News Myanmar မြန်မာသတင်း

  • Home
  • News Myanmar မြန်မာသတင်း

News Myanmar မြန်မာသတင်း សំរាប់ផ្សាយព័ត៌មាន

🖌️ဝေဖန်မှုတွေများလွန်းလို့ဘာမှဆက်မလှူချင်လောက်အောင်စိတ်ဓာတ်တွေ   ကျခဲ့တယ် လို့ပြောလာတဲ့ မခိုင်နှင်းဝေ " ဝေဖန်မှူတွေကြောင...
12/10/2024

🖌️ဝေဖန်မှုတွေများလွန်းလို့ဘာမှဆက်မလှူချင်လောက်အောင်စိတ်ဓာတ်တွေ

ကျခဲ့တယ် လို့ပြောလာတဲ့ မခိုင်နှင်းဝေ
" ဝေဖန်မှူတွေကြောင့် ဘာမှ့ဆက်မလှူချင်တော့လောက်အောင် စိတ်ဓာတ်ကျသွားတယ်
*အစ်မရဲ့ Image တစ်ခုလုံးနဲ့ ဘဝကို သစ္စာဆိုပြီး ပြောရဲတယ်။ သူဌေးလည်း ရေဘေးကြုံရင် ဘာမှ မရှိတော့ဘူးလေ။
*သူဌေးဖြစ်ဖြစ် ဆင်းရဲသားဖြစ်ဖြစ် တန်းတူဖြစ်သွားမှာပါပဲ။
*လွိုင်ကော်မှာသွားလှူတုန်းက အမဆိုရင်ခက်ခက်ခဲခဲသွားလှူခဲ့ရတာပါ
*တစ်အိမ်ကို10သိန်းနူန်းနဲ့ တန်းတူညီတူ လှူပေးတော့ ချမ်းသာတဲ့သူကို မလှူသင့်ဘူး ခက်ခဲတဲ့လူကိုပိုလှူသင့်တယ်လို့ ဝေဖန်ကြတယ်
*အမအဲလိုဝေဖန်မှူတွေအောက်မှာစိတ်ဓာတ်ကျသွားတယ် လုံးဝဒီအလှူငွေတွေကို တခြားသူကို လက်လွှဲပေးလိုက်တော့မယ်လို့တောင်စိတ်ကူးမိတယ်
*အမ စေတနာနဲ့ လှူပေးနေချိန်မှာ
လူတွေက အစ်မကို မကောင်းပြောကြတဲ့အချိန်မှာ စိတ်မကောင်း ဖြစ်ရတယ်"
*လို့ပြောပြလာတဲ့ ပရဟိတ မင်းသမီးလေး သရုပ်ဆောင် ခိုင်နှင်းဝေ မေမေခိုင်
#ခိုင်နှင်းဝေ
#ရေဘေးအလှူ #ရေဘေး #ပရဟိတ #မေမေခိုင်

နေပြည်တော်ရှိ အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး စင်္ကာပူမတက် ===========အာဆီယံနိုင်ငံများ တဆင့်နိမ့်ကိုယ်စားလှယ်စေလွှတ...
12/10/2024

နေပြည်တော်ရှိ အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး စင်္ကာပူမတက်
===========
အာဆီယံနိုင်ငံများ တဆင့်နိမ့်ကိုယ်စားလှယ်စေလွှတ်သည့် ရေတပ်ဦးစီးချုပ်အစည်းအဝေးကို နေပြည်တော်တွင် ပြုလုပ်ရာ ဦးစီးချုပ်အဆင့်ရှိသူ တစ်ဦးသာ ပါဝင်သည်။
ထိုတစ်ဦးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58332/
ပုံစာ - ရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် အာဆီယံနိုင်ငံအချို့မှ အရာရှိများကို နေပြည်တော်လေဆိပ်တွင် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − စစ်ကောင်စီ)

ကျွန်မအနေနဲ့ စာဖတ်ခြင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ခဏခဏပြောပါတယ်။ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ကိစ္စက ဘာလဲဆိုရင် စာဖတ်တ...
03/10/2024

ကျွန်မအနေနဲ့ စာဖတ်ခြင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ခဏခဏပြောပါတယ်။ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ကိစ္စက ဘာလဲဆိုရင် စာဖတ်တဲ့အခါမှာ တခြားသူတွေရဲ့ စိတ်ထဲ၊ ဦးနှောက်ထဲ၊ နှလုံသားထဲကို ၀င်ကြည့်လို့ရတဲ့ အခွင့်အရေးရှိပါတယ်။ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်တွေက တခြားသူတွေရဲ့အတွေးအခေါ်၊ ခံစားချက်တွေနဲ့မတူဘူး ဆိုတာကို စာဖတ်လိုက်တဲ့ အခါမှာ သဘောပေါက်သွားတယ်။

ဒါကြောင့်မို့ ကျွန်မတစ်ခါက ပြောဖူးပါတယ်။ တက္ကသိုလ်ကျောင်းသားအချို့နဲ့ စာအုပ်စာပေဆွေးနွေးပွဲတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က စာအုပ်တစ်ခုမှာ သူမကြိုက်ရတဲ့အကြောင်းရင်းက အဲဒီစာအုပ်ထဲက ကိစ္စတွေက လုံး၀ သူတို့ဘ၀နဲ့ ဆက်စပ်မှု မရှိလို့ဆိုတော့ ကျွန်မကအဲဒါကို သဘောမတူဘူးလို့ ပြောဖူးပါတယ။် ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဘ၀နဲ့ ဆက်စပ်မှုမရှိတဲ့အကြောင်းတွေကို သိဖို့က ကိုယ့် ဘ၀နဲ့ ဆက်စပ်မှုရှိတဲ့ အကြောင်းတွေ့ကို သိဖို့လောက်ကို တန်းတူညီတူ အရေးကြီး ပါတယ်။

ဘာလို့လဲဆိုရင် ကိုယ့်ဘ၀ရဲ့ ကျဉ်းမြောင်းတဲ့ဘဝလေးအတိုင်းအထွာနဲ့ပဲ တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင် အမြင်က ကျဉ်းမြောင်းသွားလိမ့်မယ်။ ဒါပေမယ့် လည်း ကိုယ့်ရဲ့ဘ၀အပြောင်းအလဲကို မသိဘဲနဲ့၊ ကိုယ့်ပတ်၀န်းကျင်အကြောင်းကို မသိဘဲနဲ့ ကျော်လွှားပြီးတော့ ကမ္ဘာကြီးကိုပဲ ကြည့်နေမယ် ဆိုရင်ကလည်း မပြီးပြည့်စုံ ဘူး။ စတာက ကိုယ့်ရဲ့ပတ်၀န်းကျင်နဲ့စရမယ်။ ကိုယ့်ရဲ့ဘ၀ကို နားလည်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဘ၀ကို နားလည်ဖို့အတွက် တခြားသူရဲ့ဘ၀ကို လေ့လာခြင်းအားဖြင့် နားလည်နိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်းခံစားရတာ တွေဟာ ကိုယ်တစ်ယောက် တည်း မဟုတ်ဘူး။ တခြားသူတွေလည်းဒီလိုခံစားရ တယ်။တခြားသူတွေလည်း ဒီလို၊ ဒါမှမဟုတ် ကိုယ့်ခံစားချက်နဲ့ တခြားသူတွေရဲ့ ခံစားချက်ကွာတယ်ဆိုတာ နှိုင်းယှဉ်ပြီး တော့လည်း ကြည့် လို့ရတယ်။

နောက်ပြီးတော့ နမူနာအနေနဲ့ ကြည့်ပြီးတော့ ဘာရှာရမယ်၊ ဘာဆောင်ရမယ် ဆိုတာကိုလည်း ကျွန်မတို့နှလုံးသွင်းလို့ရပါတယ်။ ဒါကြောင့် စာဖတ်ပါ၊ စာဖတ်ပါလို့ အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူလူထု လူကြီး၊ လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ်တယ် ဆိုတာ အသက်နဲ့ မဆိုင်ပါဘူး။ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ် စေ၊ ကြီးသည်ဖြစ်စေ စာဖတ်လို့ ရပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကို အားပေးချင် တာက တစ်နေ့ကိုတော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာ တော့ တစ်နေ့ကို တစ်ရွက်နှစ်ရွက်လောက်၊ တစ်မျက်နှာ၊ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
၂၅-၀၉-၂၀၁၉

#

🖤 สดุดี 3 ครู อุทิศชีวิต ปกป้องนักเรียน จนนาทีสุดท้ายจากเหตุไฟไหม้รถบัส ขอร่วมไว้อาลัยให้แม่พิมพ์ของชาติ ครูทั้ง 3 คนคงร...
03/10/2024

🖤 สดุดี 3 ครู อุทิศชีวิต ปกป้องนักเรียน จนนาทีสุดท้ายจากเหตุไฟไหม้รถบัส ขอร่วมไว้อาลัยให้แม่พิมพ์ของชาติ ครูทั้ง 3 คนคงรักเด็กๆ ไปสู่สรวงสวรรค์นะคุณครู 🖤

ထိုင်းကျောင်းသားကလေးငယ်များစွာ ဘတ်စ်ကားထဲ မီးလောင်သေဆုံးခဲ့ရခြင်းအတွက် ယာဉ်မောင်းနဲ့ ကားကုမ္ပဏီကို အမှုဖွင့် မဲခေါင်၊ အေ...
02/10/2024

ထိုင်းကျောင်းသားကလေးငယ်များစွာ ဘတ်စ်ကားထဲ မီးလောင်သေဆုံးခဲ့ရခြင်းအတွက် ယာဉ်မောင်းနဲ့ ကားကုမ္ပဏီကို အမှုဖွင့်

မဲခေါင်၊ အောက်တိုဘာ ၂

အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ဥထိုင်းဌာနီကနေ ဘန်ကောက်ကို DNA မှတ်တမ်းယူ ခရီးစဉ် ထွက်တဲ့ ကျောင်းဘတ်စ်ကား မီးလောင်ပေါက်ကွဲမှုကြောင့် ၂၃ ယောက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးအတွက် ထိုင်း ရဲတပ်ဖွဲ့က ယာဉ်မောင်းနဲ့ ဘတ်စ်ကားကုမ္ပဏီကို ပေါ့ဆမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ဒီဘတ်စ်ကားဟာ ဆရာ၊ ဆရာမ ၆ ယောက်နဲ့ကျောင်းသား ၃၉ ယောက်တင်ဆောင်လာပြီး ရှေ့ဘီးပေါက်က ထိန်းမရဖြစ်ချိန် ကားတစ်စီးနဲ့ဝင်တိုက်သလို လမ်းဘေး ကွန်ကရစ် အရန်အတားနဲ့ဆောင့်ရာက ရုတ်တရက် လျှင်မြန်စွာ မီးလောင်ပေါက်ကွဲမှုတွေဖြစ်ခဲ့လို့ ဆရာမ ၃ ယောက်အပါ စုစုပေါင်း ၂၃ ယောက် သေဆုံးခဲ့ရပါတယ်။

လူမှုကွန်ရက်ပေါ်က ဗီဒီယိုတွေမှာ ယာဉ်မောင်းဟာ မီးလောင်တော့ ဘေးနားက ကားတွေဆီက မီးသတ်ဆေးဗူး တွေယူပြီး ငြိမ်းသတ်ဖို့ ကြိုးစားတာမြင်တွေ့ရသလို ယာဉ်အပြင်ဘက် အလယ်ပိုင်းနားက အရေးပေါ် တံခါးပေါက်ဖွင့်ဖို့လည်း ကြိုးစားခဲ့သေးတာ မြင်တွေ့ရပါတယ်။

ဒါပေမဲ့ ၈ ကြိမ်၊ ၉ ကြိမ်အထိ ပေါက်ကွဲလောင်ကျွမ်းမှု မြန်ဆန်လွန်းတာကြောင့် ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ကယ်ထုတ်ပေမယ့် သေဆုံးမှုများပြားလွန်းခဲ့ပြီး လက်ရှိအထိ ကလေး ၃ ယောက်ကို ဆေးရုံတင်ကုသနေရဆဲဖြစ်ကာ ၂ ယောက်က စိုးရိမ်ရတဲ့အဆင့်မှာ ရှိနေ ပါသေးတယ်။

နောက်တစ်ယောက်ကတော့ ၇ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး မျက်နှာမီးလောင်ခဲ့လို့ မျက်လုံး မကွယ်စေရေး အစွမ်းကုန်ကြိုးစားကုသနေရတယ်လို့ သိရပါတယ်။

ယာဉ်မောင်းဟာ မီးမနိုင်တော့ဘဲ ပေါက်ကွဲချိန် နာရီအတော်ကြာပျောက်သွားပြီး ဖုန်းပိတ်ထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြခဲ့သလို ညနေပိုင်းမှာ ကိုယ်တိုင်ရဲစခန်းကိုလာရောက် ဖမ်းခံခဲ့တယ်လို့လည်း သိရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေရာမှာ ဒီဘတ်စ်ကားဟာ ဂတ်စ်အိုး ၆ လုံးသာ အများဆုံးတင်ဆောင် ခွင့်ပြုထားပေမယ့် ၁၁ လုံးအထိတင်ဆောင်လာကြောင်း၊ ယာဉ်မောင်းဟာ အရှိန်မထိန်းနိုင်ချိန်ကတည်းက ကားကို ချက်ချင်းရပ်တန့်နိုင်ဖို့ ကြိုးစားမှု မလုပ်ခဲ့သလို အရေးပေါ် တံခါးဟာလည်း ဖွင့်နိုင်တဲ့အနေအထားမှာ ရှိနေခဲ့ကြောင်း၊ (လွယ်လင့်တကူ ဖွင့်ရမရကိုတော့ ရှင်းလင်းစွာမသိရ) မှန်တံခါးတွေကို အရေးပေါ် ထုဖွင့်နိုင်တဲ့ ကိရိယာတွေလည်း ထားရှိတာမတွေ့ရလို့ ကားကုမ္ပဏီနဲ့ ယာဉ်မောင်းကို ပေါ့ဆမှုနဲ့ အမှုဖွင့်လိုက်ကြောင်း ထုတ်ပြန်သွားပါတယ်။

ယာဉ်ပိုင်ဆိုင်တဲ့ ကုမ္ပဏီသူဌေးကတော့ သူ့ကားကို သတ်မှတ်ချက်အတိုင်း တစ်နှစ် ၂ ကြိမ် စစ်ဆေးမှုအောင်မြင်ခဲ့သလို ဂတ်စ်အိုးတွေလည်း အရည်အသွေးပြည့်မီခဲ့တယ်လို့ တုံ့ပြန် ပြောကြားထားပါတယ်။

ထိုင်းကုန်းလမ်းပို့ ဆောာင်ရေးဝန်ကြီးဌာနကတော့ ထိုင်းမှာရှိသမျှ ဂတ်စ်သုံးယာဉ်တွေရဲ့ စနစ်ကို ပြန်လည်စစ်ဆေးပြီး အဆင့်မြှင်တင်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Ref: washingtontimes
MKF-001

#ထိုင်း
#ကျောင်းသား
#ကားမီးလောင်
#ယာဥ်မောင်း
#အမှုဖွင့်
#ကုမ္ပဏီ

“ဓမ္မနဲ့မညီညွှတ်ဘဲ ပညာဉာဏ်မဲ့စွာအနိုင်ယူလိုက်ပြီဆိုရင် တစ်သံသရာလုံး ရှုံးပြီသာမှတ်”သူက တစ်ချက်တီးရင်၊ငါက နှစ်ချက်တီးမယ်ဆ...
02/10/2024

“ဓမ္မနဲ့မညီညွှတ်ဘဲ ပညာဉာဏ်မဲ့စွာ
အနိုင်ယူလိုက်ပြီဆိုရင် တစ်သံသရာလုံး ရှုံးပြီသာမှတ်”

သူက တစ်ချက်တီးရင်၊
ငါက နှစ်ချက်တီးမယ်ဆိုတာမျိုး၊
အဲဒီလို ဒေါသကို ဒေါသနဲ့ တုံ့ပြန်ဖြေရှင်း
အနိုင်ယူတဲ့စနစ်မျိုးဟာ တကယ်တော့
အနိုင်ရခြင်းမဟုတ်ပါဘူး။
ရှုံးခြင်းပဲ ဖြစ်ပါတယ်။

ဓမ္မသဘောအရလည်း ဒေါသထွက်နေတဲ့
ပုဂ္ဂိုလ်ဟာ ရှုံးသူပါ။
ဘယ်လိုနည်းနဲ့အနိုင်ရရ အနိုင်ရရေးအဓိကဆိုတဲ့
စိတ်ဓာတ်ရှိသူတွေဟာ၊ ဘယ်လိုပဲနိုင်နိုင်
အနိုင်လို့မခေါ်ပါဘူး။ ရှုံးတယ်။
အရာအားလုံး ဆုံးရှုံး သွားတယ်။
လူ့ဂုဏ်သိက္ခာ ကအစ တန်ဖိုးမဲ့သွားတာ။

တကယ့် အနိုင်ဆိုတာက မေတ္တာနဲ့တုံ့ပြန်တဲ့၊
ဓမ္မနဲ့တုံ့ပြန်တဲ့၊ပညာဉာဏ်နဲ့တုံ့ပြန်တဲ့
ပုဂ္ဂိုလ်သာနိုင်သူဖြစ်တယ်။✮

ဒေါသနဲ့ အနိုင်ယူသူဟာ . . .
ပထမစိတ်နှလုံးပူလောင်ရမယ်။
စိုးရိမ်ကြောက်လန့်နေရမယ်။
ဒုတိယကြမ်းတမ်းတဲ့နှုတ်ထွက်စကားတွေကြောင့်
ဖရုဿဝါစာ ဒဏ်သင့်တယ်။
ဝစီကံထိုက်တာထက် ဆိုးတယ်။
တတိယက ကိုယ်ထိလက်ရောက်
နှိပ်စက်ညှဉ်းပန်းခြင်းဆိုတဲ့ အဆင့်အထိရောက်သွားပြီးမှ
အနိုင်ယူခြင်း၊ အနိုင်ရခြင်းဟာ
ဘဝတစ်လျှောက်လုံးရော၊ သံသရာအတွက်ပါ
အရှုံးကြီးရှုံးကြရမယ့် သူတွေဖြစ်တယ်။

ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဒီနေ့ အောက်တိုဘာလ ၁ ရက်မွန်းလွှဲပိုင်းက ထိုင်းကျောင်းသား/သူလေးတွေ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားမီးလောင်းမှုအတွင်း ကားထဲမှ...
02/10/2024

ဒီနေ့ အောက်တိုဘာလ ၁ ရက်မွန်းလွှဲပိုင်းက ထိုင်းကျောင်းသား/သူလေးတွေ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားမီးလောင်းမှုအတွင်း ကားထဲမှာ“ဖိင်ထောင် စုံဘတ်”ဆိုတဲ့ ဆရာမလေးက ကျောင်းသား ငယ်တစ်ဦးကို ရင်ခွင်ထဲပွေ့ဖက်ထားပြီး မီးအပူရှိန်ကာကွယ်ပေးရင်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

#မြဝတီမဲဆောက်မီဒီယာ

#ထိုင်းကျောင်းကား #မီးလောင် #ဆရာမ #ကျောင်းသားကျောင်းသူ

ကလေးငယ်တွေ သေဆုံးစေခဲ့ရာ ဘတ်စ်ကားကြီးရဲ့ရာဇဝင်ကားအဟောင်းကြီးကို ပြန်ပြုပြင်ထားတာတဲ့ School Field Trip မှာ သုံးခဲ့တဲ့မီးလ...
02/10/2024

ကလေးငယ်တွေ သေဆုံးစေခဲ့ရာ ဘတ်စ်ကားကြီးရဲ့ရာဇဝင်
ကားအဟောင်းကြီးကို ပြန်ပြုပြင်ထားတာတဲ့

School Field Trip မှာ သုံးခဲ့တဲ့မီးလောင်သွားတဲ့ ဘတ်စ်ကားဟာ 1970 လောက်ထဲက လိုင်စင်မှတ်ပုံတင်ထားပြီး ပြန်လည်ပြုပြင်အသုံးပြုနေတဲ့ကား လို့သိရပါတယ်။

အပြင်ပန်းကကြည့်မယ်ဆိုရင် အသစ်အတိုင်းဖြစ်အောင် ပြုပြင်ထားပေမဲ့ အတော်ကိုမှကြာနေပြီဖြစ်တဲ့ ကားလို့ပြောရပါမယ်။ မှတ်တမ်းတွေအရဆိုရင်လည်း အိုဟောင်းနေတဲ့ ကားကို NGV GAS အသုံးပြုလို့ရအောင် ပြုပြင်ထားပြီး Gas ကားအဖြစ်ပြောင်းထားတာကို သက်ဆိုင်ရာထံ အကြောင်းကြားထားခြင်းမရှိဘူးလို့သိရပါတယ်။

NGV Gas ဆိုတာဟာ သဘာဝဂတ်စ်ဖြစ်ပြီး တခြားဆီတွေနဲ့ ယှဉ်မယ်ဆိုရင် တော်တော်ကိုစျေးသက်သာတယ်လို့သိရပါတယ်။

ကားမောင်းသူကိုလည်း ဖမ်းဆီးထားမိပြီဖြစ်ပြီးတော့ သူဟာ ဒီအဖြစ်အပျက်တွေအတွက် ကြောက်လန့်ခြောက်ခြားနေခဲ့ပြီး ကားနောက်ဘက်မှာရှိတဲ့ မီးသတ်ဆေးဘူးနဲ့ မီးငြိမ်းခဲ့တာ မအောင်မြင်တဲ့အတွက် ထွက်ပြေးမိတာလို့ ထွက်ဆိုထားပါတယ်။

ကားမီးလောင်မှုမဖြစ်ခင် မိနစ်ပိုင်းအလိုမှာ ကားတာယာပေါက်ကွဲခဲ့တာဖြစ်ပြီး ကားဟာ ညာကျောပေါ်ရောက်သွားပြီးတဲ့နောက် Mercedes ကားကို ဝင်တိုက်မိရာကနေ မီးလောင်မှုစခဲ့တာပါလို့ သူကထွက်ဆိုထားပါတယ်။

အခုချိန်မှာတော့ ဒရိုင်ဘာဟာ ကိုယ်တိုင်လာရောက်ဖမ်းမခံခဲ့တဲ့အတွက်ရော၊ ဖြစ်ကတတ်ဆန်းမောင်းနှင်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၂၃ ယောက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက်ပါ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ကားမီးလောင်မှုကြောင့် ကျောင်းကားပေါ်မှာပါလာတဲ့ Grade 1 ကနေ Grade 9 အရွယ် အသက် ၆ နှစ်ကနေ ၁၅ နှစ်အရွယ်ကလေးငယ်တွေထဲက ကလေးငယ် ၂၀ ဦးနဲ့ ဆရာမ ၃ ဦးသေဆုံးခဲ့ပါတယ်။ လွတ်မြောက်သွားသူက ၁၉ ဦးရှိပြီး ကလေး ၁၆ ဦးနဲ့ ဆရာ ဆရာမ ၃ ဦးဖြစ်ပါတယ်။ လွတ်မြောက်သွားတဲ့ကလေးငယ်တွေထဲက ၃ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေရဆဲဖြစ်တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။
ကျောင်းကားမောင်းတဲ့ဒရိုင်ဘာကိုဖမ်းမိထားပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေပြန့်နေတာကတော့ မီးလောင်ချိန်မှာ ဒရိုင်ဘာက တံခါးပေါက်ကနေထွက်ပြီး လမ်းပေါ်မှာရှိတဲ့ ကားတွေဆီကနေ မီးသတ်ဘူးတောင်းပြီးမီးငြှိမ်းဖို့ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

ကောသလအိပ်မက်(၁၆)ချက်၊ နံပါတ်-၁၀ အိပ်မက်ပါချုပ်ဆရာတော်ဘုရားဟောကြားသော“ကောသလအိပ်မက် နှင့် ယနေ့ကမ္ဘာ”တရားတော်မှအိပ်မက် နံပါ...
02/10/2024

ကောသလအိပ်မက်(၁၆)ချက်၊ နံပါတ်-၁၀ အိပ်မက်

ပါချုပ်ဆရာတော်ဘုရားဟောကြားသော“ကောသလအိပ်မက် နှင့် ယနေ့ကမ္ဘာ”တရားတော်မှ

အိပ်မက် နံပါတ်-၁ဝ

ဘုရင်က ဘယ်လိုလုပ်ပြီး မီးဖိုချောင်ရောက်သွားသလဲ တော့ မသိဘူး၊

မီးဖိုချောင် ရောက်သွားတယ်၊

“အိပ်မက်ထဲ မှာ ထမင်းအိုးတစ်လုံး ချက်နေတာ၊ အဲဒီချက်နေတဲ့ ထမင်း အိုးဟာ ထူးထူးဆန်းဆန်း ဖြစ်တယ်၊

ထမင်းအိုးက အိုးတစ်လုံး တည်းမှာပဲ ထမင်းဟာ တစ်နေရာက ပျော့ပြီး တစ်နေရာက မာ၊ ပြီးတော့ တစ်နေရာကမှ ကောင်းကောင်းကျက်တယ်တဲ့၊

ထမင်းအိုးတစ်အိုးတည်းမှာပဲ သုံးမျိုးဖြစ်သွားတယ်၊

တမင် ချက် ရင်တောင် ဖြစ်ဖို့ မလွယ်ဘူးလေ၊ အိုးတစ်အိုးတည်းမှာဆိုရင်တစ်နေရာက ပျော့ မနပ်, တစ်နေရာက မာ၊ တစ် နေရာကမှ ကျက်တယ်၊

အဲဒီလို ထမင်းအိုးတစ်လုံးတည်းမှာပဲ ထမင်းသုံး မျိုးသုံးစား ဖြစ်ပေါ်လာတာကို တွေ့ရှိရလို့ အလွန်အံ့ဩမိပါ တယ်၊

အိပ်မက်ထဲမှာ ဒီအိပ်မက်ကို မြင်မက်ခဲ့တာ ဖြစ်လို့ ဒီ အိပ်မက်ရဲ့ အကျိုးအပြစ်ကကော ဘယ်လိုဖြစ်နိုင်ပါသလဲ ဘုရား”လို့ လျှောက်တော့ -

မြတ်စွာဘုရားက “ခုအချိန်မှာ ဖြစ် လာမယ့်အခြေအနေ မရှိဘူး”။

ဒါရဲ့သင်္ကေတက ဘာတွေတုန်းဆိုရင် နောင်နှစ်ပေါင်း ကြာလာတဲ့အခါ လူ့လောကမှာ တိုင်းပြည်အုပ်ချုပ်တဲ့မင်း တွေဟာ တရားဓမ္မနဲ့အညီ မအုပ်စိုးကြတော့ဘူး၊

မင်းစိုးရာဇာ တွေ တရားပျက်တဲ့အခါကျတော့ မင်းမှုထမ်းတွေကလည်းပဲ တရားပျက်လာတယ်တဲ့၊

မင်းမှုထမ်းတွေ တရားပျက်လာတဲ့ အခါမှာ တိုင်းသူပြည်သားတွေလည်း တရားပျက်လာတယ်၊

အဲဒါကို ပြောတာ “ခေါင်က မိုးမလုံဘူး”ဆိုတာ။

တိုင်းပြည်အုပ်ချုပ်တဲ့ မင်းစိုးရာဇာတွေဆိုတာ ဦးစီး ခေါင်းဆောင်တွေ၊ ဘုရင်က တရားမစောင့်ဘူးဆိုတော့ မင်းမှု ထမ်းတွေကလည်း တရားမစောင့်ကြတော့ဘူး၊

သူတို့ တရား မစောင့်ရင် တိုင်းသူပြည်သားတွေက ကောင်းလာလား ဆိုတော့ မကောင်းဘူး၊ သူတို့လည်း တရားမစောင့်ကြတော့ ဘူး၊

ကိုယ်ကျင့်တရားတွေ ပျက်ပြားလာကြတယ်၊ လူတွေဟာ တရားမစောင့်တဲ့အနေအထားမျိုးတွေ ဖြစ်ပြီးတော့ မတရားမှု တွေ များလာတယ်၊

တရားဥပဒေနဲ့ ဆန့်ကျင်ဘက်တွေ လုပ်လာကြတယ်။

လူ့လောကမှာ ရွှေခေတ်လို့ဆိုရတဲ့အချိန်အခါတုန်းက စကြဝတေးမင်းဆိုတဲ့ဘုရင်တွေဟာ တရားသဖြင့် တိုင်းပြည် ကို အုပ်စိုးကြတယ်၊

အုပ်စိုးပြီး အချိန်တန်အရွယ်ရောက်လို့ ထီးနန်းစည်းစိမ်ကို ဆက်ခံမယ့်သားတော်ကြီးကို လွှဲအပ်တဲ့ အခါမှာ သူ့သားတော်ကို မှာတယ်၊

မှာတဲ့စကားမှာ “မာ တေ တာတ ဝိဇိတေ အဓမ္မကာရော ပဝတ္တယိတ္ထ”

“ငါ့သား မင်းအုပ်ချုပ်တဲ့နိုင်ငံမှာ မတရားမှုတွေ မဖြစ်စေနဲ့နော်”၊

ဒီ စကားကို ထည့်မှာတယ်ပေါ့၊

ဘာဖြစ်လို့တုန်းဆိုရင် ဦးစီး ခေါင်းဆောင်လုပ်တဲ့မင်းက မတရားဘူးဆိုရင် မင်းမှုထမ်းတွေ ကလည်း တရားမစောင့်ကြတော့ဘူး၊

မင်းမှုထမ်းတွေ မစောင့်သွားရင် တိုင်းသူပြည်သားအားလုံးဟာလည်း တရား မစောင့်တော့ဘူး၊

ဒီတင် ရပ်လားဆိုတော့ မရပ်သေးဘူး၊

လူ တွေ တရားကင်းမဲ့သွားပြီဆိုတဲ့အခါ လူတွေနဲ့ ဆက်စပ်နေတဲ့ အိမ်စောင့်နတ်တွေ ကိုယ်စောင့်နတ်တွေလည်း တရားပျက်လာ ကြတယ်။

လူတွေရဲ့အကျင့်ပျက်မှုက နတ်တွေထိအောင် ကူးစက် တတ်တယ်ဆိုတဲ့ အဓိပ္ပါယ်နော်၊

“လူတွေ ကောင်းမှ နတ် ကောင်းမယ်” ဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်နေတယ်နော်၊ ဒီတော့ လူတွေ တရားပျက်တဲ့အခါမှာ နတ်တွေလည်း တရား ပျက်လာတယ်၊

လူတွေရဲ့အပူဇော် “ဒေဝတာဗလိ”ကို ခံကြတဲ့ နတ်တွေလည်း တရားပျက်လာကြတယ်၊ ဘုမ္မစိုး ရုက္ခစိုးတွေလည်း တရားပျက်လာတယ်၊

ဘုမ္မစိုးတွေ ရုက္ခစိုးတွေ တရား ပျက်တော့ ကောင်းကင်ယံဗိမာန်မှာ နေကြတဲ့ “အာကာသဋ္ဌ” အာကာသစိုးနတ်တွေလည်း တရားမစောင့်ကြတော့ဘူး။ တရားပျက်လာကြတယ်တဲ့၊

အဲဒီလို ဆင့်ကဲဆင့်ကဲနဲ့ တရားပျက်လာတဲ့အခါမှာ ဘာတွေ ဖောက်ပြန်လာတုန်းဆိုရင် လေလမ်းကြောင်းတွေ ဟာ ပြောင်းလာတယ်၊

လေတွေက လမ်းမမှန်တော့ ကောင်းကင်မှာရှိကြတဲ့နတ်ဗိမာန်တွေကို လေတိုက်တဲ့အခါမှာ ဗိမာန်တွေက လှုပ်ရှားသွားတယ်၊ ရာသီဥတု မကောင်းတဲ့ အခါ လေယာဉ်ပျံစီးတော့ လှုပ်သလို နေမှာပေါ့၊

နတ်ဗိမာန် ကြီးတွေဟာလည်း ကောင်းကင်မှာ ရှိနေတော့ လေနဲ့ တွေ့တဲ့ အခါ လှုပ်ကုန်ကြတယ်၊

အဲဒီလို ဗိမာန်ကြီးတွေ လှုပ်လာတဲ့ အခါ ဗိမာန်ထဲမှာနေတဲ့နတ်တွေက စိတ်ဆိုးတယ်၊

လေယာဉ် ပျံစီးတဲ့အခါလည်း လေယာဉ်ပျံလှုပ်သွားပြီဆိုရင် ခါးပတ်တွေ ပတ်ထားပြီး ဣတိပိသော ရွတ်ကြ, အဋ္ဌာန မေတံ ရွတ်ကြနဲ့ လုပ်ကြရ မဟုတ်လား။

နတ်တွေကလည်း သူတို့ဗိမာန်တွေ လှုပ်လာတဲ့အခါ ကျ စိတ်ဆိုးကြတယ်၊

“ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ၊ ခါတိုင်း တို့ဗိမာန်တွေ ဘာမှ မဖြစ်ဘူး၊ အခု လေတိုက်လို့ လှုပ်လာ ပြီ”၊

လှုပ်တော့ နတ်တွေက စိတ်ဆိုးပြီး မိုးမရွာအောင် လုပ် လိုက်တယ်။

လူ့လောကမှာ မိုးကွက်ကြား ရွာလာခဲ့ပြန်တယ်၊ ဟိုနားလေး ရွာတယ်၊ ဒီနားကျတော့ မရွာပြန်ဘူးနော်၊ မိုးကွက် ကြားတွေ ရွာလာတယ်၊

မိုးကွက်ကြားရွာလာတဲ့အခါ မိုး ကောင်းတဲ့နေရာက ကောင်း, မကောင်းတဲ့နေရာက မကောင်း၊ မိုးခေါင်တဲ့နေရာတွေ ခေါင်, မိုးလွန်တဲ့နေရာတွေက လွန်။

လူတွေ သီးနှံတွေ စိုက်ပျိုးကြတယ်၊ စိုက်ပျိုးတဲ့အခါ မိုးကောင်းလွန်းအားကြီးတော့ ပျက်စီးသွားပြန်တယ်၊

မိုးခေါင် လွန်းအားကြီးတဲ့နေရာတွေကလည်း တစ်ခါ ပျက်စီးသွားပြန် တယ်၊ မိုးရေမရလို့ စိုက်ပြီးသားသီးနှံတွေ ညှိုးကုန်ကြပြန်တယ် ပေါ့၊

ဒီလို မိုးမှန်မှန်မရွာသည့်အတွက်ကြောင့် မိုးမှန်တဲ့နေရာ လေးတွေက သီးနှံလေးတွေ ဖြစ်သော်လည်း မိုးလွန်ကဲတဲ့ နေရာက ပျက်စီးပြန်တယ်၊

မိုးခေါင်သွားတဲ့နေရာတွေကျတော့ သစ်ပင်တွေ ခြောက်တယ်။

လူ့ပြည်မှာ နယ်တစ်နယ်ထဲမှာပဲ မိုးခေါင်တဲ့နေရာ က ခေါင်, မိုးလွန်တဲ့နေရာက လွန်, မှန်မှန်ရွာတဲ့နေရာက ရွာ၊ သုံးမျိုးသုံးစား ကွဲပြားသွားတယ်တဲ့၊

အဲဒီလို သုံးမျိုးကွဲပြား သွားတဲ့အခါမှာ တိုင်းပြည်မှာ ဖြစ်ပေါ်လာတဲ့ စိုက်ပျိုးတဲ့သီးနှံ တွေဟာလည်း ကောင်းတဲ့နေရာ ကောင်း, မကောင်းတဲ့နေရာ မကောင်း, ခြောက်တဲ့နေရာက ခြောက်နဲ့၊ အဲဒီလို သီးနှံ အထွက်တွေက မှန်ကန်မှုမရှိ ဖြစ်လာတယ်တဲ့။

ထမင်းအိုးတစ်အိုးတည်းမှာ ပျော့တာက ပျော့, မာတာ က မာ, နပ်တာက နပ်နဲ့ ဆိုပြီးတော့ ပျော့ မနပ်နဲ့, မာမနပ်နဲ့, နပ်တာက နပ်ဆိုပြီးတော့ အဲဒီလို သုံးမျိုးသုံးစား ကွဲပြားပြီးတော့ သွားတာဟာ နောင်တစ်ချိန်ကျလို့ရှိရင် နေရာတစ်နေရာ မှာပဲ အခုလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ကို ကြိုတင်ပြီးတော့ အရိပ်နိမိတ်ပြတဲ့အနေနဲ့ ဒီအိပ်မက်မက် တာ ဖြစ်တယ်၊

“ဒီအိပ်မက်ကြောင့် သင်မင်းကြီးရဲ့လက်ထက် မှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဒီအိပ်မက်အတွက် စိတ်မပူနဲ့”

#တရားဓမ္မအသိတိုးပွားကြပါစေ
#သိသည့်အားလျော်စွာကျင့်နိုင်ပါစေ
#ကျင့်နိုင်သည့်အားလျော်စွာမဂ်ဖိုလ်နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေရသွားပါစေ
#ဤဓမ္မဒါနကုသိုလ်အားလည်းအမျှပေးဝေပါ၏

ကလေးငယ်တွေ သေဆုံးစေခဲ့ရာ ဘတ်စ်ကားကြီးရဲ့ရာဇဝင်ကားအဟောင်းကြီးကို ပြန်ပြုပြင်ထားတာတဲ့ 🥵🥲School Field Trip မှာ သုံးခဲ့တဲ့မီ...
02/10/2024

ကလေးငယ်တွေ သေဆုံးစေခဲ့ရာ ဘတ်စ်ကားကြီးရဲ့ရာဇဝင်
ကားအဟောင်းကြီးကို ပြန်ပြုပြင်ထားတာတဲ့ 🥵🥲

School Field Trip မှာ သုံးခဲ့တဲ့မီးလောင်သွားတဲ့ ဘတ်စ်ကားဟာ 1970 လောက်ထဲက လိုင်စင်မှတ်ပုံတင်ထားပြီး ပြန်လည်ပြုပြင်အသုံးပြုနေတဲ့ကား လို့သိရပါတယ်။

အပြင်ပန်းကကြည့်မယ်ဆိုရင် အသစ်အတိုင်းဖြစ်အောင် ပြုပြင်ထားပေမဲ့ အတော်ကိုမှကြာနေပြီဖြစ်တဲ့ ကားလို့ပြောရပါမယ်။ မှတ်တမ်းတွေအရဆိုရင်လည်း အိုဟောင်းနေတဲ့ ကားကို NGV GAS အသုံးပြုလို့ရအောင် ပြုပြင်ထားပြီး Gas ကားအဖြစ်ပြောင်းထားတာကို သက်ဆိုင်ရာထံ အကြောင်းကြားထားခြင်းမရှိဘူးလို့သိရပါတယ်။

NGV Gas ဆိုတာဟာ သဘာဝဂတ်စ်ဖြစ်ပြီး တခြားဆီတွေနဲ့ ယှဉ်မယ်ဆိုရင် တော်တော်ကိုစျေးသက်သာတယ်လို့သိရပါတယ်။

ကားမောင်းသူကိုလည်း ဖမ်းဆီးထားမိပြီဖြစ်ပြီးတော့ သူဟာ ဒီအဖြစ်အပျက်တွေအတွက် ကြောက်လန့်ခြောက်ခြားနေခဲ့ပြီး ကားနောက်ဘက်မှာရှိတဲ့ မီးသတ်ဆေးဘူးနဲ့ မီးငြိမ်းခဲ့တာ မအောင်မြင်တဲ့အတွက် ထွက်ပြေးမိတာလို့ ထွက်ဆိုထားပါတယ်။

ကားမီးလောင်မှုမဖြစ်ခင် မိနစ်ပိုင်းအလိုမှာ ကားတာယာပေါက်ကွဲခဲ့တာဖြစ်ပြီး ကားဟာ ညာကျောပေါ်ရောက်သွားပြီးတဲ့နောက် Mercedes ကားကို ဝင်တိုက်မိရာကနေ မီးလောင်မှုစခဲ့တာပါလို့ သူကထွက်ဆိုထားပါတယ်။

အခုချိန်မှာတော့ ဒရိုင်ဘာဟာ ကိုယ်တိုင်လာရောက်ဖမ်းမခံခဲ့တဲ့အတွက်ရော၊ ဖြစ်ကတတ်ဆန်းမောင်းနှင်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၂၃ ယောက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက်ပါ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ကားမီးလောင်မှုကြောင့် ကျောင်းကားပေါ်မှာပါလာတဲ့ Grade 1 ကနေ Grade 9 အရွယ် အသက် ၆ နှစ်ကနေ ၁၅ နှစ်အရွယ်ကလေးငယ်တွေထဲက ကလေးငယ် ၂၀ ဦးနဲ့ ဆရာမ ၃ ဦးသေဆုံးခဲ့ပါတယ်။ လွတ်မြောက်သွားသူက ၁၉ ဦးရှိပြီး ကလေး ၁၆ ဦးနဲ့ ဆရာ ဆရာမ ၃ ဦးဖြစ်ပါတယ်။ လွတ်မြောက်သွားတဲ့ကလေးငယ်တွေထဲက ၃ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေရဆဲဖြစ်တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။
ကျောင်းကားမောင်းတဲ့ဒရိုင်ဘာကိုဖမ်းမိထားပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေပြန့်နေတာကတော့ မီးလောင်ချိန်မှာ ဒရိုင်ဘာက တံခါးပေါက်ကနေထွက်ပြီး လမ်းပေါ်မှာရှိတဲ့ ကားတွေဆီကနေ မီးသတ်ဘူးတောင်းပြီးမီးငြှိမ်းဖို့ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

#ဘန်ကောက်

ယနေ့တော်သလင်းလကွယ်နေ့။ဥပုသ်နေ့။🙏🙏🙏ဥပုသ်စောင့်ရန်အခက်အခဲရှိသူများအနေဖြင့် ဘုရားဝတ်ပြုခြင်း၊ငါးပါးသီလဆောက်တည်ခြင်း၊ကုသိုလ်...
02/10/2024

ယနေ့တော်သလင်းလကွယ်နေ့။ဥပုသ်နေ့။🙏🙏🙏
ဥပုသ်စောင့်ရန်အခက်အခဲရှိသူများအနေဖြင့်
ဘုရားဝတ်ပြုခြင်း၊ငါးပါးသီလဆောက်တည်ခြင်း၊
ကုသိုလ်ပြုခြင်းများဆောင်ရွက်နိုင်ပါရန်
နှိုးဆော်အပ်ပါသည်။🙏🙏🙏

ကားမောင်းသူကို  ဖ၊မ်းဆီးထားမိပြီဖြစ်ပြီးတော့ သူဟာ ဒီအဖြစ်အပျက်တွေအတွက် ကြောက်လန့်ခြောက်ခြားနေခဲ့ပြီး ကားနောက်ဘက်မှာရှိတဲ...
02/10/2024

ကားမောင်းသူကို ဖ၊မ်းဆီးထားမိပြီဖြစ်ပြီးတော့ သူဟာ ဒီအဖြစ်အပျက်တွေအတွက် ကြောက်လန့်ခြောက်ခြားနေခဲ့ပြီး ကားနောက်ဘက်မှာရှိတဲ့ မီးသlတ်ဆေးဘူးနဲ့ မီးငြိမ်းခဲ့တာ မအောင်မြင်တဲ့အတွက် ထွက်ပြေးမိတာလို့ ထွက်ဆိုထားပါတယ်။(ထိုင်းနိုင်ငံမှာCctvတွေနေရာအနှံတပ်ထားတော့တရားခံတွေပြေးရင် မလွတ်နိုင်ပါ)

ကားမီ၊းလော၊င်မှုမဖြစ်ခင် မိနစ်ပိုင်းအလိုမှာ ကားတာယာပေါက်ကွဲခဲ့တာဖြစ်ပြီး ကားဟာ ညာကျောပေါ်ရောက်သွားပြီးတဲ့နောက် Mercedes ကားကို ဝင်တိုက်မိရာကနေ မီ၊းလော၊င်မှုစခဲ့တာပါလို့ သူကထွက်ဆိုထားပါတယ်။

အခုချိန်မှာတော့ ဒရိုင်ဘာဟာ ကိုယ်တိုင်လာရောက်ဖ၊မ်းမခံခဲ့တဲ့အတွက်ရော၊ ဖြစ်ကတတ်ဆန်းမောင်းနှင်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၂၃ ယောက် 6 သဆုံးမှု၊ ထိခို၊က်ဒဏ်ရာရရှိမှုတွေအတွက်ပါ ဖ၊မ်းဆီးစစ်ဆေးနေပါတယ်။

ကားမီ၊းလောင်မှုကြောင့် ကျောင်းကားပေါ်မှာပါလာတဲ့ Grade 1 ကနေ Grade 9 အရွယ် အသက် ၆ နှစ်ကနေ ၁၅ နှစ်အရွယ်ကလေးငယ်တွေထဲက ကလေးငယ် ၂၀ ဦးနဲ့ ဆရာမ ၃ ဦး6 သဆုံးခဲ့ပါတယ်။ လွတ်မြောက်သွားသူက ၁၉ ဦးရှိပြီး ကလေး ၁၆ ဦးနဲ့ ဆရာ ဆရာမ ၃ ဦးဖြစ်ပါတယ်။ လွတ်မြောက်သွားတဲ့ကလေးငယ်တွေထဲက ၃ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေရဆဲဖြစ်တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။
ကျောင်းကားမောင်းတဲ့ဒရိုင်ဘာကိုဖ၊မ်းမိထားပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေပြန့်နေတာကတော့ မီးလော၊င်ချိန်မှာ ဒရိုင်ဘာက တံခါးပေါက်ကနေထွက်ပြီး လမ်းပေါ်မှာရှိတဲ့ ကားတွေဆီကနေ မီးသ၊ တ်ဘူးတောင်းပြီးမီးငြှိမ်းဖို့ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

#မနီလာ #ဘန်ကောက်

ထောင်ဂဏန်းတရားစု THE THOUSANDS သဟဿဝဂ်၁၁၀။ ယောစ ဝဿသတံ ဇီဝေ-         ဒုဿီလော အသမာဟိတော၊         ဧကာဟံ ဇီဝိတံ သေယျော-      ...
02/10/2024

ထောင်ဂဏန်းတရားစု THE THOUSANDS သဟဿဝဂ်

၁၁၀။ ယောစ ဝဿသတံ ဇီဝေ-
ဒုဿီလော အသမာဟိတော၊
ဧကာဟံ ဇီဝိတံ သေယျော-
သီလဝန္တဿ ဈာယိနော။

သီလမဲ့, သမာဓိမဲ့စွာ အနှစ် ၁ဝဝ အသက်ရှည်နေရ ခြင်းထက် သီလရှိစွာ ကမ္မဋ္ဌာန်းရှုသောသူ၏ တစ်ရက်တာ အသက် ရှည်ရခြင်းက ပိုကောင်း၏။

The life for one day of one who is virtuous and contemplative is better than if one were to live for a hundred years, immoral and distracted.

(ဓမ္မပဒ, သဟဿဝဂ်-ဂါထာအမှတ်-၁၁၀)

စာအုပ်အမည်-ဓမ္မပဒအဆုံးအမများ (ဦးခင်မောင်ကြီး-ရန်ကုန်တက္ကသိုလ်)

(Playstore မှာလည်း app ရှိပါတယ်ဗျ၊ “ဓမ္မပဒ”လို့ရှာရင်ရပါတယ်)

#တရားဓမ္မအသိတိုးပွားကြပါစေ
#သိသည့်အားလျော်စွာကျင့်နိုင်ပါစေ
#ကျင့်နိုင်သည့်အားလျော်စွာမဂ်ဖိုလ်နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေရသွားပါစေ
#ဤဓမ္မဒါနကုသိုလ်အားလည်းအမျှပေးဝေပါ၏

ကလေးငယ်တွေ သေဆုံးစေခဲ့ရာ ဘတ်စ်ကားကြီးရဲ့ရာဇဝင်ကားအဟောင်းကြီးကို ပြန်ပြုပြင်ထားတာတဲ့ 🥵🥲School Field Trip မှာ သုံးခဲ့တဲ့မီ...
02/10/2024

ကလေးငယ်တွေ သေဆုံးစေခဲ့ရာ ဘတ်စ်ကားကြီးရဲ့ရာဇဝင်
ကားအဟောင်းကြီးကို ပြန်ပြုပြင်ထားတာတဲ့ 🥵🥲

School Field Trip မှာ သုံးခဲ့တဲ့မီးလောင်သွားတဲ့ ဘတ်စ်ကားဟာ 1970 လောက်ထဲက လိုင်စင်မှတ်ပုံတင်ထားပြီး ပြန်လည်ပြုပြင်အသုံးပြုနေတဲ့ကား လို့သိရပါတယ်။

အပြင်ပန်းကကြည့်မယ်ဆိုရင် အသစ်အတိုင်းဖြစ်အောင် ပြုပြင်ထားပေမဲ့ အတော်ကိုမှကြာနေပြီဖြစ်တဲ့ ကားလို့ပြောရပါမယ်။ မှတ်တမ်းတွေအရဆိုရင်လည်း အိုဟောင်းနေတဲ့ ကားကို NGV GAS အသုံးပြုလို့ရအောင် ပြုပြင်ထားပြီး Gas ကားအဖြစ်ပြောင်းထားတာကို သက်ဆိုင်ရာထံ အကြောင်းကြားထားခြင်းမရှိဘူးလို့သိရပါတယ်။

NGV Gas ဆိုတာဟာ သဘာဝဂတ်စ်ဖြစ်ပြီး တခြားဆီတွေနဲ့ ယှဉ်မယ်ဆိုရင် တော်တော်ကိုစျေးသက်သာတယ်လို့သိရပါတယ်။

ကားမောင်းသူကိုလည်း ဖမ်းဆီးထားမိပြီဖြစ်ပြီးတော့ သူဟာ ဒီအဖြစ်အပျက်တွေအတွက် ကြောက်လန့်ခြောက်ခြားနေခဲ့ပြီး ကားနောက်ဘက်မှာရှိတဲ့ မီးသတ်ဆေးဘူးနဲ့ မီးငြိမ်းခဲ့တာ မအောင်မြင်တဲ့အတွက် ထွက်ပြေးမိတာလို့ ထွက်ဆိုထားပါတယ်။

ကားမီးလောင်မှုမဖြစ်ခင် မိနစ်ပိုင်းအလိုမှာ ကားတာယာပေါက်ကွဲခဲ့တာဖြစ်ပြီး ကားဟာ ညာကျောပေါ်ရောက်သွားပြီးတဲ့နောက် Mercedes ကားကို ဝင်တိုက်မိရာကနေ မီးလောင်မှုစခဲ့တာပါလို့ သူကထွက်ဆိုထားပါတယ်။

အခုချိန်မှာတော့ ဒရိုင်ဘာဟာ ကိုယ်တိုင်လာရောက်ဖမ်းမခံခဲ့တဲ့အတွက်ရော၊ ဖြစ်ကတတ်ဆန်းမောင်းနှင်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၂၃ ယောက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက်ပါ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ကားမီးလောင်မှုကြောင့် ကျောင်းကားပေါ်မှာပါလာတဲ့ Grade 1 ကနေ Grade 9 အရွယ် အသက် ၆ နှစ်ကနေ ၁၅ နှစ်အရွယ်ကလေးငယ်တွေထဲက ကလေးငယ် ၂၀ ဦးနဲ့ ဆရာမ ၃ ဦးသေဆုံးခဲ့ပါတယ်။ လွတ်မြောက်သွားသူက ၁၉ ဦးရှိပြီး ကလေး ၁၆ ဦးနဲ့ ဆရာ ဆရာမ ၃ ဦးဖြစ်ပါတယ်။ လွတ်မြောက်သွားတဲ့ကလေးငယ်တွေထဲက ၃ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေရဆဲဖြစ်တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။
ကျောင်းကားမောင်းတဲ့ဒရိုင်ဘာကိုဖမ်းမိထားပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေပြန့်နေတာကတော့ မီးလောင်ချိန်မှာ ဒရိုင်ဘာက တံခါးပေါက်ကနေထွက်ပြီး လမ်းပေါ်မှာရှိတဲ့ ကားတွေဆီကနေ မီးသတ်ဘူးတောင်းပြီးမီးငြှိမ်းဖို့ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

#မနီလာ #ဘန်ကောက်

So Sad 😭
02/10/2024

So Sad 😭

မူကြိုဘတ်စ်ကားမီးလောင်မှု ယာဉ်မောင်းထွက်ပြေးပြီး ဖုန်းပိတ်ထား မဲခေါင်၊ အောက်တိုဘာ ၁အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက ဘန်က...
01/10/2024

မူကြိုဘတ်စ်ကားမီးလောင်မှု ယာဉ်မောင်းထွက်ပြေးပြီး ဖုန်းပိတ်ထား

မဲခေါင်၊ အောက်တိုဘာ ၁

အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက ဘန်ကောက်အနီး လမ်းမပေါ် မီးလောင်သွားတဲ့ မူကြိုနဲ့ မူလတန်းကျောင်းသားတွေ လေ့လာရေးခရီးထွက်လာရာ ဘတ်စ်ကား မီးလောင်မှုမှာ ယာဉ်မောင်း ထွက်ပြေးပျောက်ကွယ် သွားပြီး ဖုန်းပိတ်ထားကြောင်း သိရှိရပါတယ်။

ဥထိုင်းဌာနီက ကျောင်းသား ၃၈ ယောက်နဲ့ ဆရာ/ဆရာမ ၆ ယောက်လိုက်ပါလာတဲ့ ဘတ်စ်ကား မီးလောင်မှု ဟာ ကားဘီးပေါက်ရာက အရှိန်မထိန်းနိုင်မှုကနေ စတင်ဖြစ်ပွားတယ်လို့ သိရပြီး နောက်ဆုံးရသတင်းတွေအရ သေဆုံးသူဟာ ၂၀ ကျော်သွားခဲ့ပြီလို့ သိရှိရပါတယ်။

ထိုင်းမီဒီယာ Khaosod နောက်ဆုံး ထုတ်ပြန်လိုက်တဲ့သတင်းမှာ ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတွေပါ လွတ်မြောက်ကလေးငယ်များ ယာယီစောင့်ရှောက်ရာနေရာကို ရောက်ရှိလာခဲ့ကြပြီး အားပေး နှစ်သိမ်စောင့်ရှောက်မှု ပေးနေပါတယ်။

နှစ်ထပ်ဘတ်စ်ကားလို့သတင်းစထွက်ပေါ်ပေမယ့် တကယ်တမ်းက သာမန်ထက်ပိုရှည်တဲ့ တစ်ထပ် ဘတ်စ်ကားသာဖြစ်ကြောင်းနဲ့ ဒီဘတ်စ်ကား ယာဉ်မောင်ဟာ ၄၈ နှစ်ရှိ ဆာမရန်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီးချိန်ကတည်းက ပျောက်ဆုံးနေသလို ဖုန်းဆက်သွယ်လို့မရအောင် ဖုန်းကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

နှစ်ထပ်ဘတ်စ်ကားဟာ gas-powered bus ဖြစ်လို့ ဓာတ်ငွေသုံးယာဉ်တွေရဲ့ ဘေးအန္တရာယ် သက်ရောက်နိုင်မှုကို ပြန်လည်စမ်းစစ်မယ်လို့လည်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

Ref: Khaosod English
MKF-001

#မူကြိုကား
#ဘန်ကောက်
#မီးလောင်
#ကလေး
#ဆရာမ
#ယာဥ်မောင်း

😭 ขอแสดงความเสียใจอย่างสูงกับครอบครัวน้องๆ เด็กอนุบาลบนรถบัสสรุป  #ไฟไหม้รถบัส- รถบัสทัศนศึกษาจากรรโรงเรียนวัดเขาพระยาสั...
01/10/2024

😭 ขอแสดงความเสียใจอย่างสูงกับครอบครัวน้องๆ เด็กอนุบาลบนรถบัส

สรุป #ไฟไหม้รถบัส
- รถบัสทัศนศึกษาจากรรโรงเรียนวัดเขาพระยาสังฆาราม อุทัยธานี
- ไหม้อยู่ถนนวิภารวดี หน้าเซียร์รังสิต
- รถยางแตกเสียหลักชนแบริเออร์
- มีนักเรียนบนรถทั้งหมด 42 คนและครู
- ช่วยลงจากรถได้ 19 คน
- นักเรียนเป็นนักเรียนอนุบาล 2-4
- ตอนนี้จำนวนเด็กที่เสียชีวิตล่าสุดคือ 13 คน

#ไฟไหม้รถทัศนศึกษานักเรียนอนุบาล

မိသားစုဝင်၆ဦးလုံး ဆုံးရှုံးသွားတဲ့ ကြေကွဲဖွယ်အဖြစ်အပျက်ကိုပြောပြတဲ့ ပအိုဝ်းအမျိုးသမီး သားလေးနဲ့ကျွန်မနဲ့ကလွတ်သွားပေမယ့် ...
01/10/2024

မိသားစုဝင်၆ဦးလုံး ဆုံးရှုံးသွားတဲ့ ကြေကွဲဖွယ်အဖြစ်အပျက်ကိုပြောပြတဲ့ ပအိုဝ်းအမျိုးသမီး

သားလေးနဲ့ကျွန်မနဲ့ကလွတ်သွားပေမယ့် သမီးလေးကမလွတ်ဘူး။ သူကအော်ခေါ်ပေမယ့်မကြားရဘူး။ ည၃ နာရီလောက်က ရေများလာတာ။ ရေကြီးတော့ဟိုဘက်ဒီဘက်သွားလို့မရဘူး။ သမီးလေးက ထိခိုက်ဒဏ်ရာ နဲ့ဆုံးသွားခဲ့တယ် ဆိုတဲ့ သမီးလေးကိုဆုံးရှုံးခဲ့ရတဲ့ပအိုဝ်းဒေသခံ

၁၅ ရက်၊၁၆ရက်လောက်က ဖြစ်တာတချို့ကျတော့ ရေမြောသွားတယ်။ တချို့ကမြေပြိုထဲပါသွားတယ်။ ညီအမ ၂ယောက်ပဲရှိတာ အမက သက်သက်နေတာ အဲ့ဒါရေကြီးတော့တစ်မိသားစုလုံး ပါသွားတာ ဆိုတဲ့ ပအိုဝ်းဒေသခံ

 #ခွေးကျွေးခြင်း၏ ကုသိုလ်အကျိုး================= ☘️သေချာဖတ်ကြည့်နော်…☘️         ဘယ်နေရာရောက်ရောက် ခွေးကျွေးတဲ့         အ...
01/10/2024

#ခွေးကျွေးခြင်း၏ ကုသိုလ်အကျိုး
=================
☘️သေချာဖတ်ကြည့်နော်…☘️
ဘယ်နေရာရောက်ရောက် ခွေးကျွေးတဲ့
အလုပ်ကလေးကိုတော့ ၀တ်တစ်ခုလိုကိုထားပြီး
လုပ်ဖြစ်ပါတယ်။ တစ်ခါတလေဆို လမ်းပေါ်မှာ
ခွေးပိန်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာ
🐶 မုန့်ဆိုင်က၀ယ်ပြီး ကျွေးခဲ့ဖူးပါတယ်။ တစ်နေ့တော့
ဒီခွေးကျွေးတာနှင့် ပတ်သက်ပြီး သူငယ်ချင်းက
မေးခွန်းတစ်ခု မေးလာပါတယ်။

“တနင်္လာနံမို့ ခွေးကျွေးတာလား” တဲ့။

မိမိက “တနင်္လာနံ ဆိုတာ ဘာလဲ” လို့ ပြန်မေးတော့ သူငယ်ချင်းက “ငွေနံလေ” တဲ့။
ဒီတော့မှ မိမိလည်းသဘောပေါက်သွားပြီး “တနင်္လာနံကြောင့်တော့ မဟုတ်ဘူး။ သီဟိုဠ်၀တ္ထုလေးတစ်ပုဒ်ကို ဖတ်ဖူးထားလို့ပါ” လို့ပြောပြီး အဲဒီသီဟိုဠ်၀တ္ထုလေးကိုပါ သူငယ်ချင်းကိုပြောပြဖြစ်လိုက်ပါတယ်။
သူငယ်ချင်းက ..
“သြော်...ဒါကြောင့်ကိုး။” လို့ အတည်လိုလိုနောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိ မှတ်မိနေပါသေးတယ်။
သူငယ်ချင်းကို ပြောပြဖူးခဲ့တဲ့ သီဟိုဠ်၀တ္ထုလေးကို အခုချစ်တဲ့ စာဖတ်သူတွေကိုလည်း ပြန်ပြောပြချင်ပါတယ်။
♦ တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ "အရှင်စူဠနာဂ" လို့ အမည်ရတဲ့
မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။
သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ မြတ်စွာဘုရားရဲ့ညှပ်ရိုးတော်ကို ဌာပနာထားရာလည်းဖြစ်၊ဒေဝါနံပိယတိဿမင်းကြီးရဲ့ ကောင်းမှုလည်းဖြစ်တဲ့
ထူပါရုံစေတီဆိုတာ ရှိပါတယ်။ ထူပါရုံစေတီတော်ရဲ့အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာဂဟာ အဲဒီထူပါရုံကျောင်းတိုက်ကြီးမှာ တခြားရဟန်းတော်တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ။

♦ တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ခွေးမကိုသေချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။ ဒါပေမယ့် ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့ကျွေးစရာဆွမ်းကျန်လည်း မရှိတော့ပါဘူး။
ဒါကြောင့် ဘာလုပ်လိုက်သလဲဆိုတော့ “ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏” လို့ နှလုံးပိုက်ပြီး မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကိုကျွေးလိုက်ပါတယ်။
အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံတင်မကပါဘူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက်ပါသေးတယ်။
အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကို ကြည့်ပြီး အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေဖြစ်လာပါတယ်။
♦ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။
သူ့ရဲ့ ဆုတောင်းက..
♦"ငါသည် ဤခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးလိုက်ရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘပေါများရပါလို၏" တဲ့။
စာမှာတော့ အရှင်စူဠနာဂရဲ့ ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ ဆိုပါတယ်။

♦အရှင်စူဠနာဂဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး “အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ” လို့ မေးပြီး ရောက်လာကြပါတယ်။ အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။ အရှင်စူဠနာဂဟာ ရောက်လာတဲ့ ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

♦နောက်မကြာခင်မှာ ဒကာ ဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။
သူတို့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးတွေကို ယူလာပြီး ကပ်လှူပြန်ပါတယ်။ အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

♦နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ ဒကာမတွေဟာ ရေတွက်လို့မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။

♦ဘယ်လောက်အထိ ဆွမ်းတွေရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂက ကျောက်စည်ကို တီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီးနေ့စဉ်ပြန်လှူခဲ့ပါတယ်။

♦တစ်နေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကို အခြခံပြီး ဝိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာ၀နာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ "ဒါနစေတနာ"ဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ "အရဟတ္တဖိုလ်"အထိ အကျိုးပေးသွားတာပါပဲ။

♦ အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလကြာကြာ ရက်တစ်ရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော်ငါးရာကြွလာပြီး
မဇ္စျိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးပါမယ်လို့ ပြန်၀န်ခံလိုက်ပါတယ်။
အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။
အရှင်စူဠနာဂလည်း ကတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီးတစ်လျှောက်မှာ နတ်ကောင်းနတ်မြတ်တွေက ကူညီစောင့်ရှောက်သလို ရောက်ရာဒေသက ဒကာ ဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ် လောင်းလှူကြပါတယ်။

♦မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန်ခံစားရပါတော့တယ်။ ဒီတော့ အတူပါလာသူ
ရဟန်းတော်တွေလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။

♦သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့ အကြောင်းကတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့်သလဲဆိုတော့ “အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ဓါတ်တော်ကို ရှေ့ဆုံးကကြွတဲ့ မထေရ်ရဲ့ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲ့ချည်ပြီး မြို့ရွာထဲ၀င်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်းဖြစ်ရပါလိမ့်မယ်ဘုရား။” လို့ အကြံပေးတော်မူပါတယ်။
အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်းသုံးဖော်ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့ အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကိုယူပြီးကြွတော်မူကြပါတယ်။ ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့ မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

♦စေတနာကြီးမားလှတဲ့ သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္ထုလေးပါ။

♦ စေတနာရဲ့ သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ၀တ္ထုလေးအဖြစ်လည်း ပူးတွဲသဘောပေါက်လိုက်ရပါတယ်။
အရှင်စူဠနာဂရဲ့၀တ္ထုလေးကို သတိရနေသမျှတော့ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။
🐶ခွေးတွေကို ကျွေးဖြစ်နေသမျှတော့ အရှင်စူဠနာဂရဲ့ ၀တ္ထုလေးကို သတိရနေဖြစ်အုံးမှာပါ။🐶


😍😍
( တိ - ချစ်သူများအား ထာဝစဉ်လေးစားအားပေးလျှက် 🙏🙏)

မေတ္တသုတ် ကို ပုံမှန်ဆို ပဋ္ဌာန်းမရွတ်ခင် တစ်ခေါက်ပဲ ရွတ်လိုက်တာ...ခု ဒီပုံစံအတိုင်းလေး ရွတ်တာ တစ်လ တိတိပြည့်ပီ....ကိုယ်...
01/10/2024

မေတ္တသုတ် ကို ပုံမှန်ဆို ပဋ္ဌာန်းမရွတ်ခင် တစ်ခေါက်ပဲ ရွတ်လိုက်တာ...
ခု ဒီပုံစံအတိုင်းလေး ရွတ်တာ တစ်လ တိတိပြည့်ပီ....ကိုယ်စိတ်ကို စမ်းသပ်ခံရတဲ့ အနေနဲ့ အိမ်တွင်းရေး မိသားစု ပြသာနာဖြစ် အချိူ့သောအရာ
အတိုက်အခံလေးတွေတော့ဖြစ်တာပေါ့..ပြသာနာတွေဖြစ်တာတောင်..ဒါပေမယ့် စိတ်မာ အေးချမ်းတယ် .
ကိုယ့် မေတ္တာ တွေမှန်လို့လားတော့မသိ...ဒုက္ခ ပေးမယ့်သူ အပူပေးမယ့်သူတွေ ကိုယ့်နားမှာ မနေနိုင် မနေရဲတော့ဘူး...

တစ်ပတ်လောက်ပဲ အရင် လုပ်ကြည့်ပါ..☺
အခု အဓိဋ္ဌာန်တစ်ခုအနေနဲ့ ရွတ်မယ့် မေတ္တသုတ်
ရွတ်ပုံရွတ်နည်းအဆင့်ဆင့်ကို အားလုံးနဲ့အတူ ကုသိုလ်ယူ ပူဇော်လို့ရအောင် တင်ပေးလိုက်တာပါ..

🙏🙏🙏"မေတ္တသုတ်ရွတ်ပုံ နည်းစနစ်"🙏🙏🙏
တနင်္ဂနွေဂြိုလ်သက် ၆
တနင်္လာဂြိုလ်သက် ၁၅
အင်္ဂါဂြိုလ်သက် ၈
ဗုဒ္ဓဟူးဂြိုလ်သက် ၁၇
စနေဂြိုလ်သက် ၁၀
ကြာသပတေးဂြိုလ်သက် ၁၉
ရာဟုဂြိုလ်သက် ၁၂
သောကြာဂြိလ်သက် ၂၁
(စုစုပေါင်းဂြိုလ်သက် ၁၀၈)
🙏🙏🙏🙏🙏
၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မီ
"တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ
တနင်္ဂနွေသားသမီးများအားလုံး
၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ"......ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မီ-
"တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မီ
"အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၄။ ဗုဒ္ဓဟူးနေ့ နံနက်အာရုံတက်မှ နေ့လည် ၁၂ နာရီ မထိုးမီ-
စရွတ်လျှင် မရွတ်မီ
"ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမှ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မီ
"ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟု သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မီ
"ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အနောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မီ-
"သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၈။ စနေ့မှာ စရွတ်လျှင် မရွတ်မီ
"စနေဂြိုလ်မင်းကြီးနှင့်တကွ စနေ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

မှတ်ချက်။ ။
၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာ နေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိူင်ပါသည်။

၂။ တစ်နေ့ခြင်းလည်း ရွတ်နိုင်ပါသည်။

၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိူင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။

၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လည် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟူဂြိုလ်အတွက် ရွတ်ပေးရပါမည်။

၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင် ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ် ခံရပါလိမ့်မည်၊

၆။ မေတ္တာဖြင့် သည်းခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။
၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်၊

၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ် ခံရပြီးမှသာလျှင် အဆင့် တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။

၉။ ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ-
(၁) မေတ္တာသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက်ရေထား၍ မောသည့်အခါ ထိုရေကိုသောက်ခြင်းဖြင့် မည်သည့်ဘေး ပယောဂရောဂါဆိုးများ မကျရောက်နိူင်တော့ပါ။

(၁) ၄၅ ရက် အတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပေါ်ပေါက်တတ်ပါသည်။

(၂) ဆက်လက် ကျင့်ကြံနိူင်ပါက ၃ နှစ်အတွင်း ယခုဘဝ တစ်သက်စာအတွက် စားဝတ်နေရေးကိစ္စများအတွက် မပူမပင် မကြောင့်မကြမတောင့်တရဘဲ အားလုံးပြည့်စုံပြီးဖြစ်ပါလိမ့်မည်။

(၃) ရွတ်ဆဲကာလ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရွတ်ဆို၍ အလွန်ကောင်းမွန်လာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြစ်ပေါ်လာ၍ စတုတ္တစျာန်အဆင့်ကိုပင်ရရှိနိုင်ပါသည်။

(၄) ထိုမှတစ်ဆင့် ဝိပဿနာကူး၍အားထုတ်ခဲ့ပါက လွယ်ကူလျင်မြန်စွာတရားထူးတရားမြတ်ကို သေချာပေါက် ရရှိနိူင်ပါသည်။

🙏🙏🙏🙏🙏
Via -

ငမြသာ
ခေတ္တလူ့ပြည်

Address


Website

Alerts

Be the first to know and let us send you an email when News Myanmar မြန်မာသတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share