Midea 4U

Midea 4U For Freedom & Midea & News & For You .

ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းအသင်းတော်၏ အဖသင်းအုပ်ဆရာကြီးအားMung Dan Awng ဟူသော Fb ကောင့်ပိုင်ရှင်က ၎င်း၏ Fb Acc စာမျက်န...
22/08/2022

ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းအသင်းတော်၏ အဖသင်းအုပ်ဆရာကြီးအား
Mung Dan Awng ဟူသော Fb ကောင့်ပိုင်ရှင်က ၎င်း၏ Fb Acc
စာမျက်နှာတွင် မိုက်ရိုင်းစွာ စော်ကားပြောဆို .....

Midea 4U
၂၁. ၈. ၂၀၂၂
Kutkai Voice.

၎င်း အကောင့်ပိုင်ရှင်သည် ကွတ်ခိုင်မြို့ သာယာကုန်းရပ်ကွက်မှ
ဖြစ်ပြီး လက်ရှိတွင် ဖီလစ်ပိုင်နိုင်ငံတွင် ဓမ္မတက္ကသိုလ်တွင် ဒေါက်တာဘွဲ့
အဆင့်တတ်ရောက်နေကြောင်းစုံစမ်းသိရှိရသည်။

၎င်းအနေဖြင့် ကွတ်ခိုင်မြို့ကချင်နှစ်ခြင်းအသင်းတော်၏
အဖသင်းအုပ်ဆရာကြီးအား စော်ကားပြောဆိုရခြင်း၏ အကြောင်းရင်းကို
တိတိကျကျဖော်ပြထားခြင်းမရှိပဲ အသားလွတ်စော်ကားနေမှုအား
အသင်းတော်မှ ဓမ္မဝန်ဆောင်များ သင်းထောက်များနှင့် အသင်းသူ
အသင်းသားများ လုံးဝကျေနပ်မှုမရှိကြောင်းသိရှိရသည်။

Mung Dan Awng acc ပိုင်ရှင်ဖြစ်သူ ဆိုင်းယော်နှင့် နီးစပ်သူများက
သူက စိတ်သိပ်မနှံ့ဘူး သူနဲ့ဖက်ပြီးရန်မဖြစ်တာပိုကောင်းတယ် ဟုသိရ
သော်လည်း အသင်းသားများက ဆိုင်းယော်အား အရေးယူဆောင်ရွက်နိုင်ရန်
စိတ်အားထက်သန်လျက်ရှိသည်။
ယခင်နှစ်များကလည်း ယခုကဲ့သို့သော အပြုအမူမျိုးကို ဆိုင်းယော်ဆိုသူ
ကျူးလွန်ခဲ့ဖူးကြောင်း စုံစမ်းသိရှိရသည်။

သတင်းအရင်းအမြစ် Myusha Ningli
Midea 4U
Kutkai Voice

Seng Yaw ၏ Fb Acc link
https://www.facebook.com/sengyaw.maran

14/08/2022
14/08/2022

ကြီးထွားစျေးနှုန်း
ခြိုးခြံ သုံးရင်း...

စက်သုံးဆီ များ
​ ပြတ်လပ်သွားရင်...
ဆိုင်ကယ် နှင့် ကား
အိမ် မှာ ထား လို့
တို့များ လမ်းလျှောက် ကြပါစို့။ ။

crd. ဆဏ်းမောင်(ကွတ်ခိုင်)

13/08/2022

အဘ ကို ထောက်ခံသူတွေရော၊
အမျိုးဘာသာ သာသနာ ထိန်းသိမ်းသယောင်
ကောင်တွေရော၊ နိုင်ငံရေးကို စိတ်မဝင်စားဘူး၊နိုင်ငံရေး ကင်းရှင်းပါတယ် ဆိုပြီး ကိုယ့်စီးပွားကို ဟန်မပျက် ရှာနေတဲ့ ကောင်တွေရော၊
ကိုယ်လုပ်မှ ကိုယ်စားရမယ် ဆိုတဲ့အသိတရားနဲ့
ချွေးစီးကြောင်း ဖင်ခေါင်းထဲ စီးဝင်အောင် ရုန်းကန်တာတောင်
နေ့ဖို့ညစာ အလျှင်မီအောင် ရှာစား နေရတဲ့ ကောင်တွေရော၊

အင်တာနက် လိုင်းဖြတ်ခံရတော့ အတူတူ
သူတို့ ယူတဲ့ ယူနစ်အတိုင်း မီတာခွန်ဆောင်ရတော့ အတူတူ
စက်သုံးဆီ တက်တော့လည်း အတူတူ
ကုန်စျေးနှုန်းတွေ တက်တော့လည်း အတူတူ

ခံကြရတာပဲ။

မငြီးနဲ့။
အဲဒါတွေ။

နိုင်ငံရေးဆိုတာလည်း ခင်ဗျားတို့ မသိဘူး။နိုင်ငံရေးက ခင်ဗျားတို့နဲ့ မဆိုင်ဘူး လို့
နေသာသလို နေခဲ့ကြတာပဲ။ ဒိ့ထက် ဆိုးဦးမှာ ခံလေ ခံ ခံ။

ကွတ်ခိုင် ဒီလုံး

အခွင့်ထူးခံချင်သေးတာလား
12/08/2022

အခွင့်ထူးခံချင်သေးတာလား

*****"အကြွေး"******၈လေးလုံးဆိုတာအာဏာယစ်စုတ်ခွေးတစ်အုပ်..ကုပ်ဖက်တွယ်ချစ်စနစ်ဆိုးကိုလူမနှစ်မြို့လို့အမြစ်လှန်ဖို့ကြိုးစားတ...
12/08/2022

*****"အကြွေး"*****

*၈လေးလုံးဆိုတာ
အာဏာယစ်စုတ်
ခွေးတစ်အုပ်..
ကုပ်ဖက်တွယ်ချစ်
စနစ်ဆိုးကို
လူမနှစ်မြို့လို့
အမြစ်လှန်ဖို့
ကြိုးစားတဲ့ပွဲ။

*သုံးဆယ့်လေးနှစ်တာ
အပြုံးမဲ့သံသရာထဲ
အမှောင်မှာကူးခတ်
ဆူးဖျာကြောခင်း
မီးကိုနင်းရင်း။

*ပေတစ်ရာပေါ်က
သွေးတွေ...
ကမ္ဘာမကြေ
နေ့/ညတို့နဲ့အတူ
မခြောက်သေးဘူး။

*မသွေမုချ
ငါတို့ပြန်ယူမယ်
နှစ်ဆယ့်တစ်မှာ
အဲဒိ "အကြွေး"ကို...။

ကဝေဖြူ။

ဘယ် တပ်ရင်း ကလဲ?
12/08/2022

ဘယ် တပ်ရင်း ကလဲ?

08/08/2022

ကွတ်ခိုင်မြို့၊ စည်ပင်သာယာမြို့မစျေးကြီး
ဝန်းကျင်တွင် မူးယစ်ဆေး သုံးစွဲသူများနှင့်
ရောင်းချသူတို့ စည်ကားလျှက် ရှိ ။

ကွတ်ခိုင်
၈၊၈၊၂၀၂၂

ကွတ်ခိုင်မြို့၊ မြို့မစျေးကြီး အနီးတဝှိုက်တွင် ပေါ်တင်
မူးယစ်ဆေးသုံးစွဲသူ များနှင့် ရောင်းဝယ်ဖောက်ကားနေမှုများကြောင့်
စျေးသူစျေးသားများ နှင့် စျေးဝယ်လာရောက်သူ အများပြည်သူ
စိတ်အနှောက်အယှက် ဖြစ်နေရကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဥ်နှင့် ပါတ်သတ်၍

" သူတို့က ဒီစျေးနားတဝှိုက်မှာပဲ စုဝေးနေကြတယ်။ အများမြင်ကွင်းရှေ့မှာတင် သုံးစွဲကြတယ်။ wy ဆေးအနံတွေကို နံဟောင်နေတာပါပဲ။
ဆိုင်ဘေးမှာလည်း လာသုံးစွဲတတ်သလို မလှမ်းမကမ်း ပါတ်ဝန်းကျင်မှာလည်း လာသုံးစွဲနေကြတော့
ကျမဆိုရင် အမြဲတမ်း ရှူရှိုက် နေရတော့ ကျန်းမာရေး ထိခိုက်လာတယ်။ ဒီပြသာနာ ကို ထိရောက်စွာ လာရောက် ထိန်းသိမ်းပေးတာမျိုး
စျေးသူစျေးသားများ ကိုယ်စား ကျမအနေနဲ့ ပြောချင်ပါတယ် "

ကွတ်ခိုင်မြို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူတို့ ယခင်နှစ်များထက်
သုံးစွဲမှု ပိုမိုများပြားလာကြပြီး ယခင် ဆိုလျှင် ရပ်ကွက် လမ်းကြိုလမ်းကြား၊ ချောင်းဘေး မြောင်းဘေး ၊ တံတားများအောက်များ၊
လူသူဝေးသော သုသာန်များတွင်
သွားရောက် သုံးစွဲ၊ ရောင်းဝယ် ဖောက်ကားကြသော်လည်း
ယခု စစ် အာဏာသိမ်းပြီး ကာလများတွင်မူ
ပြည်ထောင်စု လမ်းမကြီးဘေးတလျှောက် နှင့် မြို့မစျေး ဧရိယာများအထိ ရဲတင်းစွာ ရောင်းဝယ်ဖောက်ကား အသုံးပြုလာကြောင်း
တွေ့ရှိရသည်။
လိုက်လံ ဖမ်းဆီး ဟန့်တားမှုမျိုးလည်း မတွေ့ရှိရပေ။
မူးယစ်ဆေး သုံးစွဲသူများ နှင့် ရောင်းဝယ်ဖောက်ကားသူများ
ကျင်လည် ကျက်စားနေရာ တဝှိုက်ရှိ
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ များ၊
သက်ဆိုင်ရာ တာဝန်ရှိသူများ၊
တာဝန်ခံ ဖြေရှင်းပေးမှု မရှိကြောင်း သိရှိရသည်။

ကွတ်ခိုင် ဒီလုံး

♦ဇေယျာသော်တို့ကို ကွပ်မျက်တာဟာ စကစအတွက် ခြေလှမ်းတစ်ချက်မှားတာပဲသူ့အမှားက NUG ကို နိုင်ငံတကာက legitimate government ဖြစ်ဖ...
06/08/2022

♦ဇေယျာသော်တို့ကို ကွပ်မျက်တာဟာ စကစအတွက် ခြေလှမ်းတစ်ချက်မှားတာပဲ

သူ့အမှားက NUG ကို နိုင်ငံတကာက legitimate government ဖြစ်ဖို့ အားပေးလက်ခံလာနိုင်တယ်

မည်သို့ပင် နိုင်ငံတကာက ထောက်ခံအားပေး ပံံ့ပိုးသည်ဖြစ်စေ စကစအနေနဲ့ အလွယ်တစ်ကူဆင်းပေးမှာမဟုတ်တာလဲ သေခြာတယ်

NUG အနေနဲ့ စစ်တိုက်ကို တိုက်ရမှာ
အကယ်၍များ ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံထားပြီး ညှိနှိုင်းဆွေးနွေးလာရင်သော်လည်းကောင်း အာဆီယံက ကြားဝင်စေ့စပ်ရင်သော်လည်းကောင်း PDF အများစုကတော့ လက်ခံလိမ့်မယ်မထင်ဘူး
EAOs တွေကတော့ သူတို့ဒေသ မထိခိုက်အောင်ထိမ်းထိမ်းသိမ်းသိမ်း လုပ်လိမ့်မယ်လို့ ခန့်မှန်းလို့ရပေမယ့် အားကောင်းလာမယ့်
NUG, PDF အင်အားကို လွန်ဆန်လိမ့်မယ်လို့ မယူဆမိဘူး

သို့သော်..
ဘယ်ဖက်ကလှည့်တွက်တွက်
NUG, PDF တွေအနေနဲ့ စစ်မတိုက်ပဲတော့ မြန်မာတစ်နိုင်ငံလုံးကို စကစလက်က ပြန်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး

အလွယ်ကောက်ချက်ဆွဲရရင်
စစ်ပွဲတွေဖြစ်လာမယ်
ကုန်စျေးနှုန်းတွေကြိးလာမယ်
ငွေရှိလဲ ဆေးဝါးအစရှိသည် ဝယ်မရတာမျိုးတွေရှိလာမယ်

မြို့ကြီးတွေမှာ လုယက် အကြမ်းဖက် ခိုးဆိုးနှိုက်တွေ လက်ရဲဇက်ရဲလုပ်လာကြမယ်
ပြည်သူတွေ ကျီးလန့်စာစားဘဝရောက်မယ်
အိမ်ထဲနေနေ အပြင်ထွက်ထွက် မလုံခြုံမှုကိုခံစားရမယ်

ဒါတွေကို တွက်ဆပြီး ကြိုတင်ပြင်ဆင်ကြပါလို့ သတိပေးလိုပါတယ်

ပြည်သူတွေအတွက် အခက်ခဲဆုံးအချိန်တွေက လာတော့မှာလို့ပဲ ခန့်မှန်းလို့ရတာမို့ ဒီပိုစ်ကိုရေးတာပါ
လူဆိုတာ ကိုယ်နဲ့တန်တာပဲကိုယ်ရတာမို့ ဖွံံ့ဖြိုးတိုးတက်တဲ့နိုင်ငံ
ဒီမိုကရေစီနိုင်ငံနဲ့ ပြည်သူ ထိုက်တန်ရင်တော့ ရမှာပါ
မတန်ရင်တော့မရဘူးပေါ့

လူတွေရဲ့ အခြေခံစိတ်နဲ့ပဲဆိုင်တယ်

zaw moe

01/08/2022
ကွတ်ခိုင်မြို့တွင်းတွင် ပြန်ပေးဆွဲမှုများပြားလာ............................................................................
01/08/2022

ကွတ်ခိုင်မြို့တွင်းတွင် ပြန်ပေးဆွဲမှုများပြားလာ................................................................................

1. 8. 2022 ။ ကွတ်ခိုင်မြို့ ။

ကွတ်ခိုင်မြို့တွင် မကြာသေးမှီရက်ပိုင်းအတွင်းတွင် အမျိုးသား
တစ်ဉီးပြန်ပေးဆွဲခံရကြောင်း Midea 4U သို့သတင်းပေးပို့လာသည်။
ဖြစ်စဉ်မှာ 24. 7. 2022 နံနက်ပိုင်းတွင် ဈေးမှပြန်လာသော
ဆိုင်ရှင် အမျိုးသားအား Wish ကားအဖြူရောင်တစ်စီးက တားဆီးပြီး
သေနတ်ထောက်ကာ ခေါ်ဆောင်သွားခဲ့သည်။ ထိုကားတွင် အသက်
၂၄ ၂၅ ဝန်းကျင် လူငယ် 4 ဦးပါဝင်သည်။

အဖမ်းခံရသော ဆိုင်ရှင်အမျိုးသားအား ထိုလူငယ်လေးဦးက
ခေါင်းစွပ်စွပ်ကာ တစ်လမ်းလုံး သေနတ်ဖြင့်ထောက်ကာ
ခြိမ်းခြောက်ခေါ်ဆောင်သွားကာ ပျဉ်ထောင်အိမ်တစ်လုံးတွင်
ဖမ်းဆီးထားခြင်းခံရကြောင်းသတင်းပေးပို့လာသည်။

အဖမ်းခံရသော အမျိုးသား၏လက်ကိုင်ဖုန်းဖြင့် ၎င်း၏
အမျိုးသမီးထံထိုလူငယ်လေးဦးက ဆက်သွယ်ကာ
အမျိုးသားအား ပိုက်ဆံဖြင့်ရွေးယူရန် သက်ဆိုင်သူများထံ
သတင်းပေးပို့မှုမပြုလုပ်ရန် စသည်ဖြင့် အသက်အန္တရယ်
ခြိမ်းခြောက်လာသောကြောင့် မိသားစုများက သိန်း 125 သိန်းဖြင့်
ရွေးယူခဲ့ရသည်ဟုဆိုသည် ( Kpay ဖြင့် )။

ငွေလွဲအပြီးတွင် ဆိုင်ရှင်အမျိုးသားအား လာရှိုး သိန္နီကားလမ်းတွင်
ချခဲ့ကာ ပြန်ပေးဆွဲသောကား Wish အဖြူရောင်သည် လာရာလမ်းသို့
ပြန်လည်လှည့်ထွက်မောင်းနှင်သွားခဲ့သည်။ ထိုအချိန်မှ အဖမ်းခံရသော
အမျိုးသားသိလိုက်ရသည်မှာ မိမိအား သိန္နီမြို့တစ်နေရာတွင်ဖမ်းဆီး
ချုပ်နှောင်ထားခြင်းဖြစ်ကြောင်းသိခဲ့ရသည်ဟုဆိုသည်။

ဆက်လက်ပြီး မိမိနှင့်အတူ ချုပ်နှောင်ဖမ်းဆီးခံထားရသော
အမျိုးသမီးငယ်တစ်ဦးကျန်ရှိနေသေးကြောင်း ထိုအမျိုးသမီးငယ်က
မိသားစုများနှင့်အဆက်အသွယ်မရသေးသောကြောင့် ပြန်လည်
လွတ်မြောက်ခြင်းမရှိသေးကြောင်း ငိုယိုကာ ကြောက်ရွံ့နေကြောင်း
ပြောပြသည်။

တစ်လမ်းလုံး ခေါင်းကိုအဝတ်စွပ်ပြီး ဖမ်းခေါ်သွားတာမို့
ဘယ်နေရာဆိုတာကိုလည်း မသိဘူး နောက်ဆုံးရေပူသွားတဲ့လမ်းမှာ
ချခဲ့မှ ကျနော့်ကိုဖမ်းထားတာက သိန္နီမြို့မှာပဲဆိုတာ သိလိုက်ရတာ
ဟု Midea 4U ကိုပြောပြခဲ့ပါသည်။

ကွတ်ခိုင်မြို့တွင် လောင်းကစားရုံပေါများလာခြင်း၊
မူးယစ်ဆေးသုံးစွဲမှု များပြားလာခြင်းတို့ကြောင့် ယခုကဲ့သို့
ရာဇဝတ်မှုကျူးလွန်မှုများပြားလာရခြင်းဖြစ်သည်ဟု ၎င်းက
သုံးသပ်မိကြောင်း သူ၏အမြင်ကိုလည်းပြောပြထားပါသည်။

ဤအဖြစ်အပျက်မတိုင်မီတွင်လည်း ကွတ်ခိုင်မြို့
ရပ်ကွက် 6 , 4 တို့ တွင်လည်း ပြန်ပေးဆွဲမှုများ မကြာမကြာ
ဖြစ်ပွားခဲ့ပါသည်။ သို့သော် တိုင်ကြားပါက အသက်အန္တရာယ်
ထိခိုက်လာမည်ကို စိုရိမ်သောကြောင့် မည်သူကမှမတိုင်ကြားပဲ
ခေါင်းငုံ့ခံခဲ့ကြရသည်။ ထိုကြောင့် ကျူးလွန်သူများက ပိုမိုရဲတင်း
လာတာဖြစ်နိုင်သည်ဟုဆိုသည်။

ဖြစ်လာပြီဆိုရင် ဘယ်သူကိုတိုင်ကရမယ် ဘယ်သူက
တာဝန်ယူပေးနိုင်မယ်ဆိုတာကိုလည်း မသိတော့ ဘယ်သူကမှ
မတိုင်ရဲကြဘူး။ အဲ့တော့သူတို့တောင်းက ညှိနှိုင်းကြည့်တယ်
မရတော့လည်း ရှာကြံပြီးပေးလိုက်ကြရတာပဲဟု ပြန်ပေးဆွဲ
ခံရသောမိသားစုများနှင့် နီးစပ်သော ပတ်ဝန်းကျင်များကဆို
သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကွတ်ခိုင်မြို့တွင်းတွင်
လူသတ်မှု၊လုယက်မှု၊ ခိုးမှု၊ ပြန်ပေးဆွဲမှုနှင့် မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားမှုမြင့်တတ်လာသည်ကို သတိထားမိကြောင်း
မြို့ခံများကသုံးသပ်ကြသည်။

ကုန်စုံဆိုင်ခန်းများ၊ ရွှေဆိုင်များထံသို့လည်း မည်သည့်
အဖွဲ့ကမှန်းမသိ PGAF ဟုသာဖော်ပြကာ ငွေတောင်းခံသည့်
စာများကိုလည်းမကြာမကြာရောက်လာတတ်ကြောင်း
ဈေးသူဈေးသားများထံမှလည်းသတင်းရရှိထားသည်။

အရောင်းအဝယ်မကောင်းတဲ့ကြားထဲ ခုလိုငွေညစ်တာလိုလို
ခြိမ်းခြောက်တာလိုလို အဲ့လိုမတမာမှုတွေများလာတော့
လုပ်စားရတာလဲစိတ်ဓါကျတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ပဲ
လုပ်စားနေရတယ်။မလုပ်ရင်လည်း ကိုယ့်မိသားစု စားဝတ်နေရေး
အတွက်အဆင်မပြေဘူး။ တိုင်းပြည်အခြေအနေမြန်မြန်ပြန်ကောင်း
လာပါစေလို့ပဲ ဆုတောင်းပါတယ်ဟု ဈေးရောင်းသူတစ်ဉီးက
၎င်းတို့၏အခက်အခဲများကိုပြောပြပါသည်။
#ကွတ်ခိုင်ဘာလဲဘယ်လဲ #ပြန်ပေးဆွဲမှုပ

ကွတ်ခိုင်မြို့တွင်းတွင် တိုင်ပွဲထပ်မံဖြစ်ပွား၊ စကစဘက်ကအထိနာ25 July 2022 Midea 4UKutkai.     ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ...
25/07/2022

ကွတ်ခိုင်မြို့တွင်းတွင် တိုင်ပွဲထပ်မံဖြစ်ပွား၊ စကစဘက်ကအထိနာ

25 July 2022 Midea 4U
Kutkai.

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြိုတွင်ရှိ ‌‌ဂေါက်ကွင်းတွင်
ယနေ့ည ၈ ၂၀ ခန့်တွင် စကစအုပ်စုနှင့် ကေအိုင်ကေတပ်မတော်
အပြန်အလှန်ပစ်ခက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဂေါက်ကွင်းတွင်း စခန်းချနေရာယူထားသော စကစ
အုပ်စုအား ကေအိုင်အေတပ်ဖွဲ့မှ RPG လက်နက်ကြီးများနှင့် ပစ်ခက်ရာမှ
အပြန်အလှန်ပစ်ခက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သို့သော် ပျောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်းကို
ခံရသော စကစအုပ်စုသည် ချက်ချင်းပြန်လည်တိုက်ခိုက်နိုင်ခြင်း
မရှိပဲ ကေအိုင်အေပျောက်ကျားတပ်ဖွဲ့ တပ်ဆုတ်သွားပြီးမှသာ
ရမ်းသမ်းပစ်ခက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စကစဘက်က အထိနာပြီး ခုနစ်ယောက်ခန့်သေဆုံးကာ
ဒဏ်ရာရသူများကို မန်ပိန်းဘက်သို့ သယ်ယူသွားကြောင်းသိရသည်။

ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ယနေ့နံနက်ပိုင်းတွင်လည်း
ကွတ်ခိုင်မြို့လွယ်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာ
တွင်လည်း စကစနှင့်ကေအိုင်ကေတပ်မတော်တို့
တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင်းတွင် မန်နောင်ကျေးရွာမှ
အသက် ၃ နှစ်အရွယ်ကလေးတစ်ဉီးလက်နက်ကြီးကျည်စ
ဉီးခေါင်းတွင်ထိမှန်ကာ ဆေးရုံတွင်ဆေးကုသရင်းအသက်
ဆုံးရှုံးခဲ့ရသည်။

ဇွန်လ ၂၂ တွင်လည်း ကွတ်ခိုင်မြို့အနီး နမ့်ကွက်နှင့်
မန်လွယ်ကျေးရွာတွင်လည်း စကစနှင့် ကေအိုင်ကေတပ်မတော်တို့
တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ဤ Midea 4U Page သည် ရှမ်း‌မြောက်ဒေသအတွင်းနေ့စဉ်ဖြစ်ပျက်နေသောအခြေအနေများ (ထူးခြားဖြစ်စဉ်)၊ဒေသတွင်းပြစ်မှုကျူးလွန်မှုများ၊...
25/07/2022

ဤ Midea 4U Page သည် ရှမ်း‌မြောက်ဒေသအတွင်း
နေ့စဉ်ဖြစ်ပျက်နေသောအခြေအနေများ (ထူးခြားဖြစ်စဉ်)၊
ဒေသတွင်းပြစ်မှုကျူးလွန်မှုများ၊လူ့အခွင့်အရေးချိုး‌ဖောက်ခံရမှုများ၊
လာဒ်ပေး လာဒ်ယူမှုများ၊ မူးယစ်ဆေးဝါးနှင့် အခြားသော
တရားမဝင်စီးပွားရေးလုပ်ငန်းများ နိုင်ငံရေး၊ စီးပွား‌ရေး၊ လူမှုရေး
စသည့် အထွေထွေသောသတင်းများကိုတင်ဆက်နိုင်ရန်
ရည်ရွယ်ပါသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့ပတ်ဝန်းကျင်တွင်
ဖြစ်ပျက်နေသောထူးခြားသည်ဟုယူဆရသောကြောင်းအရာ
များကို Page Messanger တွင်သတင်းပေးပို့နိုင်ပါသည်။
ပေးပို့လာသော သတင်းများ အကြောင်းအရာများကို
သေချာစွာစီစစ်ပြီး အများပြည်သူများသိရှိစေရန်အဖို့ငှါ
ကြိုးစားဖော်ထုတ်ကာ တင်ဆက်ပေးသွားပါမည်။

ပေးပို့လာ​သော သတင်းဇစ်​မြစ်​ မူပိုင်​ရှင်​၏ လုံခြုံ​ရေး ကိုလည်း
မီဒီယာ အ​ခြေခံ ကျင့်​ဝတ်​နှင့်​ အညီ
ဖော်​ပြ​ပေးမည်​ မဟုတ်​ပါ​ကြောင်း
တာဝန်​ခံ ​ပြောကြားလိုပါသည်​။

Address


Website

Alerts

Be the first to know and let us send you an email when Midea 4U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Midea 4U:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share