နွားထိုးကြီးသတင်းစုံ

  • Home
  • နွားထိုးကြီးသတင်းစုံ

နွားထိုးကြီးသတင်းစုံ နွားထိုးကြီးသတင်းစုံ သတင်းလေးတွေ မျှဝေဖို့ပါ
(2)

24/04/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၂၄-၄-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm ......................................

🛑 မြင်းခြံခရိုင်
**************
♦ငါန်းမြာ သဖန်းသာရွာမှာ တပ်စွဲနေတဲ့ စခများကို ဒေသကာကွယ်ရေးအဖွဲ့များမှ ယနေ့ညနေပိုင်းက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့။

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦၉ ရက်နေ့မှစတင်ပြီး ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၁၁၆ စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်၊ ယနေ့ နံနက်တွင် အပြီးသတ်သိမ်းပိုက်
♦မနေ့က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို စုန်ဆင်းလာသော အကြမ်းဖက် စစ်သားများလိုက်ပါလာသည့် စက်လှေကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့
♦မနေ့က ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ကိုဆက်သွယ်ထားသည့် စစ်တောင်းတံတား(မုပ္ပလင်)ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရ
♦မနေ့က ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ
♦ကလေးမြို့၊ ကလေး- ဂန့်ဂေါ လမ်းမကြီးဘေးက စစ်တပ် စစ်ဆေးရေးဂိတ်ကို ၂၁ ရက်နေ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့၊ ၂ ဦးသေ ၅ ဦးထိ

♦ တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည်ပညာရေးကောင်စီ- TLEC က နွေရာသီ ဆရာ၊ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်း အပတ်စဥ် ၃ ကို ဧပြီလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့

◾စစ်ကောင်စီက တန်ပြန်စစ်ဆင်ရေးအတွက် ဒရုန်းတပ်ဖွဲ့ စတင်အသုံးပြုလာ
◾မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ

🤡 စစ်ကောင်စီ
*************
😎အဂတိတိုင်ကြားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်အမှုမှာ နေအိမ်ကနေ သေနတ်ခြောက်လက်နဲ့ ဒေါ်လာသန်းချီတန် ရတနာပစ္စည်းတွေပါ သိမ်းဆည်း

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾၂၀ ရက်နေ့မှ စတင်၍ ကလေးမြို့နယ် ယောက်ချိုကွင်းရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ပြည်သူပိုင်နေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီး
◾ရခိုင်ပြည် ဘူးသီးတောင်မြို့ပေါ်တွင် နေအိမ်ထောင်နှင့်ချီ မီးရှို့ဖျက်ဆီးခံနေရပြီး ယင်းမီးရှို့မှုမှာ စစ်ကောင်စီနှင့် ARSA, ARA အကြမ်းဖက်အဖွဲ့တို့ ပူပေါင်း မီးရှို့ခဲ့ဖြစ်
◾ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာကို စစ်ကောင်စီတပ်က မနေ့ မနက်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့၊ ရွာလုံးကျွတ်ပြာကျ
◾ယနေ့မနက် ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
◾၂၂ ရက်နေ့က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများပြုလုပ်ခဲ့ခြင်းကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့
◾စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာတွင် ၇ ရက်တာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေ
◾ကလေးမြို့နယ် မြောက်ပိုင်း၊ နန်းချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ယနေ့ညနေ ၅ နာရီကျော်တွင် စတင်မီးရှို့သွား
◾ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရ

💀 သာရေး
***********
♦ ဧပြီ ၂၃ ရက် မနေ့က တရက်တည်း အနည်းဆုံး စစ်ခွေးဝဲစား ၄၁ ဦးသေ
♦ယနေ့မနက် မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး ပစ်ခတ်ခံရပြီး သေ

Ⓜအလင်းဝင်
************
♦အာဠာဝက စစ်ကြောင်းမှ စစ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၃၀ ချီးမြှင့်

📜 ထုတ်ပြန်
**********
♦ကျင်ဒွေးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်တော့မည်ဟု ချင်းညီနောင် တပ်ပေါင်းစုက ကြေညာ
♦မွန်ပြည်နယ်အတွင်းမှာ တိုက်ပွဲအရှိန်မြှင့်နိုင်ဖို့နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဧပြီ ၂၂ ရက်က မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တို့ ဆွေးနွေးခဲ့တယ်လို့ MSFC က ထုတ်ပြန်
♦စစ်အာဏာရှင်စနစ်လက်အောက်ကနေ လွတ်မြောက်ဖို့ အတူတကွ တိုက်ပွဲဝင်ဖို့ (အပါးခိုနေသော) SSPP ကို PNLO တိုက်တွန်း
♦မြ၀တီမြို့ မှ KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာလိုက်ပြီး စစ်ကူလာနေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းများကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းနေဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို၊ မြ၀တီမြို့ ခလရ ၂၇၅ တပ်တွင် စစ်ကောင်စီအလံတင်ရန် BGF က စစ်သားများကို ခေါ်ဆောင်လာခဲ့ဟု ပဒိုစောတောနီး အတည်ပြု

🌐 နိုင်ငံတကာ
*************
♦မြန်မာစစ်ကောင်စီက အာဏာချုပ်ကိုင်နိုင်ဖို့အတွက် အကြမ်းဖက်ရက်စက်မှုတွေ ဆက်ကျူးလွန်နေကြောင်း အမေရိကန်ပြော
♦မြဝတီမြို့တိုက်ပွဲများရပ်ဆိုင်းသွားချိန်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့ သုံးဦး မနေ့က ရောက်ရှိလာ

🔊 စစ်ဘေးရှောင်
**************
♦ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာအနီးရှိ ဒေသခံများသည် လေကြောင်းတိုက်ခိုက်ခံရမည်စိုးသဖြင့် ယနေ့နံနက်အစောပိုင်းတွင် ထပ်မံတိမ်းရှောင်နေကြရ

⭕ လူမှုစီးပွား
************
♦ မြဝတီ-မဲဆောက်နယ်စပ်ကတစ်ဆင့် တင်သွင်းနေတဲ့ ကုန်ပစ္စည်းအဟောင်းဈေးကွက်လည်း ရပ်ဆိုင်းသွားပြီး လက်လီရောင်းဝယ်သူတွေအတွက် အခက်အခဲ ဖြစ်လာ
♦ငရုတ်စျေး ဆက်တိုက်ကျဆင်းနေသဖြင့် ဧရာဝတီတိုင်းမှ တောင်သူများအရှုံးပေါ်
♦ပြည်တွင်းရွှေဈေးနဲ့နိုင်ငံခြားငွေလဲနှုန်း အမြင့်ဈေးမှာသာ ဆက်ရှိနေ

💟​ ပြည်သူမှပြည်သူသို့
*******************
❤ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ၇၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင်များနှင့် တော်လှန်ရေးအဖွဲ့များသို့ လှူဒါန်း
❤ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်း ၃ ခုစာအတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များကို အလှူရှင်ကိုယ်စား ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ယနေ့ လှူဒါန်း
❤ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မုန့်တီသုပ် အလှူရှင်ကိုယ်စား လှူဒါန်း
❤ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ၂၀၉ နပ်မြောက်အဖြစ် ထမင်းနှင့် ဟင်းကို အလှူရှင်ကိုယ်စား လှူဒါန်းခဲ့
❤မုံရွာမြို့နယ်အတွင်းရှိ စစ်ဘေးဒဏ်သင့်ပြည်သူ ၂၀၀ အတွက် ဆန်နှစ်ပြည်နှင့် နှင့် ဆီတစ်ဘူးဆီကို ဒေသပြည်သူများနှင့် Mon Ywa The Boy တို့ပူးပေါင်း လှူဒါန်းခဲ့
❤ကနီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် စောင်နှင့် ခြင်ထောင်များကို စေတနာရှင်ပြည်သူများက လှူဒါန်းခဲ့

🔲 အထွေထွေ
*************
♦ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်သားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမှုအတွက် စစ်ကောင်စီကလည်း အကျဉ်းချထားသည့် ဘင်္ဂလားဒေ့ရှ် ၁၇၃ ဦးကို ထောင်မှ ပြန်လွှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ပေး
♦ပဲခူးမြို့မှာ အတင်းအကျပ် စစ်သားစုဆောင်းတာတွေလုပ်နေပြီး မလိုက်သူတွေကို ပိုက်ဆံတောင်းတာ အိမ်ချိပ်ပိတ်တာတွေလုပ်
♦မကွေးတိုင်း၊ နတ်မောက်-မြို့သစ် မြို့ အကြား လမ်းဆုံ နှင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀ ကျော်ကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးပြီး စစ်မှုထမ်းရန် ခေါ်ဆောင်သွား
♦ပဲခူး၊ ဘုရားကလေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ဝန်ဆောင် ဇနီးနှင့် ကလေးငယ် ၂ ဦး ဖခင် ကိုကျော်ကျော်နိုင်ကို စစ်မှုထမ်းရန် မဲပေါက်သည်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွား၊ စစ်မှုထမ်းရမည့် စာရင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အမျိုးများ မပါဝင်
♦စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်ကာ ၁ နှစ်တာ၀န် ထမ်းဆောင်ပါမည်ဟု လက်မှတ်ထိုးခိုင်းသည့်အပြင် နေအိမ်ရှိ လူကုန်ခေါ်ယူမှုများရှိနေ
♦ကွတ်ခိုင်ဒေသခံတွေ ကိုယ်ထူကိုယ်ထမိုင်းရှင်းလင်းရေးလုပ်နေ၊ မိုင်းအလုံးပေါင်း ၈၀ထိ ရှင်းလင်းနိုင်ခဲ့
♦ မူဆယ်မှာ ဖမ်းမိတဲ့ ပြန်ပေးဆွဲဂိုဏ်း ခေါင်းဆောင်ကို ချန်ထားပြီး ကျန်တဲ့ ၈ ဦးကို စစ်ကောင်စီ သတ်၊ သတ်ခံရသူတွေဟာ တက္ကသိုလ်တက်ဖို့ စောင့်ဆိုင်းနေသူတွေဖြစ်နေ
♦လားရှိုးမှာ တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့ အွန်လိုင်း ငွေလိမ်အဖွဲ့ကို စစ်ကောင်စီက ဖမ်းမိတယ်လို့ဆို
♦ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲ မြန်မာက ချောက်နဲ့ ညောင်ဦးပါဝင်
♦ပဲခူးတိုင်းတွင် စစ်ကောင်စီတပ်က ကိုရင်ဝတ်နေသူပါမချန် ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းခိုင်း
♦ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက မေ ၁ ရက်မှာ စတင်ပိတ်သိမ်းခိုင်းနေ
♦ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သား မိသားစု ၃ ဦး အလောင်းတွေ့ ၊ ၂ ဦး ကြိုးဆွဲချသေ၊ ၁ ဦး ဓားထိုးခံရ

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၄၉၂၇ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၆၅၆၁ ဦး ရှိဟု ယနေ့ ဧပြီ ၂၄ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်တို့ကို ဒေါ်လာ ၉၅ ဘီလီယံ ကူညီရန် ကန်အထက်လွှတ်တော် အတည်ပြု
🔹အနောက်နိုင်ငံမှ ထောက်ပံ့ထားတဲ့ လက်နက်တွေကို သိုလှောင်ထားတဲ့ ယူကရိန်းရဲ့ လက်နက် သိုလှောင်စခန်းတွေကို ရုရှားက တိုက်ခိုက်မှုတွေ အရှိန်မြှင့်သွားမယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ပြောကြား
🔹ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးမည့် အမေရိကန်ကို တရုတ် ကန့်ကွက်
🔹တာဝေးပစ်ဒုံးကျည်တွေနဲ့ ကျည်ဆံ ၄ သန်း အပါအဝင် ယူကရိန်းသို့ ဒေါ်လာ သန်း ၆၂၀ တန် ကြေးရှိ ထပ်တိုး စစ်ရေးအကူအညီပေးဖို့ ဗြိတိန်နိုင်ငံက ကတိပြု

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှရယူပါသည်။

#နွားထိုးကြီးသတင်းစုံ

📫 ယနေ့ကြေးနန်း 📬⏰ ၂၃-၄-၂၀၂၄.....................................သတင်းပိတ်-7:30 pmတင်-7:30 pm ..............................
23/04/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၂၃-၄-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm ......................................

🛑 မြင်းခြံခရိုင်
**************
♦ယနေ့ မြင်းခြံခရိုင်အတွင်း မြင်းခြံမြို့နယ်၊နွားထိုးကြီးမြို့နယ်တွေမှာ ထိတွေ့ တိုက်ပွဲအချို့ဖြစ်ခဲ့
♦၂၁ရက်နေ့က ကိုင်း(မ)ရွာမှကျား၂ဦး၊၂၂ရက်နေ့က သိမ်တိုင်ရွာမှ ကျား၁ဦးကို ဖမ်းဆီးထား

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦ရခိုင်၊ သံတွဲမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်နေ
♦မနေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ စရုတ်ရွာဟောင်းတွင် AA နှင့် အကြမ်းဖက် စစ်တပ် တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း စခ ၃၀ ကျော် သေ
♦မကွေးတိုင်း၊ မြိုင်မြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်ကြောင်းကို ၁၄ ရက်နေ့ကစကာ ၇ ရက်ဆက် လိုက်လံ တိုက်ခိုက်ရာ ရဲ ၅ ဦးသေ၊ ၆ ဦးအရှင်မိကာ လက်နက် ၈ လက်နှင့် ခဲယမ်းများရရှိ
♦မနေ့က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ ညောင်ပင်ကန်ရွာသို့ မိုင်းရှင်းလာသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်၊စခ ၁၂ ဦး ထိ၊ ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့
♦မနေ့ညက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင်အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်းဆွဲ၊ ကားပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးအထက်သေနိုင်
♦မနေ့မနက်က ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ တွင် တပ်စွဲထားသော စစ်တပ်ကင်းနှင့်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေ
♦၂၁ရက်နေ့က ရွှေဘိုတွင် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းကို မိုင်းဆွဲမှု ၂ ဦးသေ၊ ၇ ဦးဒဏ်ရာရ
♦၂၁ရက်နေ့က မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စခ ထိခိုက်ဒဏ်ရာရများ
♦၂၁ရက်နေ့က စစ်ကိုင်းတိုင်း ၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်အခြေစိုက်တပ်စွဲထားသည့် နေရာနှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချ
♦၁၈ ရက်နေ့က ပေါက်မြို့နယ်တွင်လည်း စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သားနှင့်ပျူစောထီး ၇ ဦးဒဏ်ရာရ

🤡 စစ်ကောင်စီ
*************
😎ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ဒဏ်ရာမှ သက်သာနေပြီဖြစ်သော ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ကောင်စီအစည်းအဝေး မတက်သည့်အပြင် နေပြည်တော်တွင်လည်း ရှိမနေ
😎ရွေးကောက်ခံ NLD ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူကို အကြမ်းဖက်စစ်ကောင်စီက အနားပေးဟု ထုတ်ပြန်

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾ယနေ့မွန်းလွဲက မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဖလံကိုင်း ရဲစခန်းနှင့် ကျောက်တိုင်ခင် ကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲ၊ ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များလည်း ပျက်စီး
◾ရခိုင်ပြည် မြို့တော် စစ်တွေမြို့နယ်တွင် ၂၀ ရက်နှင့် ၂၁ ရက်နေ့က စစ်ကောင်စီ ထောင်ထားသော မိုင်းကို နင်းမိ၍ အမျိုးသမီးများအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၄ ဦးပြင်းထန်ဒဏ်ရာ ရရှိ
◾မနေ့မနက်က ကချင်ပြည်နယ်၊ မိုးမောက်မြို့ ပေါ်ရှိ လူနေရပ်ကွက်များကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၄ ဦးသေဆုံးခဲ့
◾မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ် ပဲခူးရိုးမအနီးက ကျေးရွာတွေကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံအမှတ် ၁၉ ထဲက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ ရှောင်တိမ်းနေကြရ
◾ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာနှင့် ဘန်းပြည့်ရွာတွင် ယမန်နေ့ညနေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလေကြောင်းမှဗုံးကြဲ၍ အမျိုးသမီးတဦးဒဏ်ရာရကာ နေအိမ်အချို့ပျက်စီးခဲ့

💀 သာရေး
***********
♦ ဧပြီ ၂၂ ရက် မနေ့က တရက်တည်း အနည်းဆုံး စစ်ခွေးဝဲစား ၆၃ ဦးသေ
♦ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရွှေမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရာ သေ

🌐 ထိုင်း
********
♦မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အကျိုးဆောင်ပေးဖို့ ထိုင်းနိုင်ငံက အ ဆင်သင့်ရှိတယ်လို့ ဝန်ကြီးချုပ်ရဲ့ အတွင်းရေးမှူးချုပ်က ပြော

🔊 စစ်ဘေးရှောင်
**************
♦ရှမ်းတောင် ဆီဆိုင်ဒေသမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ပြည်သူတွေကို စစ်ကောင်စီတပ် နဲ့ ပြည်သူ့စစ်တွေက အတင်းအကြပ် နေရပ်ပြန်ခိုင်းနေ
♦ထိုင်းနိုင်ငံ၊ တာ့ခရိုင်သို့ ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင် ဒုက္ခ သည် အများစု မြ၀တီသို့ ပြန်ကြပြီး အတင်းအကျပ် ပြန်ပို့ခံရသူတချို့လည်းရှိ

⭕ လူမှုစီးပွား
************
♦စစ်ကိုင်းတွင် အခွန်ကောက်ဂိတ်များနေသဖြင့် ကုန်စည်သယ်ယူရေးကုန်ကျစရိတ်ပိုများလာ

💟​ ပြည်သူမှပြည်သူသို့
*******************
❤မြ၀တီမြို့မှ တိမ်းရှောင်လာသည့် ပြည်သူများကို အဝေးရောက် ဧရာဝတီ အသင်း (OIA) က အစားအသောက်များ လှူဒါန်းခဲ့
❤ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်ပြည်သူ ၄၀၀ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ကြာဇံဟင်း အလှူရှင်ကိုယ်စား လှူဒါန်း
❤ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ၏ မိသားစုဝင်များကို အလှူရှင်ကိုယ်စား ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က အလှူငွေများ သွားရောက်လှူဒါန်း
❤မကွေးတိုင်း၊နတ်မောက်မြို့နယ်၊ နတ်မောက်မြို့နယ်(ပကဖ)ရဲဘော်များနှင့် ဗိဿနိုး လက် အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ရဲဘော်များကို ဒေသပြည်သူများက အာဟာရကုသိုလ်ပြုခဲ့

🔲 အထွေထွေ
*************
♦နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းအပတ်စဉ် ၂ အတွက် တပ်သားသစ် စုဆောင်း မရ သဖြင့် စစ်ကောင်စီက လူငယ်များကို အတင်းအကျပ် ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေ
♦ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာမှ အသက် ၃၀ နှစ်အရွယ် မုဆိုးဖို ဖခင်ကို စစ်တပ်က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားသဖြင့် နေအိမ်တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးတည်း မိဘမဲ့အဖြစ် ကျန်ရစ်ခဲ့
♦မြန်မာအမျိုးသမီး ၁ ဦး နိုင်ငံတကာအလုပ်သမားသမဂ္ဂအခွင့်ရေးဆု ချီးမြှင့်ခံရ
♦စစ်ကောင်စီရေတပ်ကို ပံ့ပိုးနေတဲ့ အိန္ဒိယနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို JFM က ဖော်ထုတ်လိုက်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆို
♦တရုတ်နိုင်ငံထဲ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသား တွေကို စမတ်ကဒ်လုပ်ဖို့ မြန်မာနိုင်ငံကို​ ပြန်ပို့မယ်လို့ပြော
♦ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားဥယျာဉ်များ ယိုယွင်းပျက်စီး
♦နတ်မောက်မှာ တရားမဝင်ကျွန်းသစ် ၁ တန်ကျော် PDF ဖမ်းဆီးရမိ၊ NUG ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဟုဆို
♦ပုသိမ်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ တိုင်းစစ်ကောင်စီက " အ “ သုံးလုံးသင်တန်းဖွင့်လှစ်ရာ သင်တန်းတက်ရောက်သူ မရှိ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် အသက်ကြီးသူတွေကို နေ့စားစရိတ်ပေးကာ တက်ရောက်ခိုင်းနေရ
♦ကိုရီးယားသွားရန် ငွေသွင်းထားသူများ ငွေပြန်ထုတ်မရသဖြင့် အငြင်းပွားမှုဖြစ်
♦မြဝတီ - မဲဆောက်နယ်စပ်တိုက်ပွဲများ ငြိမ်သက်၍ စျေးဆိုင်အချို့ ပြန်လည်ဖွင့်လှစ် နေပြီး ထိုင်းဘတ်ဈေး အနည်းငယ်မြင့်တက်
♦အလည်ဗီဇာဖြင့်လာသည့် မြန်မာများ ထိုင်းလေဆိပ်တွင် အကြောင်းအမျိုးမျိုးပြ ငွေညစ်ခံနေရ
♦MOU အလုပ်သမားများကို ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့်သာ သွားခွင့်ပြုမည်
♦ယာယီနယ်စပ်ဖြတ်လက်မှတ်ဖြင့် ဝင်လာသော မြန်မာ ၇၅ ဦးကို ထိုင်းကအဝင်မခံဘဲ ပြန်လွှတ်

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၄၉၂၀ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၆၅၅၅ ဦး ရှိဟု ယနေ့ ဧပြီ ၂၃ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹ဂါဇာတွင် အစ္စရေး လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမေရိကန် စုံစမ်းနေ
🔹စင်ကာပူရေတပ်က ၄ စီးမြောက် ရေငုပ်သင်္ဘော တည်ဆောက်
🔹ထိုင်ဝမ်တွင် အင်အား ၆ ဒသမ ၃ ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှရယူပါသည်။

#နွားထိုးကြီးသတင်းစုံ

23/04/2024

နွားထိုးကြီးက စခ တွေ စိန်ခေါ်ရဲတယ်ဆိုလို့ ဝင်ပစ်တာ တစ်ကောင်မှမလှုပ်ရဲပါ့လား? မြို့တောင်ဘက် ပြည်သူကိုငွေညစ်ဖို့ထွက်လာတဲ့ကောင်တွေ အသံလည်းကြားရောခွေးထက်တောင်မြန်သေးတယ် ပြေးတာ🤣

နွားထိုးကြီးPDF ထံအလင်းဝင်ဖို့ရှိရင် စာရင်းပေးထားလို့ရပါပြီ။
နွားထိုးကြီးသတင်းစုံ

အနယ်နယ်အရပ်ရပ်မှာ တပ်ရင်းတပ်ဖွဲ့လိုက်အလင်းဝင်နေကြတာ မင်းတို့လည်းလက်နက်နဲ့ပူးပေါင်းအလင်းဝင်လို့ရပါတယ်။

#နွားထိုးကြီးသတင်းစုံ

23/04/2024

စစ်ကောင်စီ စခဇော်မဲလုံးလိမ်မရတော့ဘူး

နွားထိုးကြီးသတင်းစုံ

ခွေးလေခွေးလွင့်လောက်တောင် တန်ဖိုးမရှိတဲ့ စစ်တောင်စီတပ်သား။ဘယ်လိုပဲသွားသွား ဘယ်လိုပဲပြည်သူကိုခြောက်လှန့်နေပါစေ အသေထွက်ပဲထ...
22/04/2024

ခွေးလေခွေးလွင့်လောက်တောင် တန်ဖိုးမရှိတဲ့ စစ်တောင်စီတပ်သား။

ဘယ်လိုပဲသွားသွား ဘယ်လိုပဲပြည်သူကိုခြောက်လှန့်နေပါစေ အသေထွက်ပဲထွက်နေရတဲ့ စစ်ကောင်စီတပ်သား။

#ပြည်သူကြိမ်စာသင့်နေတဲ့စစ်အုပ်စု

#နွားထိုးကြီးသတင်းစုံ

📫 ယနေ့ကြေးနန်း 📬⏰ ၂၂-၄-၂၀၂၄.....................................သတင်းပိတ်-7:30 pmတင်-7:30 pm ..............................
22/04/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၂၂-၄-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm ......................................

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းပေးပို့မှုကို ယနေ့ (ဧပြီလ ၂၂ရက်နေ့)က နေပြည်တော်အချုပ်ထောင်မှာပင် ဆက်လက်လက်ခံခဲ့

မြစ်ကြီးနားထောင်တွင်း သေနတ်ဖြင့်ပစ်ခတ်မှု ၄ ဦးသေ၊ ၈ ဦးဒဏ်ရာရ

🛑 မြင်းခြံခရိုင်
**************
♦၂၀၊၂၁ရက်နေ့တွေက ဆင်ချောင်း(တောင်၊မြောက်)၊ ကိုင်း(မြောက်)၊ရန္တပို၊ဥဒယရွာတို့မှ အနည်းဆုံး အိမ်ခြေ ၈၀၀ ခန့်ကို စစတွေ မီးရှို့ဖျက်ဆီးခဲ့၊ ကိုင်းရွာမှ အသက် ၇၀ နှစ်အရွယ် ဒေါ်ညွန့်ဆွေကို ပစ်သတ်ပြီး ငွေနဲ့ ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်သွား

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦ကရင်၊ မြ၀တီမြို့သို့ စစ်ကူရန် နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးအမည်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း ကြား ဖြတ်တိုက်ခိုက်ခံရပြီး သံချပ်ကာကားတစ်စီးနှင့် စက် သေနတ်တပ်စစ်သုံးယာဉ်များကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိခဲ့
♦ကချင်၊ ဖားကန့်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆယ်ဇင်း စစ်စခန်းကို KIA ပူးပေါင်း တပ်များက အပြင်းအထန် ထိုးစစ်ဆင် နေပြီး စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ
♦ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ၅ ရက်ဆက်တိုက်ပွဲဖြစ်နေပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုရှိ
♦မနေ့မနက်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီး တိုက်ပွဲတွင် စစ်သား ၈ ဦးသေ၊ PDF ၁ ဦးကျဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရ
♦မနေ့က မြင်းမူတွင် ဆက်ကြေးကောက်နေသော စစ်သားများကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်
♦၁၈ ရက်နေ့က မုံရွာမြို့နယ်၊တောပုရွာပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ စခ ၂ ဦးသေ

♦‘ဝ’ လူငယ်မျိုးဆက်သစ်များ တက်လာပါကလည်း UWSP ၏ နိုင်ငံရေးမူဝါဒ ပြောင်းမည်မဟုတ်

🤡 စစ်ကောင်စီ
*************
😎ဒရုန်းဖြင့် ဗုံးကျဲခံရသည့် ဒဏ်ရာမှ သက်သာလာသည့် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ကောင်စီ အစည်းအဝေးများနှင့်ရုံးလုပ်ငန်းများ ပုံမှန် လုပ်ဆောင် လူလုံးထွက်ပြတော့မည်
😎ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြည်နယ်ဝန်ကြီးများ လိုက်ပါသော VIP ယာဉ်တန်း မိုင်းဆွဲခံရ၍ ဝန်ကြီးတချို့ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံလိုက်ပြီး လုံခြုံရေးအတွက် စျေးဆိုင်များ ပိတ်ရန်နှင့် လူ ၅ ဦးထက် ပိုလူမစုရန် ယနေ့ အမိန့်ထုတ်

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾တောင်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက အောင်ရတနာဆေးရုံကို CDM ဆရာဝန်များ လက်ခံထားမှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခိုင်း
◾ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဌ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်နှင့် ပြည်သူ နေအိမ် ၆ လုံးကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီး
◾ယနေ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နှင့်ကလေးမြို့နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲရာ အရပ်သား ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးသွား
◾၂၁ ရက်နေ့က နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ၃ ကြိမ် ၊ ဇာလီ ကျေးရွာ ဘုန်းကြီးကျောင်းကို ၂ ကြိမ်နှင့် ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းကို ၂ ကြိမ် အကြမ်းဖက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အဆောက်အအုံများ ထိမှန်ပျက်စီးခဲ့
◾မြ၀တီမြို့၊ အမှတ် ၂ တံတား ဝန်းကျင်ကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချ၊ စစ်တပ်၏ ပစ်ခတ်ဗုံးကျဲမှုများကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းသေဆုံး
◾ကလေးမြို့နယ်နှင့် ချင်းပြည်နယ်ရှိ ကျေးရွာများကို စစ်တပ်နှင့်ပျူစောထီးများက မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူတချို့ ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၆၀၀ ကျော် မီးလောင်ပြာကျသွားပြီး ပြည်သူ ၃၀၀၀၀ ကျော် ထွက် ပြေးနေရ
◾စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဆယ်ရက်လောက်အတွင်း နေအိမ် ငါးရာကျော်ကို မီးရှို့ဖျက်ဆီးသွား

🔳 ဖမ်းဆီးအကြမ်းဖက်
*******************
◾မကွေးအကျဉ်းထောင်၌ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်း၊ နှစ်ရှည်အကျဉ်းသားများ ခြေချင်းခတ်ခံရ

💀 သာရေး
***********
♦ ဧပြီ ၂၁ ရက် မနေ့က တရက်တည်း အနည်းဆုံး စစ်ခွေးဝဲစား ၂၀ ဦးသေ

📜 ထုတ်ပြန်
***********
♦နတ်မောက်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို စစ်မှုထမ်းရန် နေအိမ်ပေါ်ထိ လိုက်လံ ခေါ်ဆောင်နေ၍ တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်မည်ဟု ကြေညာ

🌐 ထိုင်း
********
♦အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးဖို့ရှိ
♦ဘင်္ဂလားပင်လယ်အော်မှာ ငါးဖမ်းပြီး ပြန်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမား နှစ်ဦးကို မြန်မာ စစ်ကောင်စီရေတပ်က ပစ်ခတ်လို့ ဒဏ်ရာအပြင်းအထန်ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေက သတင်းဖော်ပြ

⭕ လူမှုစီးပွား
************
♦ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းတောင်ခြေမှ ကျိုက်ထီးရိုးတောင်ပေါ် ကားခ ဧပြီကစပြီး နောက်ခန်း တဦးကို ကျပ် ၅,၀၀၀ နဲ့ ခေါင်းခန်း တဦး ကျပ် ၆,၀၀၀ ရှိလာ
♦စစ်အာဏာသိမ်းပြီး နောက်ပိုင်း လုပ်သားရှားပါးမှုကြုံတွေ့နေရကာ ကလေးလုပ်သား အသုံးပြုမှုပိုများလာ

💟​ ပြည်သူမှပြည်သူသို့
*******************
❤ယင်းမာပင်မြို့နယ် NUG အစိုးရ ကြားကာလပညာရေး ကျောင်းကို LIGHTS OF THE FUTURE – GROUP (အနာဂါတ်အလင်းတန်းများအဖွဲ့) ၏ ကူညီမှုဖြင့် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခဲ့
❤မြ၀တီမြို့မှ တိမ်းရှောင်လာသည့် ပြည်သူများကို အဝေးရောက် ဧရာဝတီ အသင်း (OIA) က အစားအသောက်များ လှူဒါန်း
❤တန့်ဆည်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် အဖွဲ့ဝင်ဖြစ်သော တန့်ဆည်မြို့နယ် အခြေစိုက် People For People Foundation အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့
❤ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက် ရေးကွန်ရက်က အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့

🔲 အထွေထွေ
*************
♦မြဝတီတိုက်ပွဲ၌ ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ
♦နိုင်ငံတော် ICU ထဲရောက်နေပြီဟု ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီးပြော
♦ရန်ကုန်တိုင်းမှာ စစ်မှုထမ်းအပတ်စဥ် ၂ အတွက် ဧပြီ ၁၈ ရက်က စတင်ကာ အုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းတွေ ပြန်လည်ကောက်ယူနေ
♦ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အရပ်သားတွေကို အလှည့်ကျကင်းစောင့်ခိုင်းနေပြီး ကင်းမစောင့်နိုင်သူတွေအနေနဲ့ တအိမ်ငွေကျပ် ၃၀၀၀၀ အထိ ပေးနေရ
♦တောင်ကြီးမှာ စမတ်ကဒ် ပြတောင်ကြီးမှာ စမတ်ကဒ် ပြုလုပ်သူတွေ လဝကကို သိန်းချီအထိ ပေးနေရ
♦မလေးရှားနိုင်ငံမှာ UN ဒုက္ခသည်ကတ်အတုလုပ်မှုနဲ့ သံသယရှိတဲ့ မြန်မာအမျိုးသား ၂ ဦး အပါအဝင် တချို့ကို ကလန်တန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန အာဏာပိုင်တွေက ဧပြီ ၁၉ ရက်မှာ ဖမ်းဆီး

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၄၉၁၄ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၆၅၄၉ ဦး ရှိဟု ယနေ့ ဧပြီ ၂၂ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹ယူကရိန်းကို အမေရိကန် ထောက်ပံ့မည့်အပေါ် ရုရှား ဝေဖန်
🔹ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး တစီးကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းရဲ့ အဆိုကို ရုရှားက အသည်းအသန် ငြင်းဆန်ခဲ့
🔹အမေရိကန်ဟာ ယူကရိန်းကို အခြေပြုပြီး ရုရှားနဲ့ သွယ်ဝိုက်စစ်ပွဲကို အရှိန်မြှင့်လာပေမယ့် ဗီယက်နမ် စစ်ပွဲတုန်းကလို အရှက်တကွဲ ဖြစ်သွားလိမ့်မယ်လို့ ရုရှား အစိုးရက ပြောကြား
🔹သပိတ်ပြန်လှန်ဖို့ အစိုးရရဲ့ကမ်းလှမ်းမှုကို တောင်ကိုရီးယားဆရာဝန်တွေပယ်ချ

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှရယူပါသည်။

#နွားထိုးကြီးသတင်းစုံ

22/04/2024

ကျနော်တို့မြင်းခြံမြို့နယ်အတွင်းမှာ ၂၀၂၄ မတ်လ၁၂၊၁၃ ရက်နေ့တွေမှာ ကျေးရွာ၆ရွာ အိမ်ခြေပေါင်း ၅၄၈အိမ်ကိုစစ်ခွေးတွေကမီးရှို့ဖက်ဆီးလုယူသွားပြီး အပြစ်မဲ့ပြည်သူ ၉ဦးကိုပစ်သတ် အမျိုးသမီးငယ်တစ်ဦးကိုလည်း မုဒိမ်းကျင့်သတ်ဖြတ်သွားခဲ့ပါတယ်။
ယခု ၂၀၂၄ ဧပြီလဆန်းမှာလည်း တောပု၊ရသာ ကျေးရွာနှစ်ရွာ အိမ်ခြေ ၈၀၀ကျော်မီးရှို့ဖျက်ဆီးလုယူသွားခဲ့ပါတယ်။ဧပြီလ၂၀၊၂၁ရက်နေ့တွေမှာ ဆင်ချောင်း၊ကိုင်း(မြောက်)၊ရန္တပို၊ဥဒယ(ဆရာမခင်ခင်ထူးရွာ)မှာရှိတဲ့ အိမ်ခြေ ၈၀၀ကျော်(အတည်မပြုရသေး)ကိုလည်းမီးရှို့ဖျက်ဆီးသွားပြီး ကိုင်းရွာမှ NLD မြို့နယ်အလုပ်မှုဆောင်ဟောင်းဦးကျော်မြင့်ရဲ့ဇနီးဒေါ်ညွန့်ဆွေ အသက်(၇၀)နှစ်ကိုလည်းပစ်သတ်သွားပါတယ်။
လောလောဆယ်၄၅ရက်အတွင်းမှာကိုအိမ်ခြေ(၁၈၀၀)နီးပါးနဲ့အပြစ်မဲ့ပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်နေပါတယ်။ခရိုင်အတွင်းမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ၊ပကဖ၊သေခံအဖွဲ့လေးတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အထိနာတဲ့ စကစ ဟာ အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ် ကျေးရွာများကိုမီးရှို့ဖျက်ဆီးလုယူ ယုတ်မာပြီးအနိူင်ကျင့်တဲ့ကောင်တွေ လက်နက်ချင်းကျထွက်ပြေးတဲ့ လူယုတ်မာတွေစုစည်းထားတဲ့အင်စတီကျူးရှင်းကြီး မကြာခင်ပြိုကျပျက်စီးပါတော့မယ်။ကျေးဇူးရှင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် နဲ့ အသိုက်မြုံဖျက်ဆီးခဲ့တဲ့ကောင်တွေ မင်းတို့အလှည့်ရောက်လာနေပါပြီ။
မကြာခင်မှာမင်းတို့အတွက်ပြင်းထန်တဲ့တုန့်ပြန်မှုတွေရောက်ရှိလာမှာပါ။ခေတ်သစ်ဒေဝဒတ်နဲ့အဇာတသတ် တို့ရဲ့ တိုင်းပြည်ရဲ့ခြေဖဝါးကိုဓါးနဲ့ခွဲဆားသိပ်ခဲ့တဲ့လုပ်ရပ်အတွက်မကြာခင်ပေးဆပ်ဖို့ ပြင်ဆင်ထားကြပါလို့ သေသေချာချာသတိပေးလိုက်ပါတယ်။

အရေးတော်ပုံ အောင်ရမည်

https://www.facebook.com/share/p/znb3mLujhezjSS3f/?mibextid=oFDknk

22/04/2024

ပြင်စီမှာ အမျိုးသားနှစ်ယောက်ဆိုင်ကယ်တွဲစီးသူများ ဆိုင်ကယ်များစခတွေသိမ်း။

နွားထိုးကြီးသတင်းစုံ

မနေ့က မနက်ခင်းကစပြီး ပြင်စီက စခတွေ ပြင်စီ လမ်းဆုံမှာ ဆိုင်ကယ် အမျိုးသား ၂ယောက်ပူးစီးသူများကို ဖမ်းစီးပြီး ဆိုင်ကယ်ထားခဲ့မလား အချက်၂၀အရိုက်ခံမလားပြောပြီး ဆိုင်ကယ်တွေသိမ်း။

ယနေ့လည်းယထပ်မံသိမ်းနေတယ်လို့သိရသည်။

#နွားထိုးကြီးသတင်းစုံ

📫 ယနေ့ကြေးနန်း 📬⏰ ၂၁-၄-၂၀၂၄.....................................သတင်းပိတ်-7:30 pmတင်-7:30 pm ..............................
21/04/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၂၁-၄-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm ......................................

🛑 မြင်းခြံခရိုင်
**************
♦ယနေ့ စခ၊ပျူစစ်‌ကြောင်း ကိုင်း(မ)ရွာကို မီးရှို့။ယမန်နေ့ ညနေပိုင်းကစမီးရှို့တဲ့စစ်ကြောင်းက ခုချိန်ထိ ဆင်ချောင်း(တ)ရွာ၊ဆင်ချောင်း(မ)ရွာ၊ရန္တပိုရွာ၊ကိုင်း(မ)ရွာ၊ရွာ(၄)ရွာမှ နေအိမ်များကို မီးရှို့နေတာဖြစ်။ဆင်ချောင်း(တ)ရွာမှ နေအိမ်၆၀ခန့်၊ဆင်ချောင်း(မ)ရွာမှ နေအိမ်၇၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့။စာရေးဆရာမခင်ခင်ထူးရဲ့ဇာတိ ဥဒယရွာက နေအိမ်(၃)အိမ်ခန့်ကို စခတွေ မီးရှို့။ မနက်က ကိုင်း(မ)ရွာဝင်မီးရှို့တာ နေအိမ်၁၅၀ကျော်ခန့်ရှိ။ စစ်ကြောင်းဝင်လာလို့ ရှောင်နေတဲ့ ကိုင်း(မ)ရွာမှ အသက်၇၀ခန့် အမျိုးသမီးတစ်ဦးကို ပစ်သတ်သွား။
မီးရှို့သတ်ဖြတ်တဲ့စစ်ကြောင်းမှာ ညောင်တိုရွာ စကစခန့်အုပ်ကြီး ဝင်းလွင်ပါတယ်လို့ သိရ။

🛑 NUG
********
♦ဘူးသီးတောင်တွင် စစ်တပ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ၊ အဓိကရုဏ်း ဖြစ်စေရန် ယုတ်မာသော အကြံဖြင့် လှုံ့ဆော်နေကြောင်း NUG အစိုးရ သတိ ပေး

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦ယနေ့မနက် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေ၊ ဒုတပ်ကြပ် ၁ ဦး အရှင်မိ၊ လက်နက် ၂ လက်သိမ်းဆည်းရ
♦ယနေ့မနက် မန္တလေးမြို့ တံတားဦးလေတ​ပ်စခန်းအနီး ကင်းပတ်နေသော စစ်ကောင်စီ၏ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
♦၁၇ ရက်နေ့က ဝက်လက်မြို့နယ်၊ လှတောရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်
♦ ၁၇ ရက်နေ့က မြိုင်မြို့နယ်ရှိ ဝက်ပုတ်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စခများကို တိုက်ခိုက်မှု ၂ ဦးသေ
♦၁၇ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မရဲစခန်း၊ တရားရုံးတို့အပါအဝင် နေရာ ၅ ခု ကို လက်နက် ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခ၊ ပျူ ၆ ဦးဒဏ်ရာရ
♦၁၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စခများကို တိုက်ခိုက်ရာ စခ ထိခိုက်ဒဏ်ရာရှိသူ များပြား

◾မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်ရေးတင်းမာလျက်ရှိပြီး ယနေ့ (ဧပြီ ၂၁ရက်) နံနက်ပိုင်း၌ ညောင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၁၅ ချက်ခန့် ရမ်းသန်းပစ်ခတ်

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾ရှမ်း၊ နောင်ချိုမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ
◾ကရင်၊ ကော့ကရိတ်မြို့တွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်တပ်က ဓာတုအဆိပ်ဗုံးများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့်ဒေသနေပြည်သူအချို့ မူးဝေ၊ အော့အန် ခြင်း ဝေဒနာများခံစားနေရ
◾၁၉ ရက်နေ့က ရှမ်းတောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေး ရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်
◾ဆီဆိုင်တွင် ခမရ ၄၂၃ တပ်ရင်းမှ တပ်သား ညီညီနိုင်က စစ်ဘေးရှောင်အမျိုး သမီး တစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ် မုဒိမ်းကျင့်ရန် ကြံစည်မှုဖြစ်ပွား
◾မနေ့က ကရင်၊ မြ၀တီမြို့နယ်တွင် စစ်ဘေးရှောင်လာသည့်ကား ၁ စီး ပစ်ခတ်ခံရပြီး မိန်းကလေးငယ် ၂ ဦးသေဆုံးကာ မိဘ ၂ ဦးဒဏ်ရာရ
◾စစ်ကောင်စီလေယာဉ်များက မြ၀တီမြို့အနီးဝန်းကျင်အထိ ဗုံးကျဲမှုများလုပ်လာပြီး ပြည်သူများ မြို့ကို စွန့်ခွာ ထွက်ပြေး
◾ကလေးမြို့မြောက်ပိုင်း၊ မိုင်နွဲ့ ကျေးရွာကို စစ်ကောင်စီက ဆက်လက်စစ်ကြောင်းထိုးပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

🔳 ဖမ်းဆီးအကြမ်းဖက်
*******************
◾ဖြူးမြို့တွင် စစ်တပ်က ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းရန် ကားများဖြင့် ခေါ်ဆောင်သွား၊ မိသားစုများက တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရ
◾ကချင်၊ မြစ်ကြီးနားမြို့နယ်မှာ မနေ့ညပိုင်းက ခရစ်ယာန်ဓမ္မဆရာ ၃ ယောက် အပါအဝင် ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

💀 သာရေး
***********
♦ ဧပြီ ၂၀ ရက် မနေ့က တရက်တည်း အနည်းဆုံး စစ်ခွေးဝဲစား ၄၀ ဦးသေ
♦မကွေးတိုင်း၊ တောင်တွင်းကြီးတွင် စစ်တပ်နှင့်ပူးပေါင်း၍ မြေကြီးများ တူးရောင်းသူ၊ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်းဆီး စစ်ထဲသွင်းသူ ရာအိမ်မှူး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေ
♦မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး နံပြားရောင်းနေစဉ် ပစ်ခတ်၊ သေ
♦ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်း ဆီး၍ စစ်ထဲပို့ဆောင်နေသူ ရာအိမ်မှူး ၂ ဦး ရဲစခန်းအနီးတွင်ပစ်ခတ်ခံရပြီး သေ
♦လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ပြည်သူ့စစ် ခေါင်းဆောင် ပစ်ခတ်ခံရပြီးသေ၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိ

Ⓜ အလင်းဝင်
************
♦ကော့ကရိတ်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး သက်နိုင်ဦး လက်နက်နှင့်တကွ အလင်းဝင်သဖြင့် မြန်မာငွေ သိန်း ၈၀ နှင့် ညီမျှသော ဘတ်ငွေ ၈ သောင်း ချီးမြှင့်

🌐 ထိုင်း
********
♦ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်အခြေအနေများကို စုံစမ်းစစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် မဲဆောက်လာမည်
♦အိန္ဒိယ-မြန်မာ အမှတ် ၂ ကုန်သွယ်ရေးလမ်းကြောင်းကို အိန္ဒိယဘက်က ပိတ်
♦ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်တွင် တရားမဝင် စစ်အုပ်စုကို မြန်မာနိုင်ငံအစိုးရ အဖြစ် ပုံဖော်ထားပြီး စစ်အုပ်စုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် တွန်းအားပေးထား၊ဝေဖန်မှုများ ထွက်ပေါ်ခဲ့အပြီး UNCDF က အဆိုပါအစီရင်ခံစာအား ၀က်ဘ်ဆိုဒ်မှ ပြန်ဖြုတ်ချခဲ့

🔊 စစ်ဘေးရှောင်
***************
♦နယ်စပ်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာသည့် မြဝတီဒေသခံ ၈,၀၀၀ ကျော်ရှိ

⭕ လူမှုစီးပွား
************
♦ပဲခူးတိုင်းအနောက်ခြမ်းရှိတောင်သူများအနေဖြင့် သွင်းအားစုစရိတ်ကြီးမြင့်မှု၊ ရာသီဥတုဖျက်ဆီးမှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် အရှုံးပေါ်နေသည့်ကြားမှ စစ်တပ်က နွေစပါးစိုက်ပျိုးရန် အတင်းအကျပ်ဖိအားပေးနေ
♦တရုတ်ဘက်ကို တင်ပို့သည့် ဖရဲသီးများ လမ်းခရီး ကြန့်ကြာမှုကြောင့် အများအပြား စွန့်ပစ်နေရ
♦တိုက်ပွဲကြောင့် ထိုင်းပစ္စည်း အရင်ကထက် ဈေးပိုတက်

💟​ ပြည်သူမှပြည်သူသို့
*******************
❤ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၂ ခုကို ဆားလင်းကြီးမြိုနယ်- လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့က ထမင်းနှင့် ဟင်းများကို လှူဒါန်း
❤ကရင်ပြည်နယ် သံတောင်ကြီး ကျေးရွာ ၃ရွာမှ စစ်ရှောင်မိသားစုများအတွက် ဆန်၊ဆီ၊ဆား၊အသင့်စားခေါက်ဆွဲခြောက်၊ကြက်ဥ၊ကြက်သွန် အစရှိသည့် ရိက္ခာခြောက်များအပြင် ဖိနပ်များကို အလှူရှင် ကိုယ်စား Karenni Humanitarian Team -KHTအဖွဲ့ က သွားရောက်လှူဒါန်း
❤ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်း ၁၀ခုစာ အတွက် KARENNI Humanitarian Team -KHTအဖွဲ့က အလှူရှင်ကိုယ်စား ရေများ သွားရောက်လှူဒါန်း
❤ပုလဲမြို့နယ်တွင် နေရပ်စွန့်ခွာ စစ်ရှောင် ကလေးငယ်များအတွက် စာသင်ဆောင် ၅ဆောင် ဆောက်လုပ် လှူဒါန်း
❤ကလေးမြို့နယ်၊ စစ်ရှောင်ပြည်သူများကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့ဝင်ဖြစ်သော
People Health Care Network - Kalay အဖွဲ့ က စစ်ရှောင် စခန်းတစ်နေရာရှိ ပြည်သူများထံသို့ အရောက်သွား၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့

🔲 အထွေထွေ
*************
♦နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့တွင် လက်ရှိ ရာထူးတာဝန်များ တည်မြဲနေဆဲဖြစ်ပြီး မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရန် အရပ်ဘက်အဖွဲ့ ၃၁၂ ခုက ထိုင်းအစိုးရကို တောင်းဆို
♦ဆေးကုခွင့် ကန့်သတ်ခံထားရတဲ့ စစ်တွေရိုဟင်ဂျာစခန်းတွေမှာ ဝမ်းရောဂါကြောင့် သေဆုံးသူ တရာနီးပါးရှိလာ
♦၂ လအတွင်း စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ် ၅၀၀၀ ခန့်ရှိ
♦အာင်းဒေသအတွင်း ပစ်ခတ်ခွင့်မရှိတဲ့ ရှားပါးတိရိစ္ဆာန်တွေကို PSLF/TNLA သတ်မှတ်
♦စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ပိုင်းတနေရာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ ကျောင်းသုံးပစ္စည်းနဲ့ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေ
♦ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာ၊ ရပ်ကွက် နှစ်ခုရှိ အိမ်ထောင်စု ၂၀၀ ကျော်ကို စစ်ကောင်စီက ဧပြီ ၂၅ ရက် နောက်ဆုံးထားပြီး အတင်းရွှေ့ပြောင်းခိုင်း
♦ဗန်းမော်နှင့် မံစီတွင် မိုးသီးကြွေ လေပြင်းတိုက်ပြီး အိမ်အမိုးများ ပျက်စီး၊ လူ ၃ ဦး ဒဏ်ရာရ
♦စစ်ကိုင်းတိုင်း၊ တမူး-ကလေးလမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ဒေသခံ ခရီးသွားပြည်သူများ ခရီးသွားလာရေး အခက်တွေ့
♦တံတားဦး အမြန်လမ်း ယာဉ်တိမ်းမှောက်မှု ၁ ယောက်သေဆုံး

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၄၉၀၀ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၆၅၄၅ ဦး ရှိဟု ဧပြီ ၁၉ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹မနေ့ မနက်အစောပိုင်းမှာ ရုရှားနိုင်ငံတွင်း ဒေသရှစ်ခုက လောင်စာသိုလှောင်ကန်နဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတွေကို ယူကရိန်းက တာဝေးပစ်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့
🔹ယူကရိန်းနိုင်ငံအလယ်ပိုင်း နီပရို ပက်ထရော့ဗ်စ် ဒေသမှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် လူ ၈ ဦး သေဆုံးခဲ့အပြီးမှာ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တစင်းကို ပစ်ချနိုင်ခဲ့

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှရယူပါသည်။

#နွားထိုးကြီးသတင်းစုံ

Address


Website

Alerts

Be the first to know and let us send you an email when နွားထိုးကြီးသတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share