Kayah State LGBTQ Network

  • Home
  • Kayah State LGBTQ Network

Kayah State LGBTQ Network We are WHO we are & we are STRONGER TOGETHER ����

  ကယားပြည်နယ် အတွက် Speak Out လုပ် ပေး ကြ ပါ 🙏လူငယ်လူရွယ်တွေ အသက်တွေ ပဓာနမထားဘဲ ရဲဝံ့စွာ တိုက်ပွဲဝင်နေကြတယ်သက်ကြီးရွယ်အိ...
22/05/2021



ကယားပြည်နယ် အတွက် Speak Out လုပ် ပေး ကြ ပါ 🙏

လူငယ်လူရွယ်တွေ အသက်တွေ ပဓာနမထားဘဲ ရဲဝံ့စွာ တိုက်ပွဲဝင်နေကြတယ်

သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီး နဲ့ ကလေးငယ်တွေ
မိမိတို့ရဲ့ နေရပ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်

မနေ့ညက မိုးတွေလည်း ရွာတယ်

တောထဲတောင်ထဲမှာ
ခြင်ကိုက်တဲ့ ဒုက္ခ
မိုးထဲလေထဲမှာ
အမိုးအကာ မလုံမခြုံနဲ့
အိပ်စက်မရတဲ့ ဒုက္ခ
မိသားစုအတွက်အတွက် ပူပန်နေရမယ့် စိတ်ဒုက္ခတွေ အမြန်ဆုံး အဆုံးသတ်ပါစေ

ကယားပြည်နယ်အတွက် ရပ်တည်ပေးကြပါ

30/04/2021

ကယားပြည်နယ်ကဆိုတာနဲ့တင်ကို
ကျေနပ်ပျော်ရွှင်နေပြီ 🥰🥰🥰🥰

🙏🙏🙏မော်ရဂင်လာပါရှင့် 🙏🙏🙏                   (မင်္ဂလာပါရှင့်)        မနက်ဖြန် မြန်မာနှစ်ဆန်း ၂ရက်နေ့                 ၁၈-၄-...
17/04/2021

🙏🙏🙏မော်ရဂင်လာပါရှင့် 🙏🙏🙏
(မင်္ဂလာပါရှင့်)

မနက်ဖြန် မြန်မာနှစ်ဆန်း ၂ရက်နေ့
၁၈-၄-၂၀၂၁ ရက်နေ့မှာ
ကျွန်တော်ကျွန်မတို့ရဲ့
ခြောက်ခြောက်လီဆက်ခြောက်
🏳️‍🌈🏳️‍🌈🏳️‍🌈6x6 = 16🏳️‍🌈🏳️‍🌈🏳️‍🌈
အပူအအေးနဲ့ အဆာပြေဟိုထောင်းဒီထောင်း
စားသောက်ဆိုင်ဖွင့်ပွဲအနေနဲ့
ရခိုင်မုန့်တီ စတုဒီသာအလှူပြုမှာမို့
ကိုကိုညီညီဦးဦးဖိုးဖိုး မမညီမဒေါ်ဒေါ်ဖွားဖွား
ချစ်ရသော အားလုံးအားလုံးအားလုံးတို့ကို
ကျွန်တော် ကျွန်မတို့ရဲ့ ဆိုင်ဖွင့်ပွဲလေးသို့
ကြွရောက်ပေးကြဖို့ မေတ္တာရှေ့ထား
ဖိတ်ကြားအပ်ပါသည် ရှင့်


မနော်ရကပ် ဆော်ရကယ်နော်ရကာရီ မှ
ညော်ရကနေ ငေါ်ရကားနော်ရကာရီ အထော်ရကိ
❤️🧡💛💚💙💜
(အချိန် >>> မနက် ၁၀နာရီ မှ ညနေ ၅နာရီအထိ)

ဟွန်းသံနှင့်ပေးပို့သော သဝဏ်လွှာမွန်းလွဲ ၁၂နာရီကျော်အချိန်မှာကျွန်မ နှင်းဆီပန်းနီနီတစ်ပွင့်ကို လက်သုံးချောင်းထောင်ထားတဲ့ ...
08/04/2021

ဟွန်းသံနှင့်ပေးပို့သော သဝဏ်လွှာ

မွန်းလွဲ ၁၂နာရီကျော်အချိန်မှာ
ကျွန်မ နှင်းဆီပန်းနီနီတစ်ပွင့်ကို လက်သုံးချောင်းထောင်ထားတဲ့ ဘယ်ဘက်လက်မှာ ညှပ်လို့
လွိုင်ကော်မြို့ရဲ့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်တစ်စီးနဲ့ စောင့်နေခဲ့မိတယ်

အကို့ရဲ့နောက်ဆုံးခရီးကို ကျွန်မ တလေးတစားလိုက်ပါပို့ဆောင်ခြင်းပါ
တခါမှ မမြင်ဖူး မကြားဖူး မတွေ့ဖူးသောသူဆိုပေမယ့်
ကျွန်မ အကိုလို့ပဲ အမြတ်တနိုးခေါ်ပါရစေရှင်

ရွာမလိုလိုနဲ့ မှိုင်းအုံအုံကောင်းကင်ကြီးကို ကြည့်ရင်း
ယိုင်နဲ့နဲ့ ပျဉ်ထောင်အိမ်ငယ်ငယ်လေးထဲက
လောကဓံကို အံခဲပြီးရင်ဆိုင်နေတဲ့ အကို့အမျိုးသမီးရယ်... အကို့ရုပ်အလောင်းဘေးမှာ ငူငူငိုင်ငိုင်နဲ့ စကားတစ်ခွန်းမှ မပြောပဲ ရပ်ကြည့်နေတဲ့ အကို့ရဲ့ ၁၃နှစ်အရွယ်သားလေးကိုပဲ မြင်ယောင်မိနေတယ်....
သူ့ခမျာ ဘယ်လောက်တောင် ငိုထားလဲ မသိဘူး
မျက်လုံးတွေကို နီရဲလို့...

တွေးနေရင်းက ကျွန်မဘေးက အတူတူရပ်စောင့်နေကြတဲ့ ဆိုင်ကယ်ကိုယ်စီနဲ့ လူတွေဆီက ဟွန်းတီးသံတွေ တီကနဲ ဆူဆူညံနေအောင် ထွက်လာတယ်

အကိုရယ် ကျွန်မလေ ကားဟွန်းသံတွေ ဆိုင်ကယ်ဟွန်းသံတွေကို သိပ်မုန်းတာ... ကြားရတာနားမချမ်းသာဘူး.. ဒီဆိုင်ကယ်ဟွန်းသံတွေကြားက ကြေးစည်သံကို ခပ်ရေးရေးကြားလိုက်ရတော့ ကျွန်မ မျက်ရည်တွေ ထိန်းမရတော့ဘူး။ ဆိုင်ကယ်မောင်းနေရင်း ကျွန်မလဲ သူတို့နဲ့ အတူတူ ဟွန်းတီးလိုက်မိတယ်။

အကိုရယ် ကျွန်မဘဝမှာလေ ဆိုင်ကယ်ဟွန်းသံကို ဒီလောက်ကြေကွဲစရာကောင်းလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။ လမ်းမပေါ်က အစီး ၁၀၀ကျော်လောက် ဆိုင်ကယ်ဟွန်းသံတွေကလေ ကျွန်မအတွက် ဝမ်းနည်းစရာအကောင်းဆုံး သံစဉ်တစ်ပုဒ်ကို ပြိုင်တူတီးခတ်နေသလိုပဲ.. ကျွန်မ ရှိုက်ကြီးတငင်ငိုမိတယ် အကိုရယ်

အကို.....အကို့နောက်ဆုံးခရီးမှာ ဒီလိုဆူဆူညံညံတွေ လုပ်လို့ အကို စိတ်မရှုပ်ပါနဲ့နော်

ဒီဆိုင်ကယ်ဟွန်းသံတွေကလေ အကို့အတွက်
ကျွန်မတို့ နှလုံးသွေးနဲ့ရေးတဲ့ ကြေကွဲမှုတွေပါ
မခံချိမခံသာနဲ့ အကျယ်လောင်ဆုံးအော်ဟစ်နေတဲ့ ဝမ်းနည်းခြင်းတွေပါ
အမှန်တရားအတွက် ရဲရင့်ခဲ့တဲ့ အကို့အတွက် ဂုဏ်ပြုသံတွေပါ
ကျွန်မတို့ရဲ့ အနာဂတ်အတွက်စွန့်လွှတ်အနစ်နာခံပေးခဲ့တဲ့ အကို့အတွက် ကြွေးကြော်သံတွေပါ အကို...

ကျွန်မလေ သုသာန်သွားရာလမ်းပေါ်က စစ်တပ်တွေရှေ့ကိုရောက်တော့ သေနတ်တကားကားနဲ့ ရပ်နေတဲ့ လူလို့မခေါ်ထိုက်တဲ့သူတွေရှေ့မှာ ဆိုင်ကယ်ဟွန်းကို တအားဖိတီးခဲ့သေးတယ် အကို

စိတ်ထဲကလည်း ဒီဟွန်းသံက
ငါ့တို့ရဲ့ တိုက်ပွဲခေါ်သံ
ငါတို့ရဲ့ မတရားမှုကို တော်လှန်မယ့် ကြွေးကြော်သံ
နင်တို့အတွက် သွေးကြွေးဆပ်ဖို့အချိန်ကျတဲ့အသံ
နင်တို့ သွေးကြွေးဆပ်စေရမယ်ဆိုပြီး ကျွန်မကြုံးဝါးခဲ့တယ်အကို

လမ်းတစ်လျှောက်လုံး ကျွန်မ ဟွန်းတီးသံ ညံခဲ့တယ်အကို။ ကျွန်မမကြိုက်တဲ့ ဒီဟွန်းသံကြီးကလေ
ကျွန်မ ရင်ကို လှုပ်ကိုင်နိုင်လွန်းတယ်
ကျွန်မကို နိုးကြားစေတယ် ကျွန််မကို ရဲရင့်စေတယ်
ကျွန်မကို သတ္တိရှိစေတယ်

ကျွန်မလေ ဒီဟွန်းသံကြီး တိတ်သွားမှာကို မကြားရမှာကို ကြောက်နေမိခဲ့တယ် အကိုရေ

ဒီကနေ့ အကို့ နောက်ဆုံးခရီးကလေ
ကျွန်မ မျှော်လင့်ထားသလောက် လူစည်ကားမနေခဲ့ဘူး အကို့ဆီကို ပေးပို့မယ်ထင်ထားတဲ့ သဝဏ်လွှာတွေလဲ ရောက်မလာခဲ့ဘူး။ ဂုဏ်ပြုမယ့် ဘင်ခရာတီးဝိုင်းတွေလဲ ပါမလာခဲ့ဘူး။ အဲ့အတွက် ကျွန်မစိတ်မကောင်းစွာနဲ့ တောင်းပန်ပါတယ်အကို...

သူတို့တွေလဲ အကို့ဆီကို အရောက်လာချင်ခဲ့ရှာကြမှာပါ

ကျွန်မလေ တရားနာပြီး အကို့ရုပ်အလောင်းပေါ်မှာ လွှမ်းထားတဲ့ လက်သုံးချောင်းနဲ့ ပိတ်စနီကိုကြည့်ရင်း
ကမ္ဘာမကြေဘူး သီချင်းကို အံ့ကြိတ်ညည်းခဲ့တယ် အကို... အကို ကြားရလားဟင်...

မီးခိုးတွေက လေထဲမှာ တလိမ့်လိမ့်တက်လာတဲ့အထိ ကျွန်မ ရပ်စောင့်နေခဲ့တယ်အကို... ပြန်ခါနီး အကို့အမျိုးသမီးကို နှုတ်ဆက်စကားဆိုတော့
အမက ဂရုစိုက်ဖို့ ရဲရင့်ဖို့ သတိဝီရိယ ရှိကြဖို့ အတန်တန်မှာတယ်အကို... ဘာပဲဖြစ်လာဖြစ်လာ သူရင်ဆိုင်ဖို့ အဆင်သင့်ပဲတဲ့...

ကျွန်မလေးစားအားကျမိတယ် အကိုရယ်
အမကလေ တကယ်လေးစားထိုက်တဲ့သူပါ...

အိမ်အပြန်လမ်းမှာ ကောင်းကင်ကြီးကလေ သူလဲ ကြွေကွဲရကြောင်းကို မိုးစက်တွေခြွေပြီး သဝဏ်လွှာပေးပို့ခဲ့တယ်
မိုးစက်တွေကြားထဲ ကျွန်မတစ်ကိုယ်တည်း
ဆိုင်ကယ်စီးပြန်လာရင်း ဆိုငိကယ်ဟွန်းသံရှည်ကြီးကို တလမ်းလုံးတီးလာခဲ့မိတယ်

ဒီဟွန်းသံနှင့်အတူ အကို့ကို ဂုဏ်ပြုပါတယ်
နောက်တစ်ခါ ဒီဟွန်းသံတွေညံတဲ့ အချိန်က အောင်ပွဲရတဲ့အချိန်ဖြစ်စေရပါမယ်
အဲ့အခါလည်း ကျွန်မ တသိတရနဲ့ အကို့ကို
ဆိုင်ကယ်ဟွန်းသံနဲ့ အတူ ဂုဏ်ပြုပေးပါ့မယ် အကို....

အကိုကောင်းရာသုဂတိလားပါစေ

#8-4-2021




အမေလေးလေးငါးငါးခြောက်ခြောက်ခြောက်🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈ဒီကနေ့ ခြောက်ခြောက်လီဆက်ခြောက်လ...
07/04/2021

အမေလေးလေးငါးငါးခြောက်ခြောက်ခြောက်
🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈

ဒီကနေ့ ခြောက်ခြောက်လီဆက်ခြောက်လေးကို
အားပေးကြမ်းလိုက်ကြတာ
ကျမတို့ ဖလက်ပြတယ်ရှင့်......

ဒါပေမယ့် တအားစားကောင်းတယ် သဘောကျတယ်
အရသာကြိုက်ကြတယ်ဆိုတော့ ဖလက်ပြတာတောင် ဘယ်နားနေမှန်းမသိပါတော့ပါဘူး

ဆိုင်ကို တကူးတကလာပြီးမှ ၃နာရီလောက်ကတည်းက စားစရာအကုန်ပြတ်သွားလို့ မစားလိုက်ရပဲ ပြန်သွားရတဲ့ ကိုကိုမမတွေလဲ အားနာရပါတယ်ရှင့်။ 🙏🙏🙏🙏🙏

မနက်ဖြန်ကိုတော့ စပယ်ရှယ် ပြင်ထားပေးမှာမို့
အားရပါးရလာစားနော်....လို့

နေရာလေးက ဆေးရုံကုန်း ဆေးဆိုင်တန်းဘေးမှာပါ

မှာစားမယ်ဆိုရင်တော့
Ph: 09408750201, 09686349331 ကို
ကလင်ကလင်လိုက်ပါရှင့်

လာ...ပို့..ပေးးးးဦးမှာာာ ❤️❤️❤️

Edit: မနက်ဖြန်မှာကျဆုံးသွားတဲ့ လွိုင်ကော်ကအာဇာနည်တစ်ဦးရဲ့ နောက်ဆုံးခရီးကို အတူပို့ဆောင်ဖို့အတွက် ဆိုင်ကို ၁၁နာရီကနေ၃နာရီထိ ခေတ္တပိတ်ပါ့မယ်ရှင်

ခေတ်မကောင်း​တော့  ပိုပြီးကြိုးစားပန်းစားရှာစားရတာပေါ့အငတ်ခံလို့လဲ မဖြစ်သေးဘူးလေနော့.....ကျွန်တော် ကျွန်မတို့ရဲ့ ပထမဆုံး ...
06/04/2021

ခေတ်မကောင်း​တော့
ပိုပြီးကြိုးစားပန်းစားရှာစားရတာပေါ့
အငတ်ခံလို့လဲ မဖြစ်သေးဘူးလေနော့.....

ကျွန်တော် ကျွန်မတို့ရဲ့ ပထမဆုံး LGBTစားသောက်ဆိုင်လေး ဖွင့်ပါပြီ....

ရခိုင်မုန့်တီနဲ့ အကြော်စုံလေးတွေ
ထမင်းသုတ်အစုံနဲ့ အထုအထောင်းလေးတွေ
စားချင်ပြီဆို ဖုန်းလေး ကလင်ကလင်ဆိုရပြီနော်
အိမ်ထိလာပို့ပေးဦးမှာ

မှတ်ထားနော် ဆိုင်နာမည်လေးက

ခြောက်ခြောက်လီ ၁၆ (ဆက်ခြောက်)တဲ့
🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈

Ph: 09408750201, 09686349331
ဒါလေးတွေက အမြည်းပြထားတာ
ဆိုင်လာရင် ဒီထက်ပိုစုံတယ် 🏳️‍🌈🏳️‍🌈🏳️‍🌈

28/03/2021

Together, We will win 🏳️‍🌈🏳️‍🌈🏳️‍🌈

ဟုတ်ကဲ့...ကျမတို့ မျက်ရည်ယိုဗုံးထိနေပါပြီရှင့်😭😭😭😭တော်လှန်ရေးမှာ ရိုပြတာတွေ ချက်ချင်းရပ် ချက်ချင်းရပ် 😭😭😭
14/03/2021

ဟုတ်ကဲ့...
ကျမတို့ မျက်ရည်ယိုဗုံးထိနေပါပြီရှင့်

😭😭😭😭

တော်လှန်ရေးမှာ ရိုပြတာတွေ

ချက်ချင်းရပ် ချက်ချင်းရပ် 😭😭😭

ယနေ့ လွိုင်ကော်ချိကယ်သပိတ်စစ်ကြောင်းကို ပြည်သူအားလုံးနဲ့အတူတူ ကျွန်တော် ကျွန်မတို့ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်အရေးတော်ပုံအေ...
13/03/2021

ယနေ့ လွိုင်ကော်ချိကယ်သပိတ်စစ်ကြောင်းကို

ပြည်သူအားလုံးနဲ့အတူတူ ကျွန်တော် ကျွန်မတို့ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်

အရေးတော်ပုံအောင်ရမည်


ဒီနေ့ ဘယ်လောက်ခြောက်ခြောက် မကြောက်ခဲ့ကြတဲ့တို့ပြည်သူ့ဘက်တော်သားတွေ အရေးတော်ပုံအောင်ရမည်🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈
09/03/2021

ဒီနေ့ ဘယ်လောက်ခြောက်ခြောက်
မကြောက်ခဲ့ကြတဲ့
တို့ပြည်သူ့ဘက်တော်သားတွေ

အရေးတော်ပုံအောင်ရမည်
🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈





ယနေ့ ၈-၃-၂၀၂၁ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာဖယ်ခုံသပိတ်စစ်ကြောင်းကို ဖယ်ခုံမြို့ခံ LGBT များ၊ မိဘပြည်သူများနှင့်...
08/03/2021

ယနေ့ ၈-၃-၂၀၂၁ ရက်နေ့
နိုင်ငံတကာ အမျိုးသမီးများနေ့မှာ
ဖယ်ခုံသပိတ်စစ်ကြောင်းကို
ဖယ်ခုံမြို့ခံ LGBT များ၊ မိဘပြည်သူများနှင့်အတူတူ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်

စည်းစနစ်ကျ အင်အားခိုင်မာ စည်းလုံးတက်ကြွတဲ့ ဖယ်ခုံသူ ဖယ်ခုံသားတို့ သပိတ်စစ်ကြောင်းကိုလဲ အင်မတန်မှ အားရဂုဏ်ယူမိပါသည်။

အရေးတော်ပုံအောင်တော့မည်

ပန်းတိုင်မရောက်မချင်း လက်တွဲမဖြုတ်ကြေး




ကျနော်တို့ရဲ့ အသံဒေါမော်ကစော် ရော်ရှော်ရော် ဒေါ်အရော် ဒေါ်အရော်စော်အော်နော်ရှော် အလော်မရှော် အလော်အရှော် အလော်မရှော်ဂျပေ...
04/03/2021

ကျနော်တို့ရဲ့ အသံ

ဒေါမော်ကစော် ရော်ရှော်ရော်
ဒေါ်အရော် ဒေါ်အရော်

စော်အော်နော်ရှော် အလော်မရှော်
အလော်အရှော် အလော်မရှော်

ဂျပေါ်ကုလေး ဂျပေါ်ကုလေး
အမော်ကေစုကို ပျော်ကန်လွှတ်ပေး

ခြောက်တော့ခြောက်တယ် မကြောက်ဘူးဟဲ့
မကြောက်ဘူးဟဲ့ မကြောက်ဘူး

ခြောက်တော့ခြောက်တယ် မကြောက်ဘူးကွာ
မကြောက်ဘူးကွာ ကြောက်ဘူးကွာ

လင်ရရ မရရ ဒီမိုကရေစီ ရရမယ်ဟေ့

အသားမဲလို့ ရတယ် သမိုင်းမဲလို့ မရဘူး

တဏှာရူးလို့ရတယ် အာဏာရူးလို့ မရဘူး

ဆော်ရကန်ဒ ဆော်ရကန်ဒ
ပျော်က ပျော်က

သပေါ်ကိတ် သပေါ်ကိတ်
မော်ကောက် မော်ကောက်

အဲ့တာ အလွတ်ကျက်ထားကြနော်
တို့ ဘာသာစကားနဲ့ ကြွေးကြော်သံ
တို့ နဲ့ အတူ လိုက်အော်ကြပေါ့ရှင်
🖤💜💙💚💛❤

အောင်ပွဲရဖို့ နီးနေပါပြီတွဲလက်တွေ မြဲကြစို့ အရေးတော်ပုံအောင်ရမည် 🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈
04/03/2021

အောင်ပွဲရဖို့ နီးနေပါပြီ

တွဲလက်တွေ မြဲကြစို့

အရေးတော်ပုံအောင်ရမည်

🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈

We, MYANMAR LGBTQ are also civilians who reject MILITARY COUP. WE STAND WITH YOU ALL.STAND WITH US.
04/03/2021

We, MYANMAR LGBTQ are also civilians who reject MILITARY COUP.

WE STAND WITH YOU ALL.
STAND WITH US.

Address


Website

Alerts

Be the first to know and let us send you an email when Kayah State LGBTQ Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share