Out Of Date News

  • Home
  • Out Of Date News

Out Of Date News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Out Of Date News, News & Media Website, .

04/04/2024

"ဆွမ်းတော်ဗျို့ပါ"

04/12/2023

ခေတ်ပျက်သူဌေးခရိုနီနဲ့ ယူတဲ့သူတွေကို

ဝတ်မှုံရွှေရည် ပြောပါပြီ။

ဦးဌေးဦးပြောပါပြီ
03/10/2023

ဦးဌေးဦးပြောပါပြီ

ပြည်သူ့ဆန္ဒနဲ့အညီထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလာဒ်ကိုလက်ခံရမယ် ဘယ်လိုမှငြင်းပယ်လို့မရဘူးလို့ မင်းအောင်လှိုင်ပြော ရွေးကောက...
08/11/2021

ပြည်သူ့ဆန္ဒနဲ့အညီထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလာဒ်ကိုလက်ခံရမယ် ဘယ်လိုမှငြင်းပယ်လို့မရဘူးလို့ မင်းအောင်လှိုင်ပြော

ရွေးကောက်ပွဲရလဒ်ကို လက်ခံရမယ်လို့ ရွေးကောက်ပွဲနေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာ ရပ်ကွက် အမှတ် (၁) မဲရုံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မဲပေးခဲ့တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ကျွန်တော်ကတော့ ပြည်သူဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး လက်ခံရမှာ။ နောက် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောက ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီး လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ဒါကတော့ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမယ်လို့ ပြောချင်ပါတယ်”

Credit: RFA Burmese

နှစ်သိန်းတန် ဖုန်းကဒ်များ စတင်ရောင်းချမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ် နှစ်သိန်းတန် ဖုန်းကဒ်များ တနင်္လာနေ့က စတင်ရောင်းခ...
17/06/2021

နှစ်သိန်းတန် ဖုန်းကဒ်များ စတင်ရောင်းချ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ် နှစ်သိန်းတန် ဖုန်းကဒ်များ တနင်္လာနေ့က စတင်ရောင်းချပြီးနောက် ဖုန်းကဒ်ဝယ်ယူရန် စောင့်ဆိုင်းနေသူများကို ရန်ကုန်မြို့ Elite ဖုန်းကဒ်အရောင်းဆိုင်ရှေ့တွင် ဧပြီလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္စျိမ)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ တွင် အငြိမ်းစားယူမည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်...
23/05/2021

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ တွင် အငြိမ်းစားယူမည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅နှစ် ပြည့်ပြီဖြစ်သဖြင့် အငြိမ်းစားယူမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ယနေ့ (နိုဝင်ဘာ ၂၇) ကျင်းပသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးသည် အသက် ၆၅နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထားသည်။

ယင်းအမိန့်တွင် သတ်မှတ်ထားသည့် တာဝန်ထမ်းဆောင်နိုင်သည့် အသက်အရွယ်ကို ထပ်မံတိုးမြှင့်သတ်မှတ်ရန် အမိန့်ကို ပြင်ဆင်သတ်မှတ်နိုင်သေးသလောဟု သတင်းမီဒီယာက မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်သိသလောက်က ဒါနဲ့ပတ်သက်ပြီး အမိန့်ဆိုတာက ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့ဟာ ဖြစ်တယ်။ ဥပဒေသဘောမျိုးပဲ။ ဥပဒေကိုကျော်လွန် ဆောင်ရွက်စရာအကြောင်းမရှိပါဘူး” ဟု ဖြေကြားသည်။

ယင်းသို့ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅နှစ် ပြည့်မည်ဖြစ်သဖြင့် အဆိုပါ သတ်မှတ် ချက်အတိုင်း ဆောင်ရွက်မည်လောဟု သတင်းမီဒီယာက ထပ်မံမေးမြန်းရာ “မှန်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။

ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူပြီးလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို တပ်မတော်၏ ရာထူးတိုးမြှင့်ရေး စည်းမျဉ်းစည်းကမ်းအတိုင်း တင်မြှောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တပ်မတော်မှာတော့ ဆင့်ကဲတာဝန်ယူမှု၊ တာဝန်ခံမှု စနစ်ရှိတယ်။ ဒီရာထူးတိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒရှိပြီးသားဖြစ်ပါဆယ်။ ဒီအချိန်မှာတော့ ဘယ်လိုလူမျိုးဖြစ်လာမလဲ မပြောနိုင်သေးပါဘူး။ ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ သွားပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးရရှိထားသူများသည် အသက် ၆၅နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထားသည်။

ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့



ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ တွင် အငြိမ်းစားယူမည်

ရန်ုကုန်၊ နိုဝင်ဘာ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅နှစ် ပြည့်ပြီဖြစ်သဖြင့် အငြိမ်းစားယူမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ယနေ့ (နိုဝင်ဘာ ၂၇) ကျင်းပသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးသည် အသက် ၆၅နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထားသည်။

ယင်းအမိန့်တွင် သတ်မှတ်ထားသည့် တာဝန်ထမ်းဆောင်နိုင်သည့် အသက်အရွယ်ကို ထပ်မံတိုးမြှင့်သတ်မှတ်ရန် အမိန့်ကို ပြင်ဆင်သတ်မှတ်နိုင်သေးသလောဟု သတင်းမီဒီယာက မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်သိသလောက်က ဒါနဲ့ပတ်သက်ပြီး အမိန့်ဆိုတာက ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့ဟာ ဖြစ်တယ်။ ဥပဒေသဘောမျိုးပဲ။ ဥပဒေကိုကျော်လွန် ဆောင်ရွက်စရာအကြောင်းမရှိပါဘူး” ဟု ဖြေကြားသည်။

ယင်းသို့ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅နှစ် ပြည့်မည်ဖြစ်သဖြင့် အဆိုပါ သတ်မှတ် ချက်အတိုင်း ဆောင်ရွက်မည်လောဟု သတင်းမီဒီယာက ထပ်မံမေးမြန်းရာ “မှန်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။

ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူပြီးလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို တပ်မတော်၏ ရာထူးတိုးမြှင့်ရေး စည်းမျဉ်းစည်းကမ်းအတိုင်း တင်မြှောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တပ်မတော်မှာတော့ ဆင့်ကဲတာဝန်ယူမှု၊ တာဝန်ခံမှု စနစ်ရှိတယ်။ ဒီရာထူးတိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒရှိပြီးသားဖြစ်ပါဆယ်။ ဒီအချိန်မှာတော့ ဘယ်လိုလူမျိုးဖြစ်လာမလဲ မပြောနိုင်သေးပါဘူး။ ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ သွားပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးရရှိထားသူများသည် အသက် ၆၅နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထားသည်။

Credit: The Voice (Nov 2020)

"တိုင်းပြည်တစ်ခုမှာစစ်တပ်မရှိရင်မလုံခြုံဘူး" ယုန်လေးဒဲ့ပြောပြီ။
10/02/2021

"တိုင်းပြည်တစ်ခုမှာစစ်တပ်မရှိရင်
မလုံခြုံဘူး" ယုန်လေးဒဲ့ပြောပြီ။

27/01/2021

ပြည်သူ့ဆန္ဒနဲ့အညီထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလာဒ်ကိုလက်ခံရမယ် ဘယ်လိုမှငြင်းပယ်လို့မရဘူးလို့ ကာချုပ်ပြော

ရွေးကောက်ပွဲရလဒ်ကို လက်ခံရမယ်လို့ ရွေးကောက်ပွဲနေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာ ရပ်ကွက် အမှတ် (၁) မဲရုံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မဲပေးခဲ့တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ကျွန်တော်ကတော့ ပြည်သူဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး လက်ခံရမှာ။ နောက် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောက ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီး လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ဒါကတော့ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမယ်လို့ ပြောချင်ပါတယ်”

Credit: RFA Burmese

26/01/2021

USDP က အားရှိလာတယ်
ဘာကြောင့်လဲဆိုတော့ NLD ကို မကျေနပ်တဲ့သူတွေများတဲ့အတွက်

ပြည်ခိုင်ဖြိုးကို အားပေးတဲ့သူတွေ အများကြီး များလာတယ်

NLD ကိုယ်စားလှယ်နေရာ ၂၇၀ ရရင် ကံကောင်းပဲ

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်း
၂၀၂၀ ရွေးကောက်ပွဲ အကြိုသုံးသပ်ချက်

Interview : Myanmar Ludu Media

ရက္ခိုင့်တပ်မတော်ကို အပြီး တိုင်ချေမှုန်းသွားမယ်လို့ မြန်မာ့ တပ်မတော် ပြောကြား.......................ပြည်ထောင်စုငြိမ်းချ...
23/01/2021

ရက္ခိုင့်တပ်မတော်ကို အပြီး တိုင်ချေမှုန်းသွားမယ်လို့ မြန်မာ့ တပ်မတော် ပြောကြား.......................
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ကြိုးစားနေချိန်မှာ ရက္ခိုင့်တပ်မတော် AA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ဆောင်ရွက်နေကြောင်းနဲ့ AA အဖွဲ့ကို အပြီးတိုင်ရှင်းလင်းတိုက်ခိုက် ချေ မှုန်းသွားမှာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ကနေ ဒီနှစ် ဇန်နဝါရီလ ၄ရက်နေ့အထိ ၈ရက်အတွင်း AA နဲ့ အစိုးရတပ်မတော် တို့အကြား တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က တပ်ရင်းမှူးတစ်ဦးနဲ့ အရာရှိစစ်သည်တချို့ ကျဆုံး ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် AA တပ်ဖွဲ့ဝင်တွေဟာ အဖွဲ့ငယ်တွေ ဖြန့်ကျက်ပြီး ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တွေက ကျေးရွာတွေမှာ အရပ်သားတွေအဖြစ် ခိုအောင်းနေကြောင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာအနီးမှာ တောင်ယာလုပ်ကိုင်နေတဲ့ ရွာခံ ၇ဦး ဖမ်းဆီးထားကြောင်းလည်း ပါရှိပါတယ်။

AA အဖွဲ့က အဲဒီရွာခံ ၇ဦးကို ဖမ်းဆီးထားတာ မဟုတ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် ယာယီစောင့်ရှောက်ပေးထားတာဖြစ်ပြီး ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ဘက်က ပြောပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ကြားမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်းအတွင်း ရန်ကုန်-စစ်တွေလမ်းမှာ ယာဉ်အဝင်အထွက်တွေကို စီစစ်နေတယ်လို့ သိရပါတယ်။

ကုန်ကားတွေ၊ လိုင်းကားတွေနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်တာတွေ ရှိနေတဲ့အတွက် တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး လက်နက်ခဲယမ်းတွေ ဝင်ရောက်မလာဖို့ စီစစ်နေတာလို့ ကျောက်တော်မြို့မှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"ဧပြီလတုန်းကလည်း ကုန်ကားတွေနဲ့ လက်နက်ခဲယမ်းတွေ တင်ပို့တယ်ဆိုတဲ့ စစ်ဆေးဖော်ထုတ်ချက်အရ နဂိုကတည်းက စစ်ဆေးနေတာ၊ အခုကတော့ ပိုပြီးတော့န်မြှင့် ဆောင်ရွက်တာပေါ့၊ ကျနော်တို့ ဒီကိစ္စပြီးသွားရင် ပုံမှန်တော့ဆောင်ရွက်သွားရမယ်၊ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးဝါးတွေ ဝင်မလာဖို့အတွက် ကျနော်တို့က ပုံမှန်တော့ဆောင်ရွက်သွားရမှာပေါ့"

လုံခြုံရေးကို ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနဲ့ အစိုးရတပ်မတော်တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့ ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီး ကျီရွာပြင်ရွာက အုပ်ချုပ်ရေးမှူး ဦးတင်အေးမောင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

https://www.rfa.org/burmese/news/government-army-defeated-arakan-army-01082016085213.html/1025102e103810101004103910311021103810311019102c10041039-1000102d102f-103110191038103b10191014103910381001103a10001039/@

Credit: RFA Burmese (2016)

မနက်ဖြန် ဇန်နဝါရီ ၁ဝ ရက်တွင် ရန်ကုန် မြို့တွင်း၌ စတင်ပြေး ဆွဲတော့မည်ဖြစ်တဲ့ လျှပ်စစ်ရထားကို ဇန်နဝါရီလ ၈ရက်နေ့က ကမ်းနားလမ...
22/01/2021

မနက်ဖြန် ဇန်နဝါရီ ၁ဝ ရက်တွင် ရန်ကုန် မြို့တွင်း၌ စတင်ပြေး ဆွဲတော့မည်ဖြစ်တဲ့ လျှပ်စစ်ရထားကို ဇန်နဝါရီလ ၈ရက်နေ့က ကမ်းနားလမ်း၌ စမ်းသပ်မောင်းနှင်နေပါပြီ။

MOI(ဓာတ်ပုံ- ခင်မောင်၀င်း)

26/11/2020

အနုပညာရှင်တွေအများကြီးနဲ့ စုပေါင်းသီဆိုဂုဏ်ပြုလိုက်တဲ့ ကေသရာဇာခြင်္သေ့ (သို့) ပြည်ခိုင်ဖြိုး သီချင်းလေး (Like & Share ပြီး အားပေးပါဦး)

ပေါ်ပြူလာ မဖြစ်ချင်ဘူး ဆိုတဲ့ ယုန်လေး
20/11/2020

ပေါ်ပြူလာ မဖြစ်ချင်ဘူး ဆိုတဲ့ ယုန်လေး

‟ အားကိုးရမယ့်သူတွေက ပြည်ခိုင်ဖြိုးပဲ ရှိပါတော့တယ်ဆိုပြီး ... ကျွန်တော်တို့ပါတီကို အင်နဲ့အားနဲ့ အလုံးအရင်း ဝင်ရောက်လာကြတ...
18/11/2020

‟ အားကိုးရမယ့်သူတွေက ပြည်ခိုင်ဖြိုးပဲ ရှိပါတော့တယ်ဆိုပြီး ... ကျွန်တော်တို့ပါတီကို အင်နဲ့အားနဲ့ အလုံးအရင်း ဝင်ရောက်လာကြတယ် ”

ဦးသိန်းထွန်းဦး (ပြည်ခိုင်ဖြိုးပါတီ)

14/11/2020

ရထားပို့ဆောင်ရေး ဝန်ကြီး ဦးသန်းဌေး
လေးမျက်နှာမြို့နယ် ခမောက်စုဘူတာအား ကြည့်ရှုစစ်ဆေး

Credit: MRTV (2015)

မနက်ဖြန် ရန်ကုန် မြို့တွင်း၌ စတင်ပြေးဆွဲမည့် လျှပ်စစ်ရထားကို ကမ်းနားလမ်း၌စမ်းသပ်မောင်းနှင်နေပါပြီ ဖြစ်ပါတယ်။ MOI(ဓာတ်ပုံ...
14/11/2020

မနက်ဖြန် ရန်ကုန် မြို့တွင်း၌ စတင်ပြေးဆွဲမည့် လျှပ်စစ်ရထားကို ကမ်းနားလမ်း၌စမ်းသပ်မောင်းနှင်နေပါပြီ ဖြစ်ပါတယ်။

MOI(ဓာတ်ပုံ-ခင်မောင်၀င်း)
ဇန်နဝါရီ ၈၊၂၀၁၆

ယနေ့ညနေ ရန်ကုန်မြို့Thuwanna Bumi Event Park တွင် ကျင်းပပြုလုပ်မည့် KPOP Festival in Myanmar ပွဲအတွက် လာရောက်ဖျော်ဖြေရန်...
13/11/2020

ယနေ့ညနေ ရန်ကုန်မြို့Thuwanna Bumi Event Park တွင် ကျင်းပပြုလုပ်မည့် KPOP Festival in Myanmar ပွဲအတွက် လာရောက်ဖျော်ဖြေရန်ရောက်ရှိလာသည့် တောင်ကိုရီးယားနိုင်ငံမှ EXO အဖွဲ့ကို အားပေးသည့် မြန်မာပရိတ်သတ်အမျိုးသမီးငယ်များမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ယမန်နေ့ညတည်းက စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ထိုသို့စောင့်ဆိုင်းသူများထဲတွင် နံနက်ပိုင်းမှ စတင်ပြီး တနေကုန်နီးပါးလာရောက်စောင့်ဆိုင်းသူများလည်းရှိကြောင်းသိရသည်။ EXO အဖွဲ့စီးနင်းလာသည့် လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၁၁ နာရီ၀န်းကျင်တွင်ရောက်ရှိခဲ့သော်လည်း EXO အဖွဲ့၀င်များသည် ပရိတ်သတ်များစောင့်ဆိုင်းနေသည့် လေဆိပ်ထွက်ပေါက်မှ ထွက်ရှိခြင်းမရှိပဲ အခြားလမ်းကြောင်းမှတဆင့်ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် လာရောက်ကြိုဆိုသည့် EXO Myanmar Fans များမှာ ကြီးစွာသောဒုက္ခဝေသနာများဖြင့် ကြေကွဲဝမ်းနည်းပူဆွေးကာငိုကြွေးခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ-စိုင်းဇော်
မေလ ၆၊ ၂၀၁၇

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ================= နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စ...
13/11/2020

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ
=================

နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ အကျယ်ချုပ် သက်တမ်း ပြည့်တဲ့ ဒီကနေ့ ညနေပိုင်းမှာ ပြန်လည် လွတ်မြောက်လာပါပြီ။

လွတ်မြောက် လာလာချင်း သူ့အိမ်ရှေ့မှာ လာရောက် စောင့်ကြိုနေကြတဲ့ ထောင်ပေါင်း များစွာသော ထောက်ခံသူတွေကို ဒေါ်အောင်ဆန်း စုကြည်က စကား ပြောကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြုံးရွှင်စွာနဲ့ လက်ဝှေ့ယမ်းပြီး၊ ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ အတွက် အားလုံး အတူတကွ လက်တွဲလုပ်ဆောင်ရမယ်လို့လည်း ပြောပါတယ်။

မနက်ဖြန်ကျရင်လည်း NLD ဌာနချုပ် ရုံးမှာ စကား ထပ် ပြောအုံးမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သူ့အိမ်ရှေ့ကို ထွက်လာတဲ့ အချိန်မှာ ဝမ်းသာ ပျော်ရွှင်နေကြတဲ့ လူအုပ်ကြီးဟာ သူ့ရှေ့ကို စုပြုံရောက်ရှိသွား ကြပါတယ်။

ထောက်ခံသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာ ချမ်းသာ စေကြောင်း အော်ဟစ် ဆုတောင်းပေး ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ အများကြီး ဖြစ်လာတဲ့ အချိန်မှာ လုံထိန်းကား တွေ သူ့အိမ်နားကနေ အဝေးကို မောင်းထွက်သွားပြီး သူ့အိမ်နားမှာ ချထားတဲ့ အကာအရံ တွေကို အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို အခုလိုပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကန့်သတ်မှုတွေ ရှိမရှိ ဆိုတာ ကိုတော့ အတိအကျမသိ ရသေးပါဘူး။

မြန်မာ စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံး ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီးနောက်မှာ ဒေါ်စုကို အခုလို ပြန်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် မေလက အမေရိကန် နိုင်ငံသား ဂျွန်ယက်တောဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို မဖိတ်ကြားပဲ ခိုးဝင်ရာကနေ အာဏာပိုင်တွေက ဒေါ်အောင်ဆန်း စုကြည်ကို အိမ်ချုပ် စည်းကမ်း ဖေါက်ဖျက်မှုနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြစ်ဒဏ် တဝက် လျှော့ပေးပြီး အိမ်ကျယ်ချုပ်နဲ့ နေဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၅ နှစ် အရွယ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နှစ်ဆယ့်တစ်နှစ် အတွင်းမှာ ၁၅ နှစ်လောက် နေအိမ် အကျယ်ချုပ်နဲ့ အချိန် ကာလကို ကုန်လွန် ခဲ့ရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာ ရောက်ရှိနေတဲ့ သားဖြစ်သူ ကင်မ်နဲ့ တယ်လီဖုန်းကနေ စကားပြော ခဲ့ပြီလို့လည်း သိရပါတယ်။

ကင်မ်ဟာ သူ့မိခင်ကို ကိုယ်တိုင် တွေ့ခွင့်ရဖို့ ဘန်ကောက် မြန်မာသံရုံးမှာ ဗီဇာ လျှောက်ထားပါတယ်။
----------------------

နိုင်ငံတကာ တုံ့ပြန်မှုများ

ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် အသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခဲ့တဲ့အပေါ် သဘောထား တုန့်ပြန်မှုတွေပေး ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့ရဲ့ သူရဲကောင်း တဦး ဖြစ်တယ်လို့ ဖေါ်ပြပြောဆိုလိုက်ပြီး၊ သူလွတ်မြောက်ခဲ့တာကို ကြိုဆိုလိုက်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို မြန်မာ စစ်အစိုးရက ပြန်လွှတ်ပေးဖို့ အချိန်တန်ပြီလို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

အရှေ့တောင် အာရှနိုင်ငံများ အသင်း အာဆီယံ ဥက္ကဌ ဆူရင် ပစ်ဆူဝမ်ကတော့ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာတဲ့အတွက် အလွန်အမင်း စိတ်သက်သာရာ ရသွားတယ်လို့ ပြောပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ယုံကြည်သူတွေအားလုံးအတွက် အလင်းရောင် ဖြစ်တယ်လို့ ဂုဏ်ပြု ပြောဆိုပါတယ်။

ဥရောပ ကော်မရှင်နာ မင်းကြီး ဟိုဆေး မန်နျူရယ် ဘာရိုဆို ကတော့ ဒေါ်အောင်ဆန်း စုကြည်ကို အခုအချိန်ကစပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်မှာ အပြည့်အဝ ပါဝင်ခွင့် ပေးရမယ်လို့ ဆိုပါတယ်။

ပြင်သစ်သမ္မတ နီးကိုးလပ်စ် ဆာကိုဇီးကတော့ မြန်မာ အာဏာပိုင်တွေ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အခုလို လွှတ်ပေးပြီး နောက်ပိုင်း သူ့ရဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာခွင့်တွေအပေါ် ကန့်သတ်မှုတွေ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

ဝါရှင်တန် အခြေစိုက် Freedom Now အဖွဲ့ ဥက္ကဌကလည်း အခုလို ဒေါ်အောင်ဆန်း စုကြည်ကို နောက်ဆုံးမှာ ပြန်လွှတ်ပေးခဲ့တဲ့ အတွက် ကျေနပ်မိကြောင်း ပြောပါတယ်။

ဒါပေမယ့်လို့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို မလုပ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရုံနဲ့ အဓိပ္ပါယ် ရှိလာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Christian Solidarity Worldwide အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး တာကို ကြိုဆိုကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် ကိုလည်း ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဘီဘီစီ သတင်းဌာန အပါအဝင် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ လည်း ဒေါ်အောင်ဆန်း စုကြည် ပြန်လွတ်လာတဲ့ သတင်းကို ထိပ်ပိုင်းသတင်း အဖြစ် ရုပ်မြင်သံကြား၊ ရေဒီယိုတွေ ကနေ အခုချိန်အထိ အဆက်မပြတ် ထုတ်လွှင့်ပြသ နေကြပါတယ်။

ဘီဘီစီ မြန်မာ နိုဝင်ဘာ ၁၃၊ ၂၀၁၁

12/11/2020

"တိတိလင်းလင်းပြောရရင် လာမဲ့အထွေထွေရွေးကောက်ပွဲမှာ တိုင်းပြည်ကိုပြန်ပြီးဆယ်တင်နိုင်မှာ ကျွန်တော်တို့ပဲရှိပါတယ်" ဆိုပြီး ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌဖြစ်သူ ဦးသန်းဌေးကပြောပါတယ်။

ဗိုလ်ချုပ်မင်းအောင်လှိုင်ခြံစည်းရိုးကြက်ဆူပင်ပျိုးထောင်စိုက်ပျိုးရေးတက်ရောက်အားပေး==============================တိုင်းမှ...
11/11/2020

ဗိုလ်ချုပ်မင်းအောင်လှိုင်ခြံစည်းရိုးကြက်ဆူပင်
ပျိုးထောင်စိုက်ပျိုးရေးတက်ရောက်အားပေး
==============================

တိုင်းမှူးဗိုလ်ချုပ်မင်းအောင်လှိုင်သည် မိုင်းပျဥ်းမြို့ရှိ မြို့ပတ်လမ်းခင်းကျင်းမှုကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ခြံစည်းရိုးကြက်ဆူစိုက်ပျိုးမှုကိုလည်းတက်ရောက်အားပေးခဲ့သည်။

မျိုးကိုင်း မျိုးစေ့ ပျိုးပင်များကိုလည်းသတ်မှတ်ဧကထက်ကျော်လွန်အောင်စိုက်ပျိုးသွားဖို့ကိုလည်းအမှာစကားပြောကြားခဲ့သေးသည်။

#ခြံစည်းရိုးကြက်ဆူ

10/11/2020

ဒီပုံအတိုင်းဆက်သွားရင် ပြည်ခိုင်ဖြိုး ပါတီခန်းမကြီးက
မင်္ဂလာဆောင်ခန်းမအဖြစ် ငှားရလိမ့်မယ်
အခန်းတွေက မာဆပ်ခန်းတွေ ဖြစ်သွားလိမ့်မယ် လို့ ပြောလိုက်တဲ့ ဘူးလက်လှဆွေ





RFA Interview 2015Nov

ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲရှုံးနိမ့်ရခြင်းမှာ မဲအရနည်းခြင်းကြောင့် ဟု ဦးဌေးဦး ပြော
09/11/2020

ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲရှုံးနိမ့်ရခြင်းမှာ
မဲအရနည်းခြင်းကြောင့် ဟု ဦးဌေးဦး ပြော

09/11/2020

‟ သမ္မတဖြစ်ဖို့ အခြေအနေပေးလာလို့ လုပ်ဖို့ ကြုံလာလို့ရှိရင်လည်း ကျွန်တော် အောင်မြင်အောင် လုပ်နိုင်ဖို့ ဆည်းပူးထားတယ်”… ဆိုတဲ့ ဦးသန်းဌေး





Credit: BBC Burmese (Nov 2018 interview)

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၈ဝ ရာခိုင်နှုန်း အထိ နိုင်ချေရှိကြောင်း ဦးဌေးဦးပြော=============================ပြည်ထောင်စုကြံ...
08/11/2020

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၈ဝ ရာခိုင်နှုန်း အထိ
နိုင်ချေရှိကြောင်း ဦးဌေးဦးပြော
=============================

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ၆၅ ရာခိုင်နှုန်း ကနေ ၈ဝ ရာခိုင်နှုန်းအထိ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းကြောင်း ပါတီရဲ့ပူးတွဲ ဥက္ကဌ ဦးဌေးဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရွေးကောက် ပွဲအတွက် နောက်ဆုံးမဲဆွယ် ခွင့်ပြုတဲ့နေ့မှာ ဟင်္သာတမြို့ကို ရောက်ရှိနေတဲ့ ဦးဌေးဦးကို RFA က ဆက်သွယ် မေးမြန်းစဉ်သူက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ကတော့ ၈ဝ ရာခိုင်နှုန်းလို့ ကျနော်တို့ခန့်မှန်းတယ်၊ ကျနော့်အနေနဲ့ကတော့ တချို့လည်း ၈ဝ ရှိမှာပေါ့၊ တချို့လည်း ၈ဝ ထက်နည်းမှာပေါ့၊ ပျှမ်းမျှဆိုရင်တော့ ကျနော်တို့ ၆၅၊ ၇ဝနဲ့ ၈ဝ ကြားပတ်ဝန်းကျင်မှာတော့ ကျိန်းသေရှိမယ်လို့ ခန့်မှန်းလို့ရပါတယ်"

တဆက်တည်းမှာပဲ ဒီရက်ပိုင်းအတွင်း သူရဦးရွှေမန်းပြောကြားတဲ့ စကားတွေနဲ့ ပတ်သက်ပြီး သဘောထား ကို မေးမြန်းရာမှာတော့ သူရဦးရွှေမန်းဟာ လက်ရှိ ဗဟိုကော်မတီဝင်မဟုတ်တော့ကြောင်း၊ သူပြောတဲ့ စကားတွေ ဟာ သူ့ရဲ့ ကိုယ်ပိုင်အမြင်သာဖြစ်ကြောင်း ဖြေကြားပါတယ်။

မဲစာရင်းတွေပိုနေတဲ့ ပြသနာနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ အဲဒီပြသနာကြီးကြီးမားမား မရှိကြောင်း ပြောပါတယ်။



ထက်ထက်မိုးဦး ပါးရိုက်သည့်အမှုစစ်ဆေးနေပြီ================================မြန်မာနိုင်ငံတွင် စောင်ရေအများဆုံးထုတ်ဝေဖြန့်ချီ...
31/10/2020

ထက်ထက်မိုးဦး ပါးရိုက်သည့်အမှုစစ်ဆေးနေပြီ
================================
မြန်မာနိုင်ငံတွင် စောင်ရေအများဆုံးထုတ်ဝေဖြန့်ချီနေသည့် 7 Day သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံ၏ အင်တာဗျူးတွေ.ဆုံမေးမြန်းမှုကို ပြောကြားနေစဉ် ကိုယ်ထိလက်ရောက် တုံ.ပြန်ခဲ့သောကြောင့် ထက်ထက်မိုးဦးအပေါ်တရားဆွဲဆိုထားသည့်အမှုအား အောက်တိုဘာ ၁၈ရက်နေ.တွင် ရန်ကင်းမြို.နယ်တရားရုံးက ပုံမှန်ရုံးချိန်ထက်စောပြီး နံနက် ၉နာရီခန်.တွင် စတင်စစ်ဆေးခဲ့သည်ကို တွေ.ရှိရသည်။
ခရမ်းရောင်အထက်အောက်ဝတ်ဆင်ထားသော ထက်ထက်မိုးဦးသည် နှစ်ဖက်သဘောတူညှီနှိုင်းထားသည်. ရုံးချိန် နံနက်၈နာရီခွဲအားကျော်ပြီးမိနစ်၄၀ခန်.နောက်ကျပြီးမှ အမျိုးသားဖြစ်သူနျင့်အတူ Super Custom ယာဉ်အမှတ် ၈/၂၄၃၅နှင့်အတူရောက်ရှိလာခဲ့ကြောင်းတွေ့ရသည်။

Breaking News============နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၀န်ကြီးဟောင်းသား ဖြိုးကိုကိုတင့်ဆန်းကို သေနတ်၊ စနိုက်ပါမှန...
16/10/2020

Breaking News
============
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၀န်ကြီးဟောင်းသား ဖြိုးကိုကိုတင့်ဆန်းကို သေနတ်၊ စနိုက်ပါမှန်ပြောင်း ၊ကျည်ကာအင်္ကျီ၊ စိတ်ကြွမူးယစ်ဆေးပြားအများအပြားဖြင့်တွေ့ရှိထားရာလက်တလောမှာတော့ ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ပါတယ်။

ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီ================================ဦးသိန်းစိန်သည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆ...
28/09/2020

ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီ
================================

ဦးသိန်းစိန်သည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ဖျက်သိမ်းခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာကို ယူခဲ့ပါတယ်။ ဦးသိန်းစိန်ဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတ ဖြစ်တယ်လို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။ ဒီနေ့မှာပဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

ပြည်သူဘဏ္ဍာငွေကို ထိထိမိမိလုပ်ဖို့ ဝန်းကြီးချုပ်ကိုယ်တိုင် ကွင်းဆင်ကြည့်ရှု့============================တနင်္သာရီတိုင်းဒ...
23/09/2020

ပြည်သူဘဏ္ဍာငွေကို ထိထိမိမိလုပ်ဖို့
ဝန်းကြီးချုပ်ကိုယ်တိုင် ကွင်းဆင်ကြည့်ရှု့
============================

တနင်္သာရီတိုင်းဒေသကြီးပြည်ထောင်စုလမ်းမကြီး
လမ်းနံဘေးသားတိုးချဲ့မှုအားဝန်ကြီးချုပ်မှကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

သမ္မတ ဦးသိန်းစိန် ရေဘေးသင့်ပြည်သူတွေကို ဥာဏ်တော်အမြင့် ၉ လက်မရှိ ဗုဒ္ဓဆင်းတုတော်များလှူ
22/09/2020

သမ္မတ ဦးသိန်းစိန် ရေဘေးသင့်ပြည်သူတွေကို ဥာဏ်တော်အမြင့် ၉ လက်မရှိ ဗုဒ္ဓဆင်းတုတော်များလှူ

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ဖိုးလပြည့် ယာဉ်ထိန်းရဲတဦး ကို ရိုက်နှက် .... ။
03/09/2020

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ဖိုးလပြည့် ယာဉ်ထိန်းရဲတဦး ကို ရိုက်နှက် .... ။

Address


Alerts

Be the first to know and let us send you an email when Out Of Date News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share