက်အိတ် ၁၄၅၀၀ကျပ်In stock
21/05/2023

ကျား ခေါက်အိတ်
၁၄၅၀၀ကျပ်
In stock

Frozen food-grade storage box, meat and vegetable box, four-compartment fresh-keeping box for refrigerator with onion, g...
12/04/2023

Frozen food-grade storage box,
meat and vegetable box,
four-compartment fresh-keeping box for refrigerator
with onion, ginger, garlic and meat
specific material:PP ..... In stock
တခါစား တနှပ်စာ လေးတွေ စီစဉ်ထား
Price - 1 box 2300
- 5 box 2100
- 10 box



- ပုံစံခွက်ကျောက်အိုးလေးပါ။- မီးဖိုမရွေးသုံးလို့ရပါတယ် ရှင့်။ ‌ဈေးနှုန်းလေးက 30,000 ကျပ်ပါရှင့်..
08/04/2023

- ပုံစံခွက်ကျောက်အိုးလေးပါ။
- မီးဖိုမရွေးသုံးလို့ရပါတယ် ရှင့်။
‌ဈေးနှုန်းလေးက 30,000 ကျပ်ပါရှင့်..

22/03/2023
ကြက်ဘူးခြောက်...
20/03/2023

ကြက်ဘူးခြောက်...

သတင်းကောင်းတစ်ခု--------ဒေါ်အောင်ဆန်းစုကြည်အားကိုးရသောသူဖြစ်ပြီး နိုင်ငံတကာခေါင်းဆောင်များနှင့် ရင်းနှီးမှုရှိသော ချင်းတ...
02/02/2021

သတင်းကောင်းတစ်ခု
--------

ဒေါ်အောင်ဆန်းစုကြည်အားကိုးရသောသူဖြစ်ပြီး နိုင်ငံတကာခေါင်းဆောင်များနှင့် ရင်းနှီးမှုရှိသော ချင်းတိုင်းရင်းသားDr Sa Sa အိန္ဒိယအစိုးရနှင့်
အိန္ဒိယတပ်မတော်၏ အကာအကွယ်
အောက်တွင်လုံခြုံလျှက်ရှိ..

မြန်မာ့အရေးအတွက် နိုင်ငံတကာနှင့်
ချိတ်ဆက်ဆောင်ရွက်နေပြီ ...

Credit:N Kham Aung

{ Breaking News }အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်ကြေညာ================ဇန်နဝါရီ(၃၀)ရက်၊ ၂၀၂၁။တပ်မတော်အနေန...
30/01/2021

{ Breaking News }
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်ကြေညာ
================
ဇန်နဝါရီ(၃၀)ရက်၊ ၂၀၂၁။

တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပြီး ဥပဒေဘောင်ထဲကနေ ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ဇန်နဝါရီလ(၃၀)ရက်နေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒီရက်ပိုင်းထဲပြောဆိုထားတဲ့ ဥပဒေကိုမလိုက်နာရင် ဖျက်သိမ်းပစ်ရမယ်ဆိုတဲ့ စကားအပေါ် အခု ၂၀၀၈ အခြေခံဥပဒေကို တပ်မတော်ကဖျက်သိမ်းမယ်ဆိုတဲ့ပုံစံမျိုး လိုရာဆွဲပြောဆိုနေတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်၊ ယူကေနဲ့ EU သံရုံးအပါအဝင် မြန်မာနိုင်ငံအခြေစိုက် သံရုံး(၁၅)ရုံးကျော်က သမ္မတသစ် တင်မြှောက်တဲ့လုပ်ငန်းစဉ်တွေ ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါသေးတယ်။

ဒါ့အပြင် တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲရလဒ်ကိုလက်ခံဖို့နဲ့ နိုင်ငံရေးတည်ငြိမ်အောင်ထိန်းသိမ်းဖို့ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ အဖွဲ့(၁၂)ဖွဲ့က မနေ့က ဇန်နဝါရီ(၂၉)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။



သတင်းနဲ့ ဓာတ်ပုံ O Media

ရှေးမြန်မာ့ဓလေ့"ဆေးမင်ကြောင်" ထိုးပုံထိုးနည်းမြန်မာ့ဓလေ့ ဆေးမင်ထိုးတယ် ဆိုရာမှာလိုက်နာရ မယ့် စည်းမျဉ်း စည်းကမ်းတွေ ရှိနေ...
29/01/2021

ရှေးမြန်မာ့ဓလေ့"ဆေးမင်ကြောင်" ထိုးပုံထိုးနည်း

မြန်မာ့ဓလေ့ ဆေးမင်ထိုးတယ် ဆိုရာမှာလိုက်နာရ မယ့် စည်းမျဉ်း စည်းကမ်းတွေ ရှိနေပါသေးတယ်။

ဆေးမင်ထိုးမယ်လို့ စပြီး ပြင်ဆင်ကြပြီဆိုတဲ့အခါ ဦးစီး ပြုလုပ်သူ မင်ကြောင်ဆရာက သတ်မှတ်ထား တဲ့ နေရာတစ်ဝိုက်ကို အရင်ဆုံး ပရိတ်ရေ ဖြန်း၊ ဆန်မန်း ပေါက်ပေါက် ကြဲပြီး မန္တာန်တွေ ရွတ်ဆိုရ ပါတယ်။ ပတ်ပတ်လည်မှ ရာဇမတ် ကာပြီး ပရိတ်သဲဖြူတွေ ခင်း လို့ ထောင့် လေးထောင့်မှာ ငှက်ပျောပင်တွေ စိုက်၊ ဂြိုဟ်ရှစ်လုံး နေ့နံသင့်ပန်းတွေ၊ အညွန့်အခက်တွေကို အမိုး ပတ်ပတ်လည် မှာ ဆွဲချိတ်ထားရပါတယ်။

အမိုး အတွက်ကတော့နေ့နံသင့် အပျိုတစ်ယောက် တည်းက ရက်လုပ်ထားတဲ့ ဖျင်ထည် အဖြူ မှာ ပထမံ စမရုပ်တွေ၊ အင်းတွေကို ဟူငျ် ပြဒါး နဲ့ ရေးခြယ်ပြီး မိုး ပါတယ်။
ဘေးပတ်ပတ်လည်မှာ နေ့နံသင့် အပျိုလေးတွေ ရက်လုပ်တဲ့ တင်းတိမ်စောင်တွေကို ပရိတ်ချည်တွေ တွဲပြီး ကာရံ ရပါတယ်။

မြေပေါ်မှာတော့ အလယ်ကြော ခွာထားပြီးတဲ့ ငှက်ပျောရွက်တွေကို ဆီမန်း လိမ်းပြီး ခင်းထားရ ပါတယ်။ ဒါကို "မှောင်ခန်း" လို့ခေါ်ပါတယ်။
ဆေးမင်ထိုးမယ့် ကာလသားက မှောင်ခန်းထဲ မဝင်ခင် ရေမိုးသန့်စင်ပြီး ခေါင်းဖြီးလို့ ပုဆိုးအသစ် စည်းထားရ ပါတယ်။ အချိန်ကျလို့ မှောင်ခန်းထဲ ဝင်မယ့်အခါ မှောင်ခန်းမှာဝဲပေါက် ၊ယာပေါက်ရှိသည့်အလျှောက် ဝဲပေါက်က ဝင်သူကို"ဝဲမှောင်"၊ ယာပေါက်မှ ဝင်သူကို "ယာမှောင်" လို့ ခေါ်ပါတယ်။

"ယာမှောင်"ဆိုတာကတော့ ဆေးတွေ အင်းတွေ မပါ ဘဲအလှအပ အတွက်သာထိုးခြင်းဖြစ်ပါတယ်။ ဒီလိုထိုးမယ်ဆိုရင် ဦးစီးမင်ကြောင်ဆရာကသုံးကွက်၊ ငါးကွက်၊ ကိုးကွက် အစရှိသဖြင့် ထိုးပေးပြီးရင် ကျန်တဲ့ အကွက်တွေအတွက် လက်ထောက်တပည့် နှစ်ယောက် က တစ်ပြိုင်တည်း ဖြည့်ထိုးပေးပါတယ်။ ဒီနှစ်ယောက် ညောင်းလာရင် ကျန်တဲ့ နှစ်ယောက်က အစားဝင်ပြီး အလွယ်တကူ ထိုးပေးနိုင်လို့ ယာမှောင်သမား တစ်ယောက်ကို အချိန် တစ်နာရီ၊ နှစ်နာရီလောက်သာ ကြာပါတယ်။

"ဝဲမှောင်" မှာတော့ ဒီလိုလုပ်လို့ မရတော့ပါဘူး။ သူ့ ကို တော့ ဦးစီးဆရာနဲ့ နေ့သင့်နံသင့် ရွေးထားတဲ့ မင်ကြောင်ဆရာ နှစ်ယောက် စုစုပေါင်း သုံးယောက် က သာ ထိုးပေးနိုင်ပါတယ်။တစ်ကြိမ်ထိုးရာမှာလည်း ဆရာ တစ်ယောက်သာ ထိုးပေးရပါတယ်။သတ်မှတ်ထားတဲ့ မင်သေ့ကွက်(မင်ကြောင်ကွက်)တွေကို အစီအစဉ် အတိုင်း သာ လှည့်ပတ်ထိုးပေးရပါတယ်။

တစ်ဘက်တည်းမှာ အပြည့်ထိုးပြီးမှ အခြားနောက် တစ်ဘက်ကို ကူးထိုးလို့ မရပါ။ ဆေးထိုးစဉ်မှာ မန္တာန် ကျူးရပါသေးတယ်။ မင်မင်သေ့ကွက်တိုင်းကို ဆေးအင်း အစီအရင်တွေအတိုင်း နက္ခတ်သင့်သည့်အတိုင်း ထိုးပေး ရပါတယ်။ဆိုလိုတာကမင်ကြောင် ထိုးတဲ့အခါ ဘယ်မင်သေ့ကွက်ကို ဘယ်နက္ခတ် သင့်တဲ့အချိန်မှာ ထိုးရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေပါတယ်။
ဝဲမှောင်မှာထိုးမယ့် ကာလသားကလည်း မင်သေ့ မထိုး ခင် ဆေးစင်ကို ထိခြင်းငါးပါးနဲ့ ရှိခိုးရပြီး နောက်မှာ ငါးပါး သီလခံယူရပါတယ်။ပြီးရင် စည်းထားတဲ့ ပုဆိုးကို ချွတ်ပြီး ကိုယ်လုံးတီးနဲ့ မင်သေ့ဆရာတွေကို ရှိခိုး ရ ပါတယ်။ပြီးရင်တော့ အနာကြီး၊အိုင်းအနာ ၊ပွေး စတဲ့ ရောဂါတွေ မရှိကြောင်း၊ယောက်ျားစင်စစ် ဖြစ်ကြောင်း စသဖြင့် ခန္တာကိုယ်ကို သုံးပတ်လှည့်ပြီး စစ်ဆေးခံ၊ မေးမြန်း ခံရပါတယ်။

ပြီးရင်တော့ မန္တာန်စုပ်လို့ နံ့သာ ဖြန်းပြီးတဲ့နောက်မှာ ဆေးမင်ထိုးဖို့ လဲလျောင်းပြီး အချုပ် ခံရပါတယ်။ ဆေးမင်ထိုးမယ့်သူကို ချုပ်မယ့်သူ လေးယောက် ရှိ ပါတယ်။ဒီလေးယောက်ကလည်း ဆေးမင်ထိုးမယ့် သူနဲ့ နေ့နံသင့်သူများသာ ဖြစ်ရပြီး ပုဆိုးအသစ် စည်းထားတဲ့ သူတွေသာ ဖြစ်ရပါတယ်။

ဦးစီးမင်သေ့ဆရာကြီးက သတ်မှတ်ထားတဲ့နေရာတွေ မှာ ဂြိုဟ်ကြီးရှစ်လုံးရုပ်၊ ကုမ္ဘာဏ်ရုပ်၊ ဇော်ရုပ်၊ ဂဝံရုပ်၊ ဝက်ကုန်းရုပ်၊ ကြောင်ရုပ် စတာတွေကိုထိုးပြီးမှ ကျန်တဲ့ အဖြည့်ရုပ်တွေကို လက်ထောက် မင်သေ့ဆရာတွေကို ထိုးခိုင်းလေ့ရှိပါတယ်။ ဒီလိုနဲ့ ခါးကိုပတ်ပြီး မင်သေ့ထိုး၊ ခါးကနေ ပေါင်ကိုဆက်၊ ပေါင်ကမှ ဒူးကို ဆက်ပြီး ထိုးနှံ ရပါတယ်။ ဆေးနီ၊ ဆေးနက် နှစ်မျိုးရှိသည့်အတိုင်း နှစ်မျိုးလုံး ထိုးမယ် ဆိုရင်တော့ ဆေးနီကို အရင် ထိုးရ ပြီး နောက်မှ ဆေးနက်ကို ကိုင်ရပါတယ်။ ဆေးနီ ထိုး ထားတဲ့ စုက် နဲ့ ဆေးနက် ကို မထိုးနှံရပါဘူး။

ဆေးမင်ထိုးပေးပြီးတဲ့အခါမှာ

၁-ဝါးကပ် နဲ့ ထမ်းယူရသူ၊
၂-သူငယ်ချင်း နှစ်ယောက်(သို့)တစ်ယောက်နဲ့ တွဲ ထုတ်ရသူ၊
၃-ကိုယ်ကိုယ်တိုင် အကူအညီ မပါဘဲ ထွက်နိုင် ထနိုင်သူ ဆိုပြီး ၃ မျိုးခွဲပါတယ်။
မင်ကြောင်ထိုးပြီးလို့ တင်းတိမ်အပြင်ကို ရောက်တာ နဲ့ လက်ပန်းပေါင်း အနည်းဆုံး ၃ ချက်စေ့အောင် ခတ်ကြ ရတဲ့ အလေ့တစ်ခု ရှိပါတယ်။

- ဝါးကပ်နဲ့ ထမ်းယူရတဲ့ သူဟာ ဝါးကပ်ပေါ်ကနေ ထူပေးထားတဲ့သူကို မှီလို့ ခတ်ခဲ့ရင်ဒါကို
" အဝါခတ် " လို့ခေါ်ပါတယ်။
- တွဲပေးတဲ့သူနဲ့ ထွက်လာပြီး တွဲပေးသူကို မှီလို့ ခတ်ခဲ့ရင်ဒါကိုတော့"အမြှောင်ခတ်"လို့ခေါ်ပြီး
-တစ်ယောက်တည်းထွက်လာနိုင်ပြီးလက်ပန်းပေါင်း မမောမချင်း ခတ်နိုင်သူကိုတော့ "ထီးထီးခတ်" လို့ ခေါ်ပါတယ်။

ဒါတွေဟာ ယာမှောင်သမားတွေအတွက် အရေး မကြီး လှသော်လည်း ဝဲမှောင်သမားတွေအတွက်တော့ အလွန်အရေး ပါ ပါတယ်။
ဝဲမှောင်မှ ထွက်လာတဲ့သူတွေအတွက်အမြှောင်ထ၊ အထီးထထနိုင် ထွက်နိုင်မှသာကြတ္တိကာ နက္ခတ် ထွက်တဲ့ တန်ဆောင်မုန်းလ ကျီးမနိုးပွဲမှာ ဆေးထပ်ခြင်း၊ ဆေးထိုးခြင်းတို့ကို ပြုလုပ်နိုင်မှာပါ။ (စပ်မိလို့ ပြောရရင်ဖြင့် ကျီးမနိုးပွဲ ဆိုတာဟာလည်း ယနေ့ခေတ်လို ကြက်ခိုး၊ ဘူးသီး ခိုး၊ပစ္စည်း ခိုးပြီးပျော်ပွဲ ကျင်းပတဲ့ ပွဲတော်မဟုတ်ကြောင်းကိုလည်း ဆောင်းပါး တစ်ပုဒ် အနေဖြင့် တင်ပြ ပါဦးမည်။ )
မင်သေ့ထိုးလို့ အိမ်ပြန်လာတဲ့ ကာလသားဟာ လမ်း တစ်လျှောက်မှာ တွေ့သမျှ သူတို့က နှုတ်ဆက်သမျှ ပြန်နှုတ်ဆက် ရပါတယ်။

ဒီနေရာမှာလည်း ယောက်ျား အချင်းချင်းတွေ့လို့ နှုတ်ဆက်မယ် ဆိုရင်တော့လက်ပန်းပေါင်းကို ဖြောင်းဖြောင်းမြည်အောင်ခတ်လို့
ဒါမှ ယောက်ျားဟေ့လို့အော်ပြီး နှုတ်ဆက်ကြ ပါတယ်။

မင်ကြောင်ထိုးခဲ့သူကလည်း လက်ပန်းပေါင်းသံ ပြန် ပေးလို့ ယောက်ျား လို့ ပြန်အော်ရပါတယ်။ခေါ်သံနဲ့ လိုက်သံညီအောင် ပြန်ပေးဖို့ဆိုတာ သွေး ချင်းချင်း ရဲအောင် မင်ကြောင်ထိုးထားရတဲ့သူအဖို့တော့ မလွယ် လှပါဘူး။

မိန်းကလေးတွေကတော့ အိမ်ထဲကနေ လှမ်းခေါ်ပြီး ဆေးမင် မထိုးထားတဲ့ ကျော၊ ရင်၊လက်မောင်းသား၊ ခြေသလုံး စတာတွေမှာ နံ့သာရည်နဲ့လူးပေးကြပြီး နံ့သာခွက်ထဲက ပန်းကို ပေးရပါတယ်။

ဒီအခါ မင်ကြောင်ထိုးတဲ့ ကာလသားဟာမိန်းကလေး ပေးတဲ့ ပန်းကို သျှောင်မှာထိုးပြီးရောင် မှာ ပန်ထား လက်စ ပန်း ကို မိန်းကလေးထံ ဖြုတ်ပေး ရပါတယ်။

အိမ်ကိုရောက်တော့မှ မိခင် တိုက်တဲ့ ပရိတ်ရေကို သောက်၊ ပရိတ်ချည်တွေနဲ့ သျှောင်မှာ ဖွဲ့ရစ်ပြီးကာမှ အသင့်ပြင်ထားတဲ့ အိပ်ရာပေါ် လဲလျောင်းပြီးမှသာ မင်ကြောင်ထိုးခြင်းကိစ္စ အဆုံးသတ်ပြီးစီးပါတော့တယ်။

Credit to mk

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မ...
29/01/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာချက်။

နိုင်ငံရေးအခြေအအနေကို ညှိနှိုင်းအဖြေရှာကြဖို့ မဟန မေတ္တာရပ်ခံဇန်နဝါရီ (၂၉) ရက်၊ ၂၀၂၁အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွ...
29/01/2021

နိုင်ငံရေးအခြေအအနေကို ညှိနှိုင်းအဖြေရှာကြဖို့ မဟန မေတ္တာရပ်ခံ

ဇန်နဝါရီ (၂၉) ရက်၊ ၂၀၂၁

အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းဖို့ အခုဖြစ်နေတဲ့ကိစ္စကို မငြင်းခုံဘဲ တည်ဆဲဥပဒေ၊ နည်းဥပဒေစည်းမျဉ်းတွေနဲ့အညီ အဖြေရှာဆောင်ရွက်ကြဖို့ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့က ဒီနေ့ ဇန်နဝါရီလ(၂၉)ရက်ညပိုင်းမှာ မေတ္တာရပ်ခံချက်တစ်စောင်ထုတ်ပြန်လိုက် ပါတယ်။

ဒါ့အပြင် ကိုဗစ်ကြောင့် ပြည်သူတွေ ကဏ္ဍပေါင်းစုံမှာ အခက်ခဲတွေရင်ဆိုင်နေရသလို ရွေးကောက်ပွဲအကြောင်းပြပြီး ဖြစ်နေတဲ့ သတင်းတွေအရ ရဟန်းရှင်ပြည်သူလူထု စိုးရိမ်ကြောင့်ကြဖြစ်နေရတယ်လို့ ထုတ်ပြန်ပါတယ်။

မသမာမှုဖြစ်နိုင်တယ်ဆိုတဲ့ မဲစာရင်း အရေအတွက်တွေကိုတော့ တပ်မတော်က ဆက်တိုက်ထုတ်ပြန်နေသလို တပ်မတော်က အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရတဲ့အကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်ရမယ်လို့ ပြောထားပါတယ်။

အမေရိကန်၊ ယူကေနဲ့ EU သံရုံးအပါအဝင် မြန်မာနိုင်ငံအခြေစိုက် သံရုံး(၁၅)ရုံးကျော်က သမ္မတသစ် တင်မြှောက်တဲ့လုပ်ငန်းစဉ်တွေ ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဒီနေ့မနက်ပိုင်းက ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါသေးတယ်။

ကြှနျုပျ ဖတ်ခဲ့ဖူးသော ကိုးင်္သချိုင်းဓား အကြောင်းကိုးင်္သချိုင်းဓားသည် အမည်နှင့်လိုက်အောင်ပင် သင်္ချိုင်းကိုးခု၏ ခေါင်းတ...
29/01/2021

ကြှနျုပျ ဖတ်ခဲ့ဖူးသော ကိုးင်္သချိုင်းဓား အကြောင်း

ကိုးင်္သချိုင်းဓားသည် အမည်နှင့်လိုက်အောင်ပင် သင်္ချိုင်းကိုးခု၏ ခေါင်းတလားမှ သံများကိုစုပေါင်း၍ သံရည်ကျိုပြီးသွန်းလုပ်ရသည်။သံရည်ကျိုပြီးသောအခါ စနေသားပန်းပဲဆရာမှက ဓားပုံလောင်းရသည်။(အများအားဖြင့် စနေနေ့တွင်ဓားကိုပုံလောင်းကျသည်။)
ဓားကိုပုံချောအဖြစ်ရအောင်ယူပြီး ဓားဆေးသောအခါ သင်္ချိုင်း၌ဆေးရသည်။
ဓားမဆေးမှီ ၇ ရက်တိုင်တိုင် သက်ဆိုင်ရာပုဂ္ဂိုလ်တို့ကိုပင့်ဖိတ်ပြီး သက်ဆိုင်ရာဂါထာမန္တာန်တို့ကို ၇ ရက်တိတိရွတ်ဖတ်ရသည်။

ဓားဆေးသောအခါ ရေဖြင့်မဆေးရပဲ အစိမ်းသေသွေးဖြင့်သာဆေးရသည်။
အကယ်၍ အစိမ်းသေမှရသောသွေးမများပါက ၎င်းသွေးအနည်းအငယ်သာယူပြီး အခြားကျွဲ၊နွားသွေးများရောနှောကာဆေးရသည်။

ဓားဆေးပြီးသောအခါ စနေသမီးအုံးသော ခေါင်းအုံးအောက်၌ ၇ ရက်ပြည့်အောင်ထားရသည်။
ထိုသို့ပြီးသည်နှင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများ ကမ္မဝါဖတ်နေချိန်၌ ဘုန်းတော်ကြီးများမသိအောင် ကျောင်းနှင့်မနီးမဝေး ကမ္မဝါဖတ်သံကြားရသောနေရာ၌ထားရသည်။
ပြီးလျှင် မြို့တော်ရှင်ဟုလူအသိများသော ကိုးမြို့ရှင်နတ်ကွန်းတွင် ဓားကို ၉ ရက်တိတိထားရသည်။
ဓားပြီးသောအခါ ဓားအိမ်ကို တလားပျဉ်(ခေါင်းပျဉ်)နှင့်ပြုလုပ်ရသည်။

ဓားအရိုးကိုလူသေထိုးသော တစူးဝါးဖြင့်ပြုလုပ်ရသည်။ ဓားကိုသပ်ပင်းသည့်အခါ အစိမ်းသေဆံပင်ကိုးချောင်းဖြင့် ဒမင်းကို သပ်ပင်းရစ်ပတ်ပြီးမှ သပ်ပင်းရသည်။
ဓားတစ်ချောင်းလုံးပြီးစီးသောအခါ သက်ဆိုင်ရာဂါထာဖြင့် ၉ ရက်မန်းမှုတ်ပူဇော်ရသည်။ ပြီးပါက ဓားကိုအသုံးပြူနိုင်မည်ဖြစ်သည်။

ဓားကိုသွေးဖြင့်ဆေးထားသောကြောင့် ဓားအရောင်မှာ သွေးအရောင်ကဲ့သို့ ညိုမှိုင်းမှိုင်းဖြစ်နေသည်။ အကြောင်းမရှိပဲဓားကို ဓားအိမ်မှထုတ်၍မရပေ။
ထုတ်ပြီးလူသွေးမစွန်းပဲ ဓားအိမ်အတွင်းသို့ပြန်ထည့်၍မရပေ။ အခြားသူကိုမခုတ်ခြင်လျှင် မိမိလက်မောင်းကိုဖောက်ပြီးသွေးစွန်းမှပြန်ထည့်၍ရသည်။
ဓားအစွမ်းမှာကာယသိဒ္ဓိပြီသူကိုခုတ်လျှင်ပြတ်။ စုန်း၊ကဝေတို့၏ စက်ကြိုးများကို ဓားနှင့်ဖြတ်နိုင်သည်။ဥာဏ်ရှိလျှင်ရှိသလိုသုံးနိုင်၏။

ကိုးသင်္ချိုင်းဓားမှာ ပရလောကသားများနှင့် ပတ်သက်နေသောဓားဖြစ်၏။ ထို့ကြောင့်သုံးစွဲသူများအတွက်လဲအန္တရာယ်များသည်။အိမ်ပေါ်မှာမထားပဲ အိမ်အောက်တွင်လျှို့ဝှက်စွာထားရသည်။မကြာခဏသွေးလောင်းရသည်။
မေ့လျော့နေလျှင် မကောင်းဆိုးဝါးများရောက်လာပြီး ခြောက်လှန့်သတိပေးခြင်း သုံးစွဲသူများအတွက် အန္တရာယ်ကျရောက်ခြင်းများဖြစ်နိုင်လေသည်။

ဖတ်ခဲ့ရဖူးသော ကိုးသင်္ချိုင်းဓားအကြောင်းပင်ဖြစ်လေသည်။
{မြန်မာရာဇဝင်မှာ ကိုးသင်းချိုင်းဓားကို နိင်တဲ့ဓား၂လက်ရှိပါသေးတယ် တလက်က ယိမ်းနွဲ့ပါဓားဖြစ်ပြီး တလက်က နတ်မင်းကြီးလေးပါးဓားပါ
နတ်မင်းကြီးလေးပါးဓားအကြောင်းက ကျနော်လည်းရှာနေတုန်းပါ မတွေ့သေးပါဘူး ဒါကြောင့် ရသေ့ စိတ်ဖြေအနေနဲ့ တခြားမြန်မာရာဇဝင်မှာထင်ရှားတဲ့ဓားတွေအကြောင်း မျှဝေလိုက်ပါတယ်။

" မြန်မာ့သမိုင်းတွင် ထင်ရှားသည့် ဓါးများ "

မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး = (ရဟန်းသံဃာတော်များကို သတ်ဖြတ်သည့်သိုဟန်ဘွား၏ ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကိုခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထာသည့် ဝါပိုးဝါ ကြမ်းခင်မှ ဝါး ၅လုံးပါ ပြတ်သည်)

ရွှေဓါးဗိုလ်၏ ကိုးသင်္ချီုင်း သံဓါး = (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။)

ဒွတ္တပေါင်းမင်းကြီး၏ဓါး = (တစ်ချက်ထဲနှင့် နွားလည်ပင်းအကွင်းလိုက် ပြတ်သည်။)

စစ်ကိုင်း အသင်္ခယာစောယွန်း၏ ညိုရောင်ဓါး (ဆင်လည်ပင်းကို ပြတ်သည်။)

ပထမ မင်းခေါင်(မင်းဆွေ)၏ စိန်သွားရောင်ဓါး = (နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။)
ဗျည်းနွဲ့၏ဓါး = (ကျောက်ထု တစ်တောင်ကိုပြတ်သည်။)

မက္ခရာမင်းသားကြီး၏ မက္ခရာဓါး = (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။)
ရှေးမြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသောဓါးများရှိသည်။၎င်း တို့မှာအောက်ပါအတိုင်းဖြစ်သည်။

(၁)ပန်းပဲမောင်တင့်တယ်၏ဓါး၊အသွားလက်ရှစ်သစ်ရှိသည်။
(၂)မောင်ပေါက်ကျိုင်း၏ဓါး၊နဂါးကိုနှိမ်နင်းအောင် မြင်သည်။တရုတ်ခြောက်ယောက်မ၍မကြွ။
(၃)ဒွတ္တဘောင်မင်းကြီး၏ဓါး၊နွားလည်ပင်းကိုအကွင်းလိုက်ပြတ်ကျအောင်ထက်သည်။
(၄)ကျန်စစ်သားမင်း၏စကြာဓါး၊အိန္ဒိယတိုင်းရင်းသားတို့ကလွန်စွာကြောက်ရွံ့သည်။
(၅)အသင်္ခယာစောယွန်း၏ဓါး၊ဆင်လည်ပင်းပြတ်အောင်ထက်သည်။
(၆)ဘုရင်မင်းခေါင်၏ဓါး၊နှစ်မိုက်မြင့်သည့်ငွေတုံးကိုပြတ်အောင်ခုတ်နိုင်သည်။
(၇)မိုးညှင်းမင်းတရား၏နရဏီရွှေဓါး၊
ယမနေပင်စောင့်ရုက္ခစိုးပင်ကြောက်ရွံ့သည်။
(၈)မြောင်းမြစားလောက်ဖျား၏သား မပစ်နွယ်၏ဓါး၊ ကျောက်အထု သံတောင် တစ်တောင်ကို ခုတ်၍ ပြတ်သည်။
(၉)ရွှေနန်းကြော့ရှင်နရပတိ၏ယိမ်းနွဲ့ပါးဓါး၊ မြန်မာ့သမိုင်းတွင်အကျော်ကြားဆုံးဓါးဖြစ်သည်။ဆင် ပေါ် ကလူကိုခုတ်လျှင် လူနှင့်တကွဆင်ပါပြတ်သည်။ အဆိုပါ ယိမ်းနွဲ့ပါး ဓားသည် အစွမ်းလွန်စွာထက် သည် ထိုဓားကို ကိုင်ဆောင်လိုက်လျှင် ကိုင်ဆောင်သူသည် ဝါဂွမ်း ကဲသို့ ပေါ့ပါးကား လွန်စွာ အစွမ်းထက်မြတ် သူဖြစ်လာသည်။ သို့သော်လည်း ရွှေနန်းကြော့ရှင် သည် ယိမ်းနွဲ့ပါး ဓားဖြင့် ထီးနန်းသိမ်းပြီးသော အခါ နောင်တွင် ဤ အစွမ်းထက်လှသော ဓားဖြင့် ထီးနန်းလုမည် စိုး သဖြင့် ဧရာဝတီမြစ်အတွင်းသို့ ချကာ ဖျောက်ဖျက် လိုက်လေသည်။ သိုသော်လည်း အဆိုပါ ဓားလုပ်နည်းကျမ်းကြီးကာ ကျန်ခဲ့လေသည်။

အင်္ဂလိပ် ခေတ်သို့ ရောက်လာသော အခါ ယိမ်းနွဲ့ပါးဓား နှင့် ပုံစံတူ ဓားတစ်လက် ထွက်ပေါ်ခဲ့သည်။ အင်္ဂလိပ်မျက်နှာဖြူများကို သတ်ဖြတ်ခဲ့သော ဓားတစ်လက်အဖြစ် ကျော်ကြားသည်။

ကိုးသင်္ချိုင်းဓား ဖြင့် ယှဉ်ခုတ်ရာ တွင် ကိုးသင်္ချိုင်း ဓားပင် ကျိုးလေသည်။

Credit to original writer!

သင်မသိသေးတဲ့ မဟာဗန္ဓုလသံချပ်ကာအကြောင်းလန်ဒန်ပြတိုက်တွင်ပြသထားသော စစ်သူကြီးမဟာဗန္ဓုလ၏သံချပ်ကာဝတ်စုံ(ပုံ ၁) သည် မြန်မာမှုအ...
29/01/2021

သင်မသိသေးတဲ့ မဟာဗန္ဓုလသံချပ်ကာအကြောင်း

လန်ဒန်ပြတိုက်တွင်ပြသထားသော စစ်သူကြီးမဟာဗန္ဓုလ၏သံချပ်ကာဝတ်စုံ(ပုံ ၁) သည် မြန်မာမှုအနည်းငယ်ဖြည့်စွက်ထားသော အိန္ဒိယသံချပ်ကာဝတ်စုံဟုဆိုသော်လည်း ထိုဝတ်စုံပုံစံတွင် မြန်မာမှုဟူ၍ တစ်ခုမှမပါပေ။ ပုံ ၂ တွင် ပန်းချီဆရာကြီး ဦးငွေကိုင် ရေးဆွဲထားသော စစ်သူကြီးသံချပ်ကာကိုပြု ပြင်ထိန်းသိမ်းနေခြင်း ပန်းချီဖြစ်ကာ ယခုပြသထားသော သံချပ်ကာပုံစံနှင့်တစ်ထေရာတည်းတူညီပေသည်။

ထိုသံချပ်ကာဝတ်စုံသည် အိန္ဒိယမြောက်ပိုင်း ရပ်ခ်ျပွတ်စစ်သူရဲတို့ဝတ်ဆင်သော သံချပ်ကာဖြစ်ပြီး type အနေဖြင့် Chainmail + Platemail အမျိုးအစားဖြစ်သည်။ ဒေလီပြတိုက်တွင် ပြသထားသောပုံအား ပုံ ၃ တွင်ဖော်ပြထားပါသည်။ ပုံ ၄ တွင်ကားဆရာကြီး ဦးငွေကိုင် ၏ မြန်မာ့စစ်သူကြီးသံချပ်ကာပုံစံဖြစ်ကာ မြန်မာတို့၏စစ်ဝတ်စုံတွင် မပါမဖြစ်ဖြစ်သော မျည်းတို မျည်းရှည်များအပါအဝင် စစ်သူကြီးအဆောင်ယောင်ဖြစ်သော ဗာလီကွေး မောက်ရူ ပါးကားနားကာ ခြေနင်းအပြည့်အစုံဖြင့် မြန်မာသံချပ်ကာဝတ်စုံ၏ပုံစံအမှန်အား ရာဇဝင်ကျမ်းများတွင်ဖော်ပြထားသည်နှင့်အညီ ရေးဆွဲထားခြင်းဖြစ်သည်။

စစ်သူကြီးမဟာဗန္ဓုလ၏သံချပ်ကာဝတ်စုံပုံစံအမှန်သည်ကား ထိုပုံစံသာဖြစ်သည်။ မြန်မာသံချပ်ကာတွင် ချပ်မိန်(Scale armor) မိန်ညို(chain mail) ချပ်မိန်ညို ဟူ၍ သံချပ်ကာသုံးမျိုးရှိလေရာ စစ်သူကြီးဝတ်စုံသည်ကား ချပ်မိန်ညို ဖြစ်သည်။ အတွင်းတွင် သံမျှင်များကိုယက်လုပ်ထားသော မိန်ညိုခံဝတ်ကာ အပေါ်မှ (ကတ္တီပါ+သားရေ+ကြေးချပ်) များရောစပ်ကာချုပ်လုပ်ထားသော ပေါ့ပါးပြီး မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီသော ချပ်မိန်ညိုဖြစ်သည်။ ပုံ ၅ တွင် ပြသထားသည်က ရှေးမြန်မာမင်းများလက်ထက် စစ်ဘက်အရာရှိများ ညီလာခံတက်သောဝတ်စုံ(ရုံးတက်ဝတ်စုံ/အခမ်းအနားဝတ်စုံ) ဖြစ်ပြီး ကတ္တီပါ မျည်းတို မျည်းရှည် များအပါအဝင်ဖြစ်သော အပေါ်ဝတ် ဝတ်လုံတော်ပင်ဖြစ်သည်။ ပုံ ၆ တွင်ကား အင်္ဂလိပ်အရာရှိနှင့်စစ်သူကြီးဗန္ဓုလ တို့၏ သရုပ်ဖော်ပုံဖြစ်ကာ မြန်မာမှုစရိုက်အား ပြည့်စုံစွာဖော်ပြထားသည်။ မျက်နှာဖြူ သခင်

ကြီးတို့အား ယနေ့တိုင် အထင်ကြီးနေသူတို့က အင်္ဂလိပ်အရာရှိ အလေးပြု သည်ကို လက်ကြီးပိုက်ကာ မာနကြီးနေသည်ဟု မိမိတို့၏ဓလေ့ကျုနားမလညျဘဲ ပြောနေကြသည်မှာ ဆိုးလှသည်။ မြန်မာ့ဓလေ့တွင် ကိုယ်ဟန်အမူအရာသည် အနောက်တိုင်းနှင့်လားလားမှမတူပေ။

ဥပမာများဆိုရသော် တစ်ခုခုအား သဘောကျနှစ်သက်ပါက အနောက်တိုင်းက လက်ခုပ်လက်ဝါးတီးသော်လည်း ရှေးမြန်မာတို့က လက်ပန်းပေါက်ခပ်ခြင်းဖြင့် ပြသသည်။ စစ်ဘက်တွင် အနောက်တိုင်း

မကြာသေးခင်က ရေးမြို့ကိုရင်လေးဆရာတော်ကျောင်းမှ ပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်ပါ။
29/01/2021

မကြာသေးခင်က ရေးမြို့ကိုရင်လေးဆရာတော်ကျောင်းမှ ပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်ပါ။

မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးနှင့်နိုင်ငံတော...
29/01/2021

မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးနှင့်နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ ဖြိုးရေး မြှင့်တင်နိုင်ရန် ကြိုးပမ်းအားထုတ်နေမှုကို အားပေးထောက်ခံကြောင်း မိမိတို့အခိုင်အမာအတည်ပြုပါသည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အသစ် စတင်ရေးနှင့် သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ရေးအတွက် မိမိတို့မျှော်လင့်နေပါသည်။ မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတစ်ဝန်းရွေးကောက်ပွဲတွင် ၎င်းတို့၏သမိုင်းဝင်ပါဝင်ခဲ့ကြမှုအတွက် မြန်မာနိုင်ငံသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်မံပြောကြားပါသည်။ တပ်မတော်နှင့် နိုင်ငံအတွင်းရှိအခြားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးအနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းကြပါရန် တိုက်တွန်းပါသည်။ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန်အလို့ငှာ မည်သို့သောကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို မိမိတို့ ဆန့်ကျင်ကန့်ကွက်ပါသည်။ မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းမှု နှင့် အားလုံးပါဝင်သော သာယာဝပြောမှုအတွက်ရှေ့ရှုလုပ်ဆောင်နေကြသူအားလုံးကို မိမိတို့ အားပေးထောက်ခံ ပါသည်။

သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏သံရုံးများ - ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင် - ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနှင့် နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးများ

Ref: US Embassy Rangoon

"ရွေးကောက်ပွဲရလဒ် ပြောင်းသွားအောင် အင်အားသုံးမခြိမ်းခြောက်ဖို့ တပ်မတော်ကို အမေရိကန် သတိပေး"နိုဝင်ဘာလက မြန်မာနိုင်ငံမှာ က...
29/01/2021

"ရွေးကောက်ပွဲရလဒ် ပြောင်းသွားအောင် အင်အားသုံးမခြိမ်းခြောက်ဖို့ တပ်မတော်ကို အမေရိကန် သတိပေး"

နိုဝင်ဘာလက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပစ်ဖို့အတွက်မြန်မာစစ်တပ်ကအင်အားသုံး ခြိမ်းခြောက်ဖို့ ကြိုးစားတာ မှန်သမျှ အမေရိကန်ပြည်ထောင်စုက လက်ခံမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူက သဘောထားရှင်းလင်း ပြောဆိုလိုက်ပါတယ်။

ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ဘူးလို့ အတိုင်ပင်ခံပြော================ဇန်နဝါရီလ(၂၈)ရက်၊ ၂၀၂၁။ပြည်သူမပါဘဲနဲ့ ဘာမှမအောင...
28/01/2021

ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ဘူးလို့ အတိုင်ပင်ခံပြော
================
ဇန်နဝါရီလ(၂၈)ရက်၊ ၂၀၂၁။

ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက်ပါတယ်။

ကိုဗစ်နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဇန်နဝါရီလ (၂၈) ရက်နေ့ ညပိုင်းမိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့တာပါ။

“ကျွန်မတို့ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုဒီအထိ တစ်ဆင့်ပြီးတစ်ဆင့်ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ ပြည်သူသာအဓိကဆိုတာ ထပ်တလဲလဲပြောပါတယ်။ ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ပါဘူး။”လို့ အတိုင်ပင်ခံက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အချိန်မှာ သုံးပုံ တစ်ပုံလောက်ဟာ ဘေးထွက်ဆိုးကျိုးအနည်းငယ် ဖြစ်တတ်ပြီး (၁၂) နာရီ အကြာလောက်မှာ ပျောက်သွားတာကို တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ပတ်သက်လို့ အခုအချိန်ထိ စုစုပေါင်း ကျပ်ဘီလီယံ (၂၆၀၀) ကျော်အသုံးပြုထားပြီး လိုအပ်သလို ထပ်သုံးသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။

ဇန်နဝါရီလ(၂၈)ရက်နေ့ညပိုင်းအထိ ကြေညာချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ တစ်သိန်းလေးသောင်းနီးပါးရှိနေပြီး အဲဒီထဲမှာ ဆေးရုံကဆင်းခွင့်ရသူ တစ်သိန်းနှစ်သောင်းကျော်နဲ့ သေဆုံးသူ သုံးထောင်ကျော်ရှိနေပါတယ်။

သတင်းနဲ့ဓာတ်ပုံ O media

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံး စတင်ထိုးနှံခဲ့သည့် သူနာပြုအုပ်ကြီး ဆရာမကြီး ဒေါ်သက်သက်သိန်း အတွက် ...
27/01/2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံး စတင်ထိုးနှံခဲ့သည့် သူနာပြုအုပ်ကြီး ဆရာမကြီး ဒေါ်သက်သက်သိန်း အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မှတ်တမ်းတင်အပ်ပါသည်။



#ရန်ကုန်တိုင်းဒေသကြီး

အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း တပ်မတော်ပြော တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း တပ်မတော်သတင်းမှန...
26/01/2021

အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း တပ်မတော်ပြော

တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းဌာနတစ်ခုက တပ်မတော်အနေနဲ့ အာဏာသိမ်းဖို့မရှိဘူးလို့မှတ်ယူလို့ရမလားလို့ မေးမြန်းချက်ကို ၎င်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"မရပါဘူး။ ကျွန်တော်ပြောတဲ့အထဲမှာပါပြီးသားဖြစ်တယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမည်ဖြစ်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
တပ်မတော်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေမှာ မဲမသမာမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပေးရန် တောင်းဆိုလိုက်ပြီး လက်ရှိ မြို့နယ် ၃၀၀ ကျော်မှ မဲစာရင်းများကို စိစစ်သည့်အခါ မဲမသမာမှု ၈ သန်း ၆ သိန်းကျော် စိစစ်တွေ့ရှိရကြောင်းလည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အရေးပေါ်အခြေအနေပေါ်ပေါက်ရင် သမ္မတအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးခေါ်ယူပြီး နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်နိုင်ပါတယ်။ ဒါပေမဲ့ သမ္မတက သဘောမတူရင်တော့ အာဏာသိမ်းလို့မရဘဲ အဲဒီကြားက အာဏာသိမ်းမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး ၁၉၆၂၊ ၁၉၈၈ ခုနှစ်ကလို အာဏာသိမ်းတဲ့ဖြစ်စဉ်လို ဖြစ်သွားမယ်လို့ ဥပဒေပညာရှင်ဦးကြီးမြင့်က ထောက်ပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ-Ye Myo Khant/MPA
သတင်းနဲ့ ဓာတ်ပုံ: ဘီဘီစီ မြန်မာပိုင်း

ပြည်တွင်းအသက်အာမခံကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံကုမ္ပဏီတစ်ခု လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထပ်မံခွင့်ပြုမည်ဖြစ်၍ နိုင်င...
26/01/2021

ပြည်တွင်းအသက်အာမခံကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံကုမ္ပဏီတစ်ခု လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထပ်မံခွင့်ပြုမည်ဖြစ်၍ နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုအဆိုပြုလွှာ (Eol) ခေါ်ယူ

ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့် အဆင့်လိုက် အလုပ်အကိုင်များ
26/01/2021

ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့် အဆင့်လိုက် အလုပ်အကိုင်များ

ဂျပန်အစိုးရက ​​ထောက်ပံ့တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မြန်မာဘက်ကိုလွှဲပြောင်းဇန်နဝါရီ ၂၆။ ၂၀၂၁။ဂျပန်အစိုးရက ​ထောက်ပံ့တဲ့ဆေး...
26/01/2021

ဂျပန်အစိုးရက ​​ထောက်ပံ့တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မြန်မာဘက်ကိုလွှဲပြောင်း

ဇန်နဝါရီ ၂၆။ ၂၀၂၁။

ဂျပန်အစိုးရက ​ထောက်ပံ့တဲ့ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာတွေ ဇန်နဝါရီလ ၂၅ ရက်နေ့ကမြန်မာနိုင်ငံကိုလွှဲပြောင်းပေးခဲ့တယ်လို့ ဂျပန်သံရုံးကထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကာကွယ် ကုသ ထိန်းချုပ်ဖို့ ကန်ဒေါ်လာ ၅.၁၈ သန်းတန်ဖိုးရှိတဲ့ဂျပန်နိုင်ငံရဲ့ အထောက်အပံ့စီမံကိန်းအရ ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services, UNOPS) နဲ့ ပူးပေါင်း ဝယ်ယူထားတဲ့ ဆေးဘက်ဆိုင်ရာစက် ပစ္စည်းကိရိယာတွေကိုလွှဲပြောင်းပေးခဲ့တာပါ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုအထောက်အပံ့ပေးရေးဌာနကသံမှူး Mr. TAKIMI Kazuyuki ကနေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနလွှဲပြောင်းပေး အပ်ခဲ့တယ်လို့ သိရပါတယ်။

လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာတွေကတော့Medical Waste Disposal Equipment ၁၀ လုံး၊ centrifuges ၃ လုံးနဲ့Autoclave ၄ လုံးဖြစ်ပြီး မြန်မာ နိုင်ငံအမျိုးသားကျန်းမာ‌ရေးဓာတ်ခွဲခန်းနဲ့မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင် ရာဌာနနဲ့ ပြည်သူ့ဆေးရုံကြီးများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။

အထောက်အပံ့စီမံကိန်းအရ PCR စက်များ၊ PCR နည်းပညာနဲ့ စစ်ဆေးမှုအတွက် လက်ပ်တော့ကွန်ပျူတာများ၊ PCR Test Kits၊ RNA extraction kits နဲ့ molecular biological grade ethanol ကဲ့သို့သော ဓာတ်ခွဲပစ္စည်းများ (Reagents) ၊ အထူးကြပ်မတ်ကုသဆောင် (ICU Facilities) များအတွက် power supply units နဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံအတွက် generator တွေကို
အမျိုးသားကျန်းမာရေးဓာတ်ခွဲ ခန်းနဲ့ ပြည်သူ့ဆေးရုံကြီးတွေကို လွှဲပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထောက်အပံ့စီမံကိန်း အရ လူနာတင်ယာဥ်တွေTest Kits၊ mobile X-Ray၊ Medical Monitor နဲ့ Pulse oximeterတို့ကို ဆက်လက် ဝယ်ယူသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရကို ဆက်တိုက် လွှဲပြောင်း ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒို့ခေတ် စာမျက်နှာ

၂၀၂၁ ခုနှစ် ဇန်နဝါရီလ CEO မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ၏ “နဂါးခေါင်းအလှည့် ပထဝီစီးပွားရေး...
26/01/2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလ CEO မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ၏ “နဂါးခေါင်းအလှည့် ပထဝီစီးပွားရေး” ဆောင်းပါး

၂၀၂၀ အလွန်

၂၀၂၀ ပြည့်နှစ်ကတော့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး မျက်နှာစာမှာ အပြောင်းအလဲများစွာ ရှိခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ တရုတ်-အမေရိကန် ကုန်သွယ်ရေး တင်းမာမှု ပြင်းထန်လာခြင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခဲ့ခြင်း စတဲ့အခြေအနေတွေက ကမ္ဘာ့စီးပွားရေးကို အကျဘက်ဆွဲခေါ်သွားခဲ့ပြီး နိုင်ငံအများစုဟာ မိမိတို့နိုင်ငံရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြင်းအထန်ကုစား ဆောင်ရွက်ခဲ့ ကြရပါတယ်။ အပြုသဘောဆောင်တဲ့ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ ညီချက် (Regional Comprehensive Economic Partnership-RCEP) လက်မှတ်ရေးထိုးနိုင်ခဲ့ ခြင်းကလည်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုချက်ကို ပြန်လည်အားကောင်းလာစေပြီး COVID-19 အလွန် စီးပွားရေးပြန်လည် ထူထောင်မှု အတွက် အထောက်အပံ့ ဖြစ်စေမယ်လို့လည်း မျှော်လင့်ရပါတယ်။ နိုင်ငံရေးမျက်နှာစာကို ပြန်ကြည့်လိုက်ရင် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှု၊ ဂျပန်ဝန်ကြီးချုပ် အပြောင်းအလဲနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် ပါတီက သမ္မတလောင်း ဂျိုးဘိုင်ဒင် ရွေးချယ်ခံ ရမှုတွေဟာလည်း ပထဝီနိုင်ငံရေး မျက်နှာစာမှာ စိတ်ဝင်စားဘွယ်ရာ မျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ထူးခြားမှုကတော့ ၂၁ ရာစုရဲ့ တတိယဆယ်စုနှစ်အတွက် အပြင်အဆင်တွေကို ၂၀၂၀ အတွင်းမှာ နိုင်ငံအများစုက ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ RCEP သဘောတူညီချက် အတွင်းက အိန္ဒိယ ထွက်ခွာသွားခြင်းဟာ တတိယဆယ်စုနှစ်အတွက် ၎င်းတို့ရဲ့ မဟာဗျူဟာ အခင်းအကျင်းအတွက် ခြေလှမ်းပြင်လိုက်ခြင်းလည်း ဖြစ်ဘွယ်ရှိပါတယ်။ ၂၀၂၁ ခုနှစ်ကစပြီး အင်အားကြီး နိုင်ငံများရဲ့ လှုပ်ရှားမှုတွေဟာ ပထဝီနိုင်ငံရေးဘက်ကို ပိုမိုဦးတည်ဘွယ်ရှိနေပြီး ၎င်းအတွက် ချဉ်းကပ်မှုမှာ ပထဝီစီးပွားရေး အပြင်အဆင်က အခရာဖြစ်လာမယ်လို့လည်း သုံးသပ်ရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေနဲ့ ပြင်ဆင်မှုတွေက ဖွံ့ဖြိုး တိုးတက်မှုအတွက် စီးပွားရေးနည်းဗျူဟာ မျိုးစုံဖြန့်ခင်းပြီး မူလနိုင်ငံရေး ရည်မှန်းချက်ကို ရောက်အောင် တွန်းတွန်းတိုက်တိုက် လုပ်ဘွယ်ရှိတယ်လို့လည်း အထင်အရှား တွေ့မြင်နေရပါ တယ်။

၂၀၂၁ ၊ ၂၀၃၅ ၊ ၂၀၄၉

တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင် သမ္မတ တာဝန်စတင်ယူချိန်ကစပြီး ၂၁ ရာစု ပိုးလမ်းမ အစီအစဉ်နဲ့ တရုတ်နိုင်ငံရဲ့ ဩဇာဖြန့်ကျက်မှုကို စတင်လိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မျှော်မှန်းချက်တွေကို ကာလသတ်မှတ်ချက် တိတိကျကျထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်လာတာကိုလည်း တွေ့ရပါတယ်။ ကာလအလိုက် ရည်မှန်းချက်တွေကို ပြန်သုံးသပ်ကြည့်ရင် ၁၉၂၁ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ သက်တမ်းနှစ်တစ်ရာ ပြည့်မြောက်မယ့် ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံဟာ သင့်တင့်တဲ့ ကြွယ်ဝမှုရှိသော လူ့ဘောင် အဖွဲ့အစည်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်စေရမယ်လို့ ကြွေးကြော်ခဲ့တာတွေ့ရပါတယ်။ ထပ်မံပြီး နိုင်ငံ ထူထောင်တဲ့ နှစ်တစ်ရာပြည့်ဖြစ်တဲ့ ၂၀၄၉ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ချမ်းသာကြွယ်ဝတဲ့၊ ယဉ်ကျေးမှုတိုးတက်တဲ့ ၊ စည်းဝါးညီ ခေတ်မီ ဆိုရှယ်လစ်နိုင်ငံတစ်ခု ဖြစ်စေရမယ်လို့လည်း ထုတ်ဖော်ကြေညာခဲ့တာ တွေ့ရပြန်ပါတယ်။ ပိုမို ထူးခြားတာကတော့ ၂၀၂၁ နဲ့ ၂၀၄၉ ရဲ့ ကြားကာလဖြစ်တဲ့ ၂၀၃၅ ရည်မှန်းချက်နဲ့ အခင်းအကျင်း တွေကို ပြင်ဆင်ချမှတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ ရက်က ၂၉ ရက်အထိ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ ၅ ကြိမ်မြောက် စုံညီအစည်းအဝေးက တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကို ချမှတ်ခဲ့သလို သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂၀၃၅ ခုနှစ်အထိ လျာထားတဲ့ ကာလရှည် ရည်မှန်းချက်များ (Long-Range Objectives through the Year 2035) ကို အတည်ပြုခဲ့ပါတယ်။ ၎င်းက တရုတ်ပြည်ရဲ့ ၂၀၃၅ ခုနှစ် မျှော်မှန်းချက်တွေရဲ့ နှလုံးသည်းပွတ်ဆီသို့ ချီတက်ရာလမ်းကြောင်းကို ဘယ်အရာကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ “ဆိုရှယ်လစ်ခေတ်မီရေး အခြေခံ” လို့ ဖော်ညွှန်းတဲ့ ၂၀၃၅ ခုနှစ် မျှော်မှန်းချက်တွေထဲမှာ နောင် ၁၅ နှစ်အတွင်း တရုတ်နိုင်ငံဟာ ကြွယ်ဝသော၊ စိမ်းလန်းသော ၊ မျှတသော၊ ခန့်ညားလောက်သော စီးပွားရေးအင်အားကြီးနိုင်ငံ တစ်ခုဖြစ်လာပြီး အမေရိကန် နိုင်ငံရဲ့ ကမ္ဘာ့ထိပ်ဆုံးစီးပွားရေးနေရာကို အစားထိုးရယူသွားမယ်လို့လည်း ဆိုပါတယ်။ တရုတ် နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေဟာ ၂၀၂၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၄၀၀၀ အထိ ရောက်ရှိလာပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအရွယ်အစားဟာ ၂၀၃၂ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ကျော်တက်သွား မယ်လို့လည်း တွက်ချက်ထားပါတယ်။

၂၀၂၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့ ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ပထမ ဆုံး စတင်အသုံးပြုတဲ့ စကားလုံးကတော့ “ဒွန်တွဲလည်ပတ်မှု မဟာဗျူဟာ (Dual Circulation Strategy)” ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါ တယ်။ ပြည်တွင်းလည်ပတ်မှု (Internal Circulation) နဲ့ ပြည်ပလည်ပတ်မှု(External Circulation) ဆိုတဲ့ လည်ပတ်မှုနှစ်ခုကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ပြည်တွင်းလည်ပတ်မှုက တရုတ်နိုင်ငံသား တွေရဲ့ မိသားစုဝင်ငွေနဲ့ စားသုံးမှုနှုန်းထား မြင့်မားရေးကို ဦးတည်သွားဘို့ဖြစ်ပြီး ပြည်ပလည်ပတ်မှုဆိုတဲ့ အစီအစဉ်က ကုန်သွယ်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုစီးဝင်ရေးအတွက် ဦးတည်ဆောင်ရွက်မယ်လို့လည်း ပြင်ဆင်ထားပါ တယ်။

အဆိုပါ ဒွန်တွဲလည်ပတ်မှု မဟာဗျူဟာကို တရုတ်အစိုးရက ၂၀၂၁ မှ ၂၀၂၅ အထိ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းရဲ့ သော့ချက်ဦးစားပေး မဟာဗျူဟာတစ်ခုအဖြစ် ချမှတ်ထားပါတယ်။ ဒွန်တွဲလည်ပတ်မှု မဟာဗျူဟာအရ တရုတ်နိုင်ငံ အနေနဲ့ ပြည်ပပို့ကုန်အပေါ် အမှီပြုနေရတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်း ရင်း ကိုယ်ပိုင်ဖူလုံမှုရရှိအောင် ဆောင်ရွက်နိုင်ရေးကို ထိန်းညှိသွားမယ်လို့ လည်း ဆိုပါတယ်။ ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း အပြင်အဆင်နဲ့ တရုတ်နိုင်ငံရဲ့ ၂၀၃၅ မျှော်မှန်းချက် အခင်းအကျင်း တွေကို သုံးသပ်လိုက်ရင် ရှီကျင့်ဖျင်အနေနဲ့ ၂၀၃၅ ခုနှစ်အထိ သမ္မတတာဝန် ဆက်လက် ထမ်းဆောင်သွားဘွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒီလို ထမ်းဆောင်နိုင်ဘို့အတွက် တရုတ်နိုင်ငံ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်မှာပါတဲ့ သမ္မတ တစ်ဦးဟာ သမ္မတသက်တမ်း နှစ်ကြိမ် ထက် ပိုမိုထမ်းဆောင်ခွင့် မရှိတဲ့ ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်ပြီး ဖြစ်ပါတယ်။

မော်စီတုံးနဲ့ ရှီကျင့်ဖျင်

တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အဆက်ဆက်မှာ မော်စီတုံးပြီးရင် တန်ခိုးအထွားဆုံး ပုဂ္ဂိုလ် ဟာ သမ္မတရှီကျင့်ဖျင် ဖြစ်တယ်လို့ အားလုံးက သတ်မှတ်ထားကြပါတယ်။ ရှီကျင့်ဖျင် ကိုယ်တိုင် ကလည်း မော်စီတုံးကို အလေးအနက်ထားတာကို တွေ့ရပြီး မော်စီတုံးရဲ့ ဒဏ္ဏာရီတွေက ရှီကျင့်ဖျင်အပေါ်မှာ သက်ရောက်မှု အများအပြား ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။

တရုတ်ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ ကိန်းဂဏန်းနဲ့ သက်ဆိုင်တဲ့ အစွဲအလမ်းတွေနဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ကြပါတယ်။ မော်စီတုံးက ၈၃၄၁ ဂဏန်းကို နှစ်သက်ခဲ့ပါတယ်။ ယုံကြည်မှု ကြီးမားသူတွေကတော့ ၈၃၄၁ ဂဏန်းဟာ မော်စီတုံးကိုယ်တိုင် ကြိုတင်တွက်ချက် ယုံကြည်ခဲ့တဲ့ ဂဏန်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ၈၃၄၁ ဂဏန်းဟာ မော်စီတုံး ငယ်စဉ်က တော်လှန်ရေး ကာလအတွင်း ၎င်းကိုင်ဆောင်ခဲ့တဲ့ သေနတ်နံပါတ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မော်စီတုံး ကိုယ်တိုင်က ၈၃၄၁ တပ်ဖွဲ့မှာ ခေါင်းဆောင်ဖြစ်ခဲ့ပြန်ပါသေးတယ်။ ၎င်း အာဏာရပြီးနောက်ပိုင်း မှာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း လုံခြုံရေးကို အနီးကပ် တာဝန်ယူ ပေးရတဲ့ တပ်ရင်းအမှတ် ကိုလည်း ၈၃၄၁ လို့ သတ်မှတ်ခဲ့ပြန်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် မော်စီတုံးဟာ တရုတ်ပြက္ခဒိန် အရ အသက် ၈၃ နှစ် ၊ ၎င်းအာဏာရတဲ့ သက်တမ်း ၄၁ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မော်စီတုံးရဲ့ ဂဏန်းကို အလေးအနက်ထားတဲ့ အနေနဲ့ ၁၉၉၃ ခုနှစ်က မော်စီတုံး မွေးနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက လွှတ်တင်ခဲ့တဲ့ ဂြိုလ်တု အတွင်းမှာ ၈၃၄၁ ဆိုတဲ့ဂဏန်းကို ရွှေပြားပေါ် ထွင်းဖောက်ရေးသားပြီး ထည့်သွင်းပေးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ၂၀၃၅ မျှော်မှန်းချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အချို့မီဒီယာတွေက ၂၀၃၅ ကို ရှီကျင့်ဖျင်ရဲ့ ဂဏန်းလို့ ဖော်ညွှန်းလာကြပါတယ်။ ရှီကျင့်ဖျင်ဟာ တရုတ်ခေါင်းဆောင် ပိုင်း လုံခြုံရေးတပ်ရင်း ၈၃၄၁ စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၅၃ ခုနှစ် ဇွန်လမှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၃၅ ခုနှစ်မှာ ၎င်းရဲ့အသက်ဟာလည်း တရုတ်ပြက္ခဒိန်အရ ၈၃ နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။ တရုတ် ခေါင်းဆောင်အနေနဲ့ အစွဲအလမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းရဲ့ အစီအမံနဲ့ အပြင်အဆင် တွေကတော့ တရုတ်ပြည်ဆက်လက် ချီတက်မယ့် လမ်းကြောင်းကို နှစ်ကာလ ကန့်သတ်ချက် အတိအကျနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ပြထားပြီး ဖြစ်ပါတယ်။

RCEP နဲ့ TPP

၂၀၁၂ ခုနှစ်က စတင်ခဲ့တဲ့ RCEP ညှိနှိုင်းမှုဟာ ၈ နှစ်လောက် အချိန်ယူခဲ့ပြီး ဒီနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံနဲ့ မိတ်ဖက် ဖြစ်တဲ့ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ် စုစုပေါင်း ၁၅ နိုင်ငံက သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ RCEP ဟာ ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ပို့ကုန်ရဲ့ ၂၈ ရာခိုင်နှုန်းကို လွှမ်းခြုံထားပါတယ်။ ဒါပေမယ့် RCEP အတွင်း ပြန်လည်ခွဲခြမ်းစိတ်ဖြာကြည့်ရင် တရုတ်နိုင်ငံက လူဦးရေအရ ၆၄ ရာခိုင်နှုန်းနဲ့ ဂျီဒီပီအရ ၅၅ ရာခိုင်နှုန်း ပါဝင်နေတာကိုလည်း တွေ့ရပြန်ပါတယ်။ မူဝါဒအရ RCEP ဟာ အာဆီယံဗဟိုချက် (ASEAN Centrality) ဖြစ်သော်ငြားလည်း အနေအထားအရ တရုတ်ရဲ့ ထုထည်က အခရာဖြစ်တာ ကိုလည်း တွေ့ရပါတယ်။

တကယ်တော့ RCEP မပေါ်မီကတည်းက အမေရိကန် ဦးဆောင်တဲ့ ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှု (Trans-Pacific Partnership-TPP) ဆိုတဲ့ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ကို ၂၀၀၈ ခုနှစ်မှာ စတင်ညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။ TPP မှာ အာဆီယံထဲက ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်တို့အပြင် ဒေသတွင်းက ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နဲ့ အမေရိကတိုက်က ကနေဒါ၊ ချီလီ၊ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ခဲ့ကြတာ ဖြစ်ပါ တယ်။ အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ အဓိကကျနေတဲ့ RCEP ကို တုန့်ပြန်နိုင်ဘို့ TPP ညှိနှိုင်းမှုတွေကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ထရန့် အာဏာရပြီးတဲ့နောက်ပိုင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန် နိုင်ငံက TPP က နုတ်ထွက်သွားတဲ့အတွက် TPP အားပျော့သွားခဲ့ပြီး RCEP က ပိုမိုအားကောင်း လာခဲ့ပါတယ်။ အမေရိကန် ထွက်သွားပြီးနောက်ပိုင်းမှာ TPP ကို Comprehensive and Progressive Agreement for Trans-Pacific Partnership-CPTPP လို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး သဘောတူစာချုပ်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က အသက်ဝင် ခဲ့ပါတယ်။ TPP က အမေရိကန် နုတ်ထွက်သွားပြီး ထရန့်ရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒတွေကြောင့် RCEP နိုင်ငံတွေအနေနဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဟာ ပိုမို အရေးကြီးလာကြောင်း သိမြင်ခဲ့ကြပြီး ညှိနှိုင်းမှု ပိုမိုအားကောင်း မြန်ဆန်လာခဲ့တာလည်း တွေ့ရပါတယ်။

RCEP မှာ တရုတ်ရဲ့ ထုထည်ကြီးမားနေပေမယ့် လေ့လာမှုအချို့ကတော့ တရုတ်နဲ့ အမေရိကန်အကြားမှာ ဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးတင်းမာမှုက တရုတ်နိုင်ငံအပေါ် ဆိုးကျိုး သက်ရောက်မှုကို RCEP က ဆောင်ကြဉ်းပေးမယ့် အကျိုးရလဒ်တွေက သိသာစွာ ကုစားပေးနိုင် ဘွယ်မရှိဘူးလို့လည်း ဆိုပါတယ်။ ပညာရှင်အချို့ရဲ့ သုံးသပ်ချက်အရ RCEP ရဲ့ အကျိုးကြောင့် တရုတ်နိုင်ငံ ဂျီဒီပီဟာ ၂၀၃၀ ခုနှစ်မှာ ၀.၈ ရာခိုင်နှုန်း တိုးတက်လာဘွယ်ရှိပေမယ့် ကုန်သွယ်မှု စစ်ပွဲကြောင့် တရုတ်ဂျီဒီပီအပေါ် ၀.၃၂ ရာခိုင်နှုန်း ထိခိုက်စေလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက နှောင့်နှေးနေခဲ့တဲ့ တရုတ်-ဂျပန်-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်က RCEP ရလဒ်ကြောင့် သီးခြားထပ်မံညှိနှိုင်းစရာ မလိုဘဲ အစီအစဉ် ပြီးမြောက်သွားတဲ့သဘော တွေ့ရပြန်ပါတယ်။ အဆိုပါ သုံးနိုင်ငံအကြား စီးပွားရေး အကျိုးအမြတ် ဖြန့်ဝေမှု ပိုမိုအားကောင်းလာဘွယ်လည်း ရှိပါတယ်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုမှာ လက်ရှိအခြေအနေအရ ကုန်စည်များရဲ့ ၈ ရာခိုင်နှုန်းသာ အကောက်ခွန်ကင်းလွတ်ခွင့် ရနေရာက RCEP အသက်ဝင်သွားချိန်မှာ ၈၆ ရာခိုင် နှုန်းအထိ ကင်းလွတ်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ အထူးအားဖြင့် ဂျပန်နိုင်ငံက မော်တော်ယာဉ် အပိုပစ္စည်းထုတ်လုပ်သူတွေအတွက် ဈေးကွက်အကြီးကြီး ရသွားမှာဖြစ်ကြောင်းလည်း သုံးသပ် တွေ့ရှိရပါတယ်။ အဖွဲ့ဝင် နိုင်ငံများအတွင်း ဖွံ့ဖြိုးမှုကွာဟနေပေမယ့် RCEP ကတော့ ဒေသတွင်း ပထဝီစီးပွားရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာမှာ ဖြစ်ပါတယ်။

နဂါးခေါင်းအလှည့်
တရုတ်နိုင်ငံဟာ ၎င်းရဲ့ အရှိန်အဝါ ဖြန့်ကျက်မှုကို နိုင်ငံရေးထက် စီးပွားရေးကစားကွက် ကို ဦးစားပေးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂနဲ့လည်း လွတ်လပ်သော ကုန်သွယ်မှုစာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းနေတာရှိသလို အပျော့ထည်အင်အားဖြစ်တဲ့ ကုန်သွယ်မှု၊
ဝန်ဆောင်မှုတွေနဲ့ ဖြန့်ကျက်နေတာကိုလည်း တွေ့ရပါတယ်။

နိုင်ငံအများစုအတွက် တရုတ် နိုင်ငံဟာ လစ်လျူရှုဘို့ ခက်ခဲတဲ့ ဈေးကွက်ကြီးဖြစ်နေပြန်ပါတယ်။ တစ်ဖက်က ရပ်ဝန်းနဲ့ ပိုးလမ်းမ အစီအစဉ် (Belt & Road Initiative) နဲ့ ဒေသတွင်း ဆက်စပ်မှုကို အမာထည်ဖြစ်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ မြှင့်တင်ဘို့ ကြိုးစားနေရင်း တစ်ဖက်ကလည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် ပူးပေါင်းဆောင်ရွက်မှု စတဲ့ အပျော့ထည်တွေနဲ့လည်း ချဉ်းကပ်နေတာတွေ့ရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ အမေရိကန်ဒေါ်လာရဲ့ လွှမ်းမိုးမှုကို ဒီဂျစ်တယ်ငွေကြေး အပါအဝင် နည်းလမ်း မျိုးစုံနဲ့ တွန်းလှန်ဘို့ ပြင်ဆင်နေတာကလည်း စိတ်ဝင်စားဘွယ် ကောင်းပါတယ်။ ပိုပြီး ထူးခြားတာက ရှီကျင့်ဖျင်က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံအနေနဲ့ TPP မှာ ပါဝင်ဘို့ စဉ်းစားသွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာရှ-ပစိဖိတ်ဒေသကို လွတ်လပ်သော ကုန်သွယ်မှု ဒေသကြီးအဖြစ် ဆောင်ရွက်ရာမှာ ပါဝင်နိုင်ဘို့လို့လည်း ဆိုပါတယ်။ တရုတ်ရဲ့ ကြေညာချက်ကို လတ်တလော တရုတ်နဲ့ ကုန်သွယ်ရေး တင်းမာမှုဖြစ်နေတဲ့ ဩစတြေးလျက ကြိုဆိုလိုက်ပါတယ်။ TPP ဟာ RCEP နဲ့ အခြေအနေမတူဘဲ အသက်ဝင်နေပြီဖြစ်တဲ့ သဘော တူညီချက်တစ်ခု ဖြစ်တဲ့အတွက် အကယ်၍ တရုတ်နိုင်ငံ ပါဝင်လာမယ်ဆိုရင် TPP ရဲ့ ထိရောက်မှု အခန်းကဏ္ဍက RCEP ထက် ပိုရှေ့ရောက်သွားမှာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ TPP ရဲ့ ကနဦးပဲ့ကိုင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင် TPP ဘက်ကို ခြေဦး ပြန်မလှည့်ခင်မှာ လက်ဦးမှုရယူနိုင်ဘို့ ပြင်ဆင်တာလည်း ဖြစ်နိုင်ပါတယ်။ ၂၁ ရာစုလွန် တတိယ ဆယ်စုနှစ်အဝင်မှာ ဖြစ်ပေါ်လာမယ့် နဂါးခေါင်းအလှည့်ဟာ ပထဝီစီးပွားရေး အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။
Credit:
အောင်နိုင်ဦး (မန္တလေး)

Address


Website

Alerts

Be the first to know and let us send you an email when အိမ်လွမ်းသူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share