Tamu Indepth News

  • Home
  • Tamu Indepth News

Tamu Indepth News Freelance Journalists

NUG က လူထုထောက်ခံမှုကိုယူချင်တော့ အမေစုကို သူတို့အစိုးရအဖွဲ့ထဲ ခေါင်းဆောင်ဆိုပြီးထည့်တယ်....အခု မအလတွေနဲ့တွဲပြီး ဝရမ်းအထ...
17/02/2025

NUG က လူထုထောက်ခံမှုကိုယူချင်တော့ အမေစုကို သူတို့အစိုးရအဖွဲ့ထဲ ခေါင်းဆောင်ဆိုပြီးထည့်တယ်....

အခု မအလတွေနဲ့တွဲပြီး ဝရမ်းအထုတ်ခံရတော့ ကန့်ကွက်စာတစ်ကြောင်းမထုတ်ဘူး....

ဒါလား ကိုယ့်ခေါင်းဆောင်အပေါ် သစ္စာရှိမှု....

အလှူခံလို့ကောင်းရုံတော့ နာမည်မထည့်ထားကြနဲ့လေ...

ခင်ဗျားတို့တွေ အသေအလဲကာကွယ်ကြရမဲ့အရာ ဒီကမ္ဘာမှာ အမေစုထက်ပိုပြီး ဘာရှိသေးသလဲ...

နိုင်ငံတကာဆက်ဆံရေးတွေ နိုင်ငံရေးတွေ ဘာတွေညာတွေ ဘာတစ်ခုမှ အကြောင်းပြမနေနဲ့...

ပြီးတော့ အမေစုထွက်လာပြီး စကစနဲ့ညှိရင် တော်လှန်ရေးပျက်မယ်လို့ ကိုယ့်စိတ်နဲ့နှိုင်းပြီး အရူးစကားပြောကြသူတွေလည်းရှိသေးတယ်...

အမေစုသမိုင်းမှာ သူလွတ်မြောက်ဖို့အတွက် စစ်အာဏာရှင်နဲ့ညှိနှိုင်းတယ်ဆိုတာ သမိုင်းတစ်လျှောက်လုံး မြင်ဖူးခဲ့ကြရဲ့လား...

တိုင်းပြည်နဲ့လူထုအတွက် အကျိုးရှိမယ်လို့ သူကိုယ်တိုင်ယုံကြည်တဲ့အခါမှ ညှိသင့်သလောက်ညှိခဲ့လို့ အစိုးရဖြစ်တဲ့အထိ ခရီးရောက်ခဲ့တာမဟုတ်ဘူးလား....

တိုင်းပြည်နဲ့လူထုအတွက်ငဲ့ကွက်တတ်တဲ့စိတ်ကို မအလတို့ကအသုံးချပြီး ထောင်ချောက်ဆင်ခဲ့လို့ အခုလို ဒီမအလတွေနဲ့ပဲ ပူးတွဲဝရမ်းထုတ်ခံရတာမဟုတ်ဘူးလား...

သူလွတ်မြောက်ဖို့ညှိမဲ့အစား ထောင်ထဲမှာပဲအသေခံသွားမယ့်သူမျိုးဆိုတာကော ခံစားမိကြရဲ့လား....

တိုင်းပြည်အတွက် တစ်ဘဝလုံးနှစ်မြုပ်ထားခဲ့တဲ့သူကို မတရားတော့ မလုပ်ကြနဲ့ပေါ့...

အမေစုကို ဘယ်အရာနဲ့ယှဉ်ပြီးရွေးချယ်စရာမှမရှိ...

#အမေစု

17/02/2025

တမူးမြို့နယ်၊ မင်းသာနဲ့ ကျွန်းပင်သာကျေရွာကို စစ်ကောင်စီတပ်များ ထပ်မံမီးရှို့ဖျက်ဆီး

=============

ဖေဖော်ဝါရီ ၁၇ရက် ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာနဲ့ ကျွန်းပင်သာကျေးရွာကို စစ်ကောင်စီတပ်များက ဖေဖော်ဝါရီလ ၁၆ရက်နေ့က အကြောင်းမဲ့ မီးရှိုဖျက်ဆီးနေတယ်လို့ ဒေသခံများထံက သိရပါတယ်။

မင်းသာနဲ့ ကျွန်းပင်သာကျေးရွာမှာ အခုရက်ပိုင်း တိုက်ပွဲ ငြိမ်နေသော်လည်း စစ်ကောင်စီများက ဒေသခံများရဲ့ နေအိမ်များကို အကြောင်းမဲ့မီးရှို့နေတာလို့ ဆိုပါတယ်။

"ကျွန်းပင်သာရွာကို နေ့လည်

လေတိုက်ချိန် မီးရှို့နေတာ ကြောက်စရာကြီးဗျာ။ ပြည်သူအိမ်ကို စစ်ခွေး တွေမီးရှို့နေတာ။ ဖေဖော်ဝါရီ ၁၄ရက်နေ့

မနက် ၁၁နာရီကနေ ညနေ ၆နာရီထိ မင်းသာရွာကို

စစ်ခွေးတွေမီးရှို့နေတာ။ နှစ်ရွာလုံးကနေအိမ်တော်တော် ပါသွားလောက်ပြီနော်။ အဝေးကနေပဲရင်နာနာနဲ့ လက်ပိုက်ကြည့်နေရတာဗျာ။နှစ်ရွာလုံးက အခုအကြိမ်နဲ့ဆို ဒီနှစ်အတွင်း ၄ကြိမ်ရှိသွားပြီ" လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

စစ်ကောင်စီတပ်များက မင်းသာနဲ့ကျွန်းပင်သာကျေးရွာတို့ကို ဖေဖော်ဝါရီ ၃ရက်၊ ဖေဖော်ဝါရီ ၆ရက်၊ ဖေဖော်ဝါရီ ၁၀ရက်‌နေ့နဲ့ ၁၆ရက်နေတွေက ဒေသခံပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး ယခုနှစ်အတွင်း အဆိုပါကျေးရွာနှစ်ခု ရှိ ဒေသခံများရဲ့ နေအိမ် မီးရှို့တာ ၄ကြိမ်ရှိသွားပြီလို့သိရပါတယ်။

တမူးမြို့နယ်အထက်ပိုင်း မင်းသာ၊ ကျွန်းပင်သာကျေးရွာ နဲ့ တမူးအောက်ပိုင်း ပန်းသာကျေးရွာတို့မှာ စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ ပျူစောထီး၊ SNA၊ ကသည်း၊ NSCN-IM တန်ခူးလ် နာဂ လက်နက်ကိုင်များအခိုင်အမှာ တပ်စွဲထားတာဖြစ်ပါတယ်။

အခုရက်ပိုင်း တမူးအထက်ပိုင်း မင်းသာနဲ့ကျွန်းပင်သာကျေးရွာ၊ တမူးအောက်ပိုင်း ပန်းသာကျေးရွာတို့မှာ နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားမှုမရှိပဲငြိမ်‌နေတယ်လို့ သိရ ပါတယ်။

သတင်း - စနေသား

မြန်မာစစ်ဘေးရှောင်တွေကို မြန်မာဘက်ပြန်ပို့ခဲ့တဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်  ဖေဖော်ဝါရီလ ၁၀ ရက်။မဏိပူရ်မှ...
10/02/2025

မြန်မာစစ်ဘေးရှောင်တွေကို မြန်မာဘက်ပြန်ပို့ခဲ့တဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်

ဖေဖော်ဝါရီလ ၁၀ ရက်။

မဏိပူရ်မှာ စစ်ရှောင်ကြတဲ့ မြန်မာစစ်ဘေးရှောင်လူရာနဲ့ချီကို ဖမ်းဆီးခဲ့ပြီး မြန်မာဘက်ကို ပြန်ပို့ခဲ့တဲ့ အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh ဟာ ရာထူးမှနုတ်ထွက်ကြောင်းစာကို ဖေဖော်ဝါရီ ၉ ရက်က မဏိပူရ်ပြည်နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့ ကြောင်းသိရပါတယ်။

မဏိပူရ် ဝန်ကြီးချုပ် အန် ဘီရန် ဆင်းဟာ ဖေဖော် ဝါရီ ၉ ရက်မှာ ရာထူးက နုတ်ထွက်သွားပြီလို့ ပြည်နယ်အစိုးရ အတွင်းဝန်ရုံးက ထုတ်ပြန်ပါတယ်။

N Biren Singh လက်ထက် မဏိပူရ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ မေလက လူများစုကသည်းလူမျိုးများနဲ့ ကူကီးလူမျိုး ကြား လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခ ဖြစ်ပွားခဲ့ကာအဆိုပါ လူမျိုး‌ရေးပဋိပက္ခကြောင့် လူရာချီ သေဆုံးမှုများရှိခဲ့ပြီး လူသောင်းနှင့်ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။လူမျိုး ရေး အကြမ်းဖက်မှု ကြောင့် ၂ ဖက် ပြည်သူများရဲ့နေအိမ်ထောင်ချီနဲ့ ကားများ၊ ဆိုင်ကယ်များလည်း မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။

မဏိပူရပြည်နယ်ထဲမှာ စစ်ရှောင်နေတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ ဝန်းကျင်ရဲ့ ဇီဝအချက်အလက်တွေကိုကောက်ယူခဲ့သလို မြန်မာစစ် ဘေးရှောင်တွေကို မြန်မာပြည်ပြန်ပို့မယ်လို့ နုတ်ထွက်သွားတဲ့ မဏိပူရ်ဝန်ကြီးချုပ်ဆင်းက မကြာခဏပြောဆိုခဲ့ပါတယ်။

Chin World

မီဒီယာ ကျင့်ဝတ်ဆိုတာဘာလဲ မေးယူနေရတယ်ဟ........
07/02/2025

မီဒီယာ ကျင့်ဝတ်ဆိုတာဘာလဲ မေးယူနေရတယ်ဟ........

If you support Myanmar Military Junta Your terrorists.
02/02/2025

If you support Myanmar Military Junta Your terrorists.

02/02/2025

ကလေးမြို့နယ် ဒုက္ခသည်စခန်း ဗုံးကြဲခံရတာကြောင့် ရှစ်ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ
~~~
■ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကုက္ကိုလ်ရွာအတွင်းက စစ်ဘေးဒုက္ခသည် စခန်းကို ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ရှစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကလေးမြို့နယ် ကျောက်ဆည်ရွာနဲ့ အင်းကျွန်းကျေးရွာတွေကနေ နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည် လေးရာကျော်ဟာ ကုက္ကိုလ်ရွာအတွင်းက စာသင်ကျောင်းကို ဒုက္ခသည်စခန်းအဖြစ် ခိုလှုံနေထိုင်နေကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ နေအိမ်တွေအပေါ်ကို ပေါင် ငါးရာ ဗုံးနှစ်လုံး ကြဲခဲ့တာ ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးထိခိုက်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်တွေ နေတဲ့နေရာကို ကြဲသွားတာ။ စာသင်ကျောင်းထဲကို ကြဲသွားတာ။ ကုက္ကိုလ်စာသင်ကျောင်းထဲကို ပေါင် ငါးရာဗုံးနှစ်လုံးကြဲသွားတာတာ။ ညနေငါးနာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ တဲတည့်တည့်ကို ကျတာပေါ့နော်။ အကုန်လုံး တစ်စစီ စုတ်ပြတ်သွားတာပဲ။ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးသေတာ ပါပဲခင်ဗျာ”

သေဆုံးသူ ရှစ်ဦးအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးဦး၊ ကိုယ်ဝန်ဆောင်တစ်ဦး၊ ကလေးအမေနှစ်ဦးနဲ့ အမျိုးသမီးကြီး တစ်ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၁၅ ဦးထဲမှာ အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီး ခုနစ်ဦး ပါဝင်တယ်လို့ သူက ပြောပါတယ်။

ကလေးမြို့နယ် ကုက္ကိုလ်ရွာနဲ့ တင်သားရွာဘက်ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပါဝင်တဲ့ အင်အား သုံးရာနီးပါးက ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးနိုင်ဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ တင်သားကျေးရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြည်သူ့လုံခြုံလုံရေး (ပလဖ) အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲခေါ်တာတွေ ဘာတွေ မရှိဘဲနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမလိုလိုနဲ့ လူအင်အားတွေ စုပြီးတော့ ထွက်လာတယ်။ ပြီးတော့ လေကြောင်းတက်လာတယ် မနေ့ကတုန်းက။ လေကြောင်းတက်လာတော့ အရပ်ဘက်က ကာထားတဲ့ကင်းတွေကို ကြဲမလိုလိုနဲ့ ကြဲတော့ ကြဲသွားသေးတယ်။ ကျွန်တော်တို့ဘက်က အသေအပျောက်မရှိဘူးပေါ့နော်။ ကုက္ကိုလ်ဘက်ကိုကျတော့ တင်သားဘက်ကနေ လှမ်းထုလိုက်တာ။ နှစ်ချက်ချလိုက်တာ စစ်ဘေးရှောင်စခန်းကို ချလိုက်တာဗျ။ ပုန်းညက်တွေထဲမှာ ရောကောက်ယူခဲ့ရတယ် အလောင်းတွေက”

စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကို ဝမ်းနည်းကြေကွဲရတယ်လို့ ကုက္ကိုလ်ရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဓိက ဝမ်းနည်းတာပေါ့နော်။ ပြည်သူတွေကျတော့ ကျန်တဲ့အဖွဲ့အစည်းတွေလောက် သတင်းအချက် အလက်လည်း မရဘူးလေ။ အဖွဲ့အစည်းတွေက ဝေဟင်သတင်းနဲ့တွေ ဘာတွေရတော့ သူတို့က ဘာမှမသိတော့ ပိုပြီးမှာ အန္တရာယ်များတယ်လို့ ခံစားရပါတယ်။ ပြီးတော့ နောက်တစ်ကြိမ်လည်း မဖြစ်စေချင်တော့ဘူးပေါ့”

လေကြောင်းက တိုက်ခိုက်ခံရပြီးနောက် စစ်ဘေးဒုက္ခသည်တွေ အပါအဝင် ကျေးရွာဒေသခံတွေအားလုံးကို လေကြောင်းရန် ကင်းလွတ်တဲ့နေရာကို ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။

ကုက္ကိုလ်ရွာမှာ လေကြောင်းကတိုက်ခိုက်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ သေဆုံးရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာတော့ ကလေးမြို့နယ်က တင်သားနဲ့ ကုက္ကိုလ်ရွာမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ စခန်းတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အသေအဆုံးအထိအခိုက် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရုံး၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်းမှာ စစ်ကောင်စီလက်ချက်နဲ့ နိုင်ငံတစ်ဝန်းက ပြည်သူ ၆၂၃၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ ဥရောပသမဂ္ဂ အပါအဝင် သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်တို့က မြန်မာ့အရေးအတွက် ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ မြန်မာစစ်တပ်ရဲ့ အရှိန်မြှင့်ဆောင်ရွက်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ပြည်သူတွေနဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေတာတွေ အပါ အဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့အတွက် ထုတ်ပြန်ချက်မှာ အလေးအနက်ထား တိုက်တွန်းထားပါတယ်။
____________

#ဗုံးကြဲခံရ #ဒုက္ခသည်စခန်း #သေဆုံး #ကလေး #လွတ်လပ်တဲ့အာရှအသံ

NUG ကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်လို့ ယာယီသမ္မတပြော~~~■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူထု အကြံပြု...
02/02/2025

NUG ကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်လို့ ယာယီသမ္မတပြော
~~~
■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူထု အကြံပြုချက်တွေနဲ့ အမြင်သဘောထားတွေကို အလေးအနက်ထားပြီး ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်း လေးနှစ်ပြည့် မိန့်ခွန်းမှာ ယာယီသမ္မတက ပြောခဲ့တာပါ။

“ကျွန်တော်တို့အစိုးရအနေနဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားပြီး အားသာချက်ကို များသထက်များအောင် ကြိုးစားနေပါတယ်၊ လူထုရဲ့ အကြံပြုချက်တွေ၊ လူထုရဲ့ အမြင်သဘောထားတွေကို ကျွန်တော်တို့အနေနဲ့ အထူးအလေးအနက်ထားပြီး ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်သွားမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်”

NUG အစိုးရကို ဖွဲ့စည်းခဲ့တာဟာ အမျိုးသားညီညွတ်ရေးအတွက် အခြေခံမူထားပြီး တော်လှန်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွေ့ကျကျပူးပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုအသွင်နဲ့ စစ်အာဏာရှင်ကို ဆက်တော်လှန်သွားမယ်လို့ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ထဲက စစ်ဗိုလ်ချုပ်တွေနဲ့ တပ်မတော်သားတွေ ပြည်သူ့ဘက်ကို မျက်နှာမူပြီး ဘက်ပြောင်းခိုလှုံပါဝင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“မြန်မာစစ်တပ်ထဲက တပ်မတော်သားစစ်စစ်တွေနဲ့ တိုင်းပြည်ကိုချစ်မြတ်နိုးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူဘက်ကို မျက်နှာမူပြီး အကြမ်းဖက်စစ်ကောင်စီကို ငြင်းဆန်ဖို့ ကြိုးစားပါလို့ ကျွန်တော်အနေနဲ့ လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်”

ဘက်ပြောင်းခိုလှုံလာမယ့် တပ်မတော်သားတွေကို အချိန်မရွေး နေရာမရွေး လက်ခံကြိုဆိုသွားမယ်လို့လည်း ဒူဝါလရှီးလက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ (၁၄,၇၆၀) နီးပါး ရှိလာပြီလို့ NUG က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ စစ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂ဝ၂၄ ခုနှစ် တစ်နှစ်အတွင်းမှာပဲ ရဲ နဲ့ စစ်သား ၅၆၇ ဦး CDM လှုပ်ရှားမှုမှာပါဝင်လာပြီး ဒုဗိုလ်မှူးကြီး ငါးဦး နဲ့ ဗိုလ်မှူး ၄၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့က ထုတ်ပြန်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနစာရင်းမှာ ဇန်နဝါရီတစ်လအတွင်း အရာရှိအဆင့် ဗိုလ်မှူး တစ်ဦးအပါအဝင် တပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၃၆ ဦး ပြည်သူ့ဘက်ကူးပြောင်းလာတယ်လို့ ဖော်ပြထားပါတယ်။ လက်နက်နဲ့အတူ ခိုလှုံလာသူ ၈၃ ဦးရှိပြီး NUG က လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုငွေတွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
___
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ။ (Photo : NUG)
#ဒူဝါလရှီးလ #လွတ်လပ်တဲ့အာရှအသံ

ပြောလဲပြောချင်စရာဘဲ ပွဲပြီးမှဘာညာ လာမလုပ်ကြနဲ့ သေတဲ့သူသတင်းတက်လာမှာ လာပြီးဝမ်းနည်းပြနဲ့......
02/02/2025

ပြောလဲပြောချင်စရာဘဲ ပွဲပြီးမှဘာညာ လာမလုပ်ကြနဲ့ သေတဲ့သူသတင်းတက်လာမှာ လာပြီးဝမ်းနည်းပြနဲ့......

02/02/2025

A conglomerate of Manipuri Terrorists from PLA, Naga Terrorists from NSCN-IM and Shanni Terrorists from SNA are sinisterly acting as stooges against the pro-democratic aspirations of the Myanmar general public by siding with the Myanmar Military Junta with nefarious designs.

Henceforth, we the citizens of Myanmar strongly oppose all such anti-national elements and consider them very seriously not only as a national menace but also as a common enemy of the nation.

Subsequently, we would like to remind all these miscreants and terrorists working in cahoots with the Myanmar Military Junta to stop acting as stooges and refrain from carrying out subversive activities against the interest of our Myanmar populace with immediate effect.





#အရေးတော်ပုံအောင်ရမည်

#အရေးတော်ပုံဆန့်ကျင်သူဒို့ရန်သူ

1.2.2021 _ 1.2.2025က မ္ဘာ မ ကျေ ဘူး ဟေ့ ....
31/01/2025

1.2.2021 _ 1.2.2025
က မ္ဘာ မ ကျေ ဘူး ဟေ့ ....

စစ်ခေါင်းဆောင် အာဏာလက်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်ပြော~~~■ အားလုံးပါဝင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်ဖို့ စစ်ကေ...
31/01/2025

စစ်ခေါင်းဆောင် အာဏာလက်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်ပြော
~~~
■ အားလုံးပါဝင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်ဖို့ စစ်ကောင်စီဟာ အာဏာကို လက်လွှတ်ရမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောလိုက်ပါတယ်။

လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် ပြင်းထန်လာနေတဲ့ ပဋိပက္ခတွေကြား စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်အပေါ် စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး ငြိမ်းချမ်းမှုရှိမှာမဟုတ်ဘူးလို့လည်း သူက သတိပေးလိုက်ပါတယ်။

မြန်မာပြည်မှာ စစ်ကောင်စီက အာဏာသိမ်းခဲ့တာ လေးနှစ်ပြည့်နေ့အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ကြာသာပတေးနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောခဲ့တာပါ။

အာဏာသိမ်းပြီးနောက် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းအတွင်း ကျဆင်းသွားခဲ့သလို ပြင်းထန်လာတဲ့ ပြည်တွင်းပဋိပက္ခတွေကြားမှာ ဆိုးဝါးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်လာခဲ့ရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချကြောင်းနဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးအနေနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအားလုံးကို လိုက်နာဖို့နဲ့ အကြမ်းဖက်မှုနဲ့ လူမျိုးရေးဆိုင်ရာတင်းမာမှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့လိုတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောလူအခွင့်အရေးကျွမ်းကျင်သူ တွမ်အင်ဒရူးကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲအစီအမံတွေဟာ လိမ်လည်မှုတွေဖြစ်ပြီး အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထိန်းသိမ်း၊ ကွပ်မျက်နေတဲ့ မီဒီယာလွတ်လပ်ခွင့်ကို ပြစ်မှုလိုကျင့်သုံးနေချိန်မှာ တရားဝင်မဲပေးပွဲတွေ ကျင်းပနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“စစ်အစိုးရတပ်တွေက အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သလို ဗုံးခွဲတာ၊ ရွာတွေကို မီးရှို့တာတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားနှစ်သောင်းကျော်လည်း အကျဉ်းကျခံနေပါတယ်။” လို့ တွမ်အမ်ဒရူးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စီးပွားရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြိုလဲသွားပြီး အငတ်ဘေးဟာ လူဦးရေတော်တော်များများအပေါ် သက်ရောက်လာခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြန်မာပြည်ဟာ ငတ်မွတ်ခေါင်းပါးမှု စိုးရိမ်ဖွယ်အဆင့်ကို ရောက်လာပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က လူဦးရေ ၁၃ ဒသမ ၃ သန်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားခဲ့ရာကနေ အခု ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၅ သန်း ငတ်မွတ်ခေါင်းပါးနိုင်တယ်လို့ ကုလသမဂ္ဂစာရင်းတွေမှာ ဖော်ပြထားပါတယ်။
________
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ကမ္ဘာ့စီးပွားဖိုရမ် (WEF) နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) အား တွေ့ရစဉ်။ (Photo: AFP)


#အာဏာလက်လွှတ် #ကုလသမဂ္ဂ #အန်တိုနီယို ဂူတားရက်စ် #လွတ်လပ်တဲ့အာရှအသံ

31/01/2025

TIN page က ကုလားပြည်ကလူတွေ လာကိုက်နေကြတာအတော်များတယ် ကိုယ့်နေရာကိုယ်မနေကြတော့အခက်သား....

NUG ကအရှင်မိတဲ့သူနဲ့ရုပ်အလောင်းတွေကိုလွှဲပြောင်းပေးခဲ့ဖူးတယ်နော်.....
31/01/2025

NUG ကအရှင်မိတဲ့သူနဲ့ရုပ်အလောင်းတွေကိုလွှဲပြောင်းပေးခဲ့ဖူးတယ်နော်.....

တမူးတိုက်ပွဲ၌ ကသည်းအဖွဲ့ Meitei PLနှင့် နာဂအဖွဲ့ NSCN-IM တို့ကစစ်တပ်ဘက်မှကူတိုက်
​ပေးနေ

ကဖေး/People's Spring

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် တွင်ယခုရက်ပိုင်းဖြစ်ပွားနေသော တိုက်ပွဲများ၌ ကသည်းနှင့် နာဂသူအဖွဲ့များဖြစ်သောMeitei PLAနှင့်နာဂ NSCN-IM
တို့က အင်အားအများအပြားဖြင့် စစ်ကောင်စီဘက်မှ ကူတိုက်​ပေးနေကြောင်း ဒေသခံများကပြောသည်။

တမူးမြို့နယ်၊ ကျွန်းပင်သာနှင့် မင်းသာရွာတွင် ယခုရက်ပိုင်း၌ စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသည်။ အဆိုပါ တိုက်ပွဲတွင် Meitei PLA နှင့်Naga NSCN-IMတို့က စစ်ကောင်စီဘက်မှ ပါဝင်တိုက်ခိုက်နေသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

" စစ်တပ်ဘက်ကနေ ကသည်းသူပုန်ရော၊ နာဂသူပုန်ရော ပါ‌နေတယ်။အခုရက်ပိုင်းတိုက်ပွဲမှာ ကသည်းသူပုန်ဘက်က အကြီးပိုင်းထိတယ်"ဟု ‌ ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Meitei PLA နှင့် Naga NSCN-IM သည် တမူးနယ်တစ်ဝိုက် ၌ အင်အား ၅၀၀ ကျော်ခန့်ရှိဟု ခန့်မှန်းရပြီး နှစ်ဖွဲ့စလုံးက စစ်ကောင်စီကို ကူညီနေသည်ဟု တမူး PDF တပ်ရင်း(၄)က သတင်းထုတ်ပြန်ထားသည်။

Meitei PLAသည် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ဇာတိသား ကသည်းလူမျိုးကဖြင့် ဖွဲ့စည်းထားပြီး အိန္ဒိယမှ မဏိပူရပြည်နယ် လွတ်လပ်ရေး တောင်းဆိုနေသည့် အဖွဲ့ဖြစ်သည်။NSCN-IM သည် အိန္ဒိယတွင် အခြေစိုက်သည့် နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

၎င်းတို့နှစ်ဖွဲ့စလုံးကို မြန်မာနိုင်ငံဘက်ခြမ်း၌ အ
ခြေချခွင့်ပြုမည်ဟု စစ်ကောင်စီကမက်လုံးပေးထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်
ခိုက်ခိုင်းနေခြင်းဟု ဒေသခံအချို့ကပြောသည်။

" သူတို့(Meitei PLAနှင့်Naga NSCN-IM) စကစရဲ့ ဂျင်းမိနေတာ။အိန္ဒိယအစိုးရလည်းစစ်ကောင်
စီကပညာပြတာကို ခံနေရတာပဲ"ဟု မြန်မာ နှင့်အိန္ဒိယနယ်စပ်ဒေသအခြေစိုက်သော နိုင်ငံရေးလေ့လာသူတစ်ဦးကပြောသည်။

စစ်ကောင်စီကကျွန်းပင်သာ နှင့် မင်းသာရွာတွင်
Meitei PLA ၊ Naga NSCN-IMနှင့် ရှမ်းနီ
(SNA)အကူအညီဖြင့် တပ်စွဲထားသည်။ အဆိုပါစခန်းများကို ကူကီးအမျိုးသားတပ်မတော် KNA (B)အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်။
KNA သည် ​​တော်လှန်​ရေးတပ်များနှင့် အတူ စစ်​ကောင်စီတပ်ကို တိုက်ခိုက်​နေသည်။

သို့​သော်မြန်မာနိုင်ငံဘက်ခြမ်း၌ ခြေကုတ်ယူကာ အိန္ဒိယအစိုးရကိုတော်လှန်နေသည့် ကသည်းနှင့် နာဂလက်နက်ကိုင်အဖွဲ့များအနက်အချို့သည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာသည့်လူထုတော်လှန်ရေးတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှပါဝင်တိုက်ခိုက်ခဲ့ဖူးသည်။ နာဂ သူပုန်အဖွဲ့ NSCN-K လည်းရှိပြီး ထိုအဖွဲ့မှာ စစ်တပ်က တိုက်ခိုက်​နေ​​သောအဖွဲ့ဖြစ်သည်။

တမူး မြို့တွင်ပြီးခဲ့သည့်၂၀၂၄ အောက်တိုဘာ
လ၂၃ရက်က နမ့်မွန်းတားရွာအနီး၌ ဖြစ်ပွားသောတိုက်ပွဲ၌ ကသည်းသူပုန်သုံးဦးသေဆုံးပြီးတစ်ဦးအရှင်ဖမ်းမိထားကာ ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။

ကသည်းသူပုန်ရုပ်အလောင်းသုံး ​လောင်းနှင့် အရှင်ဖမ်းမိသူတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လက်အောက်ခံတပ်ရင်းများက အိန္ဒိယနိုင်ငံ မိုရေးမြို့ဘက်မှ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ခဲ့သည်။

(စစ်တပ်ကိုကူညီ​နေ​သော နာဂ တပ်ဖွဲ့NSCN-IM မှတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CNBC)

မင်းသာတ်ိုက်ပွဲမှာ ကသဲ PLA (UNLF) အကြီးပိုင်း တစ်ကောင်လဲ မြေသြဇာ ဖြစ်သွားတယ်လို့သိရ.....။
30/01/2025

မင်းသာတ်ိုက်ပွဲမှာ ကသဲ PLA (UNLF) အကြီးပိုင်း တစ်ကောင်လဲ မြေသြဇာ ဖြစ်သွားတယ်လို့သိရ.....။

30/01/2025

အဲဒီတော့ တမူးမြို့နယ်တစ်ဝိုက်ကို NUG ကအုပ်ချုပ်နေပြီး ငြိမ်းချမ်းနေတယ်ပေါ့လေ.......

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဘရော်နီကာ One Championship မှာ ထိုးဖို့ လက်မှတ်ထိုး========================DVB Youth Voiceက...
30/01/2025

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဘရော်နီကာ One Championship မှာ ထိုးဖို့ လက်မှတ်ထိုး
========================
DVB Youth Voice

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဘရော်နီကာနဲ့ စင်ကာပူအခြေစိုက် နာမည်ကျော် ဘက်စုံကိုယ်ခံပညာအားကစားပြိုင်ပွဲတခုဖြစ်တဲ့ One Championship တို့ လက်တွဲအလုပ်လုပ်ဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

“ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး တိုက်ခိုက်ရေးသမားတွေထဲက တယောက်ဖြစ်လာတဲ့ လက်ဝှေ့နဲ့ မွေ့ထိုင်း စူပါစတား ဘရော်နီကာကို ကြိုဆိုလိုက်ရအောင်ပါ” လို့ ဇန်နဝါရီလ ၂၈ ရက် ညပိုင်းက One Championship ဖေ့စဘွတ်စာမျက်နှာကနေ အသိပေးကြေညာခဲ့တာပါ။

One Championship စင်မြင့်ပေါ်မှာ ဘရော်နီကာယှဉ်ပြိုင်ထိုးသတ်မယ့် ပွဲစဉ်တွေကို မကြာခင်မှာ ကြေညာသွားမယ်လို့လည်း ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ၂ဝ၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာတာဖြစ်ပြီး ကမ္ဘာ့မွေ့ထိုင်းအဖွဲ့ချုပ် (WMO) က ပေးအပ်တဲ့ ၂ဝ၂၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းဖိုက် မွေ့ထိုင်းချန်ပီယံခါးပတ်နဲ့ ထိုင်းဘုရင့်ဖလားပွဲမှာ ချန်ပီယံဆုရရှိထားပြီး အောင်မြင်မှုတွေ ရရှိနေတဲ့ အမျိုးသမီး လက်ဝှေ့မယ်တယောက်ဖြစ်ပါတယ်။

Photo - Jonny Betts
#လူငယ်

Tamu PDF တပ်ရင်း ၄
30/01/2025

Tamu PDF တပ်ရင်း ၄

တမူးမြို့နယ်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ=========၃၀၊ ဇန်နဝါရီ  ၂၀၂၅Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာနဲ့ ကျွန်...
30/01/2025

တမူးမြို့နယ်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ
=========
၃၀၊ ဇန်နဝါရီ ၂၀၂၅
Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာနဲ့ ကျွန်းပင်သာကျေးရွာမှာ နှစ်ဘက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံများကပြောပါတယ်။

ဇန်နဝါရီ ၂၇ရက်နေ့က စတင်ပြီး မင်းသာနဲ့ကျွန်းပင်သာရွာမှာ အခိုင်အမာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ အပေါင်းပါများကို တမူးခရိုင် တော်လှန်ရေးအင်အားစုများက စတင်ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ယနေ့ ၄ရက်မြောက်နေ့ထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး နှစ်ဘက် ထိခိုက် သေဆုံးမှုရှိနေတယ်လို့ သတင်းအရင်းမြစ်က ပြောပါတယ်။

စစ်‌ကောင်စီတပ်များက မင်းသာစခန်းနဲ့ ကျွန်းပင်သာစခန်း မကျဆုံးရေး အပြင်းအထန်ခုခံနေရပြီး ဇန်နဝါရီ ၂၈ရက်နေ့ညက ‌လေကြောင်းနဲ့ပါ ၂ကြိမ်ဗုံးကြဲ ပစ်ကူခဲ့ရာ SNA ရှမ်းနီတပ်ဖွဲ့စီ မှားချမိလို့ ထိခိုက်မှုနဲ့ သေဆုံးမှုများရှိနေတယ်လို့သိရပါတယ်။

ယင်းတိုက်ပွဲမှာ ထိခိုက်ဒါဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဘက်က SNA၊ ပျူ၊ ကသည်း၊ NSCN(IM) နာဂလက်နက်ကိုင်များအား တမူးမြို့ပြည်သူ့ဆေးရုံနဲ့ ဂရိတ်ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးကပြော ပါတယ်။

"တိုက်ပွဲက နေ့ရောညပါ ဖြစ်နေတာ။ နားလိုက်ပစ်လိုက်ပါပဲ။ နှစ်ဘက် ထိခိုက်သေဆုံးမှုရှိတယ်" လို့ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

အခုလို စခန်းမကျစေဖို့ ခုခံနေတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များကို တမူးမြို့ကနေ စစ်ကူလာတဲ့ စစ်ကြောင်းများက လမ်းသွားလမ်းလာပြည်သူများရဲ့ လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး အိန္ဒိယဆင်းကဒ်တွေ့ရှိရင် လုယူသိမ်းဆည်းကြတယ်လို့ ဒေသခံများဆီက သိရပါတယ်။

" ဖုန်းတွေစစ်တယ်။ အိန္ဒိယကဒ်ထည့်ထားရင်ဖုန်းသိမ်းတယ်ဗျ။ သူတို့က ကာကွယ်ရေးအဖွဲ့စီ သတင်းပို့မှာကြောက်လို့နေမယ်။ စစ်ကူဖို့သွားရင် လူအမြင်မခံဘူးဗျ။ တောလမ်းကနေသွားကြတာ" လို့ ဒေသခံများကပြောပါတယ်။

တစ်ဘက်မှာလည်း တမူးမြို့အနီးက ပန်းသာကျေးရွာရှိ စစ်ကောင်စီစခန်းကို တမူးခရိုင် တော်လှန်းအင်အားစုများ ယနေ့ ဇန်နဝါရီ လ ၃၀ရက်နေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာ‌ကြောင်းတိုက်ပွဲပြင်းထန်ခဲ့ တယ်လို့ကနဦးသတင်းအရ သိရပြီး ထိခိုက်ကျဆုံးမှုအသေးစိပ်မသိရသေးပါ။

တမူးမြို့နယ်မှာ စစ်ကောင်စီတပ်များတပ်စွဲထားတဲ့ ကျွန်းပင်သာ၊မင်းသာကျေးရွာနဲ့ ပန်းသာကျေးရွာအပြင်၊ တမူးမြို့အထက်ပိုင်း ကွန်းတောင်းကျေးရွာနဲ့ ဟဲဇင်းကျေးရွာများရှိ စစ်ကောင်စီ စခန်းများကိုတိုက်ခိုက် ထိမ်းချူပ်နိုင်ပါက စစ်ကောင်စီကင်းစင်တဲ့ ဒေသတစ်ခုလာမှာဖြစ်တယ်လို့ ဒေသခံများကပြောပါတယ်။


သတင်း - တမူးနွေဦး

Address


Website

Alerts

Be the first to know and let us send you an email when Tamu Indepth News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tamu Indepth News:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share