Distribution of Myanmar News

  • Home
  • Distribution of Myanmar News

Distribution of Myanmar News မြန်မာနိုင်ငံ၏သတင်းများအား ဖြန့်ဝေခြင်း

သူများတွေကိုကြတော့ဆရာကြီးတွေကဆိုပြီးပေါက်ကရတွေပြောနေတယ်။သူကမှစောက်ဆရာကြီးလုပ်ပြ စောက်တတ်ကြီးလုပ်ပြနေတာ လူကြည့်တော့ ၄ လုံ...
07/06/2023

သူများတွေကိုကြတော့ဆရာကြီးတွေကဆိုပြီးပေါက်ကရတွေပြောနေတယ်။သူကမှစောက်ဆရာကြီးလုပ်ပြ စောက်တတ်ကြီးလုပ်ပြနေတာ လူကြည့်တော့ ၄ လုံး ဆံပင်က ခြေသုတ်ခုံပုံစံ ပါးစပ်က ဗက်ပြဲနဲ့စောက်ဆရာကြီး😂😂😂😂😂😉😉😉😂😂 သူများမျက်စိကြည့်မနေနဲ့ကိုယ့်မျက်စိ ကိုယ်ပြန်ကြည့်ပါအုံး ဆရာကြီး

07/06/2023
07/06/2023
07/06/2023

စစ်ဘေးရှောင်တွေ ဘာလိုလဲ ဘာကူလို့ရမလဲ ?

- စားနပ်ရိက္ခာ
- သောက်သုံးရေ
- အမိုးအကာ
- ဆေးဝါး
- သင်ထောက်ကူပစ္စည်း
- အာဟာရဒါန

ပါဝင်ကူညီလိုပါက မက်ဆေ့မှတစ်ဆင့်
မေးမြန်းစုံစမ်းနိုင်ပါတယ်။

#စစ်ဘေးရှောင်
#မျှဝေခြင်းသည်မေတ္တာ

07/06/2023
07/06/2023

BTS
From Revolution Means Music video
📸Kaung Kaung

07/06/2023
07/06/2023
07/06/2023
07/06/2023

ထိုင်းက လျှပ်စစ်မီး ဖြတ်လိုက်တဲ့အပေါ် တံတားတွေ ပိတ်ပစ် မယ်လို့ BGF ခြိမ်းခြောက်၊ ထိုင်းစစ်တပ်နဲ့ ရဲ နယ်စပ်မှာ ကင်းလှည့်

ဇွန် ၆ - ၂၀၂၃

မနေ့ ဇွန် ၅ ရက် ည ၁၂ နာရီ ကစလို့ ထိုင်းကနေ BGF ထိန်းချုပ် နယ်မြေ ဖြစ်တဲ့ ရွှေကုက္ကိုလ်နဲ့ အင်ကြင်းမြိုင်ကို ပို့လွှတ်နေတဲ့ လျှပ်စစ်မီးဖြတ်တောက် လိုက်တဲ့ အပေါ် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတွေကို ပိတ်ပစ်မယ်လို့ BGF က ခြိမ်းခြောက်ခဲ့ ကြောင်း ထိုင်းနိုင်ငံ Channel 7 သတင်းဌာနက သတင်း ထုတ်ပြန် ထားပါတယ်။

အခုလို ခြိမ်းခြောက်မှုကြောင့် လက်နက် အပြည့်ကိုင်ဆောင်ထားတဲ့ ထိုင်းစစ်တပ်နဲ့ ရဲ ပူ‌ပေါင်းတပ်ဖွဲ့တွေကို ချစ်ကြည်ရေး တံတားဂိတ်အနီး ထိုင်းဘက် အခြမ်းမှာ ချထားလိုက်ပြီး လုံခြုံရေးကို အထူးစောင့်ကြည့် နေတယ်လို့ Channel 7 သတင်းက ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းဘက်က နယ်စပ် ဂိတ်တွေနဲ့ ကုန်စည်ဖြတ်သန်းတဲ့ ဂိတ်တွေကို ပုံမှန်အတိုင်း ဖွင့်ထားပြီး ထိုင်း လုံခြုံရေးတွေက အခြေအနေ ကို ၂၄ နာရီ စောင့်ကြည့် နေတယ်လို့ သတင်းက ဆိုပါတယ်။

လျှပ်စစ် ဓါတ်အားပေးမှု ရပ်ဆိုင်းလိုက်တာဟာ စာချုပ် သက်တမ်း ကုန်ဆုံးသွားလို့ ဖြစ်ပြီး ရွှေကုက္ကိုလ်နဲ့ အင်ကြင်းမြိုင် ဒေသ ၂ ခု စလုံးဟာ ကာစီနိုလောင်း ကစားရုံ လုပ်ငန်းတွေ လည်ပတ် နေတာ ဖြစ်ပါတယ်။

ကာစီနိုရုံများတွေ အနေနဲ့ မီးစက်ကြီး တွေနဲ့ အသုံးပြုဖို့ ပြင်ဆင်ထား ကြောင်းသိရပေမယ့် ဒေသတခုလုံးကို မီးပေးဖို့ အတွက်တော့ ရေရှည်မှာ ပြဿနာ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

---------------------------
THN freelance journalist
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
http://bitly.ws/s3nd

ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
Twitter - https://twitter.com/winburmese

တယ်လီဂရမ်လည်း ရှိပြီ
https://t.me/THNfreelance
တစ်တော့ လာပြီ
https://www.tiktok.com/?lang=en

07/06/2023

လောင်းလုံး အထက်တန်းကျောင်း ဖျက်ဆီးခံရ

ဇွန် ၆ - ၂၀၂၃

လောင်းလုံးမြို့ အထက်တန်းကျောင်းကို အမည်မသိလူများက ဝင်ရောက်ပြီး ကျောင်းစာသင်ခန်း အချို့ကို ဖျက်ဆီးသွားကြောင်း မြို့ခံ တွေရဲ့ ပြောပြာချက်အရ သိရပါတယ်။

တနင်္ဂနွေကျောင်းပိတ်ရက် ဖြစ်တဲ့ ဇွန်လ ၄ ရက်နေ့မှာ ဝင်ရောက် ဖျက်ဆီးသွား တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းထဲရှိ စာသင်ခန်း အချို့၊ ဆရာ၊ ဆရာမ နားနေဆောင်နှင့် ကွန်ပျူတာများ ကို ရိုက်ခွဲ ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း လည်း သိရပါတယ်။

“ကျောင်းမှာ ဖျက်ဆီးခံလိုက်ရတာကတော့ တော်တော်များတယ်။ ကွန်ပျူတာတွေ၊ စာသင်ခန်းတွေ ကြေမွနေအောင် ရိုက်ဖျက်သွားတာ” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ကျောင်းသားမိဘ တဦးက ပြောပါတယ်။

စာသင်ခန်းထဲ ပျက်စီးနေမှု အခြေအနေကို ဇွန်လ ၅ ရက် ကျောင်းဖွင့် ချိန်ရောက်မှ တွေ့ရှိခဲ့ပြီး ယင်းနောက် လောင်းလုံး မြို့မ ရဲစခန်းက လာရောက် စစ်ဆေးခဲ့ပါတယ်။

ရဲစခန်းက လာရောက် စစ်ဆေးချိန် ကျောင်းအနီးဝန်းကျင်ရှိ ဒေသခံ အနည်းဆုံး ခြောက်‌ဦးကို စစ်ဆေးရန်ရှိသည်ဟုဆိုပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်လာခြင်း ရှိမရှိကိုမူ မသိရသေးပါ။

လက်ရှိမှာတော့ ကျောင်းသားများ ပုံမှန်အတိုင်း စာသင်ကြား နေကြောင်း သိရပါတယ်။

Crd - Dawei Watch

---------------------------
THN freelance journalist
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
http://bitly.ws/s3nd

ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
Twitter - https://twitter.com/winburmese

တယ်လီဂရမ်လည်း ရှိပြီ
https://t.me/THNfreelance
တစ်တော့ လာပြီ
https://www.tiktok.com/?lang=en

07/06/2023

ရွှေကုက္ကိုလ်နဲ့ အင်ကြင်းမြိုင်ကို ထိုင်းက လျှပ်စစ်မီးဖြတ်တောက် မယ်

ဇွန်လ ၅ ရက် -၂၀၂၃

ကရင်ပြည်နယ် မြဝတီမြောက်ဘက် ရွှေကုက္ကိုလ် ဒေသနဲ့ မြဝတီမြို့ တောင်ဘက်ပိုင်းရှိ လေးကေကော်မြို့ သစ် အနီး အင်ကြင်းမြိုင် ဒေသတို့ကို ပေးဝေနေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်မီး တွေကို ဇွန်လ ၆ ရက် မနက်ဖြန်က စလို့ အကန့် အသတ် မရှိ လျှပ်စစ် ဓာတ်အား ဖြတ်တောက်မှာ ဖြစ်ကြောင်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ဒီလျှပ်စစ် ဓါတ်အားပေးမှုကို ထိုင်းအစိုးရနဲ့ ရွှေမြစ်သောင်ရင်း ကုမ္ပဏီ တို့ အကြား စာချုပ် ချုပ်ဆိုထားထာ ဖြစ်ပြီး စာချုပ် သက်တမ်း ကုန်ဆုံးပြီ ဖြစ်လို့ အခုလို လျှပ်စစ် ဓာတ်အား ဖြတ်တောက်မှာ ဖြစ်တယ်လို့ သိရကြောင်း ရွှေကုက္ကိုလ် ဒေသခံရွာ သားတဦးက ပြောပါတယ်။

“ထိုင်းနဲ့ မြန်မာ မီးပေးတဲ့ ကုမ္ပဏီ တခုက စာချုပ်ကုန်သွားလို့ ရွှေကုက္ကိုလ် တခွင်လုံး ၆ ရက်နေ့ နောက် ဆုံးမီး ဖြတ်မယ်တဲ့။ မြဝတီတော့ မပါဘူးပေါ့။ စာချုပ် အသစ်ပြန်ချုပ်ပြီး မီးပြန်ယူမယ် လို့ ကြားနေတယ်။ ဘယ်နှစ်လ ဖြတ်မယ် ဆိုတာတော့ မကြား သေးဘူး” လို့ ပြောပါတယ်။

ဒါဟာ BGF တပ်များ ပိုင်သည့် ကာစီနို လုပ်ငန်းများကို ပိတ်သိမ်းရန် ကြိုးပမ်းခြင်း ဖြစ်နိုင်ကြောင်းလည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီ ဒေသ ၂ ခု စလုံးဟာ နယ်ခြားစောင့်တပ် (BGF) တွေရဲ့ ထိန်းချုပ် နယ်မြေ ဖြစ်ပြီး ကာစီနိုလောင်း ကစားရုံ တွေဟာ ထိုင်း လျှပ်စစ်မီး နဲ့ လုပ်ငန်းတွေ လည်ပတ် နေတာ ဖြစ်ပါတယ်။

အခုလို ရွှေကုက္ကိုလ် ဒေသမှာ လျှပ်စစ်မီး ဖြတ်တောက် တော့မယ် ဆိုတဲ့ သတင်း တွေကြောင့် ကာစီနိုရုံများတွေ အနေနဲ့ မီးစက်ကြီး တွေနဲ့ အသုံးပြုဖို့ ပြင်ဆင်ထား ကြောင်း လည်း သိရပါတယ်။

crd - KIC

---------------------------
THN freelance journalist
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
http://bitly.ws/s3nd

ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
Twitter - https://twitter.com/winburmese

တယ်လီဂရမ်လည်း ရှိပြီ
https://t.me/THNfreelance
တစ်တော့ လာပြီ
https://www.tiktok.com/?lang=en

Address


Website

Alerts

Be the first to know and let us send you an email when Distribution of Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share