ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ

  • Home
  • ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ NUG Supporting Team - MEST

Myanmar Ethinc In Southern Thailand

03/03/2024

စတုတ္ထအကြိမ်မြောက် စစ်ဘေးရှောင်ပြည်သူများ နှင့် အနာဂါတ်ကလေးငယ်များ၏ဘဝတွေရှင်သန်နိုင်ဖို့အတွက်ရည်ရွယ်ကာ 5 လပိုင်း 2024 တွင် မေတ္တာရောင်ခြည်ပရဟိတအသင်း ၊ ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ ( MEST) နှင့် ခုနှစ်ရက်သားသမီး ကျင်းပမည့်
ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ညအထူးတရားပွဲကို ကြိုတင် အသိပေးကြေညာအပ်ပါသည်။တရားပွဲကျင်းပမည့်ရက်ကို မကြာမှီ ကြေညာပေးပါမည်။

/

ကြေညာချက်အမှတ် (၅/၂၀၂၃)၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်*****************************သက်တမ်းစေ့ရောက်သည့် အစိုးရငွေတိုက်စာချု...
08/12/2023

ကြေညာချက်အမှတ် (၅/၂၀၂၃)
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်
*****************************

သက်တမ်းစေ့ရောက်သည့် အစိုးရငွေတိုက်စာချုပ်များ နှင့် စပ်လျဉ်း၍ စီမံဆောင်ရွက်ထားရှိမှုကိုတော်လှန်ပြည်သူများသို့ အသိပေးကြေညာခြင်း
******************************

၁။ သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ရန် အစီအစဉ်ရှိသည့် ငွေတိုက်စာချုပ်ပိုင်ရှင်များအနေဖြင့် https://www.unitedbonds-nug.org/ တွင် ပြန်လည်ရွေးနုတ်သည့်
ပုံစံ (ဃ) ကို အချက်အလက် မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်မည်
ဖြစ်ပါသည်။

၂။ ပုံစံ(ဃ)ကို အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းပေးသည့် ငွေတိုက်စာချုပ်ပိုင်ရှင်များထံသို့ ရက်သတ္တပတ် ၂ ပတ် မှ ၄ ပတ်အတွင်း ရွေးနုတ်ငွေကို ပြန်လည်လွှဲပြောင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

၃။ ၂ နှစ်သက်တမ်းစေ့ရောက်သော်လည်း ငွေတိုက်စာချုပ်ကို ဆက်လက်သက်တမ်းတိုးရန် ဆုံးဖြတ် ထားသူများ အနေဖြင့် သီးခြားနည်းလမ်းဆောင်ရွက်ရန် မလိုအပ်ဘဲ မိမိတို့လက်ဝယ်ရှိ ငွေတိုက်စာချုပ်ကို ဆက်လက်သိမ်းဆည်း ထားရုံမျှဖြင့် သက်တမ်း ၁ နှစ်တိုးခြင်းလုပ်ငန်းစဉ် ပြီးမြောက် အောင်မြင်ပါသည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချလျက်ရှိသည့် မြေကွက်၊တိုက်ခန်း၊ ရှယ်ယာများအဖြစ် ပိုင်ဆိုင်မှုလွှဲပြောင်းလိုသူများအနေဖြင့်လည်း ပုံစံ(ဃ) အား ဖြည့်သွင်းရန် မလိုအပ်ပါ။ ၎င်းတို့အတွက် ဆောင်ရွက်ရန်နည်းလမ်းများကို သီးသန့်ကြေညာချက်ထုတ်ပြန်၍ ထပ်မံအသိပေးသွားမည်ဖြစ်သော ကြောင့် ခေတ္တစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံပန်ကြား အပ်ပါသည်။

၅။ သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ရန် အစီအစဉ်ရှိသည့် တော်လှန်ပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် မိမိတို့ရင်းနှီးမြှုပ်နှံထားသည့်ငွေများ အဆင်ပြေချောမွေ့၊ လွယ်ကူလျင်မြန်စွာ လက်ဝယ်သို့ပြန်လည်ရရှိစေရေးအတွက် အောက်ပါအတိုင်း ငွေလွှဲပြောင်းမှု နည်းလမ်း (၂) သွယ်ဖြင့် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

(က) နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank-SDB) ငွေစာရင်းမှတဆင့် ပြန်လည် လွှဲပြောင်းပေးအပ်ခြင်း။
(ခ) NUGPay မှ တဆင့် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း။

၆။ ထို့ကြောင့် သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ရန် အစီအစဉ် ရှိသည့် တော်လှန်ပြည်သူများအနေဖြင့် နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထားခြင်း (သို့မဟုတ်) NUGPay အကောင့်ဖွင့်လှစ်ထားခြင်း နည်းလမ်း (၂) သွယ်အနက်၊
တနည်းနည်းကိုရွေးချယ်၍ စီမံ ဆောင်ရွက်ထားကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

၇။ Kachin Political Interim Coordination Team - KPICT မှတဆင့် ငွေတိုက်စာချုပ် ဝယ်ယူ ထားသူများအနေဖြင့် ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ခြင်း သို့မဟုတ် အမျိုးသား ညီညွတ်ရေးအစိုးရက ရောင်းချလျက်ရှိသည့် မြေကွက်၊ တိုက်ခန်း၊ ရှယ်ယာများအဖြစ် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း ကိစ္စရပ်များကို KPICT မှတဆင့်သာ ဆက်သွယ်ဆောင်ရွက်ပေးကြပါရန်နှင့် အသေးစိတ် အစီအမံကို KPICT က တရားဝင်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။

၈။ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံး ဆင်နွှဲလျက်ရှိသည့် နွေဦးတော်လှန်ရေးကြီးသည် အရေး အကြီးဆုံးသော အချိန်ကာလသို့ရောက်ရှိနေပြီဖြစ်ပါသဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်၍ မဆုတ်မနစ်၊ ထောက်ကူခွန်အားဖြည့်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံတိုက်တွန်း အပ်ပါသည်။

(ပုံ) တင်ထွန်းနိုင်
ပြည်ထောင်စုဝန်ကြီး

28/05/2023

တတိယအကြိမ်မြောက် ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများမှ စုပေါင်းဆင်ယင်ကျင်းပအပ်သော
မဟတ္တမဂန္ဒီဆုရှင် ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ အရှင်သူမြတ်ဘုရားမှ မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ဒုက္ခအတိရောက်နေကြသော စစ်ဘေးရှောင် နှင့် မီးဘေးသင့် မိဘပြည်သူ ကလေး သူငယ်များအတွက် လိုအပ်သည်များကိုအချိန်မှီလူသားချင်းစာနာထောက်ထားကူညီကယ်မနိုင်ရေးရှူမျှော်တွေး၍ ဆရာတော်ဘုရားမှ ကိုယ်တိုင်ကြွရောက်၍ ဟောကြားပေးမည့် ရန်ပုံငွေအထူးတရားပွဲ

ထိုင်းတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ(MEST) မှ ဖေဖော်ဝါရီလ အတွင်းထောက်ပို့လှူဒါန်းမှုများဖြစ်ပါသည်။-------------...
25/02/2023

ထိုင်းတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ(MEST) မှ ဖေဖော်ဝါရီလ အတွင်းထောက်ပို့လှူဒါန်းမှုများဖြစ်ပါသည်။
---------------------------------------------

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ မှ2023/1လပိုင်းအတွင်းထောက်ပို့လှူဒါန်းမှုများ။
28/01/2023

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ မှ

2023/1လပိုင်းအတွင်းထောက်ပို့လှူဒါန်းမှုများ။

31/12/2022

""အရေးကြီးပြီ""
မြန်မာ့နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံးအတွက်
ဂုဏ်ပြုတင်ဆက်သည်။

နွေဦးအောင်လံ
တော်လှန်ရေအင်အားစု
~~~~~~~~~~~~
"" အရေးကြီးပြီ "" MV

ဒါက ဒေါင်းလုပ်ဆွဲရမယ့် Link ပါ ၁.၃ ဂစ် နီးပါးရှိတယ်ဗျ၊ လိုင်းကောင်းတဲ့နေရာဆိုရင်တောင် ၁ နာရီလောက် ဒေါင်းလုပ်ဆွဲရမယ်ဗျ
(New Year 1 ရက်နေ့မှာ
တစ်ပြိုင်တည်း လိုင်းပေါ်
တင်ကြမယ်ဗျ)
ဒီနေ့ 31 ရက် မှာ ဒေါင်းလုပ်ဆွဲထားနိုင်ဖို့ link တွေအကုန်ဖြန့်ထားပေးပါမယ်
အလွယ်တကူဒေါင်းလို့ရအောင်
You Tube link လည်း
သီးသန့်ပေးပို့ထားတယ်ဗျ

အောက်ဖေါ်ပြပါအတိုင်း
ခေါင်းစဥ်ထိုးပေးပါဗျ
~~~~~~~~~~~~

https://we.tl/t-0AeePVsaz2

https://www.youtube.com/watch?v=lrWqIUZ2Xg8

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများအဖွဲ့မှာ နိုဝင်ဘာလ ထောက်ပို့လှူဒါန်းမှုမှတ်တမ်းများဖြစ်ပါသည်။=======...
14/12/2022

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများအဖွဲ့မှာ နိုဝင်ဘာလ ထောက်ပို့လှူဒါန်းမှုမှတ်တမ်းများဖြစ်ပါသည်။

=====================================

13/11/2022

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ အဖွဲ့ မှ အောက်တိုဘာလ နှင့် နိုဝင်ဘာလဆန်း ပိုင်းအတွက် ထောက်ပို့လှူဒါန်းခဲ့သော အလှူမှတ်တမ်းများဖြစ်ပါတယ်။
"တလရ အမြန်အောင်မြင်ဖို့ သွေးအေးနေလို့မရပါဘူး"

လှူနိုင်သူတွေကလဲဆက်ပြီးလှူ ၊ ကူနိုင်သူတွေကလဲဆက်ပြီးကူ အားလုံးစည်းစည်းလုံးလုံးရှိရပါမည်။

အခုအဖွဲ့ကိုလဲ ထပ်ပြီးလှူဒါန်းပေးကြပါအုံး။

Regional Defense Force - Pauk



မေတ္တာ ဆန်ရေ Project မှာ ငွေအမောက်များပြီး မပါဝင်နိုင်တဲ့ တော်လှန်ရေး ညီအစ်ကိုမောင်နှမ များအတွက်  " Project Skywalk "  #...
31/08/2022

မေတ္တာ ဆန်ရေ Project မှာ
ငွေအမောက်များပြီး မပါဝင်နိုင်တဲ့ တော်လှန်ရေး ညီအစ်ကိုမောင်နှမ များအတွက်
" Project Skywalk " #ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ Project လေးလာပါပြီး။
ဘတ် 100 နေ မိမိတတ်နိုင်သလောက်ပါဝင်နိုင်တာမို့ အခုဘဲ Project ထဲပူးပေါင်းပေးဖို့ ဖိတ်ခေါ်ပါရစေ။
Project ကာလ နှစ်ပါတ်ထဲမို့ မြန်မြန်လေးပူးပေါင်းပေးကြပါ။
လိုအပ်သော အချက်အလက်များ
Name -
Email -
Amount -?
#ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ ဖြစ်တဲ့အထိ ​တော်လှန်ပျံဝဲမယ့် "Project Skywalk"အတွက် ခုချိန်ကစပြီး ​ထောက်ကူပံ့ပိုး​လို့ ရပြီဗျို့။ ✊️
⚡️ "Project Skywalk" ဆိုတာ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန၊ ကာကွယ်​ရေးဒုဝန်ကြီး နိုင်​ကောင်းရွတ် ဦး​ဆောင်ပြီး ဘဏ္ဍာ​ရေးဌာနနဲ့ ပြည်သူ့ဆက်ဆံ​ရေးအဖွဲ့တို့ ဦးစီးလုပ်​ဆောင်တဲ့ ဘဏ္ဍာ​ငွေရှာ​ဖွေ​ရေး အစီစဥ်တစ်ရပ် ဖြစ်ပါတယ်။
​⚡ကောင်းကင်​​ဝေဟင်က​နေ ဖက်ဒရယ်ဒီမိုက​ရေစီနဲ့ လွတ်လပ်ခြင်းဆီကို ဦးတည်​လျှောက်လှမ်းမယ့် စီမံချက်ဖြစ်တဲ့ "Project Skywalk"ဟာ ​မြေပြင်ဒရုန်းတိုက်ခိုက်​ရေးတပ်ဖွဲ့​တွေကို လက်ရုံးတပ်​​တွေအ​ဖြစ် စုစည်းပြီး ဟန်ချက်ညီညီနဲ့ စစ်ဆင်​ရေးပုံ​ဖော်နိုင်​ဖို့ အ​ထောက်အကူ​ပေးနိုင်​ရေးအတွက် ရည်ရွယ်လုပ်​ဆောင်ခဲ့တာပါ။
⚡မြေပြင်က တိုက်ပွဲဝင်​နေတဲ့ Drone Squad ​တွေအတွက် ဗဟာဗျူဟာကျတဲ့ ပစ္စည်း​တွေကို အတိုင်းအတာတစ်ခုအထိ ထိထိ​ရောက်​ရောက် တပ်ဆင်​နိုင်ဖို့ ဒီ​နေ့ သြဂုတ် ၃၀ က​နေ စက်တင်ဘာလ ၁၅ ရက်​နေ့အထိ Campaign ကာလ ၂ ပတ်တာအတွင်း ​"Project Skywalk" က​နေ ဘဏ္ဍာ​ငွေ​ပေါင်း အ​မေရိကန်​ဒေါ်လာ ( ၁ ) သန်းအထိ ရှာ​ဖွေပံ့ပိုး​ပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
⚡️ စစ်​ကောင်စီကို မဟာဗျူဟာကျကျ တိုက်ခိုက်ရင်း ရည်ရွယ်ရာဆီ ဟန်ချက်ညီညီနဲ့ အ​ရောက်သွားနိုင်ဖို့... နွေဦး​တော်လှန်​ရေးအတွက် အ​ရေးပါတဲ့ အင်အားစုတစ်ရပ်ကို ​မွေးထုတ်​ပေးမယ့် "Project Skywalk" ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက မိဘပြည်သူ​တွေရဲ့အားနဲ့ အရှိန်ပြင်းပြင်း ​တော်လှန်ပျံဝဲနိုင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ ​တော်လှန်​ရေးကာလအတွင်း အခက်ခဲ​တွေကြားထဲ အား​လျော့ငြိုငြင်ခြင်း မရှိဘဲ ခုချိန်ထိ ​တော်လှန်​ရေး​အောင်စိတ်ထက်သန်စွာနဲ့ ဘဏ္ဍာ​ငွေ​ရှာ​ဖွေ​ရေးအစီစဥ်​တွေမှာ တက်တက်ကြွကြွပါဝင်​ပေးကြတဲ့ မိဘပြည်သူများအားလုံးကို ​လေးစားစွာ ​ကျေးဇူးတင်ရင်း "Project Skywalk" မှာလည်း အချိန် ၂ ပတ်တာအတွင်း #ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ ဖြစ်တဲ့အထိ အားသွန်ခွန်စိုက် ဝင်​ဝုန်းပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
✊️
ထောက်ကူချင်တယ်ဆိုရင် ⬇️
https://www.facebook.com/projectskywalk/posts/119618930852192


#တရားတဲ့သူသာနိုင်ကြေးဟေ့
#တော်လှန်ပျံဝဲ
#အားလုံးစုစည်းနေရင်ဘာမှမဖြစ်‌
#ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ

31/08/2022

မနေ့က ကိုထိန်လင်းပြောသွားတဲ့ ဆန်ရေအတွက် Video Message လေးထဲမှာ အကြောင်းအရာတစ်ခုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ က အမေရခဲ့တဲ့ နိုဘယ်လ်ဆုက အမေရိကန်ဒေါ်လာ 1.3 သန်းကို မြန်မာနိုင်ငံအတွက် လှူဒါန်းနိုင်ခဲ့တယ်တဲ့။ အခု နှစ်၃၀ အကြာမှာ အလားတူအမောင့်မျိုး မြန်မာနိုင်ငံအတွက် လှူဒါန်းနိုင်တော့မယ်တဲ့။

ကိုယ်ကတော့ ဒီစကားလေးကို ကြားလိုက်တာနဲ့ ဆန်ရေကို အနည်းဆုံး ဒေါ်လာ 1.3 သန်းအထိ ကြိုးစားရမယ်လို့ စဉ်းစားလိုက်မိတယ်။

သူတို့မိသားစုကတော့ ဘယ်တော့မှ ဘယ်လောက်ရအောင် ရှာပြီး ဘယ်လောက်ရအောင် လှူချင်ပါတယ်ဆိုတာတော့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ကိုယ်တွေက သူတို့ရင်တွင်းဆန္ဒလေးတွေကို ပုံဖော်ဖြည့်ဆည်းကြရမှာမဟုတ်လား။ နောက်ပြီးတော့ ဒီငွေတွေဟာ သူတို့အကျိုးစီးပွါးအတွက် တစ်ပြားတစ်ချပ်မှ မဟုတ်ဘဲ မြန်မာပြည်သူတွေအတွက် မြန်မာနိုင်ငံအတွက်ပဲ မဟုတ်လား။

ဆန်ရေမှာ ပြည်သူရဲ့ ပါဝင်ကြမှုတွေက အားရစရာကောင်းတယ်။ ကျန်ရှိတဲ့ ရက်လေးတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ က အမေ့ရဲ့ နိုဘယ်လ်ဆုက ရရှိခဲ့တဲ့ ဒေါ်လာ 1.3 သန်းကို မြန်မာပြည်အတွက် လှူဒါန်းခဲ့သလိုမျိုး နောက်ထပ် နှစ်ပေါင်း ၃၀ အကြာမှာ သားဖြစ်သူရဲ့ မေတ္တာဆန်ရေကနေ ဒေါ်လာ 1.3 သန်း လှူဒါန်းနိုင်အောင် ဝိုင်းဝန်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

#ပန်ဆယ်လို

လက်မှတ်ဝယ်ယူရန် 👇

https://www.springsignature.net

30/08/2022
ထိုင်းနိုင်ငံတောင်ပိုင်းရောက် မြန်မာတိုင်းရင်းသားများ အဖွဲ့ မှ August လအတွက် ထောက်ပို့တပ်သား စုစုပေါင်း = 168 ယောက်ရရှိခ...
27/08/2022

ထိုင်းနိုင်ငံတောင်ပိုင်းရောက် မြန်မာတိုင်းရင်းသားများ အဖွဲ့ မှ August လအတွက် ထောက်ပို့တပ်သား စုစုပေါင်း = 168 ယောက်ရရှိခဲ့ပြီး
ထိုင်းဘတ် စုစုပေါင်း 50400 bahs ရရှိပါသည်။

အရေးတော်ပုံအောင်နိုင်ရေးအတွက်ပူးပေါင်းပါဝင်ပေးကြပါ။

2023 မှာ ကျွန်တော်တို့ အိမ်ပြန်နိုင်အောင်ကြိုးစားကြမယ်။

https://prf4pdf.org/

https://web.facebook.com/EHM2021

https://web.facebook.com/MEST2021

အပမှီနိုင်ငံတော်_____________ရေပေါ်စာတွေဖတ်ရတာပျင်းလာပြီကမ္ဘာကြီးကမကျန်းမာဘူးနိုင်ငံကအပမှီနေတယ်ရွာတစ်ရွာပြာကျသွားတဲ့သတင်...
27/08/2022

အပမှီနိုင်ငံတော်
_____________

ရေပေါ်စာတွေဖတ်ရတာပျင်းလာပြီ
ကမ္ဘာကြီးကမကျန်းမာဘူး
နိုင်ငံကအပမှီနေတယ်

ရွာတစ်ရွာပြာကျသွားတဲ့သတင်းက
ကိုယ်ဟန်ပြမယ်ရဲ့ပေါင်တံဖွေးဖွေးကို
မကျော်နိုင်ခဲ့ဘူး

မုဒိန်းကျင့်မီးရှို့ခံလိုက်ရတဲ့ ကောင်မလေးက
clubတက်ပျော်ပါးနေတဲ့မိန်းကလေးလောက်
အရာမဝင်ခဲ့ဘူး

သေမင်းနှုတ်ခမ်းဝကလူကို
အအေးခန်းထဲကလူတွေက
အပြစ်တင်ကဲ့ရဲ့နေကြတယ်

သာသနာပြုဘုန်းကြီးက နိုင်ငံတကာမှာ
ဘုရားလှည့်တည်နေတယ်
နိုင်ငံအတွင်းကစေတီပုထိုးတွေတော့
ဘောင်မဝင်ဘူးထင်ပါရဲ့
ပြာပုံထဲမှာ တုံးလုံးပက်လက်

တစ်ချို့အတွက်မနက်ဖြန်က ရွှေလို
တစ်ချို့ကျ မနက်ဖြန်က မသေချာမရေရာ
ကမ္ဘာကြီးဟာ ပုံမှန်လေးလည်ပတ်နေပေမယ့်
ပုံမှန်မဟုတ်တဲ့နေရာတွေမှာ မုန်တိုင်းဟာ
ကွက်ကြမ်းနေတယ်...

ဒါပါပဲ
အမှန်တရားတွေပြောရင်
အမှားတရားတွေနဲ့အပြစ်ဖို့ကြလိမ့်မယ်
ဒီနိုင်ငံဟာ အပမှီနေတဲ့အတွက်
လူတွေဟာ မကောင်းဆိုးဝါးလိုလို
မကောင်းဆိုးဝါးဟာ လူလိုလိုဖြစ်လိမ့်မယ်။ ။

Credit--^
-ခွန်းနိုင်

Breaking News! #တာ၀န်မှရပ်ဆိုင်းလိုက်ပြီ #ဗိုလ်ချုပ်ကြီး (ငြိမ်း)ပရာယွတ် ကျန်အိုချာ အား  ယနေ့ (၂၄-၈-၂၀၂၂) မှစ၍ ထိုင်း၀န်...
24/08/2022

Breaking News!
#တာ၀န်မှရပ်ဆိုင်းလိုက်ပြီ #
ဗိုလ်ချုပ်ကြီး (ငြိမ်း)ပရာယွတ် ကျန်အိုချာ အား ယနေ့ (၂၄-၈-၂၀၂၂) မှစ၍ ထိုင်း၀န်ကြီးချုပ်တာ၀န်မှ ရပ်ဆိုင်းရန် ထိုင်းအခြေခံဥပဒေတရားရုံးမှ 5:4 မဲဖြင့် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။
ထိုင်း၀န်ကြီးချုပ်ရာထူးကို ရယူခဲ့သည်မှ ၈ နှစ်တင်းတင်းပြည့်ပြီဖြစ်၍ ထိုင်းအခြေခံဥပဒေအရ ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ထမ်းဆောင်ခွင့်မရှိတော့ကြောင်း အတိုက်အခံပါတီများ၏အဆိုကို ထိုင်းခြေဥတရားရုံးက လက်ခံခဲ့သည်ဟု ဖော်ပြထားကြသည်။
ရာထူးမှရပ်ဆိုင်းခံလိုက်ရသည့် ဗိုလ်ချုပ်ကြီး (ငြိမ်း)ပရာယွတ် ကျန်အိုချာ နေရာတွင် ဒု၀န်ကြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာ၀စ် ၀ဏ္ဏသု၀ဏ် က ယာယီ၀န်ကြီးချုပ်ဖြစ်လာသည်ဟု သိရသည်။
ပလာတူး

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ ၏ မဟာမိတ်အဖွဲ့များ မှKNDF တပ်ရင်း (၁၀) အတွက် လိုအပ်ချက်များထောက်ပံ့...
21/08/2022

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ ၏ မဟာမိတ်အဖွဲ့များ မှ

KNDF တပ်ရင်း (၁၀) အတွက် လိုအပ်ချက်များထောက်ပံ့နိုင်ရန်

EHM Team မှတစ်ဆင့် We Love Myanmar ထိုင်းရောက်မျိုးဆက်သစ်လူငယ်အဖွဲ့ = 10 သိန်းကျပ်
(13000 baths)

EHM Team မှတစ်ဆင့်မျိုးချစ်ဇာနည်အဖွဲ့ = 3 သိန်းကျပ်(4000 baths)

သွားရောက်လက်ခံရရှိမှုမှတ်တမ်းများဖြစ်ပါသည်။

အရေးတော်ပုံအောင်နိုင်ရေးအတွက် မဟာမိတ်အဖွဲ့များအဖြင့် ပူပေါင်းဆောင်ရွက်ပေးခဲ့ပါသော အသင်းအဖ်ွအသီးသီးကို အထူးပင်လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ချိတ်ဆက်ဆောင်ရွက်ပေးပါသော တာဝန်ရှိပုဂ္ဂိုလ်များ ကိုအထူးကျေးဇူတင်အပ်ပါသည်။

21/08/2022

သွေးစွန်းတဲ့လက်ကြီးက ရွံစရာကောင်းပါတယ် —- 🔥❝ ကျွန်မဒီလို စစ်ကောင်စီနဲ့ တွေ့ဆုံ ညှိနှိုင်းစေ့စပ်မှုဟာ စစ်ကောင်စီကို အစိုး...
18/08/2022

သွေးစွန်းတဲ့လက်ကြီးက ရွံစရာကောင်းပါတယ် —- 🔥

❝ ကျွန်မဒီလို စစ်ကောင်စီနဲ့ တွေ့ဆုံ ညှိနှိုင်းစေ့စပ်မှုဟာ စစ်ကောင်စီကို အစိုးရ အဖြစ် တရားဝင် အသိအမှတ်ပြုတာမျိုးမဟုတ်ပါဘူး ❞—- လို့ အမျိုးသမီးက မင်းအောင်လှိုင်ကို တရားဝင်ထုတ်ဖော်ပြောဆိုလိုက်တယ်။

စင်္ကာပူနိုင်ငံက နိုလင်း ဟေဇာ (Noeleen Heyzer) ဆိုတဲ့ အမျိုးသမီးပါ။သူက အခုဆို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ အထူးသံတမန်အနေနဲ့ မြန်မာပြည်ကိုရောက်နေပါပြီ။

🔥

စစ်ကောင်စီကဘာလုပ်သလဲဆိုတော့ နိုလင်း ဟေဇာကို မကွေးတိုင်းဘက်ကိုခေါ်သွားတယ်။ ပြီးတော့ မကွေးတိုင်းကရွာကို မီးရှို့ပြလိုက်တယ်။

မနေ့ကပါ။
သြဂုတ်လ ၁၇-ရက်ပါ။
ညပိုင်းငတရော်ကျေးရွာ မီးအရှို့ခံလိုက်ရတယ်။ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းပေါ်က ‌ကျေးရွာလေးပါ။

သြဂုတ်လ ၁၇ရက် မနက်ပိုင်း ၉နာရီလောက်မှာ ‌ရေယှားကျေးရွာနဲ့ ငတရော်ရွာတွေကို စစ်ကြောင်းထိုးလာတာဖြစ်တယ်။

စစ်သားနဲ့ ပျူ အင်အား ၆၀ ကျော်ပါ..။

စစ်ကောင်စီဘက်က လက်နှက်ကြီးတွေ ဆက်တိုက်ပစ်ခဲ့ပြီး ည ၈နာရီအထိ စစ်ကောင်စီက ငတရော်ရွာကို မီးရှို့နေတာကြောင့် အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ရွာဟာ တရွာလုံးနီးပါး မီးလောင်သွားပြီဖြစ်တယ်။

🔥

ဒါဟာ စစ်ကောင်စီက နိုလင်း ဟေဇာကို ဂရုမစိုက်တဲ့အကြောင်းပြလိုက်တာပဲ..။

သွေးစွန်းတဲ့လက်တွေက ဘယ်တော့မဆို ရွံစရာကောင်းပါတယ်ဆိုတဲ့အကြောင်း နိုလင်း ဟေဇာ နားလည်လောက်ပါပြီ။

🔥

နိုလင်း ဟေဇာ တစ်ယောက်ထမီအစိမ်းကွက်ဝတ်ပြီး ခပ်ပြုံးပြုံးမျက်နှာနဲ့ မင်းအောင်လှိုင်ကိုလက်ဆွဲနှုတ်ဆက်ဓာတ်ပုံတွဲရိုက်ပေးခဲ့ပေမဲ့…

မင်းအောင်လှိုင်က အထင်သေးစော်ကားပြလိုက်တာပဲ..

🔥

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုလင်း ဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်သစ်အဖြစ် ခန့်အပ်ပေးခဲ့တာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ကပါ။

နိုလင်း ဟေဇာက ဆွစ်ဇာလန်နိုင်ငံက Christine Schraner Burgener ရဲ့နေရာကို ဆက်ခံလိုက်တာပေါ့။

🔥

နိုလင်း ဟေဇာဆိုတာ ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခဒဏ်ခံရသောနိုင်ငံတွေအတွက် မစ်ရှင်တွေ အများကြီးကိုဆောင်ရွက်ခဲ့တဲ့ အမျိုးသမီးပါတဲ့..

ပြီးတော့ အမျိုးသမီးတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ် အဖွဲ့အစည်းတွေအများကြီးနဲ့ တွေ့ဆုံ ဆက်ဆံနေတဲ့သူဖြစ်ပါတယ်။

🔥

၂၀၀၇ -၂၀၁၄

‘ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင်’ ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည့် ပထမဆုံး အမျိုးသမီးဖြစ်တယ်။

🔥

၂၀၀၈-၂၀၀၉

နာဂစ်မုန်တိုင်းအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အာဆီယံ၊ မြန်မာအစိုးရ၊ ကုလသမဂ္ဂတွေနဲ့ နီးနီးကပ်ကပ်လက်တွဲဆောင်ရွက်ခဲ့တဲ့သူဖြစ်လို့ စစ်ကောင်စီကဘာလဲ ဘယ်လဲဆိုတာ သိသင့်သလောက် သိထားတဲ့သူပါ။

🔥

၂၀၁၃- ၂၀၁၅

တီမောလက်စ်တီအတွက် အထူးအကြံပေးပုဂ္ဂိုလ်လုပ်ခဲ့တယ်။

🔥

နိုလင်းဟေဇာက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အဆင့်မြင့် အကြံပေးဘုတ်အဖွဲ့က အဖွဲ့ဝင်ပါ။

စင်ကာပူတက္ကသိုလ်က ဝိဇ္ဇာဘွဲ့၊သိပ္ပံမဟာဘွဲ့အပြင် Cambridge တက္ကသိုလ်က လူမှုရေးသိပ္ပံပါရဂူဘွဲ့ ရရှိထားသူလည်းဖြစ်ပါတယ်။

ဒီလိုထက်မြက်လှတဲ့ နိုလင်း ဟေဇာတစ်ယောက် မြန်မာနိုင်ငံအတွက် တစ်စုံတရာ ကူညီနိုင်မယ်ဆို မြန်မာမောင်နှမတွေက ကျေးဇူးတင်နေမှာပါ။

သိထားဖို့က ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာတွေကို ကိုင်တွယ်ဖို့ နည်းဗျူဟာ အသစ်တွေလိုတယ်ဆိုတာကိုပါ။

နောက်တစ်ခုကတော့ သွေးစွန်းတဲ့လက်ကြီးက ရွံစရာကောင်းတယ်ဆိုတာကို အမြဲသတိရစေချင်ပါတယ်။

🔥 🔥 🔥

မရွှေမိုး- ကိုရီးယား
August 18th,2022.

Reference: UN- Noeleen Heyzer Special Envoy of the Secretary-General on Myanmar

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနများ သို့ထိုင်းနိုင်ငံတောင်ပိုင်းရောက် မြန်မာတိုင်းရင...
15/08/2022

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနများ သို့
ထိုင်းနိုင်ငံတောင်ပိုင်းရောက် မြန်မာတိုင်းရင်းသားများအဖွဲ့မှ ဇူလိုင်လအတွင်း ထောက်ပို့ခဲ့သောမှတ်တမ်းများဖြစ်ပါသည်။

13/08/2022
ကျေးဇူးအထူးတင်ရှိပါကြောင်း PROJECT DRAGONFLY  စီမံချက်အောင်မြင်စေရန် ထောက်ပံ့ကူညီပေးခဲ့ကြသည့် ပြည်သူများ၊ အသိပညာရှင်၊အတတ...
09/08/2022

ကျေးဇူးအထူးတင်ရှိပါကြောင်း
PROJECT DRAGONFLY စီမံချက်အောင်မြင်စေရန် ထောက်ပံ့ကူညီပေးခဲ့ကြသည့် ပြည်သူများ၊ အသိပညာရှင်၊အတတ်ပညာရှင်၊အနုပညာရှင်များအားလုံးကို ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
လူကြီးမင်းတို့အားလုံး ထောက်ပံ့ကူညီခဲ့ကြသည့် PROJECT DRAGONFLY စီမံချက်မှတစ်ဆင့် ရရှိလာသော ရန်ပုံငွေများအား စစ်ရေးမဟာဗျုဟာများနှင့်အညီ အသုံးချလျက်ရှိရာ ကနဦးပစ္စည်းအချို့မှာ စတင်တာဝန်ထမ်းဆောင်နေပြီး ဖြစ်ပါသည်။
ထပ်မံ၍ လိုအပ်သောပစ္စည်းများ ဆက်လက်ရရှိရေးနှင့်ထိရောက်စွာအသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
https://web.facebook.com/.../a.112964404.../355371396795262/

01/08/2022

နိုင်ငံအလိုက် ဘွန်းဝယ်ယူနိုင်မည့် ကိုယ်စားလှယ်များ (THAILAND)

အောင်ပွဲအမြန်ဆုံးရရှိဖို့အတွက် ဘွန်းအမြန်ဆုံးဝယ်ယူဖို့လိုအပ်ပါတယ်။ နိုင်ငံအလိုက် ယုံကြည်စွာဆက်သွယ်ပြီး ဝယ်ယူနိုင်မယ့် ငွေတိုက်စာချုပ်ကိုယ်စားလှယ်များကို နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ အောက်ပါ ကိုယ်စားလှယ်များထံမှ ယုံကြည်စိတ်ချစွာ ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။

(1)AS002 TunWinAung (Education and Healthcare For Myanmar)
Email: [email protected]
Telegram: +66643050479
Signal: +66643050479

(2)AS001 Mon Myat Min
Email: [email protected] , [email protected]
Tele/Signal/Whatapps/viber +66995026124

(3)AS003 နွေဦးရဲ့တွဲလက်များ-Thailand
Email: [email protected]
https://www.facebook.com/1221nwayootawhlanyay/

(4) AS004 ကိုရန်ကုန် / Stand United For Emergency (SUE)အရေးကြီးပြီ သွေးစည်းမည်
Email: [email protected]
1).Ko Yangon(Facebook) https://www.facebook.com/noble.yangon
2).SUE(Page) https://www.facebook.com/KoYangonBangkok/
3). https://www.facebook.com/thaw.tawin
1. ထိုင်းဖုန်း/ Signal- +66814833309
2. ထိုင်းဖုန်း/ Signal- +66805626671

(5)AS005 ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ
Email: [email protected]
https://web.facebook.com/MEST2021

(6)AS006 Tin Moe Khaing ( Education and Healthcare for Myanmar)
Email: [email protected]
Signal: +66888728035 (Thailand)

(7)AS007 အေးစုနန္ဒာလွင်
Email: ayesula][email protected]
https://www.facebook.com/dasiny.lin
Thai +66949427890

(8) AS008 Thitagu Coco
https://www.facebook.com/profile.php?id=100002581480737
Tel/Signal/Viber/Telegram: +66928250812

(9) AP034 For Our People
https://www.facebook.com/cdmforourpeople/
Thailand
+66 94719 8989
(10) AL002 Aid Alliance Committee (AAC) For Myanmar Workers အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (ထိုင်းနိုင်ငံ)
Facebook: https://www.facebook.com/healthrevolutionnugaac/
(1)AS002 TunWinAung (Education and Healthcare For Myanmar)
Email: [email protected]
Telegram: +66643050479
Signal: +66643050479

(2)AS001 Mon Myat Min
Email: [email protected] , [email protected]
Tele/Signal/Whatapps/viber +66995026124

(3)AS003 နွေဦးရဲ့တွဲလက်များ-Thailand
Email: [email protected]
https://www.facebook.com/1221nwayootawhlanyay/

(4) AS004 ကိုရန်ကုန် / Stand United For Emergency (SUE)အရေးကြီးပြီ သွေးစည်းမည်
Email: [email protected]
1).Ko Yangon(Facebook) https://www.facebook.com/noble.yangon
2).SUE(Page) https://www.facebook.com/KoYangonBangkok/
3). https://www.facebook.com/thaw.tawin
1. ထိုင်းဖုန်း/ Signal- +66814833309
2. ထိုင်းဖုန်း/ Signal- +66805626671

(5)AS005 ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ
Email: [email protected]
https://web.facebook.com/MEST2021

(6)AS006 Tin Moe Khaing ( Education and Healthcare for Myanmar)
Email: [email protected]
Signal: +66888728035 (Thailand)

(7)AS007 အေးစုနန္ဒာလွင်
Email: ayesula][email protected]
https://www.facebook.com/dasiny.lin
Thai +66949427890

(8) AS008 Thitagu Coco
https://www.facebook.com/profile.php?id=100002581480737
Tel/Signal/Viber/Telegram _ +66928250812

(9) AP034 For Our People
https://www.facebook.com/cdmforourpeople/
Thailand
+66 94719 8989
(10) AL002 Aid Alliance Committee (AAC) For Myanmar Workers အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (ထိုင်းနိုင်ငံ)
Facebook: https://www.facebook.com/healthrevolutionnugaac/

ကြေညာရန်သဘောတူထားသော ငွေတိုက်စာချုပ်ကိုယ်စားလှယ်တွေကိုပဲ ဖော်ပြပေးထားတာဖြစ်ပါတယ်။
လုံခြုံရေးအရ social media တွင်ကြေညာရန် အခက်အခဲရှိသော ငွေတိုက်စာချုပ်ကိုယ်စားလှယ်တွေလည်း အများကြီး ရှိသေးတာကြောင့် အထက်ပါစာရင်းတွင် မပါဝင်ပေမယ့် မိမိတို့ကိုယ်တိုင် စိတ်ချယုံကြည်ရတဲ့ ငွေတိုက်စာချုပ်ကိုယ်စားလှယ်များထံမှလည်း ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။

လက်ရှိအချိန်အထိ ရောက်ရှိခဲ့တဲ့ တော်လှန်ရေးခရီးရဲ့ အဓိက မောင်းနှင်အားဟာ ပြည်သူတွေသာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တော်လှန်ရေးတစ်ရက်ပိုကြာတိုင်း အချိန်နဲ့အမျှ ပိုမိုထိခိုက်သေကြေပျက်စီးရတဲ့ မိမိတို့လို ပြည်သူတွေ အများကြီးရှိနေတာကိုလည်း နေ့စဉ်နဲ့အမျှ ရင်နင့်ဖွယ် မြင်တွေ့သိရှိနေကြရပါတယ်။

ဒါကြောင့် ပြည်သူများအချင်းချင်း ကာကွယ်စောင့်ရှောက်ဖို့၊ ကလေးငယ်ပေါင်းများစွာ လူငယ်သားကောင်းများစွာ မိဘဘိုးဘွားပေါင်းများစွာရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ဖို့အတွက် ဆက်လက်ပြီး ကူညီပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါရစေ။

“အောင်ပွဲမြန်ဖို့ ဘွန်းဝယ်စို့”

ထိုင်းနိုင်ငံအတွင်းမှာ NUG Bond ဝယ်ယူပုံ ဝယ်ယူနည်းများကို အထက်ပါ ကိုယ်စားလှယ်များထံသို့ ဆက်သွယ်စုံစမ်းပြီး ဝယ်ယူနိုင်သလို အောက်ကလင့် (link) မှာ ဝင်ရောက်ကြည့်ရှု၍ဖြစ်စေ Chatbox မှာ ဝင်ရောက်မေးမြန်း၍ဖြစ်စေ စုံစမ်းဝယ်ယူနိုင်ပါတယ်။

https://www.unitedbonds-nug.org/

ထိုင်းနိုင်ငံအတွင်း Bond ဝယ်ယူနိုင်မည့် ငွေတိုက်စာချုပ်ကိုယ်စားလှယ်များ

“အောင်ပွဲမြန်ဖို့ Bond ဝယ်စို့”

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ အဖွဲ့မှ7 လပိုင်းအတွက် ထိုင်းနိုင်ငံအတွက် သီးသန့်ထောက်ပို့တပ်သား( တစ...
29/07/2022

ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ အဖွဲ့မှ

7 လပိုင်းအတွက် ထိုင်းနိုင်ငံအတွက် သီးသန့်ထောက်ပို့တပ်သား( တစ်နေ့တာ လုပ်အားခ ဘတ်. ၃၀၀ )ဖြင့် တပ်သား အယောက် 130 တိတိ စုဆောင်းနိုင်ခဲ့ပါသည်။

7 လပိုင်းအတွက်
တပ်စု တစ်ခု၊
တပ်စိတ် နှစ်ခု စာထောက်ပို့နိုင်ခဲ့ပါသည်။

နောက်လတွေအတွက်

တပ်စု ဒေါ်လာ 600 ကနေ

တပ်ခွဲ ဒေါ်လာ 2000

တပ်ရင်း ဒေါ်လာ 10000

တပ်မဟာ ဒေါ်လာ 30000 အထိ သွားနိုင်အောင်ကြိုးစားကြမယ်။

ထောက်ပို့တပ်သားဝင်ချင်ရင် Page messenger ကနေတစ်ဆင့်

အမည်

Email

ထောက်ပို့ကျသင့်ငွေ ပေးချေရုံဖြင့် PDF ထောပို့တပ်သားကတ် တွေ Mail ကနေတစ်ဆင့်ပို့ပေးမှာဖြစ်ပါသည်။

https://mod.nugmyanmar.org/en/nationalized-pdf/

ရင်းတဲ့သူကတော့ ရင်းရဲကြတယ်…။တကယ်တမ်း စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုဒါဏ်က်ို  နဖူးတွေ့ ဒူးတွေ့ တော်လှန်ရတဲ့အချိန်ကျတော့… အညာက ...
29/07/2022

ရင်းတဲ့သူကတော့ ရင်းရဲကြတယ်…။

တကယ်တမ်း စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုဒါဏ်က်ို နဖူးတွေ့ ဒူးတွေ့ တော်လှန်ရတဲ့အချိန်ကျတော့… အညာက အမယ်ကြီးတွေ က အစ နားကပ်ကျန်တဲ့သူက နားကပ်ချွတ်၊ လက်စွပ်ရှိသူက လက်စွပ်ချွတ်ထည့် အညာသတ္တိမျိုး … ကိုယ့်သွေးထဲ ပါဖို့လိုတယ်။
မူးစု၊ မတ်စု စုလာတာ မနှမြောပဲ နေမလား…။

ဒါမင့် အပြစ်မဲ့ပြည်သူ့အသက်ပေါင်းများစွာရင်းထားရမှတော့ လူမသေ၊ ငွေမရှား… လောလောဆယ်ဖက်ဆစ်ကိုမောင်းထုတ်ဖို့က အဓိကလို့ အမယ်ကြီးတို့ သဘောပေါက်ပါတယ်။

အာဏာရူးတွေလက်ချက်ကြောင့် တော်လှန်ရေးမှာ အသက်ပေးရတဲ့ အားလုံးသောသူရဲကောင်းတို့အတွက် “တရားမျှတမှု” ကိုပြန်ယူဖို့ စစ်ကောင်စီကို အမြစ်ဖြတ်ရာမှာ အားလုံးပါဝင်ရမယ့်အချိန် ရောက်နေပါပြီ။စစ်အာဏာရူးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို အမြန်ဆုံး ကြိုးစင်တင်နိုင်ဖို့အတွက်ငွေ အလုံအလောက်ရရှိဖို့အရေးအကြီးဆုံးပါ။အချိန်က ပြည်သူက အားနည်းနည်းထပ်စိုက်လိုက်ရင် အောင်ပွဲက လက်တကမ်းမှာ… မြင်နေရပြီ။

ကိုယ်ပါမှ ပြီးမယ့်ပွဲမို့ Bond ဝယ်ပြီး အားဖြည့်ပေးကြပါ။
ပြည်သူတွေနိုင်မယ့်ပွဲဆိုတာ အသေအချာဖြစ်လို့ အမယ်ကြီးတို့ရဲ့ အညာသတ္တိကို လေးစားအတုယူရင်း အောင်ပွဲမြန်ဖို့ Bond ဝယ်ကြပါစို့။

နိုင်ငံတကာ BOND Agent များ

https://www.facebook.com/101429422413568/posts/156210093602167/

Myanmar Hindu Unionစုပေါင်းဆုတောင်းတော်လှန်ဒီပါဝလီတော်လှန်ရေးကာလအတွင်းကျရောက်မည့်ဒီပါဝလီပွဲတော်ကိုမြန်မာဟိန္ဒူအစည်းအရုံး...
28/07/2022

Myanmar Hindu Union
စုပေါင်းဆုတောင်း
တော်လှန်ဒီပါဝလီ

တော်လှန်ရေးကာလအတွင်းကျရောက်မည့်ဒီပါဝလီပွဲတော်ကိုမြန်မာဟိန္ဒူအစည်းအရုံး(Myanmar Hindu Union)မှစုပေါင်းဆုတောင်းအာဏာရှင်တော်လှန်ရင်းတော်လှန်ဒီပါဝလီပွဲတော်အားအောက်တိုဘာလတွင်ကျင်းပမည်ဖြစ်ပါသည်။တော်လှန်ဒီပါဝလီအထိမ်းအမှတ်အနေဖြင့်တော်လှန်ရေးရံပုံငွေရှာဖွေရေးကံစမ်းမဲလက်မှတ်များကိုလဲရောင်းချပေးမည်ဖြစ်ပါသည်။ကံစမ်းမဲရောင်းချ၍ရရှိသည့်အလှူငွေအားလုံးကိုအမျိုးသာညီညွတ်ရေးအစိုးရ(NUG)မှတဆင့် ကျန်းမာရေး၊ပညာရေး၊အမျိုးသမီးနှင့်ကလေးသူငယ်စောင့်ရှောက်ရေးနှင့်စစ်ဘေးရှောင်ဒုက္ခသည်များအားစုပေါင်းထောက်ပံ့ကူညီလှူဒါန်းသွားမည်ဖြစ်သည်။ကမ္ဘာတဝမ်းနိုင်ငံပေါင်းစုံလူမျိုးဘာသာပေါင်းစုံစုပေါင်းဆုတောင်းရင်းတော်လှန်ဒီပါဝလီတွင်ပူပေါင်းပါဝင်၍ကံစမ်းမဲများဝယ်ယူအားပေးကြရန်အသိပေးအပ်ပါသည်။

ကျင်းပမည့်နေ့- စုပေါင်းဆုတောင်းဒီပါဝလီနေ့
နေရာ- Virtual online
အချိန်-၂၃.၁၀.၂၀၂၂
မြန်မာစံတော်ချိန်ည၇နာရီမှ၉နာရီ။
UK စံတော်ချိန် မွန်းလွဲ ၁နာရီမှ၃နာရီ


ပေးအပ်မည့်ဆုမဲများ
-Macbook Pro 13inch(Latest product Ram ?8GB SSD256GB)
-Iphone (Latest product 64GB)
-Ipad mini (Lastet product 64GB)
- ငွေသား USD 1000
-ငွေသား USD 750
-ငွေသား USD 500

ကံစမ်း၁စောင်လျှင် 5 USDနှင့်နိုင်ငံတကာရှိကိုယ်စားလှယ်မှတဆင့်ဝယ်ယူအားပေးကံစမ်းနိုင်ပါသည်။🙏🙏🙏💪💪💪

ဆက်သွယ်ဝယ်ယူနိုင်သော...
အရောင်းကိုယ်စားလှယ်များ

1.UK
Ko Aung Naing-0044 7515403948

2.CRPH Support Group Norway

Ma WutHmon Win- +4793614831
Ko Kyaw Kyaw- +4792240592

3.SwitZerland

Daw Ei Chaw-+41794044176

4.Malaysia

ကိုဆန်နီ
တော့ပ်စတိုးမြန်မာဆိုင်(Taming Jaya)-0182554286,0389640762
တော့ပ်စတိုးမြန်မာဆိုင်(KL)-0126029286

စင်္ကြာမင်း (မြန်မာဆိုင်)-+60129412777
Kl ဆလာရမ်း

Durairaj-PH +60162442315 (စာတမ်း)

ကိုချစ်စံဝင်း-PH 01127053299( ဆလာရမ်း)

ကိုစိန်ထွန်း-PH 01126958474 (ဆလာရမ်း)

5.Thailand

Ko Zaw Tar-+66990969786
+66823022431
6.Dubai

Ko Han- +971566832448
Ma Rose-+971543447160

27/07/2022

EHM Team ၏ နှစ်ပတ်လည် အခမ်းအနားဖိတ်ကြားလွှာ
================================

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား တတ်နိုင်သည့်ဘက်မှကူညီထောက်ပံ့ပေးနေသော ပညာရေးဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းအနေဖြင့်
တရားဝင်အသိအမှတ်ပြုခြင်းခံထားရသော
Education and Healthcare for Myanmar (EHM)
အသင်းကြီး၏ တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားတွင်
နွေဦးတော်လှန်ရေး ညီအစ်ကိုမောင်နှများ ပါဝင်တတ်ရောက်ပေးကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်ရက်
==========
31/07/2022 (တနင်္ဂနွေနေ့)

အချိန်
======
မြန်မာစံတော်ချိန် ညနေ ( ၆း၀၀ နာရီ )

နေရာ
====
Zoom

Meeting ID : 869 0769 6823
Password : 594621

-----------------------------------------------------------





ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲရဲ့ ခရာတွတ်သံ။ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ၏ တော်လှန်ရေး သန္နိဌာန် ကြေညာချက်ရက်စွဲ - ...
26/07/2022

ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲရဲ့ ခရာတွတ်သံ။

ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ၏ တော်လှန်ရေး သန္နိဌာန် ကြေညာချက်
ရက်စွဲ - ဇူလိုင်လ (၂၆) ရက်၊ ၂၀၂၂ခုနှစ်

အကြမ်းဖက်စစ်ကောင်စီသည် ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြစ်ဒဏ်စီရင်မှုသည် ပြဌာန်း သတ်မှတ်ထားသော ဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှု လုံးဝမရှိသော အကြမ်းဖက် လူသတ်မှု သက်သက်သာ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် နေပြည်တော်၌ မမြသွဲ့သွဲ့ခိုင်အား ကျည်အစစ်ဖြင့် ဦးခေါင်းသို့ ပစ်ခတ်ချိန်မှ စ၍ နေ့စဉ်ရက်ဆက် အကြမ်းဖက် သတ်ဖြတ်မှုများကို ဥပဒေမဲ့ လက်ရဲဇက်ရဲ ကျူးလွန်နေသော ဖက်ဆစ်စစ်အုပ်စု၏ ခွင့်မလွှတ်နိုင်သော နောက်ထပ် ရာဇဝတ်မှုကြီးတစ်ခု ဖြစ် သည်။ ထို့ပြင် ခေတ်အဆက်ဆက် ပြည်သူလူထုအား အထူးသဖြင့် လူနည်းစုတိုင်းရင်းသားများအား ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအား ထပ်မံ အတည်ပြုခြင်းလည်းဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီအား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် ပြေလည် စေမည့် အဖြေဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သင့်ပြီဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးပါတီများ တော်လှန်ရေးအင်အားစုများ နှင့် ပြည်တွင်းပြည်ပရှိ ပြည်ထောင်စုဖွားအားလုံးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ဖက်ဆစ်စနစ်ကို ကျွန်ုပ်တို့နှင့် ပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အမြစ်ပြတ်သည်အထိ ပြတ်ပြတ် သားသားတော်လှန်ကြရန်ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများအနေဖြင့် နိုင်ငံရေးနည်းလမ်းကို ငြင်းပယ် ထားသော အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနှင့် တော်လှန်ရေးကို ဆင်နွှဲနေသော ပြည်သူလူထုနှင့် အင်အားစုအားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးရေး တို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့်ဆောင်ရွက်ပေးကြရန် တောင်းဆိုလိုက်သည်။
ပြည်သူ့တော်လှန်ရေ၏ပန်းတိုင်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့် ကျင် တိုက်ဖျက်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန်ဖြစ်သည်ဟူသော အချက်မှာ တော်လှန်ရေး အင်အားစုများ၏ ဘုံတူညီသောရည်မှန်းချက်အဖြစ် ရှင်းလင်းပြတ်သားပြီးဖြစ်သည်။ ဤကြေညာချက်သည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ဆင်နွဲနေသည့် ဖက်ဆစ် စစ်အာဏာရှင် စနစ်မြေလှန်ပစ်မည့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ၏ ခရာတွတ်သံ ဖြစ်သည်။
ကျွန်ုပ်တို့သည် ပြည်သူလူထုတစ်ရပ်လုံး၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံတွင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုပြီး ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်သွားမည်ဟု ခိုင်မာသော သန္နိဌာန်ဖြင့် အဓိဌာန်ပြုကြောင်း ကြေညာလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)
ကရင်အမျိုးသားအစည်းအရုံး (KNU)
ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)
ချင်းအမျိုးသားတပ်ဦး (CNF)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)

26/07/2022

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ တိုက်ရိုက်ထုတ်လွှင့်ခြင်း
ရန်ကုန်၊ ဇူလိုင် ၂၆
အကြမ်းဖက်စစ်တပ်က ကိုဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးနောက် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ထိုင်းရောက် မြန်မာပြည်သူများက ဆန္ဒပြနေကြခြင်းဖြစ်သည်။

A- ငါတို့တွေလည်း လုပ်စားကိုင်စားရ ခက်နေပါပြီ ။    NUG နဲ့ PDF ကမတိုက်သေးဘူးလား။    တိုက်မယ်ဆိုလည်း မြန်မြန်ချပါတော့။    ...
26/07/2022

A- ငါတို့တွေလည်း လုပ်စားကိုင်စားရ ခက်နေပါပြီ ။
NUG နဲ့ PDF ကမတိုက်သေးဘူးလား။
တိုက်မယ်ဆိုလည်း မြန်မြန်ချပါတော့။
ဒီမှာ ခွေးတွေက ဖုန်းစစ် ပါးရိုက်လုပ်နေပြီ။

B- တိုက်ဖို့က လက်နက် လိုတယ်ဟ။
နင် Bond ဝယ်သေးလား။

A- မဝယ်ရဲဘူးဟ ကြောက်တယ်။

B - ဒါဆို နင် Click to donate တော့ နင် နှိပ်လား။
Thadin တို့ ပဒေသာပင်တို့ရော။

A- မအားဘူးလေ အချိန်မှမရတာ။
အဲဟာကြီးလုပ်ရမှာ ပျင်းတယ်

B - ဒါဆိုရင် Lpdf တွေကိုရော လှူဖြစ်လား။

A - ဘယ်လိုလှူရမှန်းမှမသိတာ ၊ အရင်တခါ ရာဖဲလ်
ticket တုန်းက တစောင်လား သူငယ်ချင်းဝယ်ပေးလို့
ဝယ်မိတယ်

B - နင့် တစောင်က မာလာရှမ်းကော တပွဲစာတောင်
မရှိပါဘူးဟာ။
ဒါနဲ့ အနီးနားက CDM သမားတွေကိုရော ကူရဲ့လား။
သူတို့လည်းစားဝတ်နေရေး ခက်ခဲနေကြမှာ။

A- မကူဖြစ်ပါဘူးဟာ နေရတာ မွန်းကြပ်လို့ ချောင်းသာ
ဘက် သွားလည်ရင်း မနေ့ကမှပြန်ရောက်တာ။

B - လစ်လိုက်တော့ နင့်ဟာက နင်တို့လွတ်လပ်ဖို့
သူများ တိုက်ပေးတာကို စောင့်နေတဲ့ အချောင်သမားပဲ။
ကိုယ်တိုင်ကြ ဘာမှ မလုပ်ဘဲ ကယ်မယ့်သူမျှော်နေတယ်။

နင်တို့ ပျော်ဖို့ကဲဖို့ သူတပါးက အသက်တွေ ဘဝတွေ ငွေတွေရင်းပြီး လုပ်နေကြတာ နင်တို့က ရေကြုံစီး အချောင်သမားပဲ။ နင်တို့ဟာကမသိသလိုနေပီး ကိုယ့်ထိရင်
ညည်း တဲ့ Generation Lee တွေပဲ။

Credit-ဗခက

Address


Alerts

Be the first to know and let us send you an email when ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share