Yangon Generation Revolution-YGR

  • Home
  • Yangon Generation Revolution-YGR

Yangon Generation Revolution-YGR ဘယ်တော့မှ သွေးမအေးကြေး

29/03/2023
ကြည်ပဲပြုတ်နဲ့နံပြားရရင်စားချင်တယ်                                            #အောင်ဆန်း
12/02/2023

ကြည်

ပဲပြုတ်နဲ့နံပြားရရင်စားချင်တယ်

#အောင်ဆန်း

23/01/2023

"တရားမဝင်အတုယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ"

ဆင်သေကို ဆိတ်သရေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ အာဏာရူး တစ်သိုက်ရဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲ ကို မိဘပြည်သူများရဲ့ အားနဲ့မှချေဖြတ်နိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့် အားလုံးကို ပါဝင်ပေးဖို့တောင်းဆိုအပ်ပါတယ်

အရေးတော်ပုံ အောင်ရမည်

26/07/2022

လှုဖို့အသင့်ဘဲလား

26/07/2022

Click ပြီးကြပြီးလား

ကျေးဇူးပြုပြီး စောက်ရူးအကွက်တွေ မလုပ်ပါနဲ့တော့.........Click ပေးကြပါ game ‌လေးတွေထဲဝင်ပြီး ADS လေးတွေ ကြည့်ပေးပါ တောင်းပ...
25/07/2022

ကျေးဇူးပြုပြီး စောက်ရူးအကွက်တွေ မလုပ်ပါနဲ့တော့.........

Click ပေးကြပါ game ‌လေးတွေထဲဝင်ပြီး ADS လေးတွေ ကြည့်ပေးပါ တောင်းပန်ပါတယ် စောက်ပေါလုပ်မနေပါနဲ့တော့

https://www.facebook.com/click2donatemm

19/07/2022

အာဇာနည်နေ့ လုံခြုံရေးတင်းကြပ်မှုများကြား ကျောင်းသားလူငယ်တွေ ရန်ကုန်မှာ ဆန္ဒပြ

လူငယ့်ခေတ်
ဇူလိုင် ၁၉၊ရန်ကုန်

"အာဇာနည်မျိုး သေရိုးမရှိ"စာတန်းကိုင်ပြီး ရန်ကုန်က ကျောင်းသားလူငယ်တွေဟာ ဒီကနေ့ ဇူလိုင်လ ၁၉ရက် အာဇာနည်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အထက ၃ ကျောင်းသားများသမဂ္ဂ(သာကေတမြို့နယ် ကျောင်းသားများ သမဂ္ဂ) နှင့် မဟာ မိတ် RED GARUDA YOUTH(RGY) က ဦးဆောင်ပြီး မဟာမိတ်တွေဖြစ်တဲ့ ၊Yangon Democratic Youth Strike(YDYS)၊Owl Community၊အထက ၁ ကျောင်းသားများသမဂ္ဂ(သာကေတ)၊အထက ၄ ကျောင်းသားများသမဂ္ဂ(သာကေတ)၊အထက ၆ ကျောင်းသားများသမဂ္ဂ(သာကေတ)၊သာကေတမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသ များ အဖွဲ့ချုပ်)၊ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊သင်္ဃန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊အထက ၂ ရန်ကင်း ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊အလုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)၊အထက ၂ တောင်ဒဂုံမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊အထက ၁ လသာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊စမ်းချောင်းမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ရန်ကုန် နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်စစ်ကောင်စီက ဆန္ဒပြသူ​တွေကို ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်နေပေမယ့် ပြည်သူတွေက နေ့စဉ်နီးပါး စစ်အာဏာရှင်ကို ဆန္ဒပြနေကြပါတယ်။

#လူငယ့်ခေတ်

ဓာတ်ပုံများ-Lungekhit Crd

ကျဆုံး သတင်းတွေ၊ ဖမ်းဆီး သတင်းတွေက အမြဲလိုရှိနေတာပါ။ လိုင်းပေါ် လုံးဝ တက်မလာဘဲ ကျဆုံး၊ ဖမ်းဆီး ခံလိုက်ရတဲ့ UG တွေ၊ STF တ...
29/04/2022

ကျဆုံး သတင်းတွေ၊ ဖမ်းဆီး သတင်းတွေက အမြဲလိုရှိနေတာပါ။ လိုင်းပေါ် လုံးဝ တက်မလာဘဲ ကျဆုံး၊ ဖမ်းဆီး ခံလိုက်ရတဲ့ UG တွေ၊ STF တွေ လည်း အများကြီးမှ အများကြီးပါ။
ကိုယ်လက်အင်္ဂါ စွန့်လွှတ်ထားရတဲ့သူတွေလည်း ရှိနေပါတယ်။
အမြဲ ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် ...
▪️တော်လှန်ရေး မှာ ပါဝင်နေသူအားလုံးဟာ မမိသေးလို့ လွတ်နေတဲ့သူနဲ့ မသေ သေးလို့ ရှင်နေတဲ့သူတွေကြီးပါပဲ။
အားလုံးဟာ အသက်၊ ဘဝ ဘယ်အချိန်မဆို ပေးလိုက်ရနိုင်တဲ့သူတွေပါ။
⁉️ အဲဒီတော့ ကျဆုံး/ ဖမ်းဆီး ခံထားရတဲ့သူတွေ၊ အခု လက်ရှိ အသက်၊ ဘဝ ပေး တော်လှန်နေတဲ့သူတွေ ပေးဆပ် ထားတာ ဘာအတွက်လဲ ဆိုတာ ကိုပဲ လေးလေးနက်နက် စဥ်းစားစေချင်ပါတယ်။
တော်လှန်ရေး အောင်မြင်ဖို့၊ ဓမ္မက နိုင််ပြီး ခွင့်တူညီမျှ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ပါ။
နိုင်မှ ပေးဆပ်ထားရသမျှ တန်မှာပါ ... ။ မဟုတ်ရင် ဒီအသက် တွေက အလကား သေပေးလိုက်ရသလို ဖြစ်မှာပါ။
သေပြီးမှ ကြေကွဲပြတာမျိုး လုံးဝ သဘောမကျပါဘူး။
▪️UG တွေ၊ STF တွေ၊ ထောက်ပို့တွေ စတဲ့ frontline ကလူတွေ အသက်ပေးပြီး လုပ်နေနိုင်ကြတုန်းမှာ ...
ကိုယ့်ကိုယ်ကိုယ် "ဓမ္မဘက် ခိုင်ခိုင်မာမာရပ်တည်တဲ့သူလို့" ခံယူရင် နောက်ကနေ အချိန်နဲ့ အမျှ
⁉️ တော်လှန်ရေး အတွက် ငါ တကယ် လက်တွေ့ ဘာကူမလဲ? ဆိုတာ စဥ်းစားပြီး ကိုယ်နိုင်သမျှ လုပ်ပေးဖို့က အဓိကပါ။
တော်လှန်ရေးအတွက် သိန်း ထောင်ချီ ရှာပေးနေတဲ့ Clicker Community ဆိုရင် လူ သုံးသောင်း လောက်နဲ့ လည်ပတ်နေရတယ်။
တကယ်တမ်း C2D, P2D, Shoot & Support, Tha Din ... စတဲ့ community အကြီးတွေတောင် နေ့စဥ် ချော့လိုက်၊ တောင်းပန်လိုက်နဲ့ အသည်းအသန် ခရီးဆက်နေကြရတာ။
စစ်ကိုင်း မှာ ရွာတွေက ကုန်သလောက် ဖြစ်နေပြီ၊ မီးမရ အင်တာနက် မရ၊ စစ်တပ် ဝင်လာရင် အသတ်ခံရ၊ ပြေးရ နဲ့ အိမ်လည်း မရှိ၊ ရွာလည်း မရှိ ဖြစ်နေကြပြီ။
လူသန်း ၅၀ နေတဲ့ နိုင်ငံမှာ လွယ်လွယ်လေး ပါဝင်လို့ ရတဲ့ click တာဟာ လူ သောင်းဂဏန်းပဲရှိတာ တကယ်တော့ အင်မတန် ရှက်စရာ ကောင်းပါတယ်။
▪️ငါကတော့ ငါ့အလုပ်၊ ငါ့စီးပွားရေး ပဲ လုပ်မယ်။ တော်လှန်ရေး က သူများ လုပ်လိမ့်မယ် ဆိုတဲ့ အတွေးမျိုး ထက်၊ ကိုယ်အားချိန် ကိုယ်နားချိန် လေးမှာ နိုင်သမျှ click ပေးမယ် ဆိုတာမျိုး လူသိန်းချီ၊ လူသန်းချီမှာ အတွေးရှိခဲ့ရင် တော်လှန်ရေးက အခုထက် ပိုအားကောင်း လာပါလိမ့်မယ်။
Bond ဆိုရင်လည်း လူသန်း ၅၀ ရှိတဲ့ နိုင်ငံမှာ သန်း ၅၀ ထား (တကယ်တမ်း သန်း ၅၀ လည်း မရသေးပါဘူး) တစ်ယောက် တစ်ဒေါ်လာ နှုန်းလောက် ဝယ်သလို ဖြစ်နေပါတယ်။
ရေသာခိုပြီး မဆိုင်သလို နေတဲ့သူတွေ ဘယ်လောက်များနေလဲ? ပြောချင်တာပါ။
▪️PDF/ LDF တွေ လှူကြပါ ဆိုရင်လည်း Fund Raiser တွေဆို ရှက်လာကြပြီ။ အမြဲ လှူတာ ဒီလူ၊ ဒီလူ တွေပဲ ဖြစ်နေတော့ အားနာရလွန်းလို့။
တကယ်တော့ အာဏာရှင်လက်အောက် ရောက်သွားကတည်းက အရင်လို တိုးတက်ကောင်းမွန်တဲ့ ဘဝ တွေ အကုန်ဟာ မရှိတော့ပါဘူး။
ဒါပေမယ့် အချို့လည်း အခုထိ မီးပျက်တဲ့ ဒုက္ခလောက်ကို ညည်းရင်း လမ်းဆုံးနေကြပါတယ်။
▪️အာဏာရှင်အောက်မှာသာ ဆက်နေရရင် မီးပျက်တာလောက် ကနေ ဒီထက် အဆပေါင်းများစွာ ဆိုးတဲ့ ဒုက္ခတွေ လာတော့မှာပါ။
မအလ ကိုဆဲလိုက်၊ မီးပျက်တာလေး ညည်းလိုက် နဲ့ဟာ ကိုယ့်စိတ်ကိုယ် အာသာဖြေနေတာပါ။ တကယ် လက်တွေ့ဘာအကျိုးမှ မှ မရှိတာ။
ဒီစာဟာ အပြစ်တင်တယ် ဆိုတာထက် လေးလေးနက်နက် တွေးစေချင်တာပါ။
▪️တော်လှန်ရေး မှာ တကယ် လက်တွေ့(တကယ် လက်တွေ့) အကျိုးရှိအောင် ကူလို့ရတဲ့ လမ်းကြောင်းမှန် တွေ အများကြီး ရှိနေပါပြီ။
သေမှ ဝမ်းနည်းပြတာထက် "တော်လှန်ရေးကို နေ့စဥ် ငါ ဘာကူနိုင်မလဲ" ဆိုပြီး လက်တွေ့ကူစေချင်တာပါ ... ။
ကူရင် ကူသလောက် အကျိုးရှိတဲ့ အချိန်ကာလလည်း ဖြစ်နေပါပြီ။

Crd

🗣 နှစ်သစ်ကူး သံပုံးတီးသပိတ် မြန်မာတို့ရဲ့အယူအဆအရ နှစ်သစ်ကူးအချိန်တွင် ပရိတ်တရားနာပြီး မကောင်းဆိုးဝါးများကို နှင်လွှတ်တဲ့...
17/04/2022

🗣 နှစ်သစ်ကူး သံပုံးတီးသပိတ်

မြန်မာတို့ရဲ့အယူအဆအရ နှစ်သစ်ကူးအချိန်တွင် ပရိတ်တရားနာပြီး မကောင်းဆိုးဝါးများကို နှင်လွှတ်တဲ့ ဓလေ့ရှိခဲ့ပါတယ်။

‌ယနေ့ 17-4-2022 မြန်မာနှစ်ဆန်းတစ်ရက်နေ့ တွင် ဖက်စစ်မိစ္ဆာကောင်များကို သံပုံးတီးပြီး နှင်လွှတ်ကြမည့်
"နှစ်သစ်ကူး သံပုံးတီးသပိတ် " တွင် ပါ၀င်ပေးကြဖို့ တောင်းဆိုအပ်ပါသည်။

#အရေးတော်ပုံအောင်ရမည်။

YGR

15/04/2022

"ပေတရာပေါ်မှာ သွေးမြေကျနေဆဲမို့ ပျော်စရာသင်္ကြန်မဟုတ်ပါ"

ကျွန်တော်တို့ YGR အဖွဲ့အနေနဲ့ ဗဟိုလမ်းမရှိ အုတ်ကျင်းဘူတာရုံတွင် ၁၅-၄-၂၀၂၂ နေ့လည်တွင် ချိတ်ဆွဲခဲ့ပါတယ်

ကျေးဇူးပြု၍ ဘယ်တော့မှ သွေးမအေးပါနဲ့
အရေးတော်ပုံအောင်ရမည်

14/04/2022

အာဏာရူးတဲ့စိတ်ကို
အတာရေနဲ့မဖြန်းဘူး

ကျွန်တော် YGR အဖွဲအနေနဲ့ ‌သင်္ကြန်အကျနေ့ဖြစ်တဲ့ 14-4-2022 နေလည့်ပိုင်း သမိုင်းဘူတာရုံလမ်းရှိ မီးပွိုင့်တွင်ချိတ်ဆွဲခဲ့ပါတယ် ။

စစ်ကောင်စီကငွေကြေးအများအပြားအကုန်အကျခံကာဦဆောင်းကျင်းပတဲ့ အတာသင်္ကြန်ပွဲတော်က်ု မဆင်နွှဲဘဲ နေပေးတဲ့အတွက်လဲ အထူးကျေးဇူးတင်ပါတယ်


တော်လှန်ရေးအတွက် ဘယ်တော့မှ သွေးမအေးဖို့ကိုလဲ မေတ္တာရပ်ခံပါရစေ။

YGR

တော်လှန်ရေးနေ့တွင် မီးပိတ်သပိတ်ပြုလုပ်ရန် NUG တိုက်တွန်းဧရာဝတီ၊ မတ် ၂၆၊ ၂၀၂၂လာမည့် မတ် ၂၇ ရက်တွင် ကျရောက်မည့် ဖက်ဆစ်တော်...
26/03/2022

တော်လှန်ရေးနေ့တွင် မီးပိတ်သပိတ်ပြုလုပ်ရန် NUG တိုက်တွန်း

ဧရာဝတီ၊ မတ် ၂၆၊ ၂၀၂၂

လာမည့် မတ် ၂၇ ရက်တွင် ကျရောက်မည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် တော်လှန်ရေးနေ့ကို ဂုဏ်ပြုခြင်းနှင့် စစ်ကောင်စီ၏ တပ်မတော်နေ့ကို ဆန့်ကျင်သည့် အနေဖြင့် ယင်းနေ့ညပိုင်းတွင် မီးပိတ်သပိတ်ပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တိုက်တွန်းလိုက်သည်။

တော်လှန်ရေးနေ့ကို ပုံပြောင်းထားသည့် စစ်ကောင်စီ၏ တပ်မတော်နေ့ကို ဆန့်ကျင်သည့်အနေဖြင့် ညဘက် စစ်ကောင်စီမီဒီယာ ရုပ်မြင်သံကြားမှ သတင်းများလာချိန် ည ၈ နာရီမှ ၈ နာရီခွဲအထိ နိုင်ငံတဝှမ်းရှိ အိမ်တိုင်း၌ လျှပ်စစ်မီးမသုံးဘဲ မီးပိတ်သပိတ်ပြုလုပ်ပြီး ဆန္ဒပြကြရန် ဖိတ်ခေါ်ကြောင်း NUG ၏ ကြေညာချက်တွင် ရေးသားထားသည်။

အဆိုပါ လှုပ်ရှားမှုသည် လွန်ခဲ့သည့် ၄ နှစ်ကျော်ကာလအလွန်တွင် နေ့စဉ်ပြတ်တောက်နေသည့် လျှပ်စစ်မီးကို အချိန်ပိုင်း မသုံးဘဲ ဆန္ဒပြခြင်း ဖြစ်သလို စီမံခန့်ခွဲမှုညံ့ဖျင်းသည့် စစ်အုပ်စု လျှပ်စစ်ဌာနကို အကျပ်အတည်းဖြစ်စေမည့် မိနစ် ၃၀ လည်း ဖြစ်ကြောင်း NUG က ဆိုသည်။


See less

⛔️⛔️⛔️ရေမဆော့သပိတ်⛔️⛔️⛔️မြန်မာနှစ်သစ်ကူးအချိန်အခါ ဆိုတာ မြန်မာလူမျိုးတို့ရဲ့ ပျော်ရွှင်ဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်တယ်ဆိ...
24/03/2022

⛔️⛔️⛔️ရေမဆော့သပိတ်⛔️⛔️⛔️

မြန်မာနှစ်သစ်ကူးအချိန်အခါ ဆိုတာ မြန်မာလူမျိုးတို့ရဲ့ ပျော်ရွှင်ဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်တယ်ဆိုတာသိပါတယ်။

မ. အ. လ လက်ထက်မှာသင်္ကြန်ရေသဘင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် ပြင်ဆင်နေတာကိုလဲ တွေရပါတယ်။

မိဘပြည်သူများအနေဖြင့် သွေးမအေးဘဲ တတ်နိုင်တဲ့ဘက်မှပါဝင်ပေးကြဖို့ကိုလဲ တောင်းဆိုအပ်ပါတယ်။

ဒီနှစ်ကိုလဲ မနှစ်ကလို ရေမဆော့ဘဲ ဒီသပိတ်လေးထဲမှာ ပါဝင်ပေးဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်

အရေးတော်ပုံအောင်ရမည်။

Yangon Generation Revolution-YGR

14/03/2022

"မီးဖျက်ပီး အမှောင်ချပေ့မယ် ငါတို့ခံယူချက်တွေကို အမှောင်ချလို့မရဘူး '

ကျွန်တော်တို့ Y.G.R. နှင့် E.D.F အဖွဲ့ တို့သည် 13.3.2022 တွင် ရန်ကုန်မြို.ဆင်ရေတွင်း မှတ်တိုင်အနီး မော်တော်ပီကယ် ရုံးတွင် ချိတ်ဆွဲခဲ့ပါတယ်

မိဘပြည်သူများ အနေဖြင့် ယခုအခြေအနေကိုနေသားမကျဘဲ သွေးမအေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျာ

အလှုရှင်များ လှူဒါန်းသော ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ နောက်ထပ်လိုအပ်သောနေရာများ ကို ပို့ဆောင်ပေးရန်အတွက် ကျွ...
28/02/2022

အလှုရှင်များ လှူဒါန်းသော ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ

နောက်ထပ်လိုအပ်သောနေရာများ ကို ပို့ဆောင်ပေးရန်အတွက် ကျွန်တော်တို့ Y.G.R မှ ကြိုးစားလျက်ရှိနေပါတယ်ခင်ဗျာ။

ယုံကြည်စိတ်ချစွာနှင့် လှူဒါန်းပေးသော မိဘပြည်သူများကိုလဲ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

"အရေးတော်ပုံ အောင်ရမည်"

Address


Website

Alerts

Be the first to know and let us send you an email when Yangon Generation Revolution-YGR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share