Mrauk U News Agency

  • Home
  • Mrauk U News Agency

Mrauk U News Agency Mrauk U News Agency is a freelance news agency.

မင်းပြားမြို့နယ် သမင်ခရာကျေးရွာတွင် ငါးရှာနေစဥ် မှိုင်းနင်း မိ၍ ခြေထောက် နှစ်ဖက်ပြတ်သွားစက်တင်ဘာ ၁၁ရက် ၂၀၂၂ရခိုင်ပြည်နယ်...
11/09/2022

မင်းပြားမြို့နယ် သမင်ခရာကျေးရွာတွင် ငါးရှာနေစဥ် မှိုင်းနင်း မိ၍ ခြေထောက် နှစ်ဖက်ပြတ်သွား

စက်တင်ဘာ ၁၁ရက် ၂၀၂၂

ရခိုင်ပြည်နယ် မင်းပြားမြို့ သမင်ခရာကျေးရွာမှ အသက် ၃၈နှစ် အရွယ် ကိုမောင်အေးစိန် မှာ ဂဏန်းမြူးထောင်ရန်သွားယင်း မှိုင်းနင်းမိ၍ ခြေထောက် နှစ်ဖက်လုံး ပြတ်သွားကြောင်းသိရသည်။

ဂဏန်းမြူးရှာသွာရှာယင်း မင်းပြားမြို့ ၅၄၁ တပ်ရင်း ဖက်သို့အလေးသွားရန် သွာရာ မြေမြုတ်မှိုင်းနင်းမိ၍ ခြေနှစ်ဖက်လုံး ပြတ်သွားကြောင်းသိရသည်။

လက်ရှိတွင် မြောက်ဦးမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။


#မင်းပြား #မှိုင်းပေါက်

ပန်းမြောင်းစျေးမီးလောင်ခဲ့သောကြောင့် လူနေအိမ်အချို့နဲ့ ​​စျေးဆိုင်ခန်း အများအပြားပျက်စီးဆုံးရှုံးစက်တင်ဘာ ၁၁ရက် ၂၀၂၂ရခို...
11/09/2022

ပန်းမြောင်းစျေးမီးလောင်ခဲ့သောကြောင့် လူနေအိမ်အချို့နဲ့ ​​စျေးဆိုင်ခန်း အများအပြားပျက်စီးဆုံးရှုံး

စက်တင်ဘာ ၁၁ရက် ၂၀၂၂

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ပန်းမြောင်းရွာတွင် မြို့မစျေးမီးလောင်ခဲ့သောကြောင့် လူနေအိမ်များနှင့် စျေးဆိုင်တန်း ၂၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

လျှပ်စစ်ပစ္စည်းပြုပြင်သောဆိုင်မှ စတင်လောင်ကျွမ်းခဲ့ပြီး ညတစ်နာရီမှ မနက်ခြောက်နာရီထိ လေးနာရီကျော်ကြာမြင့်ခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူများမရှိဟုသိရသည်။


#မင်းပြား #ပန်းမြောင်း #မီးလောင်

အာဏာသိမ်း စစ်တပ် ဘက်ပေါင်းစုံဆုတ်ယုတ်လာတယ်လို့ စစ်ခေါင်းဆောင် ဝန်ခံချက် ထွက်ပေါ်မော်လမြိုင်၊ စက်တင်ဘာ ၁၀ ၂၀၂၂ပြီးခဲ့တဲ့ ...
10/09/2022

အာဏာသိမ်း စစ်တပ် ဘက်ပေါင်းစုံဆုတ်ယုတ်လာတယ်လို့ စစ်ခေါင်းဆောင် ဝန်ခံချက် ထွက်ပေါ်

မော်လမြိုင်၊ စက်တင်ဘာ ၁၀ ၂၀၂၂

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ (ကြည်း၊ ရေ၊ လေ) စစ်ဆင်ရေး ပထမလေးလပတ်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့ စစ်တပ်ဟာ ဘက်ပေါင်းစုံဆုတ်ယုတ်လာတယ်လို့ ဝန်ခံထားတဲ့ ထိပ်တန်းလျှိူ့ဝှက်စာကို ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်သည်ဟု သံလွင်တိုင်းမ် တွင်ဖော်ပြထားသည်။

အဲဒီ ထိပ်တန်းလျှိူ့ဝှက်စာမှာ စစ်ခေါင်းဆောင်က သူတို့စစ်ကောင်စီတပ်ဖွဲ့အတွင်း အင်အားယုတ်လျော့ကျဆင်းလာတာ၊ စစ်ရေးအထိနာလာနေတဲ့ အခြေအနေတွေ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့‌တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားကောင်းလာမှုအပေါ် ဝန်ခံပြောဆိုထားတာ ဖြစ်ပါတယ် ဟု သံလွင်တိုင်းမ် က ဆိုသည်။

သတင်း - သံလွင်တိုင်းမ်

မြောက်ဦးမြို့တွင် ယာဥ်များကို စစ်ဆေးနေပြီး ဆိုင်ကယ်ယာဥ် ၉စီး ဖမ်းဆီး  တင်ဆောင်သွားကြောင်းသိရစက်တင်ဘာ ၉ရက် ၂၀၂၂ရခိုင်ပြည...
09/09/2022

မြောက်ဦးမြို့တွင် ယာဥ်များကို စစ်ဆေးနေပြီး ဆိုင်ကယ်ယာဥ် ၉စီး ဖမ်းဆီး တင်ဆောင်သွားကြောင်းသိရ

စက်တင်ဘာ ၉ရက် ၂၀၂၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် စစ်ကောင်စီက အပြစ်မရှိအပြစ်ရှာ​ကာ ဖမ်းဆီးမှုများ ကို ဆက်တိုက် ပြုလုပ်နေပြီး ယနေ့ မနက် တွင်လဲ အကြောင်းမရှိအကြောင်းရှာကာ ဆိုင်ကယ်လိုင်စင်များသာမက ယာဥ်မောင်းလိုင်စင်များကိုလဲ စစ်ဆေးကာ ဆိုင်ကယ်ကိုးစီးတင်ဆောင်သွားကြောင်းသိရသည်။

မြောက်ဦးအခေါ် လိပ်ချေ တုတ်တုတ်ချေ ဟုခေါ်သော အိန္ဒိယ သုံးဘီးယာဥ်ငယ်အမျိုးစား များ၏ ယာဥ်မောင်းလိုင်စင်များကိုလဲ ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။

အန္ဒိယ သုံးဘီ ယာဥ်မောင်းလိုင်စင်မောင်းသူများသည် အခြေခံလက်လုပ်လက်စား ဆိုင်ကယ်ဘဲတွဲသမားများတနိုင်တစ်ပိုင် အများဆုံးမောင်းကြ၍ ယာဥ်မောင်းလိုင်စင်မရှိမှန်း သိသောကြောင့် တမင်တကာ ဖမ်းဆီးဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

ဆက်လက်၍ အစစ်ဆေးခံရသူများကို စစ်ကောင်စီက ယာဥ်လိုင်စင် ယာဥ်မောင်းလိုင်စင် များသာမက မှတ်ပုံတင် မိတ္တူနှစ်ခု နှင့် သက်သေခံတစ်ဦးကိုလဲ ခေါ်ဆောင်စေကာ အသိလက်မှတ်အတင်းရေထိုးခိုင်းကြောင်းသိရသည်။

မြောက်ဦးသူမြောက်ဦးသားများ အပြင်သို့ ထွက်ပါက ဆိုင်ကယ်လိုင်စင် ယာဥ်မောင်းလိုင်စင် ဆိုင်ကယ် (Back) မှန် ဆိုင်ကယ်ဦးထုတ်များ မှတ်ပုံတင် ယူဆောင်သွားကြပါရန် တိုက်တွန်းလိုက်ပါသည်။


#မြောက်ဦး #ယာဥ် #ဖမ်းဆီး

စစ်တွေဆေးရုံအနီး ရဲအုပ်သိပ္ပံ ပစ်သတ်ခံရ ကြောင်းသတင်းထွက်ရှိစက်တင်ဘာ ရက် ၂၀၂၂ရခိုင်ပြည်နယ် စစ်တွေ ဆေးရုံဟောင်းအနီးတွင် မီ...
08/09/2022

စစ်တွေဆေးရုံအနီး ရဲအုပ်သိပ္ပံ ပစ်သတ်ခံရ ကြောင်းသတင်းထွက်ရှိ

စက်တင်ဘာ ရက် ၂၀၂၂

ရခိုင်ပြည်နယ် စစ်တွေ ဆေးရုံဟောင်းအနီးတွင် မီးပွိုင့်စောင့်နေတုန်း နှစ်ဦးပစ်သတ်ခံရ၍ တစ်ဦးသေဆုံးကြောင်း သိရပြီး သေဆုံးသူမှာ စစ်တွေ ရဲအုပ်သိပ္ပံဖြစ်ကြောင်းသိရသည်။


#စစ်တွေ #ပစ်သတ် #သေဆုံး

မြောက်ဦးမြို့ကို စစ်ကောင်စီ တပ်သားများ ဝန်းရံထားပြီး အမျိုးမျိုးကြံဖန်ကာ ဖမ်းဆီးရန်ဆောင်ရွက်နေစက်တင်ဘာ ၇ရက် ၂၀၂၂မြောက်ဦး...
07/09/2022

မြောက်ဦးမြို့ကို စစ်ကောင်စီ တပ်သားများ ဝန်းရံထားပြီး အမျိုးမျိုးကြံဖန်ကာ ဖမ်းဆီးရန်ဆောင်ရွက်နေ

စက်တင်ဘာ ၇ရက် ၂၀၂၂

မြောက်ဦးမြို့ယနေ့ည ၇နာရီတွင် လူငယ်နှစ်ဦးကို ဖမ်းဆီးထားပြီး အပြစ်မရှိပြည်သူများကို ဆက်လက်ဖမ်းဆီးရန် အကြောင်းမရှိအကြောင်းရှာကာ လိုင်စင်မဲ့ယဉ်များကို ဖမ်းဆီးရန်ဆောင်ရွက်နေကြောင်းသိရသည်။

ဆက်လက်၍ မြောက်ဦးမြို့ လက်ဆည်ကန် ဝန်းကျင် ဗန္ဓုလရပ်ကွက် နှင့် မြင်းခုန်တန်း ဘုန်းကြီးကျောင်း မှ မြို့ဦးခေါင်း တောင်ပေါ် သို့ တက်ရောက်ကာ စစ်အင်အားများတို့ချဲ့ထားပြီး သျှစ်သောင်းဘုရားဖက်သို့ စစ်ကားသုံးစီးနှင့် ညနေ ၇နာရီဝန်းကျင်တွင် ဝင်ရောက်လာကြောင်းသိရသည်။

မနေ့ညနေ ၆နာရီဝန်းကျင်ကလဲ စစ်ကောင်စီက ဗန္ဓုလ မှ အပြစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးသွားပြီး သူတို့၏လမ်းပြအဖြစ်ဆောင်ရွက်ခိုင်းခဲ့ကြောင်း ပြန်လည်လွတ်မြောက်သူတစ်ဦး ကဆိုသည် ကျန်တစ်ဦးမှာဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။


#မြောက်ဦး #စစ်ကောင်စီ #ဖမ်းဆီး

မြောက်ဦးမြို့တောင်ရပ် ရပ်ကွက်တွင် စစ်ကောင်စီက လူငယ်နှစ်ဦးဖမ်းဆီထားစက်တင်ဘာ ၇ရက် ၂၀၂၂မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက် ယန...
07/09/2022

မြောက်ဦးမြို့တောင်ရပ် ရပ်ကွက်တွင် စစ်ကောင်စီက လူငယ်နှစ်ဦးဖမ်းဆီထား

စက်တင်ဘာ ၇ရက် ၂၀၂၂

မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက် ယနေ့ညနေ ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ အပြစ်မဲ့ လူငယ်နှစ်ဦး ဖမ်းဆီးထားကြောင်းသိရသည်။

ဖမ်းဆီးထားသူများ မှာ လူငယ်များဖြစ်ပြီး မည်သူ ဆိုသည်မှာ မသိရသေးပါ။

ဆက်လက်၍ စစ်ကောင်စီတပ်သားများ လိုင်စင်မဲ့ယာဥ်များကိုလဲ မနက်ဖြန် မှစ၍ ဖမ်းဆီစစ်ဆေးသွားမည်ဟု သိရသည်။


#မြောက်ဦး #စစ်ဆေး #ဖမ်းဆီး #စစ်ကောင်စီ

မြောက်ဦးမြို့ ဆေးရုံဟောင်းဘေး လွမ်းတောင်အနီးတွင် မှိုင်းပေါက်သည်ဟုဆိုကာ စစ်ကောင်စီတပ်သားများ မြေမြုတ် မှိုင်းမြုတ်မှိုင...
06/09/2022

မြောက်ဦးမြို့ ဆေးရုံဟောင်းဘေး လွမ်းတောင်အနီးတွင် မှိုင်းပေါက်သည်ဟုဆိုကာ စစ်ကောင်စီတပ်သားများ မြေမြုတ် မှိုင်းမြုတ်မှိုင်းများ ပြုလုပ်နေ

စက်တင်ဘာ ၆ရက် ၂၀၂၂

မြောက်ဥိးမြို့ ယနေ့နံနက် ၉နာရီ ခန့်တွင် နန်းယာကုန်းအရှေ့ဖက် နှင့် လွမ်းတောင်အနီးမြေမြုတ်မှိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မှိုင်းများကိုလဲဆက်လက် တွေ့ရှိခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မှိုင်းပေါက်သည်ဟုဆိုကာ စစ်ကောင်စီတပ်သားများ ကုန်သည်တန်းကားဂိတ်မှ အလယ်စျေးအထိိ လမ်းကိုပိတ်ဆို့၍မြေမြုတ်မှိုင်းများ သူတို့ကိုယ်တိုင်ပြုလုပ်နေကြောင်း ​မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

ဆက်လက်၍ စစ်ကောင်စီတပ်သားများမြောက်ဦးမြို့ထဲ လေးမျက်နှာပုထိုး​​ေတာ်ကြီး ၊ သျှစ်သောင်းပုထိုးတော်ကြီးအနီး နှင့် မြောက်ဦးမြို့ထဲနေရာအနှံတွင် ကင်းပုန်းဝပ်၍ နေရာယူထားကြကြောင်းသိရသည်။

မြောက်ဦးသူမြောက်ဦးသားများ အထူးဂရုပြုကြပါရန် မြောက်ဦးသတင်းဌာနမှ တင်ပြလိုက်ပါသည်။


#မြောက်ဦး #မှိုင်း

မြောက်ဦးမြို့ ဆေးရုံဟောင်း အနောက်ဖက် အလယ်စျေးရပ်ကွက်တွင် လက်ကျန် မှိုင်းများ တွေ့ရှိစက်တင်ဘာ - ၆ရက် - ၂၀၂၂ယနေ့နံနက်ပိုင်...
06/09/2022

မြောက်ဦးမြို့ ဆေးရုံဟောင်း အနောက်ဖက် အလယ်စျေးရပ်ကွက်တွင် လက်ကျန် မှိုင်းများ တွေ့ရှိ

စက်တင်ဘာ - ၆ရက် - ၂၀၂၂

ယနေ့နံနက်ပိုင်း ၉နာရီ ၅ မိနစ်ခန့်က မြောက်ဦးမြို့ဆေးရုံဟောင်းအနောက်ဘက်၊ အလယ်စျေးရပ်ကွက်တွင် နံနက် ၉နာရီတွင်ပေါက်ကွဲခဲ့သောမှိုင်း အပါဝင် လက်ကျန်မှိုင်း ၆လုံး ဆက်လက်တွေ့ရှိကြောင်းသိရသည်။

ပုံ - Nyi Nyi


#မြောက်ဦး #မှိုင်း

မြောက်ဦးမြို့မှမြောက်ဦးမြို့မှ ဦးကျော်ဇံဝေ (ခ) ရင်ဆို့ ကို CRPH NUG နှင့် ဆက်စပ်မှုကြောင့်ဖမ်းဆီးခြင်း ဖြစ်ကြောင်း စစ...
06/09/2022

မြောက်ဦးမြို့မှမြောက်ဦးမြို့မှ ဦးကျော်ဇံဝေ (ခ) ရင်ဆို့ ကို CRPH NUG နှင့် ဆက်စပ်မှုကြောင့်ဖမ်းဆီးခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန်ကြေညာ

စတင်ဘာ - ၆ရက် - ၂၀၂၂

မြောက်ဦးမြို့မှ ကျော်ဇံဝေ ခေါ် ရင်ဆို့ ကို အကြမ်းဖက်အုပ်စုအဖြစ်ထုတ်ပြန်ကြေညာထားသော ​CRPH နှင့် NUG တို့ အပါအဝင် ၄င်းတို့၏ လက်​အောက်ခံအဖွဲ့စည်းများ နှင့် ဆက်စပ်နေပြီး စစ်ကောင်စီ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ​ပျက်ပြားစေရန် ဝါဒဖြန့်ခြင်းများ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်ပေါ်တွင် ဆောင်ရွက်လျက်ရှိနေခြင်းကြောင့် ဖမ်းဆီးထိမ်းသိမ်းထားကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

၄င်းအပြင် လူမှုကွန်ရက်များပေါ်တွင် ကျော်ဇံဝေ ၏ ဝါဒဖြန့်ခြင်းများ ခြိမ်းခြောက်မှုများကို မသိနားလည်၍ဖြစ်စေ ကြောက်ရွံ့ခြင်းဖြစ်စေ ထပ်ဆင့်ဝေမျှအားပေးခြင်းများ ရှိပါက တည်ဆဲဥပဒေအရ ဖမ်းဆိးမည်ဖြစ်ကြောင်း နှင့် နေအိမ်အတွင်းရှိပစ္စည်းများကိုလဲ နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းထားမည်ဖြစ်ကြောင်း ဇွန်နဝါရီလ ၂၅ရက်နေ့တွင် စစ်ကောင်စီ၏ သတင်းမီဒီယာများတွင် ထုတ်ပြန်ကြောထားသည်ဟု သိရသည်။

ကျော်ဇံဝေ ခေါ် ရင်ဆို့ကို စက်တင်ဘာ ၄ရက်နေ့ နံနက် ၈နာရီခန် တွင်နေအိမ်သို့ စစ်သားနှင့်ရဲ အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက်ဖမ်းဆီး သွားပြိး ၃၇၇ တပ်ရင်းဖက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ကျော်ဇံဝေ၏ အစ်မဖြစ်သူနှင့် ဇနီးဖြစ်သူမှာ အာမခံဖြင့် လွတ်မြောက်လာပြီ ကျော်ဇံဝေ ခေါ် ရင်ဆို့ မှာ ပုဒ်မ - ၅၀၅(က) ဖြင့်အမှုဖွင့်ခံထားရပြီး ဆက်လက် ဖမ်းဆီးခံထားရကြောင်းသိရသည်။


#မြောက်ဦး #ရင်ဆို့

မြောက်ဦးမြို့တွင် မြေမြုတ်အသံမှိုင်းပေါက်ကွဲစက်တင်ဘာ - ၆ရက် -၂၀၂၂မြောက်ဦးမြို့ ယနေ့နံနက် ၉ နာရီဝန်းကျင်လောက်တွင် မြေမြ...
06/09/2022

မြောက်ဦးမြို့တွင် မြေမြုတ်အသံမှိုင်းပေါက်ကွဲ

စက်တင်ဘာ - ၆ရက် -၂၀၂၂

မြောက်ဦးမြို့ ယနေ့နံနက် ၉ နာရီဝန်းကျင်လောက်တွင် မြေမြုတ်မှိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အဆိုပါပေါက်ကွဲခဲ့သော မှိုင်းမှာမြေမြုတ် အသံမှိုင်းဖြစ်သည်ဟု သိရှိရသည်။

မနက်ကိုးနာရီလောက်ကပေါက်တာပါ နေရာက မြို့ထဲနန်းယာကုန်းဘေးမှာရှိတဲ့ လွမ်းတောင်အောက်က ကုက္ကုလ်ပင်အောက်မှာ ပေါက်တာပါ မှိုင်းက အသံမှိုင်းဖြစ်တယ်လို့သိရတယ် ပေါက်ကွဲ​ ပြီးလို့ခနနေတော့ စစ်သားတွေနန်းယာကုန်းအထက်ကနေကြည်နေကြတယ် ဟု မျက်မြင်တွေ့ရှိသူ မြောက်ဦးမြို့ဒေသခံ တစ်ယောက်က ဆိုသည်။

အသံမှိုင်းဖြစ်လို့ ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူး လွမ်းတောင်အောက်က အိမ်တွေလဲ အခု အပြင်မထွက်ရဲကြဘူး ကျွန်မတို့လဲ အပြင်မထွက်ရဲဘူး အခုလို မှိုင်းဖောက်တာက မြောက်ဦးကဒေသခံတွေကြောက်အောင် တမင် ခြိမ်းခြောက်​နေတာလို့ကျွန်မထင်တယ် ဟု ဆက်ပြောသည်။

မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်သားများ မနေ့မနက် ကတည်းက မြောက်ဥိးမြို့မစျေးအနီး နေရာအနှံတွင် နေရာယူထားကြပြီး မနေ့ညကတည်းက မှိုင်းရှင်းလင်းရေးလုပ်မယ်ဆို ပြီး စျေးသည်တွေကို ပစ္စည်းတွေ​ပြောင်းခိုင်းတာတွေရှိပါတယ်။

ယနေ့နံနက် တွင်စျေးဆိုင်အချို့ပိတ်ထားပြီး ဆိုင်အနည်းငယ်သာ ဖွင့်လှစ်ထားပါတယ်။


#မှိုင်း #မြောက်ဥိး

Address

Mrauk U/Rakhine State

Website

Alerts

Be the first to know and let us send you an email when Mrauk U News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mrauk U News Agency:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share