𝗩𝗶𝗹𝗹𝗮𝗴𝗲 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗧𝗲𝗮𝗺-𝗬𝗲 𝗨

  • Home
  • 𝗩𝗶𝗹𝗹𝗮𝗴𝗲 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗧𝗲𝗮𝗺-𝗬𝗲 𝗨

𝗩𝗶𝗹𝗹𝗮𝗴𝗲 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗧𝗲𝗮𝗺-𝗬𝗲 𝗨 ရေဦးမြို့နယ် ကျေးရွာပြည်သူ့လုံခြုံရေး/YeU
ပလဖ(ရေဦး)

အရေးတော်ပုံ အောင်ကိုအောင်ရမည်

12/11/2023
31/10/2023

🔺 ရေဦး 🔺 (Update)

🛑အောက်တိုဘာ၊၃၀ရက်နေ့မနက်ပိုင်း ဒီပဲယင်းကနေ ရေဦးနယ်အနောက်ခြမ်းရွာတွေဘက်သို့ လက်နက်ကြီးပစ်ခတ်၍ ထပ်မံစစ်ကြောင်းထိုးအကြမ်းဖက်လာတဲ့ အောင်လံအခြေစိုက် ခလရ ၇၁ (ဘီလူးစစ်ကြောင်းမှ ကွန်မန်ဒိုခွေးတပ်သားများ ပါဝင်) သည့် စစ်ခွေးဘီလူးတပ်ဟာ
မစိုးရိမ်ရွာကို ကနဦးဝင်ရောက်ခဲ့ပြီး ထိုရွာဘက်မှတဆင့် မနေ့ကညနေပိုင်းအချိန် မုတ်စီရွာသို့ ဆက်လက်ဝင်ရောက်လာခဲ့ပါတယ် ။

🛑 ဒီပဲယင်းနဲ့ ရေဦးကြား စစ်ခွေးကြောင်းနင်းခဲ့ရာတလျှောက် ကာကွယ်ရေးရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်တာခံခဲ့ရပြီး စစ်ခွေး၂ကောင်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ခွေးများလည်းရှိခဲ့ကြောင်း သိရှိရပါတယ် ၊
ထိခိုက်ဒဏ်ရာရခဲ့တဲ့ ခွေးနာများကို ရေဦးကနေ မုတ်စီရွာဘက်လာကြိုတဲ့ ခွေးကား၄စီးနဲ့ မနေ့ကညနေပိုင်းမှာ သယ်ဆောင်သွားပြီး နောက်ချန်ကျန်ရစ်ခဲ့ကြတဲ့ခွေးကောင်များဟာ မုတ်စီရွာအတွင်း ကျန်ရစ်ခဲ့ကြပါတယ် ။

🛑 မုတ်စီရွာမှာကျန်ရစ်ခဲ့ကြတဲ့ အရိုးကိုက်ခွေးကောင်များမှ မနေ့ကည ၁၀နာရီမိနစ်၃၀လောက်မှာ မစိုးရိမ်ရွာဘက်ကို တိတ်တဆိတ်ထွက်လာပြီး ကျေးရွာနားရောက်ခါနီး လက်နက်ကြီးနဲ့ရော စက်လက်နက်တို့နဲ့ပါ တရစပ်ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပါတယ် ၊
ထိုသို့ပစ်ခတ်စီးနင်းခဲ့ပြီး နယ်မြေခံကာကွယ်ရေးရဲဘော် ၂ဦးနဲ့ အပြစ်မဲ့ပြည်သူ ၂ဦးတို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ် ၊
ယနေ့မနက်ပိုင်း ၅ဦးထက်မနည်း ကျဆုံး​ခဲ့ရကြောင်း အတည်ပြုခဲ့သော်လည်း နေ့ခင်းပိုင်းမှာ Dead Body ၄ခုကိုသာ ရှာဖွေတွေ့ရှိခဲ့ရသောကြောင့် ရဲဘော်၂ဦးအပါအဝင် ၄ဦးသာ ကျဆုံးအတည်ပြုကြောင်း စိတ်မကောင်းစွာဖြင့် ထပ်မံအတည်ပြု တင်ပြအပ်ပါတယ် ။

🛑 ဒီပဲယင်းမြို့နယ်ချုပ်စပ် ရေဦးမြို့နယ်အပိုင် မစိုးရိမ်ရွာသို့ ဝင်ရောက်စီးနင်းခံရမှုမှာ
ဒီပဲယင်းနယ် ပျော်ဘွယ်ရွာမှ ကာကွယ်ရေးရဲဘော် ၂ဦး(တစ်ဦးမှာ ခေါင်းဖြတ်သတ်ထားခဲ့) ၊ အပြစ်မဲ့ပြည်သူ ၁ဦး နှင့် ရေဦးမြို့နယ် မစိုးရိမ်ရွာမှ အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ဦး တို့ကို သတ်ဖြတ်ခဲ့ခြင်းခံခဲ့ရပါတယ် ။

🛑ယနေ့နံနက် မစိုးရိမ်ရွာဘက်မှ အပြစ်မဲ့ပြည်သူ ၄၀နီးပါးခန့်ကိုလည်း အကြမ်းဖက်ခွေးများမှ ဒီပဲယင်း/ကံပြားဘက်သို့ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကို ရောက်ရှိနေပါတယ် ။

🛑 ဘီလူးစစ်ကြောင်းမှ ခွေးတပ်သားများပေါင်းထားတဲ့ ခလရ ၇၁ အကြမ်းဖက်ခွေးတပ်ဟာ ရေဦးမြို့ပေါ် တပ်အထိုင်ချပြီး ခင်ဦး ရွှေဘို ရေဦး ဒီပဲယင်း စသည့်မြို့နယ်များအတွင်းကို စစ်ကြောင်းထိုး မီးရှို့ သတ်ဖြတ်နေကြတဲ့ ခွေးစစ်ကြောင်းဖြစ်ပါတယ် ၊
အောက်တိုဘာ၊၁၈ရက်နေ့မနက် ရေဦးကနေ ဒီပဲယင်းဘက်သို့ စစ်ကြောင်းထိုးကူးပြောင်းခဲ့ပြီး ၁၉ရက်နေ့မှာ ရေဦးအနောက်ခြမ်း မစိုးရိမ်ရွာဘက်ကနေ ဒီပဲယင်းမြို့တွင်းသို့ ဝင်ရောက်တပ်စွဲသွားပါတယ် ၊
၂၁ရက်နေ့မနက်မှာ ဒီပဲယင်းမြို့တွင်းကနေ အနောက်ဘက်ခြမ်းရွာတွေဘက်သို့ တိုက်ပွဲဖြစ်ပွားထားခြင်းမရှိပါပဲ ၂၈ရက်နေ့အထိ ၈ရက်ကြာ စစ်ကြောင်းထိုး၍ ဝဘာရွာမှ ပြည်သူပိုင်နေအိမ် ၇လုံး ၊ စပါးတိုက် ၄လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် သိမ္ဘာရွာ/ဘုတ္ထန်းရွာ/ရှမ်းတောရွာ/ကံပြားရွာ/မင်းတဲကုန်း စသည့်ရွာတို့မှ အပြစ်မဲ့ပြည်သူ ၈ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် ဗိုက်ခွဲ သတ်ဖြတ်ခဲ့ကြပြီး ကျွန်းတော/အုန်းတင်/ကံပြား/ရှမ်းတော/မင်းတဲကုန်း စသည့်ကျေးရွာများမှ အပြစ်မဲ့ပြည်သူ ၂၀ကျော်ကိုလည်း ဒီပဲယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတဲ့ အကြမ်းဖက်စစ်ခွေးတပ်ပဲဖြစ်ပါတယ် ။
(ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူ ၂၀ကျော် ယခုအချိန်အထိ အဆက်သွယ်မရသေးကြောင်း သိရ)

⚠️⚠️ သို့ဖြစ်သောကြောင့် ဒီပဲယင်းမြို့နဲ့ ရေဦးမြို့နယ်ချုပ်စပ်ရှိကျေးရွာများမှ တော်လှန်ရေးအင်အားစုများနဲ့ မိဘပြည်သူများ ညပိုင်းအချိန်များမှာ ပို၍အထူးသတိထားဂရုစိုက်ကြပါရန် အသိပေးတင်ပြအပ်ပါတယ် ။

အားလုံးဘေးကင်းကြပါစေ ရေဦး ဒီပဲယင်း။

မြေပြင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https://t.me/htookhantzaw5
ဝေဟင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https:///aerialintelligence
မြေပြင်/ဝေဟင်သတင်းများ ပေးပို့ရန်-
https://t.me/mothersson122021

#မှတ်ချက်
'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်'

『31.Oct.2023』 11:10 PM
☆𝙋𝘿𝘾☆(ရေဦး)
#အမေ့သား

31/10/2023

စစ်အုပ်စုက မာယာသုံးပြီး ရေဦးနယ် ရွာကို စီးနင်းကာ ရဲဘော်နှစ်ဦးနဲ့ ပြည်သူနှစ်ဦးကို ခေါင်းဖြတ် သတ်၊
ပြည်သူ(၄၀)ကျော် ဓားစာခံ ဖမ်းသွားပြီး ပြန်မလွှတ်သေး၊
အလောင်း (၃၄)လောင်း ရတယ်လို့ စစ်လော်ဘီတွေ သတင်းဖြန့်၊

MN/MFP ၊ အောက်တိုဘာ - ၃၁

စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ ရေဦးနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုဟာ မနေ့က ညပိုင်း ရေဦးနယ် မစိုးရိမ်ကျေးရွာကို တိတ်တဆိတ် စီးနင်းပြီး အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ပြည်သူနှစ်ဦးနဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦး၊ စုစုပေါင်း လေးဦးကို ခေါင်းဖြတ် သတ်သွားတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မစိုးရိမ်ရွာသူ၊ရွာသား (၄၀)ကျော်ကိုလည်း ဖမ်းဆီးကာ လက်နောက်ပြန် ကြိုးတုပ်ပြီး ဓားစာခံ လူစားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ရေဦးမြို့ပေါ်ကို အဝင်အထွက် လုပ်ပြတာ၊ မစိုးရိမ်ရွာထဲ အဝင်အထွက် လုပ်ပြတာမျိုး မာယာသုံးကာ ဒေသခံပြည်သူတွေကို လှည့်ဖျားပြီး ညပိုင်းမှ ရွာကို တိတ်တဆိတ် စီးနင်းကာ လူသတ်၊ လုယက်၊ အကြမ်းဖက်တာလို့ ဒေသခံတွေက ပြောပါတယ်။

“အကြမ်းဖက် (စခ)တပ်ဟာ ယမန်နေ့ ညပိုင်း (၁၀)နာရီခွဲလောက်မှာ မုတ်စီရွာကနေ ကားလမ်းမ တလျှောက် မစိုးရိမ်ရွာဘက်ဆီ တိတ်တဆိတ် ဝင်ရောက်၍ ပစ်ခတ်စီးနင်း ဝင်ရောက်ခဲ့တာကြောင့် ရွာထိပ် ကင်းစောင့်နေတဲ့ တော်လှန်ရေး ရဲဘော် နှစ်ဦးအား လည်လှီး ဖြတ်သတ်ထားခဲ့ပြီး ကျေးရွာအတွင်းကို လက်နက်ကြီး စက်လက်နက်များဖြင့် တရစပ် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ပစ်ခတ်စီးနင်းခဲ့တာကြောင့် မစိုးရိမ်ရွာအတွင်းမှ ပြည်သူအများအပြား ထွက်ပေါက်ပိတ် ဖမ်းဆီးခံရပြီး တချို့မှာ အသတ်ခံရကြောင်းနှင့် ယနေ့ မနက်မှာ ရွာခံပြည်သူများအား လက်ပြန်ကြိုးတုပ် ခေါ်ဆောင်သွားကာ ဒီပဲယင်းမြို့ အရှေ့ဘက် ကံပြားရွာထဲမှာပဲ တပ်စွဲ အထိုင်ချထားကြောင်း သိရှိရပါတယ်”လို့ ရေဦးမြို့နယ် အခြေပြု ဒေသတွင်းသတင်းတွေ ဖော်ပြနေတဲ့ People’s Defense Comrade က ဆိုပါတယ်။

စစ်အုပ်စုဟာ မစိုးရိမ်ရွာ အပါအဝင် ရေဦးနဲ့ ဒီပဲယင်းနယ်စပ်၊ ကားလမ်းဘေးက ရွာတွေကို စီးနင်းလုယက်ကာ ညနေပိုင်းမှာ ပြန်ထွက်သွားတာကြောင့် ပြည်သူတွေ စစ်ပြေးနေရာက အိမ်ပြန်လာချိန် အခုလို ညပိုင်းမှာ ထပ်မံစီးနင်း သတ်ဖြတ်တာလို့ ဆိုပါတယ်။

“မနေ့ညက (၁၀)နာရီလောက်မှာ မုတ်စီရွာမှာ ကျန်ခဲ့တဲ့ စခတွေက ရေဦး-ဒီပဲယင်း ကားလမ်း တလျှောက်ကနေ တိတ်တဆိတ် လာပြီးတော့ မစိုးရိမ်ရွာကို အလစ်အငိုက် ဝင်စီးခံလိုက်ရတာဗျာ။ ကျေးရွာထိပ်မှာ ကင်းစောင့်နေတဲ့ ရဲဘော် လူငယ်လေး နှစ်ဦးကိုလည်း လည်လှီးပြီး သတ်သွားတယ်။ ပြီးမှ ရွာထဲကို ဝင်ပြီးတော့ ပြည်သူတွေ ထွက်ပေါက်ပိတ်အောင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာ။ မထင်မှတ်ထားတဲ့ အချိန်မှာ ဝင်စီး ခံလိုက်ရတာ ဆိုတော့ ပြည်သူတွေ အတော်များများ ဖမ်းဆီးခံလိုက်ရတယ်။ ပြည်သူ သုံးဦးကို ခေါင်းဖြတ် သတ်သွားတယ်။ ကျန်တဲ့ ပြည်သူ (၄၀)ကျော်လောက်ကိုလည်း လက်ပြန်ကြိုးတုပ်ပြီး ဒီနေ့ မနက်မှာ ဒီပဲယင်းဘက်ကို ခေါ်သွားတယ်”လို့ People’s Defense Comrade က ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

စစ်အုပ်စုက ဖမ်းဆီးနှိပ်စက်ပြီး ခေါင်းဖြတ် သတ်သွားသူတွေဟာ တော်လှန်ရေး ရဲဘော်တွေဖြစ်တဲ့ ရဲဘော်ချစ်တိုးနဲ့ ရဲဘော်မှတ်ကြီး၊ ပြည်သူတွေဖြစ်တဲ့ မယဉ်အေးနဲ့ ကိုမောင်မောင် တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဒေသခံပြည်သူနဲ့ တော်လှန်ရေးရဲဘော်တွေကို ခေါင်းဖြတ်သတ်ပြီးနောက် အဲ့ဒီရွာထဲမှာပဲ တစ်ညအိပ် မူးရးသောက်စားကာ မနက်ပိုင်းမှာ ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာ ဖမ်းပြီး ဒီပဲယင်းဘက် ထွက်သွားတာလို့ ဆိုပါတယ်။

မစိုးရိမ်ကျေးရွာဟာ ရေဦးမြို့နယ်ထဲ ပါဝင်ပေမယ့် ဒီပဲယင်းမြို့နဲ့ နှစ်မိုင်ခန့်သာ ကွာဝေးတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုက လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားတဲ့ ဒေသခံပြည်သူ(၄၀)ကျော်ဟာ လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်တာ မရှိသေးဘဲ ဖမ်းဆီးခံရသူတွေအတွက် စိုးရိမ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်လော်ဘီတွေကတော့ မနေ့ညက ရေဦးနယ် မစိုးရိမ်ရွာကို စီးနင်းခဲ့ရာ ရဲဘော်ချစ်တိုး အပါအဝင် အလောင်း (၃၄)လောင်း ရတယ်လို့ သတင်းဖြန့်ထားပါတယ်။

လက်ရှိမှာ စစ်အုပ်စုရန်ကြောင့် မစိုးရိမ်ရွာ အပါအဝင် ပျော်ဘွယ်၊ အောင်သာ၊ မူးဆုံ၊ မုတ်စီ စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၂၁)ကနေ (၃၀)ရက်အထိ ဒီပဲယင်းနယ်ထဲ စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေး ရဲဘော် လေးဦးနဲ့ ဒေသခံပြည်သူ ရှစ်ဦး၊ စုစုပေါင်း (၁၂)ဦးကို ဦးခေါင်းနဲ့ ခန္ဓာကိုယ် ခြေ၊လက်တွေ အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်ခဲ့ပြီး အဖွားအိုတွေထံကနေ နားကပ်တွေ လုယက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီပဲယင်းနယ်က ပြည်သူ (၂၁)ဦးကိုလည်း ဓားစာခံ လူသားဒိုင်းကာ ဖမ်းဆီးသွားပြီး ဒိနေ့အထိ ပြန်မလွှတ် သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလို ဒီပဲယင်းနဲ့ ရေဦးနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုဟာ မန္တလေး နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) လက်အောက်ခံ မကွေးတိုင်း အောက်လံမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခ.လ.ရ(၇၁)က ဖြစ်ပြီး စက်တင်ဘာ လကုန်ပိုင်းကတည်းက ရွှေဘို၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း စတဲ့ မြို့နယ်တွေကို စီးနင်းကာ အကြမ်းဖက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ပေးပို့

31/10/2023

ရေဦးရှိ မစိုးရိမ်ရွာကို စစ်တပ်က ညအချိန် စီးနင်းပြီး PDF ရဲဘော် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ကာ ပြည်သူ အများအပြားကို ဖမ်းဆီးသွား

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ မစိုးရိမ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် စီးနင်းပြီး PDF ရဲဘော် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ကာ ပြည်သူ အများအပြားကို ဖမ်းဆီးသွားကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အစပ်ရှိ မုတ်စီရွာကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မစိုးရိမ်ရွာကို ရုတ်တရက် ဝင်ရောက် စီးနင်းပြီး PDF ရဲဘော် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ကာ ကျေးရွာနေ ပြည်သူ အများအပြားကို ဖမ်းဆီးသွားကြောင်း သိရသည်။

" ညက မုတ်စီရွာကို ရောက်နေတဲ့ စစ်ခွေးတွေကို ရေဦးမြို့ပေါ်ကနေ စစ်ကား ၄ စီးနဲ့ လာခေါ်တယ်။ အဲလို လာခေါ်တော့ စစ်ခွေး စစ်ကြောင်းတွေ ပါသွားတယ်ထင်ပြီး ပြည်သူတွေက အေးဆေးဖြစ်နေတဲ့အချိန် ရုတ်တရက်ကြီး စစ်ခွေးတွေက ရွာကို ဝင်စီးတော့ ထွက်မပြေးနိုင်လိုက်တာလည်းပါတယ်။ PDF ရဲဘော် ၂ ဦးနဲ့ ပြည်သူ ၃ ဦးခန့်ကို စစ်ခွေးတွေ သတ်ဖြတ်သွားတယ်လို့ သိထားရတယ်။ ပြည်သူအများအပြားလည်း ဖမ်းဆီးခံရတယ် အရေအတွက် အတည်မပြုနိုင်သေးဘူး" ဟု ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများအပြားကို ဖမ်းဆီးထားပြီး ဒီပဲယင်းမြို့နယ်ရှိ ကံပြားရွာထဲ၌ ရောက်ရှိနေ​ပြီး ရေဦး-ဒီပဲယင်း နယ်စပ်ရှိ မစိုးရိမ်ရွာ၊ ပျော်ဘွယ်ရွာ၊ အောင်ချမ်းသာရွာ၊ ပင်စီရွာ၊ ခြုံရွာ၊ ကျီကုန်းရွာနှင့် ဇီးကုန်းရွာတို့မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မူဆယ်၊ လားရှိုးတို့တွင် ယခုညပိုင်း တိုက်ပွဲများဖြစ်ပွားနေပြီး နမ္မတူ မြို့နယ်ရှိ ခမရ ၃၂၄ အထိုင်စခန်းနှင့် ကွမ်းလုံမြို့န...
30/10/2023

မူဆယ်၊ လားရှိုးတို့တွင် ယခုညပိုင်း တိုက်ပွဲများဖြစ်ပွားနေပြီး နမ္မတူ မြို့နယ်ရှိ ခမရ ၃၂၄ အထိုင်စခန်းနှင့် ကွမ်းလုံမြို့နယ်၊ ကာမိုင်းစခန်းတို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး၊ လားရှိုးမြို့နယ်တို့တွင် ယနေ့ညပိုင်း တိုက်ပွဲများဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်း မူဆယ် ၁၀၅ မိုင်အနီးရှိ စစ်တပ်အထိုင်စခန်းကို မြောက်ပိုင်းမဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ည ၇ ခွဲလောက်မှာ ချကြတယ်။ အခုတော့ နည်းနည်းငြိမ်နေသလို ကြိုကြားကြား ပစ်ခတ်သံတွေကြားရတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတချို့တွေတော့ မူဆယ်ထဲကနေ ထွက်ဖို့ပြင်နေကြပြီ။ တချို့လည်း မနက်ဖြန်လောက် တရုတ်ပြည်ဘက် ပြေးမလားမသိ။ ကိုယ့်မိတ်ဆွေ လ၀က ဝန်ထမ်းကတော့ ရုံးမတက်တော့ဘူး။ အရပ်ဝတ်နဲ့ပဲ နေတော့တယ်" ဟု မူဆယ်မြို့ခံတစ်ဦးက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်း လားရှိုးမြို့နယ်၊ မြို့ပြင်တွင်လည်း ပစ်ခတ်သံများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း လားရှိုးမြို့ခံများက ပြောဆိုသည်။

"ညတိုင်းတော့ ပစ်နေတာပဲ။ ဒုန်းပစ်တာတော့ မတွေ့ဘူး။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်သံတွေကြားရတယ်။ ၄ ရက်မြောက်ဆိုတော့ နည်းနည်းတော့ နားယဉ်လာပြီ" ဟု လားရှိုးဒေသခံတစ်ဦးက ပြောဆိုသည်။

ယခုည ၁၀ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရောက်ရှိလာသော နောက်ဆုံးသတင်းများအရ နမ္မတူမြို့နယ်အထဲရှိ ခမရ ၃၂၄ အထိုင်စခန်းကို KIA တပ်က သိမ်းပိုက်ရရှိသွားကြောင်း၊ ကွမ်းလုံမြို့နယ်အတွင်းရှိ ကာမိုင်း ဗျူဟာစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

Source - Khit Thit Media

ပလဖ/ရေဦး
30/10/2023

30/10/2023
ကျောက်မဲမြို့နယ်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ကို စိုးရိမ်၍   ထွေ/အုပ်၊ လ၀ကရုံး၊  တရားရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်...
30/10/2023

ကျောက်မဲမြို့နယ်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ကို စိုးရိမ်၍ ထွေ/အုပ်၊ လ၀ကရုံး၊ တရားရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံး၏ ဆိုင်း ဘုတ်များအားလုံးကို ဖြုတ်ချလိုက်ပြီး ရုံးတံခါးများ ပိတ်

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ် ထားသော နောင်ချိုမြို့နှင့် အနီးကပ် ဆုံးတွင် ရှိနေသည့် အတွက် တော် လှန် ရေး တပ်များက လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ထွေ/အုပ်၊ တရား ရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံး၏ ဆိုင်းဘုတ်များအားလုံးကို ဖြုတ်ချလိုက်ပြီး ရုံးတံခါးများပိတ်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

"နောင်ချိုနဲ့ အနီးကပ်ဆုံးမှာရှိနေတော့ ကျောက်မဲမှာ ဌာနဆိုင်ရာ ရုံးအားလုံး ဆိုင်း ဘုတ်တွေ ဖြုတ်ချလိုက်ကြတယ်။ စစ်ကောင်စီ ရုံးတွေမှန်းမသိအောင် ဖြုတ် ချလိုက်တာ။ ထွေ/အုပ်ရုံး၊ လ၀ကရုံး၊ တရားရုံး၊ ခရိုင်တရားရုံး၊ ဆည် မြောင်းရုံး ၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးရုံး မှာရှိတဲ့ ဆိုင်ပုဒ်တွေ ၊ ဗီနိုင်းတွေ အကုန်ခွာချလိုက်ကြပြီ" ဟု ကျောက်မဲမြို့ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကျောက်မဲမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများတွင် အလှည့်ကျ အနည်းဆုံး အင်အားသာ ရုံးတက်ပြီး ရုံးတံခါးများအားလုံးကို ပိတ်ထားကြောင်း၊ ကျောက်မဲ ရဲစခန်းတွင်လည်း ၂၄ နာရီ လုံခြုံရေး ချပြီး ရဲစခန်းတံခါးများ ပိတ်ထားကြောင်း၊ ညအချိန် ဌာနဆိုင်ရာ ရုံးများအားလုံးနှင့် ရဲစခန်းတွင် မီးပိတ်ထားကြောင်း သိရှိရ သည်။

"ရှိသမျှရုံး ဆိုင်းဘုတ်တွေ အကုန်ဖျက်ထားကြတာ။ အသေကြောက်နေကြပြီ။ ကျောက်မဲက Non-CDM သမားတွေ။ ရဲစခန်းကတော့ ရှေ့ပေါက်ပိတ် ထား တာ တွေ့တယ်။ သံဇကားတွေနဲ့ ပတ်ပတ်လည် ကာထားတာ" ဟု ကျောက်မဲ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

Source - Khit Thit Media

ပလဖ/ရေဦး
30/10/2023

30/10/2023
29/10/2023

⚠️ 29.10.2023 တစ်ရက်တာ ရှမ်းပြည်မြောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု စုစည်းတင်ပြချက် ⚠️

🔴 နမ္မတူ 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် တနေရာကို 9:16 Am က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 နမ္မတူ 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် တနေရာကို 9:25 Am က ၂ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 နမ္မတူ 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် တနေရာကို 9:31 Am က ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 နမ္မတူ 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် တနေရာကို 17:08 က ၄ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 11:20 Am က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 11:37 Am က ၂ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 11:53 Am က ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 12:09 Pm က ၄ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 14:03 က ၅ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 14:37 က ၆ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 14:44 က ၇ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 18:42 က ၈ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 19:56 က ၉ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 မုံကိုး 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း မုံကိုးမြို့နယ် တနေရာကို 22:37 က ၁၀ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

🔴 လောက်ကိုင် 🔴

တံတားဦးတက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်နယ် တနေရာကို
11:11Am က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျ ။

🔴 လားရှိုး 🔴

နမ့်စန်လေတပ်တက် ဖိုက်တာ ၁စီးဖြင့်
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တနေရာကို 19:55 က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ။

မြေပြင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https://t.me/htookhantzaw5
ဝေဟင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https:///aerialintelligence
မြေပြင်/ဝေဟင်သတင်းများ ပေးပို့ရန်-
https://t.me/mothersson122021

#မှတ်ချက်
'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်'

『30.Oct.2023』 12:33Am
#𝘼𝙉
☆𝙋𝘿𝘾☆(ရေဦး)
#အမေ့သား

စစ်ဆင်ရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူထားသော စစ်ကောင်စီ တပ်စခန်း ၅၇ ခုအထိရှိလာပြီး စစ်တပ်၏ လက်နက်ခဲယမ...
29/10/2023

စစ်ဆင်ရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူထားသော စစ်ကောင်စီ တပ်စခန်း ၅၇ ခုအထိရှိလာပြီး စစ်တပ်၏ လက်နက်ခဲယမ်းများကို စံချိန်တင် သိမ်းဆည်းရရှိနေ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆငရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က သိမ်းယူထားသော စစ်ကောင်စီတပ်စခန်း ၅၇ ခုအထိရှိလာ ပြီဖြစ် ကြောင်း ကိုးကန့်ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)က ယနေ့အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်အထိ ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး ၊ မူပန် ၊ နမ့်ဆလပ်စသည့်နေရာများရှိ စစ်ကောင်စီ တပ်စခန်း ပေါင်း ၁၁ ခုကို တိုက်ခိုက်သိမ်းယူပြီး စစ်သုံ့ပန် ၁၀ ဦးဖမ်းဆီးရရှိခဲ့ကြောင်း၊ ယခုလက်ရှိ သိမ်းယူနိုင်ခဲ့သော စစ်‌ကောင်စီတပ်စခန်းစုစုပေါင်းမှာ ၅၇ခုရှိခဲ့ ကြောင်း ထုတ်ပြန်သည်။

မုံးကိုးဒေသ
===========
MNDAAက သည် မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ကာ အောက်တိုဘာ ၂၈ ရက်နေ့ ညအချိန်တွင် စစ်တပ်၏ စခန်း ၁ ၊ ၂ ၊ ၃ နေရာ ၃ ခုကိုသိမ်းယူနိုင်ခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်အချိန်တွင် စစ်တပ်၏ စခန်း ၄ ၊ ၅ ၊၆ တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိ မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကိုကိုးကန့် MNDAA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်အချိန် ကိုးကန့် MNDAAက မုံးကိုးခရိုင်၊ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်း၏ မျက်နှာချင်းဆိုင် တောင်ကုန်းတစ်ခုပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက် ကာ တပ်စခန်းကိုသိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့နယ်
============
ယနေ့နံနက် ၄ နာရီ၄၀ မိနစ်မှ ၆ နာရီ ၄၀ မိနစ်အချိန် MNDAAက လားရှိုးအရှေ့ဘက် ကွမ်ယုံပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီ၏ တပ်စခန်း၂ ခုကို ထိုးစစ်တိုက်ခိုက်ကာ ဒရုန်းကိုနှောက်ယှက်စေနိုင်သည့်စက်ပစ္စည်းအချို့နှင့် စစ် ပစ္စည်း အချို့သိမ်းဆည်းရရှိပြီး စစ်သုံ့ပန် ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် MNDAAက မူပန်ရဲစခန်းကိုတိုက်ခိုက် သိမ်းယူခဲ့ပြီး ပီစတို ၄ လက်အပါအဝင် စစ်ပစ္စည်းအချို့သိမ်းရှိရကြောင်း၊ ယနေ့ နံနက် ၉ နာရီမှ ၁၀ နာရီ ၁၅မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မာချီနှောတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့ ကိုးကန့်MNDAA က နမ့်ဆလပ်ရဲစခန်းကိုတိုက်ခိုက်သိမ်းယူခဲ့ကာ မြန်မာငွေ သိန်း(၂၀၀)ကျော်နှင့် အခြား ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ကိုးကန့်‌ဒေသ
============

MNDAAက တုံရှမ်းဒေသ ရန်သက်ရှမ်း တောင်ကုန်းပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့ ၏တပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA ၏ နှစ်ရက်ကြာ အဆက် မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုဖြင့် အဆိုပါတပ်စခန်းကို သိမ်းယူနိုင် ခဲ့ကြောင်း၊ MNDAA က အင်အားအရှိန်အဟုန်ဖြင့် တိုက်ခိုက်မှုကြောင့် အဆိုပါ တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ် ဝတ်ဆင်ပြီး ထွက်ပြေး ကြကြောင်း၊ စစ်သုံ့ပန် ၈ ဦး ကိုဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အအ‌လောင်း ၇ လောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ၁၅ မိနစ်ခန့် အချိန် MNDAAက ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း၊ နောက်သတင်းအချက်အလက်အရ စစ်ကောင်စီတပ်ဖွဲ့၏ စကခ ၁၆ ၏ စကခမှူးသည် ကိုးကန့် MNDAA တို့၏ ထိုးစစ်တိုက်ခိုက်အချိန်အတွင်း သေဆုံးသွားကြောင်း သိရှိရသည်။

Source - Khit Thit Media

ပလဖ/ရေဦး
29/10/2023

စစ်ဆင်ရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူထားသော စစ်ကောင်စီ တပ်စခန်း ၅၇ ခုအထိရှိလာပြီရန်ကုန်၊ အောက်တိုဘာ ...
29/10/2023

စစ်ဆင်ရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူထားသော စစ်ကောင်စီ တပ်စခန်း ၅၇ ခုအထိရှိလာပြီ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆငရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က သိမ်းယူထားသော စစ်ကောင်စီတပ်စခန်း ၅၇ ခုအထိရှိလာ ပြီဖြစ် ကြောင်း ကိုးကန့်ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)က ယနေ့အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်အထိ ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး ၊ မူပန် ၊ နမ့်ဆလပ်စသည့်နေရာများရှိ စစ်ကောင်စီ တပ်စခန်း ပေါင်း ၁၁ ခုကို တိုက်ခိုက်သိမ်းယူပြီး စစ်သုံ့ပန် ၁၀ ဦးဖမ်းဆီးရရှိခဲ့ကြောင်း၊ ယခုလက်ရှိ သိမ်းယူနိုင်ခဲ့သော စစ်‌ကောင်စီတပ်စခန်းစုစုပေါင်းမှာ ၅၇ခုရှိခဲ့ ကြောင်း ထုတ်ပြန်သည်။

မုံးကိုးဒေသ
===========

MNDAAက သည် မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ကာ အောက်တိုဘာ ၂၈ ရက်နေ့ ညအချိန်တွင် စစ်တပ်၏ စခန်း ၁ ၊ ၂ ၊ ၃ နေရာ ၃ ခုကိုသိမ်းယူနိုင်ခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်အချိန်တွင် စစ်တပ်၏ စခန်း ၄ ၊ ၅ ၊၆ တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိ မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကိုကိုးကန့် MNDAA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်အချိန် ကိုးကန့် MNDAAက မုံးကိုးခရိုင်၊ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်း၏ မျက်နှာချင်းဆိုင် တောင်ကုန်းတစ်ခုပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက် ကာ တပ်စခန်းကိုသိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့နယ်
============

ယနေ့နံနက် ၄ နာရီ၄၀ မိနစ်မှ ၆ နာရီ ၄၀ မိနစ်အချိန် MNDAAက လားရှိုးအရှေ့ဘက် ကွမ်ယုံပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီ၏ တပ်စခန်း၂ ခုကို ထိုးစစ်တိုက်ခိုက်ကာ ဒရုန်းကိုနှောက်ယှက်စေနိုင်သည့်စက်ပစ္စည်းအချို့နှင့် စစ် ပစ္စည်း အချို့သိမ်းဆည်းရရှိပြီး စစ်သုံ့ပန် ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် MNDAAက မူပန်ရဲစခန်းကိုတိုက်ခိုက် သိမ်းယူခဲ့ပြီး ပီစတို ၄ လက်အပါအဝင် စစ်ပစ္စည်းအချို့သိမ်းရှိရကြောင်း၊ ယနေ့ နံနက် ၉ နာရီမှ ၁၀ နာရီ ၁၅မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မာချီနှောတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့ ကိုးကန့်MNDAA က နမ့်ဆလပ်ရဲစခန်းကိုတိုက်ခိုက်သိမ်းယူခဲ့ကာ မြန်မာငွေ သိန်း(၂၀၀)ကျော်နှင့် အခြား ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ကိုးကန့်‌ဒေသ
============

MNDAAက တုံရှမ်းဒေသ ရန်သက်ရှမ်း တောင်ကုန်းပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့ ၏တပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA ၏ နှစ်ရက်ကြာ အဆက် မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုဖြင့် အဆိုပါတပ်စခန်းကို သိမ်းယူနိုင် ခဲ့ကြောင်း၊ MNDAA က အင်အားအရှိန်အဟုန်ဖြင့် တိုက်ခိုက်မှုကြောင့် အဆိုပါ တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ် ဝတ်ဆင်ပြီး ထွက်ပြေး ကြကြောင်း၊ စစ်သုံ့ပန် ၈ ဦး ကိုဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အအ‌လောင်း ၇ လောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ၁၅ မိနစ်ခန့် အချိန် MNDAAက ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း၊ နောက်သတင်းအချက်အလက်အရ စစ်ကောင်စီတပ်ဖွဲ့၏ စကခ ၁၆ ၏ စကခမှူးသည် ကိုးကန့် MNDAA တို့၏ ထိုးစစ်တိုက်ခိုက်ချိန် သေဆုံးသွားကြောင်း သိရှိရသည်။

Source - Khit Thit Media

ပလဖ/ရေဦး
29/10/2023

သန္နီမြို့ပြင် အဝင်အထွက်နှင့် ဂိတ်များ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး သန္နီမြို့ ရဲစခန်း၊ စစ်ကောင်...
29/10/2023

သန္နီမြို့ပြင် အဝင်အထွက်နှင့် ဂိတ်များ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး သန္နီမြို့ ရဲစခန်း၊ စစ်ကောင်စီရုံးများမှ စစ်တပ်နှင့်ရဲများ စွန့်ခွာကာ တပ်ရင်းများတွင် စုစည်း ခုခံကာကွယ်ရန် ပြင်ဆင်နေကြ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်၊ မြောက်ပိုင်း ၊ သန္နီမြို့ပြင် အဝင်အထွက် နှင့် ဂိတ်များ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်လိုက်ပြီး သန္နီမြို့ထဲတွင်လည်း ရဲစခန်း၊ ရုံးများမှ စစ်တပ်နှင့်ရဲများ စွန့်ခွာကာ စစ်တပ်တပ်ရင်းများတွင် စုစည်း ခုခံ ကာ ကွယ်ရန်သာ ပြင်ဆင်နေကြကြောင်း ဒေသပြည်သူများနှင့် စစ်တပ် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ပြီး သန္နီမြို့ ပြင် ပတ်လည်ရှိ စခန်းများ၊ စခန်းကုန်းများမှ စစ်တပ်များ အထိအခိုက် သေဆုံးမှုများစွာဖြင့် မြို့ထဲသို့ ဆုတ်ခွာလာပြီး မြို့ထဲတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ ယခုအခါ ရဲစခန်း၊ လ၀ကရုံး၊ ထွေအုပ်ရုံးများမှ စစ်တပ်နှင့်ရဲများကို တပ်ရင်း တပ်ဖွဲ့ များထံသို့ ပြန်လည်စုစည်းနေကြောင်း သိရှိရသည်။

" မြို့ပြင်နဲ့ အဝင်အထွက်တွေမှာရှိတဲ့ စစ်ကြောင်းတွေ မြို့ထဲဘက်ကို ပြန်စု နေတယ်။ မြို့ထဲမှာလည်း ရဲစခန်းလိုနေရာတွေ၊ ရုံးတွေကနေ အကုန်ဆုတ် ခွာပြီးတော့ တပ်ရင်းတပ်ဖွဲ့တွေမှာ အင်အားသွားပေါင်းနေတယ်။ တိုက်ပွဲက အောက်တိုဘာ ၂၇ ကနေ ဒီနေ့အထိ တောက်လျှောက်ပါပဲ" ဟု တပ်သတင်း ရင်းမြစ်က ပြောသည်။

သန္နီဒေသပြည်သူများကမူ ၃ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေသဖြင့် မြို့ထဲနှင့် မြို့ပြင်တွင် အသွားအလာ နည်းပါးနေပြီး ပြည်သူများစိုးရိမ် နေကြ ကြောင်း၊ ထွက်ပြေးရန်လည်း မလွယ်ကူဘဲ အပြန်အလှန် ပစ်ခတ်မှုများ ၃ ရက်လုံး ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ပြောဆိုကြသည်။

ဓာတ်ပုံ- သန္နီမြို့အဝင်ဂိတ်တွင် ရှိနေသော တော်လှန်ရေးတပ်ဖွဲ့များ။
Source - Khit Thit Media

ပလဖ/ရေဦး
29/10/2023

28/10/2023

ချင်းရွှေဟော်ဒေသ ယနေ့တိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သုံ့ပန်း များ ဖမ်းဆီးရမိခြင်း နှင့်အတူ စစ်သားများ အများအပြား သေဆုံးသည့် ဗီဒီယိုကို MNDAA ထုတ်ပြန်၊ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ဒေသ ယနေ့တိုက်ပွဲများတွင် စစ် ကောင်စီ တပ်ဘက်မှ စစ်သုံ့ပန်းများ ဖမ်းဆီးရမိခြင်းနှင့်အတူ စစ်သားများ အများ အပြား သေဆုံးသည့် ဗီဒီယိုကို ကိုးကန့် MNDAA က ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ချင်းရွှေဟော်တွင် စစ်တပ် စခန်း ၃ ခုကို သိမ်းပိုက်လိုက်သည့်အပြင် ၊ MNDAAက ချင်းရွှေဟော်၊ ဟိုပန်အတွင်း သွား လာနေသည့် စစ်တပ် စစ်ကြောင်း တစ်ကြောင်းကိုချေမှုန်းတိုက်ခိုက်ကာ လက် နက်နှင့် ထောက်ပံ့ရေးပစ္စည်းများ အများအပြား သိမ်းလိုက်သည့် ဗီဒီယို ကို လည်း ထုတ်ပြန်ထားသည်။

(အဆိုပါ ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/142718 တွင် ကြည့်ရှုနိုင်ပါသည်။ )

27/10/2023

🔺 ရှမ်းမြောက် / ထီးချိုင့် 🔺

🛑ယနေ့တနေကုန် သတင်းကောင်းများ ဆက်တိုက်ကြားနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်နယ်တို့ တော်လှန်ရေးအင်အားစုများနဲ့ မိဘပြည်သူများအားလုံး လေကြောင်းအထူးဂရုစိုက်ကြပါရန် သတိပေးတင်ပြအပ်ပါတယ်။

✈ ယခုညပိုင်း 8:28Pm / 8:33Pm / 8:40Pm တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၃စီး အရှေ့ရပ်သို့ ရှေ့ဆင့်နောက်ဆင့်ပျံတက်သွားပါပြီခင်ဗျာ ၊

ရှမ်းမြောက်ဒေသ သတိ ⚠️🔴

အားလုံးဘေးကင်းပါစေ ။

မြေပြင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https://t.me/htookhantzaw5
ဝေဟင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https:///aerialintelligence
မြေပြင်/ဝေဟင်သတင်းများ ပေးပို့ရန်-
https://t.me/mothersson122021

#မှတ်ချက်
'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်'

『27.Oct.2023』 8:45 PM
☆𝙋𝘿𝘾☆(ရေဦး)
#အမေ့သား

27/10/2023
26/10/2023

ဒီပဲယင်းမြို့နယ်ရှိ ဘုတ်ထမ်းရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေ၊ ပြည်သူ ၁၅ ဦးကျော်ကို စစ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဘုတ်ထမ်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်က စတင်ကာ အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်အတွင်းရှိ ဘုတ်ထမ်းရွာကို မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ပြီး ပြည်သူ ၁၅ ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

" အခုည ၇ နာရီ ၄၀ မိနစ်ကနေစပြီး ဘုတ်ထမ်းရွာကို စစ်ခွေးတွေ မီးစရှို့နေပါတယ်။ ပြည်သူ အမျိုးသား ၁၅ ဦးကျော်ကိုလည်း လူသားဒိုင်းအနေနဲ့ ရွာထဲမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်။ ဘယ်ရွာတွေက ပြည်သူတွေလည်းဆိုတာ မသိရသေးဘူး။ စစ်ခွေးတွေက စစ်ကြောင်းထိုးတဲ့ လမ်းတစ်လျှောက်က တွေ့တဲ့သူ အကုန်ဖမ်းသွားတာ" ဟု ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းကလည်း ဒီပဲယင်း အနောက်ခြမ်းရှိ ရှမ်းတောရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ဆိုင်ကယ် ၁၁ စီး နှင့် တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ တောကျောင်း၊ အင်းတန်း၊ ဝဘာ၊ မှန်သာ၊ ငဝဲတော၊ မဲသယ်၊ ငြိမ်းချမ်းရွာသစ်၊ ယင်းတွေ၊ လပ်တီး၊ ကြည်၊ ဘုရားထွက်၊ သာစည်၊ အုန်းတင်၊ ဆပ်ပြာကျင်း၊ ကျွန်းတော၊ ဘုတ်ထမ်း၊ ခြုံရွာ၊ သိမ္ဘာ၊ ပန်းပု၊ ထောက်ရှာ၊ အင်းကုန်း၊ မင်းတဲကုန်း၊ ရှမ်းတော၊ ကလန့်၊ ခြုံရွာ၊ ဘုတ်ထမ်းနှင့် အိုးထိမ်းကွင်း စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

Photo - စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဥ်(ပုံအဟောင်းဖြစ်သည်)

16/10/2023

ရေဦး 📌📌

‼️ယနေ့နံနက် ခင်ဦးနယ်အနောက်ခြမ်း သက်ပေး/ရွာသစ်ဘက်သို့ ရောက်ရှိလာတဲ့ အကြမ်းဖက်ခွေးနာအုပ်စုကို
ရေဦးခွေးခြံမှ ခွေးကား ၄စီးဖြင့် ကြာဖူးဝိုင်းမှတဆင့် ၂စီးဟာ မူးတံတားကူး၍ သွားကြိုခဲ့ပြီး ကြာဖူးဝိုင်းရပ်စောင့်နေရစ်တဲ့ ခွေးကား ၂စီးနဲ့အတူ
ရေဦးမြို့တွင်း တိုင်းရင်းဆေးရုံ ၂စီး ၊ (အမက)ကျောင်းအတွင်း ၂စီး ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

ယခု ရေဦးသို့ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ခွေးအုပ်စုဟာ 13.10.2023ရက်နေ့က ရွှေဘိုအနောက်ခြမ်း ညောင်ပင်သာ(စိုက်ပျိုးရေးခြံ)ကနေ စထွက်လာတဲ့ စစ်ခွေးအုပ်စုဖြစ်ပြီး
ခင်ဦးအနောက်ခြမ်း ညောင်ပင်ကြီးစုရွာမှ အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်လာခဲ့တဲ့ စစ်ခွေးအုပ်စုဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

⚠️ ရေဦးမြို့နဲ့ အနီးဝန်းကျင်ရှိ မိဘပြည်သူများ ထပ်မံဂရုစိုက်နားစွင့်ပေးကြပါခင်ဗျာ ၊ နောက်ရက် စစ်ခွေးကြောင်း ဆက်လက်ထွက်လာနိုင်ချေရှိပါတယ်။

အားလုံးဘေးကင်းကြပါစေ ရေဦး။

မြေပြင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https://t.me/htookhantzaw5
ဝေဟင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https:///aerialintelligence
မြေပြင်/ဝေဟင်သတင်းများ ပေးပို့ရန်-
https://t.me/mothersson122021

#မှတ်ချက်
'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်'

『16.Oct.2023』 1:45 PM
☆𝙋𝘿𝘾☆(ရေဦး)
#အမေ့သား

15/10/2023

ခင်ဦး / ရွှေဘို 📌📌

🛑ယမန်နေ့ညက ရွှေဘိုအနောက်ခြမ်း သရက်ပင်ဝန်းရွာ ညဝပ်ခဲ့ကြတဲ့ အကြမ်းဖက်ခွေးတိရိစ္ဆာန်အဖွဲ့ဟာ
ယနေ့နံနက် ရုံးစုရွာအနီးသို့ ရောက်ရှိကာ အခြေပြုလှုပ်ရှားနေကြကြောင်း သိရှိရပါတယ် ။

🛑ယနေ့နံနက် ခင်ဦးအနောက်ခြမ်း ရွာသစ်ကုန်း/အင်းပတ်ကွေ့အထိုင်ချ ခွေးအုပ်စုဟာ ရွာသစ်ရွာသို့ ရောက်ရှိထားကာ
ရုံးစုဘက်မှလာမယ့် ခွေးအုပ်စုကို စောင့်ကြိုနေတယ်လို့ ခန့်မှန်းရပါတယ်ခင်ဗျာ။

⚠️ယနေ့ ခင်ဦးနယ်အနောက်ခြမ်း အကြမ်းဖက်စစ်ခွေးကြောင်းများနဲ့ မလွတ်ကင်းတဲ့ကျေးရွာများ ဘေးလွတ်ရာတိမ်းရှောင်နေထားကြဖို့ သတိပေးတင်ပြအပ်ပါတယ်။

အားလုံးဘေးကင်းပါစေ ခင်ဦး ရွှေဘို ။

မြေပြင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https://t.me/htookhantzaw5
ဝေဟင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https:///aerialintelligence
မြေပြင်/ဝေဟင်သတင်းများ ပေးပို့ရန်-
https://t.me/mothersson122021

#မှတ်ချက်
'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်'

『15.Oct.2023』 9:55 AM
☆𝙋𝘿𝘾☆(ရေဦး)
#အမေ့သား

10/10/2023
09/10/2023

🔴 ကန့်ဘလူ 🔴

🔺 ယနေ့နံနက် မုံရွာနမခမှတက်လာတဲ့ Mi-35 တိုက်ခိုက်ယာဥ် ၁စီးဖြင့် ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း ရွာသစ်အနီးဝန်းကျင်တို့မှာ နံနက် ၇နာရီ၄၅မိနစ်ခန့်က လေကြောင်းပစ်ခတ်တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။

တော်လှန်ရေးအင်အားစုများနဲ့ မိဘပြည်သူများအားလုံး ဘေးကင်းကြပါစေ ကန့်ဘလူ။

Update; 8:37 Am - ကန့်ဘလူနယ်ကို လေကြောင်းပစ်ခတ်ခဲ့တဲ့ Mi-35 ၁စီး ကန့်ဘလူ(6006)သို့ ဆင်းသက်သွားကြောင်း ထပ်မံသိရှိရပါတယ်။

⚠️🔴ထပ်မံတက်လာပြီး ပစ်ခတ်နိုင်သောကြောင့် တော်လှန်ရေးအင်အားစုများ အထူးဂရုစိုက်ပေးကြပါရန် သတိပေးတင်ပြအပ်ပါတယ်။

မြေပြင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https://t.me/htookhantzaw5
ဝေဟင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https:///aerialintelligence
မြေပြင်/ဝေဟင်သတင်းများ ပေးပို့ရန်-
https://t.me/mothersson122021

#မှတ်ချက်
'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်'

『9.Oct.2023』 8:45 AM
☆𝙋𝘿𝘾☆(ရေဦး)
#အမေ့သား

01/10/2023

⚜️ဒီပဲယင်း တိုက်ပွဲသတင်းထုတ်ပြန်ချက်⚜️

#စစ်ခွေးငရဲသားစာရင်း ထွက်ပြီ ။

ယမန်နေ့ စက်တင်ဘာ၊၃၀ရက်နေ့က ဒီပဲယင်းမြို့တွင်းကနေ အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးသတ်ဖြတ်ဖို့ထွက်လာတဲ့ အောင်လံအခြေစိုက် ခလရ ၇၁ အကြမ်းဖက်စစ်ခွေးကြောင်းကို
အေးသာယာ(ခ)ပျံကျရွာအနီးမှာ နယ်မြေခံ ပကဖ ရဲဘော်များ ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၁ BLACK ARMY ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၂ ၊ ဂဠုန်တပ်တော်အဖွဲ့ ၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ၏ ရတနာသိင်္ဃအဖွဲ့ စသည့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ခွေး ၁၂ ကောင် ငရဲသို့လားသွားကြောင်း ခွေးအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိဘပြည်သူများထံ သတင်းကောင်းတင်ပြအပ်ပါတယ် ။

Congratulations Pr Comrades 🥇🏆

ထိတွေ့တိုက်ပွဲဖြစ်ပွားအပြီး မုံရွာနမခမှတက်လာတဲ့ Mi-35 ၁စီးဖြင့် မနေ့ကညနေပိုင်း ၅နာရီ၅၀မိနစ်ခန့်မှာ ဒီပဲယင်းအနောက်ခြမ်း အေးသာယာ(ခ)ပျံကျရွာအနီးဝန်းကျင်ကို လေကြောင်းပစ်ကူတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်ခင်ဗျာ။

⚠️ယခုလက်ရှိအချိန်အထိ အကြမ်းဖက်စစ်ခွေးနာများဟာ အေးသာယာ(ခ)ပျံကျရွာအတွင်းမှာပဲ ၂ညမြောက် ဆက်လက်တပ်စွဲထားဆဲဖြစ်ပါတယ် ၊ ယခုညပိုင်းနဲ့ မနက်အစောပိုင်းတို့မှာ အခြားကျေးရွာဘက်သို့ စစ်ကြောင်းဆက်ထိုးလာနိုင်ချေရှိသောကြောင့် အထူးဂရုစိုက်နားစွင့်ပေးကြဖို့နဲ့ လက်နက်ကြီးအန္တရာယ် အထူးသတိထားပေးကြပါရန် သတိပေးတင်ပြအပ်ပါတယ် ။

ပြည်သူအားလုံး ဘေးကင်းပါစေ ဒီပဲယင်း။

မြေပြင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https://t.me/htookhantzaw5
ဝေဟင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https:///aerialintelligence
မြေပြင်/ဝေဟင်သတင်းများ ပေးပို့ရန်-
https://t.me/mothersson122021

#မှတ်ချက်
'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်'

『1.Oct.2023』 9:20 PM
☆𝙋𝘿𝘾☆(ရေဦး)
#အမေ့သား

Address


Website

Alerts

Be the first to know and let us send you an email when 𝗩𝗶𝗹𝗹𝗮𝗴𝗲 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗧𝗲𝗮𝗺-𝗬𝗲 𝗨 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share